← Chapters

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း ၁၃၀၃: အရောင်ပြောင်းနိုင်စွမ်း! ၂

ကိုယ့်ကိုယ်ကိုယ် ကိုယ်ထင်ပြသလိုမဖြစ်ဘူးလား?

ဒီနည်းပညာပိုင်းမှာ ဘယ်နိုင်ငံမှဟုတ်တိပတ်တိမတိုးတက်သောကြောင့် ဒီအပိုင်းတွင်ဦးဆောင်ပြီး ခေတ်ရှေ့ပြေးချင်သည်။

"တော်ဝင်ပညာရှင်ရန်.. ဖုန်းလာပါတယ်''

လက်ထောက်ကအလောတကြီးဝင်လာပြီး ဖုန်းပေးသည်_

"ဝန်ကြီးလုပါ!''

ဝန်ကြီးလုကအရေးမကြီးရင် ဖုန်းမဆက်တတ်မှန်းသိသောကြောင့် ရန်သွမ့်ဟယ်ချက်ချင်းကိုင်လိုက်သည်။

ဝန်ကြီးလုဆီမှသတင်းကောင်းကြားပြီး သူကစိတ်လှုပ်ရှားသံနှင့်_

"ဝန်ကြီးလု.. တကယ်ပြောတာလား? အဲဒါမျိုးရှိလား? အရောင်ကချက်ချင်းပြောင်းပြီး ပြောင်းတဲ့အရောင်ကနီးစပ်တယ်ဟုတ်လား? ဟုတ်ပြီ ဟုတ်ပြီ... ကျုပ်ချက်ချင်းလာခဲ့မယ်''

ချင်းလင်အပန်းဖြေစံအိမ်_

ဝန်ကြီးလုကဖုန်းချပြီးနောက် ချင်လင်အား_

"သူဌေးချင်ကိုဒုက္ခပေးရဦးမယ်... အခန်းတစ်ခန်းစီစဉ်ပေးပါဦး... တော်ဝင်ပညာရှင်တစ်ဦးရောက်လာလိမ့်မယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူကကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး စီစဉ်ခိုင်းသည်။

နောက်တစ်နေ့_

ချင်လင်အိပ်ရာနိုးလာပြီး ဘေးမှကျောက်မိုချင်းကိုကြည့်ကာ လှုပ်နှိုးလိုက်သည်။

"ယောက်ျား.. ဘာဖြစ်လို့လဲ?''

ကျောက်မိုချင်းကမျက်လုံးဖွင့်ပြီး အိပ်ချင်မူးတူးနှင့်မေးသည်။

"သားက ဒီမနက် တုံးလိုအိပ်နေတာ... ကိုယ်နဲ့ရေချိုးခန်းထဲလိုက်ခဲ့!''

ချင်လင်က တိုးတိုးကပ်ပြောသည်။

"အာ.. မနက်အစောကြီး!''

ကျောက်မိုချင်းကမျက်စောင်းထိုးကာ ခြေဖျားထောက်သွားပြီး ပုခက်ထဲကြည့်လိုက်သည်။ ချင်ဖုန်းလေးအိပ်နေဆဲ။

သူမက ချင်လင်ကိုမျက်နှာရိပ်ပြပြီး ရေချိုးခန်းထဲလျှောက်သွားသည်။

ချင်လင်က လူယုတ်မာပြုံးပြုံးပြီးလိုက်သွား၏။

ထို့နောက် အသံဗလံများ...

ချင်လင်စောစောစီးစီးကျေနပ်ပြီး မနက်စာစားရတာလည်းပိုအရသာရှိနေသည်။

အတွင်းဘက်မှထွက်လာပြီးနောက် ရုံးခန်းထဲရောက်ရောက်ချင်း စိတ်ကြည်ကြည်လင်လင်နှင့်ဂိမ်းဖန်သားပြင်ကြည့်ပြီး နေ့စဉ်အလုပ်များစသည်။

ဒီနေ့စိတ်ကြည်နေသောကြောင့် ကံပိုကောင်းသည်ထင်။

သစ်ပင်ခုတ်သောအခါ အရည်အသွေး ၂ အများကြီးရသည်။ တောင်တန်းထွက်ကုန်ရှာသောအခါတွင်လည်း အူလုံလက်ဖက်ခြောက်အများကြီးပေါ်နေသည်။

ကျန်တာက မထူး။

နေ့စဉ်တာဝန်များ ချင်လင်အပြီးသတ်ချိန်တွင် ဝန်ကြီးလု​ပြောသောတော်ဝင်ပညာရှင်ရောက်လာသည်။

တော်ဝင်ပညာရှင်ဖြစ်၍ ယဉ်ကျေးသမှုနှင့် သူကိုယ်တိုင်ထွက်ကြိုသည်။

တခြားသူသာဆို ဘယ်လောက်အာဏာရှိရှိ သူဒီလိုလုပ်မည်မဟုတ်။

နိုင်ငံအတွက်တိတ်တဆိတ်လုံးပန်းနေသောဒီလိုပညာရှင်များကိုမူ သူတကယ်လေးစားသည်။

"သူဌေးချင်.. မိတ်ဆက်ပေးဦးမယ်... ဒါက တော်ဝင်ပညာရှင်ရန်သွမ့်ဟယ်ပါ... အထူးပစ္စည်းအမျိုးမျိုးရဲ့သုတေသနတာဝန်ခံပဲ''

ရန်သွမ့်ဟယ်နှင့်ချင်လင်ဆုံဆုံချင်း ဝန်ကြီးလုကမိတ်ဆက်ပေးသည်။

ရန်သွမ့်ဟယ်က ချင်လင်ကိုမြင်သည်နှင့် ချီးကျူးစကားပြောသည်_

"သူဌေးချင်.. မင်းအကြောင်းတွေအများကြီးကြားဖူးပါတယ်''

တခြားလူငယ်သာဆို သူဒီလောက်ယဉ်ကျေးမည်မဟုတ်။ ဒါပေမဲ့ ဒီလူငယ်က မတူ။ အပင်မျိုးစိတ်ပျိုးထောင်တာနဲ့တင် သူရင်ထဲမှလေးစားမိသည်။

တရုတ်သိပ္ပံအကယ်ဒမီကလူကြီးတွေအကုန် ဒီလူငယ်လေးလုပ်ဆောင်ချက်တွေကို ဩချရသည်။

"တော်ဝင်ပညာရှင်ရန်က သဘောကောင်းလိုက်တာ...''

ချင်လင်က ရန်သွမ့်ဟယ်ကိုလက်ဆွဲပြီးသာနှုတ်ဆက်လိုက်ရသည်။ အမှန်အတိုင်းပြောရရင် ဒီလိုတော်ဝင်ပညာရှင်တွေရဲ့ချီးကျူးစကားကို သူလက်မခံရဲ။

ဒီစီနီယာကြီးတွေက ကိုယ့်အားကိုယ်ကိုးပြီး သူကဂိမ်းကိုအားကိုးရသည်။

ရန်သွမ့်ဟယ်က လာရင်းကိစ္စကိုမမေ့။ သူ့ကိုနှုတ်ဆက်ပြီးနောက် ဝန်ကြီးလုအား_

"ဝန်ကြီးလု.. ခင်ဗျားပြောတဲ့အပင်ရော?''

ဝန်ကြီးလုကချက်ချင်း ရန်သွမ့်ဟယ်ကိုလမ်းပြပြီး လီခိုင်ပျိုးထောင်ထားသောအပင်ကို လီခိုင်လုပ်သလိုလုပ်ပြသည်။

နေရောင်အောက်၊ အရိပ်အောက်၊ တခြားအလင်းအောင်တွင် အပင်အရောင်မြန်မြန်ပြောင်းသွားပုံကိုမြင်ပြီး ရန်သွမ့်ဟယ်လုံးဝအံ့ဩသွားသည်။

အရောင်ပြောင်းပုံပြောင်းနည်းက ပုတ်သင်ညိုထက်မြန်သည်။

ဒါကိုပစ္စည်းအဖြစ်ထုတ်နိုင်ရင် မတွေးဝံ့စရာ။

"ဝန်ကြီးလု.. ဒါအာကာသထဲကပြန်ယူလာတဲ့မျိုးစေ့တွေလား?''

ရန်သွမ့်ဟယ်က တအံ့တဩမေးသည်။

ဌာနထဲတွင် ပြန်ယူလာသောမျိုးစေ့နှစ်စေ့ကို ဝန်ကြီးလုက သူဌေးချင်နှင့်ပါမောက္ခလီခိုင်အားပေးလိုက်သည်ဟု သိထားကြသည်။

"အင်း''

ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်_

"အဲထဲက တစ်စေ့လေ... ပါမောက္ခလီခိုင်ပျိုးထောင်ထားတာ''

ပြောကာမှ_

လီခိုင်ကလည်း အပြင်မှဝင်လာ၏။

ဝန်ကြီးလုဖုန်းဆက်ထားခြင်းပင်။

ရန်သွမ့်ဟယ်က လီခိုင်ကိုမှတ်မိသည်။ လိုင်းပေါ်သတင်းများတွင် အကြိမ်ကြိမ်တွေ့ဖူးသည်။

ထို့ကြောင့် လီခိုင်ဆီတန်းလျှောက်သွားပြီး လောလောနှင့်_

"ပါမောက္ခလီခိုင်.. ဒီအပင်ကိုမင်းပျိုးထောင်လိုက်နိုင်ပြီ... အံ့ဩစရာကောင်းလိုက်တာ... ဒါငါတို့အတွက် မရှိမဖြစ်ပစ္စည်းဖြစ်လာမှာ''

လီခိုင်မှာ ရန်သွမ့်ဟယ်ကိုမမြင်ဖူးသောကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။

"ပါမောက္ခလီခိုင်''

ဝန်ကြီးလုက ချက်ချင်းမိတ်ဆက်ပေးသည်_

"ဒါအထူးပစ္စည်းပိုင်းက တော်ဝင်ပညာရှင်လေ... မင်းပျိုးထောင်တဲ့ပျိုးပင်ကြီးလာရင် အထူးနည်းပညာပစ္စည်းအဖြစ်အသုံးချလို့ရတယ်''

"ဆိုတော့ကာ တော်ဝင်ပညာရှင်ရန်ပေါ့!''

ဒီတော့မှ လီခိုင်ကဘယ်သူမှန်းသိပြီး သူလာတာမအံ့ဩမိ​တော့။

ဒီလိုအံ့ဩစရာကောင်းတဲ့ပျိုးပင်မျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။ ဒီအပင်ကြီးလာရင် နည်းပညာပစ္စည်းအဖြစ်အသုံးချနိုင်မည်ဟု သူလည်းထင်သည်။

ထို့နောက် ရန်သွမ့်ဟယ်က လီခိုင်ကိုဆွဲခေါ်ပြီး ပျိုးပင်အကြောင်း ကလေးလိုစပ်စုသည်။

နောက်ရက်များတွင် ရန်သွမ့်ဟယ်လည်းဆက်နေသည်။ နေ့တိုင်း အာကာသအပင်ကြီးလာပုံကို ဝန်ကြီးလုထက်ပိုပြီးအာရုံစိုက်ထားသည်။

သူကလီခိုင်ပျိုးထောင်ထားသောအပင်ကိုသာ အာရုံစိုက်သည်။

သူ၊ဝန်ကြီးလုနှင့်လီခိုင်တို့ဆွေးနွေးပြီးနောက် အရောင်ပြောင်းပင်ဟုခေါ်ကြသည်။

အပင်ဖြစ်ပြီး မြက်ပင်ဘာကြောင့်မဟုတ်သလဲက?

အပင်သုတေသီလီခိုင် သိလိမ့်မည်။ အပင်ပေါက်ပြီးရက်ပိုင်းအတွင်း သူခွဲခြားနိုင်သည်။

အရောင်ပြောင်းပင်မှာ အကြီးမြန်သောကြောင့် ချင်လင်အံ့ဩရသည်။ သူဂိမ်းထဲမှထုတ်လာသောပူဖောင်းမြက်ထက်တောင် ပိုမြန်နေသည်။

အခန်း ၁၃၀၄: အရောင်ပြောင်းနိုင်စွမ်း! ၃

ဒီလိုနှင့် လဝက်ကုန်သွားသည်။

မနက်တိုင်း ရန်သွမ့်ဟယ်ကအိပ်ရာထပြီးအောက်ထပ်ဆင်းကာ ဝန်ကြီးလုနှင့်မနက်စာစားသည်။

မနက်စာစားပြီးနောက် ဝန်ကြီးလုအား_

"ဝန်ကြီးလု.. ဒီနေ့ အရောင်ပြောင်းပင်ဘာထူးခြားလဲ သွားကြည့်ရအောင်... ပြီးရင် အရွက်နည်းနည်းပြန်ယူသွားမယ်''

"သွားစို့''

ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။

လောလောဆယ် အရောင်ပြောင်းပင်က သူနှင့်ရန်သွမ့်ဟယ်၏အဓိကလေ့လာစူးစမ်းစရာဖြစ်သည်။

လဝက်အတွင်း အရောင်ပြောင်းပင်ကြီးလာပြီး အရောင်ပြောင်းနိုင်စွမ်းကပိုကောင်းလာ၏။

တဖက်တွင် သူဌေးချင်ပျိုးထောင်ထားသောအပင်သုံးပင်မှာ ထူးထူးခြားခြားဘာမှမရှိ။

နှစ်ယောက်သား အရောင်ပြောင်းပင်ရှေ့ရောက်လာသည်။ အပင်မှာ မီတာဝက်ခန့်ကြီးလာပြီဖြစ်ပြီး အရွက်အများကြီးထွက်နေပြီ။

အရောင်များက ခမ်းနားသည်။ တစ်ပင်တည်း အရောင်စုံဖြစ်နေ၏။

နေရောင်ခြည်အောက်ကျသောအပိုင်းက တစ်ရောင်၊ နေရိပ်ကျသောအပိုင်းက တစ်ရောင်၊ ဘယ်ဘက်နေအလွန်ပူသောအပိုင်းက တစ်ရောင်ဖြစ်ပြီး ညာဘက်အလင်းရောင်နည်းသောအပိုင်းက တစ်ရောင်ဖြစ်သည်။

ပတ်ဝန်းကျင်နည်းနည်းပြောင်းရုံနှင့် အရောင်အတိအကျလိုက်ပြောင်းနိုင်စွမ်းက လန့်စရာပင်။

ထို့နောက် ဝန်ကြီးလုက လီခိုင်ကိုဖုန်းဆက်ပြီး အရောင်ပြောင်းပင်မှအရွက်နည်းနည်းခူးသည်။ ချင်းလင်အပန်းဖြေစံအိမ်မှအရွက်များယူပြီးနောက် ပေကျင်းပြန်သွား၏။

မကြာမီ_

ရန်သွမ့်ဟယ် တရုတ်သိပ္ပံအကယ်ဒမီပြန်ရောက်သွားသည်။ အရင်ဆုံး သူတာဝန်ခံထားသောအထူးပစ္စည်းအဖွဲ့ဆီသွားပြီး လူအားလုံးစုသည်။

"တော်ဝင်ပညာရှင်ရန်.. ပြန်ရောက်လာပြီပေါ့''

အဖွဲ့ဝင်တစ်ယောက်က အံ့ဩသံနှင့်ပြောသည်။

"ဟုတ်တယ်.. ကျွန်တော်တို့ဘာမှမတိုးတက်လို့ ခင်ဗျားဦးဆောင်မှုလိုတယ်!''

နောက်တစ်ယောက်ကပြောသည်။

"မတိုးတက်မှတော့''

ရန်သွမ့်ဟယ်က ပြုံးပြီး_

"အရင်သုတေသနအချက်အလက်တွေကို ခွဲထုတ်ကြတာပေါ့... ငါတို့လမ်းကြောင်းပြောင်းပြီး ပြန်စမယ်''

သူ့စကားကြောင့် တစ်ဖွဲ့လုံးကြောင်သွားသည်။

တိုးတက်မှုနှေးသော်လည်း ဒီလမ်းကြောင်းအတိုင်းအဆင်ပြေနေသောကြောင့် လမ်းကြောင်းမှန်ဟုသူတို့ယူဆသည်။

ဒီလမ်းကြောင်းအတိုင်းဟုတ်နေမှတော့ တော်ဝင်ပညာရှင်ရန်ရုတ်တရက်ပြောင်းလိုက်တာ အရင်ကအားစိုက်ထုတ်ထားသမျှ အလကားဖြစ်မကုန်ဘူးလား?

သူတို့အတွေးကို ရန်သွမ့်ဟယ်သိသည်။

အဖွဲ့ဝင်တွေစကားကိုမစောင့်ဘဲ သူယူလာသောအရွက်များထုတ်ကာ_

"အရင်ဆုံး ဒီအရွက်ရဲ့အရောင်ပြောင်းစနစ်ကိုစမ်းသပ်မယ်... ပြီးရင် ပါဝင်တဲ့ဓာတ်ကိုပစ္စည်းအဖြစ်ထုတ်မယ်... အဲဒီကျ မင်းတို့နားလည်သွားလိမ့်မယ်''

အဖွဲ့ဝင်များဇဝေဇဝါဖြစ်နေသော်လည်း ရန်သွမ့်ဟယ်ကတာဝန်ခံဖြစ်သောကြောင့် သူဒီလိုလုပ်တာအကြောင်းရင်းရှိမည်ဟုသိကြသည်။

အဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက် အရွက်ယူကာ စတင်စမ်းသပ်ကြ၏။

တရုတ်သိပ္ပံအကယ်ဒမီမှသုတေသနသမားများမှာ ကိုယ့်ရှေ့စမ်းသပ်စရာရောက်လာပါက ဓာတ်မခွဲဘဲအလျင်အမြန်စမ်းသပ်နိုင်သည်။

ထို့ကြောင့် မကြာခင် သုတေသနသမားများအံ့ဩစရာတွေ့ရသည်။

"တော်ဝင်ပညာရှင်ရန်.. အရွက်ရဲ့အရောင်ပြောင်းတဲ့စနစ်က မယုံနိုင်စရာပဲ''

"ဟုတ်တယ်.. ပုတ်သင်ညိုလုံးဝမလုပ်နိုင်ဘူး... ဒါဘယ်ကရလာတာလဲ?''

"ဒါကိုပစ္စည်းထုတ်နိုင်ရင် ဘယ်လိုဖြစ်မယ်မပြောတတ်ဘူး''

ရန်သွမ့်ဟယ်ကသိပြီးဖြစ်သောကြောင့် ချက်ချင်းလောလိုက်သည်_

"ဒီအရွက်ရဲ့အရောင်ပြောင်းဓာတ်ကိုထုတ်ပြီးတော့ အဝတ်စမှာဆိုးလို့ရမရကြည့်ရအောင်''

"ကောင်းပါပြီ!''

"အားလုံး ဒီညအချိန်ပိုဆင်းရမယ်... တစ်ညလုံးကြိုးစားကြမယ်''

သုတေသနသမားများအဖို့ သုတေသနတိုးတက်မှုက စိတ်အလှုပ်ရှားဆုံးအရာဖြစ်သည်။ သူတို့ကအားလုံးထက်ပိုပြီး အလုပ်ကြိုးစားချင်သည်။

နောက်ပြီး ပုတ်သင်ညိုနည်းစနစ်နှင့်ထုတ်ထားသောအထူးပုတ်သင်ညိုပစ္စည်းအရောင်ဆိုးခြင်း၊ စိမ်ခြင်းအတွေ့အကြုံရှိသောကြောင့် ဒီတစ်ခါအရောင်ပြောင်းပစ္စည်းထုတ်ရန်အခက်အခဲမရှိနိုင်။

သုတေသနသမားများအလုပ်ကြိုးစားသောကြောင့် မကြာမီ သစ်ရွက်မှအရောင်ပြောင်းဓာတ်ထုတ်နိုင်ပြီး ပိတ်စတစ်စကိုစိမ်သည်။

ထိုပိတ်စမှာအရောင်ပြောင်နိုင်စွမ်းရှိသောကြောင့် အားလုံးအံ့ဩသွားသည်။

အခန်း ၁၃၀၅: အရောင်ပြောင်းတာ မမြင်ရသလောက်!

တရုတ်သိပ္ပံအကယ်ဒမီ_

အရောင်ပြောင်းပစ္စည်းသုတေသနအဖွဲ့ဓာတ်ခွဲခန်းထဲ၌ ရန်သွမ့်ဟယ်ရှေ့တွင် လက်ကိုင်ပဝါအရွယ်အဝတ်စတစ်စရှိနေသည်။

အဝတ်စတပိုင်းကို သံမဏိစားပွဲပေါ်တင်ထားပြီး ကျန်တပိုင်းကို လေထဲချိတ်ဆွဲထားသည်။

မီးအလင်းရောင်အောက်တွင်ထားသောအပိုင်းက အဖြူရောင်ပြောင်းသွားပြီး စားပွဲပေါ်မှအပိုင်းက သံမဏိအတိုင်းငွေဖြူရောင်ပြောင်းသွားသည်။

ထိုအာနိသင်နှင့်တင် အရင်လုပ်ခဲ့သောသုတေသနထက်အများကြီးသာသည်။

"အပြင်ထွက်ပြီး စမ်းကြည့်ရအောင်''

ရန်သွမ့်ဟယ်က တန်းပြောသည်။ သူကအဝတ်စကိုယူပြီး သုတေသနခန်းအပြင်ထွက်ကာ သူတို့အဖွဲ့အတွက်နေရာချပေးထားသောခြံဝင်းထဲသွားသည်။

ခြံထဲရောက်သွား၏။

ရန်သွမ့်ဟယ်က ပိတ်စကိုအပင်ရိပ်အောက်ထားလိုက်သည်။ တခဏချင်း ပိတ်စကအရိပ်အတိုင်းဖြစ်သွားသည်။

အနီးကပ်အရောင်မှာ မသိသာ။ ပိတ်စချထားမှန်းမသိရင် လုံးဝသတိထားမိမည်မဟုတ်ပေ။

ရန်သွမ့်ဟယ်ကပိတ်စကိုပြန်ယူပြီး မြက်ခင်းပေါ်ချလိုက်သည်။

တခဏအတွင်း ပိတ်စအရောင်က အစိမ်းရောင်ဖြစ်သွားသည်။ မြက်ခြောက်အရောင်တောင်တူသည်။

အထူးသဖြင့် နေရောင်အောက်တွင် ခမ်းခမ်းနားနားကြက်သွေးရောင်ပြောင်းသွားခြင်းပင်။

မြက်ခင်းပြင်ပေါ်နေသာသောအခါတွင်မူ အစိမ်းရောင်တောက်ပြီး မြက်ခင်းပေါ်နေသာနေသည့်နှင့်မခြားပေ။

ပိတ်စမှာ မြက်ခင်းပြင်တပိုင်းဖြစ်သွားသည်ဟုဆိုနိုင်သည်။

နည်းလမ်းတကျပြောရရင် ပိတ်စချထားမှန်းမသိတဲ့သူက ရှာတွေ့မှာမဟုတ်ဘူးမလား?

ရန်သွမ့်ဟယ်က စ*စ်ဘက်ဆိုင်ရာနည်းပညာမြင့်ကင်မရာများယူခိုင်းပြီး ပိတ်စကိုဓာတ်ပုံရိုက်သော်လည်း ပုံထဲမှာရှာရန်ခက်သည်။

ထိုမြင်ကွင်းကို သုတေသနသမားများက မယုံနိုင်ပုံနှင့်ကြည့်နေကြ၏။

"တော်ဝင်ပညာရှင်ရန်.. အရောင်ပြောင်းနိုင်စွမ်းက အရမ်းကောင်းတာပဲ... တိုက်*ပွဲမှာသုံးရင် ဖုံးကွယ်နိုင်စွမ်းကောင်းမယ်''

"ဟုတ်တယ်.. သစ်ရွက်ဝတ်စုံနဲ့စ*စ်သားတွေဆိုရင် ကိုယ့်ရှေ့မှာလှဲနေလည်း မြင်နိုင်မှာမဟုတ်ဘူး''

ရန်သွမ့်ဟယ် ခေါင်းညိမ့်လိုက်သည်။

တော်ဝင်ပညာရှင်ဟောင်တို့ဒုံးပျံပရောဂျက်နဲ့ရလာတဲ့မျိုးစေ့က အံ့ဩစရာကောင်းလိုက်တာ။ သူတို့အဖွဲ့ အထောက်အကူ​ဖြစ်ပြီ။

အဓိကက မျိုးစေ့ကိုပါမောက္ခလီခိုင်က အောင်အောင်မြင်မြင်ပျိုးထောင်နိုင်ခဲ့ခြင်းပင်။ မဟုတ်ရင် အားလုံးအလကားဖြစ်သွားမည်။

"ခေါင်းဆောင်ကိုပြောပြီး အထူးတ*ပ်ဖွဲ့နှစ်ဖွဲ့ချိတ်ခိုင်းမယ်... ပစ္စည်းရှာတမ်းကစားခိုင်းတာပေါ့''

ရန်သွမ့်ဟယ်ကပြုံးပြီး ဓာတ်ခွဲခန်းထဲပြန်သွားသည်။ သူကဖုန်းကိုင်ကာ ဆက်သွယ်လိုက်၏။

မကြာမီ_

ခေါင်းဆောင်တစ်ဦးက အထူးတ*ပ်ဖွဲ့နှစ်ဖွဲ့ကိုခြံဝင်းထဲခေါ်လာသည်။

ရန်သွမ့်ဟယ်ကိုတွေ့သောအခါ တန်းမေးသည်_

"တော်ဝင်ပညာရှင်ရန်.. သူတို့ကိုခေါ်လာပြီ... ဘယ်လိုလုပ်စေချင်လဲ ကျွန်တော့်ကိုပြောပါ''

"ခေါင်းဆောင်.. သူတို့နှစ်ဖွဲ့ကို ဒီခြံဝင်းထဲမှာပိတ်စရှာခိုင်းမယ်!''

ရန်သွမ့်ဟယ်က ချက်ချင်းဖြေသည်။

သူ့စကားကြောင့် ခေါင်းဆောင်ကြောင်သွားသည်။

သို့ရာတွင် ရန်သွမ့်ဟယ်တို့အဖွဲ့ကဒီပရောဂျက်အကြောင်းကောင်းကောင်းနားလည်သည်ဟုတွေးမိပြီး အထူးတ*ပ်ဖွဲ့နှစ်ဖွဲ့ကိုပိတ်စရှာခိုင်းလိုက်သည်။

အထူးတ*ပ်ဖွဲ့သားများ နည်းနည်းကြောင်သွား၏။

ဘာဖြစ်နေမှန်း သူတို့မသိ။

သူတို့ကအထူးချွန်ဆုံးတ*ပ်ဖွဲ့လေ၊ ဘာလို့ပိတ်စရှာခိုင်းတာလဲ?

ဒါပေမဲ့ ခေါင်းဆောင်ကခေါ်လာပြီးပိတ်စရှာခိုင်းမှတော့ ရိုးရိုးပိတ်စမဟုတ်နိုင်မှန်း သူတို့လည်းသဘောပေါက်သည်။

ပိတ်စမရှာနိုင်ရင် အရှိုက်ထိမည်၊ အရှက်ရမည်။

ထိုသို့တွေးမိပြီး အထူးတ*ပ်ဖွဲ့နှစ်ဖွဲ့ကလည်း ခြံဝင်းထဲအသည်းအသန်ရှာကြသည်။

သူတို့ရဲ့ရှာဖွေနိုင်စွမ်းနဲ့ဆို ဘယ်လိုပိတ်စမျိုးဖြစ်ဖြစ်ရှာနိုင်မည်ဟုထင်ကြသည်။

နှစ်ဖွဲ့လုံးခြံထဲဆင်းပြီး ပတ်ဝန်းကျင်ကိုပိုက်စိတ်တိုက်ရှာကြသည်။ သို့သော် တစ်ခြံလုံးရှာပြီးနောက် မျက်နှာသေနှင့်ဖြစ်သွားကြ၏။

ဘာပိတ်စမှမတွေ့။

ခြံဝင်းက ကြီးတယ်ဆိုရုံပဲ။ ပိတ်စရှိရင် တန်းတွေ့ရမှာပေါ့။

နှစ်ဖွဲ့လုံး ထပ်ရှာပြန်သည်။ ဒီတစ်ခါပိုဂရုစိုက်ရမည်။ အချိုးအကွေ့တိုင်း၊ အကြိုအကြားတိုင်းလိုက်ရှာသော်လည်း ဘာမှမတွေ့။

ထို့ကြောင့် တ*ပ်ဖွဲ့နှစ်ဖွဲ့မှာချွေးပြန်လာသည်။

သေချာမရှာခြင်းမဟုတ်သော်လည်း ထူးထူးဆန်းဆန်းဘာမှမတွေ့။ ပိတ်စဘယ်နားမှန်းတောင်မသိချေ။

အခုတော့ ခေါင်းဆောင်ကဘာလို့သူတို့ကိုခေါ်လဲ နားလည်လာပြီထင်သည်။

သူပြောတဲ့ပိတ်စက လုံးဝသာမန်မဟုတ်။

အချိန်ကုန်လွန်သွားသည်။

ခေါင်းဆောင်လည်း ပုံမှန်မဟုတ်ကြောင်းသတိထားမိပြီး ရန်သွမ့်ဟယ်ကိုမေးသည်_

"အရောင်ပြောင်းပစ္စည်းမှာ တိုးတက်မှုရှိထားတာလား?''

"အင်း.. ပါမောက္ခလီခိုင်က အာကာသမျိုးစေ့ကိုပျိုးထောင်ခဲ့လို့ပေါ့''

ရန်သွမ့်ဟယ်က ခေါင်းညိမ့်ဖြေသည်။

သူကပြောရင်းဆိုရင်း အထူးတပ်ဖွဲ့နှစ်ဖွဲ့ရှေ့လျှောက်သွားကာ သူတို့ရှေ့နံရံထောင့်တွင်ရှိသောနို့စိမ်းရောင်ပိတ်စကိုကောက်ကိုင်လိုက်သည်။

သို့သော် ထိုပိတ်စမှာ လုံးဝထိုအရောင်မဟုတ်။ လေထဲမှဆွဲထုတ်လိုက်သလိုပင်။

ထိုမြင်ကွင်းကြောင့် အထူးတ*ပ်ဖွဲ့နှစ်ဖွဲ့မျက်လုံးပြူးသွားသည်။

ထိုနေရာကို ငါးခါမကရှာခဲ့သော်လည်း ဘာမှမတွေ့။

ပိတ်စအောက်တွင်ဥသုံးလုံးရှိနေသောကြောင့် ပိုအံ့ဩရသည်။

နည်းနည်းတော့လန့်စရာ။

သူတို့ရှေ့မှာဥသုံးလုံးရှိနေတာကို အကြိမ်ကြိမ်ရှာပြီးသတိမထားမိခဲ့။ ဥသုံးလုံးက ဗုံ*းဖြစ်နေရင်ရော?

မတွေးဝံ့စရာ။

ခေါင်းဆောင်က ပိုအံ့အားသင့်နေသည်။ ထို့နောက် သူ့မျက်လုံးများစူးရှသွားတောက်ပသွား၏။

ဒီနည်းပညာဘယ်လောက်အကျိုးရှိမလဲ သူသိသည်။

စ*စ်သားယူနီဖောင်းမှသည် တင့်ကား၊ လေယာဉ်၊ ဒါမှမဟုတ် လေယာဉ်တင်သင်္ဘောအဖြစ်လုပ်လိုက်ရင်ရော?

လုံးဝမတွေးနိုင်အောင်ပင်။

All Chapters