← Chapters

အခန်း (၅၃၃-၅၃၄)

Vol. 42 Ch. 533-534

အခန်း (၅၃၃-၅၃၄)

Vol. 42 Ch. 533-534

အခန်း ၅၃၃ ကောင်းကင်နှင့်မြေကြီး တာအိုအသီး၊ ထက်ဘုံသားများ

ကုအန်သည် ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်၏ စိတ်အသံကို ကြားနေရသော်လည်း ၎င်းနှင့် ဝိညာဉ်အာရုံချင်း ဆက်သွယ်ထားခြင်းကိုသာ ထိန်းသိမ်းထားပြီး ၎င်းပြောသမျှကို အာရုံစိုက်လေ့ မရှိပေ။

အဓိက အကြောင်းအရင်းမှာ ထိုဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်သည် အလွန်တရာ စိတ်အနှောင့်အယှက် ပေးလွန်းသောကြောင့် ဖြစ်၏။ ကုအန်က အရင်တုန်းက ပြန်ပြောခဲ့ဖူးသော်လည်း ရလဒ်အနေဖြင့် ထိုအရာက မရပ်မနား ပေါက်ပေါက်ဖောက်သလို ပြောဆိုနေပြီး သူ့ကို အဆုံးမရှိ နှောင့်ယှက်ခဲ့သည်။

လီယ ဓားသွားလုမည်ကို ကုအန် စိတ်မပူသလို လီယက သူ့အတွက် ပြဿနာ ရှာလာမည်ကိုလည်း မကြောက်ပေ။

သူသည် လီယ၏ အသက်ကိုသာ ကယ်တင်ပေးမည် ဖြစ်ပြီး ဓားကို လုယူရာတွင် ကူညီပေးမည် မဟုတ်ချေ။ အသက်တစ်ချောင်း ကယ်တင်ခြင်းသည် ကုအန်အတွက် မခက်ခဲလှဘဲ လေတစ်ချက် မှုတ်ထုတ်လိုက်သကဲ့သို့ လွယ်ကူလှ၏။

ကုအန်သည် တစ်နာရီခန့် ကြာသည်အထိ ငါးမျှားမြဲ မျှားနေလိုက်ပြီး နောက်ဆုံးတွင် မတ်တတ်ရပ်၍ ထွက်ခွာသွားသည်။

သွေးကျဉ်းထောင်သူတော်စင်သည် သူ့ခြေလှမ်းများနောက်သို့ ကမန်းကတန်း လိုက်ပါသွား၏။ ချန်ချွမ်ကမူ ကန်ရေပြင်ဘေးတွင် ဆက်လက် ရှိနေပြီး မျက်လုံးများကို တင်းတင်းမှိတ်လျက် သူ၏ ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။

သူသည် ထိုဓား၏ ဆွဲဆောင်မှုကို တွန်းလှန်ချင်နေပြီး အကယ်၍ သူသာ ကြံ့ကြံ့ခံနိုင်ပါက သူ၏ ဓားတာအိုသည် အဆင့်တစ်ခုသို့ တက်လှမ်းသွားမည်ဟု ခံစားနေရ၏။

မိုင်ဆယ်ပေါင်းများစွာ အကွာတွင် အန်ရှန့်ထျန်သည် ကျောက်ကမ်းပါးတစ်ခုပေါ်၌ လေ့ကျင့်နေပြီး လေပြေလေညင်းများက သူ့ဆံနွယ်များကို တိုက်ခတ်နေသည်။

ရှေ့သို့ နောက်ထပ် ဆယ်မိုင်ခန့် အကွာတွင် သူ၏ ဆရာသခင် ကျန်းရှီသည် မျိုးစေ့များ ကြဲချနေ၏။ ကျန်းရှီသည် ဂါထာမန္တန်များကို အသုံးမပြုဘဲ လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးနေပြီး ၎င်းကို ကျင့်ကြံခြင်း ပုံစံတစ်မျိုးအဖြစ် သဘောထားနေသည်။

အရှေ့ဘက်သို့ မျှော်ကြည့်လိုက်လျှင် ကောင်းကင်မိစ္ဆာကလေးသည် ဖူယိုသရဲမယ်တော်နှင့်အတူ တာအိုတရား ဆွေးနွေးနေပြီး ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင်များကို ဖလှယ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။

အခြားသူများမှာမူ သူတို့၏ သက်ဆိုင်ရာ ကျင့်ကြံခြင်းဂူများအတွင်း တံခါးပိတ် ကျင့်ကြံနေကြပြီး အားလုံးသည် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းစဉ်များပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနေကြ၏။

သက်တမ်းနယ်မြေကို ဖြတ်သန်းတိုက်ခတ်လာသော လေပြင်းများသည် ကောင်းကင်ယံဆီသို့ လွင့်ပျံသွားပြီး ရာသီဥတုများကို သယ်ဆောင်သွားလေသည်။

နောက်တစ်နှစ်၏ နွေနှောင်းကာလသို့ ရောက်သောအခါ နတ်ဘုရားဓား လုယူပွဲကြီးသည် ရှောင်လွှဲမရဘဲ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုဓားသည် အရပ်ရပ်မှ ဓားကျင့်ကြံသူများကို ဆွဲဆောင်ခဲ့ပြီး နိဗ္ဗာနအဆင့်သာ ရှိသေးသော လီယမှာ ပါဝင်ပတ်သက်ခွင့်ပင် မရခဲ့ချေ။

ကုအန် လာကယ်ဖို့ နေနေသာသာ သူသည် နတ်ဘုရားဓားကို မြင်တွေ့ခွင့်ပင် မရှိခဲ့ပေ။

ဆန်းကြယ်အမတအဆင့် နှစ်ဦးကြားမှ တိုက်ပွဲကြောင့် သူနှင့် ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်တို့မှာ ရှေ့သို့ မတိုးနိုင်ဘဲ အဝေးမှသာ စောင့်ဆိုင်းနေခဲ့ရသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အချိန်ကြာလာသည်နှင့်အမျှ လီယသည် ရှေ့သို့ မတိုးနိုင်ရုံသာမက အဆင့်မြင့် ဓားကျင့်ကြံသူများ ဝင်ရောက်လာမှုကြောင့် နောက်သို့ပါ ဆုတ်ခွာပေးလိုက်ရ၏။

...

နေဝင်ဆည်းဆာ အချိန်၌ ကြီးကျယ်ခမ်းနားသော မြို့ပြကြီးတစ်ခုကို အရိပ်မိုးထားပြီး အဝါရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျူရှီးသည် လမ်းမတစ်လျှောက် လမ်းလျှောက်နေသည်။ သူမသည် ယခင်အတိုင်း ငယ်ရွယ်နုပျိုနေဆဲ ဖြစ်ပြီး ၁၆ နှစ်၊ ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးကဲ့သို့ သူမ၏ မျက်လုံးများသည် အရောင်လက်နေကာ ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လိုက်လံကြည့်ရှုနေ၏။

ဤ အပြစ်ကင်းစင်ပုံရသော မိန်းကလေးသည် တစ်ချိန်က ကောင်းကင်နှင့်မြေကြီး၏ အသန်မာဆုံး ဖြစ်ခဲ့ဖူးသော မြင့်မြတ်ခုံရုံးမှ ရှန့်ထျန် ဖြစ်ကြောင်း မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ချေ။

ကျူရှီးသည် လမ်းဘေးဝဲယာမှ မြင်ကွင်းများတွင် စိတ်နှစ်ထားချိန်၌ လူရိပ်တစ်ခုက သူမထံသို့ ချဉ်းကပ်လာသည်။

"မိန်းကလေး... ခဏလောက် ရပ်ပါဦး..."

ရှေ့မှ ရယ်သံတစ်သံ ထွက်ပေါ်လာသဖြင့် ကျူရှီးက အကြည့်ကို စူးစိုက်လိုက်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သင်္ကန်းရုံထားသော ရဟန်းလုလင်တစ်ပါးက သူမ၏ လမ်းကို ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရ၏။ ဤပုဂ္ဂိုလ်မှာ တာအိုရှာဖွေ ခြင်းသိုင်းကို သင်ကြားပေးခဲ့ဖူးသော အမတရှာဖွေသူမှလွဲ၍ အခြားသူ မဟုတ်ပေ။

တာအိုရှာဖွေခြင်းသိုင်းသည် မူလဘူတသံသရာသိုင်း အဖြစ် အဆင့်တက်သွားသောကြောင့်သာ ကုအန်သည် သူဂရုစိုက်သော လူများကို ကူညီပြီး သူတို့၏ အန္တိမသက်တမ်းကို တိုးမြှင့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျူရှီး၏ အပြုံး ပျောက်ကွယ်သွားပြီး အမတရှာဖွေသူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

အမတရှာဖွေသူက တခစ်ခစ် ရယ်မောလိုက်၏။ "ဒီဘုန်းကြီးက မိန်းကလေးမှာ ထူးခြားတဲ့ ကံတရား ရှိနေတာကို တွေ့လိုက်ရလို့ပါ... အမတအဖြစ် တက်လှမ်းချင်သလား... ဒီဘုန်းကြီး ကူညီပေးနိုင်ပါတယ်..."

ကျူရှီးက သူ့ကို အာရုံစိုက်လိုက်ပြီး ပြောလိုက်သည်။ "ရှင်က ရဟန်းတစ်ပါး ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် 'ဒီဘုန်းကြီး' လို့ နှိမ့်ချခေါ်ဝေါ်နေတာလား... ရှင့်စကားက ယုံရမယ်လို့ ထင်နေသလား..."

"ဒီဘုန်းကြီးက သေချာပေါက် ယုံကြည်ရတာပေါ့... အရှင်သခင် ရှန့်ထျန်က ကောင်းကင်ဝိညာဉ်နဲ့ ကံတရားတို့ရဲ့ ပြုစုပျိုးထောင်ခြင်းကို ခံထားရသူပဲ... ဝင်စားသူ တစ်ယောက် ဖြစ်နေရင်တောင် ဒီမျက်လုံးတစ်စုံက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်တယ် မဟုတ်လား..." အမတရှာဖွေသူက ရယ်မောလျက် ပြောလိုက်ရာ ကျူရှီး၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

သူက ရှန့်ထျန် အကြောင်း ပြောလိုက်သောအခါ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူ တစ်ဦးက သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သော်လည်း လူအုပ်ကြီးနှင့်အတူ လျင်မြန်စွာ ပျောက်ကွယ်သွား၏။

ကျူရှီးနှင့် အမတရှာဖွေသူတို့သည် လူအုပ်ကြီးကြားတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့သည် ဤကမ္ဘာနှင့် သဟဇာတ မဖြစ်ဘဲ လူတို့၏ အကြည့်များကို ဂရုမစိုက်ကြချေ။

ကျူရှီး၏ မျက်လုံးများက တဖြည်းဖြည်း စူးရှလာပြီး အခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်လာသည်။ သူမထံမှ အထွတ်အထိပ် အာဏာရှင်ဆန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး အမတရှာဖွေသူကို ငုံ့ကြည့်ကာ မေးလိုက်၏။ "ထက်ဘုံက လူလား..."

အမတရှာဖွေသူက ရယ်လိုက်သည်။ "အရှင်သခင်က တကယ်ပဲ ကြောက်စရာ ကောင်းတာပါပဲ..."

ကျူရှီးက သူမ၏ ညာဘက်ခြေထောက်ကို မြှောက်၍ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူမ၏ ခြေဖျားများ မြေပြင်နှင့် ထိတွေ့လိုက်သည်နှင့် ကမ္ဘာကြီးက ရုတ်တရက် ပြောင်းလဲသွား၏။ လမ်းမများနှင့် သွားလာနေသော လူများ အားလုံး ပျောက်ကွယ်သွားပြီး သူတို့သည် မှိန်ဖျော့၍ လူသူကင်းမဲ့သော တောင်တန်း တောရိုင်းတစ်ခု အတွင်းသို့ ရောက်ရှိသွားကြသည်။ ကောင်းကင်ယံတွင် တိမ်တိုက်များ ထူထပ်နေပြီး မိုးချိမ်းသံ သဲ့သဲ့ ထွက်ပေါ်နေ၏။

အမတရှာဖွေသူသည် ထိတ်လန့်ခြင်း မရှိဘဲ ကျူရှီးကို ဆက်လက် ပြုံးကြည့်နေသည်။

"ကျွန်မ ရှာနေတဲ့အရာ ရှင့်ဆီမှာ ရှိတာ သေချာလို့လား..." ကျူရှီးက မေးလိုက်ပြီး သူမ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် သူတို့ ပတ်ဝန်းကျင်ရှိ မြေကြီးများ ကွဲအက်သွားကာ အရပ်ရပ်မှ သစ်စ်မြစ်များ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် လျင်မြန်စွာ ယှက်နွှယ်၍ ကြီးမားသော သစ်သားဓားကြီး တစ်ချောင်းအဖြစ် ဖွဲ့စည်းကာ အမတရှာဖွေသူထံ တည့်မတ်စွာ ချိန်ရွယ်လိုက်သည်။

ဤ သစ်သားဓားသည် ကောင်းကင်နှင့် မြေကြီးကြားရှိ တောင်တန်းများထက် ပိုမို ကြီးမားနေပြီး ပေါ်လာသည်နှင့် ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်နေ၏။

"မင်း ရှာနေတာက ကောင်းကင်နှင့်မြေကြီး တာအိုအသီး မဟုတ်လား... မင်း လိုချင်တာက လက်ရှိ ကောင်းကင်ဝိညာဉ်နယ်မြေကို ပေါင်းစည်းချင်ရုံ သက်သက် မဟုတ်ဘူးလေ... ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ တစ်ခုလုံးကို လိုချင်နေတာ မဟုတ်လား..." အမတရှာဖွေသူက ပြန်ဖြေလိုက်သည်။

ကျူရှီး မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း ပြန်မပြောပေ။

အမတရှာဖွေသူက ဆက်ပြောလိုက်၏။ "ကောင်းကင်နှင့်မြေကြီး တာအိုအသီးက အနှေးနဲ့အမြန် ပေါ်လာမှာပဲ... ဒါပေမဲ့ အခု နှောင်ဖွဲ့ကင်းအမတ ထက်တောင် ပိုသန်မာတဲ့ ဖြစ်တည်မှုတစ်ခု ရှိနေပြီ... အရှင်သခင်က အဲဒီကျရင် ဘယ်လို လုယူမှာလဲ..."

ကျူရှီးက နှာခေါင်းရှုံ့လိုက်သည်။ "ဒါဆို ရှင်ပြောချင်တာက ရှင် ကျွန်မကို ဘာမှ မပေးနိုင်ဘဲ လာပြီး သတိပေးရုံ သက်သက်ပဲပေါ့..."

"မဟုတ်ဘူး..." အမတရှာဖွေသူက အေးအေးလူလူ ပြောလိုက်၏။ "ငါက မင်းအသက်ကို လာကယ်တာပါ... ကောင်းကင်တာအိုရွှေအမြုတေ ဆိုတာ နယ်နမိတ်တံခါးပေါက်က လူ ချန်ထားခဲ့တဲ့ ငါးစာပဲ... ကောင်းကင်နှင့်မြေကြီး တာအိုအသီးက ပိုပြီးတော့တောင် တားမြစ်ထားတဲ့အရာ ဖြစ်နေသေးတယ်... အဆင့်အတန်း မလုံလောက်ဘဲနဲ့ ကောင်းကင်နှင့်မြေကြီး တာအိုအသီးကို သွားထိလိုက်ရင် ဝါးမြိုခံရလိမ့်မယ်... အဲဒီအထဲမှာ ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အကြောင်းနဲ့ အကျိုးတွေ ပါဝင်နေတယ်... နယ်နမိတ်တံခါးပေါက်က လူတောင် မသိနိုင်တဲ့ အကြောင်းတရားတွေပေါ့..."

ကျူရှီးက မျက်လုံးမှေး၍ မေးလိုက်သည်။ "ဒါဆို ပြောစမ်းပါ... အဲဒါကို ထိတွေ့ဖို့ အဆင့်အတန်း ဘယ်လောက် မြင့်ဖို့ လိုတာလဲ..."

"နှောင်ဖွဲ့ကင်းအမတ ရောက်ရှိနိုင်တဲ့ အထွတ်အထိပ်ကို ရောက်ဖို့ လိုတယ်..." အမတရှာဖွေသူ၏ အပြုံးက လှောင်ပြောင်သရော်သည့် ပုံစံ ဖြစ်သွားသည်။

ကျူရှီးက မျက်မှောင်ကြုတ်၍ မေးလိုက်၏။ "အမတလမ်းစဉ် ကိုးခုအထက်မှာ နှောင်ဖွဲ့ကင်းအမတ အဆင့် ရှိသေးတာလား..."

"ဟုတ်တယ်... အဲဒီအထက်မှာ နှောင်ဖွဲ့ကင်းအမတ အဆင့် သုံးဆင့် ရှိသေးတယ်... ပြီးခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အတွင်း ပေါ်ထွက်လာတဲ့ အသန်မာဆုံး ပုဂ္ဂိုလ်တွေထဲက ဘယ်သူမှ အဲဒီအဆင့်ကို မရောက်ဖူးကြဘူး... ဆရာသခင်ဓားအရှင်တောင် မရောက်သေးဘူး..."

အမတရှာဖွေသူက ဆရာသခင်ဓားအရှင်ကို ထည့်ပြောလိုက်သည်နှင့် ကျူရှီး၏ မျက်နှာထားက တည်ကြည်လေးနက် သွားသည်။

သူမသည် ယခင်ဘဝက အမှတ်ရမှုများကို အပြည့်အဝ ပြန်လည်ရရှိထားသော်လည်း ဤဘဝမှ ဆရာနှင့်တပည့် သံယောဇဉ်ကို နှလုံးသားထဲတွင် သိမ်းဆည်းထားဆဲ ဖြစ်ပြီး ကုအန်ကို အရင်းထဲမှ လေးစား၏။

သူမ၏ အမြင်တွင် ကုအန်သည် ကောင်းကင်ပြင်ပမှ လာသော ရှေးဟောင်း စီနီယာတစ်ဦး ဖြစ်ပြီး သူမထက် များစွာ သာလွန်သော ကျင့်ကြံခြင်းအဆင့် ရှိသည့်အပြင် သူမကို သင်ကြားပြသပေးခဲ့သည့်အတွက် သဘာဝကျစွာပင် လေးစားမှုရှိ၏။

ဆရာသခင်ဓားအရှင်တောင်မှ ကောင်းကင်နှင့်မြေကြီး တာအိုအသီးကို ထိတွေ့ဖို့ အရည်အချင်း မပြည့်မီဘူးတဲ့လား...

ကျူရှီး တိတ်ဆိတ်သွား၏။

အမတရှာဖွေသူက သူမကို တိတ်တဆိတ် ကြည့်နေသည်။ အတန်ကြာသောအခါ သူက ပြောလိုက်၏။ "မင်းကို ဝါးမြိုမခံရအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်..."

ကျူရှီးက သံသယ မျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။

အမတရှာဖွေသူက ဆက်ပြောလိုက်၏။ "မင်း လုပ်ရမှာက အမတလမ်းစဉ် ကိုးခုကို ကျော်ဖြတ်ပြီး ကမ္ဘာလောကကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ဖို့ပဲ... မင်း လုပ်နိုင်မလား..."

ကျူရှီးက အေးစက်စွာ ပြန်ဖြေလိုက်သည်။ "ကျွန်မ အဲလိုလုပ်နိုင်တာ ကြာပါပြီ... ဒါပေမဲ့ ကျွန်မရဲ့ အဆင့်အတန်းကို တမင် ဖိနှိပ်ထားတာ... ဒီကမ္ဘာ့ပြင်ပက တန်ခိုးရှင် တစ်ပါး ကျွန်မကို စောင့်ကြည့်နေတာ အာရုံခံမိတယ်... ကျွန်မသာ အဆင့်ချိုးဖျက်လိုက်ရင် မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေ ကြုံရလိမ့်မယ်... တချို့ လွတ်ငြိမ်းရာအမတတွေက သံသရာဝဋ်ဆင်းရဲကို အကြိမ်ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ ကျော်ဖြတ်ဖို့ လိုအပ်ပေမဲ့ ကျွန်မကတော့ ဘဝတစ်ခုပဲ လိုတယ်..."

အမတရှာဖွေသူ အံ့အားသင့်သွားပြီး သူမ၏ စကားကြောင့် တုန်လှုပ်သွားပုံ ရသည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးစားအားကျစွာ ပြောလိုက်၏။ "ကောင်းကင်ဝိညာဉ်ရဲ့ ကံတရားက ရွေးချယ်ထားတဲ့ ကောင်းကင်နှင့်မြေကြီးရဲ့ ကလေးငယ် ဖြစ်ရတာနဲ့ တန်ပါပေတယ်... ဒါဆိုရင် ငါ မင်းကို ကျင့်စဉ်တစ်ခု လွှဲပြောင်းပေးမယ်... အရင်ဆုံး လေ့ကျင့်လိုက်ပါ... ပြီးမှ အဆင့်ချိုးဖျက်ပေါ့..."

ကျူရှီး၏ ညာလက် ပြန်ကျသွားပြီး မှိန်ဖျော့နေသော ကောင်းကင်ယံတွင် တွဲလွဲခိုနေသည့် ကြီးမားသော သစ်သားဓားကြီးသည် မီးခိုးငွေ့များ၊ တိမ်တိုက်များသဖွယ် ပျောက်ကွယ်သွားလေသည်။

"ရှင်က ဘယ်သူလဲ... ဘာလို့ ကျွန်မကို ကူညီချင်ရတာလဲ..." ကျူရှီးက အဖြေတစ်ခု ရလိုသော ဆန္ဒဖြင့် အမတရှာဖွေသူကို စူးစိုက်ကြည့်လိုက်သည်။

အမတရှာဖွေသူက လှည့်ထွက်သွားပြီး မိုးကုပ်စက်ဝိုင်းဆီသို့ မျှော်ကြည့်ကာ ပြောလိုက်၏။ "ငါက အထက်က လာတာ မှန်ပါတယ်... ဒါပေမဲ့ ငါက အဲဒီ ဘဝင်မြင့်နေတဲ့ လူတွေနဲ့ မပတ်သက်ပါဘူး... မင်းကို ကူညီရတဲ့ အကြောင်းရင်းက ဆန္ဒတစ်ခုကို ဖြည့်ဆည်းချင်လို့ပါပဲ... ငါ့တပည့်က ဒီ မဟာကောင်းကင်နှင့် မြေကြီးထဲမှာ သေဆုံးသွားခဲ့တယ်..."

ကျူရှီး အံ့အားသင့်စွာ မေးလိုက်သည်။ "ရှင့်တပည့် သေဆုံးသွားတာနဲ့ ဒီလို အကွက်ချစီစဉ်မှုတွေ အကုန်လုံး လိုအပ်လို့လား... လက်စားချေဖို့ ကျွန်မရဲ့ အကူအညီ လိုနေတာလား..."

အမတရှာဖွေသူက သူမကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ "ကောင်းကင်နှင့်မြေကြီး တာအိုအသီးနဲ့ ပေါင်းစည်းလိုက်ရင် ငါ့ရင်ထဲက နောင်တတွေကို ဖြည့်ဆည်းဖို့ လုံလောက်ပါပြီ..."

ကျူရှီး၏ မျက်ခုံးများ တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားပြီး သိပ်မရှင်းမလင်း ဖြစ်နေဆဲပင်။

သို့သော် အမတရှာဖွေသူက ဆက်မရှင်းပြတော့ပေ။

ရုတ်တရက် ကျူရှီး တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ သူမ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး အမတရှာဖွေသူကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

အခန်း (၅၃၄ - ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား၊ ယန်ရှန်း၏ ဒဏ္ဍာရီ

သေမျိုးကမ္ဘာတောင်ထိပ်.. ကောင်းကင်သတ်မှတ်တောင် အထက်တွင် ဖြစ်၏။

"ကောင်းကင်နှင့်မြေကြီး တာအိုအသီး... ထက်ဘုံသား.."

တောင်ထိပ်ရှိ ခြံဝင်းအတွင်းတွင် ကုအန်သည် လှုပ်ကုလားထိုင်၌ ထိုင်ကာ မျက်လုံးများကို မှိတ်လျက် ကိုယ့်ဘာသာ တွေးတောနေသည်။

ကျူရှီးနှင့် အမတရှာဖွေသူတို့၏ စကားပြောသံများက သူ့နားထဲသို့ ရောက်ရှိလာခဲ့၏။ မူလဘူတရွှေအမတအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ အတွင်းရှိ မည်သည့် လှုပ်ရှားမှုကမျှ သူ့အာရုံကို မလွတ်ကင်းနိုင်ပေ။ အထူးသဖြင့် သူ အမြဲ စောင့်ကြည့်နေခဲ့သော ကျူရှီးနှင့် ပတ်သက်လျှင် ပို၍ သိရှိနိုင်သည်။

ကုအန်သည် အမတရှာဖွေသူကို အမြဲ သတိထားမိခဲ့သော်လည်း ထိုကဲ့သို့ နောက်ခံမျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

အထက်ကမ္ဘာလောကကြီး ဆိုတာ ဘယ်လိုမျိုးလဲ။

အမတရှာဖွေသူ ပြောခဲ့သည့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသူများ ဆိုသည်မှာ သူ့ကို အစွန်းကုန် လိုက်လံဖမ်းဆီးနေသော အမတနတ်ဘုရားများ ဖြစ်နေမလား။

ကောင်းကင်တာအိုရွှေအမြုတေ၊ ကောင်းကင်နှင့်မြေကြီး တာအိုအသီး

စိတ်ဝင်စားစရာပဲ... အရင် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ဆိုတာ မဟာတန်ခိုးရှင် တစ်ပါးပါးက အသွင်ပြောင်းထားတာ ဖြစ်ပြီး အဲဒီ ဖြစ်တည်မှု သေဆုံးသွားပြီးနောက် ကမ္ဘာကြီး ပျက်စီးသွားကာ ယနေ့ခေတ် ကျယ်ပြောလှသော စကြဝဠာကြီး ဖြစ်ပေါ်လာတာများလား။

အဲဒါသာ အမှန်ဆိုရင် အဲဒီ ဖြစ်တည်မှုရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာ ရှိမလဲ။

မူလဘူတရွှေအမတအဆင့် ရောက်ရှိသွားသောအခါ ကုအန်၏ တာအိုအသီးသည်လည်း ကမ္ဘာတစ်ခုကို ဖန်တီးနိုင်လာခဲ့ပြီး ထိုဖြစ်တည်မှုသည် အနည်းဆုံး မူလဘူတရွှေအမတအဆင့် ရှိကြောင်း အတည်ပြုနိုင်ခဲ့၏။ သို့သော်လည်း သူ၏ စွမ်းအား မည်မျှ မြင့်မားသည် ဆိုသည်ကိုတော့ တိုင်းတာရန် ခက်ခဲသည်။

ကမ္ဘာတစ်ခု ကြီးထွားလာရန် အချိန်လိုအပ်ကောင်း လိုအပ်နိုင်သော်လည်း ကုအန်သည် တတ်နိုင်သမျှ မြင့်မားစွာ ခန့်မှန်းထားချင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့် အစွမ်းထက်သော ဖြစ်တည်မှုကိုမဆို အလားအလာရှိသော ရန်သူအဖြစ် သတ်မှတ်ထားမည် ဖြစ်သောကြောင့်ပင်။

သူ့အပေါ် အငြိုးအတေး မရှိသူများကို ရန်ငြိုးထားမည် မဟုတ်သော်လည်း တုံ့ပြန်နိုင်မည့် ယုံကြည်ချက် လိုအပ်သည်။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် ကောင်းကင်တာအိုရွှေအမြုတေနှင့် ပတ်သက်၍ အကွက်ချ စီစဉ်နေသော်လည်း သက်ရှိသတ္တဝါ အားလုံးကို ဝါးမြိုနိုင်သော ကောင်းကင်နှင့်မြေကြီး တာအိုအသီးက ဘာကို တွက်ချက်နေသနည်း။

ရုတ်တရက် ကုအန်သည် သူ့မျက်လုံးထဲတွင် အလွန် ရှင်းလင်းပြတ်သားနေသော ကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးက စိတ်ဝင်စားစရာ ကောင်းလာပြီး သံသယများဖြင့် ပြည့်နှက်လာသည်ဟု ခံစားလိုက်ရသည်။

နောင်လာမည့် နှစ်များတွင် ကောင်းကင်တာအိုရွှေအမြုတေနှင့် ကောင်းကင်နှင့်မြေကြီး တာအိုအသီးတို့က မည်သို့သော မုန်တိုင်းများကို လှုံ့ဆော်ဦးမည်ကို သူ သိချင်နေမိ၏။

ကမ္ဘာကြီး၏ အပြောင်းအလဲများကို နယ်မြေအတွင်းမှ စောင့်ကြည့်ရန် ဆုံးဖြတ်ထားသောကြောင့် သူသည် ပေါ့ပေါ့တန်တန် လှုပ်ရှားမည်တော့ မဟုတ်ချေ။

ကုအန် မျက်လုံးဖွင့်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ အိမ်ထဲမှ စာအုပ်တစ်အုပ်သည် သူ့လက်ထဲသို့ ပျံဝဲရောက်ရှိလာသည်။ သူသည် သူ့နေအိမ် အသီးသီးတွင် စာအုပ်များစွာ ထားရှိထားပြီး ရံဖန်ရံခါတွင် အသိအမြင်သစ်များ ရရှိရန် ပြန်လည် ဖတ်ရှုလေ့ရှိသည်။

ခြံဝင်းထဲတွင် လူရိပ်တစ်ခု ဘာမပြော ညာမပြော ပေါ်လာသည်။ ကောင်းကင်သတ်မှတ်တောင်ထိပ်၏ ထိပ်တန်းတပည့် ကျူရှင်းလန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

အချုပ်အနှောင်မဲ့အမတ အဆင့် ၉ သို့ ရောက်ရှိထားသူပီပီ ဆရာဖြစ်သူ၏ ကုလားထိုင် လှုပ်ယမ်းသွားသည်ကို သူ ချက်ချင်း သတိထားမိလိုက်သည်။ ထို့နောက် သေချာအောင် တစ်ချက်ပြန်ကြည့်ပြီး ခြံဝင်းသန့်ရှင်းရေးကိုသာ စတင်လုပ်ဆောင်လိုက်တော့သည်။

သူ့ဆရာ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို သူ သတိမပြုမိခဲ့ပေ။

ကုအန်လည်း ထွက်မသွားခဲ့ပါချေ။ သူတို့၏ အဆင့်ကွာဟချက် ကြီးမားလွန်းမှုကြောင့် ဖုံးကွယ်ထားခြင်း ခံရသဖြင့် ကျူရှင်းလန်သည် သူ့ကို လုံးဝ မမြင်ရဘဲ မည်သည့်နည်းနှင့်မျှ အာရုံမခံနိုင်ခြင်း ဖြစ်သည်။

သေမျိုးကမ္ဘာတောင်ထိပ်ရှိ လူများအတွက်မူ သူတို့သည် ကုအန်၏ နာမည်ကို မသိကြဘဲ မုန့်လန် ဟုသာ သိကြ၏။

မဟာကျင့်ကြံသူ တစ်ဦးအနေဖြင့် နှစ်ထောင်ချီ သို့မဟုတ် နှစ်သောင်းချီ ပျောက်ကွယ်နေခြင်းသည် ထူးဆန်းသော ကိစ္စ မဟုတ်သောကြောင့် ကုအန် ပျောက်ကွယ်သွားခြင်းကို မည်သူမျှ တွေးတောအံ့သြခြင်း မရှိကြပေ။

သေမျိုးကမ္ဘာတောင်ထိပ်တွင် ရက်ဝက်ခန့် ကုန်ဆုံးပြီးနောက် ကုအန်သည် သက်တမ်းနယ်မြေထဲသို့ ပြန်လည်ရောက်လာခဲ့သည်။

...

ထိုက်ချန်တိုက်ကြီးရှိ ခြောက်သွေ့အက်ကွဲနေသော လွင်ပြင်ကျယ်ကြီးထက်၌ ဖြစ်၏။

လုံချင်းသည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ့ပတ်လည်၌ အနက်ရောင် ချီစွမ်းအင်များ ဝန်းရံနေကာ သူ့ဝတ်ရုံများကို ပြင်းထန်စွာ ဆွဲငင်နေသည်။ ဖယောင်ကြယ်တာရာသည် မြေပြင်ပေါ်တွင် ရပ်လျက် သူ့ကို စိုက်ကြည့်ရင်း ခေါင်းအနည်းငယ် ညိတ်လိုက်၏။ သူ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေ၏။

ထိုအချိန်တွင် လုံချင်း မျက်လုံးဖွင့်လိုက်ပြီး အဝေးသို့ မျှော်ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ဒါ ဘာဓားလဲ... တော်တော် အစွမ်းထက်တာပဲ..."

ဖယောင်းကြယ်တာရာ သူ့အကြည့်အတိုင်း လိုက်ကြည့်ကာ မိုးကုပ်စက်ဝိုင်းဘက်သို့ မျက်နှာမူ၍ ပြောလိုက်၏။ "မဟာဟုန် ဓားကောင်းကင်က အထာဝရာကိုးပါး မြင့်မြတ်နှလုံးသားဓားလေ... သူတို့ဂိုဏ်းရဲ့ ပထမဆုံး မိစ္ဆာဓားပဲ... ဓားအရှင်သခင် တစ်ပါးရဲ့ ကျင့်ကြံခြင်း အစွမ်းအားလုံးနဲ့ ပုံဖော်ထားတာ... သူ့ဝိညာဉ်ကို ဓားဝိညာဉ်အဖြစ် သွန်းလုပ်ပြီး ဓားတာအိုမြစ်ထဲက မြင့်မြတ်သောနှလုံးသား ဓားတာအို ထဲမှာ ထည့်သွင်းကာ မရေမတွက်နိုင်တဲ့ နှစ်တွေအကြာကြီး ပြုစုပျိုးထောင်ပြီးမှ ဒီနေ့ ပုံစံ ဖြစ်လာတာ... ဒီဓားကို ပိုင်ဆိုင်ရင် ကမ္ဘာလောကတွေကြားမှာ ပြိုင်ဘက်ကင်း သွားလာနိုင်တဲ့ စွမ်းအားကို ရရှိမှာ..."

ထိုစကားကို ကြားသောအခါ လုံချင်း အံ့သြတကြီး မေးလိုက်သည်။ "မိစ္ဆာဓားလား..."

"မှန်တယ်... ဒီဓားကို ယဉ်ပါးအောင် လုပ်ဖို့ သူ့ရဲ့ ဓားဝိညာဉ် အသိအမှတ်ပြုတာကို ခံရဖို့ လိုတယ်... ဒါပေမဲ့ ဓားဝိညာဉ်က အကြမ်းဖက်တတ်ပြီး သခင်တွေရဲ့ ဝိညာဉ်တွေကို မကြာခဏ ဝါးမြိုလေ့ ရှိတယ်... ဒါကြောင့် မိစ္ဆာဓားလို့ သတ်မှတ်ခံရတာပေါ့..." ဖယောင်းကြယ်တာရာက ပြောလိုက်ရာ သူ့မျက်နှာပေါ်တွင် အပျော်သဘော အရိပ်အယောင်များ ယှက်သန်းနေသည်။

လုံချင်းက မျက်လုံးမှေး၍ မေးလိုက်၏။ "ဒါဆို မဟာဟုန် ဓားကောင်းကင်က ကောင်းကင်ဝိညာဉ်နယ်မြေထဲက သက်ရှိသတ္တဝါတွေကို ဒီမိစ္ဆာဓားကြီးအတွက် အစာကျွေးဖို့ အာဟာရအဖြစ် သဘောထားချင်နေတာလား..."

"အဲဒါ မဟုတ်ဘူး..." ဖယောင်းကြယ်တာရာ ခန့်မှန်းလိုက်သည်။ "မဟာဟုန် ဓားကောင်းကင်ရဲ့ တည်ထောင်သူ ဘိုးဘေး ဓားနတ်ဘုရားနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်..."

"ဓားနတ်ဘုရားလား..."

ဟိန်းဟောက်သံနှင့်အတူ ဖယောင်းကြယ်တာရာသည် ဓားနတ်ဘုရား ယန်ဖျင်အန်း၏ စွမ်းဆောင်ရည်များကို ပြန်ပြောင်းပြောပြပြီး ဓားတာအိုသူတော်စင်ဘိုးဘေး ယန်ရှန်း အကြောင်းကိုလည်း ထည့်ပြောလိုက်သည်။

လုံချင်းသည် စိတ်ဝင်တစား နားထောင်နေပြီး အခြား မဟာကောင်းကင်နှင့် မြေကြီးများတွင် ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များ ရှိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ခေတ္တမျှ ရပ်နားပြီးနောက် ဖယောင်းကြယ်တာရာ ပြောလိုက်၏။ "ဒီ မဟာကောင်းကင်နှင့် မြေကြီးကို စောင့်ကြပ်နေတဲ့ ပုဂ္ဂိုလ်က ဓားတာအိုသူတော်စင်ဘိုးဘေးဟာ ဒီ မဟာကောင်းကင်နှင့် မြေကြီးမှာ အမြင့်မားဆုံးသော နားလည်သဘောပေါက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ထူးခြားတဲ့ ဖြစ်တည်မှုလို့တောင် သတ်မှတ်လို့ရတယ်လို့ ကြေညာခဲ့ဖူးတယ်..."

လုံချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "အဲဒီ ဓားတာအိုသူတော်စင်ဘိုးဘေးက အခု ဘယ်မှာလဲ..."

"ငါ မသိဘူး..." ဖယောင်းတိုင်ကြယ်က ဝန်ခံလိုက်၏။ "တချို့က သူ သေသွားပြီလို့ ပြောကြတယ်... တချို့ကတော့ သူဟာ ဓားတာအိုမြစ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ပုန်းအောင်းနေတယ်လို့ ယုံကြည်ကြတယ်... မြင့်မြတ်သောနှလုံးသား ဓားတာအိုက ဓားတာအိုမြစ်နဲ့ ပေါင်းစည်းသွားတဲ့အတွက် မဟာကောင်းကင်နှင့် မြေကြီးက အခြား ဓားကျင့်ကြံသူတွေလည်း မြင့်မြတ်သောနှလုံးသား ဓားတာအိုကို နားလည်သဘောပေါက်နိုင်ကြတယ်... မရေမတွက်နိုင်တဲ့ ဓားကျင့်ကြံသူတွေနဲ့ ဓားတာအိုဂိုဏ်းတွေက အခုဆိုရင် ဓားတာအိုသူတော်စင်ဘိုးဘေးကို အားကျအတုယူနေကြပြီ... ငါလည်း မြင့်မြတ်သောနှလုံးသား ဓားတာအိုကို အာရုံခံမိတယ်... တကယ်ကို အကန့်အသတ်မရှိ ကျယ်ပြောလှတယ်..."

ဖယောင်းတိုင်ကြယ်က ပြောရင်း ခေါင်းခါလိုက်ရာ သူ့လေသံတွင် ဓားတာအိုသူတော်စင်ဘိုးဘေးကို လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်နေသည်။

လုံချင်းလည်း မြင့်မြတ်သောနှလုံးသား ဓားတာအိုအကြောင်း စတင် စိတ်ကူးယဉ်လာမိ၏။

"အန်..."

ဖယောင်းကြယ်တာရာ ရုတ်တရက် သံသယဖြင့် ရေရွတ်လိုက်သဖြင့် လုံချင်း၏ အတွေးများ ပြတ်တောက်သွားသည်။

လုံချင်းက သူ့ဘက်သို့ မလှည့်ဘဲ မနေနိုင်တော့ဘဲ မေးလိုက်၏။ "ဘာဖြစ်လို့လဲ..."

ဖယောင်းကြယ်တာရာ က မျက်လုံးကျဉ်းမြောင်းလျက် ပြောလိုက်သည်။ "ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓားက သခင် ရတော့မယ်... သူ လာမယ်လို့ ငါ လုံးဝ မထင်ထားဘူး... ဒီ သတ္တဝါအိုကြီးတွေက ဝင်စားပြီးနောက်မှာ ဘာတွေများ ရှာဖွေနေကြတာလဲ..."

လုံချင်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်ပိုင်းတွင် သူ မည်သို့ပင် မေးမြန်းစေကာမူ ဖယောင်းကြယ်တာရာ က ထပ်မံ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ပြီး အချိန်တန်ရင် သိလာလိမ့်မည် ဟုသာ ပြောခဲ့သည်။

အဖြေမရသော်လည်း လုံချင်း စိတ်ဓာတ် တက်ကြွလာ၏။

ဖယောင်းတိုင်ကြယ်ဆီမှ ကြားသိရသမျှတွင် သူသည် ပိုမို ကျယ်ပြောသော ကောင်းကင်နှင့် မြေကြီးအကြောင်း သိရှိခဲ့ရပြီး ပိုမို အံ့သြဖွယ်ကောင်းသော ဒဏ္ဍာရီများနှင့် မဟာတန်ခိုးရှင်များ အကြောင်း သတိပြုမိလာသည်။ သူလည်း သူတို့ကဲ့သို့သော ဖြစ်တည်မှုမျိုး ဖြစ်ချင်လာသည်။

သူ ရုတ်တရက် သူ့ဆရာအကြောင်း တွေးမိလိုက်၏။

သူ့ဆရာရဲ့ နာမည်ရင်းက ဘာများလဲ...

ဆရာသခင်ဓားအရှင် ဆိုတာ အဓိပတိဂိုဏ်းက ပေးထားတဲ့ ဘွဲ့နာမည်ပဲ ရှိသေးတယ်... သူ့ဆရာမှာ ကိုယ်ပိုင် တာအိုနာမည် ရှိမှာ သေချာတယ်…

…

တောင်တန်းများသည် အဆုံးမရှိ ရှည်လျားနေပြီး တောင်ကြောများပေါ်တွင် လီယသည် လူအိုကြီး တစ်ဦး၏ နောက်သို့ လိုက်ပါသွားသည်။

သူ့ပခုံးပေါ်ရှိ ဆန်းကြယ်အမတနတ်ဘုရားဝိညာဥ် သည် ထို လူအိုကြီး ရပ်တန့်သွားမည်ကို စိုးရိမ်နေသကဲ့သို့ စူးစိုက်ကြည့်နေ၏။

ထို လူအိုကြီး အနက်ရောင် ဝတ်ရုံအောက်တွင် အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး တောက်ပသော အနီရောင် ခါးပတ်တစ်ခုကို ပတ်ထားသည်။ သူ့ဆံပင်ဖြူများကို ကျောက်စိမ်းသရဖူအောက်တွင် စည်းနှောင်ထားပြီး အိုမင်းရင့်ရော်သော မျက်နှာဖြင့်ပင် မြင့်မြတ်သော အရှိန်အဝါ ရှိနေဆဲ ဖြစ်သည်။

လူအိုကြီး၏ ကျောဘက်တွင် အဆောင်စက္ကူတစ်ရွက် ကပ်ထားသော ဓားအိမ်တစ်ခု ပါရှိပြီး ၎င်း၏ သွေးရောင်တောက်နေသော စာလုံးများမှ အေးစက်သော အလင်းရောင် မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ လူအိုကြီး ရုတ်တရက် ရပ်တန့်လိုက်သဖြင့် လီယလည်း လန့်ဖျပ်ပြီး ရပ်တန့်သွားသည်။

"မင်းရဲ့ နိဗ္ဗာနအဆင့် ကျင့်ကြံခြင်းနဲ့ ငါ့ဆီက ဓားကို လုယူဖို့ မတွေးလောက်ဘူး မဟုတ်လား..." လူအိုကြီးက လှည့်မကြည့်ဘဲ လီယကို မေးလိုက်သည်။

လီယက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်၏။ "မတွေးပါဘူး... ဒါပေမဲ့ အရှင်ရဲ့ စွမ်းအားကို မြင်တွေ့ပြီးတဲ့နောက် အစွမ်းအထက်ဆုံး ဓားတာအိုကို ကျင့်ကြံဖို့ အရှင်ကို ဆရာအဖြစ် တော်ချင်ပါတယ်..."

သူ့မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ တောက်လောင်နေသည်။ သူ မြင်တွေ့ခဲ့ရသော အံ့သြဖွယ် တိုက်ပွဲကြီးသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။ ဤ လူအိုကြီးက ဓားချက်တစ်ချက်တည်းဖြင့် လူအုပ်ကြီးကို ဖိနှိပ်လိုက်သော ပုံရိပ်သည် သူ့အပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ဖြစ်စေခဲ့သည်။

စီနီယာ လေ့လာသူ တစ်ဦးထံမှ ကြားသိရသည်မှာ နတ်ဘုရားဓားကို လုယူနေကြသော မဟာကျင့်ကြံသူများကြားတွင် အမတလမ်းစဉ် ကိုးခု၌ ရပ်တည်နေသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ပါဝင်သည်ဟု ဆိုသည်။ သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်က လှုပ်ရှားလာကြောင်း သိလိုက်ရသောအခါ သူသည် ဓားကို လုယူမည့် အကြံကို လုံးဝ စွန့်လွှတ်လိုက်ပြီး ကြည့်ရှုသူ သက်သက်သာ လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် သူ စောင့်ကြည့်ရန် ရည်ရွယ်ထားသော ထိုပုဂ္ဂိုလ်သည် နောက်ဆုံးတွင် ရှုံးနိမ့်သွားပြီး ထိုရှုံးနိမ့်မှုမှာ လုံးဝ ကပ်ဘေးဆိုက်သကဲ့သို့ ဖြစ်ခဲ့၏။

လူအိုကြီးက နတ်ဘုရားဓားကို ယူဆောင်၍ ထွက်ခွာသွားပြီးနောက် လီယသည် နတ်ဘုရားဓား၏ လမ်းညွှန်မှုကို ခံစားနေရဆဲ ဖြစ်သဖြင့် နောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

သူ လိုက်လာတာကို သက်ကြီးရွယ်အိုက ဘယ်လိုလုပ် သတိမထားမိဘဲ နေမလဲ…

လီယ အမှန်တကယ် အမီလိုက်နိုင်လာသောအခါ တဖက်လူက သူ့ကို အခွင့်အရေး ပေးချင်နေသည်ဟု တွေးမိပြီး မျှော်လင့်ချက်များ စတင် ခံစားလာရသည်။

လူအိုကြီးက လီယဘက်သို့ လှည့်၍ ပြောလိုက်၏။ "ငါ့ကို ဆရာအဖြစ် တော်ချင်တာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... မင်းအပေါ်က ကံတရားတွေက ရှုပ်ထွေးလွန်းနေတယ်... တစ်ယောက်ယောက်က မင်းရဲ့ကံကြမ္မာကို ပြောင်းလဲထားသလိုပဲ... အဲဒါကြောင့်မို့လို့ပဲ မင်းက ကံနှင့် ကံတရား တာအိုအပေါ် ပိုမို ကောင်းမွန်တဲ့ နားလည်သဘောပေါက်နိုင်စွမ်း ရှိသင့်တယ်... ငါ ဒီ ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓားကိုတောင် မင်းကို လွှဲပေးကောင်း လွှဲပေးနိုင်တယ်..."

"ဒါပေမဲ့..."

လီယ ချက်ချင်း မေးလိုက်သည်။ "ဒါပေမဲ့ ဘာဖြစ်လဲ..." ဓားကို ပိုင်ဆိုင်နိုင်သည်ဟု ကြားလိုက်ရသဖြင့် သူ့အသက်ရှူသံများ မြန်ဆန်လာ၏။

All Chapters