← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 5 Ch. 452

ပြန်လည်မွေးဖွားခြင်း

Vol. 5 Ch. 452

မဟာပဲ့တင်သံ ဗိမာန်ပြိုကျတော့မည့် အချိန်တွင် ဆန်းလျန်သည် သူ့တွင် နောက်ဆုံး ကျန်ရှိနေသည့် ဝိညာဉ်စွမ်းအားများကို ဒြပ်စင်ငါးပါး မှော်ဝင်ဓားဆီသို့ စီးဆင်း စေလိုက်ပြီး မှော်ဝင်ဓားကို အဝေး တစ်နေရာသို့ ပို့ဆောင် ပေးလိုက်လေသည်။ ထို့နောက်တွင်တော့ သူက ချက်ချင်းပင် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ အမြင့်ဆုံး အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည့် “အသူရာချောက်သို့ ဆက်သွယ်ခြင်း” ကျင့်စဉ်ကို အသုံးပြုကာ အသူရာချောက်တည်ရှိရာ မြေအောက်ကမ္ဘာသို့ ဝင်ရောက်ခဲ့လေသည်။

ဆန်းလျန်က လက်ရှိ အခြေအနေတွင် အကောင်းဆုံးဆိုသည့် အလုပ်ကို စဉ်းစားပြီး လုပ်လိုက်ခြင်း ဖြစ်လေသည်။ မဟာပဲ့တင်သံ ဗိမာန် ပျက်စီးသွားသည့် အချိန်တွင် သူ့အနေဖြင့် မည်သည့်နည်းနှင့်မျှ ပြင်ပကမ္ဘာသို့ ပြန်သွားနိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် သူ၏ မူလဝိညာဉ် ခန္ဓာမှာလည်း တန်ခိုးစွမ်းအားများ လျော့နည်းနေပြီ ဖြစ်လေသည်။ သူ၏ ဝိညာဉ် စွမ်းအားကို အသုံးပြုကာ ပြင်ပကမ္ဘာသို့ ထွက်ခွာနိုင်ရန် ကြိုးစားမည် ဆိုလျှင်ပင် သူနှင့် သူ၏မှော်ဝင်ဓားတွင် တစ်ခုသာလျှင် လွတ်မြောက်ခွင့် ရမည် ဖြစ်လေသည်။ ထို့ကြောင့် သူက ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို လွတ်မြောက် စေလိုက်ပြီး သူကတော့ ဗလာနယ် တစ်ခုကို ဖန်ဆင်းကာ အသူရာ ချောက်သို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

သူသည် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ အသူရာချောက်သို့ ဆက်သွယ်ခြင်း ကျင့်စဉ်ကို စတင်ဖော်ထုတ် လိုက်သည်နှင့် အသူရာ ချောက်ကိုးထပ်မှ ဘုံတစ်ခု ဖြစ်သည့် သံသရာလည်ခြင်းဘုံမှ သူ၏ မူလဝိညာဉ်ခန္ဓာကို ဆွဲခေါ်နေသည်ကို ခံစား လိုက်ရလေသည်။ သူ့အနေဖြင့် ထိုသို့ဆွဲခေါ်ခြင်း ခံနေရသည့် ဖိအားကို လုံး၀ တွန်းလှန်နိုင်ခြင်း မရှိပေ။ သူသည် ဝိညာဉ်မြစ် အတွင်းသို့ ကျဆင်းသွားပြီး အဆုံးမရှိသည့် အမှောင်တရားသည် သူ့ရှေ့တွင် စောင့်ကြို နေလေသည်။

သူသည် ဝိညာဉ် မြစ်ရေထဲတွင် မျောပါသွားဆဲ ရေထဲမှ ထူးခြားသည့် စွမ်းအားတစ်ခုကို ခံစား လိုက်ရလေသည်။ ထိုစွမ်းအားမျိုးကို သူ့ဘဝတွင် တစ်ခါမှ ခံစားခဲ့ရဖူးခြင်း မရှိပေ။ ယခင် အချိန်များတုန်းက ချင်းရွှမ်နတ်တံခါးမှ ဝိညာဉ်မြစ်ရေတွင် ရေစိမ်ခဲ့စဉ် ကပင် ထိုသို့သော စွမ်းအားမျိုးကို သူမခံစားခဲ့ရဖူးပေ။ ထိုစွမ်းအားများက သူ၏မှ တ်ဉာဏ်များကို အကြိမ်ကြိမ် စုပ်ယူသွားသည့် အတွက် တစ်ခဏလေး အတွင်းမှာပင် သူ့ဘဝ၏ အမှတ်တရ များစွာသည် ဝေဝါး ပျောက်ကွယ် ကုန်တော့သည်။ ဆန်းလျန်က ချက်ချင်းပင် သူ၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ ထိုစွမ်းအား၏ တိုက်စားသည့်ရန်မှ သူ့ကိုယ်သူ ကာကွယ် ထားလိုက်လေသည်။ ထို့ကြောင့် သူ၏ နှလုံးသားနှင့် ဝိညာဉ် ပျက်စီးခြင်းကို အချိန်မီ တားဆီး လိုက်နိုင်သည်။ တဖြည်းဖြည်းနှင့် ဝိညာဉ်မြစ်ရေထဲတွင် မျောလာရင်း သူ၏ ဝိညာဉ်ခန္ဓာမှာ လူသား ပုံသဏ္ဌာန် မဟုတ်တော့ဘဲ လုံးဝန်းသည့် ဓာတ်ဖန်လုံး တစ်ခုပုံသဏ္ဌာန် ကူးပြောင်း သွားလေသည်။ သူသည် သူ၏နှလုံးသားနှင့် မှတ်ဉာဏ်များကို ဝိညာဉ်ခန္ဓာ စက်ဝန်းအတွင်းတွင် တင်းတင်းကျပ်ကျပ် ကာကွယ် ထားခဲ့လေသည်။ ထို့နောက် သူ၏ အရေးမကြီးသည် မှတ်ဉာဏ်များနှင့် မကောင်းသည့် စိတ်အာရုံများကိုသာ ဝိညာဉ်မြစ်ရေက စုပ်ယူသည်ကို ခွင့်ပြုလိုက်သည်။

လူများသည် ဘဝကူးပြောင်း သွားကြသည့်အခါတွင် အတိတ်ဘဝကို အဘယ့်ကြောင့် မမှတ်မိကြတော့သည်ကို ဆန်းလျန် သဘောပေါက် သွားမိလေသည်။ ဆန်းလျန်ကဲ့သို့ ခိုင်မာသည့် မူလဝိညာဉ် ခန္ဓာကို ပိုင်ဆိုင်သည့် နတ်ဘုရား တစ်ပါးသည်ပင်လျှင် အတိတ်ကို မေ့ပျောက် မသွားစေရန် အထူးသတိထားပြီး ကာကွယ်နေရသေည်။

ဝိညာဉ် မြစ်ရေထဲတွင် စီးမျောနေရသည်မှာ ရှည်လျားလွန်းပြီး ဖြတ်သန်းနေရသူမှာ သူတစ်ယောက်တည်း မဟုတ် မဟုတ် မသေချာပေ။

ယခု ဆန်းလျန် စီးမျောနေရသည့် ဝိညာဉ်မြစ်သည် အသူရာ ချောက်တွင် စီးဆင်းနေသည့် ဝိညာဉ်မြစ်မကြီး ဖြစ်ပြီး လူ့လောကသို့ စီးထွက်လာသည့် ဝိညာဉ် မြစ်ခွဲများထက် အဆပေါင်းများစွာပိုပြီး ကြောက်မက်ဖွယ် ကောင်းလေသည်။

ဆန်းလျန် နတ်ဘုရားတစ်ပါး မဖြစ်ခင် ကတည်းကပင် စိတ်အာရုံများကို ထိန်းချုပ်ခြင်း စာအုပ်မှ အသူရာ ချောက်သို့ ဆက်သွယ်ခြင်း ကျင့်စဉ်ကို ကျင့်ကြံရန် အလွန်စိတ်ဝင်စား ခဲ့လေသည်။ သို့သော် သူက သိချင်စိတ်ကို မျိုသိပ်ကာ လက်တွေ့ ကျင့်ကြံခဲ့ခြင်း မရှိပေ။ ကျင့်ကြံ လိုက်တိုင်းလည်း အသူရာချောက်မှ နက်ရှိုင်းသည့် စွမ်းအားတစ်မျိုးကို ခံစားရလေ့ ရှိလေသည်။ အကယ်၍ နတ်ဘုရား မဖြစ်ခင်ကသာ ထိုကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံပြီး အသူရာချောက်သို့ ရောက်ရှိသွားပါက ဝိညာဉ် မြစ်ထဲတွင် သူ၏ မှတ်ဉာဏ်များ တစ်ဝက်ခန့် တိုက်စား ခံသွားရမည် ဖြစ်လေသည်။ သူ့ကိုယ်သူပင် မည်သူမည်ဝါဖြစ်သည်ကို မှတ်မိနိုင်တော့မည် မဟုတ်ပေ။

ဝိညာဉ်မြစ်ထဲတွင် မျောပါနေစဉ်တွင် ဆန်းလျန်သည် တတ်နိုင်သမျှ အသိစိတ် လွတ်မသွားအောင် နေခဲ့လေသည်။ အတန်ကြာသည့် အခါတွင်တော့ မြစ်ကမ်းနံဘေး တစ်နေရာတွင် အလင်းရောင် အစက်တစ်ခုကို မြင်တွေ့ လိုက်ရလေသည်။

နောက်ဆုံးတော့ အလင်းရောင် တွေ့မြင်ရပြီ ဖြစ်လေသည်။

ဆန်းလျန်သည် ပူလောင်မှုကို ခံစား လိုက်ရလေသည်။ တောက်လောင်နေသည့် ဧရာမ မီးလုံးကြီး ထွက်ပေါ်လာပြီး အပူစွမ်းအင်နှင့် အလင်းဓာတ်ကို ကမ္ဘာမြေပေါ်သို့ ဖြန့်ဝေ ပေးနေလေသည်။

နေထွက်လာခြင်းများ လေလား…။

ဆန်းလျန်မှာ အံ့သြ ထိတ်လန့် သွားရလေသည်။ သူက အသူရာ ချောက်ကိုးထပ်သို့ ရောက်နေသည် မဟုတ်ဘူးလား။ အဘယ်ကြောင့် နေထွက်လာရပါသနည်း။

သို့သော်… သူ၏ အတွေးမဆုံးမီပင် သူသည် သွေးနီရောင် ပင်လယ်အတွင်းသို့ ရောက်ရှိ လာခဲ့တော့သည်။ သွေးနီရောင် ပင်လယ်အတွင်းမှ များပြား လွန်းလှသည့် အမျက်ဒေါသများ ထွက်ပေါ် နေလေသည်။ ထိုအမျက်ဒေါသများမှာ ယန်ရွှီး၏ မိစ္ဆာစွမ်းအားများ ထက်ပင် အနည်းငယ် အားပိုကောင်းနေသည့် အပြင် ထိုအမျက်ဒေါသများသည် အဆုံးလည်း မရှိပေ။

ဆန်းလျန်သည် သွေးနီရောင် ပင်လယ်ထဲတွင် မိမိကိုယ်ကို ပျောက်ဆုံး မသွားစေရန် အတတ်နိုင်ဆုံး ကြိုးစား နေမိသည်။

သို့သော် သွေးနီရောင် ပင်လယ်ထဲသို့ ဆန်းလျန် ရောက်ရှိ သွားသည်နှင့် ပင်လယ် ကမ်းခြေတွင် အနီရောင်ငရဲပန်းများ ပွင့်လန်း လာတော့သည်။ ထိုပန်းပွင့်များဆီမှ ထူးဆန်းသော မှော်စွမ်းအားများ ထွက်ပေါ်နေပြီး သတ္တဝါအားလုံးကို ထိတ်လန့် တုန်လှုပ်စေလေသည်။

ဆန်းလျန်က သူ၏ နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်ကာ သွေးနီရောင် ပင်လယ်ကို လေ့လာ ကြည့်လိုက်သော်လည်း မည်သည့်အရာမှ တွေ့ရှိခြင်း မရှိခဲ့ပေ။ သွေးနီရောင် ပင်လယ်ထဲတွင် ထွက်ပေါ်နေသည့် အမျက်ဒေါသများသည် မည်သည့် နေရာမှ ထွက်ပေါ်နေသည်ကို ဆန်းလျန်လည်း မသိနိုင်ပါ။

“အနီရောင် ပင့်ကူ ငရဲပန်းတွေ ပွင့်လာပြန်ပြီ၊ ဒီပန်းတွေ နောက်ဆုံးပွင့်ခဲ့တာ တိကျန် ဗောဓိသကျ ကြွလာခဲ့တုန်းက တစ်ခါပဲ ပွင့်ခဲ့တာ”

သွေးနီရောင်ပင်လယ်ထက်ရှိ လေထုထဲမှ အနည်းငယ် ရှေးကျပြီး တိုးလျသည့် အသံတစ်သံ ထွက်ပေါ် လာလေသည်။

“ကမ်းခြေက ပန်းတွေ ပွင့်တာ ဆိုရင်တော့ အသူရာချောက်ရဲ့ အရှင်သခင် မွေးဖွား လာလိမ့်မယ်တဲ့၊ တိကျန် ဗောဓိသကျက အဲဒီအတိုင်း ဟောကိန်း ထုတ်ခဲ့တာပဲ”

ပြန်ပြောသည့် စကားသံတစ်သံ ထွက်ပေါ် လာပြန်သည်။

ထို့နောက် တရားစာ ရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းများသည် သွေးနီရောင် ပင်လယ်ထက်သို့ ဖြာဆင်း လာကြလေသည်။ ထို့နောက်တွင်တော့ သွေးနီရောင် ပင်လယ်ထဲမှ ဖန်သားကဲ့သို့ ကြည်လင်သည့် ဝိညာဉ်ပေါင်းများစွာ ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းများကို ဦးညွတ် လိုက်ကြလေသည်။ ထို့နောက် ဝိညာဉ် အားလုံးသည် ပျောက်ကွယ် သွားပြီး ကမ္ဘာ့ဒေသ အသီးသီးသို့ ပျံ့နှံ့ သွားကြလေတော့သည်။

“ဒီငတုံးက ဟန်ဆောင်နေတာပါ၊ အခုတောင်မှ အမျက် ဒေါသ ထွက်နေတဲ့ ဝိညာဉ် နှစ်ခုလောက်ကို သူဘယ်လောက် စိတ်ထားကောင်းတယ် ဆိုတာ ပြဖို့ ပြောင်းလဲ ပေးလိုက် သေးတယ်”

သွေးနီရောင် ပင်လယ်ထက်ရှိ မိုးကောင်းကင် အလွန်မှ တစ်စုံတစ်ယောက်၏ စကားသံ ထွက်ပေါ် လာလေသည်။

“အော်မီတော်ဖော်..”

အခြားတစ်ယောက်က မည်သည့်မှတ်ချက်မှ မပြုဘဲ ဘုရားစာ ရွတ်ဖတ်သံသာ ထွက်ပေါ် လာခဲ့လေသည်။

သွေးနီရောင် ပင်လယ်၏ ကမ်းခြေထက်တွင်တော့ အနီရောင် ပင့်ကူငရဲပန်းများက လှပစွာ ပွင့်လန်းလျက် ရှိလေတော့သည်။

ဒဏ္ဍာရီအရ ဆိုလျှင်တော့ တိကျန်ဗောဓိသကျက “အနီရောင် ပင့်ကူငရဲပန်းများ ထပ်မံ ပွင့်လန်းသည့် အခါတွင် မသူရာချောက်၏ အရှင်သခင် အစစ်အမှန် ရောက်ရှိလာမည်” ဟု အဆိုရှိလေသည်။

သွေးနီရောင် ပင်လယ်ကမ်းခြေမှ အနီရောင် ပင့်ကူ ငရဲပန်းများ ပွင့်လန်းလာမှုကို အသူရာချောက်မှ လူများက သတိပြုမိကြသော်လည်း မည်သူမျှ အမှန်တကယ် ဖြစ်မလာ စေချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြားသူ တစ်ယောက်၏ လက်အောက် ငယ်သားများ ဖြစ်ရမည်ကို မလိုလားသောကြောင့် ဖြစ်လေသည်။

သွေးနီရောင် ပင်လယ်သည် ကျယ်ပြန့် လွန်းလှသည့်အတွက် ဒဏ္ဍာရီဆန်စွာ ပေါ်ထွက် လာမည့် အသူရာချောက်၏ အရှင်သခင်ကို မည်သူမျှ ရှာဖွေနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ဆန်းလျန်သည် သွေးနီရောင် ပင်လယ်ထဲတွင် မျောနေရင်း ရွှေရောင် အလင်းတန်းများ ဖြာလင်းလာသည်ကို တွေ့ရသည်နှင့် ရုန်းကန်နေမှုကို ရပ်တန့်လိုက်ပြီး စိတ်ကို ဖြေလျှော့ လိုက်လေသည်။ ထို့နောက် သူသည် ရွှေရောင် အလင်းတန်းများ ကြားတွင် ပျောက်ကွယ် သွားတော့သည်။

သူ၏ဝိညာဉ်သည် လေထုထဲတွင် လွင့်မျော နေသကဲ့သို့ ခံစားရပြီး သူ့ကို ငြင်းပယ်နေသည့် လောကများမှ ဖိအားများကို ခံစားရလေသည်။ သူက သူ၏ မူလဝိညာဉ်ခန္ဓာကို ခြုံ့လိုက်ပြီး လောကတစ်ခုမှ တစ်ခုဆီသို့ ခုန်ကူး သွားလေသည်။ နောက်ဆုံးတွင်တော့ သူသည် ခြံဝင်း အကျယ်ကြီး တစ်ခုရှိရာသို့ ရောက်ရှိသွားပြီး ဖိအားများမှလည်း လွတ်မြောက် သွားခဲ့လေသည်။

ဆန်းလျန်၏ ဝိညာဉ်သည် မိန်းကလေး တစ်ယောက်၏ အပြည့်အဝ မဖွဲ့စည်းရသေးသော သန္ဓေသား အတွင်းသို့ ဝင်ရောက် သွားလေသည်။ သူ့ကို နွေးထွေးသည့် အရည်များက ဝန်းရံထားသည်ကို သူခံစားနေရသည်။ ထိုအရာသည် ကျင့်ကြံသူများ၏ ဘဝတွင် ရင်ဆိုင် ရလေ့ရှိသည့် လူပြန်ဝင်စားခြင်းပင် ဖြစ်လေသည်။

သို့သော် ဖြစ်တည်နေဆဲ သန္ဓေသားသည် အလွန်နူးညံ့ လွန်းသည့်အတွက် ဆန်းလျန်၏ မူလဝိညာဉ် အားလုံးဖြင့် ပေါင်းစပ်နိုင်ခြင်းကို လက်ခံနိုင်စွမ်းမရှိဘဲ ပျက်စီး သွားနိုင်လေသည်။ အခန့်မသင့်ပါက သူ၏ နတ်ဘုရား စွမ်းအားများကြောင့် မိခင်ရော ကလေးပါ သေဆုံးရသည် အထိ ဖြစ်နိုင်လေသည်။

သို့သော် ဆန်းလျန်တွင် ရွေးချယ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူက ယခု သူရောက်ရှိနေသည့် လောက အကြောင်းကို တစ်ခုမှ သိရှိထားခြင်း မရှိပေ။ ထို့ပြင် လူ့လောကတွင် နေထိုင်ရန် အတွက် အခြားနည်းလမ်း တစ်ခု ရှာဖွေရန်လည်း သူ့အတွက် မဖြစ်နိုင်ပေ။ ထို့ပြင် သူသည် သွေးနီရောင် ပင်လယ်မှ ထွက်ခွာလာစဉ် လောကများက သူလာရောက်ရန် အတွက် အဘယ့်ကြောင့် ငြင်းပယ် နေသည်ကိုလည်း သူသေသေချာချာ မသိပေ။ သို့သော် တစ်ဖန် ပြန်လည် မွေးဖွားလာခြင်းဖြင့်သာ ထိုငြင်းပယ်သည့် ဖိအားများမှ လွတ်မြောက်နိုင်မည် ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်သည် သူ၏ မူလဝိညာဉ်ခန္ဓာကို အကန့်အသတ် တစ်ခုထိ ရောက်အောင် သိပ်သည်း စေလိုက်ပြီး သန္ဓေသားငယ်လေး အတွင်းသို့ ထည့်သွင်း လိုက်လေသည်။ ထို့နောက် သူ၏ နတ်ဘုရားစွမ်းအားနှင့် စိတ်ဝိညာဉ်တို့ကိုတော့ သန္ဓေသားလောင်၏ အသွေးအသား များထဲတွင် ခွဲဖြာကာ ထည့်သွင်း ထားလိုက်လေသည်။

ဆန်းလျန်၏ ကြိုးစားမှုသည် အောင်မြင် ခဲ့လေသည်။

နောက်ဆုံးတွင်တော့ ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် သန္ဓေသားငယ်နှင့် တစ်သားတည်း ကျအောင် ပေါင်းစပ် သွားလေသည်။ ပြင်ပကမ္ဘာမှ လူအများ စကား ပြောနေသံများကို ဆန်းလျန် ကြားနေရလေသည်။

ဆန်းလျန်သည် သန္ဓေသားငယ် ဖြစ်နေသည့်တိုင် နတ်ဘုရား တန်ခိုးစွမ်းအားများ ရှိနေသည့် အတွက် ပြင်ပကမ္ဘာကို ခံစား၍ရနေလေသည်။

သူ၏လက်ရှိမိခင်သည် ချစ်စရာ ကောင်းပြီး ငယ်ရွယ်သည့် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း သူသိရှိ နေလေသည်။ သို့သော် သူက ထို့ထက်ပိုပြီး သိမြင်ရန် ကြိုးစားလိုက်တိုင်း သူ၏အမြင်များမှာ အလွန်မှုန်ဝါးသွားပြီး ပြင်ပကမ္ဘာသည် အခိုးအငွေ့များနှင့် ဖုံးလွှမ်းနေသည့် နေရာ တစ်ခုပမာ ထင်မှတ်ရလေသည်။ သူ့အနေဖြင့် ပြင်ပကမ္ဘာမှ အရာအားလုံးကို သိမြင်နိုင်စွမ်းမရှိပေ။

ထို့ပြင် သူရောက်ရှိနေသည့် လောကတွင် ပြေဆိုသုံးနှုန်းသည့် ဘာသာ စကားများမှာလည်း သူ့အရင်ဘဝက အသုံးပြုသည့် ဘာသာစကားနှင့် အနည်းငယ် ကွဲပြားနေသည့်တိုင် အလွန်ဆင်တူ လေသည်။

မိခင်ဖြစ်သူက သူ၏ဗိုက်ထဲမှ ကလေးငယ်ကို စကားပြောနေခြင်း ဖြစ်လေသည်။ ဆန်းလျန်သည် အဆင့်မြင့် နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် သူမပြောနေသည့် စကားများ အားလုံးကို နားလည် နိုင်စွမ်းရှိလေသည်။

မိခင်ဖြစ်သူက သူ့ကို ပုံပြင်များ ပြောပြနေခြင်း ဖြစ်လေသည်။

“ဟိုးရှေးရှေးတုန်းကပေါ့၊ လောကကြီးမှာ နေ့ဆိုတာလည်း မရှိဘူး၊ ညဆိုတာလည်း မရှိဘူး ၊ ကြယ်လည်း မရှိသလို လလည်း မသာဘူးတဲ့၊ လောကကြီး တစ်ခုလုံးက မီးခိုးရောင် ဖြစ်နေပြီး ဘယ်နေရာကို သွားရမှန်းမသိတဲ့ ဝိညာဉ်တွေနဲ့ ပြည့်နှက် နေတယ်တဲ့လေ…”

***

All Chapters