အခန်း (၁၂၉၇-၁၂၉၉)
Vol. 87 Ch. 1297-1299
အခန်း ၁၂၉၇: အံ့ဩဖို့ကောင်း!
အာနီစကားကြောင့် ချင်လင်မျက်နှာမှာအံ့ဩမှုအတိုင်းသား။
အပင်ထိပ်မှာဖြစ်တဲ့ပူဖောင်းက လူအသက်ရှူရင် အောက်စီဂျင်ထုတ်ပေးနိုင်သတဲ့လား?
နည်းနည်းထူးဆန်းနေပြီ။
ဒါပေမဲ့ လူပုလေးအာနီကြည့်ရတာ နောက်နေပုံမပေါ်။
ဘာပဲဖြစ်ဖြစ် လူပုလေးက ရေအောက်မှာအကြာကြီးနေခဲ့သည်။ အပင်ပူဖောင်းကြောင့်သာမဟုတ်ရင် ရေအောက်မှာအသက်ကောင်းကောင်းရှူနိုင်မည်မထင်။
ချင်လင်စူးစမ်းချင်သောကြောင့် အပင်တစ်ပင်ဆီလျှောက်သွားပြီး ပူဖောင်းခူးလိုက်သည်။
သူ့လက်ထဲရောက်သောအခါ အပင်နှင့်အဆက်နေရာတွင်ဟနေသောနေရာတွေ့ရပြီး ဆွဲဆန့်နိုင်သည်။
ထိုအပေါက်ကိုလူပုလေးအာနီလိုဆွဲဟပြီး အပေါက်ချဲ့ကာခေါင်းလျှိုလိုက်သည်။
ထိုအချိန်တွင် ပူဖောင်းမှတ်ချက်တွေ့ရသောကြောင့် ချင်လင်လည်းအံ့ဩသွားသည်:
(အထူးကာကွယ်ရေးပူဖောင်း: အထူး!)
(အထူးအပင်မှဖြစ်လာသောပူဖောင်းဖြစ်သည်။ ကိုယ်တိုင်မခူးပါက ဒီလိုထူးထူးဆန်းဆန်းအရာမျိုးသဘာဝအလျောက်ဖြစ်နိုင်ကြောင်း တွေးမိရန်မလွယ်ပါ။ တပ်ဆင်ပြီးနောက် အထူးအာနိသင်ရမည်။ အထဲရှိသလင်းကျောက်များမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ဓာတ်ပြုပြီး လူ့ခန္ဓာကိုယ်အတွက်လိုအပ်သောအောက်စီဂျင်ထုတ်ပေးနိုင်သည်။ အန္တရာယ်မရှိ:
အောက်စီဂျင်ပေးချိန်: တစ်ရက်၊ အန္တရာယ်ရှိပစ္စည်းစစ်ယူခြင်း +၂၊ ခံနိုင်ရည် +၂!)
နောက်ဆုံးတော့ ဘာပစ္စည်းလဲ ချင်လင်သဘောပေါက်သွားပြီ။
ပူဖောင်းထဲရှိသလင်းကျောက်များက ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ဓာတ်ပြုပြီး အောက်စီဂျင်ထုတ်ပေးသည်။ နောက်ပြီး ထိုသလင်းကျောက်များက အောက်စီဂျင်ကို ၂၄ နာရီထုတ်ပေးနိုင်သည်တဲ့။
တကယ်အံ့ဩဖို့ကောင်း။
ဒီတော့ အာနီရေထဲမှာမိနစ် ၂၀ နေတာ ဘာဟုတ်သေးလို့လဲ?
ခန္ဓာကိုယ်ထိခိုက်မှာမကြောက်ရင် ရေထဲမှာတစ်ရက်လုံးလုံးနေနိုင်တာပေါ့။ အံ့ရော။
နောက်ပြီး ဒါကိုရေထဲမှာတင်သုံးနိုင်တာမဟုတ်။
အန္တရာယ်ရှိပစ္စည်းစစ်ယူခြင်း +၂ နှင့် ခံနိုင်ရည် +၂ အရည်အသွေးလည်းရှိသည်။ မီးသတ်သမား၊ ကူးစက်ရောဂါကာကွယ်ရေးနှင့်အသက်ရှူလမ်းကြောင်းလိုဌာနများအတွက်အားရစရာပစ္စည်းတစ်ခုဖြစ်သည်။
ဒါကိုအသုတ်လိုက်ခွဲစိုက်နိုင်ရင် လူ့အဖွဲ့အစည်းအတွက်အကျိုးရှိမည်။ ကုသိုလ်အများကြီးရမည်။ သန့်စင်မြက်တောင် အတိုင်းအတာတစ်ခုအထိမယှဉ်နိုင်။
ဒီတော့ ဒီတစ်ခါလူပုလေးအာနီက သူ့ကိုလက်ဆောင်အကြီးကြီးပေးလိုက်ပြီ။
ချင်လင်က အပေါက်အမြန်ဟပြီးခေါင်းလျှိုလိုက်သည်။ ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသောကြောင့် သူ့လည်ပင်းမှာပြန်ကပ်သွား၏။
ထိုသို့ကပ်နေ၍ နေရထိုင်ရခက်ခြင်းမရှိ။ ရေထဲဆင်းကြည့်လိုက်သောအခါ ရေမဝင်ကြောင်းတွေ့ရသည်။ ရေကူးဝတ်စုံနှင့်နည်းနည်းတူသည်။
ထို့အပြင် ရေထဲဆင်းပြီးနောက် ခံနိုင်ရည် +၂ အရည်အသွေးရှိ၍ ပူဖောင်းကရေဖိအားကြောင့်ပုံပျက်သွားခြင်း၊အညှစ်ခံရခြင်းမရှိ။
ပူဖောင်းနှင့်လွတ်လွတ်လပ်လပ်အသက်ရှူနိုင်ပြီး ရေအောက်အခြေအနေကိုလည်းစူးစမ်းလေ့လာနိုင်သည်။
အရမ်းထူးဆန်းသည်။
ဒါစိုက်ပြီးရင် အထူးရေအောက်ရှုခင်းကြည့်ပရောဂျက်လုပ်နိုင်သည်ဟုတောင်တွေးမိသည်။
ခဏအကြာ ချင်လင်ကရေထဲမှထွက်ပြီး ပူဖောင်းဖြုတ်လိုက်သည်။ ထို့နောက် အပင်များဆီလျှောက်သွားပြီး တစ်ပင်နုတ်ကာမှတ်ချက်ကြည့်လိုက်သည်:
(ပူဖောင်းမြက်: အထူး!)
(အထူးပူဖောင်းမြက်ပင်ဖြစ်သည်။ အပင်ကြီးလျှင် အထူးပူဖောင်းထွက်လာမည်:
ကြီးထွားနှုန်း +၁)
ပူဖောင်းမြက်မှာလည်း အရည်အသွေးရှိနေသည်။
ကြီးထွားနှုန်း +၁ ကြောင့် အကြီးမြန်သည့်သဘောပင်။
ချင်လင်က ဒါကြည့်ခြင်းမဟုတ်။ အပင်မျိုးစေ့ရှာခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မျိုးစေ့ရမှ အပြင်မှာပူဖောင်းမြက်စိုက်နိုင်မည်။
ခဏအကြာ ပူဖောင်းမြက်ပေါ်တွင် မျိုးစေ့လည်းတွေ့ရသည်။ မျိုးစေ့က အပင်နှင့်ပူဖောင်းအဆက်နေရာတွင်ဖြစ်သည်။
မျိုးစေ့မှာသေးလွန်း၍ မြေပဲလောက်တောင်မရှိ။ တစ်အုံတွင် မျိုးစေ့ ၇ စေ့၊ ၈ စေ့ပါသည်။
(ပူဖောင်းမြက်မျိုးစေ့: အထူး!)
(အထူးပူဖောင်းမြက်မျိုးစေ့ဖြစ်သည်။ စိုက်ပျိုးပြီး အထူးပူဖောင်းမြက်ပင်ဖြစ်လာမည်!)
ချင်လင်ရယ်လိုက်သည်။
ပျိုးထောင်နိုင်တဲ့မျိုးစေ့ရရင်ပြီးပြီပေါ့။
ထို့နောက် ပူဖောင်းမြက်ပင်တချို့တွင် မျိုးစေ့လိုက်ယူသည်။ ပြီးလျှင် အစေ့များထုတ်သည်။
ထိုအချိန်တွင် တချိန်လုံးလိုက်ကြည့်နေသောလူပုလေးအာနီက စကားပြောလာသည်_
"ဒီနေရာဘယ်လိုလဲ? အရမ်းထူးဆန်းတယ်မလား? မင်းကိုစိတ်ပျက်အောင်မလုပ်ဘူးနော်?''
ထိုသို့ပြောပြီး ချင်လင်ကိုစိုက်ကြည့်နေသည်။ တကယ်တော့ ချင်လင်စကားတည်ဖို့၊ ပန်းအိမ်ဒီဇိုင်းပေးဖို့ပြောနေခြင်းသာ။
ချင်လင်က လူပုလေးစကားကိုသဘောပေါက်၍ ရယ်ပြီး_
"သွားစို့.. စိုက်ပျိုးရေးခြံပြန်ရောက်ရင်ပေးမယ်''
ဒါပေါ့။ သူ့စကားသူတည်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ပန်းအိမ်ဒီဇိုင်းက ဘာမှမဟုတ်တာ။ တဖက်ကအာနီကိုကြိုးရှည်ရှည်နဲ့လှမ်းထားပြီး သူ့ဆီကပစ္စည်းကောင်းတွေဆွဲထုတ်ရမည်။
'တစ်နပ်စာ' နဲ့ 'အဝစား' ဒီစကားနှစ်ခုကွာခြားချက်ကိုသူသိသည်။
"မင်းစကားတည်မှန်းသိသားပဲ''
အာနီက ဝမ်းသာအားရချီးကျူးပြီး_
"မင်းငါ့ကိုဘယ်လောက်ပေးချင်လဲ?''
"ခင်ဗျားဘယ်လောက်လိုချင်လို့လဲ? ခင်ဗျားက လမ်းပြရုံပဲမလား?''
ချင်လင်ကပြုံးပြီးမေးသည်။ သူရထားပြီဖြစ်၍ အာနီကိုလေးငါးခုပိုပေးချင်သော်လည်း အရေအတွက်မပြောချင်သောကြောင့် အာနီကိုမေးလိုက်သည်။
ဒီလိုဆို သူ့မှာဘယ်လောက်ရှိရှိ တဖက်ကငြင်းမည်မဟုတ်။
အာနီက ချက်ချင်းပင်_
"၂.. ၄.. ၆.. ၆ ပုံရမလား?''
သုံးကြိမ်ပြောင်းပြောပြီး နောက်ဆုံးတောင်းဆိုလိုက်သည်။
"ကောင်းပြီလေ ၆ ပုံပေါ့!''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
"ရက်ရောလိုက်တာ''
အဖြေရသည်နှင့် လူပုလေးအာနီကစိတ်လှုပ်ရှားပြီးအော်သည်။
အခန်း ၁၂၉၈: အံ့ဩဖို့ကောင်း! ၂
ချင်လင်ကြိတ်ရယ်လိုက်သည်။
စျေးပေါလိုက်တာ။
ဒီလောက်ပစ္စည်းကောင်းကို ပုံလေး ၄ ၅ ပုံနဲ့လဲဖို့ရောက်လာသတဲ့။
ထို့နောက် ပူဖောင်းလေးငါးလုံးထပ်ခူးပြီး အာနီနှင့်အတူစိုက်ပျိုးရေးခြံပြန်လာသည်။
ခြံထဲပြန်ရောက်သောအခါ ဂိမ်းထဲမှထွက်ပြီး သူ့ရုံးခန်းအံဆွဲထဲမှပန်းအိမ်ပုံ ၆ ပုံထုတ်လိုက်သည်။ ထို့နောက် ဂိမ်းထဲယူသွားပြီး လူပုလေးအာနီကိုပေးသည်။
လူပုလေးအာနီက ပန်းအိမ်ဒီဇိုင်းရသည်နှင့် တစ်ခုချင်းကြည့်ပြီးလျှင် ကျေနပ်ပြုံးဖြီးကာ စိုက်ပျိုးခြံမှထွက်သွားလေသည်။
ချင်လင်ကဂိမ်းထဲမှပြန်ထွက်ပြီး ရုံခန်းတံခါးဖွင့်ကာအပြင်လျှောက်လာသည်။ ထို့နောက် အတွင်းဘက်သွားပြီး ပူဖောင်းမျိုးစေ့များဆက်လုပ်ရန်ခေါင်မိုးထပ်တက်သည်။ အရင်ဆုံးနေလှန်းရမည်။
နေလှန်းပြီးအလုပ်ခန်းထဲဝင်ကာ တံခါးလော့ချ၍ဂိမ်းထဲပြန်ဝင်လိုက်သည်။ စိုက်ပျိုးရေးခြံထဲသူယူလာသောအထူးပူဖောင်းများကိုထုတ်လိုက်သည်။
ပူဖောင်းထဲမှသလင်းကျောက်များကို သူလေ့လာချင်သည်။
ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက အသက်ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ဓာတ်ပြုပြီး အောက်စီဂျင်ထုတ်ပေးနိုင်တာ အံ့ဩစရာကောင်းသည်။
ဒီလူ့အဖွဲ့အစည်းမှာအသုံးမဝင်ဆုံးက ကာဗွန်ဒိုင်အောက်ဆိုဒ်မှန်းသိကြသည်။ ဒီသလင်းကျောက်ကိုအဖြေရှာနိုင်ရင် အောက်စီဂျင်ကိုမပူမပင်ထုတ်နိုင်သည်။
စဉ်းစားကြည့်၊ ဘယ်လောက်ကောင်းလဲ?
နေရာအတော်များများမှာ အောက်စီဂျင်ပြတ်လပ်နေသည်။
အံ့ဖွယ်ကျောက်စာမှရထားသောအပင်မျိုးစိတ်ပညာကြောင့် ဒီအပိုင်းမှာ ချင်လင်ယုံကြည်ချက်ရှိနေသည်။
သို့သော် လေ့လာရင်း သူအထင်မှားကြောင်းသဘောပေါက်လာသည်။ သလင်းကျောက်က ပူဖောင်းထဲမှာဖြစ်သော်လည်း အပင်မျိုးစိတ်ပညာနှင့်မဆိုင်၊ ရူပဗေဒ၊တခြားဘာသာရပ်များနှင့်ဆိုင်နေသည်။
ဒါသူ့အတွက်နည်းနည်းခက်သည်။
ရက်ပိုင်းလောက်ဆက်လေ့လာပြီး ချင်လင်လက်လျှော့လိုက်ရသည်။
ထင်သည့်အတိုင်း အဆင့်မြင့်သိပ္ပံသုတေသန၊ အထူးသဖြင့် ဘာသာရပ်ပေါင်းစုံလိုသောသုတေသနမှာ တစ်ယောက်တည်းနှင့်မပြီး။ ဒါကြောင့် သုတေသနပရောဂျက်များမှာ သုတေသနအဖွဲ့များလိုသည်။
တော်ဝင်ပညာရှင်များတောင် ပရောဂျက်အတော်များများမှာ သုံးလေးဦး ဒါမှမဟုတ် ဒီထက်ပိုပြီးပူးပေါင်းလုပ်ရသည်။
သူ့မှာအသိပညာမလုံလောက်သောကြောင့် အံ့ဖွယ်ကျောက်စာကိုသတိရသွားသည်။
သူကရုံးခန်းတံခါးဖွင့်ပြီးအပြင်ထွက်မည်အပြုတွင် ဖုန်းမြည်လာသည်။ ဝန်ကြီးလုပင်။
သူကဖုန်းအမြန်ကိုင်လိုက်ရာ ဝန်ကြီးလု၏အလောတကြီးအသံထွက်လာသည်_
"သူဌေးချင်.. ငါတို့ရုံချန်းလာဦးမယ်... အားနာပေမဲ့ ချင်းလင်အပန်းဖြေစံအိမ်မှာ မင်းကိုလာနှောင့်ယှက်ရဦးမယ်''
ချင်လင်က ဇဝေဇဝါနှင့်ဖုန်းချလိုက်သည်။ ဝန်ကြီးလုအသံက အလျင်လိုနေပုံ၊အရေးကြီးနေပုံပေါက်သည်။
သူကချက်ချင်းအတွင်းခန်းမှထွက်ပြီး ဧည့်ခန်းထဲသွားလိုက်သည်။ ချန်ရှန်းဖေတို့သုံးယောက်လည်း ပိုင်ရွှင်နှင့်ပိုင်ကျီကြည့်ပြီးပြန်ရောက်လာသည်။
သုံးယောက်သား ချင်လင်နှင့်တွေ့သောအခါ အံ့ဩနေသောမျက်နှာထားများဖြစ်နေသည်။
"ချင်လင်.. ရုံချန်းက တကယ်မယုံနိုင်စရာပဲ... ပိုင်ရွှင်နဲ့ပိုင်ကျီတွေ အံ့ဩဖို့ကောင်းတယ်''
"ဟုတ်တယ်.. အထူးသဖြင့် ပိုင်ကျီတွေပေါ့''
"ပိုင်ကျီတွေခုန်ပျံနေတာမြင်ရတာ ကံကောင်းလိုက်တာ''
ပိုင်ကျီအုပ်လိုက်ခုန်ရင်ခမ်းနားကြောင်း ချင်လင်သိသည်။ သူတစ်ကြိမ်မကမြင်ဖူးသည်။
"ညီလေးချင်.. မင်းဒီမှာရှိတာကောင်းလိုက်တာ''
လီခိုင်က အလောတကြီးဝင်လာရင်းပြောသည်။
"အစ်ကိုလီ.. ဘာလို့ဒီလောက်လောနေတာလဲ?''
ချင်လင်ကဇဝေဇဝါနှင့်မေးသည်။
"ဝန်ကြီးလုဖုန်းဆက်လို့''
လီခိုင်ကရှင်းပြသည်_
"ငါ့ကိုလာဖို့သေချာမှာထားတာ''
ချင်လင် ပိုပြီးဇဝေဇဝါဖြစ်သွားသည်။
ဝန်ကြီးလုက သူ့ကိုအသိပေးရုံတင်မဟုတ်၊ အစ်ကိုလီကိုလည်းခေါ်ထားသည်။ အရမ်းအရေးကြီးတဲ့ကိစ္စဖြစ်မည်။
မကြာမီ အပန်းဖြေစံအိမ်ကားပါကင်သို့ ကားတချို့ရောက်လာသည်။
ဝန်ကြီးလုပင်။ ကျန်ကားများမှာ အစောင့်အကြပ်ယာဉ်များဖြစ်သည်။
ဖွဲ့စည်းပုံထူးခြားနေသလိုခံစားရ၏။
ဝန်ကြီးလုကားထဲမှထွက်ပြီးနောက် အစောင့်အကြပ်ယာဉ်ပေါ်မှလူများလည်း သေတ္တာနှစ်လုံးနှင့်ဆင်းလာသည်။
ထို့နောက် ဝန်ကြီးလုကလောလောနှင့်ရောက်လာပြီး ချင်လင်နှင့်လီခိုင်ကိုတွေ့သည်။
ချန်ရှန်းဖေ၊မာလဲ့ဝမ်၊လီရှင်းတို့က တစ်ခုခုဖြစ်နေပြီမှန်းသိ၍ ချင်လင်ကိုနှုတ်ဆက်ပြီး သုံးယောက်သားအလိုက်တသိထွက်သွားကြသည်။
"သူဌေးချင်.. ပါမောက္ခလီခိုင်.. ဒီတစ်ခါ မင်းတို့အကူအညီလိုတယ်!''
ဝန်ကြီးလုက သူတို့နှစ်ယောက်ကိုမြင်မြင်ချင်းပြောသည်။
တချိန်တည်းမှာ သက်တော်စောင့်ကလည်း သေတ္တာနှစ်လုံးယူလာသည်။
သေတ္တာများဖွင့်လိုက်ရာ အထဲတွင်ဘူးအကြည်လေးများပါသည်။ နှစ်ဘူးလုံးတွင် မက်မွန်စေ့လိုအရာပါကြောင်းတွေ့နိုင်သည်။
မက်မွန်သီးလိုအရာမှာအက်ကွဲနေပြီး အထဲတွင်သေးသေးတစ်ခုပေါ်နေသည်။ ကြည့်ရတာ မျိုးစေ့နှင့်တူသည်။
နှစ်မျိုးလုံး ပုံစံဆင်တူသည်။ တစ်မျိုးက ဘဲဥပုံရှိပြီး မြေပဲဆံထက်နည်းနည်းသေးသည်။ နောက်တစ်မျိုးက ဖရဲစေ့လိုပြားနေ၏။
နောက်ပြီး တစ်မျိုးကအနီရောင်၊ နောက်တစ်မျိုးက မီးခိုးရောင်ရှိသည်။
ချင်လင် နည်းနည်းအံ့ဩသွားသည်။ အံ့ဖွယ်ကျောက်စာမှအပင်အကြောင်းအချက်အလက်များလေ့လာပြီးနောက် အပင်အရေအတွက်၊အမျိုးအစားခွဲနိုင်သောသူ့အရည်အချင်းက သူမတူအောင်ပင်။
သို့သော် ဒီမျိုးစေ့နှစ်စေ့ကိုလုံးဝမမှတ်မိ။
လီခိုင်လည်း မသိ။ သူ့မှတ်ဉာဏ်ထဲမှာ ဆိုင်ရာဆိုင်ကြောင်းဘာမှပေါ်မလာချေ။
နည်းလမ်းတကျပြောရရင် ဒီမျိုးစေ့နှစ်မျိုးပုံစံကထူးခြားနေတာ ဒီလိုမဖြစ်သင့်။
"ဝန်ကြီးလု.. အဲဒါဘာလဲ?''
လီခိုင်ကဇဝေဇဝါနှင့်မေးသည်။
"သူဌေးချင် ပါမောက္ခလီခိုင်... တော်ဝင်ပညာရှင်ဟောင်ရဲ့အာကာသဒုံးပျံနည်းပညာကိုမှတ်မိသေးလား?''
ဝန်ကြီးလုကမေးသည်။
ချင်လင်ခေါင်းညိမ့်လိုက်သည်။
တော်ဝင်ပညာရှင်အကြောင်းကြားဖူးတာ ပထမဆုံးမဟုတ်။
တော်ဝင်ပညာရှင်ဟောင်တို့သုတေသနက အနာဂတ်ကိုကိုယ်စားပြုသည်ဟုဆိုနိုင်သည်။
ဝန်ကြီးလုကဆက်ပြီး_
"ရုံချန်းမှာဥက္ကာခဲတွေ့ပြီး အပန်းဖြေစံအိမ်မှာ တော်ဝင်ပညာရှင်ဟောင်ဉာဏ်အလင်းရခဲ့လို့ ဒုံးပျံနည်းပညာကို သူတို့သုံးယောက်ပေါင်းအမြန်အပြီးသတ်ခဲ့တယ်... ပြီးတော့ ဒုံးပျံလွှတ်တယ်... ဒီနည်းပညာက ကမ္ဘာမှာအနည်းဆုံးနှစ် ၂၀ လောက်ရှေ့ပြေးနေတာ''
ထိုစကားကြောင့် ချင်လင်နည်းနည်းဂုဏ်ယူမိသည်။
ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်ဟောင်တို့သုံးယောက်လုပ်နိုင်တာ မျောကျောက်အရည်အသွေးနဲ့ဉာဏ်အလင်းပွင့်သွားလို့။ မျောကျောက်ကို သူဂိမ်းထဲကထုတ်ခဲ့တာက သူ။
ဒီလိုရိုးရိုးရှင်းရှင်းလုပ်ရပ်တစ်ခုကြောင့် ဒုံးပျံနည်းပညာက ကမ္ဘာမှာနှစ် ၂၀ လောက်ဦးဆောင်နိုင်ခဲ့သည်။ အလွန်စိတ်ချမ်းသာစရာကောင်းသော၊အဓိပ္ပါယ်ရှိသောကိစ္စတစ်ခုပင်။
ဝန်ကြီးလုကဆက်ပြီး_
"တော်ဝင်ပညာရှင်ဟောင်တို့အဖွဲ့ရဲ့ဒုံးပျံနည်းပညာကြောင့် အာကာသယာဉ်မှူးတွေထပ်လွှတ်နိုင်ခဲ့တယ်... အရမ်းအန္တရာယ်များတယ်လို့ယူဆထားတဲ့ဂြိုဟ်လေးတချို့ကို ပထမဆုံးအကြိမ်စူးစမ်းလေ့လာခဲ့တယ်''
"အကြမ်းဖျင်းဘာမှမတွေ့ပေမဲ့ တစ်ခါကအပင်ရှိဖူးပုံရတဲ့ခြောက်ကပ်ကပ်ဂြိုဟ်လေးတစ်လုံးကို မထင်မှတ်ဘဲတွေ့ခဲ့တယ်''
"ရှာဖွေတွေ့ရှိတာက ဒီမျိုးစေ့နှစ်စေ့ပဲ... ဒီနှစ်မျိုးတွေ့ပြီးတော့ အတတ်နိုင်ဆုံးခုခံပြီး လဝက်နဲ့ဒီနှစ်မျိုးပြန်သယ်လာခဲ့တာ''
"မြင်မြင်ချင်း မျိုးစေ့ကဆင်တော့ တစ်မျိုးတည်းလို့ထင်ခဲ့တာ... ဒါပေမဲ့ တရုတ်သိပ္ပံအကယ်ဒမီမှာ ရုက္ခဗေဒပညာရှင်က အန္တရာယ်ရှိပစ္စည်းမပါကြောင်းစမ်းသပ်ပြီးမှ မျိုးစေ့နှစ်စေ့အထဲမှာတစ်ခုခုရှိမှန်းသိရတယ်... အပြင်အကာက ဖုံးထားရုံသက်သက်ပဲ... ပယင်းလိုခဲနေတာ''
"ရုက္ခဗေဒပညာရှင်က အထဲကမျိုးစေ့ကိုစမ်းသပ်ပြီးတော့ ပျိုးထောင်ဖို့မလုပ်နိုင်တာနှမြောစရာပဲ... ပျိုးထောင်ရမရ မသေချာဘူးတဲ့''
"ပြီးတော့ ဒီမျိုးစေ့နှစ်စေ့က တစ်ခုတည်းသောရှာဖွေတွေ့ရှိမှုလည်းဖြစ်နိုင်တယ်ဆိုတော့ သူဌေးချင်နဲ့ပါမောက္ခလီခိုင်ကိုအကူအညီတောင်းဖို့ကျုပ်တို့ဆုံးဖြတ်ခဲ့ကြတယ်''
"ဘာပဲဖြစ်ဖြစ် ဒီအပိုင်းမှာ မင်းတို့ကအတော်ဆုံးလေ''
"အာ!!!!''
လီခိုင်အမှတ်တမဲ့အသံထွက်သွားသည်။
ကျောရိုးထဲစိမ့်သွားသလိုလို!
နာမည်ခံတယ်ဆိုပေမဲ့ ဒီလိုကိစ္စနဲ့လာမရှာပါနဲ့လား?
အတော်ဆုံးတဲ့လား? သူက အထူးမြေကြီးအားကိုးနေရတာ။
သူက? အားလုံးဒီလိုထင်နေကြပြီ။
သူတကယ် မဟုတ်။ ဘာမှမဟုတ်။
ချင်လင်လည်း နည်းနည်းကြောင်သွားသည်။ ဒါမျိုးကြုံရတာ ဒါပထမဆုံးပင်!
သူကအမှတ်တမဲ့လီခိုင်ကိုကြည့်လိုက်ရာ လီခိုင်ကပြန်ကြည့်သည်။
အချင်းချင်းမျက်လုံးထဲတွင် မတတ်သာမှုကိုမြင်ရသည်!
"အစ်ကိုလီက စပါးမျိုးအသစ်ထုတ်ပြီးခါစဆိုတော့ အားနေမှာပေါ့!''
"ညီလေးချင် အခုတလောဘာမှမလုပ်ဘူး... သူအားလိမ့်မယ်!''
နှစ်ယောက်သား တပြိုင်တည်းလိုလိုပြောလိုက်သည်။
အခြေအနေက ကိုးရိုးကားရား။
အချင်းချင်း အောင့်သက်သက်နှင့်ကြည့်လိုက်ကြသည်!
လိုလို့လား?
သူတို့စကားကြောင့် ဝန်ကြီးလုဝမ်းသာသွားပြီး_
"ကောင်းလိုက်တာ... နှစ်ယောက်လုံးအားမှတော့ သူဌေးချင်နဲ့ပါမောက္ခလီခိုင်က မျိုးစေ့တစ်စေ့စီဂရုစိုက်ပေးလို့ရပါတယ်''
လီခိုင်: ''ဟင်း ဟင်း''
ချင်လင်: ''ကျွတ် ကျွတ်''
နှစ်ယောက်သား ဘယ်လိုပြောရမှန်းမသိ။ သူတို့ကို အစ်ကို ၆ က အမြတ်ထုတ်သွားသလိုခံစားရသည်။
အခန်း ၁၂၉၉: အစားထိုး!
ချင်လင်လုံးဝမတတ်သာသော်လည်း ဝန်ကြီးလုက'ဂရုစိုက်ပေးပါ'ဟုသုံးထားသောကြောင့် သူတို့ဆက်ဆံရေးအရ မငြင်းနိုင်။
ထို့ကြောင့် ဝန်ကြီးလုက ဘူးနှစ်ဘူးဝေပေးသောအခါ သက်ပြင်းသာချနိုင်သည်။
နောက်ဆုံး ချင်လင်နှင့်လီခိုင် တစ်ယောက်တစ်စေ့စီယူလိုက်ရသည်။
"ဝန်ကြီးလု.. ကျွန်တော်အပန်းဖြေစံအိမ်အတွင်းခန်းထဲမှာလေ့လာကြည့်မလို့... ဘယ်သူမှလာမနှောင့်ယှက်ဖို့မျှော်လင့်ပါတယ်''
ချင်လင်က နောက်ဆုံးတောင်းဆိုလိုက်သည်။
ပုံမှန်အတိုင်းဆို ဒီမျိုးစေ့ရှင်သန်နိုင်ခြေနည်းတာသေချာသည်။ ဂိမ်းအားကိုးရမည်ဖြစ်သောကြောင့် ဘယ်သူ့ကိုမှမနှောင့်ယှက်စေချင်။
အထက်လူတွေစိတ်ပူပြီး ဒီကိစ္စမှာဝင်ပါဖို့လူလွှတ်မှာစိုးရိမ်သည်။
လီခိုင်ကနားထောင်ရင်း တန်းပြောသည်_
"ကျွန်တော်က ချင်းလင်ဓာတ်ခွဲခန်းမှာပျိုးထောင်မှာ... ဘယ်သူမှလာမနှောင့်ယှက်စေချင်ဘူး''
အရေးကြုံသည့်အချိန် အထူးမြေကြီးကိုအားကိုးရမည်ဖြစ်၍ ဒီလျှို့ဝှက်ချက်ကိုဘယ်သူမှမတွေ့စေချင်။
"ကိစ္စမရှိဘူး.. သူဌေးချင်နဲ့ပါမောက္ခလီခိုင်ကို လုံးဝယုံတယ်''
ဝန်ကြီးလုက ချက်ချင်းသဘောတူသည်။
ဒီတောင်းဆိုချက်ကိုသဘောတူတာ ဘာဖြစ်စရာရှိလဲ?
ဘာပဲဖြစ်ဖြစ် သူဌေးချင်နဲ့ပါမောက္ခလီခိုင်က တခြားသူမှမဟုတ်တာ။ တခြားသူသာဆို စောင့်ကြပ်ဖို့လူလွှတ်ရမည်။
သူဌေးချင်နဲ့ပါမောက္ခလီခိုင်လှူဒါန်းခဲ့သောနည်းပညာကမူ အကန့်အသတ်မရှိ။
ဥပမာ သူဌေးချင်သာဒီလောက်ကိုယ်ကျိုးမငဲ့ခဲ့ရင် ဒီလိုကောင်းတာရမည်မဟုတ်ပေ။
ဒီမျိုးစေ့ထက်အများကြီးပိုသာသည်။
ဒီတော့ ဘာစိုးရိမ်နေရမလဲ?
သူတို့ကိုကြီးကြပ်ဖို့လူလွှတ်ရင် လူကြီးလူကောင်းကိုလျှော့တွက်ရာကျမည်။
သို့ရာတွင် ဝန်ကြီးလုစိတ်လှုပ်ရှားပြီး သက်ပြင်းချလိုက်သည်။ ဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားကြသည်။ ပညာရှင်က ပညာရှင်ပင်။ တောင်းဆိုချက်ချင်းတောင်တူကြသည်။
နှစ်ယောက်သား ဒီလိုဆက်ဆံရေးကောင်းရှိတာမထူးဆန်းတော့။
ရုတ်တရက် ဒီလိုမိတ်ဆွေဖြစ်မှုမျိုးကိုဝန်ကြီးလုအားကျမိသည်။
ချင်းလင်အပန်းဖြေစံအိမ်ကို ဝန်ကြီးလုစိတ်မပူ။ မာဟုန်တို့ရှိသည်။ အားဖြည့်ဆေးရည်သောက်ထားသောအထူးအစောင့်နှစ်ယောက်လည်း လျှို့ဝှက်ချထားသည်။
သို့သော် လီခိုင်ကမျိုးစေ့တစ်စေ့ယူပြီး ချင်းလင်ဓာတ်ခွဲခန်းပြန်သွားသောကြောင့် အစောင့်အကြပ်ထည့်ပေးရမည်။
နောက်ဆုံး ဝန်ကြီးလုလည်း ချင်းလင်အပန်းဖြေစံအိမ်မှာနေခဲ့သည်။
ဒီမျိုးစေ့တာဝန်ခံဖြစ်၍ အစောကတည်းကအာရုံစိုက်ထားရမည်။ ၁၀ ရက်၊ လဝက်လောက်နေရမည်။
ချင်လင်က မြေပဲဆံထက်သေးသောမီးခိုးရောင်မျိုးစေ့ကို စံအိမ်အတွင်းဘက်အလုပ်ခန်းထဲယူလာသည်။
ဒီမျိုးစေ့ကို သူတကယ်မတတ်နိုင်။
မျိုးစေ့ပျိုးထောင်ရေးကိုသိပ်မလုပ်ဖူးပေ။ ဘာပဲဖြစ်ဖြစ် ဂိမ်းသီးနှံများထုတ်ရလွယ်အောင် ဒီနာမည်ခံခဲ့ခြင်းသာ။
ဒီတစ်ခါချောင်ပိတ်ခံရ၍ ပျိုးထောင်ကြည့်ရုံမှလွဲပြီးမတတ်နိုင်။
အံ့ဖွယ်ကျောက်စာနှင့်အပင်မျိုးစိတ်ဗဟုသုတများလေ့လာခဲ့တာလည်းကောင်းသည်။ အလေ့အကျင့်လုပ်နိုင်သည်။ မဟုတ်ရင် ဓားထုတ်သုံးစရာနေရာမရှိသောဓားလိုဖြစ်နေမည်။
မျိုးစေ့ကိုင်လိုက်သောအခါ ချင်လင်စိတ်ထဲစလည်ပတ်လာသည်။ ရုတ်တရက် ဒီမျိုးစေ့ပျိုးထောင်နည်းတချို့ သူ့စိတ်ထဲပေါ်လာ၏။
အံ့ဖွယ်ကျောက်စာမှသူ့လေ့လာထားသောပညာက သူ့စိတ်ထဲစွဲထင်နေ၍ အလွယ်တကူချိတ်ဆက်နိုင်သည်။
နည်းများထဲတွင် ပျိုးထောင်နည်းတစ်ခုက စိတ်အချရဆုံးဟုသူထင်သည်။
ထိုနည်းမှာ ကိရိယာတချို့သုံးပြီးအထူးမြေဩဇာရည်ထုတ်ကာ စေ့စေ့စပ်စပ်ပျိုးထောင်ရန်လိုသောနည်းဖြစ်သည်။
သူလည်းဖုန်းထုတ်ပြီး ရှန်လီကိုဆက်ကာ ကိရိယာတချို့လာပို့ခိုင်းသည်။
ချင်းလင်ဓာတ်ခွဲခန်းတွင် သီးနှံပျိုးထောင်ရေးနှင့်ဆက်စပ်သောကိရိယာများစွာရှိပြီး အပိုဆောင်ထားသည်များလည်းရှိသည်။
ချင်လင်မှာသောကြောင့် ရှန်လီလည်း ကိရိယာကိုအမြန်ဆုံးပို့ပေးသည်။
ဝန်ကြီးလုကကြည့်ရင်း ဝမ်းသာနေသည်။
သူဌေးချင်က အားတက်သရောပဲ။
ချင်လင်လည်း ကိရိယာရောက်သည်နှင့်အလုပ်စသည်။
အရင်ဆုံး မျိုးစေ့များကိုစစ်ဆေးပြီးနောက် မြေကြီးနှင့်မြေဩဇာစပ်ရန် အထူးကိရိယာနှင့်အပင်အာဟာရပျော်ရည်လုပ်သည်။
သူလုပ်ထားတဲ့မြေဩဇာဖျော်ရည်က ဘယ်အဆင့်ရှိမှန်း ချင်လင်မသိ။
သို့သော် မျိုးစေ့ပျိုးထောင်ရန်၊ အထူးသဖြင့် မျိုးစေ့အသစ်ဖြစ်ရင် အာဟာရပျော်ရည်ထဲစိမ်ပေးဖို့လိုသည်။
ထိုဖြစ်စဉ်က သုံးရက်ကြာသည်။
သို့သော် မျိုးစေ့စိုက်မည်အပြုတွင် ရုတ်တရက်တစ်ခုခုတွေးမိသည်။ ဒီမျိုးစေ့ကိုစိုက်ရမရ သူသိချင်သည်။
ရှင်နိုင်သလို ပုပ်လည်းပုပ်နိုင်သည်။
ဒီမျိုးစေ့ကိုအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်မလား ဝန်ကြီးလုတို့မသိ။ မျိုးစေ့နှစ်စေ့သာရှိသောကြောင့် သူတို့မစမ်းသပ်ရဲ။ ပျိုးထောင်ကြည့်ရုံသာတတ်နိုင်သည်။
သူတို့မှာ ဘာမှကြိုမသိနိုင်။
သို့သော် သူကမတူ။ ဒီမျိုးစေ့ကိုအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်မလား သူသိသည်။ ဂိမ်းထဲယူသွားပြီး မှတ်ချက်ကြည့်လိုက်ရုံပင်။
ထိုအတွေးနှင့် ချင်လင်ကဂိမ်းထဲမျိုးစေ့ယူသွားပြီး မှတ်ချက်ကြည့်လိုက်သည်:
(အမည်မသိမျိုးစေ့: အမည်မရှိ!)
(ခြောက်နေသောအမည်မသိအာကာသမျိုးစေ့ဖြစ်သည်။ စိုက်ပျိုးနိုင်မည့်နည်းမရှိ!)
"ထင်တဲ့အတိုင်းပဲ''
ချင်လင်သက်ပြင်းချပြီး သူ အ သည်ဟုတွေးမိသည်။
သုံးရက်ကြိုးကြိုးစားစားလုပ်တာ အလကားဖြစ်သွားပြီ။ ပြီးခဲ့တဲ့သုံးရက်ကတည်းက အထဲယူခဲ့သင့်သည်။
ဒီလိုဆိုတော့ မတတ်သာကြောင်းသာ ချင်လင်ပြောရမည်။
ဒီမျိုးစေ့ခြောက်က နတ်ဘုရားဆင်းလာရင်တောင်စိုက်နိုင်မည်မဟုတ်၍ သူမတတ်နိုင်။
ရုတ်တရက် ချင်လင်တစ်ခုတွေးမိသည်။ ဒီမျိုးစေ့မပေါက်နိုင်လည်း ကိစ္စမရှိ။ သူ့မှာတခြားဟာရှိသည်။
ပူဖောင်းမြက်!
ဂိမ်းထဲမှပူဖောင်းမြက်ကိုအခြောက်လှန်းထားပြီဖြစ်၍ ပုံမှန်အတိုင်းစိုက်နိုင်သည်။ ပူဖောင်းမြက်မျိုးစေ့က မြေပဲဆံထက်နည်းနည်းသေးသောကြောင့် မျိုးစေ့နှစ်စေ့ကအတော်ဆင်သည်။
အထူးသဖြင့် ပူဖောင်းမြက်ကိုထုတ်လိုက်ရင် ပူဖောင်းထွက်လာပြီး ပိုအံ့အားသင့်စရာ၊လန့်စရာဖြစ်နိုင်သည်။