← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း။ ၃၇

“မရှိတော့ဘူး”

ချန်ကျီရှင်းက ပခုံးတွန့်ပြလိုက်သည်။

ဓားဝိညာဉ် ချင်းအာဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်မှ ကြည်လင်ခြင်းနယ်ပယ်သို့ တိုးတက်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

“ဟုတ်ကဲ့ပါ...”

ဓားဝိညာဉ် ချင်းအာက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

“စိတ်မလောပါနဲ့။ တောင်ဘက်နယ်စပ်ကနေ ပြန်လာရင် မင်း ဗိုက်ဝအောင် ငါ ကျွေးပါ့မယ်” ချန်ကျီရှင်းက ရယ်မောလျက် ပြောလိုက်သည်။

“တကယ်လား”

ချက်ချင်းပင် ချင်းအာ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။

“တကယ်ပေါ့”

ချန်ကျီရှင်းက ပြုံးလိုက်မိသည်။

ဤဓားဝိညာဉ် ချင်းအာသည် အလွန်တရာ ကြာရှည်လှသော အချိန်ကတည်းက တည်ရှိခဲ့သူဖြစ်သော်လည်း ထိုအချိန်အများစုကို အိပ်စက်ရင်းသာ ကုန်ဆုံးခဲ့ပုံပင်။ သူမ၏ စိတ်နေစိတ်ထားမှာ မိန်းကလေးငယ်တစ်ဦးနှင့် အလွန်တူ၏။

ထို့နောက် ချန်ကျီရှင်းက သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ဓားသေတ္တာတစ်လုံး ပေါ်လာသည်။ ဤဓားသေတ္တာမှာ ရွှေနက်နဂါး စန္ဒကူးသားဖြင့် ပြုလုပ်ထားပြီး သေတ္တာမျက်နှာပြင်ပေါ်တွင် ကိုးဘုံကြယ်မှုန်များဖြင့် ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနိုင်သော ရိုးရှင်းသည့် ဝင်္ကပါအစီအရင်များကို ထွင်းထုထားသည်။

ဤသည်မှာ နတ်ဘုရားလက်နက်များကို ထိန်းသိမ်းရန်အတွက် သီးသန့်အသုံးပြုသော အဖိုးတန်ရတနာတစ်ခုပင်။

ဤဓားသေတ္တာ တစ်လုံးတည်းနှင့်တင် အပြင်လောကတွင် ကြီးမားသော ကြွယ်ဝမှုနှင့် လဲလှယ်နိုင်သည်။

“ဒါက... ကျွန်မအတွက်လား”

ချင်းအာမှာ ထိုဓားသေတ္တာကို ငေးကြည့်နေမိသည်။

“ဒါပေါ့... မင်းအတွက်မဟုတ်ရင် ဘယ်သူ့အတွက် ဖြစ်ရမှာလဲ”

ချန်ကျီရှင်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

ချင်းအာသည် ဓားသေတ္တာကို တစ်ချက်ကြည့်ကာ ချန်ကျီရှင်း၏ “ဒါက သာမန်ပါပဲ” ဆိုသည့် မျက်နှာပေးကို တစ်ချက်ကြည့်ရင်း နောက်ဆုံးတွင် သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပနိုင်တော့ဘဲ ငိုချလိုက်သည်။

“ဟီး... ဟီး... အဲဒီ ယဲ့ချန်နောက်ကို လိုက်တုန်းကဆိုရင် ဓားသေတ္တာနေနေသာသာ ဓားအိမ်တောင် မရှိခဲ့ဘူး။ ကျွန်မလို ခမ်းနားလှတဲ့ ထာဝရအသက်ရှည်ခြင်းဓားဝိညာဉ် တစ်ယောက်က စုတ်ပြတ်နေတဲ့ အဝတ်အိတ်ထဲမှာ အထုပ်ခံရပြီး နေ့တိုင်း နေပူမိုးရွာထဲ နေခဲ့ရတာ...”

“သံစုတ်တွေကိုပဲ စားခဲ့ရပြီး စုတ်ပြတ်နေတဲ့ အိတ်ထဲမှာပဲ နေခဲ့ရတာ...”

ချင်းအာသည် နောက်ဆုံးတွင် သူမ၏ နာကျင်စရာ အတိတ်များအားလုံးကို ဖွင့်ချလိုက်တော့သည်။

“ကျွန်မက သူ့အပေါ် အရမ်းကောင်းခဲ့တာ။ သူ့အသက်ကိုလည်း အကြိမ်ကြိမ် ကယ်ခဲ့တာ... ဒါပေမဲ့ သူကတော့ ကျွန်မကို ဒီလိုပဲ ပြန်ဆက်ဆံခဲ့တယ်...”

ဓားဝိညာဉ် ချင်းအာမှာ တွေးမိလေ ပို၍ခံပြင်းလေဖြစ်ကာ နောက်ဆုံးတွင် ကလေးတစ်

ယောက်လို အားပါးတရ ငိုချလိုက်သည်။

ချန်ကျီရှင်းမှာ ခေတ္တမျှ ကြောင်အသွားပြီး ဘယ်လိုချော့ရမှန်းမသိ ဖြစ်သွားရသည်။ သူသည် ဓားရိုးလေးကို လက်ဖြင့်အသာပုတ်ရင်း ကလေးတစ်ယောက်ကို ချော့သကဲ့သို့ “ကဲပါ... တိတ်ပါတော့ မငိုနဲ့တော့နော်။ လိမ္မာတယ်”

“နောင်ကျရင် ငါ့နောက်သာလိုက်ခဲ့... မင်းလိုချင်တာမှန်သမျှ ငါ အကုန်ဖြည့်ဆည်းပေးမယ်”

ချင်းအာမှာ ရှုံ့မဲ့ရှုံ့မဲ့နှင့် နှာခေါင်းနှစ်ချက်ခန့် ရှုံ့လိုက်ပြီးမှ အံတင်းတင်းကြိတ်ကာ “ယဲ့ချန်ရဲ့အလောင်းက ဘယ်မှာလဲ သူ့ကို နောက်ထပ် အချက်ပေါင်းများစွာလောက် ထပ်ခုတ်ပစ်မှ ငါ့ရင်ထဲ ကျေနပ်မှာ”

ချန်ကျီရှင်းမှာ သူ၏နှာခေါင်းကို ပွတ်ရင်း ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရသည်။

မိန်းကလေးတွေက ဒီလောက်တောင် အငြိုးအတေးကြီးတတ်ကြတာလား။

“သူ့အလောင်းက ခွေးစာကျွေးလိုက်ပြီ”

ချန်ကျီရှင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

“ဒါက သူ့အတွက် သက်ညှာလွန်းရာ ရောက်တာပေါ့”

ချင်းအာက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။ သူမသည် ဤသူဌေးအသစ်နောက်ကိုသာ အမြဲတမ်းတွဲပြီး လိုက်ပါတော့မည်ဟု စိတ်ဆုံးဖြတ်လိုက်ပုံပင်။

နောက်တစ်စက္ကန့်တွင်မူ

ချင်းအာသည် ဝှူးခနဲ ခုန်တက်ကာ ဓားသေတ္တာထဲသို့ ဝင်လိုက်သည်။ ချက်ချင်းပင် သူမသည် နွေးထွေးလှသော သမုဒ္ဒရာကြီးတစ်ခုအတွင်း ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ်အာဟာရ စွမ်းအင်များမှာ အရပ်မျက်နှာအနှံ့မှ စီးဝင်လာကာ သူမ၏ ဝိညာဉ်ကို ညင်သာစွာ ပြုပြင်ပျိုးထောင်ပေးနေတော့သည်။

“ချမ်းသာရတာ တကယ့်ကို ကောင်းတာပဲ”

ချင်းအာက ပျော်ရွှင်စွာ တွေးလိုက်မိသည်။

ကလောက်…

ချန်ကျီရှင်းသည် ဓားသေတ္တာကို ပိတ်လိုက်ပြီး လျှို့ဝှက်ခန်းမထဲမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။

“ဓားဝိညာဉ်တွေဆိုတာ ဘယ်တော့မှ သူ့များဆီမှာ အစေခံမလုပ်ဘူးဆိုတာ ဒါကိုပြောတာလား။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးရင်တော့ တစ်မျိုးပေါ့လေ”

သူသည် စိတ်ထဲမှ ရယ်မောရင်း တွေးလိုက်မိသည်။

...

...

နောက်တစ်နေ့ အရုဏ်တက်ချိန်…ရ

မြူနှင်းများ ဖုံးလွှမ်းနေသော ဇီဝေတောင်ထက်တွင် ခေါင်းလောင်းသံနှင့် စည်သံများ ဟိန်းခနဲ ပဲ့တင်ထပ်သွားသည်။

ချက်ချင်းပင် ဇီဝေတောင်၏ တောင်ထိပ်ကိုးခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။ ကျင့်ကြံနေကြသော လူငယ်ပေါင်းများစွာမှာ မျက်လုံးများကို တစ်ယောက်ပြီးတစ်ယောက် ဖွင့်လိုက်ကြသည်။

“ရောက်လာပြီ”

ကိုးခုမြောက်တောင်ထိပ်၊ ချန်မိသားစု၏ မိသားစုခွဲမျိုးဆက်များ နေထိုင်ရာနေရာ။

ခရမ်းရောင်ဆံနွယ်များဖြင့် လူငယ်တစ်ဦးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်

သည်။ သူ၏မျက်ဝန်းများအတွင်း၌ တာအိုသင်္ကေတများစွာသည် လျှပ်စီးကဲ့သို့ လက်ခနဲ ဖြတ်သန်းသွားကြသည်။

“တောင်ဘက်နယ်စပ် စမ်းသပ်ပွဲကြီး တကယ်ပဲ စတင်ပြီပေါ့လေ”

သူ၏ပုံရိပ်မှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး အိမ်အတွင်းမှ ထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ချန်မိသားစု၏ စစ်မှန်သောနဂါးက ဘယ်သူလဲဆိုတာကို မိသားစုတစ်ခုလုံး သိအောင် သူ သက်သေပြမည်ဟု ကြုံးဝါးနေတော့သည်။

...

ခုနစ်ခုမြောက်တောင်ထိပ်။

ပေတစ်ထောင်မြင့်သော ရေတံခွန်ကြီးသည် တောင်ထိပ်မှနေ၍ အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီး အောက်ခြေရှိ ကျောက်တုံးများပေါ်သို့ ရိုက်ခတ်ကာ ရေမှုန်ရေမွှားများကို တဖွဲဖွဲ လွင့်စင်နေစေသည်။ ဤနေရာမှာ ဇီဝေချန်မိသားစု၏ နာမည်ကျော် ပေတစ်ထောင်ရေတံခွန် ဖြစ်သည်။

ထိုရေတံခွန်ကြီး၏အောက်တွင် ဖရိုဖရဲဖြစ်နေသော ဆံနွယ်များနှင့်၊ ခါးအထက်ပိုင်း ဗလာကျင်းနေသော လူငယ်တစ်ဦးက မတ်မတ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာသော ကြွက်သားများဖြင့် ပြည့်နှက်နေ၏။ သူသည် ကျောက်တုံးများကိုပင် ကြွေမွစေနိုင်သော ရေတံခွန်၏ ပြင်းထန်သော ဖိအားကို အံတုရင်း ခေါင်းငုံ့လျက် ဓားမြှောင်နှစ်စင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

သူသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိချေ။

“ဆယ်နှစ်တောင် ကြာခဲ့ပြီ... နောက်ဆုံးတော့ စတင်တော့မှာပဲ”

သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ရာ အလွန်တရာ ရုပ်ဆိုးလှသော မျက်နှာတစ်ခု ပေါ်လာသည်။ သူ၏ မျက်နှာတစ်ခုလုံးတွင် ကင်းခြေများ တွားသွားနေသကဲ့သို့ အမာရွတ်များနှင့် ထူးဆန်းသော အမှတ်အသားများက ပြည့်နှက်နေ၏။

သူ၏အမည်မှာ ချုံအာပင်။

ချန်ချုံအာ...

မွေးရာပါ ရုပ်ဆိုးလွန်းသောကြောင့် မျိုးဆက်တစ်ခု၏ ဆရာသခင်ဟု ကျော်ကြားသော သူ၏ဖခင်မှာ သူ့ကို တစ်ချက်သာ ကြည့်ပြီး ရုပ်ဆိုးလေးဟု အမည်ပေးကာ အစေခံများနေထိုင်ရာ ခုနစ်ခုမြောက်တောင်ထိပ်တွင် ပစ်ထားခဲ့သည်။

၁၆ နှစ်တိုင်တိုင် သူ၏ဖခင်မှာ သူ့ထံ တစ်ခါမှ လာမကြည့်ခဲ့ဖူးချေ။ အစပိုင်းတွင်မူ အဖေဖြစ်သူက အထွေထွေကိစ္စရပ်ဌာနရှိ အစေခံများမှတစ်ဆင့် သူ၏အခြေအနေကို တစ်ခါတစ်ရံ မေးမြန်းလေ့ရှိသည်။

သို့သော် သူ၏ဖခင်၌ ရှေးဟောင်းပုံစံကိုးမျိုးပါရမီပါသော နဂါးသားတော်တစ်ဦး ထပ်မံရရှိခဲ့ချိန်မှစ၍ သူသည် လုံးဝ အမေ့လျော့ခံလိုက်ရသည်။ သူကိုယ်တိုင် ပထမတောင်ထိပ်သို့ အကြိမ်ကြိမ် သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း တိုက်ရိုက်ပင် မောင်းထုတ်ခြင်း ခံခဲ့ရသည်။

သူ၏ နဂါးသားတော် စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ သူတို့မှာ လူလွှတ်ကာ သူတို့နှစ်ဦး၏ သားအဖဆက်ဆံရေးကို ဘယ်သူ့ကိုမှ မပြောရန် ပြင်းပြင်းထန်ထန်ပင် ခြိမ်းခြောက်ခဲ့ကြသေးသည်။

ဤအရာအားလုံးမှာ သူ၏ ရုပ်ဆိုးသော ရုပ်ရည်ကြောင့်သာ ဖြစ်သည်။ သူ၏မိခင်မှာ အစေခံမလေးတစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်။

“မင်းက ငါ့ရဲ့သားကို မွေးပေးရုံနဲ့ ချန်မိသားစုဆိုတဲ့ သင်္ဘောကြီးပေါ်ကို တက်ခွင့်ရမယ်လို့ ထင်နေတာလား”

“ငါ ပြောလိုက်မယ်... ငါတို့ ချန်မိသားစုမှာ ဒီလို နိမ့်ကျပြီး ရုပ်ဆိုးတဲ့ သွေးမျိုးမရှိဘူး မင်းက ငါ ချန်ထျန်းရှုံရဲ့ သားလို့ ခေါ်ဖို့တောင် မထိုက်တန်ဘူး”

“လိမ်လိမ်မာမာနဲ့ ခုနစ်ခုမြောက်တောင်ထိပ်မှာပဲ နေစမ်း။ မင်းကို ချန်မိသားစုမှာ ဆက်နေခွင့်ပြုထားတာ ငါ့ရဲ့ ကရုဏာပဲ။ ဒါပေမဲ့ တစ်ခုခု သတင်းထွက်လာတာနဲ့ မင်းနဲ့ ငါနဲ့ ပတ်သက်ခဲ့တဲ့ အစအနလေးကိုတောင် ချန်ထားမှာ မဟုတ်ဘူး”

ချန်ထျန်းရှုံက သူနှင့် သူ့မိခင်အပေါ် ပြောဆိုခဲ့သည့် ထိုလှောင်ပြောင်သော စကားလုံးများက ချန်ချုံအာ၏ စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

ချန်ချုံအာသည် ဓားရိုးကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် အရိုးချင်းထိသံများ ထွက်ပေါ်လာပြီး လက်မောင်းရှိ အကြောများမှာလည်း ဖောင်းတက်နေသည်။

“ချန်ထျန်းရှုံ”

သူသည် ထိုအမည်ကို သွားကြားမှ မနည်းညှစ်ထုတ်ကာ ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အမူအရာမှာ တဖြည်းဖြည်း တည်ငြိမ်မှု ပြန်ရလာသည်။

“အမေ... သား အမေ့ရဲ့ ဝိညာဉ်ပြားကို ချန်မိသားစုရဲ့ ဘိုးဘွားစင်မြင့်ထက်ဆီ ဂုဏ်သိက္ခာရှိရှိ ဘယ်လိုတင်ပေးမလဲဆိုတာ ကောင်းကင်ဘုံကနေ စောင့်ကြည့်နေပါဦး”

ချက်ချင်းပင် သူသည် ပထမတောင်ထိပ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်ရာ သူ၏ ရုပ်ဆိုးလှသော မျက်နှာမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းအောင် တွန့်လိမ်သွားတော့သည်။

“ချန်ကျောက်ရှန်း... ဘုရင်ငယ်လေးဆိုတာ မင်းပေါ့လေ...”

“ကောင်းပြီလေ... ဒီတစ်ကြိမ်မှာတော့ လူတိုင်းရဲ့ရှေ့မှာ မင်းကို ငါ အပြတ်အသတ် အနိုင်ယူပြမယ်။ ချန်မိသားစုရဲ့ စစ်မှန်တဲ့ မျှော်လင့်ချက်က ဘယ်သူလဲဆိုတာ မိသားစုတစ်ခုလုံး သိစေရမယ်”

“ငါ့သွေးကြောထဲမှာလည်း မင်းတို့နဲ့အတူတူပဲ... ချန်မိသားစုရဲ့ သွေးတွေ စီးဆင်းနေတာကွ”

ချန်ချုံအာ၏ မျက်ဝန်းများမှာ ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ပထမတောင်ထိပ်၏ အထက်ဆုံးနေရာ၌ ချန်ကျောက်ရှန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်မတ်ရပ်နေသည်။ သူ၏ မျက်ခုံးအစုံကြားမှ မမြင်နိုင်သော အရှိန်အဝါများမှာ တကယ့် ဘုရင် တစ်ပါးကဲ့သို့ပင် လေးလံလှသဖြင့် အခြားသူများမှာ သူ့ကို တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှသည်။

သူ၏ အကြည့်မှာ ဇီဝေတောင်၏ တောင်ထိပ်ကိုးခုကို တစ်ခုချင်းစီ လှည့်ပတ်ကြည့်ရှုနေပြီး နောက်ဆုံးတွင် တတိယတောင်ထိပ်ရှိရာ၌ ရပ်တန့်သွားသည်။

“ငါ့ရဲ့ ညီငယ်လေး... မင်း ဘယ်လောက်အထိ ဆက်ပြီး ပုန်းနေဦးမလဲဆိုတာ ငါ တကယ်ပဲ မြင်ချင်ပါသေးတယ်”

“မင်းရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ ငါ့လိုပဲ ကြည်လင်ခြင်းနယ်ပယ်အထိ ရောက်နေပြီလား”

ချန်ကျောက်ရှန်း၏ မျက်နှာမှာ တည်ငြိမ်လွန်းလှသဖြင့် တစ်ဦးတည်း စကားပြောနေသကဲ့သို့ပင်။ သို့သော် သူ၏ မျက်ဝန်းအနက်ရှိုင်းဆုံးနေရာတွင်မူ စိတ်လှုပ်ရှားမှု အရိပ်အယောင်လေးများ ငြိမ်သက်စွာ တောက်လောင်နေသည်ကို မည်သူမျှ မမြင်နိုင်ခဲ့ချေ။

...

...

အခန်း။ ၃၈

ဇီဝေချန်မိသားစု တစ်စုလုံးမှာ ပျားများကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသော်လည်း ချန်ကျီရှင်း နေထိုင်ရာ တတိယတောင်ထိပ်မှာမူ အရာအားလုံးက တည်ငြိမ်အေးချမ်းနေဆဲပင်။

“ဟင်း... ပျင်းစရာကောင်းတဲ့ စမ်းသပ်ပွဲပဲ”

ချန်ကျီရှင်းသည် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သမ်းဝေလိုက်မိသည်။ သူသည် တောင်ဘက်နယ်စပ် စမ်းသပ်ပွဲအပေါ်တွင် တကယ်ပင် စိတ်ဝင်စားမှု မရှိလှပေ။ သူ၏ ကျင့်ကြံမှုမှာ နတ်ဘုရားခရီးသွားနယ်ပယ်၏ ကိုးဆင့်မြောက်အထိ ရောက်ရှိနေပြီဖြစ်ရာ ဤစမ်းသပ်ပွဲ၌ ပါဝင်ခြင်းမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က မူလတန်းစာမေးပွဲ သွားဖြေနေသကဲ့သို့ပင်။

ဒါက စိတ်ဝင်စားဖို့ ကောင်းလို့လား မဟုတ်ပါဘူး လုံးဝ မကောင်းပါဘူး။

သူ တောင်ဘက်နယ်စပ်သို့ သွားရသည့် တကယ့်အကြောင်းရင်းမှာ သူ၏ အရင်ဘဝက မဟာကျင့်ကြံခြင်းဂိမ်းဇာတ်ကြောင်းအရ တောင်ဘက်နယ်စပ် တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံးနေရာတွင် တာအိုဆရာ ကျိုဖုန်း၏ ဂူဗိမာန်ရှိနေသည်ကို မှတ်မိနေသောကြောင့်ပင်။

တာအိုဆရာ ကျိုဖုန်းသည် ကျင့်ကြံခြင်းလောကတွင် အထူးတလည် ထင်ရှားကျော်ကြားသူတစ်ဦး မဟုတ်ခဲ့ပေ။ သူ ကွယ်လွန်ချိန်၌ သူ၏ ကျင့်ကြံမှုမှာ နတ်ဘုရားခရီးသွားနယ်ပယ် အထွတ်အထိပ်သို့သာ ရောက်ရှိခဲ့သည်။ သို့သော် ထိုသူသည် ငယ်စဉ်အခါက ကံကောင်းထောက်မစွာဖြင့် စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်ကျင့်စဉ်တစ်ခုဖြစ်သော နတ်ဘုရားကိုးပါးကျင့်စဉ်ကို ရရှိခဲ့ဖူးသည်။

ပုံမှန်အားဖြင့် စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်တွင် ကျင့်ကြံသူများသည် သူတို့၏ ယင်ဝိညာဉ်ကို ကိုယ်နှင့်တစ်သားတည်း ပေါင်းစပ်ကာ မဟာတာအိုမျိုးစေ့တစ်ခုကို ဖော်ဆောင်ကြရသည်။ ဤမျိုးစေ့ကို အခြားအမည်တစ်ခုဖြင့် ကောင်းကင်နှင့်မြေပြင် ထင်ရှားခြင်းဟုလည်း ခေါ်ကြသည်။ ဥပမာအားဖြင့် လင်အန်းမြို့တွင် ချန်ထျန်းလျန် ထုတ်ဖော်ခဲ့သော အနန္တသွေးနယ်ပယ်မှာ သူ၏ ကောင်းကင်နှင့်မြေပြင် ထင်ရှားခြင်းပင်။

သို့သော် နတ်ဘုရားကိုးပါးကျင့်စဉ်မှာမူ ချဉ်းကပ်ပုံ မတူညီပေ။ ထိုကျင့်စဉ်သည် စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်၏ အဆင့်တစ်ခုချင်းစီတိုင်းတွင် မဟာတာအိုမျိုးစေ့ တစ်ခုစီကို ပေါင်းစည်းဖော်ဆောင်နိုင်သည်။ ဆိုလိုသည်မှာ ဤကျင့်စဉ်ကို ကိုးဆင့်မြောက်အထိ ကျင့်ကြံနိုင်ခဲ့လျှင် ကောင်းကင်နှင့်မြေပြင် ထင်ရှားခြင်း ကိုးမျိုးအထိ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ

ဝမ်းနည်းစရာကောင်းသည်မှာ တာအိုဆရာ ကျိုဖုန်းသည် ထိုကျင့်စဉ်ကို စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်အထိ ရောက်အောင် မကျင့်ကြံနိုင်ခဲ့ဘဲ တောင်တန်းကြီးများထဲတွင်ပင် အိုမင်းရင့်ရော်ကာ ကွယ်လွန်သွားခဲ့ခြင်းပင်။ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ဘူးဟုသာ ဆိုရပေလိမ့်မည်။

ချန်ကျီရှင်း တောင်ဘက်နယ်စပ်သို့ သွားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာလည်း ထိုနတဘုရားကိုးပါးကျင့်စဉ်ကို ရယူရန်ပင်။

သူသည် စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်သို့ တက်လှမ်းတော့မည် ဖြစ်ရာ ထိုနယ်ပယ်အတွက် ကျင့်စဉ်တစ်ခုကို အရေးပေါ် လိုအပ်နေခြင်းပင်။ ဤနတ်ဘုရားကိုးပါးကျင့်စဉ်သည် သူ၏ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ငါ့ရဲ့ အရင်ဘဝက မဟာကျင့်ကြံခြင်းဂိမ်းထဲမှာ ကံကြမ္မာရှင်တစ်ယောက်က ဒီကျင့်စဉ်ကို ရသွားခဲ့တာ။ အဲဒီနောက်မှာ သူက တူညီတဲ့ နယ်ပယ်ထဲမှာ ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့ပြီး နောက်ပိုင်းမှာလည်း အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လာဖို့ အုတ်မြစ်ချနိုင်ခဲ့တာပဲ"

"အချိန်ကို တွက်ကြည့်ရင်တော့ အဲဒီ ကံကြမ္မာရှင် ဒီကျင့်စဉ်ကို ရဖို့က နောက်ထပ် သုံးနှစ်

လောက် လိုသေးတယ်။ ငါ အခု သွားယူလိုက်ရင်... အသာလေး ကြားဖြတ် လုယူနိုင်တာပေါ့"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပနေသည်။

အရင်ဆုံး တောင်ဘက်နယ်စပ်ကို သွားမယ်။ အဲဒီမှာရှိတဲ့ နတ်ဘုရားကျင့်စဉ်ကို ရအောင်ယူမယ်။ ပြီးတာနဲ့... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်အထိ တက်လှမ်းနိုင်အောင် လုပ်ရမယ်။

သူ၏ ရည်မှန်းချက်မှာ ရှင်းလင်းပြတ်သားလွန်းလှသည်။

"သခင်လေး... ဒါက သခင်လေးအတွက် ကျွန်မ လုပ်ပေးထားတဲ့ ပဲကိတ်တွေ၊ သင်းရနံ့ကိတ်တွေနဲ့ ပဲနီကိတ်တွေပါ။ အဲဒီမှာ ဆာရင် စားဖို့အတွက် မုန့်အချို့ ထည့်ပေးထားတယ်နော်"

ပိလော့မှာ ချန်ကျီရှင်းအတွက် အထုတ်အပိုးများ ပြင်ပေးရင်း တတွတ်တွတ် ပြောနေတော့သည်။

"သခင်လေး... ဒါက သခင်လေး ပထမဆုံးအကြိမ် ခရီးဝေးသွားရတာလေ။ တစ်ခုခု ဖြစ်ရင် သုံးဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေလည်း အများကြီး ယူသွားဦးနော်"

"သခင်လေး... တောင်ဘက်နယ်စပ်မှာ မြွေတွေ၊ အင်းဆက်တွေ၊ ခြင်တွေနဲ့ ပုရွက်ဆိတ်တွေ အရမ်းများတယ်လို့ ကြားတယ်။ အဲဒါကြောင့် အဆိပ်ဖြေဆေးတွေလည်း အများကြီး ပြင်ပေးထားတယ်။ စားပွဲပေါ်မှာ တင်ထားတယ်နော်... မေ့မသွားနဲ့ဦး..."

"သခင်လေးအတွက် လဲဖို့ ဝတ်စုံ ဆယ်စုံနဲ့ အတွင်းခံတွေလည်း ထည့်ပေးထားတယ်။ သခင်လေးက ငယ်ငယ်ကတည်းက အသန့်ကြိုက်တာ ကျွန်မ သိတာပေါ့..."

ချန်ကျီရှင်းမှာ အတွေးထဲမှ ပြန်လည် နိုးထလာပြီး မပြုံးဘဲ မနေနိုင်တော့ချေ။ အမှန်တကယ်

တွင် သူ၏ ကျင့်ကြံမှုအဆင့်အရ အဆိပ်မှန်သမျှမှာ သူ့ကို မတိုးနိုင်သလို ခန္ဓာကိုယ်မှာလည်း အညစ်အကြေး ကင်းစင်နေပြီး အစားအသောက်ပင် လိုအပ်သူ မဟုတ်တော့ပေ။ သို့သော် သူသည် သူ၏ လက်သူကြွယ်ရှိ သိုလှောင်လက်စွပ်ကို ညင်သာစွာ ပွတ်သပ်ရင်း သူမ၏ စကားများကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေမိသည်။

"သခင်လေးက ငယ်ငယ်ကတည်းက အခိုင်းအစေတွေနဲ့ပဲ နေလာတာ။ အခု တစ်ယောက်တည်း ဘယ်လိုလုပ်မလဲ ကျွန်မပါ... လိုက်ခဲ့ရမလားဟင်"

ပိလော့က ခေါင်းမော့ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ကလေးမလေးရာ... ငါက ရက်ပိုင်းလောက်ပဲ သွားမှာပါ။ မိသားစုက လူကြီးတွေလည်း ပါတာပဲဟာ"

ချန်ကျီရှင်းက မတ်တပ်ရပ်လိုက်ပြီး ပိလော့၏ ခေါင်းလေးကို ပွတ်သပ်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။ ထို့နောက် ပိလော့ ပြင်ပေးထားသော အထုတ်အပိုး အကြီးအသေး အားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီး စန္ဒကူးဓားသေတ္တာကို ပခုံးမှာ လွယ်လိုက်သည်။

"ကဲ... သွားကြစို့"

...

...

ချန်ကျီရှင်း တောင်တံခါးရှိ ရင်ပြင်သို့ ရောက်ရှိလာချိန်တွင်မူ တောင်တံခါးရင်ပြင်တစ်ခုလုံးမှာ ချန်မိသားစုဝင် လူငယ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

ချန်ကျီရှင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အများစုမှာ ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်တွင်သာ ရှိကြပြီး အနည်းငယ်မျှသာ ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိနေကြသည်ကို တွေ့ရသည်။ ထိုသူများထဲတွင် လူနှစ်ဦးကမူ ချန်ကျီရှင်း၏ အာရုံကို အနည်းငယ် ဖမ်းစားနိုင်ခဲ့သည်။

တစ်ဦးမှာ ခရမ်းရောင်ဆံနွယ်ရှည်များ ဝဲကျနေသော လူငယ်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်၏ အရှိန်အဝါများ ထွက်ပေါ်နေကာ မျက်ဝန်းထဲ၌ မဟာတာအို သင်္ကေတများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ အခြားတစ်ဦးမှာမူ ခါးတွင် ဓားမြှောင်နှစ်စင်း ချိတ်ဆွဲထားပြီး မျက်နှာတစ်ခြမ်းကို သံမဏိမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသော ထူးဆန်းသည့်လူငယ်ပင်။ ဤဓားမြှောင်နှစ်စင်းနှင့် လူငယ်ကို ချန်ကျီရှင်းတစ်ယောက် ချန်မိသားစုထဲတွင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သို့သော် ချန်ကျီရှင်းသည် သူတို့ကို တစ်ချက်ကြည့်ရုံသာ ကြည့်လိုက်ပြီး အကြည့်ကို ပြန်လွှဲလိုက်သည်။ သူ၏ ရင်ထဲတွင် မည်သည့် လှုပ်ခတ်မှုမှ မရှိခဲ့ပေ။ ချန်ကျီရှင်းအတွက်မူ သူတို့သည် ကလေးများသာ ဖြစ်ကြပြီး သူ၏ အမြင်အာရုံမှာ ဤအဆင့်ထက် အများကြီး ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

“တတိယသခင်လေး”

“တတိယသခင်လေး လာပြီဟေ့”

“ငါကြားတာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက တတိယသခင်လေးက အခြေခံပညာသင်တန်းမှာ မိသားစုလူကြီးတစ်ယောက်ကို အပြန်အလှန် စောဒကတက်ပြီး အဲဒီလူကြီးကိုတောင် စကားမပြောနိုင်အောင် လုပ်လိုက်တယ်ဆိုပဲ”

“ဒါက သူက တိုက်ရိုက်မျိုးဆက်ဖြစ်နေလို့ပေါ့ကွာ။ ငါတို့လို မိသားစုခွဲတွေသာဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတာ ကြာလှပြီ”

“ငါကြားတာတော့ တတိယသခင်လေးရဲ့ ကျင့်ကြံမှုက ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတယ်ဆို။ အခု တောင်ဘက်နယ်စပ်မှာ သူသာ ရမှတ်မကောင်းရင် တိုက်ရိုက်မျိုးဆက်ဆိုတဲ့ နာမည်ကို သိက္ခာကျစေမှာ မဟုတ်ဘူးလား”

“ဟွန်း... ချန်ကျီရှင်းက သူ့ရဲ့ မျိုးရိုးကို အားကိုးနေတာပါ။ ငါတို့သာ သူ့လို နောက်ခံမျိုး ရှိရင် သူတို့ထက် အများကြီး ပိုပြီး အောင်မြင်နေမှာ အသေအချာပဲ”

“ဟုတ်တယ်... ငါတို့မှာသာ သူ့လို အရင်းအမြစ်တွေ ရှိရင် နဂါးလို ပျံတက်နေတာ ကြာလှပြီ”

“ကောင်းကင်ကြီးက တကယ်ကို မတရားဘူး။ ငါတို့က ကြိုးစားသလောက် မျိုးရိုးနိမ့်လို့ အရင်းအမြစ်တစ်ခုချင်းစီအတွက် လုယူနေရတယ်။ တစ်ဖက်မှာကျတော့ ချန်ကျီရှင်းလို အပျင်းထူတဲ့သူက ဘာမှမလုပ်ဘဲ အရာအားလုံးကို အလွယ်တကူ ရနေတာပဲ”

“အေးလေ... ဘာတတ်နိုင်မှာလဲ။ သူက ကံကောင်းလို့ အဖေကောင်းဆီမှာ လူလာဖြစ်တာကိုး”

“ဟဲဟဲ... တောင်ဘက်နယ်စပ်ရောက်တာနဲ့ ချန်ကျီရှင်းကို ငါ့ခြေဖဝါးအောက်မှာ နင်းပြမယ်။ မျိုးရိုးသွေးက အရာအားလုံးကို မဆုံးဖြတ်နိုင်ဘူးဆိုတာ မိသားစုလူကြီးတွေ သိအောင် ငါ ပြလိုက်မယ်”

တိုးတိုးတိတ်တိတ် ပြောဆိုသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။ သို့သော်လည်း

ချန်ကျီရှင်းက သူတို့အနားသို့ လျှောက်လှမ်းသွားချိန်တွင်မူ မိသားစုခွဲနှင့် အနွယ်ဝင် ချန်

မိသားစုဝင်များသည် သူတို့၏ မကျေနပ်ချက်များကို မျိုသိပ်လိုက်ကြပြီး ခေါင်းငုံ့ကာ ရိုရိုသေသေပင် နှုတ်ဆက်လိုက်ကြသည်။

“တတိယသခင်လေး”

“တတိယသခင်လေးကို ဂါရဝပြုပါတယ် ခင်ဗျာ”

“တတိယသခင်လေး... ရှေ့က ကြွပါဦး”

ချန်ကျီရှင်းကမူ သူတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ခေါင်းအသာငြိမ့်ပြကာ လူအုပ်၏ ရှေ့ဆုံးသို့ လျှောက်သွားလိုက်သည်။ တောင်ဘက်နယ်စပ် စမ်းသပ်ပွဲကို ကြီးကြပ်ရန် ရောက်ရှိနေကြသည့် မိသားစုလူကြီးများကမူ ချန်ကျီရှင်းကို မြင်သည်နှင့် ပြုံးပြုံးရွှင်ရွှင်ပင် “တတိယသခင်လေး ရောက်လာပြီပဲ” ဟု ပြောကာ ခရီးဦးကြိုပြုကြသည်။

ချန်မိသားစုမှာ အဆင့်အတန်း ခွဲခြားမှု အလွန်ပြင်းထန်လှပြီး တိုက်ရိုက်မျိုးဆက်နှင့် မိသားစုခွဲများကြားတွင် သဘာဝအတိုင်း ခြားနားချက်များ ရှိနေခြင်းပင်။

မိသားစုခွဲများထဲတွင် ချန်ကျီရှင်းထက် ကျင့်ကြံမှု အားကောင်းသူများ ရှိနိုင်သော်လည်း သူတို့အားလုံးမှာ တိုက်ရိုက်မျိုးဆက်ဖြစ်သည့် ချန်ကျီရှင်းကို အနည်းငယ်မျှ ရိုင်းစိုင်းခွင့်မရှိဘဲ အရိုအသေ ပေးကြရသည်။

အကြောင်းမှာ ချန်ကျီရှင်းသည် ဇီဝေချန်မိသားစု ဘိုးဘွားများ၏ သန့်စင်ဆုံးသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ အခြားတစ်ဖက်တွင်မူ မိသားစုခွဲများဆိုသည်မှာ တခြားဆွေမျိုးများမှ ဆင်းသက်လာသူများ သို့မဟုတ် ဘိုးဘွားများက ဂုဏ်ပြုသောအားဖြင့် ချန်ဟူသော မျိုးရိုးနာမည် ပေးထားသည့် အစေခံများ၏ မျိုးဆက်များသာ။

“ကျီရှင်း တူလေး”

နွေးထွေးသော အသံတစ်ခုက ချန်ကျီရှင်းကို လှမ်းခေါ်လိုက်သည်။ ၎င်းမှာ ဤစမ်းသပ်ပွဲကို အဓိက ကြီးကြပ်မည့်သူ ချန်ထျန်းချန်ပင်။ သူ့ဘေးတွင်မူ သံမျက်နှာဖုံးတစ်ဝက် တပ်ထားပြီး ခါးတွင် ဓားမြှောင်နှစ်စင်း ချိတ်ထားသည့် မိန်းကလေးငယ်လေး လင်းအာကလည်း ချန်ကျီရှင်းကို ချိုသာစွာ ပြုံးပြနေသည်။

ချန်ကျီရှင်းကလည်း “ဦးလေးထျန်းချန်... လင်းအာ” ဟု ရင်းရင်းနှီးနှီးပင် ပြန်ထူးလိုက်သည်။

ချန်ထျန်းချန်က နောက်ပြောင်သလိုဖြင့် “ဟေး... မင်းအဖေကတော့ အခုထိ ပြန်မလာသေးဘူးလား။ ဘယ်တွေ လျှောက်သွားနေတာလဲ” ဟု မေးရာ ချန်ကျီရှင်းက ပခုံးတွန့်ပြလျက် “ဘယ်သူသိမှာလဲ ဦးလေးရာ။ ကျွန်တော့် အဖေနဲ့ အမေကတော့ တောတောင်တွေထဲမှာ လည်ပတ်ရင်း သာယာနေကြတာ ထင်ပါရဲ့” ဟု ပြန်ဖြေလိုက်သည်။

သူတို့ စကားပြောနေကြစဉ်မှာပင် ရုတ်တရက် လူအုပ်ထဲ၌ ရိုသေလေးစားစွာ နှုတ်ဆက်သံများ ဆူညံသွားပြီး လူအုပ်ကြီးမှာ ဘေးတစ်ဖက်တစ်ချက်သို့ အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။ ချန်မိသားစု လူငယ်အားလုံးမှာ ခေါင်းငုံ့လျက် အလွန်အမင်း ရိုသေသော ပုံစံမျိုး ပြုလုပ်လိုက်ကြသည်။

အဆိုပါ လမ်း၏ အဆုံးတွင်မူ ချန်ကျောက်ရှန်း ပေါ်လာတော့သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး မှင်လိုမည်းနက်သော ဆံနွယ်များက လေထဲတွင် ဝဲကျနေကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် အထာကျကျ လျှောက်လာနေခြင်းပင်။

All Chapters