← Chapters

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း ၁၂၉၄: အံ့ဖွယ်မြက်! ၃

"ဆာဗာခန်းထဲအရင်သွားရအောင်''

မာလဲ့ဝမ်ကပြောသည်_

"ပစ္စည်းတွေသယ်လာခိုင်းထားပြီ... မကြာခင်ရောက်မယ်''

လင်းချီကခေါင်းညိမ့်ပြီး မာလဲ့ဝမ်နှင့်ဆာဗာခန်းထဲသွားသည်။

ကုမ္ပဏီဆာဗာခန်းက အတော်ကြီးသည်။

သို့သော် သူဝင်ဝင်ချင်း အပူချိန်ကိုခံစားမိသည်။ ဆာဗာ၏စွမ်းအင်မြင့်မြင့်လည်ပတ်ခြင်းမှထွက်လာသောအပူဖြစ်သည်။

တကယ်တော့ အင်ဂျင်ခန်းမှာ အပူစုပ်သောလေအေးပေးစက်နှင့် အင်ဂျင်ခန်းအပူချိန်အတိအကျထိန်းထားသောလေအေးပေးစက်ရှိသည်။

ဒီလိုလေအေးပေးစက်မျိုးမှာ အထွေထွေဆာဗာခန်းအတွက်လုံလောက်သော်လည်း ကုမ္ပဏီခွဲဆာဗာအတွက်မလောက်။

အလုံအလောက်အသုံးချရန်ပြင်ဆင်ပါက အလွန်စျေးကြီးပြီး နေ့စဉ်အသုံးစရိတ်အလွန်ကြီးမည်။

အဓိကက အပူချိန်ထိန်းနိုင်သေးသည်။ ဒီလိုဆာဗာခန်းအတွက်အကောင်းဆုံးအပူချိန်မှာ နွေရာသီတွင် ၂၂ ဒီဂရီမှ ၂၅ ဒီဂရီအတွင်းဖြစ်သည်။ ချင်လင်၏အပူချိန်ထိန်းမြက်က ထိုအပူချိန်နှင့်ကိုက်သည်။

အဓိကက အပူချိန်ထိန်းဖို့ပင်။

မာလဲ့ဝမ်က လင်းချီနှင့်မန်နေဂျာများကို ဆာဗာခန်းထဲခေါ်သွားပြီးနောက် အပြင်မှဆူဆူညံညံအသံများကြားရသည်။ လူတချို့က အပူချိန်ထိန်းမြက်အိုးများရွှေ့လာနေသည်။

ထို့ကြောင့် လင်းချီကဇဝေဇဝါနှင့်သွားပြီး_

"ဘာတွေဖြစ်နေတာလဲ? အပင်တွေကိုနေရာမှားရွှေ့လာတာလား?''

"ဟုတ်တယ် ဒီနေရာပါပဲ... ဥက္ကဌမာက ဒီလိပ်ကျောကုန်းတွေကို အင်ဂျင်ခန်းထဲရွှေ့ခိုင်းလို့''

လူများက လောလောနှင့်ပြောသည်။

လင်းရန်ကဇဝေဇဝါနှင့် မာလဲ့ဝမ်ကိုကြည့်လိုက်သည်။

"ငါပြောတဲ့ဟာပဲ''

မာလဲ့ဝမ်ကရှင်းပြသည်_

"အရင်ဆုံး အခန်းထဲရွှေ့လိုက်''

မာလဲ့ဝမ်စကားကြောင်း လင်းချီတို့နည်းနည်းကြောင်သွားသည်။

ဘာတွေဖြစ်နေတာလဲ?

ဒီအပင်တွေက ဆာဗာခန်းပြဿနာကိုဖြေရှင်းနိုင်မှာလား?

နောက်နေတာလား?

ကုမ္ပဏီတချို့ကနည်းပညာအသစ်ဆိုလက်ခံနိုင်ပေမဲ့ ဥက္ကဌမာကဒီလိုပြောလိမ့်မယ်လို့ဘယ်ထင်မလဲ?

ဒီအခြေအနေမှာ လင်းချီတို့ဘာမှမပြောရဲ။ ဥက္ကဌမာက ကုမ္ပဏီမှာအာဏာအရှိဆုံးလူဖြစ်နေသည်။

ဘယ်လိုပဲဖြစ်ဖြစ် အပင်တွေပဲလေ။ ဥက္ကဌမာလျှောက်လုပ်ပြီးပြန်သွားမှ လူခေါ်ရွှေ့ခိုင်းရမည်။

အပူချိန်ထိန်းမြက် ၁၀ အိုးကို ဆာဗာခန်းထဲမြန်မြန်ရွှေ့ပြီးသွားသည်။

လင်းချီကစကားပြောချင်သော်လည်း မာလဲ့ဝမ်ကဖြတ်ပြောသည်_

"ဆာဗာခန်းထဲက ​အပူစုပ်စက် လေအေးပေးစက်တွေပိတ်လိုက်... ပြီးရင် ခဏစောင့်... မကြာခင် အာနိသင်ပြမှာ''

"ကျွတ် ကျွတ်''

လင်းချီပြောမည့်စကား လည်ချောင်းထဲဆို့သွားသည်။

အပူစုပ်စက်၊လေအေးပေးစက်များပိတ်လိုက်သည်ကိုသာ ကြည့်နေရ၏။ ဆာဗာခန်းအပူချိန်ချက်ချင်းတက်ပြီး ဆာဗာပျက်သွားလိမ့်မည်ဟုတကယ်ပြောလိုက်ချင်သည်။

ထင်တဲ့အတိုင်း အင်ဂျင်နီယာတစ်ဦးကအစီရင်ခံသည်_

"အပူစုပ်စက်နဲ့လေအေးပေးစက်ပိတ်လိုက်ပါပြီ... ဆာဗာခန်းအပူချိန်တက်လာပါတယ်... ၂၈ ဖြစ်နေပြီ... ဒီအတိုင်းဆက်သွားရင် ဆာဗာပျက်ပါလိမ့်မယ်''

လင်းချီမျက်မှောင်ကြုတ်လိုက်သည်။ ဒီနေ့ဆာဗာခန်းမှာပြဿနာရှိပုံပင်။

သို့သော် သူအတွေးများနေစဉ် အင်ဂျင်နီယာကရုတ်တရက်အံ့ဩသံနှင့်_

"အပူချိန်ကျသွားပြီ... အခု ၂၇ ပဲရှိတော့တယ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

ထိုစကားကြောင့် လင်းချီကြောင်သွားသည်။ သူကလှမ်းကြည့်ပြီးမေးသည်_

"အပူချိန်ကျသွားပြီလား?''

အင်ဂျင်နီယာကချက်ချင်းခေါင်းညိမ့်ပြီး_

"မစ္စတာလင်း.. အမှန်ပဲ.. အခုထပ်ကျသွားပြန်ပြီ... ၂၅ ဖြစ်သွားပြီ''

တခြားသူများလည်း မယုံနိုင်။

နောက်ပြီး အခန်းအပူချိန်ပြောင်းလဲမှုကို သူတို့လည်းခံစားရသည်။

အဓိပ္ပါယ်မရှိ။

"အပူစုပ်စက်နဲ့လေအေးပေးစက်ပိတ်ထားတာ ဟုတ်ရဲ့လား?''

တစ်ယောက်ကမေးသည်။

အင်ဂျင်နီယာမန်နေဂျာက ချက်ချင်းအတည်ပြုသည်_

"အားလုံးပိတ်ထားပါတယ်''

ထိုအချိန်တွင် အားလုံးက ပန်းအိုး ၁၀ အိုးကိုတအံတဩကြည့်လိုက်ကြသည်။

အခန်း ၁၂၉၅: လေအေးပေးစက်ကုမ္ပဏီငိုပြီ!

လင်းချီတို့မန်နေဂျာများမယုံနိုင်။

ဆာဗာခန်းအပူချိန်ရုတ်တရက်ကျသွားပြီ။ အပူစုပ်စက်၊လေအေးပေးစက်များပိတ်ထားပြီး ဥက္ကဌမာယူလာသော အပင် ၁၀ ပင်က ဒီမှာရှိနေသည်။

ဒီအပင် ၁၀ ပင်ကြောင့်ပေါ့။

လင်းချီမှာ ဒီလိုအံ့ဖွယ်အပင်မျိုးရှိမည်ဟုမထင်မိသော်လည်း အမှန်တရားက သူ့ရှေ့မှာ။ နောက်ပြီး ဥက္ကဌမာက ချင်းလင်ဓာတ်ခွဲခန်းရှယ်ယာဝင်ထားမှန်း သူသိသည်။

ဥက္ကဌမာက အံ့ဖွယ်အပင်ကို ချင်းလင်ဓာတ်ခွဲခန်းကရလာတာလည်းဖြစ်နိုင်သည်။

"ဥက္ကဌမာ.. ဘယ်လိုဖြစ်တာလဲ? အဲဒါအပင်ရဲ့အာနိသင်လား?''

လင်းချီက မာလဲ့ဝမ်ကိုမမေးဘဲမနေနိုင်တော့။

တခြားသူများလည်း မာလဲ့ဝမ်ကိုစူးစမ်းလိုက်ကြသည်။

အင်တာနက်ကုမ္ပဏီဖြစ်၍ ဆာဗာနှင့်ကွန်ပျူတာခန်းပြဿနာကိုမလွဲမသွေဖြေရှင်းရသည်။

ဒီလိုအံ့ဖွယ်မျိုးမြင်ဖူးတာ ဒါပထမဆုံး။ လေအေးပေးစက်လို ဆာဗာခန်းအပူချိန်ကိုလျှော့ချပေးနိုင်တဲ့အပင်မျိုး ဘယ်သူမြင်ဖူးပါသလဲ?

"အာနိသင်ကိုအရင်ကြည့်ရအောင်!''

မာလဲ့ဝမ်ခေါင်းညိမ့်လိုက်သည်။

လင်းချီက ချက်ချင်းအင်ဂျင်နီယာကိုညွှန်ကြားလိုက်သည်_

"ဆာဗာရဲ့အပူချိန်ကိုအခုစောင့်ကြည့်ထား''

"ကောင်းပါပြီ ဥက္ကဌမာ!''

တကယ်တော့ အင်ဂျင်နီယာစီမံရေးကလုပ်နေပြီ။

လင်းချီကအထွေထွေမန်နေဂျာဖြစ်၍ EQ ကောင်းကောင်းနှင့်ပြန်ဖြေခြင်းသာ။

အင်ဂျင်နီယာက ဆာဗာခန်းအပူချိန်ကိုစောင့်ကြည့်ရင်း သူ့မျက်နှာမှာတဖြည်းဖြည်းအံ့ဩပုံပေါက်လာသည်။

ပထမဆုံးအပူချိန်စကျကတည်းက ဆာဗာခန်းအပူချိန်ဆက်ကျနေသည်။ အခု ၂၄ ဖြစ်သွားပြီ။

သူတို့ဆာဗာစွမ်းအင်လိုအပ်ချက်မြင့်သောကြောင့် ဒီအဆင့်တွင် အပူစုပ်စက်နှင့်လေအေးပေးစက်က အပူချိန်ထိန်းရုံသာထိန်းနိုင်သည်။

ဒီအပူချိန်က ဆာဗာအတွက်လုံလောက်သော်လည်း အကန့်အသတ်ရှိပြီးအပူချိန်တက်လာမည်။

သို့သော် အပူချိန်ဆက်ကျနေသောကြောင့် သူအံ့ဩမိသည်။

၂၃?

၂၂??

နောက်ဆုံး အခန်းအပူချိန် ၂၂ ဖြစ်သွားသည်။

ဒီအပူချိန်က ဆာဗာခန်းအတွက်အကောင်းဆုံးပင်။

အပူချိန်မြင့်လွန်းရင် ဆာဗာအပေါ်သက်ရောက်မှုရှိနိုင်သည်။ အပူချိန်နိမ့်လွန်းရင်လည်း ဆာဗာအပေါ်သက်ရောက်မှုရှိသည်။

ခဏအကြာ အင်ဂျင်နီယာကအံ့ဩသံနှင့်_

"အံ့ဩစရာပဲ.. ၂၂ ဒီဂရီကိုလုံးဝထိန်းထားတယ်... ဆာဗာစွမ်းအင်မြင့်သုံးပြီးအပူချိန်တက်လာရင်တောင် အပူချိန်ကိုချက်ချင်းပြန်ထိန်းတယ်... ပြီးတော့ ဆာဗာအပေါ်သက်ရောက်မှုလုံးဝမရှိဘူး... အရင်ကမမြင်ဖူးတဲ့ဖြစ်စဉ်ပဲ''

ပြဿနာကို ပန်းအိုး ၁၀ အိုးနဲ့လုံးဝဖြေရှင်းလိုက်ပြီ!

အပူချိန်ထိန်းမြက် ၁၀ အိုးကိုကြည့်ပြီး လင်းချီစိတ်လှုပ်ရှားကာသက်ပြင်းချလိုက်သည်။

ပင်ဂွင်း၊ကျင်းသုန့်နဲ့ Fox လို အင်တာနက်ကုမ္ပဏီကြီးတွေသာဒီအကြောင်းသိရင် ဒီအပင်ကိုအော်ငိုပြီးတောင်းနိုင်သည်။

ရလဒ်ကြောင့် မာလဲ့ဝမ်ရယ်လိုက်သည်။

ချင်းလင်အပန်းဖြေစံအိမ်မှာ ချင်လင်ဆီမှအာနိသင်အကြောင်းကြားပြီး အပူချိန်ထိန်းမြက်က ဒီပြဿနာကိုဖြေရှင်းနိုင်မည်ဟုသူသိသည်။

"ဥက္ကဌမာ.. ကြည့်ရတာ လိပ်ကျောကုန်းနဲ့တူတယ်''

လင်းချီက စူးစမ်းမေးသည်_

"ဘာလို့ဒီလိုအံ့ဖွယ်အာနိသင်မျိုးရှိတာလဲ?''

"အပူချိန်ထိန်းမြက်လို့ခေါ်တယ်... သူက ပတ်ဝန်းကျင်အပူချိန်ကိုထိန်းနိုင်တယ်... သူ့အာနိသင်ကို မင်းတို့အားလုံးအမြင်ပဲ''

မာလဲ့ဝမ်ကရှင်းပြပြီး အလေးအနက်ညွှန်ကြားလိုက်သည်_

"ပြီးရင် အားလုံးစာချုပ်ချုပ်ရမယ်... ချင်းလင်ဓာတ်ခွဲခန်းက တရားဝင်အချက်အလက်မထွက်သေးခင် ဒီအပူချိန်ထိန်းမြက်အကြောင်း ဘယ်သူ့ကိုမှပြောခွင့်မရှိဘူး''

ချင်လင်ကအပူချိန်ထိန်းမြက်ကိုပေးခဲ့သော်လည်း ဒီသတင်းပြန့်သွားရင် ချင်လင်အပေါ်သက်ရောက်မှုရှိမရှိမသိနိုင်သောကြောင့် သတိထားရမည်။

သို့သော် ထိုစကားကြောင့်လည်း ချင်းလင်ဓာတ်ခွဲခန်းမှပစ္စည်းဖြစ်ကြောင်း လင်းချီတို့သေချာသွားသည်။

ထို့ကြောင့် အားလုံးသဘောပေါက်သည်။

ချင်းလင်ဓာတ်ခွဲခန်းကပစ္စည်းမှာ ဒီလိုအာနိသင်မျိုးရှိတာမထူးဆန်း။

မာလဲ့ဝမ်နှင့်လင်းချီတို့က ဆာဗာခန်းကိုအချိန်တစ်ခုအထိစောင့်ကြည့်ခဲ့သည်။ ပြဿနာမရှိကြောင်းအတည်ပြုပြီးမှ ပြုံးပြုံးရွှင်ရွှင်နှင့်ထွက်လာ၏။

ဆာဗာခန်းအပူချိန်ပြဿနာဖြေရှင်းလိုက်ခြင်းမှာ ပြဿနာကြီးအေးသွားရုံမက ငွေကြေးအကုန်အကျလည်းသက်သာသည်။

အပူချိန်ထိန်းမြက်လျှို့ဝှက်ချက်ကိုထိန်းသိမ်းရန် မာလဲ့ဝမ်နှင့်လင်းချီက ဆာဗာခန်းအတွက်အလှည့်ကျလုံခြုံရေးထားသည်။

ထို့နောက် ချင်းလင်အပန်းဖြေစံအိမ်သို့အလောတကြီးပြန်လာ၏။

ချင်းလင်အပန်းဖြေစံအိမ်မှာအနားယူဖို့ လောင်ချန်၊လီရှင်းတို့နှင့်ချိန်းထားခြင်းပင်။

အပန်းဖြေစံအိမ်ပြန်ရောက်ချိန်တွင် နေဝင်သွားပြီ။

ချင်လင်ကိုမြင်မြင်ချင်း မာလဲ့ဝမ်ကချီးကျူးလိုက်၏_

"ချင်လင်.. မင်းရဲ့အပူချိန်ထိန်းမြက်က အရမ်းအံ့ဩစရာကောင်းတာပဲ... ဟွရှင်းလေအေးပေးစက်တော့ ချင်းလင်စံအိမ်ကိုရန်စမိလို့နောင်တရမှာမြင်ယောင်နေပြီ''

ချင်လင်က သက်ပြင်းချလိုက်ပြီး_

"အင်း.. အပူချိန်ထိန်းမြက်ပျိုးထောင်တာ ဟွရှင်းလေအေးပေးစက်နဲ့ဘာမှမဆိုင်ပါဘူး''

သူကရှင်းပြသည်_

"ကျွန်တော် အဲလောက်မကပ်တွက်ပါဘူး''

သူ့စကားကြောင့် ချန်ရှန်းဖေ၊မာလဲ့ဝမ်၊လီရှင်းတို့ အချင်းချင်းကြည့်လိုက်ကြသည်။

ချန်ရှန်းဖေ: ''ချင်လင်.. မင်းကိုငါယုံတယ်''

မာလဲ့ဝမ်: ''ငါလည်းယုံတယ်''

လီရှင်း: ''အင်း.. အရမ်းယုံတာပေါ့''

သုံးယောက်သား အလေးအနက်ဖြေသည်။

သို့သော် ထိုလေးနက်မှုနောက်ကွယ်ကအဓိပ္ပါယ်ကို သူခံစားမိသည်။

ဒီသုံးကောင်နဲ့ ချင်လင်ပြိုင်မငြင်းချင်တော့။

တိုက်ဆိုင်မှုကိုသာ အပြစ်တင်ရတော့မည်။

အပင်ကြော်ငြာချိန်ကျ အပြင်လူတွေဒီလိုမထင်ပါစေနဲ့ဟုဆုတောင်းရုံသာ။

ညပိုင်း_

ချင်လင်လည်း ချန်ရှန်းဖေ၊မာလဲ့ဝမ်၊လီရှင်းတို့အတွက် ညစာရှယ်ချက်ပေးသည်။ စနစ်လက်ရာကြောင့် ကမ္ဘာမှာအရသာအရှိဆုံးစားပွဲဖြစ်လိမ့်မည်။

ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းမှာ အားရပါးရစားသော်လည်း ထပ်စားချင်သေး၏။

"ကမ္ဘာမှာ ချင်လင်လောက်ချက်တတ်တဲ့စားဖိုမှူးမရှိတော့ဘူး''

ချန်ရှန်းဖေက သက်ပြင်းချပြီးပြောသည်။

"အင်း''

မာလဲ့ဝမ်ကဖြည့်ပြောသည်_

"အခုငါတို့ကိုအားကျတဲ့သူတွေ အတော်များမှာပဲ ဟုတ်တယ်မလား?''

အခန်း ၁၂၉၆: လေအေးပေးစက်ကုမ္ပဏီငိုပြီ! ၂

သူ့စကားကို ချန်ရှန်းဖေနှင့်လီရှင်းကခေါင်းညိမ့်သဘောတူလိုက်သည်။

ဒါအမှန်ပင်။

ချင်လင်နှင့်မိတ်ဆွေဖြစ်သောကြောင့် အချက်အပြုတ်မှာဖြစ်စေ၊ ဂုဏ်သတင်းမှာဖြစ်စေ အတော်များများအားကျရလောက်သောချင်လင်၏လက်ရာကိုစားနိုင်သည်။

အလွန်ဝမ်းမြောက်စရာပင်။

ချင်လင်နာမည်မရခင်ကတည်းက ချင်လင်နှင့်မိတ်ဆွေဖြစ်နိုင်ခဲ့တာ ပိုဝမ်းသာစရာကောင်းသည်။

အခြေအနေတစ်မျိုးဖြစ်ခဲ့ရင် ချင်လင်နှင့်မိတ်ဆွေဖြစ်ဖို့နေနေသာသာ သိဖို့တောင်ခက်မည်။

ဒါကံကြမ္မာဆန်းကြယ်မှုဖြစ်မည်။

နောက်တစ်နေ့_

ချင်လင်အိပ်ရာထပြီး မနက်စာစားသည်။ ယွီရွှေ့ကိုလည်းဖုန်းဆက်ထားသည်။

"ဥက္ကဌချင်.. ဘာညွှန်ကြားစရာရှိပါသလဲ?''

ယွီရွှေ့ကဝင်လာလာချင်းမေးသည်။

"နတ်သမီးပုံပြင်တောင်က အပင်စိုက်ပျိုးရေးပြီးပြီလား?''

ချင်လင်ကမေးသည်။

ယွီရွှေ့ခေါင်းညိမ့်လိုက်ပြီး_

"အကြမ်းဖျင်းပြီးပါပြီ... တချို့ကနောက်မှစိုက်လို့ရပါတယ်''

ဒါကလည်း သူဌေးပြောစရာရှိရင်ပြော၊ ချက်ချင်းလူခေါ်လာမယ်၊ ကိစ္စမရှိဘူးဆိုတဲ့သဘော။

ချင်လင်လည်းပြုံးပြီး ယွီရွှေ့ကိုဂိမ်းထဲမှအပူချိန်ထိန်းမြက်မျိုးစေ့ပေးကာ_

"မန်နေဂျာယွီ.. စံအိမ်စာချုပ်ချုပ်ထားတဲ့မြေမှာ ဒီမျိုးစေ့တွေကိုအသုတ်လ်ိုက်ခွဲစိုက်ပါ... ဒါအသစ်ပျိုးထောင်ထားတဲ့အပူချိန်ထိန်းမြက်ပဲ... အရမ်းအရေးကြီးတယ်... ချန်တပေနဲ့ပူးပေါင်းပြီးစီစဉ်လိုက်ပါ''

"ကောင်းပါပြီ ဥက္ကဌချင်''

ယွီရွှေ့သဘောပေါက်ပြီး ခေါင်းညိမ့်လိုက်သည်။

သူဌေးကိုယ်တိုင်ညွှန်ကြားမှတော့ သေချာအာရုံစိုက်ရမည်။ ဒီပစ္စည်းသာမန်မဟုတ်ကြောင်းလည်းသိနိုင်သည်။

ထို့ကြောင့် အရင်ဆုံးချင်းလင်အပန်းဖြေစံအိမ်မှထွက်ပြီး လုံခြုံရေးမန်နေဂျာချန်တပေကိုဖုန်းဆက်ကာ ဆွေးနွေးကြသည်။

ယွီရွှေ့ထွက်သွားပြီးနောက် ချန်ရှန်းဖေ၊လီရှင်း၊မာလဲ့ဝမ်တို့လည်း မနက်စာစားပြီးချင်လင်အခန်းထဲရောက်လာကြသည်။

သုံးယောက်သား ချင်လင်ကိုလာနှုတ်ဆက်ခြင်းပင်။ သူတို့နိုင်ငံရတနာငါးပိုင်ရွှင်နှင့်ပိုင်ကျီကိုသွားကြည့်ကြမည်။

အတူတူအပန်းဖြေထွက်လာခြင်းဖြစ်၍ ကျောက်ကပ်အားကောင်းအောင်ဆေးဖက်ဝင်ဝိုင်သောက်၊ရုံးပတီသီးစားသည့်အပြင် အခွင့်အရေးရတုန်းလည်ပတ်ပြီးအပန်းဖြေကြမည်။

ချင်လင်လည်း ရုံးခန်းထဲသွားလိုက်သည်။ ထိုင်ပြီးနောက် နေ့စဉ်တာဝန်များစလုပ်သည်။

အရင်ဆုံး ငါးမျှား၊သစ်ပင်ခုတ်၊တောင်တက်သည်။ နောက်ဆုံး မြို့ထဲလျှောက်သွားကာ ဇာတ်ကွက်တွေ့လိုတွေ့ငြား NPC များနှင့်စကားလိုက်ပြောသည်။

ဖြစ်ချင်တော့ ငါးမျှား၊သစ်ပင်ခုတ်၊တောင်တက်ပြီး ဘာမှထူးထူးခြားခြားမရ။

NPC များက ဘာတာဝန်မှမပေးချေ။

သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံသာပြန်လာခိုင်းရသည်။

သို့သော် ခြံထဲဝင်ဝင်ချင်း အပေါက်ဝတွင်လူပုလေးအာနီရောက်နေသောကြောင့် သူအံ့ဩသွားသည်။

ရစရာက အိမ်ပေါက်ဝမှာလား?

ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား လူပုလေးအာနီကိုစကားသွားပြောစေမည်အပြုတွင် စာတစ်စောင်တန်းတက်လာသည်။

(လူပုလေးအာနီမှာ ပြောစရာရှိပုံရတယ်??????)

စာအနောက်တွင် '?' များပါနေသောကြောင့် ဘာဖြစ်နေလဲသူသိလိုက်သည်။

ဂိမ်းနဲ့မဆိုင်တဲ့ BUG ပေါ့။

ထို့ကြောင့် ချက်ချင်းရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ဂိမ်းဇာတ်ကောင်နေရာအစားထိုးဝင်ပြီး လူပုလေးအာနီနှင့်တွေ့သည်။

"ပြန်ဆုံပြီနော်!''

အာနီက စိတ်လှုပ်ရှားသံနှင့်_

"ငါ့မှာ မင်းနဲ့ဆွေးနွေးစရာစီးပွားရေးကိစ္စရှိတယ်!''

"နောက်ထပ်ပန်းအိမ်ဒီဇိုင်းလား?''

ချင်လင်ရယ်လိုက်သည်_

"အရင်ဟာတွေကုန်ပြီလား?''

လူပုလေးတွေ ပန်းအိမ်ဒီဇိုင်းအသုံးကြမ်းသည်ဟုပြောရမည်။ ဒါပေမဲ့ ဒါလည်းကောင်းသည်။ အသုံးကြမ်းရင် သူအမြတ်မထွက်ဘူးလား?''

"ဟုတ်တယ်.. ငါဒီဇိုင်းလိုချင်တယ်''

အာနီက စီးပွားရေးသမားမဟုတ်သောကြောင့် ချက်ချင်းဝန်ခံသည်။

"ဒါဆို ဒီတစ်ခါဘာနဲ့လဲမလဲ?''

ချင်လင်ကပြုံးပြီးမေးသည်။

"ဒီတစ်ခေါက် ငါ့မှာဘာမှမရှိဘူး''

အာနီက အမှန်အတိုင်းဖြေသည်။

"ကျွန်တော့်မှာလည်း ဒီဇိုင်းမရှိဘူး''

ချင်လင်က စလိုက်၏။

"ငါအမှတ်မထင်တွေ့ခဲ့တဲ့နေရာကိုတော့ခေါ်သွားပေးနိုင်တယ်''

အာနီကလောလောနှင့်_

"အဲဒီနေရာမှာ ထူးထူးဆန်းဆန်းအပင်တွေရှိတယ်... အဲဒီနေရာကိုခေါ်သွားရင် ဒီဇိုင်းပေးရမယ်''

"ဘယ်မှာလဲ?''

ချင်လင်စိတ်ဝင်စားသွားသည်။

"ငါ့နောက်လိုက်ခဲ့''

အာနီကလက်ယပ်ပြပြီး သူ့ကိုကျောပေးကာစိုက်ပျိုးရေးခြံမှထွက်သွား၏။

ချင်လင်ကအမီလိုက်သွားရာ အာနီကနတ်ဘုရားမတောင်ဘက်သွားနေသည်။ ထို့နောက် တောင်တက်လမ်းအတိုင်းသွားပြီး တောထဲဝင်သည်။

ဒီလမ်းက လူပုလေးတောင်ကြားမဟုတ်။ ဒီလမ်းကို သူအရင်ကလုံးဝမရောက်ဖူးပေ။

တောထဲတွင် လူပုလေးများကပိုအားသာသည်။ ခြုံပုတ်တွေမရှင်းရင်တောင် အသာလေးဖြတ်သွားနိုင်သည်။

ချင်လင်မတတ်နိုင်။ ပုဆိန်ထုတ်ပြီးလမ်းရှင်းရသည်။

အာနီကအဝေးကြီးလမ်းပြပြီး မကြာမီရေကန်တစ်ကန်ရှေ့ရောက်သွားသည်။

ရေကန်ရှေ့တွင် ပျက်စီးနေသောရုပ်တုတစ်ရုပ်ရှိသောကြောင့် သူအံ့ဩမိသည်။ နှုတ်ခမ်းမွေး ၆ ချောင်းပါသောကြောင်ဦးခေါင်းဖြစ်သည်။

ဒီပုံက ဒိုရေမွန်မလား?

နတ်ဘုရားမတောင်မှာ ဒိုရေမွန်ပုံမြင်ဖူးတာတစ်ကြိမ်မက။

စနစ်အဆင့်မြင့်ဗားရှင်းတွင် ထူးထူးဆန်းဆန်းအများကြီးထပ်ထည့်လိုက်ခြင်းက စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ဒိုရေမွန်ဗားရှင်းနှင့်များဆက်စပ်နေမလားဟုတောင် သူသံသယဝင်လာသည်။

အဲဒီဗားရှင်းမှာပါတဲ့အရာတွေက တကယ်စိတ်ကူးယဉ်ဆန်သည်။

ဒါပေမဲ့ ဇာတ်ကွက်တာဝန်တစ်ခုမှ ဒီပုံစံနဲ့ဘာမှမဆိုင်။

ဂိမ်းထဲမှာ အချက်အလက် ဒါမှမဟုတ် ဇာတ်ကွက်တာဝန်မရှိ။

နတ်ဘုရားမတောင်တားမြစ်နေရာများကိုသူကိုယ်တိုင်လာရှာမှသာ ဒိုရေမွန်ရုပ်တုကိုတွေ့ရသည်။

တခြားနေရာများကို ချင်လင်ကြည့်လိုက်သည်။

ရေကန်တဝိုက်တွင် ထူးထူးဆန်းဆန်းအပင်တချို့ရှိသည်။

ဒန်ဒလိုင်အပင်ကြီးများနှင့်တူ၏။

ဒန်ဒလိုင်နှင့်မတူသည်က အပင်ထိပ်တွင်အမွေးလုံးမဟုတ်ဘဲ ပူဖောင်းလိုအရာရှိသည်။ အထဲတွင် ထူးထူးခြားခြားသလင်းကျောက်များရှိနေသလိုအလွန်ထူးဆန်းသည်။

လူပုလေးအာနီပြောတာ ဒါဖြစ်မည်။

နောက်ပြီး သူအရင်ကမမြင်ဖူးသောအပင်မျိုးဖြစ်၏။

"ဒီနေရာပဲ''

အာနီကတန်းပြောသည်_

"ဒီအပင်တွေက အရမ်းထူးဆန်းတယ်... အပင်ထိပ်ကပူဖောင်းတွေကိုခူးပြီး မင်းခေါင်းဝင်လို့ရတယ်''

သူကပြောရင်းဆိုရင်း အပင်တစ်ပင်ဆီလျှောက်သွားကာ ပူဖောင်းတစ်လုံးခူးလိုက်သည်။

အပင်နှင့်ပူဖောင်းအဆက်နေရာမှာ သားရေကွင်းလိုဆွဲဟနိုင်သည်။

လူပုလေးက ပူဖောင်းထဲသူ့ခေါင်းထည့်လိုက်သည်။

နောက်ပြီး အဆက်နေရာကိုလွှတ်လိုက်သည်နှင့် လူပုလေးလည်ပင်းမှာတင်းတင်းကြပ်ကြပ်ပြန်ကပ်သွား၏။

အာနီပြောပုံအရ လုံးဝအန္တရာယ်ရှိပုံမပေါ်။ အသက်ရှူမကြပ်၊ လည်ပင်းလည်းမအစ်။

နည်းနည်းထူးဆန်းသည်။

အာကာသဝတ်စုံနှင့်ပိုတူသည်။

ကာတွန်းတချို့တွင် ဇာတ်ကောင်များမှာ အာကာသဝတ်စုံမဝတ်ဘဲ ခေါင်းစွပ်နှင့်သာအာကာသထဲလျှောက်သွားနိုင်သည်။

လူပုလေးပူဖောင်းစွပ်နေပုံက ကာတွန်းဇာတ်ကောင်နှင့်တူသည်။

ထို့နောက် အာနီကရေထဲခုန်ချပြီး စုံးစုံးမြုပ်သွား၏။

ချင်လင်ဇဝေဇဝါဖြစ်သွားသည်။ ဘာဖြစ်နေမှန်းမသိသော်လည်း မကြာခင်လန့်လာသည်။

မိနစ်ပိုင်းအကြာ အာနီတက်မလာသေး။

၁၀ မိနစ်အကြာ တက်မလာသေး။

နောက်ဆုံး မိနစ် ၂၀ အကြာမှ အာနီတက်လာသည်။

"ဘယ်လိုလုပ်လိုက်တာလဲ?''

ချင်လင်က တအံ့တဩမေးသည်။ သူ့ကိုယ်ထဲတွင် Kappa ကျောက်ရှိသောကြောင့် ရေကူးကျွမ်းသော်လည်း ရေထဲမှာဒီလောက်အကြာကြီးမနေနိုင်။

ဒါအာနီခေါင်းပေါ်ကပူဖောင်းနှင့်ဆိုင်မည်ဟု သူထင်သည်။

"အပင်ပူဖောင်းကြောင့်လေ''

အာနီကရှင်းပြသည်_

"အသက်ရှူရင် လေပူဖောင်းထဲကအောက်စီဂျင်ရလို့ အသက်ရှူနိုင်တယ်''

"ငါစမ်းကြည့်ပြီးပြီ... ဒီပူဖောင်းက အကြာကြီးခံတယ်... ရေအောက်မှာ ငါနေနိုင်သလောက်နေပြီးပြီ... ပြီးတော့ ဒါကိုတခြားနေရာတွေမှာသုံးနိုင်သေးတယ်'’

All Chapters