← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း။ ၂၃၉

သန်မာထွားကျိုင်းသော ထိုလူကြီး၏ ခန္ဓာကိုယ်ကို ကျောက်စအစအနများ လွင့်စင်မှန်ကစားရာ အရေပြားများ စုတ်ပြတ်ကာ သွေးများ စိမ့်ထွက်လာသည်။ သို့သော် သူသည် နာကျင်မှုကို သတိမပြုမိတော့ဘဲ “ဘာဖြစ်လို့လဲ... ငါ ကျိုးပုဖုန်းက ဘာတွေများ မှားခဲ့လို့လဲ...” ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

“မင်းရဲ့ အမှားကတော့ အစွန်းရောက်လက်သီးဂိုဏ်းမှာ မွေးဖွားလာခဲ့တာပဲ။ အဲ့ဒီဂိုဏ်းကလူတစ်ယောက်က မသေမျိုးဆရာသခင် တစ်ယောက်ကို သတ်ခဲ့တယ်။ ဒါကြောင့် မင်းတို့အားလုံး အပြစ်ပေးခံရမှာပဲ”

မည်သည့်အချိန်က ရောက်ရှိနေသည်မသိသော အနီရောင်ဝတ်စုံဝတ် တာအိုအဘိုးအိုက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် ငါ့ကိုပဲ သတ်လိုက်လေ”

ကျိုးပုဖုန်းက ဟိန်းဟောက်လိုက်သည်။

“ငါ့ရဲ့ မြေးလေးတွေကို ဘာလို့ သတ်ရတာလဲ ငါ့မိသားစုကို ဘာလို့ ဆွဲထည့်ရတာလဲ”

“မင်းတို့ရဲ့ အသက်တွေက တခြားသူတွေအတွက် သတိပေးချက် ဖြစ်စေရမယ်”

အဘိုးအိုက ခပ်အေးအေး ပြောရင်း လက်ကို မြှောက်လိုက်ရာ ငွေရောင်အလင်းတန်းတစ်ခုက ကျိုးပုဖုန်း၏ ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်တော့သည်။

“အို... အဒေါ်ကျင်း အဒေါ်သားကတော့ တကယ့်ကို အားကိုးရတာပဲ။ ဒါက အဆင့်မြင့် သစ်သားကုတင်ကြီးပဲနော်...”

“သူက အခု သိုင်းသမားတစ်ယောက် ဖြစ်နေပြီပဲ။ ဘယ်လိုလုပ် အားမကိုးရဘဲ နေမလဲ ဒါနဲ့ ကျင်းဖုန်းက အိမ်ထောင်ကျပြီလား”

“ခဏနေရင် ကျင်းဖုန်းကို ကျွန်မတို့အိမ်မှာ နှစ်သစ်ကူးထမင်းစားဖို့ လွှတ်လိုက်ဦးနော်။ ကျွန်မသမီးနဲ့ မိတ်ဆက်ပေးမယ်။ သူက တကယ့်အလှလေးပဲ”

ဝတ်စုံသစ်များ ဝတ်ဆင်ထားသော အမျိုးသမီးအချို့သည် အသစ်စက်စက် ပြုလုပ်ထားသော သစ်သားကုတင်ကြီးကို ဝိုင်းကြည့်ရင်း အားကျမနာလိုဖြစ်ကာ စကားတပြောပြောဖြင့် စည်ကားနေကြသည်။ သူတို့အနီးတွင် ပိန်ပိန်ပါးပါး၊ အသားညိုညိုနှင့် မိန်းမတစ်ဦးမှာ သူမနှင့် မလိုက်ဖက်သော ပိုးထည်ဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်များ အထင်အရှား ရှိနေသည်။

သူမ၏နောက်တွင်မူ အရပ်ခြောက်ပေကျော် မြင့်မားသော လူငယ်တစ်ဦး ရပ်နေသည်။ ပခုံးကျယ်ကျယ်နှင့် ခိုင်ခံ့သော ကျောပြင်ရှိသည့် ထိုလူငယ်၏ မျက်နှာမှာ ရိုးသားဖြောင့်မတ်ပုံရသည်။ သူကား ကျင်းဖုန်းပင်။ သူသည် သိုင်းသမားတစ်ဦး ဖြစ်လာပြီးနောက် အိမ်သို့ ပြန်လာခဲ့သူဖြစ်ပြီး လုံယီ အစွန်းရောက်လက်သီးဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်က အခန်းဖော်လည်း ဖြစ်ခဲ့ဖူးသည်။

မိဘအပေါ် အမြဲတမ်း သိတတ်နားလည်သူဖြစ်ရာ နှစ်မကုန်မီ မိဘများအတွက် အဖိုးတန်သစ်သားကုတင်ကြီးကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဈေးကြီးသော်လည်း သိုင်းသမားတစ်ဦးဖြစ်သဖြင့် နောင်တွင် ငွေကြေးအတွက် ပူစရာမလိုတော့ပေ။ ထိုသို့တွေးမိရင်း ကျင်းဖုန်း၏ ရိုးသားသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင်မူ ကမ္ဘာပေါ်တွင် အမြန်ဆုံး အရှိန်အဟုန်ဖြင့် ငွေရောင်အလင်းတန်းတစ်ခုသည် အခန်းထဲသို့ ပြေးဝင်လာကာ တစ်ချက်တည်း ခုတ်ပိုင်းလိုက်လေတော့သည်။

စူးရှသော အော်ဟစ်သံအချို့နှင့်အတူ ခုနက မတ်တပ်ရပ်နေသော အမျိုးသမီးများ၊ ကျင်းဖုန်း၏ မိခင်အပါအဝင် အားလုံးမှာ ခါးမှနေ၍ နှစ်ပိုင်းပြတ်သွားကြတော့သည်။ အူများ လွင့်စင်ထွက်လာကာ သွေးများမှာလည်း နေရာအနှံ့ ပန်းထွက်ကုန်တော့သည်။

“အမေ...”

ကျင်းဖုန်း၏ မျက်လုံးများမှာ တစ်ခဏအတွင်း သွေးရောင်လွှမ်းသွားပြီး သူ၏မိခင်ထံသို့ အပြေးအလွှား သွားကာ အလုပ်ကြမ်းလုပ်လွန်း၍ ကြမ်းတမ်းနေသော သူမ၏ လက်အစုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

“သား... အမေ... နာတယ်...”

ကျင်းဖုန်း၏ မိခင်မှာ ပါးစပ်မှ သွေးများ အန်ထုတ်ရင်း မျက်ဝန်းများ ဝေဝါးလာတော့သည်။ ကျင်းဖုန်းမှာမူ မျက်ရည်များ အဆက်မပြတ် ကျလာရုံမှတစ်ပါး သူ့မိခင်ကို ဘယ်လို ကုသပေးရမလဲနှင့် ဘယ်လိုကယ်တင်ရမလဲကို မသိတော့ချေ။

တောက်... တောက်... တောက်

အနက်ရောင် တိမ်တိုက်ပုံစံ ချုပ်လုပ်ထားသော ဘွတ်ဖိနပ်တစ်စုံမှာ အခန်းထဲသို့ လှမ်းဝင်လာသည်။

“မင်းက အစွန်းရောက်လက်သီးဂိုဏ်းက တပည့်တစ်ယောက်ပဲ ဟုတ်တယ်မလား မင်းဆီမှာ အဲ့ဒီ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အနံ့အသက်တွေ ရှိနေတယ်”

“အစွန်းရောက်လက်သီးဂိုဏ်းက အထက်လူကြီးတွေကို ဆန့်ကျင်ပြီး ငါတို့ဂိုဏ်းက တပည့်နှစ်ယောက်ကို သတ်ခဲ့တယ်။ ဒါကြောင့် တစ်ဂိုဏ်းလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်”

ထိုအေးစက်လှသော အသံမှာ ကောင်းကင်ဘုံမှ အမိန့်တော်အတိုင်း ငြင်းပယ်၍မရသော အာဏာစက်များ ပြည့်နှက်နေသည်။

“တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်... မင်းကို ငါသတ်မယ်”

ကျင်းဖုန်းသည် ဟိန်းဟောက်ရင်း ရှေ့သို့ ပြေးထွက်လိုက်သည်။

ဖွပ်…

ခြေလှမ်းနှစ်လှမ်းပင် မလှမ်းရသေးမီမှာပင် သူသည် ခေါင်းမပါသော အလောင်းတစ်ခု ဖြစ်သွားခဲ့သည်။ အနီရောင်ဝတ်စုံဝတ် တာအိုအဘိုးအိုသည် ကျင်းဖုန်း၏ ဦးခေါင်းကို ကောက်ယူလိုက်ပြီး မီးလုံးတစ်လုံးကို ပစ်လွှတ်ကာ အိမ်တစ်အိမ်လုံးကို မီးရှို့ဖျက်ဆီးလိုက်တော့သည်။

သူသည် ကောင်းကင်ယံရှိ အဝါရောင် အဆောင်စာရွက်ကို ဆက်လက် ထိန်းချုပ်ပြီး အစွန်းရောက်လက်သီးဂိုဏ်းဝင်များကို တိကျစွာ လိုက်လံရှာဖွေကာ ဦးခေါင်းများကို ဖြတ်တောက်နေတော့သည်။

နောက်တစ်နေ့ မိုးသောက်ယံအချိန်တွင် လူတို့မှာ အစွန်းရောက်လက်သီးဂိုဏ်း၏ တံခါးဝတွင် သွေးများ စိုရွှဲနေပြီး မျက်နှာများ ပုံပျက်ပန်းပျက်ဖြင့် သေဆုံးနေသော ဦးခေါင်းများစွာ ချိတ်ဆွဲခံထားရသည်ကို ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိခဲ့ကြသည်။ ပေပေါင်းများစွာ အကွာအဝေးမှပင် ထိုသူတို့၏ မကျေနပ်ချက်နှင့် နာကျည်းမှုများကို ခံစားနေရသည်။

အစွန်းရောက်လက်သီးဂိုဏ်း တစ်ခုတည်း မဟုတ်ပေ။

ထိုင်ဝမ်မြို့ရှိ လျူမိသားစု၊ တပ်မှူးဝမ်၏ အိမ်၊ လျန်မြို့မှ ဆုန့်မိသားစု၊ ဟူနန် နေထိုင်ရာ ကျေးရွာ၊ ယန်မြို့မှ ကျောက်မိသားစုနှင့် လျူမိသားစု...

ငါးပါးသောဓာတ်ဂိုဏ်းမှ မသေမျိုးဆရာသခင် နှစ်ဦးနှင့် သဘောထားကွဲလွဲခဲ့ဖူးသူ သို့မဟုတ် ရန်ငြိုးရှိသည်ဟု ယူဆရသူ မည်သည့်မိသားစုမဆို အလွန်ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။ သားရဲဒီရေလှိုင်းကို တိုက်ထုတ်စဉ်က မြို့အသီးသီးမှ လာရောက်ကူညီခဲ့ကြသော အထူးချွန်ဆုံး လူသားအရင်းအမြစ်များမှာ ယခုအခါ ရက်ရက်စက်စက် အသတ်ခံနေရပြီ ဖြစ်သည်။

သို့သော် ဤကပ်ဘေးကြီးအတွင်း၌ ထိုသူအားလုံးနီးပါးမှာ အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရသည်။

ဝမ်ကျန်းခရိုင်၏ သိုင်းပညာစွမ်းအားမှာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်သို့ ထိုးဆင်းသွားခဲ့ရသည်။ ကျင့်ကြံသူများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးအေးမှုတို့မှာ လူတိုင်း၏ နှလုံးသားထဲတွင် ကလေးငိုသံပင် တိတ်သွားစေလောက်အောင် စွဲထင်ကျန်ရစ်ခဲ့သည်။ ထို့ပြင် လူတိုင်း၏ ရင်ထဲ၌ ကျင့်ကြံသူများကို ဆန့်ကျင်၍မရသလို ယှဉ်ပြိုင်၍မရ ဟူသော အသိမှာလည်း နက်ရှိုင်းစွာ ကိန်းအောင်းသွားတော့သည်။

...

မိုင်ပေါင်းမည်မျှ ဝေးကွာနေမှန်းမသိသော လုံကျန်းမြစ်ပြင်ပေါ်တွင်မူ ပေတစ်ရာကျော် ရှည်လျားပြီး တစ်ကိုယ်လုံး နက်မှောင်သော အညိုရောင်ရှိသည့် သစ်သားသင်္ဘောကြီးမှာ မြစ်ရေပြင်ထက်၌ တည်ငြိမ်စွာ ဆက်လက်ရွက်လွှင့်နေဆဲပင်။ သင်္ဘောကပ္ပတိန်နှင့် လှေလုပ်သားအချို့သည် သင်္ဘောဦးပိုင်း၌ အမွှေးတိုင်ထွန်းရာ စားပွဲတစ်ခုကို ပြင်ဆင်ထားပြီး ကြက်သား၊ ငါး၊ ဝက်သားတို့ဖြင့် ပူဇော်ထားကြကာ စားပွဲအောက်တွင် အဝါရောင် ဖျာအုံးလေးတစ်ခုကို ခင်းထားသည်။

“ဒီနေ့က နှစ်သစ်ကူးနေ့ပဲ မြစ်စောင့်နဂါးမင်းဆီမှာ ဆုတောင်းပြီး နိမိတ်ကောင်းလေးတွေ ယူကြစမ်းပါဦး”

ကပ္ပတိန်ကြီးက ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဟင်... နှစ်သစ်တောင် ရောက်ပြီလား မြန်လိုက်တာ”

သင်္ဘောပေါ်ရှိ လူများမှာ အံ့အားသင့်သွားကြသည်။ အသေအချာ ပြန်စဉ်းစားကြည့်မှ သူတို့ ဝမ်ကျန်းမြို့က ထွက်လာချိန်မှာ နှစ်ကုန်ခါနီးဖြစ်ကြောင်း သတိရလိုက်ကြသည်။ သူတို့အိမ်မှာ နှစ်သစ်ကူး မဖြတ်သန်းရသဖြင့် အနည်းငယ် ဝမ်းနည်းသလို ခံစားရသော်လည်း ကပ္ပတိန်၏ စကားကို နားထောင်ကာ တစ်ဦးပြီးတစ်ဦး ဆုတောင်းရန် ဖျာအုံးလေးပေါ်တွင် ဒူးထောက်လိုက်ကြသည်။

“နှစ်သစ်ကူးပြီဆိုတော့ ငါလည်း အသက် ၂၀ ထဲ ရောက်ပြီပေါ့”

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ သူ၏အသက်မှာ 19/90 မှ 20/90 သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။ သူသည်လည်း ထုံးစံအတိုင်း ဆုတောင်းရန် ခြေလှမ်းပြင်လိုက်သော်လည်း ထိုခဏ၌ပင် လျှပ်စီးအချက်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

သူ၏ စိတ်အာရုံထဲတွင် မမြင်နိုင် မထိတွေ့နိုင်သော အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်သွားသည်။

ကွပ်...

၎င်းမှာ သူ၏ ပုဆိန်သိုင်းကို အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်ပြီးနောက် သူ၏စိတ်ထဲတွင် ဖြစ်ပေါ်လာသော သိမ်းငှက်၏ အော်မြည်သံပင်။ ၎င်းသည် ရုပ်ဝတ္တုမဟုတ်သော်လည်း လုံယီကမူ ၎င်းရှိနေကြောင်း ကောင်းစွာသိသည်။

ယခုအခါ ထိုသိမ်းငှက်၏ အော်မြည်သံမှာ ဥဩငှက်၏ သွေးစွန်းသော ငိုကြွေးသံကဲ့သို့ပင် နာကျင်စရာ၊ ကြေကွဲစရာနှင့် ဒေါသတရားများဖြင့် ပြည့်နှက်နေသည်။ ထိုမျှ ပြင်းထန်လှသော ခံစားချက်များက လုံယီကိုပါ ရိုက်ခတ်လာတော့သည်။

လုံယီသည် ရုတ်တရက်ဆိုသလို နောက်သို့ လှည့်ကြည့်မိပြီး မသိစိတ်ဖြင့် မျက်ရည်များ ဝဲတက်လာသည်။

သိုင်းပညာရပ်တွင် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာသူများသည် သူနှင့် ပတ်သက်

ဆက်နွှယ်နေသူများ သို့မဟုတ် သူ၏ ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို သာမန်လူထက် သာလွန်သော ဆဋ္ဌမအာရုံဖြင့် ကြိုတင်ခံစားသိရှိနိုင်စွမ်း ရှိကြသည်။ လုံယီသည် အစွန်းရောက်လက်သီးဂိုဏ်းမှ သူ၏ ညီနောင်များနှင့် ဂိုဏ်းလူကြီးများ တစ်စုံတစ်ရာ အကြီးအကျယ် လွဲမှားနေပြီဆိုသည့် အတိတ်နိမိတ်ဆိုးကို ခံစားလိုက်ရခြင်းပင်။

“ငါးပါးသောဓာတ်ဂိုဏ်း...”

လုံယီသည် ကျယ်ပြောလှသော လုံကျန်းမြစ်ပြင်ကို ကြည့်ရင်း “ငါ ပြန်လာခဲ့မယ်...” ဟု တိုးတိုးလေး ကျိန်ဆိုလိုက်သည်။

သို့သော် ကံဆိုးမသွားရာ မိုးလိုက်ရွာ ဆိုသလိုပင် ထိုညမှာပင် ဘေးဒုက္ခတစ်ခု ထပ်မံဆိုက်ရောက်လာပြန်သည်။

ထိုညတွင် အရိပ်မည်းကြီးတစ်ခုသည် သင်္ဘောကို ရုတ်တရက် ဝင်တိုက်လိုက်ရာ သင်္ဘောကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မှောက်လုနီးပါးပင်။

“ဒါ ဘာကြီးလဲဟ”

“အမလေး... သေပါပြီ”

လူတိုင်း ကုန်းပတ်ပေါ်သို့ ပြေးထွက်လာကြရာ သူတို့ကို တိုက်ခိုက်နေသူမှာ ဧရာမ ပင်လယ်လိပ်ကြီး တစ်ကောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလိပ်ကြီးမှာ တစ်ကိုယ်လုံး မည်းနက်နေပြီး အရှည် ၁၀ ပေကျော်ရှိရာ သူတို့စီးလာသော သင်္ဘောထက် အနည်းငယ်သာ သေးငယ်တော့သည်။ ၎င်းထံမှ ထွက်ပေါ်နေသော စွမ်းအင်မှာ အလွန်ပင် ပြင်းထန်လှပြီး မိစ္ဆာသားရဲအဆင့်သို့ ရောက်လုနီးပါး ရှိနေသည်။

“ငါ အဲ့ဒီကောင်ကို အပိုင်းပိုင်းဖြစ်အောင် ရိုက်သတ်ပစ်မယ်”

ချူဖုန်းသည် သူ၏ ရွှေရောင်ဖရဲသီးလက်နက်နှစ်ခုကို မြှောက်ကိုင်လိုက်ပြီး လိပ်ကြီးပေါ်သို့ ခုန်ချကာ အားကုန်ထုနှက်ရန် ပြင်လိုက်သည်။

“နေဦး”

သူ၏ဘေးမှ တာအိုဆရာ ရွှမ်ကျိက သူ့ကို ဆွဲတားလိုက်ပြီး မျက်နှာပျက်ပျက်ဖြင့် “သေချာ ထပ်ကြည့်ဦး” ဟု ပြောလိုက်သည်။

ချူဖုန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည့်အခါ သူ၏ မျက်နှာထားမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။ သိုင်းသမားတစ်ဦး၏ မျက်စိအမြင်ဖြင့် သူသည် မှောင်မိုက်နေသော ရေပြင်အောက်၌ အနက်ရောင် အစုအဝေးကြီးများစွာ တစ်ခုနှင့်တစ်ခု အကွာအဝေးတစ်ခုစီခြားကာ ရှိနေသည်ကို မြင်လိုက်ရသည်။

ရံဖန်ရံခါတွင် ချောမွေ့ပြောင်လက်နေသော ခေါင်းကြီးများ ရေပေါ်သို့ ပေါ်လာတတ်ရာ ၎င်းတို့မှာ ခုနက လိပ်ကြီးနှင့် အမျိုးအစားတူများဖြစ်ကြောင်း သိသာလှသည်။

“ဒီလောက်တောင် များနေတာ... ဘယ်လို သတ်ရမှာလဲ”

မာနကြီးလှသော ချူဖုန်းပင် မှင်သက်သွားရတော့သည်။

မိစ္ဆာအဆင့်နီးပါးရှိသော လိပ်ကြီးတစ်ကောင်တည်းကိုပင် ရေထဲ၌ တိုက်ခိုက်ရန် သိုင်းသမားတစ်ဦးအတွက် အလွန်ခက်ခဲသည်။

ဝုန်း…

လိပ်ကြီးသည် သူ၏ခေါင်းကို အခွံထဲသို့ ပြန်သွင်းလိုက်ပြီးနောက် သင်္ဘောကိုယ်ထည်ကို နောက်တစ်ကြိမ် ပြင်းထန်စွာ ထပ်မံတိုက်လိုက်ပြန်သည်။ လူတိုင်း ဟန်ချက်ပျက်ကာ ယိမ်းထိုးသွားကြသည်။ လုံယီနှင့် အဘိုးကြီးရှီတို့ကသာ ဆွဲမထားလျှင် ကျန်းဝေတနှင့် ရှီချင်းတတို့ကဲ့သို့ ကျင့်စဉ်နိမ့်ပါးသူများမှာ မြစ်ထဲသို့ တိုက်ရိုက် ပြုတ်ကျသွားနိုင်သည့် အခြေအနေပင်။

အခန်း။ ၂၄၀

“အားလုံး ဝိုင်းထိန်းထားကြဦး။ ငါ အပြင်ထွက်ကြည့်လိုက်မယ်”

လုံယီသည် ချူဖုန်းနှင့် တာအိုဆရာ ရွှမ်ကျိတို့ကို လှမ်းပြောလိုက်ပြီးနောက် ကုန်းပတ်ပေါ်မှ ဝုန်းကနဲ ခုန်ဆင်းသွားတော့သည်။

ဖတ်…

သူ၏ခြေထောက်သည် ပင်လယ်လိပ်ကြီးတစ်ကောင်၏ အခွံပေါ်သို့ ကျရောက်သွားပြီး ၎င်းကို အရှိန်ယူကာ ကိုက်အစိတ်ခန့်အကွာရှိ အခြားအနက်ရောင်အရိပ်တစ်ခုဆီသို့ ပျံသန်းသွားပြန်သည်။

ဝုန်း….

ထိုဧရာမလိပ်ကြီးမှာ ရေအောက်တွင် ရှိနေသော်လည်း လုံယီ၏ နင်းခြေခြင်းကို ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်ကာ ရေပေါ်သို့ ပေါ်လာတော့သည်။ ၎င်း၏ ကိုယ်ထည်မှာ ၈ ကိုက်၊ ၉ ကိုက်ခန့် ရှည်လျားလှသည်။

“ဒါလည်း မဟုတ်သေးဘူး”

လုံယီသည် ထိုနေရာတွင် အချိန်ဆွဲမနေဘဲ ၎င်း၏ကျောပေါ်မှတစ်ဆင့် တတိယမြောက် လိပ်ကြီးထံသို့ ထပ်မံခုန်ကူးလိုက်ပြန်သည်။ ဤလိပ်ကြီးများသည် ရေအောက်တွင် ပုန်းအောင်းနေကြခြင်းဖြစ်ရာ လုံယီကဲ့သို့ လူမျိုးအတွက်ပင် ၎င်းတို့ကို သတ်ဖြတ်ရန်မှာ အင်အားအမြောက်အမြား အသုံးပြုရမည်ဖြစ်ပြီး အချိန်ကုန်ပေလိမ့်မည်။

ယခင်က ငါးမိစ္ဆာအုပ်၏ တိုက်ခိုက်မှုကို ခံရစဉ်ကပင် လုံယီသည် သင်ခန်းစာယူခဲ့ပြီးဖြစ်သည်။ နောင်တွင် ဤကဲ့သို့ အခြေအနေမျိုး ကြုံလာရပါက ထိုသတ္တဝါများထဲမှ ဘုရင်ကို အရင်ရှာရမည်ဟု သူတွေးထားခဲ့သည်။ မည်သည့် သားရဲ သို့မဟုတ် ငှက်အုပ်စုတွင်မဆို သားရဲဘုရင် ဟူသော ခေါင်းဆောင်တစ်ကောင် အမြဲရှိစမြဲပင်။ အကယ်၍ သူသာ ခေါင်းဆောင်ကို နှိမ်နင်းနိုင်ပါက ပြဿနာများမှာ အလွယ်တကူ ပြေလည်သွားမည်ပင်။

ထိုသို့တွေးတောရင်း လုံယီသည် ရေပြင်ထက်တွင် ပြေးလွှားနေသည့် အရှိန်ကို မြှင့်တင်လိုက်သည်။ သူသည် သူ၏ခြေဖဝါးအောက်ရှိ လိပ်ကြီးများ၏ အရွယ်အစားကို အဆက်မပြတ် တိုင်းတာနေပြီး အကြီးဆုံးနှင့် အထူးခြားဆုံး လိပ်ဘုရင်ကို အမြန်ဆုံး ရှာဖွေနေခြင်းပင်။

ထိုအချိန်တွင် သင်္ဘောပေါ်၌မူ ချူဖုန်း၊ တာအိုဆရာ ရွှမ်ကျိ၊ ရှီချိုင်ဖုန်းနှင့် အခြားသူများသည် ချဉ်းကပ်လာသော လိပ်ကြီးများကို အသည်းအသန် ခုခံနေကြရသည်။

“မှောက်သွားစမ်း”

ချူဖုန်းသည် ပေါင်တစ်ရာကျော်လေးသော ရွှေရောင်ဖရဲသီး လက်နက်ကို ကိုင်စွဲကာ ကောင်းကင်ယံမှ ဥက္ကာခဲတစ်ခုအလား ဆင်းသက်လာပြီး လိပ်ခွံပေါ်သို့ အားကုန် ထုချလိုက်သည်။ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ထိုဧရာမ သတ္တဝါကြီးပင်လျှင် မခံနိုင်ဘဲ ရေအောက်သို့ နစ်မြုပ်သွားတော့သည်။ ကံဆိုးသည်မှာ လိပ်ခွံမှာ အလွန်မာကျောပြီး ကြီးမားလှသဖြင့် ချူဖုန်း၏ အနှိုင်းမဲ့ခွန်အားနှင့်ပင် အချိန်တိုအတွင်း ထိရောက်သော ဒဏ်ရာပေးရန် ခက်ခဲနေခြင်းပင်။

အခြားလိပ်ကြီးတစ်ကောင်မှာလည်း သင်္ဘောကိုယ်ထည်ကို ထပ်မံဝင်တိုက်လိုက်ပြန်ရာ သစ်သားသင်္ဘောကြီးမှာ ဘေးသို့ သိသိသာသာ စောင်းသွားပြီး မှောက်လုနီးပါး ဖြစ်သွားရသည်။ ထိုခဏ၌ပင် လှေလုပ်သား ၇ ဦး၊ ၈ ဦးခန့်မှာ ဗွမ်း... ဗွမ်း... ဟူသော အသံများနှင့်အတူ မြစ်ထဲသို့ ပြုတ်ကျသွားကြတော့သည်။

“မြန်မြန်... သူတို့ကို ကယ်ကြဦး”

ချန်မူကျူသည် စကားအများကြီးမပြောဘဲ ရေထဲသို့ ခုန်ဆင်းသွားပြီးနောက် ကျန်းဝေတနှင့် ရှီချင်းတတို့ကလည်း ထပ်ချပ်မကွာ လိုက်ဆင်းသွားကြတော့သည်။

မြစ်လယ်၌ ရေထဲသို့ ပြုတ်ကျသွားသော လှေလုပ်သား အများစုမှာ သိုင်းပညာ တတ်ကျွမ်းသူများ မဟုတ်ကြချေ။ ထိုကဲ့သို့ အေးစက်လှိုင်းထန်လှသော မြစ်အလယ်တွင် ရေကူးတတ်စေကာမူ အချိန်မီ မကယ်တင်နိုင်ပါက ကြာရှည်တောင့်ခံနိုင်ရန် ခဲယဉ်းလှသည်။

"ဝုန်း..."

ဧရာမ လိပ်ကြီးတစ်ကောင်က သင်္ဘောကို ထပ်မံဝင်တိုက်လိုက်ပြန်ရာ ပြင်းထန်သော တုန်ခါမှုကြီး ဖြစ်ပေါ်လာတော့သည်။

“ပဲ့ကိုင်ကြီး... သင်္ဘောပေါက်သွားပြီ၊ ရေတွေဝင်နေပြီဗျ”

လှေလုပ်သားတစ်ဦးက အသည်းအသန် အော်ဟစ်၍ အကြောင်းကြားလိုက်သည်။

ထိုသတင်းကို ကြားလိုက်ရသော ကပ္ပတိန်ကြီး၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူလျော့သွားတော့သည်။ ကျယ်ပြောလှသော လုံကျန်းမြစ်လယ်၌ သင်္ဘောနစ်မြုပ်သွားပါက မည်သို့သောအကျိုးဆက်နှင့် ရင်ဆိုင်ရမည်ကို သုံးနှစ်သားကလေးပင် သိရှိနိုင်သော အမှန်တရား ဖြစ်သည်။

“မြန်မြန်... အပေါက်ကို အတင်းပိတ်ကြစမ်း”

ကပ္ပတိန်ကြီးသည် အမိန့်ပေးရင်း ပေါက်ထွက်သွားသော နေရာသို့ ကိုယ်တိုင်ပြေးလွှား၍ ကြိုးပမ်းအားထုတ်သည်။ သို့သော်လည်း သင်္ဘောမှာ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ အတိုက်ခံရပြန်သဖြင့် ကပ္ပတိန်ကြီးမှာ ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားရပြန်သည်။

"ဗွမ်း..."

မြစ်ရေအမြောက်အမြားသည် ကုန်းပတ်ပေါ်သို့ လျှံတက်လာရာ လူတိုင်း၏စိတ်တွင် အေးစက်တုန်လှုပ်သော ထိတ်လန့်မှုတို့ လွှမ်းမိုးသွားကြရသည်။

အခြားတစ်ဖက်တွင်မူ လုံယီသည် သူ့ထံရှိသမျှ ခွန်အားကို စုစည်းကာ ပေါ့ပါးသောကိုယ်ဟန်

အတတ်နှင့် လျှင်မြန်မှုတို့ကို ပေါင်းစပ်၍ အထွတ်အထိပ်အရှိန်ဖြင့် ပြေးလွှားလျက်ရှိသည်။ ကြည့်ရှုသူများအဖို့ အရိပ်တစ်ခု ဝဲခနဲ ဖြတ်သန်းသွားသည်ဟုသာ ထင်မှတ်ရပေလိမ့်မည်။

သင်္ဘောရှိရာအရပ်မှ အော်ဟစ်သံများကို သဲ့သဲ့ကြားနေရသဖြင့် လုံယီ၏စိတ်တွင် ပူပန်မှုတို့ တိုးပွားလာရသည်။ ထိုစဉ် လုံယီ၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ရှေ့ရှိ ရေပြင်အောက်တွင် မြင်တွေ့နေရသော အရိပ်ကြီးမှာ ပုံသဏ္ဌာန်အရ ကျန်ရှိသော လိပ်ကြီးများနှင့် လုံးဝမတူဘဲ အဆင့်အတန်း မြင့်မားသည်ကို သတိပြုမိလိုက်ခြင်းပင်။

လုံယီသည် အရှိန်ကုန် ခုန်တက်လိုက်ပြီး ခြေထောက်အောက်မှ လိပ်ခွံကို အရှိန်ယူကာ ပေ ၃၀ ကျော်အမြင့်သို့ ပျံတက်သွားသည်။ ထို့နောက် လေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန် ဝိုက်ဆင်းလာပြီးနောက် ဟန်ချက်ကို ထိန်းညှိကာ ထိုအရိပ်မည်းကြီး၏ အခွံပေါ်သို့ အားကုန်နင်းချလိုက်တော့သည်။

“ဝူး...”

ထိုအရိပ်မည်းကြီးသည် နက်ရှိုင်းသော အသံကြီးဖြင့် ဟောက်လိုက်ပြီး ရေပေါ်သို့ ပေါ်ထွက်လာသည်။ ၎င်းမှာ အရှည်ပေ ၆၀ နီးပါးရှိပြီး ခရမ်းရောင်သန်းနေသော အနက်ရောင် လိပ်ဘုရင်ကြီး ပင်။

၎င်း၏ အခွံအရောင်မှာ ခရမ်းရောင်သန်းနေသော အနက်ရောင်ဖြစ်ပြီး ရှုပ်ထွေးနက်နဲသော အင်းကွက်သဏ္ဌာန် အဆင်တန်ဆာများဖြင့် ပြည့်နှက်နေကာ သာမန်လိပ်ကြီးများထက် များစွာ ပိုမိုများပြားလှသည်။ ထို့ပြင် ၎င်း၏ ဦးခေါင်းထိပ်တွင် ဘဲဥပုံသဏ္ဌာန် ဖောင်းကြွနေသည့် အဖုတစ်ခုရှိနေပြီး အချိန်မရွေး ဦးချိုတစ်ခု ထွက်ပေါ်လာတော့မည့်အလား ထင်မှတ်ရသည်။

ဒါပဲ။

လုံယီသည် စိတ်ထဲမှ အသေအချာ သိရှိသွားပြီဖြစ်ရာ မဆိုင်းမတွဘဲ သူ၏ ထိန်းချုပ်ခြင်းပါရမီစွမ်းအားကို လိပ်ဘုရင်ကြီးအပေါ် တိုက်ရိုက် အသုံးပြုလိုက်တော့သည်။

ထိန်းချုပ်ခြင်းစိတ်စွမ်းအားသည် အချိန်နှင့်အမျှ တဖြည်းဖြည်း ကြီးထွားလာကာ မိမိထက် အစွမ်းနိမ့်သော သတ္တဝါများကို ကန့်သတ်ချက်ဖြင့် စေခိုင်းနိုင်သည်။ ထိန်းချုပ်ချိန်နှင့် ခက်ခဲမှုမှာ တစ်ဖက်သား၏ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် မူတည်သည်။

မကြာမီမှာပင် လုံယီသည် သူနှင့် လိပ်ဘုရင်ကြီးအကြား မမြင်နိုင်သော စိတ်ဝိညာဉ်ချည်မျှင်တစ်ခု ဆက်သွယ်သွားသည်ကို ခံစားလိုက်ရသည်။ ထိုချည်မျှင်၏ တစ်ဖက်ခြမ်းတွင် ဒေါသတရား၊ မောဟနှင့် ဝေခွဲမရဖြစ်မှုများကို သူ ဝေဝါးစွာ ခံစားနေရသည်။

“အညံ့ခံစမ်း”

လုံယီသည် စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ တစ်ဖက်မှ ပြင်းထန်သော ခုခံလိုစိတ် ပြန်လည်ရောက်ရှိလာသည်။

“အညံ့ခံစမ်း”

လုံယီသည် ထိုစိတ်ဝိညာဉ်ချည်မျှင်ကို နှိပ်စက် သကဲ့သို့ ဆွဲခါလိုက်ပြီး လိပ်ဘုရင်ကြီးကို အပြစ်ပေးလိုက်သည်။

“ဝူး...”

လိပ်ဘုရင်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ မြစ်ထဲတွင် ဟိုဘက်ဒီဘက် လူးလိမ့်နေတော့သည်။ ထိုသို့ လူးလိမ့်မှုကြောင့် ရေတိုင်ကြီးများ ပန်းထွက်လာကာ ဆူနာမီလှိုင်းလုံးကြီးများ ကျရောက်လာသကဲ့သို့ လှိုင်းတံပိုးများ ထန်သွားရသည်။ သို့သော် လုံယီမှာမူ သံလိုက်ဖြင့် ကပ်ထားသကဲ့သို့ လိပ်ခွံပေါ်တွင် ခိုင်မြဲစွာ ရှိနေပြီး ခါချ၍မရပေ။

“ဝူး... ဝူး... ဝူး”

လိပ်ဘုရင်ကြီးသည် အကြိမ်ကြိမ် နာကျင်စွာ အော်ဟစ်နေသဖြင့် ပတ်ဝန်းကျင်ရှိ လိပ်ကြီးများအားလုံး ထိတ်လန့်သွားကြပြီး တိုက်ခိုက်မှုကို ရပ်တန့်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝေခွဲမရ ဖြစ်ကုန်ကြတော့သည်။ နောက်ဆုံးတွင်တော့ လိပ်ဘုရင်ကြီးမှာ ခုခံမှုကို ရပ်တန့်လိုက်ပြီး ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာကာ လုံယီထံ အညံ့ခံကြောင်း သူ၏ စိတ်အာရုံဖြင့် အသိပေးလိုက်တော့သည်။

“ဟိုဘက်ကို သွားမယ်”

လုံယီသည် ယိမ်းထိုးနေသော သစ်သားသင်္ဘောကြီးရှိရာဘက်သို့ လက်ညှိုးညွှန်ပြကာ လမ်းညွှန်လိုက်သည်။

သစ်သားသင်္ဘောကြီးမှာ လိပ်ကြီးများ၏ တိုက်ခိုက်မှုကြောင့် အပေါက်ပေါင်းများစွာ ဖြစ်ပေါ်နေပြီး သင်္ဘောဝမ်းထဲသို့ ရေများ အမြောက်အမြား ဝင်ရောက်နေပြီ ဖြစ်သည်။ သင်္ဘောပေါ်ရှိ လူအားလုံး မျှော်လင့်ချက် ကင်းမဲ့နေချိန်မှာပင်... အံ့ဩစရာကောင်းလောက်အောင် ကြီးမားလှသော လိပ်ခွံကြီးပေါ်တွင် မတ်တပ်ရပ်လျက် သူတို့ထံသို့ မျောပါလာနေသော လုံယီကို လှမ်းမြင်လိုက်ကြရတော့သည်။

“အားလုံး... လိပ်ခွံပေါ်ကို မြန်မြန်တက်ကြ”

လုံယီက အားမာန်ပါပါဖြင့် လှမ်းအော်လိုက်သည်။

သူသည် လိပ်ဘုရင်ကြီးကို သစ်သားသင်္ဘောအနားသို့ တစ်ကိုက်ခန့်အကွာအထိ ကပ်စေပြီး လူတိုင်းအလွယ်တကူ ကူးပြောင်းနိုင်ရန် ရေပြင်ညီအနေအထားဖြင့် ထိန်းကျောင်းထားပေးသည်။

“ဟင်... ဒါက ဖြစ်နိုင်လို့လား”

ကျန်းဝေတမှာ ကြောင်အမ်းအမ်းဖြစ်နေပြီး “ဒီမိစ္ဆာကြီးကို သူက ဘယ်လိုလုပ်ပြီး နားထောင်အောင် လုပ်လိုက်တာလဲ” ဟု အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။

“အကြောင်းရင်းက အရေးမကြီးပါဘူး ငါတို့ အသက်ချမ်းသာရာရပြီပဲ”

ဘေးမှ ရှီချင်းတက ဝမ်းသာအားရ ပြောလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ ဧရာမလိပ်ခွံကြီးပေါ်သို့ ပြောင်းရွှေ့ပြီးစီးသွားကြပြီ ဖြစ်သည်။ လူများသာမက ဆန်အိတ်များ၊ အိပ်ရာလိပ်များ၊ အိုးခွက်ပန်းကန်များနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကိုပါ သယ်ဆောင်လာနိုင်ခဲ့ကြသည်။ လိပ်ခွံ၏ မျက်နှာပြင်မှာ အလွန်ပင် ကျယ်ဝန်းလှပြီး စုစုပေါင်း ၅ ဧကနီးပါး ရှိကာ အလယ်ဗဟိုရှိ ပြန့်ပြူးသော နေရာမှာပင် ၁ ဧကခွဲခန့် ရှိသဖြင့် လူတစ်ရာကျော်အေးအေးဆေးဆေး ဆံ့သည်။

အခြေချပြီးနောက် လူစာရင်းစစ်ဆေးကြည့်ရာ ကံဆိုးစွာဖြင့် လှေလုပ်သား ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိလိုက်ရသည်။ ကျယ်ပြောလှသော လုံကျန်းမြစ်ထဲတွင် သူတို့၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေရန်မှာလည်း မဖြစ်နိုင်တော့ချေ။

ကျန်းဝေတသည် လိပ်ဘုရင်ကြီး၏ ခရမ်းရောင်သန်းနေသော အခွံကို ခပ်ဖွဖွလေး စမ်းကြည့်လိုက်ရာ ကျောက်ပြားကဲ့သို့ မာကျောပြီး နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည်။

“တကယ့်ကို ကောင်းတာပဲ... ဖျာတွေတောင် မလိုတော့ဘူး”

အခြားသူများလည်း စမ်းကြည့်ကြပြီး မအံဩဘဲ မနေနိုင်ကြတော့ပေ။ လိပ်ခွံထံမှ နွေးထွေးမှုများ ထွက်ပေါ်နေသဖြင့် စောင်များ မလုံလောက်လျှင်ပင် အအေးမိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ သိုင်းသမားများပင် ဖြစ်လင့်ကစား အေးစက်သော မြေပြင်ပေါ်တွင် ကြာရှည်အိပ်စက်ရန်မှာ မနှစ်မြို့စရာပင်။

ထိုအတောအတွင်း လုံယီ၊ တာအိုဆရာ ရွှမ်ကျိ၊ ချူဖုန်းနှင့် အဘိုးကြီးရှီတို့သည် သင်္ဘောကြီး မနစ်မြုပ်မီ သစ်သားအမြောက်အမြားကို ဖျက်ဆီးယူဆောင်ခဲ့ကြသည်။ လိပ်ခွံ၏ အလယ်ဗဟိုတွင် လေဒဏ်မိုးဒဏ်ကို ကာကွယ်နိုင်ရန် ရိုးရှင်းသော တဲအိမ်လေးတစ်ခုကို ဆောက်လုပ်လိုက်ကြသည်။

ဤသို့ဖြင့် လူပေါင်း ၅၀ ကျော်သည် ဧရာမလိပ်ခွံကြီးပေါ်တွင် ခိုလှုံရင်း စိုးရိမ်ထိတ်လန့်မှုများကြားမှ ခရီးဆက်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ယာယီမီးဖိုများကို ပြင်ဆင်နိုင်ခဲ့ပြီး သင်္ဘောမှပါလာသော မီးခတ်ကျောက်နှင့် သစ်သားများကို လောင်စာအဖြစ် အသုံးပြုနိုင်သဖြင့် ပူပူနွေးနွေး အစားအသောက်များအတွက် ပူပန်စရာ မလိုတော့ပေ။ ထို့ပြင် ဝက်ဝံနက်ဝိညာဉ်ကြီးကလည်း ရံဖန်ရံခါတွင် လတ်ဆတ်သော ငါးနှင့် ပုစွန်များကို လာရောက်ပို့ဆောင်ပေးသဖြင့် ဤခရီးစဉ်မှာ လူတိုင်းအတွက် မမေ့နိုင်စရာ ထူးခြားသော အတွေ့အကြုံတစ်ခု ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုံယီသည် သူ၏ ထိန်းချုပ်ခြင်း ပါရမီကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုလာနိုင်သည်။ လိပ်ကြီးနှင့် စိတ်ချင်းဆက်သွယ်ရန် တကူးတက အားထုတ်နေစရာမလိုတော့ဘဲ သိမ်မွေ့သော ပတ်သက်မှုတစ်ခုကိုသာ ထိန်းထားရုံဖြင့် ၎င်း၏ အညံ့ခံလိုစိတ်ကို အမြဲသိရှိနေရသည်။ အချိန်ကြာလာသည်နှင့်အမျှ လိပ်ဘုရင်ကြီးမှာ လုံယီအပေါ် ပိုမိုကြည်ညိုလေးစားလာပြီး ထိုလေးစားမှုမှာ အရိုးထဲအထိ စွဲထင်သွားတော့သည်။ ထိန်းချုပ်မှုစွမ်းအားကို မသုံးလျှင်ပင် လိပ်ဘုရင်ကြီးမှာ ရုန်းကန်ရန် မဝံ့တော့ချေ။

လိပ်မိစ္ဆာအုပ်စု၏ တိုက်ခိုက်မှုကို ဖြေရှင်းပြီးနောက်တွင်တော့ အဖွဲ့၏ ကံဆိုးမှုများမှာ လုံးဝ ပျောက်ကွယ်သွားပုံပင်။ နောက်ပိုင်းရက်များတွင် ကောင်းကင်ယံမှာ ကြည်လင်တောက်ပနေပြီး မိုးတစ်စက်ပင် မရွာခဲ့ပေ။ လိပ်ဘုရင်ကြီး၏ အရှိန်အဝါကြောင့် နောက်ထပ် မိစ္ဆာတိုက်ခိုက်မှုများလည်း မကြုံတွေ့ရတော့ပေ။

တစ်ပတ်ခန့် ကြာပြီးနောက် လူတိုင်းသည် လိပ်ခွံပေါ်တွင် ရပ်နေကြရင်း ဝေးကွာလှသော အရပ်မှ ကုန်းမြေကို ဝေဝါးစွာ မြင်တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်ကာ အောင်ပွဲခံလိုက်ကြသည်။

All Chapters