မင်းက အမြဲတမ်း ငါ့ကို အံ့သြစေတာပဲ
Vol. 60 Ch. 674
ကျန်းပေရန်သည် အရေးကြီးသည့် ကိစ္စတစ်ခု ပြီးဆုံးသွားပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားကာ ထို သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို ဆက်လက် သုတေသနပြုလေသည်။။
အခြားသော ကိုယ်ပိုင်အသိစိတ် ရှိသည့် ဂူကောင်များနှင့် မတူဘဲ သန့်စင်သော ပုံဆောင်ခဲ ဂူကောင်တွင် သီးခြား လွတ်လပ်သော ဂူစရိုက်မျိုး မရှိကြောင်း ကျန်းပေရန် ခံစားမိ၏။။ ၎င်းသည် ခိုင်းသမျှလုပ်ပြီး ပေးသမျှခံသည့် ရတနာ ပစ္စည်းတစ်ခုကဲ့သို့သာ ဖြစ်နေလေသည်။။
သို့သော် ရက်အတော်ကြာ ထပ်မံ သုတေသနပြုကြည့်သော်လည်း ကျန်းပေရန်သည် ဒီဂူကောင် ၏ စစ်မှန်သော အသုံးဝင်ပုံကို ရှာမတွေ့သေးချေ။။ ၎င်းသည် ချူယန်ဇယ်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကိုလည်း မြှင့်တင်ပေးခြင်း မရှိသလို သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကိုလည်း အားကောင်းစေခြင်း မရှိပေ။။ ချူယန်ဇယ် ၏ အရေပြားပေါ်တွင် ပေါက်နေသည့် ပုံဆောင်ခဲ အချပ်လေးများမှလွဲ၍ ၎င်းတွင် အခြား မည်သည့် အသုံးဝင်ပုံမှ ရှိမနေသကဲ့သို့ပင် ဖြစ်၏။။
"မင်းက ဂုဏ်သတ္တိတွေ မတိုးပေးတဲ့ အလှဆင်ပစ္စည်း သက်သက်ပဲလား။ တိုက်ခိုက်ရေးစွမ်းအား ဆယ်မှတ်လောက် ဖြစ်ဖြစ် တိုးပေးရင်လည်း ကောင်းမှာပဲ"
ကျန်းပေရန်သည် စိတ်ထဲတွင် ဝေဖန်လိုက်ပြီးနောက် ဒီလို ဆက်လက် သုတေသနပြုနေခြင်းသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း ခံစားလိုက်ရလေသည်။။
ကျန်းပေရန်သည် ထိုသစ္စာဖောက်များထံမှ ဒီ သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ၏ အသုံးဝင်ပုံကို မေးမြန်းရန် စဉ်းစားခဲ့သော်လည်း သူတို့သည် ဘာမှ မသိကြချေ။။ သူတို့သည် အထက်လူကြီး ပေးသော တတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည့် ရုပ်သေးရုပ်များသာ ဖြစ်ပြီး အဘယ်ကြောင့် ဒီလို လုပ်ဆောင်ရသည် သို့မဟုတ် လုပ်ဆောင်ပြီးနောက် မည်သို့ ဖြစ်လာမည်ကို သူတို့ တစ်ချက်မှ မသိကြချေ။။
အဖြေရနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းမှာလည်း အဆင်မပြေသဖြင့် ကျန်းပေရန်သည် ကိုယ်တိုင်သာ နည်းလမ်းရှာရန် ဆုံးဖြတ်လိုက်လေသည်။။ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသော်လည်း နည်းလမ်း ရှာမတွေ့သေးသဖြင့် ကျန်းပေရန်က သက်ပြင်းချရင်း ပြောလိုက်၏။။
"နောက်ဆုံးတော့ ဒီနည်းလမ်းကိုပဲ သုံးရတော့မှာပေါ့"
ကျန်းပေရန်သည် ပျံသန်းသော စံအိမ် မှ ထွက်ခွာလာပြီး လူသူမရှိသော ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာလေသည်။။
သူ၏ အစီအစဉ်မှာ အလွန် ရိုးရှင်းလှ၏။။ ၎င်းမှာ ထို ဂူကျင့်ကြံသူ များ ပြောခဲ့သည့်အတိုင်း လုပ်ဆောင်ကြည့်ရန်ပင် ဖြစ်လေသည်။။ ဆိုလိုသည်မှာ သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို အသုံးပြု၍ သူတို့ ပြောသော နှလုံးသားစား အစီအရင် ကို မောင်းနှင်ကြည့်ရန် ဖြစ်၏။။
ယခင်က ဒီနည်းလမ်းကို အသုံးမပြုခဲ့ခြင်းမှာ မတော်တဆမှု တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပြီး တကယ်လို့များ ထိန်းချုပ်မရ ဖြစ်သွားပါက ကြီးမားသော အပြစ်တစ်ခု ဖြစ်လာနိုင်ပေသည်။။ ဒီ အကြောင်းပြချက်အပြင် ကျန်းပေရန် စိုးရိမ်နေသည့် အခြား အချက်တစ်ခုမှာ ဒီ သန့်စင်သော ပုံဆောင်ခဲ ဂူကောင် သည် အစီအရင်ကို မောင်းနှင်ပြီးနောက် သေဆုံးသွားမည်ကိုပင် ဖြစ်လေသည်။။ ထိုသို့ ဖြစ်သွားပါက တကယ်ကို နှမြောစရာ ကောင်းလှပေလိမ့်မည်။။
ယခုအချိန်အထိ သန့်စင်သော ပုံဆောင်ခဲ ဂူကောင် သည် မည်သည့် ထူးခြားမှုကိုမျှ မပြသသေးသော်လည်း ဂူကျင့်ကြံသူ များက သူတို့၏ နောက်ဆုံးဖဲချပ်အဖြစ် အသုံးပြုသည့် ရတနာမှာ လုံးဝ အသုံးမဝင်သည့် အရာ ဖြစ်နေလိမ့်မည် မဟုတ်ပေ။။ ထို့ကြောင့် ကျန်းပေရန်သည် သူကိုယ်တိုင် မှန်ကန်သော အသုံးပြုနည်းကို ရှာမတွေ့သေးခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားလေသည်။။
"ဟူး တကယ်ကို အလုပ်များမယ့်ပုံပဲ"
ကျန်းပေရန်သည် လက်စွပ်ထဲမှ အမည်းရောင်အလံ တစ်ခုကို ထုတ်ယူကာ မြေကြီးပေါ်တွင် စိုက်ထူလိုက်ပြီးနောက် ဒီနေရာတွင် သုံးထပ် အစီအရင် တစ်ခုကို တည်ဆောက်ရန် ပြင်ဆင်လိုက်လေသည်။။
အထဲဆုံး အလွှာမှာ သဘာဝကျစွာပင် နှလုံးသားစား အစီအရင် ဖြစ်ပြီး ကျန်းပေရန်သည် ၎င်းနှင့် သန့်စင်သော ပုံဆောင်ခဲ ဂူကောင် တို့ကြားတွင် မည်သို့သော ထူးခြားသည့် တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာမည်ကို သိရှိရန် လိုအပ်နေခြင်း ဖြစ်၏။။ အပြင်ဘက် နှစ်လွှာမှာမူ နှလုံးသားစား အစီအရင် မှ ထွက်ပေါ်လာသော ဂူအဆိပ်ငွေ့များ အပြင်ဘက်သို့ ပြန့်နှံ့မသွားစေရန် တားဆီးရန်အတွက် ဖြစ်လေသည်။။
အစီအရင်များအပြင် ကျန်းပေရန်သည် ဝိညာဉ်အဆောက်အအုံ တစ်ခုကိုလည်း တည်ဆောက်ရန် ပြင်ဆင်ထား၏။။ ဒါကလည်း မတော်တဆမှု တစ်ခုခု ဖြစ်လာပါက အစီအရင်များ အားလုံး ပျက်စီးသွားလျှင်တောင်မှ နောက်ဆုံး အကာအကွယ်အဖြစ် ကျန်ရှိနေစေရန်အတွက် ဖြစ်လေသည်။။
ကျန်းပေရန်သည် စိတ်ကူးထဲတွင် ပုံစံထုတ်ပြီးနောက် သူတစ်ယောက်တည်း လုပ်ဆောင်ရမည့် ဒီလုပ်ငန်းကြီးကို စတင်လိုက်တော့သည်။။ အစောပိုင်းတွင် သူသည် အခြားသော အဆင့်ကိုး ကျင့်စဉ်ပညာရှင်များကို ခေါ်ယူ ကူညီခိုင်းရန် စဉ်းစားခဲ့သော်လည်း ဒီ ဝိညာဉ်အဆောက်အအုံ နှင့် အကာအကွယ် အစီအရင် နှစ်လွှာသည် အလွန် နက်ရှိုင်းသော ဆက်နွှယ်မှု ရှိသဖြင့် တည်ဆောက်ရန် လုံးဝ မလွယ်ကူကြောင်း တွေးမိကာ ပြန်လည် ပယ်ဖျက်လိုက်၏။။ တကယ်လို့များ အစီအရင် အတတ်ပညာကိုသာ ကျွမ်းကျင်ပါက အမှားအယွင်း ဖြစ်ရန် အလွန် လွယ်ကူလှပေသည်။။ လူသစ်များကို လေ့ကျင့်ပေးရန်မှာလည်း အချိန်အများကြီး ကုန်ဆုံးမည် ဖြစ်သဖြင့် သူသည် ကိုယ်တိုင်သာ လက်နက်ဖန်တီးခြင်းနှင့် အစီအရင် အတတ်ပညာ နှစ်မျိုးစလုံးကို ကျွမ်းကျင်သည့် စွမ်းရည်ဖြင့် ပေါင်းစပ် တည်ဆောက်လိုက်လေသည်။။
ငါးရက် ကြာပြီးနောက်…..
"ငါ ထင်ထားတာထက် အများကြီး ပိုပြီး ခက်ခဲတာပဲ။ ဒါပေမယ့် နောက်ဆုံးတော့ အောင်မြင်သွားပြီ"
ငါးရက်တိတိ အချိန်ယူကာ ကျန်းပေရန်သည် ဖျက်လိုက် တည်ဆောက်လိုက်ဖြင့် အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရလေသည်။။ ယနေ့တွင်တော့ အားလုံး ပြီးပြည့်စုံသွားသဖြင့် သူသည် စိတ်အေးလက်အေးဖြင့် စမ်းသပ်မှု စတင်နိုင်ပြီ ဖြစ်၏။။
စမ်းသပ်မှု မစတင်မီ ကျန်းပေရန်သည် ချူယန်ဇယ် ကို အရင်ဆုံး ခေါ်ယူလိုက်ပြီး ဒီတစ်ကြိမ်တွင် သူက အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရမည် ဖြစ်ကြောင်း ပြောပြလိုက်လေသည်။။ ချူယန်ဇယ်သည် ဆရာဖြစ်သူက သူ့အား အရေးကြီးသော တာဝန် ပေးအပ်မည်ဟု ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး မည်သို့သော လေ့ကျင့်မှုမျိုး ဖြစ်လာမလဲ ဆိုသည်ကို မျှော်လင့်နေတော့သည်။။
"မင်း ဒီမျှော်စင်ထဲကို ဝင်သွားလိုက်ရုံပဲ ကျန်တာတွေကို ငါ ဘာလုပ်ရမလဲ ဆိုတာ ထပ်ပြောပြမယ်"
"ဟုတ်"
ချူယန်ဇယ် က ပြန်ထူးလိုက်ပြီး မျှော်စင်၏ အဝင်ဝသို့ လျှောက်သွားလေသည်။။
"ဒီ... တကယ်ကို ဆရာပါပဲ"
မျှော်စင်ထဲသို့ ခြေချလိုက်သည့် တစ်ခဏမှာပင် များပြားလှသော ဂမ္ဘီရစာလုံးများနှင့် နားမလည်နိုင်သော မှော်ကိရိယာများက သူ၏ မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လာလေသည်။။ဒီ မျှော်စင်ကို ဆရာဖြစ်သူ တည်ဆောက်နေသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသော်လည်း သူက အပြင်ဘက်မှသာ ကြည့်နေခဲ့ခြင်း ဖြစ်ပြီး အတွင်းထဲတွင် မည်သို့ရှိသည်ကို လုံးဝ မသိခဲ့ချေ။
"အထဲမှာ ထူးခြားလိမ့်မယ်လို့ ထင်ထားပေမယ့် ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
ချူယန်ဇယ် သည် အံ့သြမှင်သက်စွာဖြင့် မျှော်စင်အတွင်းပိုင်းကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေစဉ် သူ၏ နားထဲတွင် ဆရာဖြစ်သူ၏ အသံကို ကြားလိုက်ရလေသည်။
"အစီအရင်က ချက်ချင်း စတင်တော့မယ် ခဏနေရင် ဘာတွေပဲ ဖြစ်လာဖြစ်လာ အရမ်း စိတ်မလှုပ်ရှားပါနဲ့ ငါ မင်းကို ဘေးကင်းအောင် ကာကွယ်ပေးထားမယ်"
"တပည့် နားလည်ပါပြီ"
နောက်ထပ် ဘာဖြစ်လာမည်ကို မသိသော်လည်း ချူယန်ဇယ် သည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။ မည်သို့ပင်ဆိုစေ ဆရာ ရှိနေသရွေ့ သူ့ကို ဘယ်အရာကမှ ထိခိုက်အောင် မလုပ်နိုင်မှန်း သူ သိထားသည်။ ခဏအကြာတွင် မျှော်စင်အတွင်း၌ မည်သည့် အပြောင်းအလဲမှ ဖြစ်မလာသေးသဖြင့် ချူယန်ဇယ် အံ့သြနေစဉ် များပြားလှသော အနီရောင် အဆိပ်ငွေ့များ သူ့ထံသို့ တိုးဝင်လာသည်ကို မြင်လိုက်ရ၏။
ဂူကောင် ပိုင်ရှင် တစ်ဦး အနေဖြင့် ချူယန်ဇယ် ၏ ခန္ဓာကိုယ်သည် ထို အဆိပ်ငွေ့များကို ငြင်းပယ်ခြင်း မရှိဘဲ အလွန်ပင် နှစ်သက်နေပုံရလေသည်။ ထို့ကြောင့် အနီရောင် အဆိပ်ငွေ့များကြားတွင် လုံးဝ နစ်မြုပ်သွားချိန်၌ ချူယန်ဇယ် သည် ထိတ်လန့်ခြင်း မရှိဘဲ အဆိပ်ငွေ့များကို ရှူရှိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ် ပြောင်းလဲလာမှုကိုသာ ခံစားနေလိုက်၏။
"ဘယ်လို ခံစားရလဲ"
ဆရာဖြစ်သူ၏ အသံကို နားထဲတွင် ထပ်မံကြားလိုက်ရသောအခါ ချူယန်ဇယ် က ပြန်ဖြေလိုက်လေသည်။
"ရှူရှိုက်လိုက်ပြီးနောက် ကိုယ်တွင်းက ဂူကောင် တွေက အရမ်းသဘောကျနေတာကို ခံစားရပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း တိုးတက်လာသလိုပဲ"
"အရင်က ခရမ်းရောင် အဆိပ်ငွေ့တွေနဲ့ ဆင်တူတဲ့နေရာ ရှိလား"
"အင်း အသုံးဝင်ပုံကတော့ အတူတူပါပဲ ဒါပေမယ့် အာနိသင်ကတော့ အများကြီး ကွာခြားပါတယ် အရင်က ခရမ်းရောင် အဆိပ်ငွေ့တွေကို ရှူရှိုက်တုန်းက ဂူကောင် တွေက အရမ်းကို စိတ်လှုပ်ရှားခဲ့ကြတာ ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်တွင်းက ဆဲလ်တွေကလည်း အလွန် လှုပ်ရှားတက်ကြွနေပြီး ခွန်အားတွေ အပြည့် ရှိနေသလို ခံစားခဲ့ရတာ"
"လုံးဝ နှိုင်းယှဉ်လို့ မရဘူးလား"
"အင်း တကယ်ကို ကြီးမားတဲ့ ကွာခြားချက် ရှိတယ်"
ချူယန်ဇယ် ၏ အဖြေကို ကြားပြီးနောက် ကျန်းပေရန် သည် နှလုံးသားစား အစီအရင် ၏ အသုံးဝင်ပုံကို အကြမ်းဖျင်း နားလည်သွားလေသည်။ အတိုချုပ် ပြောရလျှင် ၎င်းသည် အဆိပ်ငွေ့များ၏ အခြေခံပုံစံသာ ဖြစ်ပြီး အာနိသင်က အလွန် အားနည်းလှ၏။ ယခုကဲ့သို့ အလွန် အားကောင်းလာခြင်းမှာ ယဇ်ပူဇော်ခြင်း စွမ်းအားကြောင့် ဖြစ်ရမည်။ အရင်က ရှီးဖုန်းရွာ တွင် ပိုးအိမ်အဖြစ် ပြောင်းလဲသွားခဲ့သော ကျင့်ကြံသူများကို ပြန်တွေးကြည့်ပါက ကွာခြားချက်မှာ ဒီနေရာတွင် ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းပေရန်သည် လိုချင်သော အဖြေကို ရရှိပြီးနောက် အစီအရင်၏ ဗဟိုချက်တွင် ထားရှိသော သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို အသက်သွင်းလိုက်လေသည်။ ဒီအဆင့်ကို လုပ်ဆောင်ပြီးနောက် ကျန်းပေရန်သည် မျှော်စင် အပြင်ဘက်တွင် ရပ်ကာ မှော်ကိရိယာ မျိုးစုံကို ထုတ်ယူ၍ အသင့်ပြင်ထားလိုက်၏။။
သို့သော် ကျန်းပေရန် မျှော်လင့်ထားသလို ကြီးမားသော လှုပ်ရှားမှုမျိုး ဖြစ်မလာခဲ့ပေ။။ သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို အသက်သွင်းပြီးနောက် ဖြစ်ပေါ်လာသည့် တစ်ခုတည်းသော အပြောင်းအလဲမှာ မျှော်စင်အတွင်းရှိ အဆိပ်ငွေ့များသည် အနီရောင်မှ အဝါရောင်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်လေသည်။
"အမ်"
ဒီအပြောင်းအလဲသည် ကျန်းပေရန်ကို အနည်းငယ် အံ့သြသွားစေ၏။ သူသည် သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို အသက်သွင်းလိုက်ပါက အဆိပ်ငွေ့များသည် အပြင်ဘက်ကဲ့သို့ ဖြစ်သွားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ ထိုသို့ မဟုတ်ပုံရချေ။။
"အခု ဘယ်လို ခံစားရလဲ"
ကျန်းပေရန်က ချူယန်ဇယ် ထံသို့ ချက်ချင်း အသံလွှင့်ကာ မေးလိုက်လေသည်။
"ပုံဆောင်ခဲ အချပ်လေးတွေ ပြန်ပေါက်လာပြီ ပြီးတော့ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း အများကြီး ပိုပြီး အားကောင်းလာတယ်လို့ ခံစားရပါတယ်"
"ခရမ်းရောင် အဆိပ်ငွေ့တွေကို ရှူရှိုက်တုန်းက ခံစားချက်နဲ့ မတူဘူးလား"
"လုံးဝ မတူဘူး"
ချူယန်ဇယ် သည် ထို အဆိပ်ငွေ့ နှစ်မျိုးကြားမှ ကွာခြားချက်ကို မည်သို့ ဖော်ပြရမည်ကို စဉ်းစားနေစဉ်မှာပင် ဆရာဖြစ်သူက သူ၏ ရှေ့သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။။
"ဆရာ ဒီပုံဆောင်ခဲ အကာအကွယ်ကို ကြည့်ပါဦး"
ချူယန်ဇယ် က ညာဘက်လက်ကို မြှောက်ကာ ကျန်းပေရန် အား လှမ်းအော်ပြောလိုက်လေသည်။။
"အင်း တကယ်ကို မတူတော့ဘူးပဲ"
ယခင်က ချူယန်ဇယ် ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်နေသော ပုံဆောင်ခဲ အကာအကွယ်မှာ ကြည့်ကောင်းရုံသာ ဖြစ်ပြီး မည်သည့် အသုံးဝင်ပုံမှ မရှိသော်လည်း ယခုမူ ထို အကာအကွယ်မှာ အများကြီး ပို၍ ထူထဲလာသည့်အပြင် အပေါ်တွင်လည်း ဖျော့တော့သော အလင်းရောင်များ တောက်ပနေပြီး အသက်ဝင်နေသကဲ့သို့ ဖြစ်နေလေသည်။
တကယ်တော့ လက်တွေ့စမ်းသပ်မှုကသာ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့တာပင် ဖြစ်၏။ သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ၏ အသုံးဝင်ပုံကို သိရှိသွားသဖြင့် ကျန်းပေရန်သည် အလွန် စိတ်ကြည်လင်သွားပြီး ချူယန်ဇယ် ၏ ခန္ဓာကိုယ်ပေါ်တွင် စမ်းသပ်မှု မျိုးစုံကို ချက်ချင်း စတင်လိုက်တော့သည်။ နောက်ဆုံးတွင် ရရှိလာသည့် ကောက်ချက်မှာ အနက်ရောင် သူတော်စင် များကိုပင် ဂူအဆိပ် မိစေနိုင်သည့်အပြင် အာရုံခံနိုင်စွမ်းကို ပိတ်ပင်ခြင်းနှင့် အတွင်းအားကို ဖြတ်တောက်ခြင်း စသည့် စွမ်းအားများ ရှိသော ခရမ်းရောင် အဆိပ်ငွေ့များနှင့် ယှဉ်လိုက်လျှင် ဒီ အဝါရောင် အဆိပ်ငွေ့၏ အသုံးဝင်ပုံမှာ အလွန် ရိုးရှင်းပြီး ထိရောက်လှ၏။ ၎င်းမှာ အသုံးပြုသူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တိုးမြှင့်ပေးခြင်းပင် ဖြစ်လေသည်။ ဒီ အဆိပ်ငွေ့သည် ကျင့်ကြံသူများအပေါ်တွင် မည်သည့် ဆိုးကျိုးမှ မရှိသော်လည်း ဂူကျင့်ကြံသူ များ၏ စွမ်းအားကိုမူ အကြီးအကျယ် တိုးမြှင့်ပေးနိုင်ပေသည်။။
"ဧကရာဇ် ဂူကောင် မရှိရင်တောင်မှ အဲ့ဒီ ဂူကျင့်ကြံသူ တွေက မိုက်မဲတဲ့သူတွေ မဟုတ်ဘူးပဲ"
၎င်းတို့သည် လူသားများဘက်မှ ဂူအဆိပ်ကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့ထားပြီ ဖြစ်ကြောင်း သေချာပေါက် သိရှိထားကြသဖြင့် ထုန်တိုင်းပြည် ကို ခရမ်းရောင် အဆိပ်ငွေ့များဖြင့် ထပ်မံ ဖုံးလွှမ်းရန် ကြိုးစားခြင်းသည် မည်သည့် အကျိုးမှ ရှိလိမ့်မည် မဟုတ်ကြောင်း နားလည်ထားကြခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့သည် နည်းလမ်းသစ်တစ်ခုကို အသုံးပြုကာ မိမိတို့ တိုက်ခိုက်ရန် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပြီး အနက်ရောင် သူတော်စင် များ ကို တိုက်ရိုက် ရင်ဆိုင်ရန် ပြင်ဆင်ထားကြခြင်း ဖြစ်လေသည်။
ချူယန်ဇယ် ၏ ခန္ဓာကိုယ်ပေါ်မှ စမ်းသပ်မှု ရလဒ်များအရ ဒီ ပုံဆောင်ခဲ အကာအကွယ်သည် ချူယန်ဇယ် ၏ ကာကွယ်ရေး စွမ်းအားကို အကြီးအကျယ် တိုးမြှင့်ပေးရုံသာမက သူ့အား ထူးခြားသော စွမ်းရည် မျိုးစုံကိုလည်း ပေးအပ်ထားလေသည်။ ဥပမာအားဖြင့် အမျိုးမျိုးသော အတွင်းအား တိုက်ကွက်များကို ပြန်လည် ထင်ဟပ်စေခြင်းနှင့် ပြင်းထန်သော လက်နက် မျိုးစုံအဖြစ် ပြောင်းလဲနိုင်ခြင်း စသည်တို့ ဖြစ်၏။ အတိုချုပ် ပြောရလျှင် ချူယန်ဇယ် ၏ တိုက်ခိုက်ရေး စွမ်းအား အားလုံးကို အဆင့်မြှင့်တင် ပေးလိုက်ခြင်း ဖြစ်လေသည်။။
စမ်းသပ်မှု ပြီးဆုံးသွားသောအခါ ကျန်းပေရန် သည် အစီအရင်ကို ပိတ်လိုက်ပြီး သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို ပြန်လည် သိမ်းဆည်းလိုက်လေသည်။ ထိုလုပ်ငန်းစဉ်အတွင်း မည်သည့် မတော်တဆမှုမှ ဖြစ်မလာခဲ့သလို သန့်စင်သော ပုံဆောင်ခဲ ဂူကောင် သည်လည်း ဘေးကင်း လုံခြုံနေခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ပုံဆောင်ခဲ အရောင်မှာ အနည်းငယ် မှိန်သွားသော်လည်း ကြီးမားသော ပြဿနာ မဟုတ်ချေ။။
ကျန်းပေရန်သည် သူ၏ လက်ထဲမှ ပုံစံငယ်တစ်ခုကဲ့သို့ ဖြစ်နေသော သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို ကြည့်ရင်း ထပ်မံ သေချာစွာ သုတေသနပြုရန် ဆုံးဖြတ်လိုက်လေသည်။။ ၎င်း၏ တည်ဆောက်ပုံနှင့် အစွမ်းအစများကို အပြည့်အဝ နားလည်အောင် လုပ်ဆောင်ပြီးနောက် သူကိုယ်တိုင် တစ်ကောင် မွေးမြူနိုင်မလား ဆိုသည်ကို ကြည့်ရှုရန် ဖြစ်၏။ တကယ်လို့သာ အောင်မြင်သွားပါက ကြီးမားသော အမြတ်အစွန်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် နောက်ထပ် ဆယ်ရက်အတွင်း ကျန်းပေရန်သည် ဒီ မျှော်စင်အတွင်း၌ ချူယန်ဇယ် နှင့်အတူ အကြိမ်ကြိမ် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ဒီသန့်စင်သော ပုံဆောင်ခဲ ဂူကောင် ၏ ထူးခြားချက်ကို အပြည့်အဝ နားလည်သွားခဲ့လေသည်။။
"ကြည့်ရတာ ဒါက မင်းရဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားပြီပဲ"
ကျန်းပေရန်က ပုံဆောင်ခဲများ ပိုမို ပေါက်လာသည့် ချူယန်ဇယ် ကို ကြည့်ကာ ပြောလိုက်၏။။
"ဆရာ သေချာသင်ပေးလို့ပါ အခု ကျွန်တော် ဒါကို ဘယ်လို နာခံခိုင်းရမလဲ ဆိုတာကို နည်းနည်း နားလည်လာပြီ"
ဒီ ကာလအတွင်း လေ့လာမှုများအရ ကျန်းပေရန်သည် ဒီ သန့်စင်သော ပုံဆောင်ခဲ ဂူကောင် မှာ အမြဲတမ်း အိပ်ပျော်နေသည့် အခြေအနေတွင် ရှိနေခြင်းသည် မှန်ကန်သော အသက်သွင်းနည်းကို ရှာမတွေ့သောကြောင့် ဖြစ်ကြောင်း သိလိုက်ရ၏။
တကယ်တော့ လုံလောက်သော အဆိပ်ငွေ့များ ရှိနေပါက ၎င်းသည် နိုးထလာမည် ဖြစ်လေသည်။။ထို့ကြောင့် ကျန်းပေရန်သည် ချူယန်ဇယ် အား အထူးလေ့ကျင့်မှု တစ်ခု ပြုလုပ်ပေးခဲ့ပြီး သူ့အား အဆိပ်ငွေ့များကို ကိုယ်တွင်းသို့ ရှူသွင်းကာ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားနိုင်အောင် လုပ်ဆောင်ပေးခဲ့၏။
ဒီနည်းဖြင့် သန့်စင်သော ပုံဆောင်ခဲ ဂူကောင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သိသိသာသာ နိုးကြားလာခဲ့ပြီး ချူယန်ဇယ်သည်လည်း အဝါရောင် အဆိပ်ငွေ့များ ရှိရာသို့ ဝင်စရာ မလိုဘဲ ပုံဆောင်ခဲ အကာအကွယ် ပုံစံကို တိုက်ရိုက် အသက်သွင်းနိုင်သွားခဲ့လေသည်၊၊ ၎င်း၏ အစွမ်းမှာလည်း အရင်ကထက် ပိုမို အားကောင်းလှပေသည်။
သို့သော် ချူယန်ဇယ် ၏ ကိုယ်တွင်းရှိ အဆိပ်ငွေ့များကို သန့်စင်သော ပုံဆောင်ခဲ ဂူကောင် က စုပ်ယူပြီးသွားပါက ၎င်းသည် ပြန်လည် အိပ်ပျော်သွားမည် ဖြစ်၏။ ကျန်းပေရန်သည် ချူယန်ဇယ် အား ဂူကောင်၏ သခင်ဖြစ်အောင် အမြဲတမ်း သွန်သင်ပေးနေခဲ့သော်လည်း ဒီ သန့်စင်သော ပုံဆောင်ခဲ ဂူကောင်သည် အလွန် လျှို့ဝှက်ဆန်းကြဲလှပြီး နောက်ခံလည်း အလွန် ကြီးမားသဖြင့် ချူယန်ဇယ် အနေဖြင့် ခဏအတွင်း ၎င်းကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သေးချေ။ ထို့ကြောင့် ကျန်းပေရန် ယခု ဖြေရှင်းရန် လိုအပ်နေသည့် ပြဿနာမှာ အဆိပ်ငွေ့များကို ချူယန်ဇယ် ၏ ခန္ဓာကိုယ်ထဲတွင် မည်သို့ ရေရှည် သိမ်းဆည်းထားမလဲ သို့မဟုတ် သူ၏ ခန္ဓာကိုယ်မှ အဆိပ်ငွေ့များကို အလိုအလျောက် ထုတ်လုပ်နိုင်အောင် မည်သို့ လုပ်ရမလဲ ဆိုသည်ပင် ဖြစ်လေသည်။
သို့သော် ကျန်းပေရန်သည် ဒီ ကိစ္စများကို အသေးစိတ် သုတေသနပြုရန် အချိန် မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် အဓိက အကျဆုံး ပြဿနာမှာ နဂါးနက် ကုန်းမြေတိုက်ကြီး ကို တိုက်ခိုက်ရန် လက်မလျှော့သေးသော ဂူကျင့်ကြံသူ များ ပင် ဖြစ်နေသောကြောင့်တည်း။။
"ဒါပေမယ့် မကြာခင်မှာပဲ သူတို့ရဲ့ အလှည့် ရောက်တော့မှာပါ"
သန့်စင်သော ပုံဆောင်ခဲ ဂူကောင် ကို သုတေသနပြုပြီးနောက် ကျန်းပေရန် ၏ တန်ပြန်တိုက်ခိုက်ရေး အစီအစဉ်မှာလည်း အားလုံး ပြီးပြည့်စုံသွားခဲ့ပြီး ကျန်ရှိနေသည်မှာ အကောင်အထည်ဖော်ရန်သာ ဖြစ်တော့သည်။ ကျန်းပေရန်သည် မထွက်ခွာမီ သူတည်ဆောက်ခဲ့သော မျှော်စင်နှင့် အစီအရင်များကို ကိုယ်တိုင် ပြန်လည် ဖျက်ဆီးလိုက်၏။ ၎င်းတို့သည် မည်သည့် ဆိုးကျိုးမှ မရှိသော်လည်း အမှားအယွင်း မရှိစေရ ဆိုသည့် စကားလုံး လေးလုံးမှာ သူ၏ စိတ်ထဲတွင် အမြဲ ရှိနေခဲ့ပြီး ဖြစ်လေသည်။။ ထို့ကြောင့် မည်မျှပင် ပြည့်စုံအောင် ပြင်ဆင်ထားပါစေ ဒီလို လုပ်ဆောင်ခြင်းသည် သူ၏ အခြေခံ လုပ်ဆောင်ချက် တစ်ခုသာ ဖြစ်ပေသည်။။
ကျန်းပေရန်သည် ယွမ်မြို့တော် သို့ ပြန်လည် ရောက်ရှိလာသောအခါ တစ်ခုခုကို ဆွေးနွေးနေကြသော အနက်ရောင် သူတော်စင်များမှာ အားလုံး မှင်သက်သွားကြလေသည်။။ နောက်ဆုံးတွင် ချောင်ကျင်းဟွာက အရင်ဆုံး သတိပြန်ဝင်လာပြီး ဝမ်းသာအားရ အော်ဟစ်လိုက်၏။။
"ထုံမြို့တော်ရဲ့ အလုပ်အများဆုံးသူ ပြန်လာပြီပဲ ဘယ်လိုလဲ ဒီတစ်ခေါက် အနားယူတာ တစ်ခုခု ထူးခြားတာ ရခဲ့လား"
ကျန်းပေရန် ပျောက်ကွယ်နေသည့် အချိန်အတွင်း သူနှင့် ပတ်သက်သည့် ဒဏ္ဍာရီများကို ချောင်ကျင်းဟွာ အများကြီး ကြားသိခဲ့ရလေသည်။ ကျန်ရှိနေသော နိုင်ငံ ငါးနိုင်ငံ၏ ကူညီကယ်ဆယ်ရေးကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ခဲ့ပြီး များပြားလှသော အနက်ရောင် သူတော်စင် များ ကို ကယ်တင်ခဲ့သဖြင့် ကယ်တင်ရှင် တစ်ဦးကဲ့သို့ ဖြစ်နေခဲ့လေပြီ။ မဟုတ်သေးပေ၊ ကယ်တင်ရှင် အစစ်အမှန်ပင် ဖြစ်လေသည်။
ထို့အပြင် အတက်ပညာရပ် နယ်ပယ်တွင်လည်း သူသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး သူ့အား ခေါင်းဆောင်အဖြစ် သတ်မှတ်သော အဆင့်ကိုး ဆရာကြီးများမှာလည်း သိသိသာသာ တိုးပွားလာခဲ့၏။ ၎င်းမှာ ထုန်တိုင်းပြည် အတွင်း၌သာ မဟုတ်တော့ချေ။ ယခုအခါ နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်ရှိ ထိပ်တန်း ကျင့်စဉ်ပညာရှင် အားလုံးသည် သူ၏ ရှေ့တွင် ခေါင်းငုံ့ အရှုံးပေးနေကြပြီ ဖြစ်လေသည်။
သေချာသည်မှာ ခေါင်းငုံ့ အရှုံးပေးခြင်း ဆိုသည့် စကားလုံးကို ယန်ရှောင်ဘို ပြောပြ၍ သိခဲ့ခြင်း ဖြစ်၏။ ချောင်ကျင်းဟွာသည် ကျန်းပေရန်က အတက်ပညာရပ်များတွင် အလွန် အစွမ်းထက်မှန်း သိသော်လည်း ထိုအဆင့်ကိုး ဆရာကြီးများက မည်မျှအထိ မာနကြီးသလဲ ဆိုသည်ကို ပို၍ နားလည်ထားပေသည်။။ ထို့အပြင် ယခင်က သူသည် ကျင်းကျယ်အဆောင် သို့ သွားရောက်ကြည့်ရှုခြင်း မရှိခဲ့သဖြင့် ထိုလူအိုကြီးများ ခေါင်းငုံ့နေသည့် ပုံစံကို မြင်ယောင်ကြည့်ရန် အလွန် ခက်ခဲနေဆဲ ဖြစ်လေသည်။
"တစ်ခုခုတော့ ရခဲ့ပါတယ်။ ချောင်စီနီယာ ရော ဒီကမ္ဘာကြီးနဲ့ ပြန်ပြီး အသားကျသွားပြီလား"
ကျန်းပေရန်က ပြုံးရင်း မေးလိုက်၏။
"ဟားဟားဟား"
အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီးနောက် ချောင်ကျင်းဟွာ က ပြန်ဖြေလေသည်။
"သိပ်အကြာကြီး သေသွားခဲ့တာမှ မဟုတ်တာ။အားလုံး အဆင်ပြေပါတယ်"
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ချောင်ကျင်းဟွာ သည် အားအင်အပြည့် ရှိနေသည်ကို မြင်ရသဖြင့် ကျန်းပေရန် အတော်လေး စိတ်အေးသွား၏။ မည်သို့ပင်ဆိုစေ သူသည်လည်း လူကို အသက်ပြန်ရှင်အောင် ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သဖြင့် မည်သို့သော နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာမလဲ ဆိုသည်ကို မသိခဲ့ချေ။ အတွေ့အကြုံရှိသော ထို တစ္ဆေ ကျင့်ကြံသူ များကို မေးမြန်းလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း အနက်ရောင် သူတော်စင် များကို အသက်ပြန်ရှင်အောင် မလုပ်ဖူးသောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျန်ရှိနေသည်မှာ သူတို့၏ ကံကြမ္မာအပေါ်တွင်သာ မူတည်တော့ပေသည်။
အခြားသော အနက်ရောင် သူတော်စင် များကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ယန်ရှောင်ဘို အား ကြည့်ကာ မေးလိုက်လေသည်။။
"ကူလျန်ချန်က အခုထိ အပြင်မထွက်သေးဘူးလား"
"အင်း"
ယန်ရှောင်ဘိုက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများကို မဖုံးကွယ်နိုင်အောင် ဖြစ်နေလေသည်။။
"ကြည့်ရတာ ဒီတစ်ကြိမ်မှာ သူ ဖြေရှင်းရမှာက မလွယ်ကူလှဘူး ထင်တယ်။"
"ကူလျန်ချန် က ဒီလောက် အစွမ်းထက်တာပဲ သူ ဒီအခက်အခဲကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်"
ပြောပြီးနောက် ကျန်းပေရန်သည် အမူအရာ ပြောင်းလဲသွားကာ အစည်းအဝေးစားပွဲဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။။
"အခု ယန်ဂိုဏ်းချုပ် အနေနဲ့ အခြား လေးနိုင်ငံက အနက်ရောင် သူတော်စင် တွေကို နောက်တစ်ကြိမ် ထပ်ပြီး ခေါ်ယူပေးပါ။ကျွန်တော် တန်ပြန်တိုက်ခိုက်ရေး အစီအစဉ်ကို ပြန်ပြီး ပြင်ဆင်ချင်လို့"
"ကောင်းပါပြီ"
ယန်ရှောင်ဘို က ပြန်ထူးလိုက်ပြီး အမိန့်ပေးရန် သွားတော့မည့် အချိန်တွင် ရုတ်တရက် လှည့်ကြည့်ကာ ကျန်းပေရန် အား မေးလိုက်လေသည်။။
"မင်း ဒီလောက်အကြာကြီး ပျောက်နေခဲ့တာက တန်ပြန်တိုက်ခိုက်ရေး အစီအစဉ်ကို ပြင်ဆင်ဖို့အတွက်လား"
"မှန်ပါတယ်"
"ဒါဆိုရင်တော့ အပြောင်းအလဲက မနည်းဘူး ထင်တယ်"
"အကုန်လုံးကို ဖျက်ဆီးပြီး အသစ် ပြန်လုပ်လိုက်တာ"
"..."
"ကောင်းပြီ မင်းက အမြဲတမ်း ငါ့ကို အံ့သြစေတာပဲ။"