ကြားဝင် အမြတ်ထုတ်ပြီ
Vol. 19 Ch. 201
လူအုပ်၏ မရပ်မနား တိုက်ခိုက်မှုကြောင့် ကျောက်တံခါးမှာ အသံတစ်ချက် မြည်လာပြီး အက်ကြောင်း တစ်ခု ပေါ်လာသည်။ အားလုံး ဝမ်းသာသွားကြပြီး နောက်ထပ် တိုက်ခိုက်မှုအချို့ ပြုလုပ်ပြီးနောက် ကျောက်တံခါးမှာ လူနှစ်ဦး ဝင်နိုင်လောက်အောင် လမ်းကြောင်းပွင့်သွားသည်။
လမ်းပွင့်သည်နှင့် ထန်မိသားစုမှ ကျင့်ကြံသူတစ်ဦး အရင်ဆုံး ပြေးထွက်သွားသည်။ သို့သော် အပြင်ရောက်သည်နှင့် ကြောက်မက်ဖွယ် ငွေရောင်အလောင်းရုပ်သေးဖြင့် ထိပ်တိုက်တိုးတော့သည်။
ငွေရောင်အလောင်းရုပ်သေးက လက်သည်းဖြင့် ကုတ်ချလိုက်ရာ ထန်မိသားစုမှ ကျင့်ကြံသူ၏ ခေါင်းမှာ ချက်ချင်း ပြတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ငွေရောင်အအလောင်းရုပ်သေးမှာ ကျောက်တံခါးရှေ့တွင် ရပ်တည်နေပြီး ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
စုမိသားစုထံမှ ရရှိသော အဝါရောင်မှိုတစ်ထောင်ကျော်တွင် ပါဝင်သည့် အသက်စွမ်းအင်များအားလုံး ဝါးမျိုပြီးနောက် ငွေရောင်အလောင်းရုပ်သေးမှာ ယခင်ကဲ့သို့ ပုပ်သိုးနေသော တောင့်တင်းနေသောပုံစံ မဟုတ်တော့ပေ။ ၎င်း၏ အသားအရေနှင့် အတွင်းအင်္ဂါများမှာ အသက်ဓာတ် အနည်းငယ် ပြန်လည်ရရှိလာသည်။ နှလုံးခုန်သံနှင့် အသက်ရှူသံသာ ရှိပါက ပိန်လှီနေသော အလောင်းနည်းစနစ် ကျင့်ကြံသူဟုပင် မှားယွင်းနိုင်လောက်သည်။
စုန့်ဝမ်သည် ငွေရောင်အလောင်းရုပ်သေးနောက်တွင် ရပ်နေပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"ကျောက်ခန်းမထဲက ရထားတဲ့ သွေးနီရောင် ကျောက်ပြားနှစ်ချပ်ကို ပေးလိုက်။ ဒါဆိုရင် ထွက်သွားခွင့်ပေးမယ်၊ မဟုတ်ရင် ခင်ဗျားတို့အားလုံး ကျောက်ခန်းမထဲက ကြေးဝါဖုတ်ကောင်တွေရဲ့ အစာ ဖြစ်သွားလိမ့်မယ်”
ကူပိုးကောင်တစ်ကောင်ကို ခန်းမထဲတွင် ထည့်ထားသဖြင့် ခန်းမထဲတွင်း ဖြစ်ပျက်နေသမျှကို စုန့်ဝမ် သိရှိနေသည်။
ကျုံးလျန်က ဒေါသတကြီး အော်လိုက်သည်။
"မင်းက အရူးပဲ၊ထွက်သွားစမ်း"
ပြောဆိုနေရင်း ဓားပျံဖြင့် ငွေအလောင်းရုပ်သေးကို တိုက်ခိုက်လိုက်သည်။
“ချွမ်”
ငွေအလောင်းရုပ်သေးက လက်သည်းဖြင့် ရိုက်ချလိုက်ရာ ဓားပျံမှာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။
ထိုအချိန်တွင် ကြေးဝါဖုတ်ကောင် သုံးကောင်ကို ထိန်းချုပ်ထားသော ဓာတ်တော်အမြုတေမှာ ရုတ်တရက် အမှုန့်ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။
ကြေးဝါဖုတ်ကောင်များမှာ လွတ်လပ်သွားပြီး ကျောက်တံခါးဆီသို့ ပြေးဝင်လာသည်။ ကျောက်ခန်းမအတွင်းရှိ လူတိုင်း ထိတ်လန့်သွားကြသည်။
"အားလုံး ပူးပေါင်းတိုက်ခိုက်ကြ၊ သူ ငါတို့ကို တားဆီးနိုင်မယ် မထင်ဘူး" ဟု ကျုံးလျန်က အော်သည်။
ဤစကားကို ကြားသောအခါ လူတိုင်းမှာ အခြေအနေ၏ အရေးကြီးပုံကို သဘောပေါက်သွားပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။ ရှိရှိသမျှ ဝိညာဉ်လက်နက်များကို အသုံးပြုကာ တံခါးအပြင်ဘက်ရှိ ငွေအလောင်းရုပ်သေးကို တိုက်ခိုက်လိုက်ကြသည်။
စုန့်ဝမ်က ရယ်မောလိုက်သည်။
"ခင်ဗျားတို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
အတွေးတစ်ချက်ဖြင့် တစ္ဆေဘုရင် ပေါ်လာပြီး တစ္ဆေဓားကို ကိုင်ဆောင်ကာ ကျောက်တံခါးဆီသို့ ခုတ်ပိုင်းလိုက်သည်။ ငွေအလောင်းရုပ်သေးက လက်သည်းကို လွှဲလိုက်ရာ အလောင်းချီများဖြင့် ဖြစ်ပေါ်လာသော အလင်းတန်း သုံးခုမှာ ခန်းမဆီသို့ ဦးတည်သွားသည်။
နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများမှာ ခန်းမဝင်ပေါက်တွင် ထိတွေ့သွားသည်နှင့် ပတ်ဝန်းကျင်သို့ ပြင်းထန်သော စွမ်းအင်လှိုင်းများ ပြန့်နှံ့သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျက်စီးနေသော ကျောက်တံခါးမှာ အမှုန့်ဖြစ်သွားသည်။
ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်မှာလည်း နောက်သို့ ဆယ်ပေခန့် လွင့်စဉ်သွားသည်။ ခန်းမထဲရှိ ကျင့်ကြံသူများမှာလည်း စွမ်းအင်လှိုင်းများကြောင့် နောက်သို့ လွင့်စဉ်သွားပြီး အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရကာ သွေးအန်နေကြသည်။ ဤနှောင့်နှေးမှုကြောင့် ကြေးဝါဖုတ်ကောင် သုံးကောင်မှာ နောက်မှ လိုက်မီလာပြီး ထန်ဖူတို့အဖွဲ့ဆီသို့ ပြေးဝင်လာသည်။
စုန့်ဝမ်၏ အကြည့်မှာ ရှုပ်ထွေးနေသော တိုက်ပွဲကို ကျော်ဖြတ်ကာ ကျုံးလျန်ဆီသို့ ရောက်သွားသည်။
"ကျောက်ပြားနှစ်ချပ်ကို ပေး၊ ဒါဆိုရင် ထွက်ခွင့်ပေးမယ်”
ကျုံးလျန်သည် သူ့ငယ်သား တစ်ဦးမှာ ဖုတ်ကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်ကို ကြည့်လိုက်ပြီးနောက် အပြင်ဘက်ရှိ ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်ကို ကြည့်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်ကာ သွေးနီရောင်ပစ္စည်းနှစ်ခုကို စုန့်ဝမ်ထံ ပစ်ပေါက်လိုက်သည်။
"ကောင်းပြီ၊ ယူလိုက်"
တစ်ချိန်တည်းမှာပင် လူကိုယ်တိုင် အနောက်မှ လိုက်ပါလာပြီး ကျောက်ခန်းမထဲမှ ပြေးထွက်သွားသည်။
“ဖောင်း..”
သွေးနီရောင် ပစ္စည်းနှစ်ခုမှာ စုန့်ဝမ်အနီးသို့ ရောက်သောအခါ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သွေးငွေ့များအဖြစ် ပြောင်းလဲကာ သူ့ကို ဖုံးအုပ်သွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် စုန့်ဝမ်မှာ ငွေအလောင်းရုပ်သေး၊ တစ္ဆေဘုရင်တို့နှင့်အတူ သွေးငွေ့များအတွင်း ပိတ်မိသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကျုံးလျန်၏ မျက်နှာမှာ ဝမ်းသာမှုဖြင့် တောက်ပသွားကာ သွေးငွေ့များကို ရှောင်ရှားပြီး ကျောက်တံခါးမှ ပြေးထွက်လာသည်။
"မင်း ဘယ်သွားမလို့လဲ”
ကြေးဝါခေါင်းလောင်းဖြင့် ကာကွယ်ထားသော စုန့်ဝမ်မှာ တစ္ဆေဘုရင်နှင့် ငွေအလောင်းရုပ်သေးတို့နှင့်အတူ သွေးငွေ့ထဲမှ ပြေးထွက်လာသည်။ သွေးငွေ့မှာ အလွန်ပြင်းထန်သော တိုက်စားမှုစွမ်းအားရှိပြီး ကြေးဝါခေါင်းလောင်းကို တဖြည်းဖြည်း တိုက်စားနေသည်။ ခေါင်းလောင်းပေါ်တွင် အပေါက်ငယ်များ ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်ကောင်းမွန်သွားသည်။ ကြေးဝါခေါင်းလောင်းအတွင်း ခိုအောင်းနေသော စုန့်ဝမ်မှာ ထိခိုက်မှု မရှိပေ။
အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်ကို အသေးစား အောင်မြင်မှုအဆင့်အထိ ကျင့်ကြံထားသဖြင့် အဆိပ်ဒဏ် ခံနိုင်ရည်မှာ ယခင်ကထက် များစွာ သာလွန်နေပြီသည်။ သွေးငွေ့မှာ တစ္ဆေများအပေါ် ထိခိုက်မှု အနည်းငယ်သာ ရှိပြီး တစ္ဆေဘုရင်မှာလည်း ဒဏ်ရာ မရရှိပေ။ ငွေအလောင်းရုပ်သေး၏ အသားပေါ်တွင် အပေါက်ငယ်များ ဖြစ်ပေါ်လာသော်လည်း ပြင်းထန်သော ဒဏ်ရာ မဟုတ်ပေ။ ပိုမိုမြန်ဆန်သော တစ္ဆေဘုရင်က ရှေ့သို့ ပြေးဝင်သွားပြီး တစ္ဆေဓားဖြင့် ကျုံးလျန်ကို တိုက်ခိုက်လိုက်သည်။
စုန့်ဝမ်မှာ သွေးငွေ့ကြောင့် ထိခိုက်မှု မရှိသည်ကို မြင်သောအခါ ကျုံးလျန် အလွန်ထိတ်လန့်သွားသည်။ ထိုသွေးငွေ့မှာ သွေးအရိပ်အဆိပ်ဟု လူသိများပြီး အခြေတည်အဆင့် ကျင့်ကြံသူများကို အသက်မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။
စုန့်ဝမ်မှာ အထိအခိုက် မရှိဘဲ သွေးငွေ့ထဲမှ ထွက်လာသည်ကို သူ မယုံကြည်နိုင်ပေ။ ကျုံးလျန်မှာ စဉ်းစားရန် အချိန်မရှိတော့ဘဲ တစ္ဆေဘုရင်၏ဓားမှာ သူ့အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဓားပျံကို အသုံးပြု၍ တားဆီးရန် ကြိုးစားသော်လည်း တစ်ဦးချင်း တိုက်ခိုက်မှုတွင် ကျုံးလျန်မှာ တစ္ဆေဘုရင်၏ ပြိုင်ဘက် မဟုတ်ပေ။ အနည်းငယ်မျှသာ တိုက်ခိုက်ပြီးနောက် ခေါင်းပြတ်သွားသည်။
စုန့်ဝမ်လည်း ကျုံးလျန်၏ ရုပ်အလောင်းကို သိမ်းဆည်းလိုက်ပြီး သိုလှောင်လက်စွပ်ကို ယူကာ သွေးနီရောင် ကျောက်ပြားနှစ်ချပ် ရှိသည်ကို အတည်ပြုပြီးနောက် လက်စွပ်ကို သူ့ဝတ်ရုံအတွင်း ထည့်လိုက်သည်။ ထို့နောက် ကျုံးလျန်၏ ဝိညာဉ်ကို စည်းတံဆိပ်ခတ် ချုပ်နှောင်လိုက်သည်။
ရုပ်အလောင်းကို သိမ်းဆည်းပြီး ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ကြည်လင်သော ရယ်မောသံများ ကျောက်ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"ဟီး ဟီး ... ရောက်လာပြီးမှတော့ ဘာလို့ အလောတကြီး ထွက်သွားချင်နေတာလဲ။ ထွက်သွားချင်တာက ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ အလောင်းဘုရင်မွေးဖွားခြင်းနည်းစနစ်နဲ့ အဲဒီလူရဲ့ ဝိညာဉ်ကိုပါ ယူသွားချင်တာက လောဘကြီးလွန်းရာ ကျမနေဘူးလား"
လူရိပ်တစ်ခုသည် ကျောက်ခန်းမအပြင်ဘက် လေထဲတွင် ပေါ်လာပြီး စုန့်ဝမ်ကို တားဆီးကာ ထွက်ပြေးလာသော ထန်ဖူနှင့် အခြားသူများကိုပါ ဟန့်တားလိုက်သည်။
ကြေးဝါဖုတ်ကောင် သုံးကောင်ကြားမှ ထန်ဖူ၊ မြောင်ဖနှင့် ထန်စီတို့ သုံးဦးသာ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။
"မင်းတို့ထဲက ဘယ်သူမှ ထွက်မသွားနိုင်ဘူး။ ငါ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တာ၊ ငါ့ကို နိုးထလာအောင် လုပ်ခဲ့တာ မင်းတို့ပဲ။ ပြန်ပေးဆပ်တဲ့အနေနဲ့ မင်းတို့ဝိညာဉ်တွေကို စားသုံးပြီး ငါ့ဝိညာဉ်ခန္ဓာကိုယ်ကို ခိုင်မာစေမယ်။ အခြေတည်အဆင့်ရှိ ပုရွက်ဆိတ်တွေ၊ ငါ့ဝိညာဉ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်လာရတာ မင်းတို့ရဲ့ ကံကောင်းခြင်းပဲ"
ယခုအချိန်တွင် သူတို့အားလုံး ထွက်ပေါက်ကို ပိတ်ဆို့ထားသူကို မြင်လိုက်ရသည်။ ၎င်းမှာ အသက်ရှိသူ မဟုတ်ပေ။ ထိုသစ်သားရုပ်တုပင် ဖြစ်သည်။ မူလက ကြေးဝါခေါင်းတလားထဲတွင် ရှိနေသော သစ်သားရုပ်တုမှ ဝိညာဉ်ပုံရိပ် သုံးခု ပေါ်ထွက်လာသည်။ ဝိညာဉ်ပုံရိပ်များမှာ ပျံသန်းနေသော နဂါးများကဲ့သို့ အစွယ်များနှင့် လက်သည်းများကို ထုတ်ကာ စုန့်ဝမ်၊ ထန်ဖူနှင့် မြောင်ဖတို့ကို ခုန်အုပ်လိုက်သည်။
စိတ်ဝိညာဥ်တိုက်ခိုက်မှု။
စုန့်ဝမ်၊ ထန်ဖူနှင့် မြောင်ဖတို့ မျက်နှာပျက်သွားသည်။
"ဗုဒ္ဓရွှေခန္ဓာကိုယ်… အသက်ဝင်စေ"
မြောင်ဖ၏ ခပ်တိုးတိုး ရေရွတ်သံနှင့်အတူ သူ့ထံမှ ပေသုံးဆယ်ကျော် မြင့်မားသော ရွှေရောင်ဗုဒ္ဓပုံတော် ဝိညာဥ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ဗုဒ္ဓပုံတော်မှာ နဂါးပုံရိပ်နှင့် တိုးတိုက်မိသွားပြီး၊ မြောင်ဖ၏ ကျင့်ကြံမှုအဆင့်မှာ သစ်သားရုပ်တုရှိ ဝိညာဥ်ထက် နိမ့်ကျနေသဖြင့် တောင့်မခံနိုင်တော့ဘဲ စက္ကန့်အနည်းငယ်အကြာတွင် ပြိုကွဲသွားသည်။
နဂါးလက်သည်းမှာ မြောင်ဖ၏ ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားသော်လည်း သူ့ရုပ်ခန္ဓာမှာ ထိခိုက်မှု မရှိပေ။ သို့သော် ဝိညာဉ်မှာမူ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရပြီး နဂါးလက်သည်းကြားတွင် ပိတ်မိကာ ရုန်းကန်နေရသည်။
ထန်ဖူက မဟာမီးလျှံကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော အနက်ရောင် မီးလျှံများ ထွက်ပေါ်လာပြီး နဂါးဝိညာဉ်ပုံရိပ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထန်မိသားစု၏ မဟာမီးလျှံကြာပွတ်မှာ ထိပ်တန်း ဝိညာဉ်လက်နက် ဖြစ်ရုံသာမက စိတ်ဝိညာဥ် တိုက်ခိုက်မှုများကိုလည်း ဖျက်ဆီးနိုင်သည့် ရှားပါးလက်နက် ဖြစ်သည်။ ကြာပွတ်ရိုက်ချက်ကြောင့် နဂါးဝိညာဥ်ပုံရိပ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
"ဟီး ဟီး … တကယ်ကောင်းတဲ့ ဝိညာဉ်လက်နက်ပဲ။ မင်း ဘယ်လောက်အထိ တားဆီးနိုင်မလဲ ကြည့်ရအောင်"
ရုပ်တုက ထူးဆန်းစွာ ရယ်မောလိုက်ပြီး နောက်ထပ် နဂါးဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုနဂါးပုံရိပ်မှာ ယခင်သုံးခုထက် ပိုမိုအားကောင်းနေပြန်သည်။
ထန်ဖူမျက်နှာ ဖြူဖျော့သွားသည်။ ယခုတစ်ကြိမ်တွင် နဂါးဝိညာဥ်ပုံရိပ်ကို တိုက်ခိုက်မည့်အစား ထန်စီကို ကြာပွတ်ဖြင့် ရစ်ပတ်ဖမ်းချုပ်ပြီး ရှေ့မှ ဓားစာခံအဖြစ်ဟထိုးကျွေးလိုက်သည်။
"အကြီးအကဲ၊ ဘယ်လိုလုပ်ပြီး..."
ထန်စီ၏ အသံမှာ အံ့ဩခြင်းဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် တုန်ယင်နေသည်။ သူစကားမဆုံးခင်မှာပင် နဂါးဝိညာဉ်ပုံရိပ်က ထိုးဖောက် ဝင်ရောက်သွားပြီး ဝိညာဉ်ကို ဆွဲထုတ်သွားသည်။
သို့သော် နဂါးဝိညာဉ်ပုံရိပ်မှာ ထိုနေရာတွင် မရပ်တန့်ဘဲ ထန်ဖူကို ဆက်လက်တိုက်ခိုက်သည်။ ထန်စီ၏ သေဆုံးမှုမှာ ထန်ဖူကို အချိန်ခဏသာ ရစေခဲ့ပြီး မကြာမီမှာပင် ဝိညာဉ် ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
စုန့်ဝမ်အတွက်မူ နဂါးဝိညာဉ်ပုံရိပ်မှာ မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ခဲ့ပေ၊ စုန့်ဝမ်၏ အသိစိတ်ပင်လယ်ရှိ အနက်ရောင်တွင်းနက်က အလွယ်တကူ စုပ်ယူ ချေဖျက်လိုက်သည်။
ချက်ချင်းပင် စုန့်ဝမ်ထံမှ သွေးငွေ့များ အမြောက်အမြား ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဖုံးအုပ်သွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ သစ်သားရုပ်တုမှာ တိုးညှင်းစွာ ရယ်မောလိုက်သည်။
"ဟီး ဟီး ... စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လေးပဲ။ စိတ်ဝိညာဥ် တိုက်ခိုက်မှုက မင်းအပေါ် အလုပ်မဖြစ်ဘူး၊ မင်းဆီမှာ စိတ်ဝိညာဥ် ကာကွယ်ပေးတဲ့ ရတနာတစ်ခုခု ရှိရမယ်။ ဒါပေမဲ့ ငါ့ရှေ့မှာ သွေးလွတ်မြောက်နည်းစနစ်ကို သုံးတာတော့ မိုက်ရာကျတယ်"
ရုပ်တုက လက်ကို ဝှေ့ယမ်းလိုက်ပြီး သွေးငွေ့များထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။
ရုတ်တရက် စုန့်ဝမ်မှာ ခန္ဓာကိုယ် လေးလံလာသလို ခံစားလိုက်ရသည်။ သွေးငွေ့များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူလည်း မူလနေရာတွင် ပြန်ပေါ်လာသည်။ သွေးလွတ်မြောက်နည်းစနစ်မှာ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။
စုန့်ဝမ်၏ အမှန်တကယ် ထိတ်လန့်သွားသည်။ ထိုနည်းစနစ်ကို အသုံးပြုနေစဉ် ဖျက်ဆီးခံလိုက်ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ထွက်ပြေး၍ မရတော့သဖြင့် ပြန်လည် တိုက်ခိုက်ရုံတာ ရှိတော့သည်။
ချက်ချင်းပင် ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်ကို ပြန်လည်ဆင့်ခေါ်ပြီး သစ်သားရုပ်တုကို တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။
ထိုအချိန်တွင် ကျောက်ခန်းမအပေါ်တွင် အားပြင်းသော ကောင်းကင်စွမ်းအားများ လွှမ်းမိုးလာပြီး မိုးကြိုးတစ်ခု ပေါ်လာသည်။
မဟာမိုးဂူကြိုးနည်းစနစ်
စုန့်ဝမ်ပင် အံ့ဩသွားသည်။
သစ်သားရုပ်တုမှာ ကျရောက်လာသော မိုးကြိုးကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး တစ္ဆေဘုရင်နှင့် ငွေအလောင်းရုပ်သေး၏ တိုက်ခိုက်မှုများကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းရင်း ကျရောက်လာသော မိုးကြိုးဆီသို့ ပြေးဝင်သွားသည်။
"ဂျိမ်း…"
မဟာမိုးကြိုးမှာ သစ်သားရုပ်တုကို ထိမှန်သွားပြီး လျှပ်စီးများမှာ ငွေရောင်ရေတံခွန်တစ်ခုကဲ့သို့ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းနေသည်။
မဟာမိုးကြိုး၏ လျှပ်စီးအောက်တွင် သစ်သားရုပ်တုပေါ်ရှိ ဆန်းကြယ်သော သင်္ကေတများမှာ အပြာရောင်အလင်းဖြင့် တောက်ပလာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ မိုးကြိုး ပျောက်ကွယ်သွားသောအခါ သစ်သားရုပ်တုပေါ်ရှိ သင်္ကေတများ၏ တစ်ဝက်ကျော်မှာ ပျောက်ကွယ်သွားသည်။ မူလက အပြာရောင် ရှိသော ဝိညာဉ်ထိန်းသစ်သားရုပ်ထု၏ နေရာအတော်များများ အနက်ရောင် ဖြစ်သွားသည်။