← Chapters

အခန်း (၅၂၅-၅၂၆)

Vol. 41 Ch. 525-526

အခန်း (၅၂၅-၅၂၆)

Vol. 41 Ch. 525-526

အခန်း (၅၂၅) - ဓားချင်းယှဉ်ပြိုင်ခြင်း၊ အချိန်ကာလကို ကျော်လွန်သော ဓားတာအိုတိုက်ပွဲ

"သင်သည် ရီထျန်းကျိ (မူလဘူတနှောင်ဖွဲ့ကင်းအမတအနှောင်းပိုင်းအဆင့်) ထံမှ သက်တမ်း နှစ်ပေါင်း ၂,၈၀၉,၈၃၇,၆၂၂ နှစ်ကို အောင်မြင်စွာ သိမ်းယူလိုက်သည်..."

သူ့ရှေ့မှ အကြောင်းကြားစာကို ကြည့်လိုက်ပြီးနောက် ကုအန်၏ စိတ်အခြေအနေမှာ ပိုမိုကောင်းမွန်လာခဲ့သည်။

စစ်ခုံရုံးမှ စစ်သည်တော်များသည် ခပ်လှမ်းလှမ်းတွင် နေရာယူထားကြပြီး ကြီးမားခမ်းနားသော ခန်းမကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

ရီထျန်းကျိသည် ကုအန်၏ လက်အောက်တွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့ရာ သူတို့အတွက် ယင်းက လက်တွေ့မဆန်သကဲ့သို့ ခံစားနေရ၏။ သူတို့၏ စိတ်ထဲတွင် ရီထျန်းကျိသည် အလွန်အစွမ်းထက်သူ ဖြစ်သည်ကို သိထားကြရာ မည်သို့သော အကြောင်းကြောင့် ဤမျှလွယ်ကူစွာ သေဆုံးသွားရသနည်း။

ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ အထက်ရှိ ဧရာမလက်ဝါးကြီး ရုတ်တရက် ပျောက်ကွယ်သွားသောအခါမှသာ စစ်ခုံရုံးမှ စစ်သည်တော်များ အသိပြန်ဝင်လာကြသည်။

"ငါတို့သခင် ကျဆုံးသွားပြီ..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ဘယ်သူမို့လို့လဲ..."

"ပြီးတော့ ဟိုမြင့်မြတ်စေတမန်တွေရောပဲ."

"သတင်းဆိုးပဲ... ပြေးကြ.. ပြေးကြ."

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"

စစ်ခုံရုံးမှာ ပရမ်းပတာ ဖြစ်သွားပြီး စစ်သည်တော် အများအပြား ချက်ချင်း ထွက်ပြေးကြလေသည်။

ကုအန်၏ ညာဘက်ခြေထောက်ကို အနည်းငယ်လှမ်းလိုက်သည်နှင့် တစ်ခဏချင်းပင် စစ်ခုံရုံးမှ စစ်သည်တော် အများအပြား ပေါက်ကွဲသွားပြီး သွေးမြူမှုန်များအဖြစ် ပြောင်းလဲကာ လေဟာနယ်တခွင် ပျံ့နှံ့သွား၏။

သူ လက်စွမ်းပြနေပြီ ဖြစ်ရာ သက်တမ်း ထပ်မယူဘဲ မည်သို့ နေနိုင်ပါမည်နည်း။

သို့သော်လည်း သူသည် စစ်ခုံရုံးမှ သက်ရှိအားလုံးကို သတ်ဖြတ်မည် မဟုတ်ပေ။ ထိုသို့ ပြုလုပ်ခြင်းက ရန်ငြိုးကြီးမားသည့် ပုံစံ ပေါက်သွားနိုင်သည်။ သူသည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ သက်ရှိအားလုံး၏ ကိုယ်စား ဆောင်ရွက်ပေးနေသူဟူသော ပုံရိပ်ကို ဆက်လက် ထိန်းသိမ်းထားလို၏။

စစ်ခုံရုံးမှ သက်ရှိအချို့ကို ကျပန်းရွေးချယ် သတ်ဖြတ်လိုက်ခြင်းမှာ သူတို့ကံဆိုး၍သာ ဖြစ်ပေလိမ့်မည်။

ကုအန်၏ ရှေ့တွင် အကြောင်းကြားစာ တစ်ခုပြီးတစ်ခု ပေါ်လာရာ သူ့စိတ်အခြေအနေမှာ ပို၍ပင် ကောင်းမွန်လာစေခဲ့သည်။ မိမိကိုယ်ကျိုးအတွက် အမြတ်ထုတ်ရင်း သက်ရှိအားလုံးကို ကာကွယ်ပေးရသည်မှာ မည်မျှ နှစ်ထောင်းဖွယ် ကောင်းလိုက်ပါသနည်း။

ဧကရာဇ်ယန်ရှင်းနှင့် မြင့်မြတ်အရှင်သခင်တို့သည် ဆရာသခင်ဓားအရှင်၏ ရှေ့မှောက်တွင် သူတို့၏ စစ်ခုံရုံးမှ စစ်သည်တော်များ လွယ်ကူစွာ ရှုံးနိမ့်သွားသည်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ရပ်နေကြဆဲ ဖြစ်၏။ သူတို့သည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကို တစ်ပြိုင်နက် ခံစားနေကြရသည်။

သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် ယခင်က ကြံစည်ခဲ့သော အစီအစဉ်များကို ပြန်တွေးမိပြီး မိမိတို့၏ အတိတ်က မည်မျှ ရယ်စရာကောင်းခဲ့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ဆရာသခင်ဓားအရှင်ကို ပို၍ လေးစားလာကြ၏။ ဤမျှ ကြီးမားသော အစွမ်းအားကို ပိုင်ဆိုင်ထားပါလျက် အားနည်းသူများကို ကြင်နာစွာ ဆက်ဆံတတ်သည့် သဘောထားမှာ အလွန်ပင် အားကျဖွယ် ကောင်းလှသည်။

မကြာမီ လေဟာနယ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။

ကုအန်သည် အားကောင်းသော နတ်ဘုရားအာရုံ အများအပြား ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသော်လည်း လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းသွားကြသည်။ ဤတိုက်ပွဲသည် မဟာကောင်းကင်နှင့် မြေကြီး၏ နက်ရှိုင်းသော နေရာများရှိ မဟာစွမ်းအားရှင် အချို့ကို တပ်လှန့်လိုက်သော်လည်း မည်သူမျှ ကုအန်ကို ရန်စရဲခြင်း မရှိကြပေ။ ကုအန်၏ ပစ်မှတ်ထားခြင်းကို ခံရမည် စိုးရိမ်သဖြင့် သူတို့၏ စူးစမ်းလိုစိတ်ကိုပင် နောင်တရနေကြ၏။

ကုအန်သည် ဧကရာဇ်ယန်ရှင်းတို့နှင့် စကားမပြောတော့ဘဲ အထက်သို့ ပျံတက်သွားကာ နေလုံး ကိုးလုံးကို လက်ဖဝါးထဲသို့ စုစည်းထည့်သွင်းလိုက်ပြီး မဟာကောင်းကင်နှင့် မြေကြီး၏ နက်ရှိုင်းရာသို့ ဦးတည်ထွက်ခွာသွားသည်။

ကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ သက်ရှိများသည် နေ့အလင်းရောင်ကို ပြန်လည်ရရှိကြပြီး ကမ္ဘာကြီးကို လွှမ်းခြုံထားသော ဖိနှိပ်မှုများ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ဘာတွေဖြစ်ပျက်ခဲ့သည်ကို ဆွေးနွေးပြောဆိုကြတော့၏။

အဖြစ်အပျက်များကို ရှင်းလင်းစွာ နားမလည်သော်လည်း ဘေးအန္တရာယ်တစ်ခုမှ သီသီလေး လွတ်မြောက်ခဲ့ရသလို ခံစားနေကြရသည်။

လုံချင်းသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ပြင်းထန်သော ဝေဒနာကြောင့် အသက်ပြင်းပြင်း ရှူနေရဆဲ ဖြစ်၏။ နောက်ဆုံးတွင် လူများက သူ့အခြေအနေကို သတိထားမိပြီး ဝိုင်းအုံလာကြရာ အန်ရှင်းပင် ရောက်ရှိလာသည်။

ဆရာသခင်ဓားအရှင် မဟာကောင်းကင်နှင့် မြေကြီး၏ နက်ရှိုင်းရာသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး မြင့်မြတ်အရှင်သခင်က ဧကရာဇ်ယန်ရှင်းအနားသို့ တိုးကပ်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"သူ ထွက်သွားပြီလား..."

ဧကရာဇ်ယန်ရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။ "ဘာလို့ အဲလိုပြောတာလဲ..."

"အဓိပတိဂိုဏ်းထဲမှာ ဆရာသခင်ဓားအရှင်က သူတို့ကို စွန့်ခွာတော့မယ်လို့ သတင်းတွေ ပျံ့နေတယ်လေ... သူ နောက်ဆုံး ပြန်လာခဲ့တာ နှစ်ပေါင်း တစ်ရာကျော်နေပြီ... ဒီတစ်ခါ..."

မြင့်မြတ်အရှင်သခင်က စကားမဆက်ဘဲ တုံ့ဆိုင်းသွားသည်။ သူ့တွင် အဓိပတိဂိုဏ်းအတွင်း သူလျှိုများ ရှိပြီး သူတို့၏ ကိစ္စရပ်တိုင်းကို နှံ့စပ်စွာ သိရှိထား၏။

ဤစကားကို ကြားသောအခါ ဧကရာဇ်ယန်ရှင်း မျက်မှောင်ကြုတ်လိုက်သည်။

ကုအန်၏ နေရာတွင် ဝင်ခံစားကြည့်လျှင် ကုအန်သည် ငြီးငွေ့သွားနိုင်သည်ဟု သူလည်း ခံစားမိ၏။

သူ နားလည်ထားသလောက် ကုအန်သည် အမှန်တကယ်ပင် တိတ်ဆိတ်စွာ နေထိုင်ပြီး မည်သည့်အရာကိုမျှ မမက်မောသော မဟာကျင့်ကြံသူ တစ်ဦးဖြစ်သည်။

ထိုသို့သော မဟာစွမ်းအားရှင် တစ်ဦးက ကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ ထွက်ခွာသွားမည်ဟူသော အတွေးက သူ့ကို မလွဲမသွေ စိတ်မသက်မသာ ဖြစ်စေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပေါ်ခဲ့သော ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်သည် ပိုမိုဆိုးရွားသော ဘေးအန္တရာယ်ကို ကြိုတင်နိမိတ်ပြနေခြင်း ဖြစ်နိုင်မလား။

ဧကရာဇ်ယန်ရှင်းနှင့် မြင့်မြတ်အရှင်သခင် နှစ်ဦးစလုံး တိတ်ဆိတ်သွားကြပြီး စစ်ခုံရုံး၏ ခမ်းနားသော ခန်းမကြီးမှာ အလင်းရောင်များ ပျောက်ကွယ်ကာ အမှောင်ထုထဲသို့ လုံးဝ နှစ်မြုပ်သွားသည်။

အမှောင်ထုထဲတွင် မြင့်မြတ်အရှင်သခင်က ဝမ်းနည်းစွာ ပြောလိုက်၏။ "သူ ထွက်သွားသည်ဖြစ်စေ၊ မထွက်သွားသည်ဖြစ်စေ ဒီနေ့ သူလုပ်ခဲ့တာတွေကို လူတွေ အားလုံး သိသင့်တယ်... ကောင်းကင်တာအို ဆိုတဲ့အရာက ငါတို့ကို ဘယ်တုန်းကမှ မကူညီခဲ့ဘူး... သူကသာ အရာအားလုံးကို တာဝန်ယူပေးခဲ့တာ..."

ကောင်းကင်တာအိုရွှေအမြုတေ စွမ်းအားကို ပိုင်ဆိုင်ထားသော ဧကရာဇ်ယန်ရှင်းသည်ပင် ကောင်းကင်တာအို ဆိုသည့်အရာကို အထင်ကြီးခြင်း မရှိတော့ပေ။ သူက ပြန်ဖြေလိုက်သည်။ "ငါလည်း အဲလို ထင်တယ်။ သူ ပြန်မလာရင်တောင် ငါတို့ နောက်ဆုံးမှာ အဆုံးသတ်နဲ့ ရင်ဆိုင်ရရင်တောင်... အနည်းဆုံးတော့ ငါတို့ အသက်ရှင်နေသရွေ့ သူ့ကို ကျေးဇူးတင်သင့်ပါတယ်"

...

မှောင်မိုက်နေသော လေဟာနယ်ထဲတွင် ကုအန်သည် ရှေ့သို့ လှမ်းတက်လိုက်ပြီး သူ၏ လက်ထဲရှိ ရွှေရောင်ပုလဲ ကိုးလုံးကို ကစားနေလိုက်၏။ ၎င်းတို့သည် ယခင်က နေလုံး ကိုးလုံး ဖြစ်ပြီး မဟာတာအို စွမ်းအားများဖြင့် ဖုံးအုပ်ထားသည်။

သူသည် ၎င်းတို့အတွင်းရှိ အကြောင်းအကျိုး ကံတရားများကို ဆေးကြောနေခြင်း ဖြစ်၏။

မဟာကောင်းကင်နှင့် မြေကြီး၏ နက်ရှိုင်းရာသို့ သူ ခရီးနှင်ရခြင်းမှာ ဧကရာဇ်ယန်ရှင်းတို့ နှစ်ဦးကို တမင်တကာ လှည့်စားလို၍ မဟုတ်ဘဲ အခြား အကြောင်းပြချက်များကြောင့် ဖြစ်သည်။

သူ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ပြောလိုက်၏။ "မင်း စောင့်ကြည့်နေတာ ကြာပြီပဲ... ကိုယ့်ကိုယ်ကိုယ် ထုတ်ပြဖို့ အချိန်တန်ပြီ မဟုတ်လား..."

သူ့စကားဆုံးသည်နှင့် ငွေပြာရောင် ဓားချီတစ်ခုသည် ရှေ့ရှိ ထူထပ်သော ကောင်းကင်တာအို မြူခိုးများကို ဖြတ်သန်း၍ ပေါ်ထွက်လာပြီး လျင်မြန်စွာပင် လူပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် အပြာရောင် တာအိုဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦး ဖြစ်ပြီး ဆံနွယ်များက နှင်းခဲကဲ့သို့ ဖြူဖွေးနေ၏။ သူ့ခေါင်းပေါ်တွင် ဓားပုံသဏ္ဌာန် သရဖူတစ်ခု ဆောင်းထားပြီး အမှောင်ထုကို ကျောခိုင်းလျက် ရှေးကျ၍ အိုမင်းရင့်ရော်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူ့အကြည့်များက အလွန် စူးရှနေပြီး ထာဝရဓားနတ်ဘုရား တစ်ပါးကဲ့သို့ ရပ်နေ၏။

[ဓားနတ်ဘုရား (ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ အစောပိုင်းအဆင့်) - ၀/၀/၀]

ဟမ်...

အသက်၊ လက်ရှိ သက်တမ်းနှင့် အများဆုံး သက်တမ်း အားလုံးက သုည ဖြစ်နေသည်။

သွေးနှင့် အသားဖြင့် ပြုလုပ်ထားသော ကိုယ်ပွားတစ်ခု သို့မဟုတ် သက်ရှိတစ်ဦး မဟုတ်ဘဲ နတ်ဆိုးတစ္ဆေဘုရင်ကဲ့သို့ သက်တမ်းနှင့် လွတ်လပ်မှု ကင်းမဲ့ပြီး ထာဝရအသက်ရှင်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုနှင့် ချည်နှောင်ထားခြင်း ဖြစ်နိုင်သည်။

ကုအန်သည် ဓားနတ်ဘုရားကို စိုက်ကြည့်ရင်း အတိတ်ကို လွမ်းဆွတ်သလို ခံစားလိုက်ရသည်။

ဤဓားနတ်ဘုရားသည် ယန်ရှန်း၏ တပည့်ဖြစ်သော ယန်ဖျင်အန်းပင် ဖြစ်၏။

ပြန်လည်မွေးဖွားခြင်း မှတ်ဉာဏ်များထဲရှိ ယန်ဖျင်အန်းနှင့် ယှဉ်လျှင် ဤဓားနတ်ဘုရားသည် ပိုမို အိုမင်းရင့်ရော်နေပြီး ဆည်းဆာ အငွေ့အသက်များကို ထုတ်လွှတ်နေသော်လည်း မျက်လုံးထဲမှ ဓားစိတ်ဆန္ဒမှာ ကုအန် မှတ်မိသည်ထက်ပင် ပိုမို အားကောင်းနေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ယန်ဖျင်အန်းသည် မူလဘူတနှောင်ဖွဲ့ကင်းအမတ အဆင့်ဖြင့်သာ သေဆုံးခဲ့ရသော ယန်ရှန်းကို ကျော်တက်သွားခဲ့ပြီ ဖြစ်၏။

အသက် သုံးသိန်းအရွယ် မူလဘူတနှောင်ဖွဲ့ကင်းအမတ ယန်ရှန်း၏ အကြောင်းကို ပြန်တွေးကြည့်လျှင် သက်တမ်း ဆင့်ကဲပြောင်းလဲခြင်းကို မမှီခိုဘဲနှင့်ပင် သူ၏ ပါရမီမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို မဆိုထားနှင့် ဓားနတ်ဘုရား ယန်ဖျင်အန်းသည် ကုအန် တွေ့ဆုံဖူးသော ပထမဆုံး ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ ဖြစ်သည်။

ကုအန်သည် စောစောက ယန်ဖျင်အန်း၏ ဓားချီကို ခဏတာ အာရုံခံမိခဲ့သည်။ အတိတ်ဘဝမှ တပည့်ဟောင်းနှင့် ပြန်လည် ဆုံတွေ့ရသဖြင့် ကုအန်၏ ခံစားချက်များ ရှုပ်ထွေးနေ၏။

ဓားနတ်ဘုရားသည် ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးကို ဓားအဖြစ် အသုံးပြုလိုက်ရာ လက်ချောင်းထိပ်မှ ဓားချီများ စီးကျလာသည်။ သူက ကုအန်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။ "မင်းရဲ့ ဓားတာအိုက အရမ်းအားကောင်းတယ်...မင်းက ငါ ရှာဖွေနေတဲ့ ပြိုင်ဘက်ကောင်းတယောက်ပဲ"

ကုအန်သည် ကောင်းကင်ခရမ်းရောင်သူတော်စင်တာအိုခန္ဓာကို ဆက်လက် ထိန်းသိမ်းထားသဖြင့် ဓားနတ်ဘုရားက သူ့မျက်နှာကို မမြင်ရပေ။ သူက ဇဝေဇဝါဖြင့် မေးလိုက်၏။ "ပြိုင်ဘက်..."

"ငါက မဟာကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းသွားလာပြီး အသန်မာဆုံး ဓားတာအိုကို ရရှိဖို့အတွက် အစွမ်းထက်တဲ့ ဓားတာအို ကျင့်ကြံသူတွေကို လိုက်ရှာနေတာ... မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်..."

ဓားဘုရား၏ လေသံမှာ ခံစားချက် ကင်းမဲ့နေသော်လည်း သူ့စကားဆုံးသည်နှင့် ကြီးမားသော ဓားစိတ်ဆန္ဒတစ်ခုက လေဟာနယ်ကို လွှမ်းခြုံသွား၏။

နယ်နမိတ်တံခါးပေါက် အောက်ရှိ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက မျက်လုံးဖွင့်၍ သူတို့ကို စိုက်ကြည့်နေသည်ကို ကုအန် ရှင်းလင်းစွာ အာရုံခံလိုက်မိသည်။

ယခင်က စစ်ခုံရုံးတွင် ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို မဆွဲဆောင်နိုင်ခဲ့သော်လည်း ဓားနတ်ဘုရား၏ ဓားစိတ်ဆန္ဒက သူ့ကို လှုပ်ခတ်စေခဲ့ရာ ဓားနတ်ဘုရား၏ အစွမ်းသတ္တိကို သက်သေပြရန် လုံလောက်ပေသည်။

အလွန် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားစိတ်ဆန္ဒပင်...

ကုအန်သည် ညာလက်ကို မြှောက်လိုက်ရာ လီယ ပေးသနားခဲ့သော ကောင်းကင်ကြယ်တာရာဓားသည် သူ့လက်ထဲတွင် ပေါ်လာ၏။

လူ့ပြည်တွင် နတ်ဘုရားလက်နက်ဟု သတ်မှတ်ခံထားရသော ဤဓားသည် ဤနေရာတွင် ဥက္ကာခဲလောက်ပင် မမာကျောသော်လည်း ကုအန်၏ ဓားချီက ဓားသွားကို ဖုံးလွှမ်းလိုက်သည်နှင့် လူ့ပြည်မှ ဤဓားသည် စကြဝဠာတွင် အထက်မြက်ဆုံး ဓား ဖြစ်လာသည်။

ဓားနတ်ဘုရား၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး အကြောင်းတစ်ခုခုကြောင့် ကုအန်ထံမှ ရင်းနှီးသော ခံစားချက်ကို ရလိုက်သည်။

သူသည် ညာလက်ကို အောက်သို့ ချလိုက်ရာ ဓားချီသည် ဓားကို ကိုင်ထားသကဲ့သို့ အောက်သို့ ဦးတည်သွား၏။

လေဟာနယ် မှိန်ဖျော့သွားပြီး မဟာတာအို မြူခိုးများ လှုပ်ရှားလာကာ သူတို့၏ ထိပ်တိုက်တွေ့မှုက အာကာသဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။

"ဒီလောက် ကြာရှည်တဲ့ ခေတ်ကာလတွေကို ဖြတ်သန်းပြီးနောက် မင်း ဘယ်လောက် စွမ်းအားကြီးလာလဲဆိုတာ ငါ့ကို ပြစမ်းပါ..."

ဤသည်မှာ ကုအန်၏ အတွေးပင် ဖြစ်သည်။ ယန်ရှန်း မသေဆုံးမီ တစ်ခုတည်းသော ဆန္ဒမှာ သူ့တပည့်နှင့် ယှဉ်ပြိုင်ပြီး ဓားတာအိုကို မြှင့်တင်ရန် ဖြစ်သော်လည်း ကံဆိုးစွာပင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက သူ့ကို အခွင့်အရေး မပေးခဲ့ပေ။

"မင်းက ငါ့ကို အတိတ်က လူတစ်ယောက်အကြောင်း သတိရစေတယ်... ငါ အစွမ်းကုန် တိုက်ခိုက်မယ်..." ဓားနတ်ဘုရားက ပြောလိုက်ပြီး သူ၏ ဓားစိတ်ဆန္ဒ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိ မဟာတာအို မြူခိုးများ ချက်ချင်း ပျက်စီးသွားပြီး ပြီးပြည့်စုံသော အမှောင်ထုက သူတို့ကို ဝါးမျိုရန် ခြိမ်းခြောက်လာသော်လည်း သူတို့၏ ဓားအလင်းရောင်ကို မဝါးမျိုနိုင်ပေ။

ဓားချင်း ယှဉ်ပြိုင်ခြင်း... ဤသည်မှာ ခေတ်ကာလများကို ကျော်လွန်သော ဓားတာအို တိုက်ပွဲပင် ဖြစ်သည်။

အခန်း ၅၂၆ နယ်မြေ တည်ထောင်ခြင်း

ဓားနတ်ဘုရား၏ ဓားစိတ်ဆန္ဒ ပေါက်ကွဲထွက်ပေါ်လာသောအခါ ကုအန်သည် ၎င်းမှတစ်ဆင့် သူ့အတိတ်ကို တစေ့တစောင်း မြင်လိုက်ရသည်။

ရှည်လျားသော ခေတ်ကာလများအတွင်း ထိုအထွတ်အထိပ် ဓားတိုက်ပွဲများသည် ဓားနတ်ဘုရား၏ ဓားတာအိုကို ပိုမိုမြင့်မားသော အဆင့်များသို့ အဆက်မပြတ် တွန်းပို့ပေးခဲ့၏။

ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် သူသည် သူတို့၏ ဓားတာအိုကို ဝါးမျိုပြီး မိမိ၏ ဓားတာအိုကို မြှင့်တင်လေ့ရှိသည်။

ဓားနတ်ဘုရားသည် ညာလက်ကို မြှောက်လိုက်ပြီး ဓားချီဖြင့် ကုအန်ကို အဝေးမှ ချိန်ရွယ်လိုက်သည်။ တစ်ခဏချင်းပင် သူ့နောက်မှ အမှောင်ထုထဲတွင် မရေမတွက်နိုင်သော ဓားရိပ်များ ပေါ်ထွက်လာပြီး ရုတ်တရက် လင်းလက်လာသော ကြယ်တာရာများကဲ့သို့ ကွဲပြားသော ဓားစိတ်ဆန္ဒများကို ထုတ်လွှတ်လိုက်၏။ ကြီးမားသော ဓားအလင်းရောင်သည် ကုအန်အပေါ်သို့ ကျရောက်လာသော်လည်း ကောင်းကင်ခရမ်းရောင်သူတော်စင်တာအိုခန္ဓာမှ ထွက်ပေါ်နေသော နတ်ဆိုးချီကို မဖယ်ရှားနိုင်ပေ။

ကုအန်သည် ဓားကို မြှောက်လိုက်ပြီး ကောင်းကင်ကြယ်တာရာဓားဖြင့် ဓားနတ်ဘုရားကို တည့်တည့် ချိန်ရွယ်လိုက်သည်။ သူ ဓားမြှောက်လိုက်သည်နှင့် အလွန် ခမ်းနားထည်ဝါသော ငွေရောင် ဓားရိပ်တစ်ခု သူ့နောက်တွင် ပေါ်လာပြီး လျင်မြန်စွာ ခဲသွားကာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားလာ၏။ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ရွှေ့ပြောင်းလာလျှင်ပင် ဤဓား၏ တစ်ဝက်လောက်သာ ရှိသည်ကို တွေ့ရပေမည်။

ထာဝရအန္တိမနတ်ဓားသိုင်း...

လီမိသားစု ဓားသိုင်းမှ ဆင့်ကဲပြောင်းလဲလာသော အန္တိမ ဓားသိုင်းပင်။

ကုအန်သည် ယန်ရှန်း၏ မြင့်မြတ်သောနှလုံးသားဓားတာအိုကို အသုံးမပြုခဲ့ပေ။ ဓားနတ်ဘုရား မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

မြင့်မြတ်သောနှလုံးသားဓားတာအို မပါဘဲနှင့်ပင် ဓားနတ်ဘုရားကို အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်မှု ရှိသည်။

သူတို့နှစ်ဦး အဆင့်တူနေလျှင်ပင် ဖြစ်၏။

အတိတ်ဘဝများမှ လုံကျန်း၊ လုဟန်၊ ကျိနှင့် ယန်ရှန်းတို့၏ မှတ်ဉာဏ်များကို ပေါင်းစပ်ထားသဖြင့် ကုအန်သည် ထိုပုဂ္ဂိုလ်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် သက်တမ်း ဆင့်ကဲပြောင်းလဲခြင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ခွန်အားမှာ ခန့်မှန်း၍ မရနိုင်အောင် နက်ရှိုင်းလှ၏။

အဖြေရှာမရသော ကျိမှလွဲ၍ တူညီသော အဆင့်အတွင်း ကုအန် ရှုံးနိမ့်ရန် အလွန် ခဲယဉ်းသည်ဟု ခံစားမိသည်။ အထူးသဖြင့် သူသည် ဓားနတ်ဘုရားနှင့် အဆင့်မတူသောကြောင့် ဖြစ်၏။

ထာဝရအန္တိမနတ်ဓားသိုင်း၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားစိတ်ဆန္ဒသည် စကြဝဠာ၏ အထက်မြက်ဆုံး ဆန္ဒကဲ့သို့ ဖြစ်နေသဖြင့် ဓားနတ်ဘုရား မျက်မှောင်အနည်းငယ် ကြုတ်သွားစေသည်။

ဓားဘုရားသည် ကုအန်ကို လျှော့မတွက်သော်လည်း ကုအန်၏ ဓားစိတ်ဆန္ဒကြောင့် ထိတ်လန့်သွားရ၏။

"ဒီ ဓားတာအို နာမည်က ဘာလဲ." ဓားနတ်ဘုရားက မေးလိုက်သည်။

"ထာဝရအန္တိမနတ်ဓားသိုင်း..."

ကုအန်က ဓားဖြင့် သူ့ကို ချိန်ရွယ်လိုက်ရာ ရိုးရှင်းပြီး မှန်ကန်သော အခြေအနေရှိ ထာဝရအန္တိမနတ်ဓားသိုင်းသည် မျက်စိကျိန်းလောက်သော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး စကြဝဠာ လေဟာနယ် တစ်ဝက်ကို လင်းထိန်သွားစေ၏။

ဓားဘုရားက "ထာဝရအန္တိမနတ်ဓားသိုင်း" ဟု ရေရွတ်လိုက်ပြီးနောက် လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ သူ့ဓားချီ ခုတ်ပိုင်းထွက်သွားသည်။ သူ့နောက်ရှိ အဆုံးမဲ့ ဓားရိပ်များသည်လည်း ကြီးမားသော ဓားချီများအဖြစ် ပေါက်ကွဲထွက်ပေါ်လာပြီး ကုအန်ထံသို့ ဝင်ရောက်လာ၏။

ထိုအချိန်တွင်...

ကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် နေရောင်ခြည် ပြန်လည်ရရှိကာစ ဖြစ်သော်လည်း တုန်ခါလာပြီး ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သော သက်ရှိများသည် တစ်ဖန် ထိတ်လန့်သွားကြပြန်သည်။ အထူးသဖြင့် လောကမှ ဓားကျင့်ကြံသူများနှင့် သိုင်းလောကသား ဓားသမားများ၏ ဓားများသည် အချိန်မရွေး ဓားအိမ်မှ ကျွတ်ထွက်တော့မည့်အလား မရပ်မနား တုန်ခါ မြည်ဟီးနေကြ၏။

ကောင်းကင်တာအိုသီအိုရီကို ဆင်ခြင်သုံးသပ်နေသော ကျွယ်လော့ဓားသခင်သည် မယုံကြည်နိုင်စွာ မော့ကြည့်လိုက်သည်။

"ဘယ်လောက် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဓားတာအိုလဲ... ပြီးတော့ နှစ်ခုတောင် ရှိတယ်..." သူ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူ့နတ်ဘုရားအာရုံသည် စကြဝဠာထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသော်လည်း မကြာမီ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ညာလက်ဖြင့် ရင်ဘတ်ကို ဖိထားလိုက်ရသည်။

သူ့ဓားတာအို ပြန်ကန်ထွက်လာခြင်းပင်!

သူ့တုံ့ပြန်မှုသာ မမြန်ဆန်ခဲ့လျှင် သူ့ဓားတာအိုသည် ပြိုကွဲသွားနိုင်ပေသည်။

ကုအန်နှင့် ဓားနတ်ဘုရား၏ ပုံရိပ်များကို မမြင်ရသော်လည်း ကြီးမားသော ဓားတာအို နှစ်ခုကိုသာ မြင်တွေ့လိုက်ရ၏။

ဓားတာအို ပိုင်ရှင်များကို မမြင်ရသော်လည်း ကျွယ်လော့ဓားသခင် ခန့်မှန်းမိလိုက်သည်။

ဆရာသခင်ဓားအရှင်နှင့် ဓားနတ်ဘုရားတို့ ဖြစ်ရပေမည်!

ဓားနတ်ဘုရားသည် ဤစကြဝဠာသို့ ရောက်လာသည်ဟု သူ ယခင်က ခန့်မှန်းခဲ့သော်လည်း ယခု သူတို့နှစ်ဦး အမှန်တကယ် တိုက်ခိုက်နေကြသည်ကို တွေ့ရသောအခါ အံ့အားသင့်သွားပြန်သည်။

ဤမျှ ကြီးမားသော အရှိန်အဟုန်ကို ပိုင်ဆိုင်ရန် ဓားတာအိုတွင် မည်သည့်အဆင့်ထိ အောင်မြင်မှု ရရှိထားရန် လိုအပ်သနည်း။

ကောင်းကင်ဖြစ်စဉ်သည် အသက်ရှူချိန် ဆယ်ကြိမ်အောက်သာ ကြာမြင့်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီးသည် လျင်မြန်စွာ တည်ငြိမ်သွားပြန်သည်။ သို့သော်လည်း သက်ရှိများသည် ပေါ့ပေါ့တန်တန် သဘောမထားရဲကြဘဲ ပိုမိုကြီးမားသော ဘေးအန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်လျက် တင်းမာနေကြဆဲ ဖြစ်၏။

အခြားတစ်နေရာတွင်...

တောအုပ်ထဲ၌...

ကုအန်သည် စမ်းချောင်းဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်လျက် သူ့အချက်အလက် ဇယားကွက်ကို ဖွင့်ကြည့်လိုက်သည်။

[နာမည် - ကုအန်]

[သက်တမ်း - ၂,၁၄၄ / ၇,၉၀၇,၂၂၈,၅၀၁]

[ခန္ဓာ - ရှေးဦးဖရိုဖရဲခန္ဓာ]

[ကျင့်ကြံမှုအဆင့် - မူလဘူတရွှေအမတပြီးပြည့်စုံခြင်းအဆင့်]

...

သက်တမ်း နှစ်ပေါင်း ၇.၉ ဘီလီယံ...

ယနေ့မတိုင်မီက သူ့သက်တမ်းသည် နှစ်သန်းပေါင်း ၁၀၀ မီလီယံသာ ရှိခဲ့သော်လည်း ယခုအခါ နှစ်သန်းပေါင်း ခုနစ်သောင်းရှစ်ထောင်အထိ တစ်ရှိန်ထိုး တက်လာခဲ့ပြီ ဖြစ်သည်။

စစ်ခုံရုံးကို ကျေးဇူးတင်ရပေမည်။

ကုအန် စိတ်ထဲတွင် ကျေးဇူးတင်မိသည်။ ရန်သူများကို သတ်ဖြတ်ခြင်းဖြင့်သာ သက်တမ်းကို လျင်မြန်စွာ ရရှိနိုင်ပေသည်။ ယခင်က သူသည် သက်တမ်း နှစ်ပေါင်း ၁၀ ဘီလီယံ စုဆောင်းခဲ့ရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရ၏။

သို့သော်လည်း သူသည် တွေးရုံသာ တွေးနေပြီး ရလဒ်အနေဖြင့် သတ်ဖြတ်ခြင်းကို ဆက်တိုက် ပြုလုပ်မည် မဟုတ်ပေ။ သက်တမ်းပြန်လည်မွေးဖွားခြင်းမှ ရရှိသော သင်ခန်းစာများက များပြားလှသည်။ ယနေ့တိုင် တည်ငြိမ်စွာ ကြီးထွားလာနိုင်ခြင်းမှာ သက်တမ်းသိမ်းယူနိုင်စွမ်းကို ဖုံးကွယ်ထားသောကြောင့် ဖြစ်၏။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က လုံမျိုးနွယ်အပေါ် ဤမျှ စွဲလမ်းနေရခြင်းမှာ လုံကျန်းသည် သတ်ဖြတ်ခြင်းမှတစ်ဆင့် ပိုမိုသန်မာလာသောကြောင့် ဖြစ်မည်ဟုပင် သူ သံသယရှိမိသည်။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် လုံမျိုးနွယ်ဝင်များက သတ်ဖြတ်ခြင်းမှတစ်ဆင့် လျင်မြန်စွာ သန်မာလာနိုင်သည်ဟု ထင်မြင်ယူဆပြီး လုံမျိုးနွယ်၏ သားစဉ်မြေးဆက်များကို အဆက်မပြတ် ရှာဖွေနေခြင်း ဖြစ်နိုင်သည်။

ထို့နောက် ကုအန်သည် ယခုလေးတင် တိုက်ခိုက်ခဲ့သော ဓားနတ်ဘုရားအကြောင်း တွေးမိလိုက်သည်။

သူ့အထောက်အထား မပေါ်ပေါက်စေရန် ကုအန်သည် ဓားနတ်ဘုရားကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဓားနတ်ဘုရား နောက်ဆုတ် သွားပြီးနောက် ပြန်လည်သက်သာလာရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သော်လည်း အနည်းဆုံးတော့ သေဆုံးမည် မဟုတ်ပေ။

လုံကျန်း သို့မဟုတ် ယန်ရှန်း၏ အထောက်အထား ဖြစ်စေကာမူ ကုအန်သည် မည်သည့်အရာကိုမျှ ထုတ်ဖော်လိုခြင်း မရှိပါ။

သက်တမ်းပြန်လည်မွေးဖွားခြင်းသည် သူ ယခုထိ ထိတွေ့ခဲ့ဖူးသမျှသော ဝင်စားခြင်းများထက် များစွာ ပိုမို အဆင့်မြင့်သည်။ သက်တမ်းပြန်လည်မွေးဖွားခြင်းသည် အတိတ်၊ အနာဂတ်သို့ စီမံကိန်းချနိုင်ပြီး ကံတရားကိုပင် ပြောင်းလဲနိုင်ရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

ဤကိစ္စသာ ပေါက်ကြားသွားပါက ကုအန်သည် ပိုမို အစွမ်းထက်သော သက်ရှိများ၏ သတိထားခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။

ဓားနတ်ဘုရားသည် ဓားတာအိုမြစ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရသည်။

ဓားတာအိုမြစ်၊ ကံတရားမြစ်၊ အချိန်မြစ်နှင့် အခြားအရာများသည် စကြဝဠာနှင့် မသက်ဆိုင်သော ဖြစ်တည်မှုများ ဖြစ်ပြီး မဟာတာအိုမှတစ်ဆင့်သာ ဝင်ရောက်နိုင်သည်။ ၎င်းတို့သည် အန္တရာယ်များပြီး ဆန်းကြယ်လှရာ အခြား စကြဝဠာများသို့ ရောက်ရှိနိုင်ခြင်း ရှိမရှိ ပြောရန် ခက်ခဲသေးသည်။ ဓားနတ်ဘုရားသည် ဓားတာအိုမြစ်မှတစ်ဆင့် ရောက်လာခြင်း ဖြစ်နိုင်သည်။

သို့သော် နယ်နမိတ်တံခါးပေါက်များသည် အလကား ပြထားခြင်း မဟုတ်ကြောင်း ကုအန် ခံစားမိသည်။ စကြဝဠာများကို ဖြတ်ကျော်ရန်အတွက် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို အမြဲတမ်း ကျော်ဖြတ်ရပေမည်။

ကုအန်၏ အတွေးများထဲတွင် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

တစ်နာရီခန့် ကြာပြီးနောက် ကောင်းကင်နှင့် မြေကြီးရှိ သက်ရှိအားလုံး နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကြ၏။ ဘာဖြစ်ခဲ့သည်ကို မသိကြသော်လည်း ကမ္ဘာလောကကြီး တည်ငြိမ်အေးချမ်းသွားခြင်းသည် ကောင်းသော အရာပင်။

နာရီဝက်ခန့် မပြည့်မီတွင် ရီရှောင်လျန်နှင့် သူ့အဖော် လေးဦးသည် ချိန်းဆိုထားသော နေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။ ကုအန်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး အံ့သြဝမ်းသာဖြစ်ကာ ချက်ချင်း ပြေးလာကြ၏။

လူငယ် သုံးဦးမှာ ကမ္ဘာကြီး ရုတ်တရက် မှောင်မိုက်သွားသဖြင့် အလွန် ကြောက်လန့်ခဲ့ရရာ နေရာတွင်ပင် ငိုချလိုက်ကြသည်။

ကုအန်သည် သူတို့ကို ပြုံး၍ ကြည့်နေပြီး နှစ်သိမ့်မပေးဘဲ သူတို့ဘာသာသူတို့ ဖွင့်ထုတ်ခွင့် ပေးလိုက်သည်။

ရီရှောင်လျန်က ကုအန်ဘက်သို့ လှည့်ကာ မေးလိုက်၏။ "အမတ... စောစောက ကောင်းကင်ကြီး ဘာလို့ ရုတ်တရက် မည်းမှောင်သွားတာလဲဆိုတာ သိပါသလား..."

ကုအန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "ငါ ဘယ်လိုလုပ် သိမှာလဲ... ငါက အမတကျင့်ကြံခြင်း ပညာရပ် နည်းနည်းပါးပါးလောက်ပဲ တတ်တာပါ... မင်းတို့က ငါ့ကို အမတလို့ တကယ် ထင်နေတာလား... ဒီကမ္ဘာကြီးက မင်းတို့ ထင်ထားတာထက် အများကြီး ပိုကြီးတယ်... ငါ့ကို မေးတာထက် မင်းတို့ဘာသာမင်းတို့ စူးစမ်းလေ့လာတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်..."

ဤစကားကို ကြားသောအခါ ရီရှောင်လျန်မှာ အဆုံးမဲ့ စိတ်ကူးယဉ် အိပ်မက်များထဲသို့ ကျရောက်သွားသည်။

သူတို့ တည်ငြိမ်သွားသောအခါ ကုအန်သည် ချီသန့်စင်ခြင်း နည်းလမ်းကို စတင် သင်ကြားပေးလိုက်၏။

ဤလူငါးဦး၏ ပါရမီမှာ မဆိုးလှပေ။ နေ့တစ်ဝက် မကြာမီပင် အားလုံးသည် ဝိညာဉ်စွမ်းအား တစ်မျှင်ကို ကျင့်ကြံနိုင်ခဲ့ကြသည်။

ညနေစောင်းမှသာ ကုအန်က သူတို့ကို ပြန်လွှတ်လိုက်၏။

ပထမအကြိမ် နှုတ်ဆက်ခြင်းနှင့် ယှဉ်လျှင် လူငါးဦးစလုံး ပိုမို စိတ်လက်ပေါ့ပါး သွားကြပြီး ကုအန်က သူတို့ကို အမှန်တကယ် သင်ကြားပေးရန် ရည်ရွယ်ထားသည်ဟု ယုံကြည်သွားကြသည်။

သူတို့ တောအုပ်နက်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ကုအန်သည် ဆန့်ကျင်ဘက် အရပ်သို့ ဦးတည် ထွက်ခွာသွား၏။

ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မိုင်ထောင်ချီဝေးသော နေရာသို့ ရောက်ရှိသွားသည်။ ဤနေရာသည် သေမျိုးများ လာရောက်လေ့ မရှိဘဲ ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝကာ သားရဲနတ်ဆိုးများထက် အပင်နတ်ဆိုးများ ပိုမို များပြားသည်။

ကုအန်သည် မြင့်မားသော တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာ၏။ သူသည် ချောက်ကမ်းပါး အစွန်းတွင် ရပ်လိုက်ပြီး စိတ်အာရုံ လှုပ်ရှားကာ သက်တမ်းနယ်မြေကို စတင်ဖန်တီးလိုက်သည်။

[ကျေးဇူးပြု၍ သင့်နယ်မြေ အတိုင်းအတာကို ရွေးချယ်ပါ]

အကြောင်းကြားစာ တစ်ခု ပေါ်လာရာ ကုအန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။

သူသည် မိုင်ငါးထောင် အချင်းဝက်ရှိသော ဧရိယာကို တစ်ကြိမ်တည်း သတ်မှတ်လိုက်သည်။

[သင်သည် သက်တမ်း နှစ်သန်းပေါင်း ၅၀၀ ကို အသုံးပြုရန် လိုအပ်သည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]

သက်တမ်း နှစ်သန်းပေါင်း ၅၀၀... သိပ်မဆိုးဘူး... လက်ခံနိုင်တယ်!

ဤအရာက သက်တမ်း ပမာဏ အများအပြား သို့မဟုတ် အဆုံးမဲ့ ပမာဏကိုပင် သုံးစွဲသွားမည်ကို ကုအန် အမှန်တကယ် စိုးရိမ်ခဲ့သည်။

ထိုသို့သာ ဖြစ်ခဲ့လျှင် သက်တမ်းနယ်မြေကို လက်လျော့ရုံသာ ရှိတော့မည်။

သူ့အတွေးများ ဆုံးသွားသည်နှင့် လေဟာနယ်မှာ တုန်ခါသွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မှတ်ဉာဏ် အများအပြား သူ့စိတ်ထဲသို့ ဝင်ရောက်လာ၏။ သူသည် နယ်မြေအတွင်းရှိ အရာအားလုံးကို ကိုယ်ပိုင်လက်ကဲ့သို့ လွယ်ကူစွာ ထိန်းချုပ်နိုင်သည်။ ထို့အပြင် စွမ်းအားကြီးသော ရန်သူများကို ကာကွယ်ရန်အတွက် နယ်မြေအတွင်း သက်တမ်းများကို သိုလှောင်ထားရန် လိုအပ်သည်။ နယ်မြေ၏ အများဆုံး ကာကွယ်ရေး စွမ်းအားသည် သူ့ကျင့်ကြံမှုအဆင့်နှင့် ညီမျှပြီး တိုက်ခိုက်မှု တစ်ခု ကြုံတွေ့ရတိုင်း သက်ဆိုင်ရာ သက်တမ်း ပမာဏကို နုတ်ယူသွားမည် ဖြစ်သည်။

ကုအန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နယ်မြေအတွင်း သက်တမ်း နှစ်သန်းပေါင်း တစ်သောင်းကို သိုလှောင်လိုက်၏။

ကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် သူ့နယ်မြေကို တိုက်ခိုက်နိုင်စွမ်း ရှိသူ မည်သူမျှ ရှိမည် မဟုတ်ပေ။ သက်တမ်း နှစ်သန်းပေါင်း တစ်သောင်းကို သိုလှောင်ထားခြင်းမှာ အရေးကြုံလျှင် သုံးရန်သာ ဖြစ်သည်။

All Chapters