← Chapters

အခန်း (၁၂၉၁-၁၂၉၃)

Vol. 87 Ch. 1291-1293

အခန်း (၁၂၉၁-၁၂၉၃)

Vol. 87 Ch. 1291-1293

အခန်း ၁၂၉၁: အပူချိန်ထိန်းနိုင်ပြီလား? ၃

ချင်လင်အပန်းဖြေစံအိမ်ရောက်ရောက်ချင်း ရင်းနှီးနေသောမျက်နှာတချို့တွေ့ရသည်။

လီရှင်း၊ ချန်ရှန်းဖေနဲ့ မာလဲ့ဝမ်မလား?

ဒီသုံးယောက် အပန်းဖြေစံအိမ်ကိုအတူတူရောက်မလာတာ အတော်ကြာသွားပြီ။

"ချင်လင် မတွေ့တာကြာပြီ... လွမ်းလိုက်တာကွာ''

လီရှင်းက ချင်လင်ကိုမြင်မြင်ချင်းဖက်သည်။

"ဝိုင်လိုချင်ရင် လိုချင်တယ်ပေါ့... ဒီလောက်ပလီစရာလိုလား?''

ချန်ရှန်းဖေက လီရှင်းကိုဖော်ကောင်လုပ်ပြီး ပြုံးပြုံးနှင့်ချင်လင်ကိုဖက်လိုက်သည်။

လီရှင်းက ချန်ရှန်းဖေကိုချက်ချင်းစောင်းကြည့်လိုက်သည်။

ဒီဥက္ကဌက လောကွတ်တွေဘာတွေလည်း နားမလည်ပါလား?

"ချင်လင်''

မာလဲ့ဝမ်က တဲ့တိုးပြောသည်_

"မင်းကိုလွမ်းရုံတင်မဟုတ်ဘူး... မင်းရဲ့ဝိုင်နဲ့လက်ဖက်ရည်ပါလွမ်းတာ''

ချင်လင်ကပြုံးပြီး_

"လက်ဖက်နဲ့ဝိုင်ကရပါတယ်... လောင်ချန် လောင်မာ လောင်လီ ခင်ဗျားတို့အပန်းဖြေကြဦး... တစ်ခုခုလိုရင် ယောင်ယောင်ကိုပြောလိုက်... ကျွန်တော်ရုံးခန်းထဲသွားပြီး အချက်အလက်ကြည့်လိုက်ဦးမယ်''

"သူဌေးချင်လုပ်စရာရှိတာလုပ်... ငါတို့က ချင်းလင်အပန်းဖြေစံအိမ်နဲ့အသားကျနေပြီ''

ချန်ရှန်းဖေကတန်းပြောသည်။

လီရှင်းနှင့်မာလဲ့ဝမ်လည်း ခေါင်းညိမ့်လိုက်သည်။

ချင်လင်ကချက်ချင်းရုံးခန်းထဲသွားပြီး အီးမေးလ်ဖွင့်ကြည့်သည်။

ပါမောက္ခဝမ်အီးမေးလ်ရောက်နေပြီ။ သူဂိမ်းထဲကထုတ်လာတဲ့ပစ္စည်းအကြောင်းမသိရင်တောင် နည်းနည်းနားလည်အောင်လုပ်ထားဖို့လိုသည်။

အပန်းဖြေစံအိမ်ထဲ၌_

ချန်ရှန်းဖေတို့သုံးယောက်က မျှော်စင်ဘက်လျှောက်သွားသည်။

မျှော်စင်ကို သစ်မွှေး၊နံ့သာနီနှင့်ဆောက်ထားမှန်းသိသလို ဒီမျှော်စင်ထူးခြားပုံကိုလည်းသိသည်။

အထူးသဖြင့် ချန်ရှန်းဖေက ဒီနာမည်ကြီးသစ်များ၏အမာခံပရိသတ်ဖြစ်သည်။

သို့သော် သုံးယောက်သားမျှော်စင်ထဲဝင်မည်အပြုတွင် လန့်သွားကြသည်။

စမ်းချောင်းဘက်မှဒေါသတကြီးနှင့်အကောင်ကြီးတစ်ကောင်တွားသွားလာသည်။ သူ့ခေါင်းက ဝမ်ချိုင်ကိုယ်လုံးထက်ကြီးပြီး သူ့ကိုယ်ပေါ်တွင်အချွန်အတက်ကြေးခွံများထူထူထဲထဲရှိသည်။

ရှောင်ရန်ကလွဲပြီး ဘာကောင်ဖြစ်ဦးမလဲ?

သူ့ကိုယ်လုံးကအကြီးမြန်ပြီး အတော်ကြီးနေပြီ။

ဒေါသတကြီးနှင့်မိချောင်းရုတ်တရက်ထွက်လာသောကြောင့် ချန်ရှန်းဖေတို့လန့်သွားသည်။

"ကြီးလိုက်တဲ့မိချောင်း!''

"ချင်လင်ဘယ်တုန်းကဒီလောက်ကြီးတဲ့မိချောင်းမွေးလိုက်တာလဲ?''

"လူကိုမကိုက်ပါဘူးနော်?''

ရှောင်ရန်ကြောင့် သုံးယောက်သားလန့်သွားသည်။ သူတို့ကြောင်နေစဉ် မိချောင်းမျက်လုံးများမှေးပြီး အူကြောင်ကြောင်ရုပ်ပေါက်သွားသည်ကိုသတိထားမိသည်။

ချစ်စရာကောင်းသောအရည်အသွေးကြောင့်ပင်။

ထို့နောက် ရှောင်ရန်ကနောက်ပြန်လှည့်ပြီး လွတ်မြောက်ဖို့ပြေးနေသလို အခန်းအပြင်ပြေးသွားသည်။

ထိုမြင်ကွင်းကြောင့် ချန်ရှန်းဖေတို့သုံးယောက်သား အချင်းချင်းကြည့်လိုက်ကြသည်။

သူတို့ကြောင်ပြီး ဘာပြောရမှန်းမသိ။

နောက်ဆုံး သုံးယောက်သားသက်ပြင်းချလိုက်ကြသည်။

ချင်လင်က ထူးထူးဆန်းဆန်းတိရစ္ဆာန်တွေမွေးတတ်တာပဲမလား?

ပုံမှန်ဟုတ်ပုံပါပဲ!

သုံးယောက်သား မျှော်စင်ထဲဝင်လိုက်သည်။ အထဲမှစားပွဲဝိုင်းတွင်ထိုင်ထိုင်ချင်း တစ်ခုခုပုံမှန်မဟုတ်သလိုခံစားရသည်။

"အပူချိန်က အပြင်နဲ့မတူဘူး''

ချန်ရှန်းဖေ အံ့ဩသွားသည်။

"နည်းနည်းထူးခြားတယ်''

မာလဲ့ဝမ်က ခေါင်းညိမ့်လိုက်ပြီး_

"အပူချိန်က အပြင်မှာထက်နေလို့ကောင်းတယ်!''

လီရှင်းလည်းခံစားမိသည်_

"ဒီအပူချိန်က ရုံချန်းရာသီဥတုထက်ပိုကောင်းတာပေါ့''

သူကလျှောက်သွားကြည့်ပြီး အပူချိန်တူကြောင်း၊ လုံးဝမပြောင်းလဲကြောင်း၊ နေရောင်အောက်မှာတောင် ဒီအတိုင်းပဲဖြစ်ကြောင်း သိသွားသည်။

နည်းနည်းမယုံနိုင်စရာ။

"ခင်ဗျားတို့နှစ်ယောက် လမ်းထွက်လျှောက်ကြည့်... ဒီနေရာမဟုတ်သေးဘူး''

လီရှင်းက အမှတ်တမဲ့ပြောသည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က အမှတ်တမဲ့မတ်တပ်ထရပ်ကာလမ်းလျှောက်လာသည်။ ထို့နောက် လီရှင်းရပ်နေသောနေရောင်အောက်သွားကြည့်ပြီး အံ့ဩသွား၏။

မဟုတ်သေးဘူး!

ပတ်ဝန်းကျင်အပူချိန်ကို မှော်ပညာနှင့်ထိန်းထားတာလား?

အခန်း ၁၂၉၂: အံ့ဖွယ်မြက်!

ထိုအခြေအနေကြောင့် ချန်ရှန်းဖေတို့သုံးယောက်အံ့အားသင့်နေသည်။

မော်ဒန်ခေတ်တွင် အပူချိန်ထိန်းကိရိယာများစွာရှိသည်။

လေအေးပေးစက်မှာ လူတိုင်းအိမ်သုံးအမျိုးအစားတစ်ခုဖြစ်၏။

သို့သော် ထိုပစ္စည်းကိရိယာများကအပူချိန်ထိန်းနိုင်ရင်တောင် အခန်းထဲမှာသာဖြစ်သည်။ ကွင်းပြင်တွင် ဒီလိုအပူချိန်ထားဖို့မဖြစ်နိုင်။

အရေပြားနှင့်ခံစားခြင်းကြောင့်မတိကျသော်လည်း တသမတ်အပူချိန်လိုခံစားရသည်။ အပူချိန်ကအတူတူပင်။ နေရောင်ခြည် သို့မဟုတ် လေတောင် ဒီအပူချိန်အပေါ်သက်ရောက်မှုမရှိသလိုလို။

ရုံးခန်းထဲ၌_

ပါမောက္ခပို့ပေးသောအချက်အလက်များကြည့်ပြီး ချင်လင်ရုံးခန်းအပြင်ထွက်လာသည်။ သူကဝိုင်သိုလှောင်ခန်းထဲသွားပြီး ချင်းလင်ဆေးဖက်ဝင်တစ်ပုလင်းထုတ်လာ၏။

လောင်ချန်၊လောင်မာ၊လီရှင်းတို့ရောက်လာမှတော့ အရင်ဆုံးဝိုင်နှင့်ဧည့်ခံရမည်။

သူဧည့်ခန်းထဲသွားသောအခါ သူတို့သုံးယောက်ကိုမတွေ့။

ဝိုင်ပုလင်းချပြီးဧည့်ခန်းအပြင်ထွက်လိုက်မှ သုံးယောက်သား မျှော်စင်ထဲခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး တစ်ခုခုဆွေးနွေးနေကြသည်ကိုတွေ့ရသည်။

ချင်လင်က မျှော်စင်ဘက်လျှောက်သွားပြီး မျှော်စင်ထဲဝင်ဝင်ချင်း အံ့ဩသွားသည်။

အထဲဝင်လိုက်သည်နှင့် အပူချိန်ကွာခြားမှုကိုခံစားမိသည်။ လန်းလန်းဆန်းဆန်းနှင့်နေသာထိုင်သာရှိသွားသလိုပင်။

ရုံချန်းရာသီဥတုပြောင်းပြီးနောက်ပိုင်း နွေမှာအေး၊ဆောင်းမှာနွေးသောကြောင့် သာယာသော်လည်း အခုအပူချိန်ကပိုသိသာသည်။

ဘာဖြစ်နေလဲ သူချက်ချင်းသိလိုက်သည်။

အပူချိန်ထိန်းမြက်ပင်ကြီးလာသောကြောင့်ဖြစ်မည်။ ပတ်ဝန်းကျင်မှာ အပူချိန်တသမတ်တည်းရှိနေသည်။ ချန်ရှန်းဖေတို့သုံးယောက်လည်း သူ့ကိုမြင်သည်။

"ချင်လင်.. မင်းရောက်လာတာအတော်ပဲ''

ချန်ရှန်းဖေကချက်ချင်းရောက်လာပြီး သူ့ကိုဆွဲခေါ်သည်။ သူ့မျက်နှာက စူးစမ်းချင်သောမူလတန်းကျောင်းသားလိုလို_

"အပူချိန်က ဘာလို့ဒီလိုဖြစ်နေတာလဲ? နေရောင်အောက်နဲ့အရိပ်ထဲမှာ မကွာဘူးမလား? ကြည့်ရတာ အတူတူပဲထင်တယ်''

လီရှင်းနှင့်မာလဲ့ဝမ်လည်း စူးစမ်းချင်စိတ်နှင့်ရောက်လာပြီးအဖြေစောင့်နေသည်။

ချင်လင်က စူးစမ်းနေသောသူတို့သုံးယောက်ကိုကြည့်ပြီးပြုံးကာ_

"ကျွန်တော့်နောက်လိုက်ခဲ့!''

သူတို့ကို အပူချိန်ထိန်းမြက်ရှေ့ခေါ်သွားသည်။

အပူချိန်ထိန်းမြက် တကယ်ကြီးနေပြီ။

အနီရောင်၊အပြာရောင်အရွက်များဖြစ်သွားပြီ။

"လိပ်ကျောကုန်းလား?''

မာလဲ့ဝမ်ကအပင်ကိုမှတ်မိသော်လည်း တစ်ခုခုမှားနေသလိုလို_

"မတူဘူးပဲ... လိပ်ကျောကုန်းမှာ အရောင်မရှိဘူး''

"ချင်လင်.. ဒီအပူချိန်က လိပ်ကျောကုန်းကြောင့်လား?''

ချန်ရှန်းဖေက မေးသည်။

တခြားနေရာမှာဆို ဒီလိုအတွေးမျိုးဝင်မည်မဟုတ်။ ဘယ်အပင်က အပူချိန်ထိန်းနိုင်မှာလဲ?

ဒါပေမဲ့ ချင်းလင်အပန်းဖြေစံအိမ်ဖြစ်နေသည်။ ချင်လင်ရှိရင် ထူးထူးဆန်းဆန်းအပင်တွေရှိတတ်တယ်မလား?

ချင်လင်ကခေါင်းညိမ့်ပြီး ပြုံးပြုံးနှင့်ရှင်းပြသည်_

"ဟုတ်တယ်.. လိပ်ကျောကုန်းလို့ခေါ်တာ... ကျွန်တော်က အပူချိန်ထိန်းမြက်လို့ခေါ်ရတာပိုကြိုက်တယ်... ဒီအပင်က အပူချိန်ကိုတသမတ်ထိန်းထားပေးနိုင်တယ်... အခုခေတ်စက်ပစ္စည်းတွေတောင် သူ့လိုအာနိသင်မျိုးမရနိုင်ဘူး... လုံလုံလောက်လောက်စိုက်ထားရင် ဆောင်းတွင်း​ဖြစ်ဖြစ် နွေရာသီဖြစ်ဖြစ် အပူချိန် ၂၂ ကနေ ၂၅ အတွင်းထိန်းထားနိုင်တယ်''

"အဲလောက်ထူးဆန်းလား?''

လီရှင်းမျက်နှာမှာ အံ့ဩမှုကအတိုင်းသား။

သုတေသနသမားမဟုတ်သော်လည်း အပူချိန်ထိန်းရတာဘယ်လောက်ခက်မှန်း သူသိသည်။

"စမ်းကြည့်ရင် သိမှာပဲမလား?''

ရုတ်တရက် မာလဲ့ဝမ်စမ်းသပ်ချင်သွားသည်။ သူကချန်ရှန်းဖေကိုဆွဲပြီး_

"လောင်ချန်... အပင်တွေကိုတခြားနေရာရွှေ့ကြည့်ရအောင်''

ချန်ရှန်းဖေ သဘောပေါက်သည်။

သူလည်းသိချင်နေသောကြောင့် မာလဲ့ဝမ်နှင့်အတူ အပူချိန်ထိန်းမြက်အိုးမပြီး တခြားဘက်လျှောက်သွားသည်။

ထိုနေရာအပူချိန်က မျှော်စင်ထဲကအပူချိန်နှင့်မတူတော့။ ပုံမှန်ဖြစ်နေသည်။

အပူထိန်းမြက်အိုးကသေးသေးမဟုတ်သောကြောင့် နှစ်ယောက်သားပေါင်းမရသည်။

မြန်မြန်ဆန်ဆန်ပင် အပူချိန်ထိန်းမြက်ကိုနေရောင်အောက်ရွှေ့လိုက်ကြသည်။

ဒီနေရာအပူချိန်က ပုံမှန်​ဖြစ်သည်။

နှစ်ယောက်သားပြန်လာပြီး အပူချိန်ထိန်းမြက်နောက်တစ်အိုးရွှေ့သည်။ ထို့နောက် တတိယမြောက်အိုးရွှေ့သည်။

တတိယမြောက်အိုးရွှေ့လိုက်သောအခါ အပူချိန်ထိန်းမြက်သုံးအိုးနားတွင် အပူချိန်ပြောင်းလဲလာသည်ကိုသတိထားမိသည်။

ပြောင်းလဲပုံမှာသိသိသာသာဖြစ်သောကြောင့် အာနိသင်ကလန့်စရာကောင်းသည်။

မာလဲ့ဝမ်ကစံအိမ်ထဲအမြန်သွားပြီး အစောင့်တစ်ဦးထံမှသာမိုမီတာငှားသည်။

သူထွက်လာသောအခါ အပူချိန်ထိန်းမြက်အိုးနားမှအပူချိန်ပြောင်းလဲလာသည်ကို သေချာခံစားမိသည်။

ထို့နောက် သာမိုမီတာချကြည့်ရာ အပူချိန်စပြောင်းလာသောကြောင့် အံ့ဩသွားသည်။

အပူချိန်ထိန်းမြက်အိုးနားမှအပူချိန်မှာ ၂၃ ဒီဂရီတွင်တန်းနေသည်။

ထို့နောက် အပူချိန်ထိန်းမြက်သုံးအိုးကိုခြစ်ခြစ်တောက်ပူနေသောနေရောင်အောက်ရွှေ့လိုက်သည်။ ပုံမှန်အတိုင်းဆို အပူချိန်ကဘယ်လိုဖြစ်ဖြစ်မပြောင်းလဲ။

သို့ရာတွင် သာမိုမီတာအပူချိန်က အစပိုင်း ၂၅ ဒီဂရီအထိတက်ပြီး ၂၃ သို့အမြန်ပြန်ကျသွား၏။

တကယ်အပူချိန်ထိန်းမြက်ပင်။ ပတ်ဝန်းကျင်အပူချိန်ဘယ်လိုရှိရှိ အပူချိန်တသမတ်ထိန်းနိုင်သည်။

"အာနိသင်က အံ့ဩစရာပဲ''

ချန်ရှန်းဖေရေရွတ်လိုက်သည်။

မာလဲ့ဝမ်က ချင်လင်ကိုမမေးဘဲမနေနိုင်တော့_

"ချင်လင်.. အပူချိန်ထိန်းမြက်အာနိသင်က ဘယ်လောက်အကျယ်အဝန်းထိရလဲ?''

"မီတာ ၁၅၀ ပတ်လည်အခန်းလောက်ကို ငါးအိုးဆိုရပြီ''

ချင်လင်ကရှင်းပြသည်။

"စျေးကရော? ဒီလောက်ထူးခြားတာ စျေးမနည်းဘူးမလား?''

မာလဲ့ဝမ်ကမေးသည်။

"ကုန်ကျစရိတ်က လိပ်ကျောကုန်းထက်မများဘူး''

ချင်လင်ကပြုံးပြီးပြောသည်။

ဒီကုန်ကျစရိတ်က သုတေသနကုန်ကျစရိတ်ကဲ့သို့ မရေမရာကုန်ကျစရိတ်ကိုအခြေခံတွက်ခြင်းမဟုတ်။

ဥပမာ ဆဲလ်ဖုန်းတစ်လုံးရဲ့တကယ့်ကုန်ကျစရိတ်ကဘယ်လောက်လဲ?

စျေးအများစုက ဘရန်းနှင့်နည်းပညာကုန်ကျစရိတ်အပေါ်အခြေခံထားသည်။ အထူးသဖြင့် နည်းပညာကုန်ကျစရိတ်ပင်။

ဆေးအများစုမှာ ဆင့်အနည်းသာကုန်ကျသော်လည်း ယွမ်ထောင်ချီစျေးနှင့်ရောင်းသည်။

ဒါ သုတေသနကုန်ကျစရိတ်ကြောင့်ဖြစ်သည်။

ဘီလီယံချီကုန်ကျထားတဲ့စရိတ်ကို တခြားဘယ်နည်းနဲ့ပြန်ဖာထေးမလဲ?

ဒါပေမဲ့ ချင်လင်ကျ အပူချိန်ထိန်းမြက်သုတေသနကုန်ကျစရိတ်ကဘယ်လိုဖြစ်မလဲ?

ဂိမ်းသစ်တောထဲက သူဒီအတိုင်းတူးလာခြင်းဖြစ်သည်။

အပြင်ကိုရောင်းရင် သုတေသနကုန်ကျစရိတ်နည်းနည်းပေါင်းရမည်။ 'သုတေသနကုန်ကျစရိတ်ရှိပါတယ်'လို့သူပြောရင် ဘယ်သူမှမသိသောကြောင့် သူရှိချင်ရှိလိုက်ရုံသာ။

အခန်း ၁၂၉၃: အံ့ဖွယ်မြက်! ၂

တစ်ုတည်းသောပြဿနာက သုတေသနကုန်ကျစရိတ်ပင်။

လီရှင်းကရုတ်တရက်တစ်ခုခုတွေးမိသည်_

"ချင်လင်.. ငါအရင်က သတင်းတစ်ပုဒ်ဖတ်ဖူးတယ်... ဟွရှင်းလေအေးပေးစက်က မင်းရဲ့ချင်းလင်စံအိမ်ကိုနာမည်ဖျက်ဖို့ကြိုးစားဖူးတယ်ထင်တယ်... ချင်းလင်ဓာတ်ခွဲခန်းက သူတို့လေအေးပေးစက်နဲ့ယှဉ်နိုင်မယ့်ပစ္စည်းမျိုးထုတ်မှာမစိုးရိမ်ဘူးလို့ လိုင်းပေါ်မှာပြောတဲ့သူတောင်ရှိတယ်... ချင်လင် မင်းဒီလောက်မြန်မြန်ရသွားမယ်လို့မထင်မိဘူး''

ထို့ကြောင့် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က အမှတ်တမဲ့ချင်လင်ကိုကြည့်လိုက်ကြသည်။

ချင်လင်က ထိုဗီဒီယိုကြည့်ဖူးသည်။ သူကအောင့်သက်သက်နှင့်တန်းပြောလိုက်၏_

"အဲဒါတိုက်ဆိုင်တာလို့ပြောရင် ယုံမလား?''

ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့က အသံတိတ်ပြီး အပူချိန်ထိန်းမြက်ကိုကြည့်နေကြသည်။ ဒီအချိန် ဆိတ်ဆိတ်နေတာပိုကောင်းမည်။

ထို့နောက် သုံးယောက်သားစနောက်ကြ၏_

"ဟွရှင်းရဲ့လော့ရှန်းက အားလုံးထဲမှာမှချင်းလင်စံအိမ်ကိုဘာလို့ပစ်မှတ်ထားတာလဲ?''

"ဟွရှင်းက ဒုတိယအကြီးဆုံးလေအေးပေးစက်ဘရန်း Gri နေရာကိုအစားထိုးလိုက်တယ်လို့ကြားတယ်... စျေးကွက်ခန့်မှန်းချက်အရ ဟွရှင်းကထိပ်ဆုံးရောက်နိုင်တယ်တဲ့''

"ထိပ်ဆုံးရောက်တော့ဘာဖြစ်လဲ? အမြင့်ကကျရင် ပိုနာတာပေါ့''

သုံးယောက်သား ဟွရှင်းနှင့်သူဌေးလော့ရှန်း၏အဆုံးသတ်ကိုမြင်နေရသည်။

ချင်လင်ခေါင်းထဲမိုးမှောင်သွားသည်။ သူတို့သုံးယောက်က သူ့ကိုလုံးဝမယုံ။

"ချင်လင်.. ဒီအပူချိန်ထိန်းမြက် ငါ့ကိုအရင်ပေးပါလား? ငါ့ကုမ္ပဏီအဖွဲ့ခွဲတစ်ခုက အင်တာနက်စျေးကွက်ထဲဝင်နေပြီ... ဆာဗာခန်းမှာလိုအပ်ချက်များလို့ အပူချိန်အရမ်းထိန်းရတယ်''

"မဟုတ်ရင် အင်တာနက်တစ်ခုလုံးရပ်သွားမှာ... ငါတို့နက်ဝါ့ခ်အပေါ်သက်ရောက်မှုကြီးလိမ့်မယ်''

"ဒီလိုအခြေအနေမှာ ဒီလောက်အဆင့်ရှိတဲ့ဆာဗာမှပဲ ငါတို့လိုအပ်ချက်ကိုထိန်းနိုင်မှာ... ဆာဗာခန်းမှာ ဒီလိုအပူပြန့်တာမျိုးကပြဿနာရှိတယ်... စွမ်းအင်အထုတ်များတဲ့အဓိကနက်ဝါ့ခ်ကုမ္ပဏီကြီးတွေအားလုံးမှာ ဒီလိုပြဿနာရှိတယ်''

"မင်းရဲ့အပူချိန်ထိန်းမြက်က ဆာဗာခန်းလေအေးပေးစက်နေရာကိုအစားထိုးနိုင်တယ်... ဘာပဲဖြစ်ဖြစ် အပူချိန်တသမတ်တည်းရှိဖို့က ဆာဗာခန်းရဲ့လိုအပ်ချက်ပဲ... မပူလွန်းမအေးလွန်း ၂၂ _ ၂၅ ဒီဂရီက ဆာဗာခန်းရဲ့စံအပူချိန်ပဲ''

ချင်လင် မငြင်း_

"ကိစ္စမရှိပါဘူး... ဒီအသုတ်က အတော်ကြီးနေပြီ... ခင်ဗျားကို ၁၀ အိုးပေးမယ်!''

ချင်လင်သဘောတူသောကြောင့် မာလဲ့ဝမ်လည်းဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။

ထို့ကြောင့် နေ့လယ်စာစားပြီးနောက် ပစ္စည်းသယ်ကားခေါ်ပြီး အပူချိန်ထိန်းမြက် ၁၀ အိုးနှင့်ပြန်သွားသည်။ ချန်ရှန်းဖေနှင့်လီရှင်းသာကျန်ခဲ့၏။

အပူချိန်ထိန်းမြက်က ဆာဗာခန်းအပူချိန်ကိုထိန်းနိုင်မလား သူကြည့်ချင်သည်။

ချင်လင်လည်း ချင်းလင်အပန်းဖြေစံအိမ်တွင် ချန်ရှန်းဖေနှင့်လီရှင်းအတွက်အခန်းစီစဉ်ပေးသည်။

အစကသုံးယောက်သား ချင်းလင်အပန်းဖြေစံအိမ်တွင်အနားယူမည်ဟုသဘောတူထားသည်။

ဘဝမှာ မိတ်ဆွေကောင်း ၃ ယောက်မှ ၅ ယောက်ရှိဖို့မလွယ်။ သူတို့သုံးယောက်ကမိတ်ဆွေကောင်းဖြစ်သည်။ အားလပ်ချိန်ရတိုင်း ဆုံကြ၏။ ချင်လင်နေရာက အကောင်းဆုံးဆုံရပ်ပင်။

ချင်လင်လည်း အတွင်းပိုင်းအလုပ်ခန်းထဲပြန်လာသည်။ သူကတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ နတ်ဘုရားမတောင် တောင်တက်လမ်းတွင်ပေါ်လာ၏။

လောင်မာကိုအပူချိန်ထိန်းမြက် ၁၀ အိုးရက်ရက်ရောရောပေးလိုက်ခြင်းမှာ မျိုးစေ့စုရလွယ်သောကြောင့်ပင်။

လောင်မာကိုပေးလိုက်သောအပူချိန်ထိန်းမြက် ၁၀ အိုးမှာ သူစမ်းသပ်ထားခြင်းဖြစ်သည်။ အပင်ကိုသပ်ထားသောကြောင့် မျိုးစေ့မဖြစ်နိုင်။

မဟုတ်လို့ ဒီ ၁၀ အိုးကမျိုးစေ့ထွက်ရင် သေချာပေါက်ပြန့်နိုင်သည်။

လက်ရှိသူ့အဖို့ ဒါရိုးရှင်းသောကိစ္စဖြစ်သည်။

အံ့ဖွယ်ကျောက်စာနှင့်သူလေ့လာထားသောအပင်မျိုးစိတ်ဗဟုသုတမှာ ပညာရှင်အတော်များများ၊ပါမောက္ခများရနိုင်သောအရာမဟုတ်။

နတ်ဘုရားမတောင်တဝိုက်တွင် အပူချိန်ထိန်းမြက်ရှိသည်။

သူတောင်ပေါ်တက်ပြီး မျိုးစေ့ကောက်ရုံသာ။

အရင်လမ်းကြောင်းအတိုင်းသွားပြီးမကြာမီအပူချိန်ထိန်းမြက်တောရှိရာသို့ ချင်လင်ရောက်သွားသည်။

အပူချိန်ထိန်းမြက်အတော်များများကမျိုးစေ့ထွက်နေပြီဖြစ်၍ ဒီအတိုင်းကောက်ရုံပင်။

ချင်လင်ကမျိုးစေ့များတစ်စေ့ချင်းကောက်ပြီး သူယူလာသောအိတ်ထဲထည့်သည်။

မျိုးစေ့အိတ်ကြီးတစ်အိတ်ရပြီးနောက် လာလမ်းအတိုင်းပြန်လာကာ ဂိမ်းထဲမှထွက်လိုက်သည်။ အလုပ်ခန်းထဲပြန်ရောက်လာပြီး မျိုးစေ့များကိုစကိုင်တွယ်သည်။ ထို့နောက် ခေါင်မိုးထပ်တွင်အခြောက်လှန်းသည်။

အချိန်ကုန်လွန်သွား၏။

မာလဲ့ဝမ်လည်း မင်မြို့တော်ပြန်လာသည်။

သူ့အဖွဲ့ရုံးချုပ်မပြန်ဘဲ ကုမ္ပဏီအခွဲသို့တန်းသွားသည်။

ထိုကုမ္ပဏီအခွဲမှာ ရုံးအဆောက်အဦးပြင်ပတွင်ရှိပြီး သီးခြားလွတ်လပ်သည်။

သတင်းအချက်အလက်ခေတ်ဖြစ်၍ နက်ဝါ့ခ်လုပ်ငန်းကုမ္ပဏီခွဲမှာ အချိန်တစ်ခုအထိအဖွဲ့ထိပ်တန်းဦးစားပေးလည်းဖြစ်သည်။

ဥက္ကဌမာလဲ့ဝမ်ကိုယ်တိုင်ရောက်လာသောအခါ ကုမ္ပဏီခွဲမှာရှုပ်ယှက်ခတ်သွား၏။ အထွေထွေမန်နေဂျာက စီမံရေးစီနီယာနှင့်အတူထွက်လာပြီးကြိုသည်။

ထိုကုမ္ပဏီခွဲအထွေထွေမန်နေဂျာမှာ လင်းချီဖြစ်သည်။ သူကမာလဲ့ဝမ်ကိုတရိုတသေနှုတ်ဆက်ပြီး_

"ဥက္ကဌမာ.. ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးရောက်လာတာလဲ?''

မာလဲ့ဝမ်ကလိုရင်းတန်းပြောသည်_

"ဆာဗာခန်းအတွက်လာတာ? အဖြေရှာလို့ရပြီလား?''

လင်းရန်က ချက်ချင်းခေါင်းခါပြီး_

"ဥက္ကဌမာ.. ခင်ဗျားသိတဲ့အတိုင်း ဒီပြဿနာကဖြစ်နေကျပဲ... ကျင်းသုံ့ Fox နဲ့ ပင်ဂွင်းမှာတောင် ဒီလိုဆာဗာတွေရှိတယ်... လတ်တလောတော့ အပူထိန်းဖို့စျေးကြီးတဲ့ပစ္စည်းတွေကိုပဲအားကိုးနေရတာ... ဘယ်ဘရန်းကိုသုံးမလဲ ကျွန်တော်တို့ရွေးပြီးပြီ''

"ဒီလိုအပူထိန်းကိရိယာတွေက စျေးမသက်သာဘူး... ပင်ဂွင်းရဲ့ပင်မအင်ဂျင်ခန်းထဲကအပူထိန်းကိရိယာကို သန်းဆယ်ချီပေးရတယ်လို့ပြောကြတယ်''

"ဟင့်အင်း''

မာလဲ့ဝမ်က ချက်ချင်းပင်_

"ဒီလောက်စျေးကြီးတဲ့ပစ္စည်းက ပြဿနာရှင်းအောင်မလုပ်နိုင်ဘူးဆိုရင် မရွေးတော့ဘူး... ငါ့မှာ အဲထက်ကောင်းတာရှိတယ်''

"ဥက္ကဌမာ... နည်းလမ်းတွေ့ထားလို့လား?''

လင်းချီက တအံ့တဩမေးသည်_

"ဘယ်ကုမ္ပဏီရဲ့နည်းပညာအသစ်လဲ?''

All Chapters