← Chapters

ဘယ်တော့မိန်းမယူမှာလဲ

Vol. 30 Ch. 414

ဘယ်တော့မိန်းမယူမှာလဲ

Vol. 30 Ch. 414

အခန်း (၄၁၄) ဘယ်တော့မိန်းမယူမှာလဲ

ခရီးစဉ်တွင် ရွှီဖေးကလည်း ရှီကျွင်းလေးကို ခေါ်ဆောင်လာဦးမည်ဖြစ်ရာ နောက်တစ်ယောက် ထပ်ပိုလာ၍လည်း ရန်ကျောက်ကဲအတွက် ပြဿနာမရှိတော့ပေ။ ထို့ပြင် သူက ဖန်းယွင်ရှန်းနှင့် ခင်မင်သူဖြစ်သည့်အတွက် ပို၍ အဆင်ပြေသည်ဟုပင် ဆိုနိုင်သည်။

ရန်ကျောက်ကဲက...

“ကျွန်တော်ကတော့ အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ က အဆင်ပြေပါ့မလား မပြောတတ်ဘူး ၊သူ့ စကားအရဆိုရင် သူက ပြင်ပလောကမှာ အတွေ့အကြုံ ရှာချင်တယ်ပဲပြောတာ ၊ ကျွန်တော်က လိုက်ကာကွယ်ပေးနေရင် သူ ဘယ်လိုလုပ် အတွေ့အကြုံရတော့မလဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ တစ်ခုတော့ရှိတယ် ၊ သူ အန္တရယ်ကြုံလည်း ကျွန်တော်က မလှုပ်ရှားဘဲ စောင့်ကြည့်နေမယ်ဆိုရင်တော့ သူ ကျွန်တော့်ကို အားမကိုးတော့ဘဲ သူ့ကိုယ်သူ အားကိုးပြီး အဆုံးထိ တိုက်ခိုက်သွားလိမ့်မယ်”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အင်း... ကျွန်တော် ပါနေတော့လည်း တစ်ယောက်တည်းသွားတာထက်တော့ ကောင်းတာပေါ့လေ ၊ တစ်ခုခုဆို အားလုံး အတူတူဖြေရှင်းလို့ရနိုင်တာပေါ့”

ယွမ်ကျန်းဖုန်းက...

“လောကမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး ၊ ငါတို့ တတ်နိုင်သလောက် လုပ်ကြရတာပဲလေ ၊ ယွင်ရှန်းက စိတ်ထားကြည်လင်တဲ့သူဖြစ်လို့ သူက အရာအားလုံးကို နားလည်မှာပါ”

ခဏနားပြီးမှ ယွမ်ကျန်းဖုန်းက ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ် မင်းနဲ့အတူခရီးထွက်တာ သူ့အတွက် အသင့်တော်ဆုံးပါပဲ ၊ အခု မင်းက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်ဆိုတော့ တိုက်ပွဲတွေရင်ဆိုင်ဖို့ စွမ်းအားအပြည့် ရှိနေပါပြီ ၊ ပြီးတော့ မင်းစုဆောင်းထားတဲ့ ရတနာပစ္စည်းတွေကလည်း အများကြီးဆိုတော့ ဘယ်သူမှ မင်းကို အန္တရယ်ပြုရဲမှာ မဟုတ်ဘူး”

“ပြီးတော့ ယွင်ရှန်း အန္တရယ်ကျရောက်ခဲ့ရင်လည်း မင်းက ကာကွယ်ပေးနိုင်မှာပါ ၊ သူ့ကိုအတွေ့အကြုံရစေချင်လို့ လွှတ်ထားပြီး နောက်ဆုံးအခိုက်အတန့်မှ မင်းကဝင်ကူညီမယ်ဆိုရင်တောင် အချိန်မီနိုင်ပါတယ် ၊ မင်းလိုလူမျိုးတောင် ရင်မဆိုင်နိုင်တဲ့ ရန်သူဆိုတာကတော့ မရှိနိုင်ပါဘူး ၊ ဘာလို့လဲဆိုတော့ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက လှိုင်းနက်ဂေဟာရဲ့ ပိုက်နက်ဆိုတော့... နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက အဆင့်မြင့်သိုင်းပညာရှင်တွေအနေနဲ့ အရမ်းကာရော လှုပ်ရှားရဲမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါတော့ အမှန်ပါပဲ”

ယွမ်ကျန်းဖုန်းက...

“ဒါပေမဲ့ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက သဘာဝဘေးအန္တရယ်က လူတွေပေးတဲ့အန္တရယ်ထက်ပိုပြီး ကြောက်စရာကောင်းတယ် ၊ အခု ပုံရိပ်ယောင်တွေ အားနည်းနေတဲ့အချိန်ဖြစ်ပေမယ့် လျှော့တွက်လို့တော့ မရနိုင်ဘူး”

သူက ဆက်ပြောသည်။

“အနောက်ဘက်သဲကန္တာရကြီးက အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းတွ ၊ မြောက်ဖျားက အအေးဓာတ်နဲ့ တောင်ပိုင်းမြေအောက်နန်းတော်မှာ တောက်လောင်နေတဲ့မီးတောက်တွေက အရမ်းအန္တရယ်များတယ်လို့ ထင်ရပေမယ့် ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက သဏ္ဌန်မရှိတဲ့ အန္တရယ်တွေက ပိုလို့တောင် ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ် ၊ တကယ်လို့ အဲဒီနေရာပတ်ဝန်းကျင်မှာ လမ်းပျောက်သွားမယ်ဆိုရင် အသက်တောင်ဆုံးရှုံးသွားနိုင်တယ်”

ရန်ကျောက်ကဲက...

“ဆရာဘိုးဘိုး စိတ်ချပါ ၊ ကျွန်တော် နားလည်ပါတယ်”

***

အဆုံးသတ်မှာတော့ ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် ရှီကျွင်းလေးတို့အပြင် ယင်လုန်ထူသည်လည်း ခရီးစဉ်တွင် လိုက်ပါရမည်ဟု ရန်တိက ဆုံးဖြတ်လိုက်သည်။

“ဒီလိုအခွင့်အရေးရဖို့က ခဲယဉ်းတယ် ၊ မင်းနဲ့အတူ လုန်ထူကိုပါ ခေါ်သွားလိုက်...”

ရန်တိက ခပ်ပေါ့ပေါ့ပင် လက်ဝှေ့ယမ်းရင်း စကားဆိုသည်။

ရန်ကျောက်ကဲ နည်းနည်းတော့ ရယ်ချင်သွားသည်။ အမှန်တော့ ယခုလို အုပ်စုလိုက်ခရီးမထွက်ရသည်မှာ အတော်လေး အချိန်ကြာမြင့်ခဲ့လေပြီ။

ဝါဒတောင်မှ သိုင်းကျင့်ကြံသူများက တပည့်ငယ်များ ပြင်ပလောကအတွေ့အကြုံရစေရန်အတွက် ထိုသို့ပင် အုပ်စုလိုက် ခရီးထွက်လေ့ရှိကြသည်။ ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများက ခရီးစဉ်ကိုဦးဆောင်ပြီး ညီငယ်ညီမငယ်များကို ထိန်းသိမ်းခေါ်ဆောင်သွားကြသည်။

ယခင်က ရန်ကျောက်ကဲသည်လည်း စစ်ခုန်ချင်း ၊ ရီကျင်းနှင့် အခြားတပည့်များကို ဦးဆောင်လျှက် နဂါးချုပ်လှောင်ချောက်နက်သို့ ခရီးထွက်ခဲ့ဖူးသည်ပင်။

ထိုစဉ်က ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က အခြားမျိုးဆက်တူတပည့်များထက် များစွာမြင့်မားခြင်း မရှိသေး‌ပေ။

ယခုတော့ ထိုစဉ်အချိန်ကနှင့် များစွာကွာခြားသွားပြီဖြစ်သည်။ ထို့ကြောင့် အရင်လို တပည့်ငယ်များကို ဦးဆောင်သွားမည်ဆိုလျှင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်သလို တပည့်ငယ်များ၏ အတွေ့အကြုံရှာဖွေသည့် ခရီးစဉ်သည်လည်း သူ၏ကာကွယ်ပေးမှုအောက်တွင် အောင်မြင်နိုင်မည် မဟုတ်ပေ။

သူတို့သွားရောက်သောနေရာက အလွန်တရာအန္တရယ်များသောနေရာတစ်ခု မဟုတ်ပါက သူ၏အရည်အချင်းများသည်ပင် ဖြုန်းတီးသလို ဖြစ်သွားနိုင်သည်။

ယခု ခရီးစဉ်တွင်တော့ ရှီကျွင်းလေးက ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သည်။ ယင်လုန်ထူက အပြင်ပိုင်းကြယ်တာရာချီအဆင့် ရောက်ပြီဖြစ်လေရာ အားနည်းသည်ဟု မဆိုနိုင်ပေ။

ရွှီဖေးက ဝိညာဉ်ခန္ဓာအလယ်ဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်၏။ ရန်ကျောက်ကဲသာ အချိန်တိုအတွင်း အဆင့် (၃)ဆင့် ခုန်တက်မသွားပါက ယခု ခရီးစဉ်တွင် အဖွဲ့ကိုဦးဆောင်သူမှာ ရွှီဖေး ဖြစ်နေပေလိမ့်မည်။

အမှန်တော့ အဖွဲ့ကို ဦးဆောင်ရာတွင် ရွှီဖေးက ရန်ကျောက်ကဲထက် ပိုပြီး အတွေ့အကြုံများသူ ဖြစ်သည်။ ဖန်းယွင်ရှန်းသည်လည်း စွမ်းအားနည်းသူမဟုတ်လေရာ ယင်လုန်ထူနှင့် ရှီကျွင်းမှလွဲလျှင် ကျန်ရှိသူများက တပည့်ငယ်များ ပြင်ပလောကကို လေ့လာရေးထွက်လျှင် ဦးဆောင်ပေးနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။

ထို့ကြောင့် ရန်ကျောက်ကဲက အမည်ခံခေါင်းဆောင်တစ်ယောက်သာဖြစ်ပြီး မည်သည့်အရာကိုမှ စိုးရိမ်စရာမရှိ‌ပေ။

ဖခင်ဖြစ်သူကို နှုတ်ဆက်စကားဆိုပြီးနောက် ဝတ်နေကျအပေါ်ရုံကိုခြုံကာ ရွှီဖေးနှင့်အခြားသူများကို ခေါ်ဆောင်ပြီး ခရီးစဉ် စတင်ခဲ့သည်။

အားဟူနှင့်ပန်ပန်သည်လည်း ထုံးစံအတိုင်း လိုက်ပါလာကြသည်ပင်။

မီးတောက်မိစ္ဆာများ ကျူးကျော်တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အခြေအနေက ငြိမ်သက်နေခဲ့သည်။

သို့သော် ဤသည်က အပေါ်ယံငြိမ်သက်မှုသာဖြစ်ပြီး ရေအောက်လျှို့ဝှက်စီးကြောင်းများကတော့ အရှိန်အဟုန်ဖြင့် လှိုင်းထန်လျှက်ရှိကြောင်း ၊ အချိန်မရွေးမုန်တိုင်းကျရောက်လာနိုင်ကြောင်း ရန်ကျောက်ကဲနှင့် အခြားသူများအားလုံး သိရှိကြသည်။

ကျောက်စိမ်းပင်လယ်မြို့တော်၏ မြို့တော်သခင်’စုန့်ဝူလျန်’ က ဒဏ်ရာပြန်လည်ကောင်းမွန်လာစေရန် တံခါးပိတ်ကျင့်ကြံနေစဉ် တောင်ပိုင်းတွင်ရှိသည့် နေသူတော်စင်ဂိုဏ်းနှင့် မြောက်ပိုင်းတွင်ရှိသော ကောင်းကင်မိုးကြိုးခန်းမ တို့က လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေကြသည်။

ကျောက်စိမ်းပင်လယ်မြို့တော်၏ မဟာမိတ်ဖြစ်သော ဝါဒတောင် ၊ အဆုံးမဲ့တောင်တန်းတို့ကလည်း ကျောက်စိမ်းပင်လယ်မြို့တော် တိုက်ခိုက်ခံရပါက အင်အားဖြည့်ပေးရန် အသင့်ရှိနေကြသည်။

ယွမ်ကျန်းဖုန်းကိုယ်တိုင် ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့်အတူ ပြင်ပလောကသို့ ထွက်ခွာပြီး မြေကမ္ဘာနယ်မြေတစ်လျှောက် မီးနယ်မြေနှင့် ရေနယ်မြေကြား နေရာဒေသကို စောင့်ကြည့်ပေးခဲ့သည်။

ရန်တိနှင့် အခြားသူများသည်လည်း ထူးခြားမှုတစ်စုံတစ်ရာ ရှိသည်နှင့် ချက်ချင်းပြင်ပသို့ ထွက်ခွာတိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

ရန်ကျောက်ကဲတို့အုပ်စု ခရီးထွက်သည့်အခါ ယွမ်ကျန်းဖုန်းက မြေကမ္ဘာနယ်မြေအထိ လိုက်ပို့ပေးသည်။ ထို့နောက် သူတို့အားလုံး ဆရာဘိုးဘိုးနှင့် လမ်းခွဲခဲ့ပြီး တောင်ပိုင်း ရေကန်နယ်မြေသို့ ဦးတည်ခဲ့ကြသည်။

မြေကမ္ဘာနယ်မြေကိုဖြတ်ကျော်ကာ ရေကန်နယ်မြေသို့ ရောက်ရှိတော့မှ ရန်ကျောက်ကဲတို့အုပ်စု စိတ်သက်သာရာရခဲ့ကြသည်။ မြေကမ္ဘာနယ်မြေတွင် သူတို့အုပ်စု တိုက်ခိုက်မခံရလျှင် အန္တရယ်ကင်းပြီဟု ဆိုနိုင်သည်။

လှိုင်းနက်ဂေဟာမှ ဂေဟာသခင်မ’အန်းချင်လင်’ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း နေသူတော်စင်ဂိုဏ်းအနေဖြင့် ရေကန်နယ်မြေတွင် လှုပ်ရှားမည်မဟုတ်ပေ။ လှုပ်ရှားမည်ဆိုပါကလည်း ယွမ်ကျန်းဖုန်းက သူတို့ကိုကယ်တင်ရန် မြောက်ပိုင်းမှ ချက်ချင်းရောက်ရှိလာမည် ဖြစ်၏။

“ငါ အခုမှ နားလည်သွားတယ် ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ မင်း ဒီကိုလိုက်လာတာ အစ်မ’ရှဲ့ယိုချန်’ နဲ့ တွေ့ချင်လို့ မဟုတ်လား”

ရန်ကျောက်ကဲက ယင်လုန်ထူကို ခုနစ်စဉ်ကြယ်ဓားသိုင်း သင်ပေးနေရင်း ရွှီဖေးကို လှမ်းစလိုက်သည်။

ခုနစ်စဉ်ကြယ်ဓားသိုင်းနှင့် မဟာမိုးမြေဓားသိုင်းတွင် ယင်လုန်ထူက ခုနစ်စဉ်ကြယ်ဓားသိုင်းကို အရင်ဆုံးသင်ယူရန် ရွေးချယ်ခဲ့သည်။

ယခင်က သူကျင့်ကြံခဲ့သော သိုင်းပညာများဖြစ်သည့် ရွှေခန္ဓာသိုင်းပညာ ၊ ခရုပတ်နွယ်လိမ်ဓားသိုင်းနှင့် လေမီးကပ်ဘေးများသည်ပင် အတော်လေး ပြင်းထန်သောသိုင်းပညာများဖြစ်လေရာ ယင်လုန်ထူသည် အကြမ်းစားတစ်ယောက် ဖြစ်နေပေပြီ။

သူက ချီစွမ်းအားစုစည်းပြီး ပြန်လည်သန့်စင်သောလမ်းစဉ်ကို လိုက်သူဖြစ်သည့်အတွက် ခုနစ်စဉ်ကြယ်ဓားသိုင်းက သူ့အတွက် ပိုမိုသင့်တော်သည်။

ရန်တိကလည်း ‘ခုနစ်စဉ်ကြယ်ဓားသိုင်း’ ကို လေ့ကျင့်ရန် အကြံပေးခဲ့သဖြင့် ယင်လုန်ထူက လိုက်နာခဲ့ခြင်း ဖြစ်၏။

ယခု ခရီးစဉ်တွင် ရန်ကျောက်ကဲရော ရွှီဖေးပါ ပါဝင်လေရာ ခုနစ်စဉ်ကြယ်ဓားသိုင်းသင်ယူရန် ရွေးချယ်သည်ဖြစ်စေ ၊ မဟာမိုးမြေဓားသိုင်းသင်ယူရန် ရွေးချယ်သည်ဖြစ်စေ ယင်လုန်ထူအတွက် အဆင်ပြေလေသည်။ ရန်ကျောက်ကဲက ခုနစ်စဉ်ကြယ်ဓားသိုင်းကို သင်ပြပေးနိုင်ပြီး ရွှီဖေးကတော့ မဟာမိုးမြေဓားသိုင်းကို သင်ပြပေးနိုင်သည်။

ရန်ကျောက်ကဲ စ နောက် သည်ကို ရွှီဖေးက အရေးမစိုက်ဟန်ဖြင့်...

“ညီမလေး’ရှဲ့ယိုချန်’ က မီးတောက်မိစ္ဆာတိုက်ပွဲမတိုင်မီကတည်းက သိုင်းဆရာသခင်အဆင့်တက်ဖို့ တံခါးပိတ်ကျင့်ကြံနေတာ...”

ရန်ကျောက်ကဲက...

“အဲဒီလိုလား ၊ ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲတုန်းက ငါ သူနဲ့တစ်ခါဆုံသေးတယ် ၊ အဲဒီတုန်းက အစ်မ’ရှဲ့’ က ကောင်းကင်ချိတ်ဆက်အဆင့်ရောက်နေပြီ ၊ အခု သိုင်းဆရာသခင်အဆင့်တက်ရောက်ဖို့ တံခါးပိတ်ကျင့်ကြံတယ်ဆိုတာ ဖြစ်သင့်ပါတယ်”

ထို့နောက် သူကက မေးစေ့ကိုပွတ်ရင်း မချိုမချဉ်မျက်နှာပေးဖြင့် ရွှီဖေးကိုကြည့်ရင်း...

“အဟက်... အစ်မ’ရှဲ့’ တံခါးပိတ်ကျင့်ကြံတာကို မင်းကသိနေတယ်ဆိုတော့ မင်းတို့နှစ်ယောက် အခြေအနေတော်တော်ကောင်းနေတာပေါ့လေ ၊ အံ့သြစရာပဲ အံ့သြစရာပဲ”

ထိုစကားကြောင့် ရွှီဖေးလည်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။

သို့သော် ရွှီဖေးဆက်ပြောလိုက်သည့် ခပ်ဘွင်းဘွင်းစကားကြောင့် ရန်ကျောက်ကဲမှာ စကားဆက်မပြောနိုင်ဘဲ ဆွံ့အသွားရသည်။

“ဟွန်း... ဘာအံ့သြစရာကောင်းတာလဲ ၊ ငါတို့တွေ အခုထိ ချစ်သူတွေတောင် မဖြစ်ကြသေးဘူး”

ရွှီဖေးစကားကြောင့် ရန်ကျောက်ကဲ ဆွံ့အသွားသည်ကို တွေ့ရသည်အခါ ဖန်းယွင်ရှန်းနှင့် အားဟူက အလွန်တရာ ဝမ်းမြောက်ဝမ်းသာဖြင့် ရယ်မောလိုက်ကြသည်။ ရန်ကျောက်ကဲ ထိုသို့ ဖြစ်သွားသည်ကို တွေ့မြင်ရသည်မှာ ခပ်ရှားရှား မဟုတ်လား။

ယင်လုန်ထူက ဘာမှနားမလည်ဟန်ဖြင့်...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ နဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရွှီ’ ... ဘာတွေပြောနေကြတာလဲ”

ရန်ကျောက်ကဲက ပျင်းရိပျင်းတွဲလေသံဖြင့်...

“မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရွှီ’ ဘယ်တော့ မိန်းမယူမလဲဆိုတာ ပြောနေတာလေ ၊ မင်းရဲ့ မိဘတွေလိုမျိုးပေါ့ ၊ ဒါပေမဲ့ ဒီ ဂိုဏ်းတူအစ်ကို’ရွှီ’ က မိန်းမ မရနိုင်သေးဘူးထင်တယ် ၊ ဘာလို့ဆို ဒီတစ်ခေါက်ခရီးစဉ်မှာ သူ့အနာဂတ်ဇနီးလောင်းနဲ့ တွေ့တောင်မတွေ့ရရှာဘူး”

ဟန်လုန်အာက နားလည်သလိုလို နားမလည်သလိုလိုနှင့် ခေါင်းညိတ်ရင်း...

“ဒါဖြင့် ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကရော ဘယ်တော့မိန်းမယူမှာလဲ”

ဟု ရုတ်တရက် မေးလိုက်လေ၏။

All Chapters