← Chapters

အခန်း (၅၂၇-၅၂၈)

Vol. 41 Ch. 527-528

အခန်း (၅၂၇-၅၂၈)

Vol. 41 Ch. 527-528

အခန်း (၅၂၇) - မရှိသင့်သောသူ၊ ကောင်းကင်ခုံရုံး

နယ်မြေ တည်ထောင်ပြီးနောက် ကုအန်သည် ကမ္ဘာဖယ်ရှားရေးဂူဘုံကို ချက်ချင်း နေရာချကာ မြေအောက်၌ ထားရှိလိုက်သည်။

နယ်မြေသည် မြေကြီးထဲတွင် မြှုပ်နှံထားသော လုံးဝန်းသည့် နေရာတစ်ခု ဖြစ်ပြီး ကောင်းကင်သို့ တက်လှမ်းနေ၏။ ကုအန်သည် နေရာအများစုကို မြေအောက်တွင် တမင်တကာ ထားရှိခဲ့သဖြင့် မြေအောက်ဧရိယာသည် အပေါ်ဘက်ထက် ပိုမို ကြီးမားသည်။

ကမ္ဘာဖယ်ရှားရေးဂူဘုံကို ရွှေ့ပြောင်းပြီးနောက် ရှုခင်းရှစ်သွယ် မိုးကောင်းကင်နယ်မြေကို ဆက်လက် မရွှေ့ပြောင်းသေးဘဲ ကောင်းကင်နတ်ဆိုးမလေး ညီအစ်မ သုံးဖော်ကို ခေါ်ထုတ်လိုက်သည်။

ညီအစ်မ သုံးဖော်သည် မြေကြီးကို ဖြတ်သန်းလာပြီး ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ တောင်တန်းရှုခင်းများကို စိတ်ဝင်စားသွားကြ၏။ သူတို့သည် မျက်လုံး ပြူးကျယ်လျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေကြသည်။

ချောက်ကမ်းပါး အစွန်းတွင် ရပ်လျက် သူတို့ကို ငုံ့ကြည့်နေသော ကုအန်က ပြောလိုက်၏။ "ဒီနေ့ကစပြီး မိုင်တစ်ထောင်အတွင်းက မြေနေရာဟာ ငါ့နယ်မြေပဲ... မင်းတို့အားလုံး ဒီနေ့ကစပြီး နယ်မြေထဲမှာ ငါနဲ့အတူ နေရမယ်..."

ဤစကားကို ကြားသောအခါ ညီအစ်မ သုံးဖော်မှာ အလွန် ဝမ်းသာသွားကြ၏။ သူတို့ ကုအန်နှင့်အတူ နေ့စဉ် နေထိုင်ရတော့မည် ဖြစ်သည်။

"ရက်အနည်းငယ်နေရင် တခြားသူတွေ ရောက်လာလိမ့်မယ်... မင်းတို့ အထီးကျန်မှာ မဟုတ်တော့ဘူး... လမ်းလျှောက် ထွက်ချင်ရင် ငါ မတားဘူး... သိပ်အဝေးကြီးတော့ မသွားနဲ့ပေါ့..."

ကုအန်၏ နောက်စကားများက သူတို့၏ စူးစမ်းလိုစိတ်ကို ပိုမို နိုးကြွစေသည်။ နှစ်ပေါင်း နှစ်ထောင်ကျော်ကြာ အခြား သက်ရှိများနှင့် မတွေ့ဆုံခဲ့ရဘဲ ယခုအခါ လူသစ်များနှင့် တွေ့ဆုံရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြ၏။

ညီအစ်မ သုံးဖော်သည် ကုအန်၏ ဘေးသို့ ချက်ချင်း ပျံသန်းလာပြီး မေးခွန်းပေါင်းများစွာ မေးမြန်းနေကြသည်။

ကုအန်သည် စိတ်ရှည်လက်ရှည် ဖြေကြားပေးပြီး မျက်နှာတွင် အပြုံးများ ပြည့်နှက်နေ၏။ သူတို့ ပျော်ရွှင်နေသည်ကို မြင်ရသည်မှာ သူ့ကိုလည်း ကျေနပ်စေသည်။

သက်တမ်း နှစ်ပေါင်း ၁.၅ ဘီလီယံ အသုံးပြုလိုက်ရခြင်းမှာ အလကား မဖြစ်ခဲ့ပေ။

...

နောက်ရက်များတွင် ကုအန်သည် တတိယဆေးတောင်ကြားမှ ရှုခင်းရှစ်သွယ် မိုးကောင်းကင်နယ်မြေနှင့် ဓားတစ်သောင်း တောင်ကို ရွှေ့ပြောင်းကာ အန်ရှင်း၊ သွေးကျဥ်းထောင်သူတော်စင်နှင့် ဝိညာဉ်ဖြူ ကြွက်တို့ကို ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် နက်နဲတောင်ကြားသို့ တစ်ကိုယ်တည်း ပြန်သွားပြီး ကျန်းရှီနှင့် အန်ရှန့်ထျန်တို့ကို ဆင့်ခေါ်ကာ သူထွက်ခွာမည့်အကြောင်း အသိပေးပြီး နက်နဲတောင်ကြားမှ တပည့်များကို လူစုခွဲရန် ပြင်ဆင်ခိုင်းလိုက်သည်။

ဆရာနှင့် တပည့် ဤစကားကို ကြားသည်နှင့် ချက်ချင်း ဒူးထောက်ကာ သူတို့ကိုပါ ခေါ်သွားရန် ကုအန်အား တောင်းပန်ကြ၏။

ကုအန်သည် တုံ့ဆိုင်းနေဟန်ဆောင်ပြီးမှ လွတ်လပ်မှုကို စွန့်လွှတ်ရန် ဆန္ဒရှိမရှိ မေးမြန်းရာ နှစ်ဦးစလုံးက သဘောတူကြသည်။

ကုအန်သည် သူတို့ကို တပည့်များ လူစုခွဲရန် အချိန်ပေးသည့် အနေဖြင့် ရက်အနည်းငယ် တမင် စောင့်ဆိုင်းလိုက်သည်။ တပည့်အားလုံး ထွက်ခွာသွားပြီးနောက် ကုအန်သည် နက်နဲတောင်ကြား တစ်ခုလုံးကို ရွှေ့ပြောင်းယူဆောင်သွား၏။

ဆရာသခင်ဓားအရှင် ထွက်ခွာသွားလေပြီ။

ဤအဖြစ်အပျက်သည် နောက်ဆုံးတွင် အဓိပတိဂိုဏ်းအတွင်း ပျံ့နှံ့သွားပြီး သိသိသာသာ လှုပ်ခတ်သွားစေသည်။

တတိယဆေးတောင်ကြားသည်လည်း ခေတ်တမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး တပည့်များ စိတ်ဓာတ်မကျစေရန် လုံချင်းက တောင်ကြားသခင်အဖြစ် တာဝန်ယူလိုက်ရသည်။

အဓိပတိဂိုဏ်း၏ အထက်ပိုင်း ပုဂ္ဂိုလ်များသည် လုံချင်းကို စတင် မျက်နှာလိုမျက်နှာရ လုပ်လာကြပြီး သူသည် ကုအန်နှင့် ဆက်သွယ်ပေးမည့်သူ ဖြစ်လာမည်ဟု ယုံကြည်နေကြ၏။

ဆရာသခင်ဓားအရှင် သေချာပေါက် ပြန်လာလိမ့်မည်။

ထိုအချိန်တွင် မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်တို့သည် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်နှင့် ပတ်သက်သည့် အမှန်တရားကို ကောင်းကင်စိတ်ဝိညာဥ်နယ်မြေအား ကြေညာလိုက်သည်။ "စစ်ခုံရုံး" ဆိုသော စကားလုံးများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဆရာသခင်ဓားအရှင်၏ ကောင်းမှုကုသိုလ်များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာခဲ့သည်။

ကောင်းကင်တာအိုသည် အန္တိမ အမှန်တရား ဖြစ်သော ဤခေတ်ကာလတွင် ဆရာသခင်ဓားအရှင် ဟူသော နာမည်သည် သက်ရှိများကို ကောင်းကင်တာအိုထက် ပိုမို သန်မာပြီး ယုံကြည်စိတ်ချရသည်ဟု ပထမဆုံးအကြိမ် ခံစားရစေခဲ့သည်။

ညနေခင်း တစ်ခု၌...

ရှန်ကျန်းသည် ချောက်ကမ်းပါးပေါ်တွင် ရပ်လျက် စည်ကားနေဆဲ ဖြစ်သော တတိယဆေးတောင်ကြားကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းစိတ်များ ပြည့်နှက်နေ၏။

ပဝါအောက်တွင် နှုတ်ခမ်းကို ကိုက်လျက် တိတ်ဆိတ်နေသည်။

"ဘာတွေ တွေးနေတာလဲ..."

နောက်ကျောဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာရာ ရှန်ကျန်း လန့်ဖျပ်သွားပြီး လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ ကုအန်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများ အံ့သြဝမ်းသာမှုဖြင့် တောက်ပသွား၏။

"ရှင်... ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ..." ရှန်ကျန်းက ဝမ်းသာအားရ ပြောလိုက်သော်လည်း ထိန်းချုပ်လိုက်ပြီး ရယ်မောသော လေသံဖြင့် မေးလိုက်သည်။

ကုအန်က စူးစမ်းလိုစိတ်ဖြင့် ပြုံးလိုက်၏။ "ငါ့နယ်မြေမှာ နုပညာသည်တယောက် တစ်ယောက် လိုနေသလို ခံစားရလို့လေ... သူ မရှိရင် နယ်မြေက တော်တော် ပျင်းဖို့ကောင်းနေမှာပေါ့... ဘယ်လိုလဲ မင်း လိုက်ခဲ့ချင်လား..."

ရှန်ကျန်း၏ မျက်ဝန်းများ ချက်ချင်း တောက်ပသွားသည်။ သူမက ခါးထောက်လျက် မေးလိုက်၏။ "ရှင့်မှာ နယ်မြေ ရှိသေးတာလား... ဒီ မဟာကောင်းကင်နှင့် မြေကြီးကနေ ထွက်သွားပြီ မဟုတ်ဘူးလား..."

"ဟုတ်တယ်... ငါ ထွက်သွားတော့မယ်... ဝေးလံတဲ့ နေရာကိုပေါ့... မင်း ငါနဲ့ လိုက်ခဲ့ချင်လား... မလိုချင်ရင်တော့ ငါ အတင်းမခေါ်ပါဘူး." ကုအန်က သူမ၏ အမူအရာကြောင့် သဘောကျနေသည်။

သူမ၏ နှလုံးသား စကားသံကို သူ ကြားနေရ၏။ မိန်းကလေးမှာ စိတ်ထဲတွင် အကြီးအကျယ် ဝမ်းနည်းနေပြီး သူ့ကို ကြက်သီးထစေသော အရာအချို့ကိုပင် ရေရွတ်နေသေးသည်။

"ရှင် ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ တကူးတက လာခေါ်တာဆိုတော့ လိုက်သွားပေးရတာပေါ့..." ရှန်ကျန်းက မေးစေ့ကို မော့လျက် ဂုဏ်ယူစွာ ပြောလိုက်သည်။

"မင်းမိသားစုကို နှုတ်ဆက်ဖို့ လိုသေးလား..."

"ထားလိုက်ပါတော့... ကျွန်မ ထွက်လာတာ နှစ်ပေါင်း နှစ်ထောင် ရှိပြီ... ငါတို့ သံယောဇဉ် ပြတ်တောက်သွားတာ ကြာလှပြီ... သူတို့ ကျွန်မဆီ စာမရေးတာ အနှစ်တစ်ထောင် ရှိပြီ..."

ရှန်ကျန်းက ဂရုမစိုက်သလို ပြောလိုက်သည်။ ဤစကားကို ကြားသောအခါ ကုအန်က ထပ်မမေးတော့ဘဲ လက်အင်္ကျီကို ဝှေ့ယမ်းကာ သူမကို ခေါ်ဆောင်သွားလိုက်၏။

လေပြေတစ်ချက် တိုက်ခတ်သွားပြီး သူတို့၏ ခြေရာလက်ရာများ မကျန်ရစ်ခဲ့ပေ။

ရှန်ကျန်းသည် မျက်စိရှေ့တွင် အမှောင်ကျသွားသည်ဟုသာ ခံစားလိုက်ရပြီး မျက်လုံး ပြန်ဖွင့်လိုက်သောအခါ တောင်ပေါ်တွင် ရပ်နေဆဲ ဖြစ်သော်လည်း ရှေ့မှ ရှုခင်းများ ရုတ်ခြည်း ပြောင်းလဲသွားသည်။

အန်ရှန့်ထျန်နှင့် သွေးကျဥ်းထောင်သူတော်စင်တို့၏ ယှဉ်ပြိုင်နေသော ပုံရိပ်များကို သူမ မြင်တွေ့လိုက်ရသည်။ ကောင်းကင်ယံတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ဂါထာအမျိုးမျိုးကို လွယ်ကူစွာ ထုတ်သုံးနေကြရာ အမှန်တကယ်ပင် အံ့မခန်း ရှုခင်း ဖြစ်သည်။

သူတို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းများက သူမ၏ ပဝါကို လွင့်သွားစေရာ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားရ၏။

"အကြီးအကဲရှန်... ခင်ဗျားလည်း ရောက်လာတာလား..." အံ့သြသံတစ်သံ ထွက်ပေါ်လာပြီး အန်ရှင်းက ရှန်ကျန်းဘေးတွင် လေထဲမှ ပေါ်လာသည်ကို မြင်လိုက်ရသည်။

ရှန်ကျန်းက အန်ရှင်းကို လှည့်ကြည့်လိုက်ပြီး တိတ်တဆိတ် အံ့အားသင့်သွားသည်။

မြန်လိုက်တဲ့ အမြန်နှုန်း...

ရုတ်တရက် အန်ရှင်းက သူမကို နက်ရှိုင်းသော ခံစားချက်တစ်ခု ပေးနေသည်ဟု တွေ့ရှိလိုက်ရသည်။

သူမ မသိစိတ်ဖြင့် ကုအန်ကို ပြန်ကြည့်လိုက်ရာ သူ ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွား၏။

စိတ်ကူးယဉ်နယ်မြေ မဟုတ်ဘူးပဲ...

"အန်ရှင်း... သူ့ကို ဂရုစိုက်ပေးလိုက်ပါ."

ကုအန်က ဤစကားများကို ပြောပြီးနောက် လှည့်ထွက်သွားကာ မြောက်ပင်လယ် တောင်တန်းသို့ ခရီးထွက်ရန် ပြင်ဆင်လိုက်သည်။

ရှန်ကျန်း စကားပြောချင်နေစဉ်မှာပင် ကုအန် နေရာတွင် ပျောက်ကွယ်သွား၏။

အန်ရှင်းက ပါးစပ်ကို အုပ်လျက် ရယ်မောလိုက်သည်။ "စိုက်ကြည့်မနေနဲ့... မျက်လုံးတွေ ကျွတ်ကျလာဦးမယ်... နောင်ကျရင် သူ့ကို ငြီးငွေ့သွားတဲ့အထိ နေ့ရောညပါ တွေ့ရတော့မှာ..."

ရှန်ကျန်းက သူမဘက်သို့ လှည့်ကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်၏။ "ဒါ ဘယ်နေရာလဲ..."

နေဝင်ချိန်သည် တိတ်ဆိတ်ပြီး လှပကာ လေပြင်းများ တိုက်ခတ်နေ၏။ အန်ရှင်းက လှည့်လိုက်ပြီး အဝေးမှ ဆက်တိုက် ဖြစ်ပေါ်နေသော တောင်တန်းများကို ကြည့်လိုက်ရာ သူမ၏ အကြည့်များက ရှောင်ဖယ်သွား၏။

"ဒါက ဆရာရဲ့ နယ်မြေပဲ... သူကို ဝူရှီ(အဆုံးအစမဲ့) လို့ ခေါ်တယ်..."

...

ကြယ်တာရာ ကောင်းကင်အောက်တွင် တောင်တန်းများ နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး တောင်ကုန်းများပေါ်တွင် ပန်း၊ မြက်၊ သစ်ပင်များ ကင်းမဲ့လျက် အရိုးဖြူများ ဖုံးလွှမ်းနေသည်။

တောင်ကုန်းပေါ်တွင် ဓားချီတစ်ခု ရုတ်တရက် ပေါ်လာပြီးနောက် ခြေချိတ်ထိုင်နေသော ဓားနတ်ဘုရား၏ ပုံရိပ် ပေါ်လာ၏။ သူသည် ဓားရိပ်များ ဝန်းရံလျက် ရှိပြီး မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေကာ ရွှေရောင် အက်ကွဲကြောင်းများပင် ပေါ်နေသဖြင့် အချိန်မရွေး ကွဲအက်သွားတော့မည့်အလား ရှိနေသည်။

"မင်း ရှုံးနိမ့်သွားပြီလား..."

အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး တောင်တန်းများတခွင် ပဲ့တင်ထပ်ကာ အချိန်ကြာမြင့်စွာ စွဲကျန်ရစ်သည်။

ဓားနတ်ဘုရားသည် တိတ်ဆိတ်နေပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားကာ ကြီးမားသော နာကျင်မှုကို သည်းခံနေရကြောင်း ထင်ရှား၏။

"ထာဝရအန္တိမနတ်ဓားသိုင်း... တော်တော် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဓားစိတ်ဆန္ဒပဲ... ဒါပေမဲ့ ဒီ ဓားတာအိုက မင်းဟာနဲ့ ယှဉ်လို့ မရသေးဘူး... အဲဒီလူရဲ့ ခွန်အားက မင်းထက် ပိုကြီးနေလို့သာ... ဓားတာအို ကွာခြားချက်က ကျော်ဖြတ်လို့ မရနိုင်ဘူး..."

အိုမင်းသော အသံက ခံစားချက်များ ပြည့်နှက်လျက် ထပ်မံ ထွက်ပေါ်လာသည်။

စကားဆုံးပြီး မကြာမီ ဓားနတ်ဘုရား၏ နောက်တွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ဆံဖြူ အဘိုးအိုတစ်ဦး ပေါ်လာ၏။ သူသည် ခြေဗလာဖြင့် ရှိနေပြီး ဖျော့တော့သော အလင်းရောင် ဖြာထွက်နေကာ အချိန်မရွေး ကောင်းကင်ဘုံသို့ တက်လှမ်းတော့မည့် အမတတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သူသည် ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှစ်ချောင်း ဆန့်တန်းကာ ဓားနတ်ဘုရား၏ လည်ပင်းအနောက်ကို ထိလိုက်သည်။

ဓားနတ်ဘုရား၏ အဝတ်အစားများ ပြင်းထန်စွာ လှုပ်ခါလာပြီး ကြယ်တာရာ ကောင်းကင်မှ ဓားချီများ လှိုင်းထလာကာ ဓားနတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ မုန်တိုင်းကဲ့သို့ ဝင်ရောက်လာ၏။

"ဟမ်..."

ဆံဖြူ အဘိုးအိုက တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ အံ့သြတကြီး ရေရွတ်လိုက်သည်။

ဓားဘုရား မျက်လုံးဖွင့်လိုက်ပြီး မေးလိုက်၏။ "ဘာလဲ... ခင်ဗျားတောင် မမောင်းထုတ်နိုင်ဘူးလား..."

ဆံဖြူ အဘိုးအိုက ပြောလိုက်သည်။ "ပုံသဏ္ဌာန်ကို မမြင်ရပေမဲ့ အတည်ပြုလို့ ရတယ်... ဒါက လုချိုးရှန်းရဲ့ တာအိုဖျက်ဆီးကံတရားတံဆိပ်ပဲ... အဲဒီလူက လုချိုးရှန်းနဲ့ ပတ်သက်မှု ရှိကို ရှိရမယ်..."

ဓားနတ်ဘုရား မျက်မှောင်ကြုတ်လိုက်ပြီး မျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေ၏။

"လုချိုးရှန်းက မင်းလိုပဲ မဟာတာအိုမြစ်နဲ့ ဆက်နွှယ်နေတယ်... ဒါပေမဲ့ သူက မင်းထက် ပိုတောင် အသက်ကြီးသေးတယ်... သူ့ရဲ့ ရှည်လျားတဲ့ ဘဝမှာ ကံတရားတွေ ဘယ်လောက်တောင် ရှုပ်ထွေးပွေလီနေမလဲ ဘယ်သူ သိမှာလဲ... မင်း တွက်ချက်လို့ မရတာ ပုံမှန်ပါပဲ..."

ဆံဖြူ အဘိုးအိုက ဆုံးရှုံးမှု ခံစားချက်ဖြင့် ပြောလိုက်သော်လည်း ထို့နောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မေးလိုက်၏။ "ဒီလို ဓားတာအို သခင်နဲ့ တွေ့ရတာ မင်းအတွက် ကောင်းတဲ့ ကိစ္စပါပဲ... မင်း နိုင်တာ များလွန်းနေပြီ... ရှုံးဖို့ အချိန်တန်ပြီ... အနည်းဆုံးတော့ ဒီတစ်ခါ မင်းပြိုင်ဘက်က မင်းကို အပြတ်မရှင်းခဲ့ဘူး... သူတို့ရဲ့ ဓားစိတ်ဆန္ဒအရ မင်းကို လုံးဝ ဖျက်ဆီးပစ်ဖို့ မခက်ခဲပါဘူး..."

ဓားနတ်ဘုရားက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် သိပါတယ်... သူ့ကို အငြိုးအတေး မထားပါဘူး... သူက ကျွန်တော့်ကို လူတစ်ယောက်လို... မရှိသင့်တဲ့ သူတစ်ယောက်လို ခံစားရစေတာပဲ..."

ဆံဖြူ အဘိုးအိုက ခေါင်းမခါဘဲ မနေနိုင်တော့ဘဲ ပြောလိုက်၏။ "မင်းဆရာ က သေဆုံးသွားတာ ကြာလှပြီ... ဘာလို့ သူ့ကို စွဲလမ်းနေသေးတာလဲ..."

"မဟုတ်ဘူး... ခင်ဗျား နားမလည်ဘူး... ကျွန်တော့်ဆရာ သေဆုံးသွားပြီ ဖြစ်ပေမဲ့ သူ ရှိနေသေးတယ်လို့ ခံစားရတယ်... ဓားတာအိုမြစ်ထဲမှာ အားကောင်းလာတဲ့ မြင့်မြတ်သောနှလုံးသား ဓားတာအိုက အကောင်းဆုံး သက်သေပဲ..."

ဓားနတ်ဘုရားက ကြယ်တာရာ ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ့အကြည့်များက မယိမ်းယိုင်ဘဲ တည်ငြိမ်နေ၏။

ဆံဖြူ အဘိုးအိုက သက်ပြင်းချလိုက်ပြီး စကားထပ်မပြောတော့ပေ။

ခဏအကြာတွင်...

ဓားနတ်ဘုရားက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မေးလိုက်၏။ "ပျက်စီးနေတဲ့ ကောင်းကင်နတ်ဝိညာဉ်နယ်မြေမှာ ကောင်းကင်တာအိုရွှေအမြုတေ တစ်ခု ပေါ်လာတယ်... ကောင်းကင်စိတ်ဝိညာဉ်ဘိုးဘေး ချန်ထားခဲ့တာ ဖြစ်ဖို့ များတယ်... ခင်ဗျား ပြန်လည်ရှင်သန်ချင်တယ် မဟုတ်လား... ဒါ အခွင့်အရေးပဲ..."

ဆံဖြူ အဘိုးအိုက တိုးတိုးလေး ရယ်မောလိုက်သည်။ "ကောင်းကင်စိတ်ဝိညာဉ်ဘိုးဘေးရဲ့ ရွှေအမြုတေက ယူရလွယ်တာ မဟုတ်ဘူး... ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက အဲဒီမှာ အလကား စောင့်နေတယ် ထင်လို့လား... ကောင်းကင်တာအိုရွှေအမြုတေ ဆိုတာ ငါးစာသက်သက်ပဲ... ခေတ်ကာလတွေ အများကြီး ကြာပြီးတာတောင် ကောင်းကင်ခုံရုံးက လက်မလျော့သေးဘူးလို့ မထင်ထားခဲ့ဘူး..."

အခန်း ၅၂၈ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း

မနက်ခင်း နေရောင်ခြည်သည် တောတောင်ကို ထိုးဖောက်ကာ စမ်းချောင်းရေပြင်ထက်၌ ကျရောက်နေပြီး ရောင်ပြန်ဟပ်ကာ တလက်လက် တောက်ပနေ၏။

ကုအန်သည် ထိုကျောက်တုံးကြီးပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။ သူ အဓိပတိဂိုဏ်းမှ ထွက်ခွာလာခဲ့သည်မှာ တစ်နှစ်ပင် ရှိသွားခဲ့ပြီ ဖြစ်၏။ ဝူရှီ ကျင့်ကြံခြင်းနယ်မြေ တစ်ခုလုံးတွင် ဆေးအပင် အမျိုးမျိုးဖြင့် ပြည့်နှက်နေလေ၏။ သူ့အနေဖြင့် နှစ်စဉ် သက်တမ်းရရှိမှု ပမာဏ တိုးပွားလာရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းစရာ မလိုတော့ဘဲ အထွတ်အထိပ်သို့ ကျော်လွန်ရောက်ရှိရန်မှာ ခက်ခဲတော့မည် မဟုတ်ပေ။

အန်ရှင်း၊ ရှန်ကျန်းနှင့် အခြားသူများသည်လည်း တံခါးပိတ် ကျင့်ကြံခြင်းကို စတင်နေကြပြီ ဖြစ်ရာ ကုအန်သည် ရီရှောင်လျန်နှင့် အခြားလေးယောက်ကို နေ့စဉ် နယ်မြေအပြင်ဘက်၌ သင်ကြားပြသပေးနေ၏။

ရီရှောင်လျန်နှင့် သူ့အဖွဲ့သည် နေ့တိုင်း တောင်တက်ရေကူးကာ အသွားအပြန် လုပ်ကြရသည်။ အစပိုင်းတွင် အလွန် ပင်ပန်းခက်ခဲသော်လည်း တစ်နှစ်တာ ကျင့်ကြံပြီးနောက်တွင်မူ သူတို့လည်း အသားကျသွားကြပြီး ဤခရီးကြမ်းကို ကျင့်ကြံခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူလာကြလေသည်။

သူတို့ကို စောင့်ဆိုင်းနေရင်း ကုအန်သည် ကျန့်ချင်းကို စောင့်ကြည့်နေမိ၏။

ရဲလန် ဆုံးပါးသွားပြီးကတည်းက ကျန့်ချင်းသည် အပြင်လောကတွင် အတွေ့အကြုံများနှင့် အခွင့်အလမ်းများကို အဆက်မပြတ် ရှာဖွေနေခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ သူမ၏ သက်တမ်းကုန်ဆုံးချိန်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ထို့ပြင် သူမသည် နိဗ္ဗာနအဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေဆဲပင်။

ကျန့်ချင်းသည် သူမ၏ ကောင်းကင်အလိုကျ ကံတရားကို အာရုံခံမိပုံရပြီး ဖူယို သရဲမယ်တော်ကို လက်စားချေရန် ပြင်ဆင်နေလေသည်။

စုဟန် သေဆုံးမှုသည် ကျန့်ချင်း၏ နှလုံးသားထဲမှ ဆူးတစ်ချောင်းသဖွယ် အမြဲစူးဝင်နေခဲ့ပြီး သူမ ကျင့်ကြံအားထုတ်ရခြင်း၏ အကြောင်းရင်းမှာလည်း သူမ၏ ဆရာတူအစ်ကိုအတွက် လက်စားချေရန် ဖြစ်၏။

"စုဟန်... အို စုဟန်... မင်းက သဘောထားကြီးတယ်လို့ ထင်ခဲ့ပေမဲ့ မင်းရဲ့ သဘောထားကြီးမှုကြောင့် မင်းရဲ့ ဆရာတူညီမလေးက သေတဲ့အထိ နှစ်တစ်ထောင် ကြာမြင့်တဲ့ အမုန်းတရားကို သယ်ပိုးသွားရမယ်ဆိုတာ တွေးမိရဲ့လား..."

ကုအန်သည် လူ့သဘောသဘာဝနှင့် ကံတရားကို ညည်းတွားရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်၏။

စုဟန်၏ ရုပ်အလောင်းကို ကုအန်က နျန်ချူးကျင့်ကြံခြင်းဂူမှ ကမ္ဘာဖယ်ရှားရေးဂူဘုံသို့ ပြောင်းရွှေ့ထားခဲ့သည်မှာ ကြာပြီဖြစ်ပြီး လက်ရှိတွင် နယ်မြေအတွင်းရှိ ဂူတစ်ခုထဲ၌ ထားရှိထားသည်။

သူ့ဝိညာဉ်မှာ ဝင်စားခြင်း သံသရာသို့ ရောက်ရှိသွားသည်မှာ ကြာပြီဖြစ်သော်လည်း သူ့ရုပ်အလောင်းမှာ ကောင်းမွန်စွာ ရှိနေသေးသဖြင့် ကုအန်သည် အကြောင်းအကျိုးဆက်နွယ်မှုကို အသုံးပြုကာ သူ့ဝိညာဉ်ဝင်စားမှုကို ရှာဖွေနိုင်လေသည်။

သူ ထိုသို့ မလုပ်ချင်ခဲ့သော်လည်း ကျန့်ချင်း၏ သက်တမ်းကုန်ဆုံးတော့မည်ကို မြင်ရသဖြင့် သူ့တပည့်၏ နောင်တကို ဖြည့်ဆည်းပေးသင့်၊ မသင့် စဉ်းစားနေမိသည်။

ကုအန် ထိုအကြောင်း တွေးတောနေစဉ်မှာပင် လေတိုးသံတစ်ချက် ထွက်ပေါ်လာ၏။

အသက်တစ်နှစ် ပိုကြီးလာသော ရီရှောင်လျန်သည် သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်လျက် တောအုပ်ထဲမှ ငှက်တစ်ကောင် အစာသုတ်သကဲ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။

ကုအန်က လက်ကို မြှောက်ကာ သူ့လည်ပင်းကို တစ်ပတ်ဝိုက်လိုက်ပြီး သစ်သားဓား၏ ထိပ်ဖျားကို လက်ချောင်းများကြားတွင် ညှပ်ဖမ်းလိုက်လေသည်။

ရီရှောင်လျန်သည် အရှိန်ဖြင့် ဝင်ဆောင့်မိကာ ရပ်တန့်သွားပြီး ခြေက ပြန်မထိန်းနိုင်ဘဲ နောက်သို့ လဲကျသွားသည်။ သူက ကုအန်ကို မော့ကြည့်ရင်း ထုံကျဉ်နေသော ညာဘက်လက်ကို ခါရမ်းကာ အာမေဋိတ် ပြုလိုက်၏။ "ဆရာသခင်က အရမ်းစွမ်းတာပဲ... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများလား..."

ကုအန်က မတ်တတ်ရပ်လိုက်ပြီး သစ်သားဓားကို လှမ်းယူကာ ရယ်မောလိုက်သည်။ "မင်း သိသွားပြီပေါ့... မင်းရဲ့ စွမ်းရည်လေးလောက်နဲ့ ဆရာ့ကို လုပ်ကြံဖို့ စဉ်းစားနေသေးတယ်..."

ရီရှောင်လျန်က လည်ပင်းကို မတ်လိုက်ပြီး ပြောလိုက်၏။ "လုပ်ကြံတာ မဟုတ်ရပါဘူး... ကျွန်တော်က ဆရာ့ကို ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုကို ပြချင်ရုံပါ..."

ထိုအချိန်တွင် အခြားလေးယောက်လည်း ရောက်ရှိလာပြီး ကုအန်ကို ဦးညွှတ်အရိုအသေ ပြုကြသည်။

ကုအန်သည် သူတို့ကို ကျင့်ကြံခြင်းနည်းစနစ်များသာမကဘဲ ကျင့်ဝတ်စည်းကမ်းများနှင့် လူ့ကျင့်ဝတ်များကိုပါ သင်ကြားပေးခဲ့သည်။ တစ်နှစ်တာ ကာလအတွင်း သူသည် ဤလူငယ်ငါးဦး၏ စိတ်နှလုံးထဲသို့ သူရဲကောင်း စိတ်ဓာတ်များကို သွတ်သွင်းပေးခဲ့၏။

သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအင်များ ရှိနေသော်လည်း ထိုငါးယောက်သည် သာမန်လူများကို အနိုင်ကျင့်ခြင်း မရှိပေ။ ထိုအစား သူတို့သည် အားနည်းသူကို ကူညီပြီး အားကြီးသူကို ဖက်ပြိုင်ကြသဖြင့် သူတို့၏ ဇာတိမြေ မိုင်တစ်ရာ ပတ်လည်တွင် နာမည်ကောင်း ရရှိနေပြီ ဖြစ်သည်။

လူစုံသည်ကို မြင်သောအခါ ကုအန်သည် သစ်သားဓားကို ရီရှောင်လျန်ထံ ပစ်ပေးလိုက်ပြီး ပြောလိုက်၏။ "ဒီနေ့ မင်းတို့ကို ဓားထိန်းချုပ်သိုင်း သင်ပေးမယ်..."

ထိုစကားကို ကြားသောအခါ ငါးယောက်သား သိပ်ပြီး စိတ်လှုပ်ရှားပုံ မရကြပေ။ အဘယ်ကြောင့်ဆိုသော် ဓားထိန်းချုပ်သိုင်းသည် သူတို့ ပုံမှန် လေ့ကျင့်နေကျ ဓားသိုင်းများလောက် အစွမ်းထက်သည့် သိုင်းကွက်ဟု မထင်မှတ်သောကြောင့် ဖြစ်သည်။

ကုအန်က သူတို့ စိတ်မဝင်စားသည်ကို မြင်သော်လည်း ဘာမှမပြောဘဲ မန္တန်များကို စတင် သင်ကြားပေးလိုက်လေသည်။

...

ဆန်းကြယ်ဗဟာနယ် အတွင်း၌ ဧကရာဇ်ယန်ရှင်းသည် ကောင်းကင်တာအိုရွှေအမြုတေ ရှိရာသို့ လျှောက်လှမ်းလာ၏။ ခမ်းနားထည်ဝါသော ကောင်းကင်တာအိုရွှေအမြုတေကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများမှာ ယခင်ကကဲ့သို့ စိတ်အားထက်သန်ခြင်း မရှိတော့ပေ။

စစ်ခုံရုံး၏ ကပ်ဘေးပြီးနောက် ကောင်းကင်တာအိုရွှေအမြုတေသည် သူ့ကို အရာရာ လွှမ်းမိုးနိုင်မည့် စွမ်းအား ပေးစွမ်းနိုင်မည် မဟုတ်ကြောင်း၊ ကောင်းကင်သည် သက်ရှိသတ္တဝါ အားလုံးကို ကယ်တင်ရန် ဆန္ဒမရှိကြောင်း သူ ခံစားလိုက်ရသည်။

အမတမင်းဆက် ဖြစ်စေ၊ မြင့်မြတ်ခုံရုံး ဖြစ်စေ လူအများစုသည် သက်ရှိသတ္တဝါ အားလုံး၏ ကံတရားကို ထမ်းပိုးထားရသည်ဟူသော ခံယူချက် ရှိကြသည်။ သူတို့သည် ကျင့်ကြံခြင်း လမ်းစဉ်ပေါ် ခြေချလိုက်သည်နှင့် ကောင်းမှု၊ မကောင်းမှု နှစ်မျိုးစလုံးကို ပြုလုပ်ခဲ့ကြသော်လည်း သူတို့ အစွမ်းထက်နေသမျှ ကာလပတ်လုံး သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်ရမည်ဟု ခံယူထားကြ၏။

ဧကရာဇ်ယန်ရှင်းသည်လည်း ထိုနည်းတူပင် ခံစားရသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ အရှင်သခင် ဖြစ်လာရန် ကံပါလာသူ ဖြစ်ပြီး သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်ရမည်ဟု ယုံကြည်ထားလေသည်။

သူသည် ကောင်းကင်တာအိုရွှေအမြုတေကို ဆင်ခြင်သုံးသပ်ရင်း တရားထိုင်နေဆဲဖြစ်သော အန်ဟောင်၏ အနားသို့ လျှောက်သွားလိုက်၏။

"မင်းရဲ့ ဆရာ ထွက်သွားပြီ..." ဧကရာဇ်ယန်ရှင်းက ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အန်ဟောင် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ဧကရာဇ်ယန်ရှင်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

ဧကရာဇ်ယန်ရှင်းက ဆက်ပြောလိုက်သည်။ "သူက သူ့တပည့် တချို့ကို ခေါ်ပြီး ကောင်းကင်စိတ်​ဝိညာဉ်နယ်မြေကနေ ထွက်ခွာသွားပြီ... မင်းရဲ့ ဆရာတူညီမလေးလည်း ပါသွားတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ အန်ဟောင်၏ မျက်မှောင်များ ပြေလျော့သွားပြီး မေးလိုက်၏။ "သူ ထွက်သွားတာ ကောင်းပါတယ်... ဒီကမ္ဘာကြီးက ပိုပြီး ပရမ်းပတာ ဖြစ်လာနေပြီ... ကျွန်တော့်ဆရာက ကောင်းကင်နဲ့ မြေကြီးကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ကယ်တင်နိုင်မှာပါ... ဒါပေမဲ့ သူက အမြဲတမ်း ဝင်ပါနေလို့ မရဘူး... မဟုတ်ရင် နောက်ကျ သူ့ထက် စွမ်းအားကြီးတဲ့သူ ရောက်လာလိမ့်မယ်... ညီမလေး သူ့နောက်လိုက်သွားတာဆိုရင်တော့ ကျွန်တော် စိတ်ချရပြီ..."

ဧကရာဇ်ယန်ရှင်းသည် သူ့အကြည့်ကို ကောင်းကင်တာအိုရွှေအမြုတေထံ ပြောင်းလိုက်ပြီး ပြောလိုက်၏။ "အန်ဟောင်... ငါ ရုတ်တရက် ခံစားမိတာက ဒီရွှေအမြုတေက ကောင်းကင်တာအိုကို ကိုယ်စားမပြုဘူး ဆိုတာပဲ..."

အန်ဟောင်က သူ့ကို ကြည့်လိုက်ရာ ကောင်းကင်တာအိုရွှေအလင်းရောင်၏လင်းရောင်က သူ့မျက်နှာပေါ်သို့ ကျရောက်နေပြီး သူ့အမူအရာမှာ ရှုပ်ထွေးနေပုံ ရသည်။

"ဒါဆို ခင်ဗျား ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ..." အန်ဟောင်က မေးလိုက်၏။

သူသည်လည်း ကောင်းကင်တာအိုကို မယုံကြည်ပေ။ သူ ကောင်းကင်တာအိုရွှေအမြုတေကို လိုက်စားခြင်းမှာ လျင်မြန်စွာ စွမ်းအားကြီးလာရန် အတွက်သာ ဖြစ်သည်။

ကမ္ဘာကြီး၏ အခြေအနေမှာ ခန့်မှန်းရ ခက်ခဲလှပြီး သူ့တွင် ပါရမီထူးများ ရှိသော်လည်း အရေးတကြီး လိုအပ်နေသည်ဟု ခံစားနေရ၏။

အကယ်၍ သူသာ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်တွင် သေဆုံးသွားခဲ့လျှင် နှစ်တစ်ထောင်၊ နှစ်တစ်သောင်း ကြာသောအခါ ကမ္ဘာလောကကြီးတွင် သူ့ကို မှတ်မိမည့်သူ ရှိတော့မည် မဟုတ်ပေ။

ဧကရာဇ်ယန်ရှင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါ ကောင်းကင်တာအိုသီအိုရီကို ယှဉ်ပြိုင်လုယူချင်တယ်..."

ထိုစကားကို ကြားပြီးနောက် အန်ဟောင် တိတ်ဆိတ်သွား၏။

ဆန်းကြယ်ဗဟာနယ်သည်လည်း သူတို့နှင့်အတူ တိတ်ဆိတ်သွားပြီး သူတို့၏ အရိပ်များမှာ ရှည်လျားစွာ ကျဆင်းနေလေသည်။

...

ရာသီဥတုများသည် နွေမှ ဆောင်းသို့ ပြောင်းလဲကာ ငါးနှစ်တာ ကာလ လျင်မြန်စွာ ကုန်ဆုံးသွား၏။

ဝူရှီကျင့်ကြံခြင်းနယ်မြေသည် ကျယ်ဝန်းလှသော်လည်း နေထိုင်သူ နည်းပါးပြီး နေ့ရက်တိုင်း တိတ်ဆိတ် ငြိမ်သက်နေသဖြင့် ကုအန်၏ စိတ်နှလုံးကို တည်ငြိမ်စေသည်။

နေ့တိုင်း ရီရှောင်လျန်နှင့် အခြားလေးယောက်ကို သင်ကြားပေးခြင်း၊ ပန်းပင်စိုက်ခြင်း၊ ဆေးပင်ခူးခြင်း၊ စာရေးခြင်း၊ စာလုံးလှရေးခြင်းတို့ ပြုလုပ်နေရသော်လည်း ကုအန်သည် လုံးဝ ပျင်းရိခြင်း မရှိဘဲ ပြီးပြည့်စုံသည်ဟု ခံစားနေရ၏။

ငါးနှစ် ကြာပြီးနောက် ရီရှောင်လျန်နှင့် အခြားလေးယောက်သည် အရွယ်ရောက်လာကြပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားကြသည်။

ပူပြင်းသော နွေရာသီတစ်ခုတွင် တောအုပ်အတွင်းရှိ စမ်းချောင်းလေး ဘေး၌...

ကုအန်သည် အရွယ်ရောက်လာသော လူငယ်ငါးဦးကို ကြည့်ပြီး အချိန်ကုန်လွန်သွားသည်မှာ အလွန် မြန်ဆန်ကြောင်း ခံစားလိုက်ရသည်။

"ဆရာသခင်... ကျွန်တော် နာမည်ပြောင်းချင်တယ်... ဒီနေ့ကစပြီး ရီချင်းရှန် လို့ ခေါ်ပေးပါ.." ရီရှောင်လျန်က ရုတ်တရက် ပြောလိုက်ရာ ကျန်လေးယောက်ကလည်း ဝင်ပြောကြ၏။

"ကျွန်တော်လည်း ပြောင်းချင်တယ်... ကျွန်တော့်နာမည်က လင်းချွမ်..."

"ကျွန်တော့်နာမည်က ချန်မုန့်..."

"ကျွန်တော်ကတော့ မျိုးရိုးနာမည်ပါ ပြောင်းချင်တယ်... ကုချန်ရှန်း လို့ ပြောင်းမယ်..."

"မင်းက အရှက်မရှိလိုက်တာ... ကောင်းပြီလေ... ဒါဆို ငါလည်း ကု မျိုးရိုးယူမယ်... ကုချန်တောက်လို့ပြောင်းမယ်."

သူတို့ ပြောစကားများကို နားထောင်ရင်း ကုအန်က ခိုကိုးရာမဲ့စွာ ပြုံးလိုက်ပြီး မတားမြစ်ခဲ့ပေ။

ထိုငါးယောက် နာမည်ပြောင်းလိုက်သည်နှင့် သူတို့၏ ကံတရားများလည်း လိုက်ပါ ပြောင်းလဲသွားကြောင်း ကုအန် မြင်တွေ့လိုက်ရ၏။

ကုအန်က ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ "မင်းတို့အားလုံး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ကုန်ကြပြီ... နောက်နှစ်အနည်းငယ်ကြာရင် ဆရာ့ကို ကျော်တက်သွားကြတော့မယ်... ဆရာက အကျော်ခံရမှာကို မလိုလားဘူး... ဒီကို ထပ်မလာကြနဲ့တော့... ကျင့်ကြံခြင်းကမ္ဘာမှာ အမတလမ်းစဉ်ဆီ လျှောက်လှမ်းဖို့ လမ်းကြောင်းသစ်တွေ သွားရှာကြချေ..."

ထိုစကားကို ကြားသောအခါ ရီချင်းရှန်နှင့် အခြားသူများ တိတ်ဆိတ်သွားကြ၏။ သူတို့ ဘာမှ ပြန်မပြောကြပေ။ အမှန်တကယ်တွင် သူတို့သည် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ကျင့်ကြံခြင်းကမ္ဘာမှ ကျင့်ကြံသူများနှင့် ထိတွေ့ခဲ့ရပြီး ထိုလောက မည်မျှ ကျယ်ပြောသည်ကို သိရှိထားကြသဖြင့် ထွက်ခွာသွားရန် စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။

"ဆရာသခင်... ကျွန်တော်တို့..." ချန်မုန့်က မနေနိုင်ဘဲ ပြောလိုက်၏။

သူမ စကားမဆုံးမီ ကုအန်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ "သိတတ်ဟန် ဆောင်နေစရာ မလိုပါဘူး... ဆရာက ဒီနေရာမှာ အေးအေးဆေးဆေး ကျင့်ကြံဖို့ လာနေတာ... မင်းတို့ လာနှောင့်ယှက်နေတာ နှစ်အတော်ကြာပြီ... ဆရာ့ကို လွှတ်ပေးဖို့ အချိန်မတန်သေးဘူးလား..."

ရီချင်းရှန်သည် ချက်ချင်း ဒူးထောက်ကာ ကုအန်ကို ဦးခိုက်လိုက်ပြီး ကျန်လေးယောက်လည်း အလျင်အမြန် လိုက်လုပ်ကြလေသည်။

ရီချင်းရှန်ကို ကြည့်ရင်း ကုအန်သည် လုကျိုးကျားကို အမှတ်ရသွား၏။

လုကျိုးကျား၏ ပုံရိပ်သည် ရီရှောင်လျန်၏ ပုံရိပ်နှင့် ထပ်တူကျသွားပြီး လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ကုအန် ဝမ်းမနည်းပါ၊ သူ ပြုံး၍ သူတို့၏ ဦးခိုက်မှုကို လက်ခံလိုက်သည်။

ရီချင်းရှန်က မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။ "တစ်ရက်ဆရာ တစ်သက်ဖခင်ပါ... ကျွန်တော်တို့ အမတအဖြစ် တက်လှမ်းပြီး တာအိုလမ်းစဉ် အောင်မြင်တဲ့အခါ ဆရာ့ကျေးဇူးဆပ်ဖို့ သေချာပေါက် ပြန်လာခဲ့ပါမယ်..."

အခြားသူများကလည်း ကတိပေးကြရာ ကုအန်က စိတ်မရှည်သည့်ဟန်ဖြင့် လက်ဝှေ့ယမ်း ပြလိုက်သည်။ ထိုငါးယောက်လည်း ဦးညွှတ်ပြီး ထွက်ခွာသွားကြလေသည်။

ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ရီချင်းရှန်သည် ကုအန်နှင့် ပထမဆုံးအကြိမ် လမ်းခွဲခဲ့စဉ်ကကဲ့သို့ နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင် ဖြစ်သွားသည်။ သူသည် သစ်ပင်ရိပ်အောက်ရှိ ကုအန်ကို မြင်လိုက်ရပြီး ငယ်စဉ်က ခွဲခွာရခက်ခဲ့သော ခံစားချက်များ ပြန်လည် ပေါ်ပေါက်လာ၏။

ယခုတွင်မူ သူသည် လွန်ခဲ့သော ခြောက်နှစ်ကထက် ပိုမို သန်မာလာပြီဖြစ်ရာ စိတ်ခံစားမှုနောက်သို့ မပါတော့ဘဲ လျင်မြန်စွာ ပြန်လှည့်ကာ သူ့အဖော်များနှင့်အတူ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ကုအန်က လက်များကို ဆန့်တန်းကာ သမ်းဝေလိုက်၏။ လည်ပင်းကို ဘယ်ညာ လှည့်လိုက်ပြီး ပြောလိုက်သည်။ "နောက်ဆုံးတော့ သူတို့ကို လွှတ်လိုက်နိုင်ပြီ... နောက်ထပ် နှစ်တစ်ထောင်ကြာမှ ပြန်တွေ့ကြတာပေါ့..."

သူ နောက်လှည့်ကာ တောအုပ်ထဲမှ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်သည်။

သူ စမ်းချောင်းကို ဖြတ်ကျော်လိုက်သည်နှင့် ဖိုင့်ဖိုင့်တောင့်တောင့် ဝိညာဉ်ဖြူ ကြွက်တစ်ကောင် ပြေးထွက်လာ၏။ ၎င်းသည် ခန္ဓာကိုယ် အရွယ်အစားကို လျင်မြန်စွာ ကျုံ့လိုက်ပြီး ကုအန်၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။

"သခင်... ဟိုငါးယောက်က သခင့်တပည့်တွေလား..." ဝိညာဉ်ဖြူ ကြွက်က ကလေးငယ်အသံဖြင့် စပ်စုကာ မေးလိုက်၏။

ကုအန်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒါပေါ့... ဘာလို့ မေးတာလဲ..."

"သခင်က သူတို့ကို နှစ်အနည်းငယ်လောက်ပဲ သင်ပေးပြီး လွှတ်လိုက်တာဆိုတော့... တတိယဆေးတောင်ကြား နဲ့ နက်နဲတောင်ကြား က တပည့်တွေလိုပဲ ထင်လို့ပါ..."

"သူတို့ ပြန်လာကြမှာပါ... သူတို့က ငါတို့နဲ့အတူ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း အဖော်ပြုကြမှာ... မင်းက သူတို့ရဲ့ အားကိုးရာ ဖြစ်ပေးရလိမ့်မယ်..."

"တကယ်လား..."

ဝိညာဉ်ဖြူ ကြွက်မှာ အံ့သြလွန်း၍ မျက်လုံးများ ပြူးကျယ်သွားလေသည်။

အခန်း (၅၂၈) တစ်ချိန်က တောင့်တခဲ့ဖူးသော

မိုးတိမ်မည်းများက ကောင်းကင်ယံကို ဖုံးလွှမ်းနေပြီး မိုးဖွဲများ မစဲတစဲ ရွာသွန်းနေ၏။

တောင်တန်းများကြားတွင် သစ်ပင်များ လဲပြိုနေပြီး နေရာအနှံ့ တွင်းချိုင့်ကြီးများ ဖြစ်ပေါ်နေကာ မိုင်တစ်ရာ ပတ်လည်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည့် မီးလောင်နံ့များ ဖုံးလွှမ်းနေသည်။

ထိုအချိန်တွင် ကျန့်ချင်း၊ ကျန်းချုံး နှင့် ဖူယိုသရဲမယ်တော် ဟူသော အမျိုးသမီး သုံးဦးသည် ဒဏ်ရာအသီးသီးဖြင့် ထိပ်တိုက် တွေ့နေကြ၏။

ဖူယိုသရဲမယ်တော်သည် ဆံပင်များ ဖရိုဖရဲဖြင့် အပျက်အစီးများကြားတွင် ရပ်နေပြီး မျက်နှာတွင် သွေးများ ပေကျံနေကာ အလံရှစ်ခုဖြင့် ဖွဲ့စည်းထားသော အစီအရင်တစ်ခုအတွင်း ပိတ်မိနေသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

အစီအရင် အပြင်ဘက်တွင် ကျန်းချုံးသည် လေထဲ၌ ရပ်တန့်နေ၏။ သူမ၏ ဒဏ်ရာများမှာ သရဲမယ်တော်လောက် မပြင်းထန်သော်လည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်က သူမ မောပန်းနေကြောင်း ဖော်ပြနေသည်။

ကျန့်ချင်းသည် ရတနာဓားတစ်လက်ကို ကိုင်ဆောင်လျက် ကျောက်ကမ်းပါးထိပ်တွင် ရပ်နေပြီး ရွှေရောင်အလင်းများ တောက်ပနေသော လည်ပတ်နေသည့် ဓားသွားများက သူမကို ဝန်းရံထားလေသည်။

သူမသည် ဖူယိုသရဲမယ်တော်ကို ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်လိုက်၏။

ဖူယို သရဲမယ်တော်သည် ကျန်းချုံးဘက်သို့ လှည့်ကာ အံကြိတ်၍ ပြောလိုက်သည်။ "ဂိုဏ်းခေါင်းဆောင်... ရှင် ကျွန်မအပေါ် မှီခိုလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီကို... အခုတော့ ကျွန်မကို သတ်ဖို့ ပြင်ပလူကို တကယ်ပဲ ကူညီတော့မလို့လား..."

ကျန်းချုံးက မထီမဲ့မြင် ပြုံးလိုက်၏။ "သူက ပြင်ပလူ ဖြစ်ပြီး ရှင်က ပြင်ပလူ မဟုတ်ဘူးလို့ ဘယ်လိုလုပ် သိလဲ..."

ဖူယိုသရဲမယ်တော်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ဆရာသခင်ဓားအရှင် ပြန်လာမှာကို မကြောက်ဘူးလား..."

"သူက ဆရာသခင်ဓားအရှင်ရဲ့ တပည့်ဆိုတာ ရှင် မသိဘူးလား..."

ကျန်းချုံး၏ လှောင်ပြောင်မှုကို ရင်ဆိုင်လိုက်ရသောအခါ ဖူယို သရဲမယ်တော် တိတ်ဆိတ်သွား၏။

ကျန့်ချင်းက ဓားကို မြှောက်၍ ကြေညာလိုက်သည်။ "ဖူယိုသရဲမယ်တော်... ဒီနေ့ ငါ့ဆရာတူအစ်ကို စုဟန်အတွက် လက်စားချေရမယ်..."

စုဟန်၏ နာမည်ကို ကြားလိုက်ရသောအခါ ဖူယို သရဲမယ်တော်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ သူမ ခေါင်းငုံ့လိုက်ပြီး ကံတရားကို လက်ခံလိုက်ပုံ ရသည်။

ချက်ချင်းပင် ကျန်းချုံးက မန္တန် ရွတ်လိုက်၏။ အစီအရင် ပတ်လည်ရှိ အလံများ ပြင်းထန်စွာ တဖျပ်ဖျပ် လှုပ်ရှားသွားပြီး လေပြင်းများ တိုက်ခတ်လာကာ စိမ်းပြာရောင် သံကြိုးများ လှုပ်ရှားလာပြီး ခုခံခြင်း မပြုသော ဖူယို သရဲမယ်တော်ကို ရစ်ပတ် ချည်နှောင်လိုက်သည်။

ကျန့်ချင်းသည် အစီအရင်ထဲသို့ ဝင်ရောက်သွားပြီး သူမ၏ ဓားချက်က ဖြတ်တောက်သွားရာ နှင်းရောင်အလင်းတန်းက တောအုပ်ကို ဖြိုခွင်းသွား၏။

ဓားတစ်ချက်တည်းဖြင့် သွေးများ ပန်းထွက်လာပြီး ဖူယို သရဲမယ်တော်၏ ခေါင်းပြတ်ကြီး လေထဲသို့ လွင့်စဉ်သွားလေသည်။

ကျန့်ချင်းသည် ဖူယိုသရဲမယ်တော်၏ နောက်တွင် ရပ်ကာ ဖြည်းညင်းစွာ ခါးဆန့်လိုက်၏။ သူမ ခေါင်းလှည့်ကြည့်လိုက်ရာသရဲမယ်တော်၏ လည်ပင်းမှ သွေးများ ပန်းထွက်နေသည်သာမက ရွှေရောင် မီးတောက်များလည်း လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။

ဖူယိုသရဲမယ်တော်၏ ဝိညာဉ် ထွက်ပေါ်လာသော်လည်း ပြတ်သွားသော လည်ပင်းမှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိပေ။

ကျန့်ချင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ပျော်ရွှင်မှု မခံစားရဘဲ စိတ်သက်သာရာ ရမှုတစ်ခုနှင့်အတူ အလွန်အမင်း မောပန်းနွမ်းနယ်မှုကိုသာ ခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူမ ဖူယိုသရဲမယ်တော်ကို မုန်းတီးခြင်း မရှိတော့ပေ။ စုဟန်အတွက် လက်စားချေခြင်းကသာ သူမ၏ စွဲလမ်းမှု ဖြစ်လာခဲ့သည်။

ကျန်းချုံးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး သရဲမယ်တော်၏ လည်ပင်းရှိ ရွှေရောင်မီးတောက်များကို ကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်၏။ "မင်း သူ့ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်မလို့လား... ဒီလို မိစ္ဆာပညာကို ဘယ်က သင်လာတာလဲ..."

ကျန့်ချင်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။ "မိစ္ဆာနဲ့ ရင်ဆိုင်ရရင် မိစ္ဆာနည်းလမ်းကို သုံးရတာ သဘာဝပါပဲ..."

ဖူယို သရဲမယ်တော်၏ ဝိညာဉ်သည် နာကျင်စွာ ရုန်းကန်နေပြီး အသံမထွက်သော်လည်း တွန့်လိမ်နေသော ပုံစံမှာ ကြည့်ရဆိုးလှသည်။

လေပြည်တစ်ချက် တိုက်ခတ်သွားပြီး လည်ပင်းတစ်ဝိုက်ရှိ ရွှေရောင်မီးတောက်များကို လွင့်ပါသွားစေရာ ကျန့်ချင်းနှင့် ကျန်းချုံးတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို အလိုအလျောက် ကြည့်လိုက်မိကြသည်။

"ဒီမှာတင် အဆုံးသတ်လိုက်ကြပါစို့... ဒီဘဝ အငြိုးအတေးတွေ ပြေလည်သွားပါပြီ..."

အသံတစ်သံ ထွက်ပေါ်လာပြီး ထိုအသံကို ကြားလိုက်ရသည်နှင့် ကျန့်ချင်း၏ စကားသံ ရပ်တန့်သွား၏။

ဤအသံသည် ကုအန်၏ အသံ ဖြစ်သည်။

ကျန်းချုံးက အံ့သြသွားပြီး ကုအန်ကို ရှာဖွေရန် ဟိုဟိုဒီဒီ ကြည့်လိုက်သည်။

ဖူယိုသရဲမယ်တော်၏ ဝိညာဉ်သည် ရုပ်အလောင်းမှ ထွက်ပေါ်လာ၏။ ကျန့်ချင်း၏ ဓားသည် သာမန်ဓား မဟုတ်ပေ။ ၎င်း၏ ခုတ်ချက်သည် သူမ၏ သက်စောင့်လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်သဖြင့် သူမအနေဖြင့် ခန္ဓာကိုယ်အသစ် ရှာဖွေရမည် (သို့မဟုတ်) ဝင်စားခြင်း သံသရာကို စောင့်ဆိုင်းရမည် ဖြစ်သည်။

သူမ၏ ဝိညာဉ်သည် ကုအန်ကို အရိုအသေ ပေးနေသကဲ့သို့ သူမ၏ ရုပ်အလောင်းဘေးတွင် ဒူးထောက်လိုက်သည်။

"မင်းမှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိတယ်..." ကုအန်၏ အသံက နတ်ဘုရားတစ်ပါး ပြောဆိုနေသကဲ့သို့ အေးစက်စွာ ထပ်မံ ထွက်ပေါ်လာသည်။ "သံသရာစက်ဝန်းထဲ ဝင်ပြီး ဒီဘဝ ကံကြမ္မာကို စွန့်လွှတ်ပြီး နောက်ဘဝအသစ် ပြန်စမလား... ဒါမှမဟုတ် အပြစ်ကို ဆေးကြောဖို့ လွတ်လပ်ခွင့် ဆုံးရှုံးခံပြီး ဆက်လက် ရှင်သန်မလား..."

သရဲမယ်တော်သည် ဖူယိုဂိုဏ်းမှ ဆင်းသက်လာသူ ဖြစ်သည်။ ထိုက်ချန်တိုက်ကြီးတွင် ဖရိုဖရဲ ဖြစ်စေခဲ့သော ဖူယို ဂိုဏ်းနှင့် မပတ်သက်သော်လည်း သူမသည် သူမ၏ ဘဝတစ်လျှောက်လုံး လူများစွာကို ဒုက္ခပေးခဲ့ဖူးပြီး စုဟန်မှာ ထိုအထဲမှ တစ်ဦးသာ ဖြစ်၏။ သူမ ပန်းဂိုဏ်းကို တည်ထောင်စဉ်ကပင် ယုတ်မာသော နည်းလမ်းများကို အသုံးပြုခဲ့သည်။

ကုအန်က သူမကို ရွေးချယ်ခွင့် ပေးရခြင်းမှာ သူမ၏ အတွင်းစိတ်၌ သူမသည် ဆရာသခင်ဓားအရှင်အတွက် လုပ်ဆောင်နေသည်ဟု ယုံကြည်ပြီး သူမကိုယ်သူမ သူ့လူဟု မှတ်ယူထားသောကြောင့် ဖြစ်သည်။

ဓားအရှင်၏ နောက်သို့ လိုက်ပါပြီးနောက်ပိုင်း သူမသည် သူမ၏ နည်းလမ်းများကို ထိန်းချုပ်ခဲ့ပြီး ကောင်းမှုဘက်သို့ တိမ်းညွတ်ရန် ကြိုးစားခဲ့သည်။

ကုအန်သည် သူမကို လုံးဝ အကာအကွယ် မပေးခဲ့ပေ။ စုဟန်ကြောင့် သက်သက် မဟုတ်ဘဲ စုဟန်သည် သူနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်သာမက သူမသည် အမှန်တကယ်ပင် မကောင်းမှုများကို ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ မကောင်းမှုများကို ရပ်တန့်လိုက်ရုံဖြင့် အတိတ်က လုပ်ရပ်များ မီးခိုးလို လွင့်ပျောက်သွားမည် မဟုတ်ချေ။

မိမိ ရွေးချယ်မှု၏ အကျိုးဆက်ကို မိမိသာ ခံယူရမည် ဖြစ်သည်။

ဖူယို သရဲမယ်တော်က ချက်ချင်း မော့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ကျွန်မ ရှင့်နောက်ကို လိုက်ပါမယ်... ထာဝရ လွတ်လပ်ခွင့် ဆုံးရှုံးရမယ် ဆိုရင်တောင်မှပေါ့..."

သူမ၏ အသံတိတ်သွားသည်နှင့် သူမ၏ ဝိညာဉ်သည် လေထဲတွင် ပျောက်ကွယ်သွားလေသည်။

ထို့နောက် မဟာကောင်းကင်နှင့် မြေကြီး တစ်ခုလုံး ငြိမ်းချမ်းသွား၏။

ကျန်းချုံးက နှုတ်ခမ်းကို စေ့ကာ ကျန့်ချင်းဘက်သို့ ကြည့်၍ နှစ်သိမ့်စကား ဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် သူက သေသွားပြီလို့ ယူဆလို့ ရပါတယ်... နောင်အနာဂတ်မှာလည်း စိတ်ချမ်းသာရမှာ မဟုတ်လောက်ဘူး..."

ကျန့်ချင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်၏။ "ကျွန်မ သိပါတယ်... ဆရာက သူ့ကို လွတ်လပ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ပြောထားရင် သေချာပေါက် ပေးမှာ မဟုတ်ဘူး..."

သွေးကျဥ်းထောင်သူတော်စင်သည် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။ ကုအန်က သူ့ကို နှစ်တစ်ထောင်ကြာ စီးတော်ယာဉ် လုပ်ခိုင်းမည်ဟု ပြောခဲ့စဉ်က သူသည် အမှန်တကယ်ပင် ထိုဒုက္ခကို နှစ်တစ်ထောင်လုံး ခံစားခဲ့ရသည်။

ကျန့်ချင်းက ထိုကိစ္စအပေါ် စွဲလမ်းခြင်း မရှိသည်ကို မြင်ရသဖြင့် ကျန်းချုံးလည်း စိတ်သက်သာရာ ရသွားပြီး မေးလိုက်၏။ "အခု ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ..."

ကျန့်ချင်းက အဝေးသို့ လှမ်းကြည့်ပြီး ပြန်ဖြေလိုက်သည်။ "အစီအစဉ် မရှိဘူး..."

သူမ၏ စကားသံအဆုံးတွင် သူမခန္ဓာကိုယ် ရုတ်တရက် နောက်သို့ ယိုင်လဲသွား၏။

ကျန်းချုံး မျက်လုံးများ ပြူးကျယ်သွားပြီး အလိုအလျောက် လက်လှမ်းလိုက်သည်။

သို့သော် အခြားလက်တစ်ဖက်က ပိုမြန်နေပြီး ကျန့်ချင်း၏ ပခုံးကို လှမ်းဖမ်းလိုက်၏။ ကျန့်ချင်း မော့ကြည့်လိုက်ရာ သူမမျက်နှာပေါ်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်လာသည်။

"ဆရာသခင်..." ကျန့်ချင်းက အားနည်းစွာ ပြောလိုက်၏။

ကုအန်က သူမကို ကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။

ကျန့်ချင်းသည် သူမ၏ အမြင့်ဆုံးသက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယနေ့တိုက်ပွဲက သူမ၏ သက်စောင့်အားကို လုံးဝ ကုန်ခမ်းစေခဲ့သည်။

ကျန်းချုံးသည် ကုအန်ကို တွေ့ရသဖြင့် ဝမ်းသာသွားသော်လည်း စကားမပြောဘဲ ဆရာတပည့် နှစ်ယောက်ကို အချိန်ပေးလိုက်သည်။

ကျန့်ချင်းသည် စကားပြောရန် အားနည်းလွန်းနေပြီး မကြာမီ မျက်လုံးများ မှိတ်ကျသွားကာ လက်များ အလိုအလျောက် လျော့ကျသွား၏။ ထိုအရာက ကျန်းချုံးကို မျက်မှောင်ကြုတ်သွားစေသည်။

ကုအန်က ကျန်းချုံးဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ "ဖူယို သရဲမယ်တော် သေပြီဆိုတော့ ပန်းဂိုဏ်း ကို မင်းကိုယ်တိုင် စီမံခန့်ခွဲရလိမ့်မယ်..."

ကျန်းချုံးက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။ "သိပါတယ်... ကျွန်မ မကြာခင် ပြန်သွားမှာပါ..."

သူမ ရှေ့တိုးလာပြီး ကုအန်ကို အကဲခတ်ကာ ပြောလိုက်သည်။ "ရှင် ကောင်းကင်ဝိညာဉ်နယ်မြေကနေ ထွက်သွားပြီလို့ လူတိုင်း ပြောကြတယ်... ဒါပေမဲ့ ရှင် ဒီမှာ ရှိနေသေးမယ်လို့ ကျွန်မ မထင်ထားဘူး... ကျွန်မကို မပြောဘဲနဲ့ ရှင် ဘယ်လိုလုပ် ထွက်သွားရက်မှာလဲလို့ တွေးနေတာ..."

သူ့ဘဝ အစောပိုင်းကာလများတွင် များစွာ ကူညီခဲ့ဖူးသော ဤအမျိုးသမီးကို ရင်ဆိုင်ရင်း ကုအန်က ပြုံး၍ ပြောလိုက်သည်။ "နောင်အနာဂတ်မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် စိတ်ထဲကနေ ကျွန်တော့်ကို ခေါ်လိုက်ပါ..."

သူသည် ကျန်းချုံး၏ စိတ်ထဲမှ အသံကို ကြားနိုင်ပြီး သူမသည် လောကီကိစ္စများကို စွန့်လွှတ်မည့်သူ မဟုတ်ကြောင်း သိသဖြင့် ကျင့်ကြံခြင်းနယ်မြေသို့ မဖိတ်ခေါ်ခဲ့ပေ။

ကျန်းချုံးက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်၏။ "လွမ်းရင်ရော ခေါ်လို့ ရလား..."

ကုအန်က သူမကို မျက်လုံးလှန်ကြည့်ပြီး ပြန်ပြောလိုက်သည်။ "ကျွန်တော်က အရမ်း အလုပ်များတာဗျ..."

ကျန်းချုံးက အေးစက်စက် နှာမှုတ်လိုက်ပြီး ပြောလိုက်၏။ "သူမကို မြန်မြန် ခေါ်သွားလိုက်တော့... သေခွင့် မပေးနဲ့ဦး..."

သူမသည် ကျန့်ချင်း၏ သက်တမ်းကုန်ဆုံးချိန်ကို မမြင်နိုင်သော်လည်း သူမ၏ သက်စောင့်အားများ လျင်မြန်စွာ ယိုစီးနေသည်ကို ခံစားမိသဖြင့် မကောင်းသော လက္ခဏာပင် ဖြစ်သည်။

ကုအန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် ကျန့်ချင်းနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ကျန်းချုံးသည် ချက်ချင်း ထွက်မသွားဘဲ ဖူယို သရဲမယ်တော်၏ ရုပ်အလောင်းရှိရာသို့ လျှောက်သွားလိုက်၏။ နှစ်တစ်ထောင်ကျော်ကြာ အတူတကွ လက်တွဲလုပ်ကိုင်လာပြီးနောက် သရဲမယ်တော်၏ ခန္ဓာကိုယ်ကို တောထဲတွင် ဒီအတိုင်း ပစ်မထားလိုပေ။

...

ကျန့်ချင်းသည် သူမ ငယ်စဉ်ဘဝသို့ ပြန်ရောက်သွားသည့် အိပ်မက်ရှည်တစ်ခု မက်ခဲ့သည်။ ထိုအချိန်က သူမ၊ စုဟန်နှင့် ရဲလန် တို့သည် နက်နဲတောင်ကြား တွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။

ထိုစဉ်က သူတို့အားလုံး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန် ရည်မှန်းခဲ့ကြသည်။

ကျန့်ချင်း နိုးလာသောအခါ အပြာရောင် ကောင်းကင်ကြီးကို မြင်လိုက်ရ၏။

သူမ အလိုအလျောက် ထထိုင်လိုက်ရာ မလှမ်းမကမ်းရှိ ကျောက်စားပွဲဝိုင်းတွင် ထိုင်နေသော ကုအန်ကို တွေ့လိုက်ရပြီး သူမဘေးတွင် ရေခဲခေါင်းတလား တစ်ခု ရှိနေသည်။

ကုအန်ကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်နှလုံး ချက်ချင်း တည်ငြိမ်သွား၏။ သူမ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သွားရောက် ဂါရဝပြုရန် ပြင်လိုက်သည်။

သို့သော် သူမ မတ်တတ်ရပ်လိုက်သည်နှင့် ရေခဲခေါင်းတလားထဲမှ မြင်ကွင်းကို တွေ့လိုက်ရပြီး လုံးဝ တောင့်တင်းသွားလေသည်။ သူမ မနေနိုင်ဘဲ မျက်တောင်ခတ်လိုက်သော်လည်း ဘယ်နှစ်ကြိမ်ပင် ခတ်ခတ် အတွင်းမှ မြင်ကွင်းမှာ ပြောင်းလဲခြင်း မရှိပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ကျန့်ချင်း စိတ်လှုပ်ရှားလာပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။

ရေခဲခေါင်းတလားထဲတွင် စုဟန်၏ ရုပ်အလောင်းမှာ ပကတိအတိုင်း ရှိနေ၏။

သူမသည် လက်ဖက်ရည် သောက်နေပြီး သူမကို ကြည့်မနေသော ကုအန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန့်ချင်း၏ နှလုံးသားထဲ၌ စိတ်ခံစားမှုများနှင့် ရှက်ရွံ့မှုများ ပြည့်နှက်လာပြီး စကားလုံးထောင်ပေါင်းများစွာ လည်ချောင်းဝတွင် ဆို့နင့်ကာ ပြောမထွက်နိုင် ဖြစ်နေလေသည်။

All Chapters