← Chapters

ယင်းစန်းဒေသ

Vol. 5 Ch. 459

ယင်းစန်းဒေသ

Vol. 5 Ch. 459

နှစ်ရက်ခန့် ကြာပြီးသည့်နောက် ဆန်းလျန်၏ နတ်ဘုရား စွမ်းအားများမှာလည်း မွေးစ အချိန်ကထက် ဆာလျှင် လေးဆခန့် တိုးပွား လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိ နေသည့် မူလ ဝိညာဉ်ခန္ဓာသည် တောက်လောင် နေသည့် ကြယ်တစ်လုံးနှင့်ပင် တူလေသည်။ ထိုမူလဝိညာဉ် ခန္ဓာသည် သူရောက်ရှိနေသည့် နေရာမှ အုံ့မှိုင်းနေသည့် မိုးမြေ စွမ်းအားများနှင့် ပေါင်းစပ် သွားသည့်အခါ အနည်းငယ်အုံ့မှိုင်း သော စွမ်းအား အချို့ကို ထုတ်လွှတ် ပေးလေသည်။

ဆန်းလျန်သည် သဘာဝတရားမှ မိုးမြေ စွမ်းအားများကို စုပ်ယူခြင်းကို ကလေးကစားသလို မည်သည့် အခါမှ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါ။

သူ၏ခန္ဓာကိုယ်မှ အရိုးများနှင့် ဖွဲ့စည်းပုံမှာလည်း ကောင်းစွာ မဖွံ့ဖြိုးသေးသည့် အတွက် သူက ရုပ်ခန္ဓာ ကျင့်စဉ်များကို အလျဉ်စလို ကျင့်ကြံခြင်းမျိုး မပြုလုပ်ခဲ့ပါ။ သူ့အတွက် ခန္ဓာကိုယ် အသစ် ရရှိလာခြင်းက မတူညီသော အခြေခံများကို ပြောင်းလဲပစ်ရန် အခွင့်အလမ်း ရရှိခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်သည် ကျင့်စဉ်လမ်းတွင် အမြင့်ဆုံး အဆင့်ဖြစ်သည့် မိုးကောင်းကင် နတ်ဘုရား အဆင့်ထိ တက်လှမ်းခဲ့ပြီးပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ထို့ထက် ပိုပြီးမြင့်မားသည့် အဆင့်ကို ကျင့်ကြံရန် အတွက် မဖြစ်နိုင်တော့ပေ။ သို့သော်… သူ၏ ခန္ဓာကိုယ် အသစ်ကို အသုံးပြုကာ အနာဂတ်တွင် မတူညီဘဲ ကွဲပြားသော လမ်းကြောင်းများကို စမ်းသပ် လျှောက်လှမ်း နိုင်မည် ဖြစ်လေ သည်။

သူက ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကိုပင် ပြန်လည် ကျင့်ကြံရန် ဆုံးဖြတ် လိုက်သည်။ သူ လောကကို ကျော်လွန်ခဲ့ သည့် နောက်ဆုံး အချိန်တွင် သူ၏ အဆင့်သည် ဆရာဘွားဘွား လီချင်းဆွေနှင့်ပင် တူညီ သွားခဲ့လေသည်။

သို့သော် မိုးကောင်းကင် နတ်ဘုရား တစ်ပါးဖြစ်ခဲ့ပြီးမှ လူပြန်ဝင်စား ခဲ့ရခြင်းမှာ စိတ်ဓာတ်ကျစရာ အခြေအနေ ဖြစ်သည်ဟု ဆန်းလျန် မထင်ခဲ့မိပါ။ သူ့နေဖြင့် ကျင့်စဉ် လမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ရသည့် အမှားအယွင်းများကို ပြင်ဆင်ပြီး တာအိုကို ပြန်လည် တည်ဆောက်ရန် အကောင်းဆုံး အခွင့်အရေး တစ်ခု ထပ်မံ ရရှိခဲ့သည်ဟုသာ မှတ်ယူ ထားလေသည်။

"အခု အမေတို့ ဘာဆက်လုပ်ကြမလဲ…"

ချန်ချင်က ဆန်းလျန်ကို မေးလိုက်လေသည်။

နတ်ဘုရားတစ်ပါးပင်ဖြစ်စေ၊ ကြယ်စင်တစ်စင်းပင် ဖြစ်စေ ဆန်းလျန်သည် သူမမွေးခဲ့သည့် သားငယ်လေးသာ ဖြစ်လေသည်။ ထို့ကြောင့် သူမသည် သားငယ် ဖြစ်သူကို မည်သည့် အကြောင်းအရာကိုမှ ဖုံးကွယ်ထားမည် မဟုတ်ပေ။

"အမေ…  အရမ်းမလောနဲ့ဦး၊ လက်ရှိ အခြေအနေအရဆိုရင် အနိုင်ရနိုင်ဖို့ အတွက် အရင်ဆုံး နေရာတစ်ခု ရှာထားဖို့ လိုအပ်တယ်၊ အဲဒီလို လုပ်ထားလိုက်ရင် နောင်အနှစ် တစ်ရာဆိုရင် ရှီးလျန်ဟာ အုတ်မြစ် ခိုင်မာတဲ့ မြို့တော်တစ်ခု ဖြစ်လာလိမ့်မယ်၊ အမေကလည်း ရှီးလျန်ရဲ့ အကြီးမြတ်ဆုံးသော မြို့တော် သခင်မတစ်ပါး ဖြစ်လာလိမ့်မယ်၊ ရှီးလျန်ကို မြို့တော်တစ်ခု အဖြစ်ကနေ တိုင်းပြည် တစ်ခုအဖြစ် အထိတေင် တည်ထောင်နိုင်လိမ့်မယ်"

ဆန်းလျန်က ပြောနေခြင်းသာ မဟုတ်လျှင် ချန်ချင်က ထိုစကားများကို လုံးဝ အဓိပ္ပာယ်မရှိသည့် စကားများဟု မှတ်ယူမည်သာ ဖြစ်လေသည်။ သူတို့သုံးဦးမှာ အလွန်အားနည်းနေပြီး အသက်ရှင်ရန်ပင် မနည်း ကြိုးစားနေကြရ လေရာ လက်စားချေခြင်းနှင့် တိုင်းပြည် တစ်ခု တည်ထောင်ခြင်းများကို ပြောနေခြင်းမှာ အနည်းငယ်တော့ ရယ်စရာ ကောင်းလေသည်။

ချန်ချင်မှာ ဝိညာဉ် စွမ်းအားမြင့်မားသည့် သစ်သီးများကို စားသုံးထားသည့် အတွက် သူမ၏ စိတ်သည် ကြည်လင်ပြီး ထက်မြက်နေလေသည်။

"ဘယ်မှာ နေရာရှာရမှာလဲ၊ ဒီတောင်ပေါ်မှာပဲလား"

"ဟုတ်တယ် အမေ၊ ဒီတောင်ပေါ်မှာပဲပေါ့၊ ဒီအရက်တွေ အတွင်း ကျွန်တော်နဲ့ ရှောင်ဟေး တောင်တစ်ခုလုံးကို လျှောက်ကြည့် ပြီးသွားပြီ၊ ဝိညာဉ်စွမ်းအားတွေနဲ့ ပြည့်ဝနေတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုကို ကျွန်တော် တွေ့ခဲ့တယ်၊ အခု အမေတို့ နှစ်ယောက်လည်း နေပြန်ကောင်းလာပြီဆိုတော့ ကျွန်တော်တို့ အဲဒီနေရာကို သွားကြည့်ရအောင်၊ ကျွန်တော်က ဝိညာဉ်စွမ်းအား အရံအတားကို တည်ဆောက်ပြီး အမေတို့ကို ကျင့်စဉ်တွေ ကျင့်ကြံနိုင်ဖို့ သင်ကြားပေးမယ်"

ချန်ချင်မှာ သူမ၏ မွေးကင်းစ သားငယ်လေး ဆန်းလျန်ကို မျက်လုံး အပြူးသားနှင့် ကြည့်နေမိလေသည်။ သူမသည် မွေးကင်းစ ကလေးငယ်က ထိုကဲ့သို့ လူကြီးစကားများ ပြောနေသည်ကို သိပ်တော့ အံ့သြခြင်း မဖြစ်မိတော့ပေ။ အသားကျစ ပြုနေပြီ ဖြစ်လေသည်။

"ကောင်းပြီလေ၊ သားပြောသလိုပဲ လုပ်ကြတာပေါ့၊ အမေ စာအုပ်တွေထဲမှာ ဖတ်ဖူးတာ ရှိတယ်၊ မိန်းကလေးဆိုတာ ခင်ပွန်းဖြစ်သူကို မှီခိုရတယ်၊ ခင်ပွန်းသည်မရှိတော့ရင် သားကိုပဲ အားကိုးရတယ်တဲ့၊ အမေ့မှာ ခင်ပွန်းတော့ တစ်ခါမှ မရှိခဲ့ဖူးပါဘူး၊ ဒါပေမဲ့ မင်းလိုသားလေး တစ်ယောက် ရှိနေပြီပဲ၊ မင်းကိုပဲ အားကိုးရတော့မယ်"

"အမေ၊ အဲဒီစာအုပ်က တာ့ရှားတိုင်းပြည်က စာအုပ်မဟုတ်လား"

ဆန်းလျန်က ပြန်မေးလိုက်သည်။

"သုံးနှစ်တစ်ခါ ဆောင်းဦးရောက်တိုင်း ဟိုးအဝေးကြီးက ကုန်သည်တွေက ရှီးလျန်မြို့မှာ ကုန်ပစ္စည်းတွေ လာရောင်းလေ့ ရှိကြတယ်၊ ပြီးတော့ အဲဒီကုန်သည်တွေက တာ့ရှားပြည်ကိုလည်း ရှီးလျန်က ပစ္စည်းတွေ ပြန်ပြီး တင်သွင်းတယ်လေ၊ သူတို့ရောက်လာတိုင်း စာအုပ်တွေလည်း ရောင်းဖို့ ယူလာကြတယ်၊ စာအုပ်တွေက ဈေးကြီးပေမယ့် အမေတို့ကတော့ ဘာစာအုပ်မဆို ဝယ်တာပါပဲ၊ အဲဒါ အမေတို့ အဘွားလက်ထက် ကတည်းက ပြုလုပ်ခဲ့တဲ့အလေ့အထပဲ၊ ဒါပေမဲ့ အမေက စာတွေ ဖတ်နေပေမယ့် အချို့အဓိပ္ပါယ်တွေကျတော့ သိပ်နားမလည်ပါဘူး"

ချန်ချင်က ဆန်းလျန်ကို ရှင်းပြလိုက်သည်။

"အဲဒီလူတွေက တာ့ရှားပြည်က ကုန်သည်တွေလား"

ချန်ချင်က တစ်ချက်စဉ်းစားလိုက်ပြီး…

"အင်း… သူတို့က ယင်းစန်းဆိုတဲ့ ဒေသကလာတာ၊ အဲဒီဒေသက တာ့ရှားပြည်နဲ့ အဆက်အသွယ် ရှိတယ်၊ အဲဒီဒေသက လူတွေက စီးပွားရေးနဲ့ အရောင်းအဝယ် လုပ်တာတွေလည်း ကျွမ်းကျင် ကြတယ်၊ တကယ်တော့ ယင်းစန်းက ကုန်သည်တွေပဲ ရှီးလျန်လို ခေါင်တဲ့ နေရာမျိုး အထိလာပြီး အရောင်းအဝယ် လုပ်ကြတာ၊ အရင်တုန်းက ကုန်သည် တစ်ယောက်နဲ့ အမေစကား ပြောကြည့်တော့ သူက ကုန်သည်အလုပ်က လောကမှာ အကောင်းဆုံးပဲတဲ့၊ ပြီးတော့ ယင်းစန်းမှာ အသစ် အုပ်ချုပ်နေတဲ့ ထျန်းယီ သခင်ဆိုတဲ့ သူကလည်း တကယ့်ကို ဖြောင့်မတ်တဲ့ သူတဲ့၊ အဲဒီသူက ပညာရှိတယ်၊ ကြင်လည်း ကြင်နာတတ်တယ်၊ အကြားအမြင်လည်း ရနေတာတဲ့၊ လူအတော်များများက သူ့ဆီမှာ တာဝန် ထမ်းဆောင် လိုကြတယ်၊ သူ့ကြောင့်ပဲ ယင်းစန်းဟာ ဖွံ့ဖြိုး တိုးတက် လာခဲ့တာတဲ့၊ တာ့ရှား တိုင်းပြည်လို တိုင်းပြည် အကြီးကြီးက လူတွေတောင်မှ သူ့ကိုလာတွေ့ကြတယ်တဲ့"

မိခင်ဖြစ်သူ၏ စကားများကြောင့်ပင် ဆန်းလျန်သည် တာ့ရှားပြည်နှင့် ယင်းစန်းဒေသ အကြောင်းကို စဉ်းစား နေမိလေသည်။ ထိုအကြောင်းအရာ များသည် သူသိရှိခဲ့သည့် ဒဏ္ဍာရီထဲမှ ဖြစ်ရပ် အချို့နှင့်လည်း ဆင်တူ နေလေသည်။

သို့သော် တာ့ရှားတိုင်းပြည်မှာ ဒဏ္ဍာရီထဲမှ တိုင်းပြည်တစ်ခု ဖြစ်သည့်အတွက် တာ့ရှားတိုင်းပြည် တည်ရှိသည့် ခေတ်ကာလမှာ မည်သည့် ခေတ်ကာလမှန်း ခန့်မှန်း၍ မရနိုင်ပေ။ ဆန်းလျန်အနေဖြင့် အလွန် ရှေးကျသည့် ခေတ်တစ်ခေတ်တွင် လာရောက် လူဝင်စားသည်တော့ မဖြစ်နိုင်ဟု တွေးနေမိလေသည်။

သို့သော် ဒဏ္ဍာရီထဲမှ တာ့ရှား တိုင်းပြည်နှင့် ယခု သူကြားသိ နေရသည့် တာ့ရှားတိုင်းပြည်မှာ ဆက်စပ် နေနိုင်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် တစ်ချိန်ချိန်တွင်တော့ တာ့ရှားတိုင်းပြည်သို့ သွားရောက်ရန် ဆုံးဖြတ် လိုက်မိလေသည်။

ထို့နောက် သူတို့ သုံးယောက်သည် နေမဝင်မီ ဆန်းလျန် ပြောသည့် နေရာသို့ ထွက်ခွာ လာခဲ့ကြလေသည်။ ဆန်းလျန်က ကျားနက်ကြီးကို စီးကာ မိန်းကလေး နှစ်ယောက်ကို ဦးဆောင် ခဲ့လေသည်။

အတန်ကြာ ခရီးပေါက်ပြီးသည့် အခါတွင်တော့ ဆန်းလျန်က ဟန်ယင်းကို သူ့ကို ချီရန် အကူအညီ တောင်းလိုက်ပြီး ကျားနက်ကြီးကိုတော့ လမ်းရှင်းရန် တာဝန် ပေးလိုက်လေသည်။ ဆန်းလျန်က ကျားနက်ကြီးကို အမာခံအဖြစ် အသုံးချရန် အတွက် လွန်ခဲ့သည့်ရက်များက ကျားနက်ကြီး ကိုယ်တွင်းသို့ မိုးမြေစွမ်းအားများ ထည့်သွင်း ပေးထားခဲ့လေသည်။ ထို့ကြောင့် ကျားနက်ကြီး၏ အမွေးနက်များမှာ တောက်ပပြောင်လက်ကာ ချောမွေ့နေသလို ဝိညာဉ်စွမ်းအား များလည်း မြင့်တက်လျက် ရှိလေသည်။ ထို့ကြောင့်ကျားနက်ကြီးသည် လျင်မြန်လွန်းသည့်အရှိန်အဟုန်ဖြင့် သူတို့အတွက် လမ်းရှင်းပေးကာ ကျောက်တုံး တံတားလေး တစ်ခုထက်တွင် သူတို့ကို စောင့်နေလေသည်။

ကျောက်တံတားလေး အဆုံးတွင် အိမ်တော်ကြီး တစ်ခု ရှိနေလေသည်။

ဆန်းလျန်က ထိုအိမ်တော်ကြီး၏ အခြေအနေကို အကဲခတ် လိုက်သည်။

ထိုအချိန်မှာပင်…

တာအိုဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် ဆံနွယ်များကို ပိုင်ဆိုင်သည့် လူတစ်ယောက် အိမ်တံခါးဝမှ ထွက်ပေါ် လာလေသည်။

သူက ကျားနက်ကြီးကို မြင်သည်နှင့်…

"ဟွန်း… ဒီတိရစ္ဆာန်ကတော့နော်၊ မင်း တောင်ခြေမှာကတည်းက ငါ့ကိုချောင်းနေတာ ငါသိသားပဲ၊ ဒါပေမဲ့ ဒီနေရာထိ ရောက်လာရဲမယ်လို့ မထင်ခဲ့မိဘူး၊ မင်းကို ချက်ချင်းသတ်ပြီး ချက်စား ပစ်လိုက်ရမလား"

ထိုသူမှာ သူကျားပေါက်လေးဘဝက တွေ့ခဲ့သည့် ကျင့်ကြံသူ မဟုတ်သည့်အတွက် ကျားနက်ကြီးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သို့သော် ထိုသူထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်သည် သူ၏ သခင်ငယ်လေးကဲ့သို့ နှစ်သက်ဖွယ်ရာ မရှိသလို သန့်စင်ခြင်းလည်း မရှိပေ။

ထိုတာအိုဆရာ၏ ခြေဖဝါးအောက်တွင် စိမ်းလန်းသော မြက်ခင်းတစ်ခု ရှိလေသည်။

ကျားနက်ကြီးက တစ်ချက်ကြုံးဝါးကာ ထိုသူကို ခုန်အုပ်လိုက်သည်။

တာအိုဆရာက ကျားနက်ကြီး ခုန်ဝင်လာသည်ကို တွေ့လိုက်သည်နှင့် သူ၏ပန်းစပ်ကို ဟလိုက်လေသည်။ ထိုအခါ တာအိုဆရာ၏ လူဦးခေါင်းမှာ ချက်ချင်းပင် မြွေကြီး တစ်ကောင်၏ ဦးခေါင်းကြီး အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ မြွေပါးစပ်ကြီးမှာ အလွန်ကြီးမား လွန်းသည့်အတွက် ကျားနက်ကြီး တစ်ကောင်လုံးကိုပင် မျိုချနိုင်လေသည်။

ကျားနက်ကြီးက ထိုမြွေကြီးမှာ သူငယ်ငယ်က တွေ့မြင်ခဲ့ရဖူးသည့် စပါးအုံးမြွေကြီး ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်လေသည်။ ထိုမြွေကြီးမှာ ယခုတော့ အဘယ့်ကြောင့် လူပုံသဏ္ဌာန် ဖြစ်နေရပါသနည်း။

ကျားနက်ကြီးက ခန္ဓာကိုယ်ကို စောင်းလိုက်ပြီး မြေကြီး၏ ဦးခေါင်းကို ကုတ်ခြစ်ရန် ကြိုးစားလိုက်သည်။

တာအိုဆရာသည် သူ၏ တစ်ကိုယ်လုံးကို စပါးအုံးမြွေကြီး ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲ လိုက်လေသည်။ မြွေကြီးမှာ ပေရှစ်ဆယ်ခန့် ရှည်လျားလေသည်။ မြွေကြီးက ကျားနက်ကြီးကို ရိုက်ချလိုက်ပြီး သစ်ပင်ကြီး တစ်ပင်ဘေးတွင် ရစ်ပတ် ထားလေသည်။

ဆန်းလျန်နှင့် မိန်းကလေး နှစ်ယောက်မှာ ကျောက်တုံး တံတားလေးဆီသို့ ရောက်လာသည့် အချိန်တွင်တော့ ကျားနက်ကြီးနှင့် တိုက်ခိုက်နေသည့် ဧရာမ စပါးအုံးမြွေကြီးကို တွေ့လိုက် ရလေသည်။ ချန်ချင်မှာ မြွေကြီးကိုကြည့်ကာ သတိလစ် မတတ်ပင် ဖြစ်သွားရသည့် အတွက် ဟန်ယင်းက သူမကို တွဲထား ပေးရလေသည်။ ဟန်ယင်းမှာ မြွေကြီးကို စိုက်ကြည့် နေသည့်တိုင် သူမ၏လက်များက အနည်းငယ် တုန်ယင် နေလေသည်။

ဆန်းလျန်က ချက်ချင်းပင် သူတို့ ရောက်ရှိလာသည့် အိမ်တော်ကြီးကို နတ်ဘုရား စွမ်းအားများ သုံးကာ စစ်ဆေး ကြည့်လိုက်သည်။ သို့သော် အိမ်တော် ပတ်ဝန်းကျင်တွင် မြွေကြီးမှလွဲပြီး အခြားသက်ရှိ သတ္တဝါ တစ်ယောက်ယောက်၏ အရိပ်အယောင်ကိုပင် မတွေ့ရှိရပေ။

စပါးအုံးမြွေကြီးသည် ကိုယ်ပိုင် တန်ခိုးစွမ်းအားဖြင့် လူသားအသွင် ပြောင်းနိုင်သည် အထိ တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။ ထိုမြွေကြီးကို လူသားအသွင် ပြောင်းပေးထားသည့် အခြားသော တစ်စုံတစ်ယောက် သို့မဟုတ် အကြောင်းရင်း တစ်စုံတစ်ခု ရှိနိုင်လေသည်။

***

All Chapters