← Chapters

ဆန်းလျန်နှင့်အလွဲများ

Vol. 5 Ch. 453

ဆန်းလျန်နှင့်အလွဲများ

Vol. 5 Ch. 453

ဆန်းလျန်သည် သူ၏ မိခင်ပြောနေသည့် ပုံပြင်ကို နားထောင် နေလေသည်။

"အဲဒီနောက်တော့ ကောင်းကင်ပေါ်မှာ နေမင်းပေါ်လာရောတဲ့၊ နေမင်း ပေါ်ပေါက် လာပြီးတဲ့နောက် ကမ္ဘာပေါ်မှာ လူတွေလည်း ပေါ်ပေါက် လာတော့တာပဲ၊ လူတွေ ပေါ်ပေါက် လာပြီးတဲ့ နောက်တော့ ဝိညာဉ်တွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်း သွားခဲ့တယ်"

"ပထမဆုံး လောကမှာ ရှင်သန်ခွင့်ရတဲ့ လူသားတွေက သူလိုကိုယ်လို သာမန်လူတွေပါပဲ၊ ဒါပေမဲ့ သူရဲကောင်းတွေကတော့ သေဆုံးပြီးတဲ့ နောက်ပိုင်း ကောင်းကင်မှာ ကြယ်စင်တွေ ဖြစ်သွားကြတယ်တဲ့"

"ကောင်းကယ်မှာ လမင်းကြီးလည်း ရှိတယ်လေ၊ လမင်းကြီးက ကြယ်တွေကြားမှာ အထွန်းလင်းဆုံးပဲပေါ့၊ သူ့အလင်းရောင်က ကြယ်တွေ အားလုံးကိုတောင် ဖုံးကွယ် ထားနိုင်တယ်"

"ဒါကြောင့် လက ကြယ်တွေကို ငဲ့ညှာတဲ့ အနေနဲ့ တစ်လမှာ နှစ်ခါပဲ လပြည့်အဖြစ် ထွန်းလင်း ပေးမယ်လို့ ကတိပေးခဲ့တယ်၊ သူရဲကောင်းတွေ သေဆုံးတိုင်း ကြယ်တွေ ဖြစ်သွားကြတဲ့ အတွက် ကောင်းကင်မှာ ကြယ်အရေအတွက်ကလည်း တဖြည်းဖြည်း အရမ်းများလာပြီပေါ့"

"အဲဒီအချိန်မှာ ကြယ်တွေက နေနဲ့အတူ ယှဉ်တွဲပြီး နေချင်ကြတော့ဘူး၊ ဒါကြောင့် လမင်းနဲ့ ကြယ်စင်တွေက မဟာမိတ်ဖွဲ့ပြီး သစ္စာပြုခဲ့ကြတယ်၊ နေထွက်လာတာနဲ့ သူတို့က ပျောက်ကွယ် သွားပေးမယ်၊ လမင်းနဲ့ ကြယ်စင်တွေ ထွက်ပေါ်လာတာနဲ့  နေကလည်း ဝင်ပေးရမယ်လို့ သစ္စာပြု ခဲ့ကြတယ်"

"နေမင်းက လောကကို နွေးထွေးမှုကို ပေးတယ်၊ နေထွက်လာတာနဲ့ ကမ္ဘာကြီးက စတင် သက်ဝင် လှုပ်ရှားလာတာပဲ၊ နောက်ပိုင်းတော့ လူတွေနဲ့ ဝိညာဉ်တွေ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် ခဲ့ကြတယ်တဲ့ကွယ်"

"ဒါပေမဲ့ တစ်ခု ပြောစရာရှိတာက ဘယ်တော့မှ မဆုံးနိုင်တဲ့ ဝိညာဉ်တွေ စီးဆင်းနေတဲ့ အသူရာ ချောက်မှာ နေမင်းသာ ထွက်ပေါ် မလာခဲ့ဘူးဆိုရင် လူသားတွေလည်း ဖြစ်တည်လာမှာ မဟုတ်ဘူး၊ နေရောင်ခြည်ကြောင့်သာ လူသားတွေ ဒီလောကမှာ မွေးဖွားလာပြီး ဒီလောကကြီး ကလည်း ဒီနေ့ဒီအချိန်ထိ ပြောင်းလဲ တိုးတက် လာခဲ့တာပေါ့"

ဆန်းလျန်မှာ မိခင် ပြောပြနေသည့် ပုံပြင်ထဲမှ "ဒီလောကကြီးကလည်း ဒီနေ့ ဒီအချိန်ထိ ပြောင်းလဲ တိုးတက် လာခဲ့တာပေါ့" ဆိုသည့် လောကကြီးမှာ မည်သည့် လောကကြီး ဖြစ်မှန်း ယခုအချိန်ထိ သိရှိနိုင်ခြင်း မရှိသေးပေ။

သူ၏ မိခင်ပြောပြနေသည့် ပုံပြင်များကတော့ အမှန်တရား ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ သို့သော် သေဆုံးသွားသည့် သူရဲ့ကောင်းများသည် ကြယ်များ ဖြစ်သွားသည် ဆိုပါက ဝိညာဉ်များသည် ထာဝရ အသက်ရှင်သန် သွားသည်ဟု ဆိုလိုရာ ရောက်နေလေသည်။

သူ၏မိခင်ပြောပြနေသည့် အကြောင်းများကို သူမွေးဖွားလာမှသာ သေသေချာချာ လေ့လာကြည့် ရတော့မည်ဟု ဆန်းလျန် စဉ်းစားနေမိသည်။

ထို့ပြင် ဆန်းလျန်၏ စိတ်ထဲတွင် သေချာနေသည့် ကိစ္စတစ်ခုတော့ ရှိလေသည်။ ယခု သူရောက်ရှိ နေသည့် လောကသည် အလွန်ထူးဆန်းသည့် လောကတစ်ခု ဖြစ်ပုံရလေသည်။ အသူရာ ချောက်သာ ဖြစ်နေလျှင်တော့ သူသိရှိထားသည့် အသူရာချောက်နှင့် အလွန်ကွဲပြားနေသည့် လောကတစ်ခု ဖြစ်နေလေသည်။

ဆန်းလျန်၏ မိခင်ဘေးတွင် ရပ်နေသည့် မိန်းကလေးငယ်လေး တစ်ယောက် ရှိလေသည်။ ထိုမိန်းကလေးငယ်မှာ သူ၏မိခင်၏ ညီမလေးဖြစ်ပြီး ဆန်းလျန်၏ အဒေါ်ဖြစ်လာမည့်သူ ဖြစ်လေသည်။

သူမ၏နာမည်မှာ ယွင်အော်ဟုသာ သိရပြီး မျိုးနွယ်ကိုတော့ ဆန်းလျန် ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။

သူ၏မိခင်ဖြစ်သူက ညီမငယ် ဖြစ်သူနှင့် စကား အနည်းငယ် ပြောပြီးသည့်နောက် သူမသည် ပင်ပန်းသွားပုံ ရပြီး တစ်ရေးအိပ်လိုက်လသည်။

ဆန်းလျန်မှာလည်း နတ်ဘုရား တန်ခိုး စွမ်းအားများကို အချိန်ကြာမြင့်စွာ အသုံးပြုထားရသည့် အတွက် ပင်ပန်းနေပြီ ဖြစ်လေသည်။ ထို့ကြောင့်သူ၏ မသိစိတ်က မိခင်ဆီမှ အသွေးအသားနှင့် စွမ်းအင်များကို စုပ်ယူလိုက်သည်။

ထို့ပြင် ဆန်းလျန်သည် မွေးရာပါတာအို ကျင့်ကြံသူ ဖြစ်သည့်အတွက် ပတ်ဝန်းကျင်မှ သန့်စင်သည့် မိုးမြေ စွမ်းအားများကို သူ၏နတ်ဘုရားစွမ်းအားကို အသုံးပြုကာ စုပ်ယူနိုင်စွမ်းရှိလေသည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ပါက သန္ဓေသား ဖွံ့ဖြိုး တိုးတက်မှုမှာ နှေးကွေး သွားမည် ဖြစ်လေသည်။

ဆန်းလျန်က သန္ဓေသား ကြီးထွားမှုကို အနှောင့်အယှက် မဖြစ်စေရန် စိတ်ပိုင်းဖြတ် ထားလိုက်သည်။ အဘယ်ကြောင့် ဆိုသော် သူမွေးဖွားလာသည့် အချိန်တွင် လူစဉ်မမီသော လူတစ်ယောက် အဖြစ် အဆက်ဆံ မခံချင်သောကြောင့် ဖြစ်လေသည်။

နောက်ပိုင်းရက်များတွင်တော့ ဆန်းလျန်က နတ်ဘုရား စွမ်းအားများကို အသုံးပြုကာ ပြင်ပလောကကို လေ့လာခြင်း မပြုလုပ်တော့ပေ။ သူက သန္ဓေသားငယ်၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အတွက်သာ အာရုံစိုက်နေတော့သည်။

ဆန်းလျန် ကြုံတွေ့နေရသည့် အတွေ့အကြုံများက အလွန် ထူးဆန်းလေသည်။ သူ၏ မိခင်သည် သာမန် လူတစ်ယောက်တော့ မဖြစ်နိုင်ပေ။ သူမသည် ဝိညာဉ်စွမ်းအား ကြွယ်ဝသည့် အစားအသောက်များကို သာနေ့စဉ် စားသောက်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် ဝိညာဉ် စွမ်းအားများကို အများအပြားရရှိကာ ကျင့်ကြံခြင်းကိုပင် ပြုလုပ် နေနိုင်ခဲ့သည်။

တဖြည်းဖြည်းနှင့် ဆန်းလျန်သည် သူ၏ ရုပ်ခန္ဓာ သန္ဓေသားငယ်တွင် ဦးခေါင်းနှင့် ဦးနှောက်များ စတင်ဖွံ့ဖြိုးလာပြီ ဖြစ်ကြောင်း သတိပြုလိုက် မိလေသည်။ သူ၏ ကြီးထွားနှုန်းမှာ အံ့သြစရာ ကောင်းလောက်အောင် လျင်မြန်နေကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ သန္ဓေသားငယ်၏ ငါးပုံနှစ်ပုံခန့်မှာ ဖွံ့ဖြိုးလာပြီ ဖြစ်လေသည်။

သူ၏ အခြားသော ကိုယ်တွင်း အင်္ဂါများမှလည်း စတင်ဖြစ်တည်လာပြီ ဖြစ်သည်။ လက်ချောင်းလေး များလည်း ပုံပေါ်လာပြီ ဖြစ်လေသည်။

သန္ဓေသားငယ်၏ ခန္ဓာကိုယ် ဖွံ့ဖြိုးလာခြင်း အပေါ်တွင် ဆန်းလျန်က ထူးခြားပြီး စိတ်လှုပ်ရှား မိခြင်း မရှိပါ။

သို့သော် သူ၏ လိင်အင်္ဂါ အစိတ်အပိုင်းမှာ ယောကျ်ားလေး မဟုတ်လာဘဲ မိန်းကလေး အဖြစ် ဖွံ့ဖြိုး လာခဲ့သည်ကို သူသိလိုက်ရသည့် အချိန်တွင်တော့ သူ ထိတ်လန့် တုန်လှုပ် သွားရလေသည်။ ထိုသို့ ကံမကောင်း အကြောင်း မလှခြင်းကို သူမည်သို့ လုပ်ရမည် မသိတော့ပေ။

ကျား မ ခွဲခြားမှုက သူ့အတွက် အရေးကြီးသည့် အချက်မဟုတ်ပါ။ သို့သော် ယောကျ်ားလေးဘဝမှ မိန်းကလေး ဘ၀သို့ ပြောင်းလဲ ရမည်မှာတော့ သူ့အတွက် လုံးဝ လက်မခံနိုင်သည့် အရာ ဖြစ်နေရလေသည်။

အခြား ကျင့်ကြံသူ ဆိုလျှင်တော့ ဖြစ်လာသည့် ကံတရားအတိုင်း လက်ခံမည် ဖြစ်သော်လည်း ဆန်းလျန်ကတော့ ထိုကဲ့သို့ မဖြစ်ချင်ပေ။

ဆန်းလျန်သည် သူ၏ နတ်ဘုရား စွမ်းအားများကို အသုံးပြုကာ သန္ဓေသား၏ မိန်းကလေး သဘာဝကို ဖိနှိပ်လိုက်ပြီး ယောကျ်ားလေး သဘာဝကို တိုးမြှင့်ပေးသည့် အလုပ်ကို လုပ်ဆောင် လိုက်လေသည်။ သို့သော် မိန်းကလေး သဘာဝကို ဖိနှိပ်ပြီး ယောကျ်ားလေး သဘာဝသို့ ပြောင်းလဲသည်မှာ သဘာဝကို ဆန့်ကျင်ခြင်း ဖြစ်သည့်အတွက် လွယ်ကူလွန်းသည်တော့ မဟုတ်ပေ။ သို့သော် ဆန်းလျန်ကလည်း လက်လျှော့ရန် ရည်ရွယ်ချက်မရှိပေ။

သို့သော် မိန်းကလေးသဘာဝကို ယောကျ်ားလေးသဘာ၀ အဖြစ်သို့ ပြောင်းလဲရန် အတွက် ယန်စွမ်းအား များစွာ လိုအပ်လေသည်။

သို့သော် သူ၏မိခင်သည် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို လုပ်လေ့မရှိဘဲ နေရောင်အောက်သို့လည်း ထွက်လေ့မရှိပေ။ အိမ်ထဲတွင်သာ အများဆုံး နေထိုင်သည့် အတွက် ယန်စွမ်းအင် ရရှိရန်မှာ ခက်ခဲလွန်း လှလေသည်။

ထို့ကြောင့် ဆန်းလျန်သည် ပတ်ဝန်းကျင်မှ မိုးမြေ စွမ်းအားများကို စုပ်ယူကာ သန္ဓေသားဖွံ့ဖြိုး တိုးတက်မှုကို တားဆီး ထားလိုက် လေတော့သည်။ ထိုအခါမှသာ ဖွံ့ဖြိုးနေသည့် မိန်းကလေး သဘာဝသည် ရပ်တန့်သွားမည် ဖြစ်လေသည်။

ထိုသို့ပြုလုပ်သည့် အတွက် မွေးဖွားလာသည့် အချိန်တွင် လူစဉ်မမီသူဟု အပြောခံရလျှင်လည်း မတတ်နိုင်တော့ပါ။ သူက မိန်းကလေး ဘဝတော့ မပြောင်းချင်ဘူး မဟုတ်လား။

သူက မိခင်ဖြစ်သူ နေရောင်ခြည်ထဲ ထွက်သည့် အချိန်တွင် ယန်စွမ်းအားများကို စုပ်ယူကာ မိန်းကလေး သဘာဝကို ဖိနှိပ်ပြီး ယောကျ်ားလေး သဘာဝသို့ ပြောင်းလဲစေရန် အစွမ်းကုန် ပြုလုပ်လေ့ရှိပြီး ကျန်သည့် အချိန်များတွင်တော့ မိုးမြေစွမ်းအာများနှင့် သန္ဓေသားဖွံ့ဖြိုးမှုကို မိုးမြေစွမ်းအားများ စုပ်ယူ တားဆီးထားလေသည်။

နှစ်လခန့်ကြာသည့် အချိန်တွင်တော့ သန္ဓေသားငယ်သည် ယောကျ်ားလေး သဘာဝ အဖြစ်သို့ လုံး၀ ပြောင်းလဲ သွားတော့သည်။

သို့သော်… ထိုအချိန်တွင် ဆန်းလျန်၏ သဘာဝကို လွန်ဆန်သည့် အပြုအမူများကြောင့် မိခင်ဖြစ်သူမှာ နေမကောင်း၊ မအီမသာဖြစ်ခြင်းကို ခံစားရတော့သည်။ သမားတော်များ အိမ်သို့ ရောက်ရှိလာကာ မိခင်ဖြစ်သူကို ဆေးကုရလေတော့သည်။

မိခင်ဖြစ်သူ၏ ညီမငယ်ဖြစ်သူ ယွင်အော်သည် သုံးလေးရက် တစ်ကြိမ် မိခင်ဖြစ်သူထံသို့ လာရောက် ကြည့်ရှုလေ့ ရှိလေသည်။ သူတို့သည် အိမ်တစ်အိမ်တည်း အတူတူ နေကြသည့် သူများ ဟုတ်ဟန် မတူပေ။

သူ၏ မိခင်ဖြစ်သူက မိသားစုနှင့်အတူ အိမ်ခွဲကာ နေထိုင်ပုံ ရလေသည်။ သို့သော် … ဆန်းလျန်သည် သူ၏ ဖခင်ဖြစ်သူနှင့် တစ်ခါမှ ဆုံတွေ့ရခြင်း မရှိသေးပေ။

ဆန်းလျန်မှာ သန္ဓေသားငယ်သည် ယောကျ်ားလေး ဖြစ်သည်ကို သေချာသွားသည့် အချိန်တွင်တော့ သူစုပ်ယူထားသည့် မိုးမြေစွမ်းအားများနှင့် သွေးအချို့ကို မိခင်ဖြစ်သူထံသို့ ပေးပို့လိုက်ကာ မိခင်ဖြစ်သူ ပြန်လည် ကျန်းမာလာအောင် ကူညီပေးလိုက်လေသည်။

သူ၏ လုပ်ရပ်ကြောင့် သန္ဓေသားငယ်မှာ ယောကျ်ားလေး ဘဝသို့ ပြောင်းသွားသည့်တိုင် ဖွံ့ဖြိုးမှုနှုန်းကတော့ နောက်ကျခဲ့ပြီ ဖြစ်လေသည်။ သို့သော် မတတ်နိုင်တော့ပေ။ နောက်ဖြစ်လာမည့် ပြဿနာကို နောက်မှသာ ရှင်းတော့မည် ဟု ဆန်းလျန် ဆုံးဖြတ်လိုက်ရသည်။

မွေးဖွားပြီးမှ ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းရန် အတွက် ပြုလုပ်နိုင်သည့် နည်းလမ်းများလည်း များစွာ ရှိသည် မဟုတ်ပါလား။

နောက်နေ့များတွင်တော့ ဆန်းလျန်သည် မည်သည့် မိုးမြေစွမ်းအားကိုမှ စုပ်ယူခြင်းမျိုး မပြုလုပ်တော့ဘဲ သန္ဓေသားငယ်ကို သဘာဝအတိုင်း ဖွံ့ဖြိုးစေလိုက်သည်။

ထိုအချိန်အတောအတွင်းတွင်…

ဆန်းလျန်သည် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။

ညအချိန် သူ၏မိခင် အိပ်ပျော်နေသည့် အချိန်တွင် တစ်စုံတစ်ယောက်က ချောင်းမြောင်း ကြည့်နေခြင်းကို သူ၏စိတ်အာရုံတွင် ခံစားမိခြင်း ဖြစ်လေသည်။

သို့သော် ချောင်းမြောင်း နေသူမှာ အနည်းငယ် ဝေးကွာနေသည့် အတွက် ထိုသူ မည်သူဖြစ်သည်ကို ဆန်းလျန် သိမြင်နိုင်ခြင်း မရှိခဲ့ပေ။

သူ၏ မိခင်နံဘေးတွင် လူနှစ်ယောက် အမြဲရှိနေသည်ကို ဆန်းလျန် သတိပြုခဲ့မိသည်မှာ ကြာပြီ ဖြစ်လေသည်။

ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်သည် မည်သည့်အခါမှ အိမ်မှ ထွက်ခွာသွားခြင်း မရှိပေ။ ထိုသူသည် မိခင်ကိုလည်း စကားပြောခြင်း မရှိပေ။ ကြည့်ရသည်မှာ မိခင်ကို စောင့်ရှောက် ပေးနေသည့်သူ ဖြစ်ဟန် တူလေသည်။

နောက်တစ်ယောက်မှာတော့ သူမ၏မိခင်ကို တိတ်တဆိတ် ချောင်းကြည့် နေသည့်သူ ဖြစ်လေသည်။

ဆန်းလျန်၏မိခင် ကိုယ်ဝန် လွယ်ထားရသည်မှာ ဆယ်လပြည့်ခဲ့ပြီ ဖြစ်လေသည်။

သို့သော် သန္ဓေသားငယ်မှာ အပြည့်အဝဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးပေ။ ယခု အချိန်တွင်သာ မွေးဖွားလျှင်တော့ သူသည် ကျိန်းသေပင် လူစဉ်မမီသည့် ကလေးတစ်ယောက် ဖြစ်လာတော့မည် ဖြစ်လေသည်။ သူ့အတွက် အပြည့်အ၀ သန္ဓေသား ဖွံ့ဖြိုးရန်အတွက် အချိန်နှစ်လခန့် လိုနေလေသည်။

ညတစ်ည…

ထိုညတွင်တော့ ဆန်းလျန်သည် တိုက်ပွဲတစ်ခု အသံကို ကြားရလေသည်။ သူ၏မိခင်ကို ခိုးကြောင်ခိုးဝှက် လာရောက် ချောင်းမြောင်းနေသူနှင့် မိခင်ကို စောင့်ရှောက် နေသည့်သူ တိုက်ခိုက် နေကြခြင်း ဖြစ်လေသည်။

ခိုးကြောင်ခိုးဝှက် လာရောက်သူမှာ ထွက်ပြေး သွားသည့်တိုင် သူ၏မိခင်ကို စောင့်ရှောက် နေသည့် သူမှာလည်း ဒဏ်ရာ အပြင်းအထန် ရသွားလေသည်။

ဆန်းလျန်မှာလည်း ပြဿနာများ ရှုပ်ထွေးမလာခင် မြန်မြန် လူဖြစ်ချင်နေပြီ ဖြစ်လေသည်။

***

All Chapters