← Chapters

အခန်း (၅၃၇-၅၃၈)

Vol. 42 Ch. 537-538

အခန်း (၅၃၇-၅၃၈)

Vol. 42 Ch. 537-538

အခန်း ၅၂၇ မင်းက အန်း ဆိုတဲ့ နာမည်နဲ့ မထိုက်တန်ဘူး

ယန်အန်း၏ စကားများသည် ခန်းမထဲရှိ အခြားသူများ၏ ထောက်ခံမှုကို ရရှိသွားပြီး သူတို့က တစ်လှည့်စီ ဝင်ပြောကာ လီလင်ထျန်းကို ဆက်လက် ဖျောင်းဖျနေကြသည်။ သူတို့က လီလင်ထျန်း အနေဖြင့် မိန်းမဆန်သော ကြင်နာမှုများကို စွန့်လွှတ်နိုင်ရန် မျှော်လင့်နေကြ၏။ သူသည် လုပ်ဆောင်မှုများတွင် ရက်စက်ပြတ်သားရမည် ဖြစ်ပြီး သို့မဟုတ်ပါက ဒုက္ခရောက်ရန် လွယ်ကူပေလိမ့်မည်။

သူတို့ သဘောတူလေ လီလင်ထျန်း ပို၍ စိတ်အနှောင့်အယှက် ဖြစ်လေ ဖြစ်သည်။

ယန်မျိုးရိုး နာမည်ခံထားသော လူတစ်သိုက်က လီမျိုးရိုး ဖြစ်သည့် သူ့ကို မျိုးရိုးတူ တစ်ယောက်အား သတ်ဖြတ်ရန် ဖိအားပေးနေကြသည်လော...

သူ ကျယ်လောင်စွာ ဆဲဆိုလိုက်ချင်သော်လည်း သူသည် စိတ်လိုက်မာန်ပါ လုပ်တတ်သော လူငယ်တစ်ဦး မဟုတ်တော့ပေ။ သူသည် ယန်မိသားစုနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားရမည် ဖြစ်သည်။ ယန်မိသားစုသည် သူ့အား ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ထောက်ပံ့ပေးထားခဲ့ရာ အဆက်အသွယ် ဖြတ်တောက်လိုက်ရန်အတွက် ဆုံးရှုံးမည်ပမာဏက များပြားလွန်းလှ၏။

သူ ဧကရာဇ် ဖြစ်ချင်ရသည့် အကြောင်းရင်းမှာ ထိုက်ချန်မင်းဆက်၏ အင်အားကို ကိုယ်ကျိုးအတွက် မစုစည်းနိုင်သောကြောင့် ဖြစ်သည်။

သူ့ပါရမီ မည်မျှပင် မြင့်မားပါစေ သူ၏ ကျင့်ကြံမှုကို ပိုမို မြန်ဆန်စေရန်အတွက် ကောင်းကင်နှင့်မြေကြီး ရတနာများနှင့် အခွင့်အရေးများ လိုအပ်နေသေးသည်။

ဤကမ္ဘာလောကတွင် မရေမတွက်နိုင်သော ကြယ်တာရာများကဲ့သို့ ပါရမီရှင်များစွာ ရှိနေပြီး သူသည် ထိုအထဲတွင် အတောက်ပဆုံး မဟုတ်ပေ။

လီလင်ထျန်း၏ မျက်နှာသည် ပို၍ ကြည့်ရဆိုးလာသော်လည်း ယန်အန်သည် အခြားသူများ၏ ပြစ်တင်ဆုံးမမှုများကို တားဆီးခြင်း မရှိပေ။ ထိုအစား သူသည် လီလင်ထျန်းကို စိတ်ဝင်တစား ကြည့်နေ၏။

သူ လာရောက်ရသည့် အကြောင်းရင်းမှာ လီလင်ထျန်းကို ကူညီထောက်ပံ့ရန် သက်သက် မဟုတ်ပေ။

ယန်မိသားစု၏ အမြင်တွင် သူတို့ ထီးနန်းသိမ်းပိုက်ခြင်းမှာ ပြီးပြည့်စုံသော ကိစ္စရပ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သူတို့ လုပ်ဆောင်ရန် လိုအပ်သည်မှာ လီလင်ထျန်းကို ဖိနှိပ်ထားပြီး နန်းတွင်းအာဏာစက်ကို ယန်မိသားစု၏ လက်ထဲမှ ကစားစရာတစ်ခု ဖြစ်လာစေရန်သာ ဖြစ်သည်။

"ယန်မိသားစုက ဘယ်တုန်းက ထိုက်ချန်မင်းဆက်ရဲ့ သခင်တွေ ဖြစ်သွားတာလဲ... ယန်မျိုးရိုး ဖြစ်တဲ့ ငါက ဘာလို့ ဒီအကြောင်းကို မသိရတာလဲ..."

ပဲ့တင်ထပ်နေသော အသံတစ်သံသည် ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပျံ့လွင့်သွားပြီး ခန်းမထဲရှိ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။

သူတို့ တုံ့ပြန်မှု မပြုလုပ်နိုင်မီ ငွေရောင်အလင်းတန်းများ တောက်ပနေသော ပုံရိပ်တစ်ခုသည် ယန်အန်း၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

ယန်အန် လှည့်ကြည့်လိုက်ရာ သူ့မျက်ဝန်းအိမ်များ ရုတ်ခြည်း ကျယ်သွား၏။ ဓားသွားအစွန်းသည် သူ့လည်ပင်းနား ရောက်နေပြီး သူ့ခန္ဓာကိုယ်မှာ ရေခဲတိုက်ထဲ ရောက်နေသကဲ့သို့ အရိုးထဲထိ စိမ့်အောင် အေးစက်သွားသည်။

ယန်အန် ၏ ဘေးတွင် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရပ်နေပြီး ဘယ်ဘက်လက်ဖြင့် သုံးခွ နှစ်ဖက်သွား ဓားရှည်ကို ကိုင်ထားကာ ဓားသွားကို သူ့ရှေ့တွင် ကန့်လန့်ဖြတ်ထားပြီး ယန်အန်၏ လည်ပင်းကို ထောက်ထား၏။ သူ့ဟန်ပန်မှာ အလွန် ပေါ့ပါးနေသဖြင့် ရှိနေသူ အားလုံးကို ဖော်ပြမရနိုင်လောက်အောင် တုန်လှုပ်သွားစေသည်။ လီလင်ထျန်းသည် ယန်ကျန့်ကို စိုက်ကြည့်နေရင်း မျက်လုံးများ ပြူးကျယ်လာကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ "ခင်ဗျား..."

လီလင်ထျန်းသည် ယန်ကျန့်ကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။ သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ အတူတကွ ကုန်ဆုံးခဲ့ဖူးပြီး သူသည် ယန်ကျန့်နှင့် မကြာခဏ ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ မနိုင်ခဲ့ဖူးချေ။

နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီနည်း...

သူသည် ယန်ကျန့်နှင့် ပြန်လည် ဆုံတွေ့ရမည့် မြင်ကွင်းကို စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးခဲ့ဖူးပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယန်မိသားစုမှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင်က ဘယ်သူလဲ..."

အခြားသူများက သူတို့၏ လက်နက်များကို ကမန်းကတန်း ထုတ်လိုက်ကြသည်။ ယန်မိသားစုကြောင့် ထိတ်လန့်နေကြသော်လည်း ပြေးရန် အကြံမရှိကြပေ။ အကြောင်းမှာ ဤနေရာသည် ယန်မိသားစု၏ နယ်မြေဖြစ်ပြီး သူတို့၏ မျိုးဆက်များသည် အပြင်ဘက်တွင် ရှိနေသဖြင့် ထွက်ပြေး၍ မရနိုင်ချေ။

ယန်အန်သည် ယန်ကျန့်ကို ကြည့်ကာ ချွေးများ ဒီးဒီးကျနေ၏။ သူသည် ယန်ကျန့်၏ သတ်ဖြတ်လိုသော ဆန္ဒအာရုံဖြင့် ချုပ်နှောင်ခံထားရပြီး သူ့မန္တန်စွမ်းအင်များ ခဲသွားကာ မလှုပ်ရှားနိုင်တော့ပေ။ သူသည် ယန်ကျန့်၏ ကျင့်ကြံမှုအဆင့်ကို လုံးဝ ထွင်းဖောက် မမြင်နိုင်တော့ချေ။

သို့သော် သေချာသောအချက် တစ်ခုမှာ... သူသည် ဤလူ၏ ပြိုင်ဘက် မဟုတ်ပေ။

ယန်ကျန့်က ယန်အန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းရဲ့ လီလင်ထျန်းနဲ့ ပတ်သက်တဲ့ အဆက်အသွယ်တွေကို ထောက်ထားပြီး မင်းရဲ့ စိတ်ကူးယဉ်မှုတွေကို ဖယ်ရှားလိုက်ပါ..."

ထို့နောက် သူ့အကြည့်က လီလင်ထျန်းထံ ရောက်ရှိသွားပြီး မျက်လုံးများက အေးစက်နေ၏။ "ကောင်လေး... မင့်အဖေရဲ့ ထီးနန်းကို မင်းအပါအဝင် ဘယ်သူမှ ထိလို့မရဘူး... မင်း ငါ့ကို ပြောခဲ့ဖူးတဲ့ ရည်မှန်းချက်တွေကို မမေ့နဲ့... မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းစိုင်းသွားရတာလဲ..."

ဤစကားကို ကြားလိုက်ရသောအခါ လီလင်ထျန်း၏ မျက်နှာ ရဲခနဲ ဖြစ်သွားသော်လည်း သူ ပြန်မပြောနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် ကျင့်ကြံသူ ဖြစ်လိုကြောင်း၊ မင်းသား သို့မဟုတ် အိမ်ရှေ့စံ မဟုတ်ဘဲ အသက်ရှည်ခြင်းနှင့် အမတလမ်းစဉ်ကို လိုက်စားလိုကြောင်း ယန်ကျန့်ကို ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော် သူ့အဆင့် မြင့်မားလာသည်နှင့်အမျှ ခုခံမှုများ ပိုမို ခံစားလာရပြီး လောကီဥစ္စာပစ္စည်းများကို မစဉ်းစားဘဲ မနေနိုင် ဖြစ်လာခဲ့ရသည်။

"ခင်ဗျားက တကယ် ဘယ်သူလဲ... ခင်ဗျား ဖမ်းထားတဲ့လူက သေမျိုးကမ္ဘာ တောင်ထွတ် က လူနော်... ခင်ဗျားရဲ့ ရွေးချယ်မှုတွေကို သေချာ ချိန်ဆတာ ပိုကောင်းမယ်..." အခြား သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးက အံကြိတ်၍ ပြောလိုက်သည်။

ယန်ကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးများ အလွန် အေးစက်နေသဖြင့် ထိုလူ ကြောက်လန့်သွားပြီး အနောက်သို့ ဆုတ်လိုက်မိသည်။

"သေမျိုးကမ္ဘာ တောင်ထွတ် က ကြောက်စရာ ကောင်းတယ်... ပြီးတော့ သူတို့ရဲ့ တောင်သခင် ထာဝရအချိန်တာအိုဧကရာဇ် ကလည်း တကယ်ကို အင်အားကြီးတဲ့သူပဲ... ငါ သူနဲ့ တာအိုအကြောင်း ဆွေးနွေးဖူးတယ်... ဪ... ဟုတ်သားပဲ... ငါက ယန်ကျန့်... မြင့်မြတ်ခုံရုံး က ဖယောင်းကမ္ဘာ သူတော်စင်ဘုရင် လေ... မင်းတို့ထဲက ငါ့အကြောင်း ကြားဖူးတဲ့သူ ရှိလား..."

ယန်ကျန့်၏ စကားများကြောင့် လူတိုင်း၏ မျက်နှာ အရောင် ပြောင်းသွားကြသည်။

မြင့်မြတ်ခုံရုံး ၏ သူတော်စင်ဘုရင်...

ယန်မိသားစု၏ ကျင့်ကြံသူများသည် ကြောက်လန့်လွန်းသဖြင့် ဒူးထောက်ချလိုက်ကြပြီး နဖူးကို ကြမ်းပြင်နှင့် ထိကာ ယန်ကျန့်၏ ခွင့်လွှတ်မှုကို တောင်းပန်ကြလေသည်။

လီလင်ထျန်းသည် ကုလားထိုင်ပေါ်တွင် ကြောင်အမ်းအမ်း ထိုင်နေမိ၏။ ယန်ကျန့် ဘာကြောင့် သူတော်စင်ဘုရင် ဖြစ်လာသည်ကို နားမလည်သော်လည်း အချက်တစ်ချက်ကိုတော့ သူ ရှင်းလင်းစွာ သိလိုက်သည်။ မြင့်မြတ်ခုံရုံး ရှေ့တွင် သေမျိုးကမ္ဘာတောင်ထွတ် သည် ဘာမျှ မဟုတ်ပေ။ ယန်ကျန့်၏ အကြည့်က ယန်အန်ထံ ပြန်ရောက်သွားသဖြင့် ယန်အန်၏ တာအိုနှလုံးသား တုန်ခါသွားရသည်။

"မင်းက အန် ဆိုတဲ့ နာမည်နဲ့ မထိုက်တန်ဘူး... ဒီနေ့ကစပြီး မင့်နာမည်ကို ပြောင်းလိုက်..." ယန်ကျန့်က ငြင်းဆန်၍ မရနိုင်သော လေသံဖြင့် ပြောလိုက်သည်။

ယန်အန်၏ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး မတတ်သာဘဲ စကားတစ်ခွန်း ထွက်လာ၏။ "ကောင်းပါပြီ..."

ယန်ကျန့်က ယန်မိသားစုကို အလွယ်တကူ ဖိနှိပ်လိုက်သည်ကို မြင်လိုက်ရသောအခါ လီလင်ထျန်း၏ ပါးစပ် အနည်းငယ် ဟသွားပြီး ကြီးမားသော ရှုံးနိမ့်မှု ခံစားချက်က သူ့ရင်ထဲတွင် ပြည့်လျှံလာသည်။

သူနှင့် ယန်ကျန့်ကြားက ကွာဟချက်က ပို၍ ပို၍ ကြီးမားလာခဲ့ပြီ ဖြစ်၏။

…

သေမျိုးကမ္ဘာ၏ ရာသီဥတုများ လည်ပတ်ပြောင်းလဲကာ ဆောင်းဦးပေါက်ရာသီသို့ တဖန် ရောက်ရှိလာပြန်သည်။

သက်တမ်းတာအိုနယ်မြေ အပြင်ဘက်ရှိ သစ်တောထဲတွင် ဖြစ်၏။

ကုအန်သည် သစ်ကိုင်းတစ်ခုပေါ်တွင် လဲလျောင်းနေပြီး နေရောင်ခြည်က သူ့မျက်နှာပေါ်သို့ ကျရောက်နေကာ သူ၏ အရည်အချင်းပြ ဇယားကွက်ကို စစ်ဆေးကြည့်ရှုနေသည်။

[အမည် - ကုအန်]

[သက်တမ်း - ၄,၄၅၈ / ၅၀,၈၀၂,၆၇၅,၃၉၂]

[ခန္ဓာကိုယ် - ရှေးဦးဖရိုဖရဲခန္ဓာ]

[ကျင့်ကြံမှုအဆင့် - မူလဘူတရွှေအမတ (ပြည့်စုံခြင်း)]

...

သက်တမ်း နှစ်ပေါင်း ၅၀ ဘီလီယံ..

သူ ၁၀၀ ဘီလီယံ၏ တစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ယင်းက ကြီးမားသော သတ်ဖြတ်မှုများ မလုပ်ဘဲ မည်သည့် ပရမ်းပတာ ဖြစ်ရပ်မျှ မဖန်တီးဘဲ ကုအန် စုဆောင်းရရှိခဲ့သည့် ပမာဏ ဖြစ်သည်။ သို့သော် သူ့သက်တမ်းက လျင်မြန်စွာ တိုးပွားလာခဲ့၏။

ထိုကဲ့သို့ အားသာချက် ရှိနေသဖြင့် သေမျိုးကမ္ဘာရှိ သာမန်လူများကဲ့သို့ ရုန်းကန်လှုပ်ရှားပြီး အသက်စွန့်စားရန် မလိုအပ်တော့သည်မှာ သဘာဝကျပေသည်။

ထို့ကြောင့် သူသည် ပိုမို သတိထားပြီး ဂရုစိုက်ရမည် ဖြစ်ကာ ဘယ်တော့မှ မာနမထောင်လွှားပေ။

သစ်ပင်အောက်တွင် ထျန်းချင်း နှင့် ထျန်းပိုင် တို့သည် ဓားသိုင်း လေ့ကျင့်နေကြသည်။ ကုအန်က သူတို့အတွက် ဖန်တီးပေးထားသော ဓားနှစ်လက် ဟန်ချက်ညီ သိုင်းကွက် ဖြစ်၏။ အမျိုးသမီး နှစ်ဦးသည် သူတို့၏ လေ့ကျင့်မှုတွင် ပြင်းထန်စွာ နစ်မြောနေကြပြီး ကောင်းကင်မိစ္ဆာကလေး မှာမူ ရှည်လျားသော တံခါးပိတ် ကျင့်ကြံခြင်း အတွင်း၌ ရှိနေသည်။

"ငါ သက်တမ်း ပြန်လည်ဝင်စားခြင်း မစတင်တာ တော်တော် ကြာနေပြီပဲ... စမ်းကြည့်သင့်လား..."

ရုတ်တရက် ဆန္ဒတစ်ခု ဖြစ်ပေါ်လာပြီး မကြာသေးမီက မဟာတာအို အပေါ် နားလည်သဘောပေါက်မှု နှေးကွေးသွားသည်ဟု ကုအန် ခံစားမိသဖြင့် လှုံ့ဆော်မှု အသစ်တစ်ခု လိုအပ်နေသည်။

သက်တမ်း ပြန်လည်ဝင်စားခြင်း သည် ပြီးပြည့်စုံသော နည်းလမ်း ဖြစ်၏။

အန္တရာယ်များ ရှိနေသော်လည်း လက်တွေ့ဘဝတွင် သူ့ကို ချက်ချင်း ထိခိုက်စေမည် မဟုတ်ပေ။ နောက်ဆုံးအကြိမ် လုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

အချိန်တန်ပြီအကြံတစ်ခု ဖြစ်ပေါ်လာသည်နှင့် ကုအန်သည် သက်တမ်း ပြန်လည်ဝင်စားခြင်း ကို ချက်ချင်း စတင်လိုက်၏။

[သင်သည် ပြန်လည်ဝင်စားခြင်း ဆင့်ကဲဖြစ်စဉ် တစ်ကြိမ် စတင်ရန် သက်တမ်း ၁၀ သန်း သုံးစွဲလိုက်သည်]

[တာအိုစည်းမျဉ်းများ နှင့် စတင် ချိတ်ဆက်နေသည်]

[ပြန်လည်ဝင်စားခြင်း ကမ္ဘာများကို ရှာဖွေနေသည်]

[သင့်တွင် အောက်ပါ ကမ္ဘာများ ရွေးချယ်စရာ ရှိသည်၊ တစ်ခု ရွေးချယ်ပါ]

[တစ် - မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ]

[နှစ် - ကောင်းကင်ကျမ်းမဟာကမ္ဘာ]

[သုံး - အမှောင်မဟာကမ္ဘာ]

မဟာကမ္ဘာ…

ကောင်းကင်ကျမ်း...

ကုအန်သည် ဒုတိယ ရွေးချယ်မှုကို စိတ်ဝင်စားမိသော်လည်း ဤကမ္ဘာသည် စာအုပ်စာမျက်နှာများ အတွင်း၌ တည်ရှိနေသည်ဟု သူ ဘာကြောင့် ခံစားနေရသနည်း။ အကယ်၍ ထိုသို့သာ ဆိုလျှင် သူသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား နှင့် တူသော ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုများနှင့် ကြုံတွေ့ရနိုင်သည်။

ထားလိုက်ပါတော့…

မဟာကမ္ဘာ များနှင့် လောလောဆယ် မပတ်သက်သည်က ပိုကောင်း၏။ နှစ်သန်း ၁၀ သန်း ဆိုသည်မှာ သူ့အတွက် နည်းပါးသော ပမာဏ မဟုတ်ပေ။ ထိုပမာဏ ရရှိရန် သူ နှစ်ဝက်ခန့် ကြိုးစားလုပ်ကိုင်ရမည် ဖြစ်သည်။

ကုအန်၏ အကြည့်သည် အမှောင်မဟာကမ္ဘာ ပေါ်တွင် ရပ်တန့်သွားသည်။

ယန်ရှန်းက လျှို့ဝှက်ဆန်းကြယ်မှောင်(မဟူရာ)ဧကရာဇ် ကို အနိုင်ယူပြီးကတည်းက ကုအန်သည် သူ့ကို သိပ်သတိမထားတော့ပေ။ ဤတစ်ကြိမ်တွင် သူသည် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် ကို ထပ်မံ ရင်ဆိုင်ပြီး ကိုယ်တိုင် အနိုင်ယူရန် ကြိုးစားနိုင်သည်။

သူ့ရွေးချယ်မှုကို ပြုလုပ်ပြီးနောက် စာသားအချို့ သူ့မျက်စိရှေ့တွင် ပေါ်လာ၏။

[သင်သည် အမှောင်မဟာကမ္ဘာ သို့ ဝင်စားရန် ရွေးချယ်လိုက်သည်]

[ဤကမ္ဘာ၏ တာအိုစည်းမျဉ်းများ က သင့်ပါရမီကို ဖုံးကွယ်မထားနိုင်သည်ကို ထည့်သွင်းစဉ်းစားလျက် သင်သည် သက်တမ်း လုယူနိုင်စွမ်းကို ဆက်လက် ရရှိထားမည် ဖြစ်သော်လည်း အဆင့်သတ်မှတ်ထားသော လုပ်ဆောင်ချက်များကို အသက်သွင်းနိုင်မည် မဟုတ်ပါ]

[ပြန်လည်ဝင်စားခြင်း ဆင့်ကဲဖြစ်စဉ် စတင်ပြီ]

[ပထမနှစ်တွင် သင်သည် အနောက်ဖက်ထာဝရနယ်မြေ အတွင်းရှိ မြို့တစ်မြို့တွင် မွေးဖွားသည်။ မွေးကင်းစ အရွယ်တွင် မြို့သည် မိစ္ဆာသားရဲ တိုက်ခိုက်မှုကို ခံရပြီး သင့်မိဘများ အသတ်ခံရကာ သင်သည် မိစ္ဆာသားရဲ၏ ဖမ်းခေါ်သွားခြင်း ခံရသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံသူ တစ်ဦး၏ ကယ်တင်ခြင်း ခံရသည်။ ထိုကျင့်ကြံသူက သင့်ကို ဟေးရွှမ် ဟု အမည်ပေးခဲ့သည်]

အခန်း ၅၃၈ ဟေးရွှမ်၏ တက်လှမ်းခြင်း၊ ဆန်းကြယ်သန့်စင်အမတဂိုဏ်း

ဟေးရွှမ်…

ပထမဆုံး အရိပ်အမြွက်ကို မြင်လိုက်ရသောအခါ ကုအန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

သူက လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် ရဲ့ပြန်လည်ဝင်စားသူ ကိုယ်ပွား ဖြစ်နေမလား။

ယန်ရှန်း နှင့် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် တို့၏ တွေ့ဆုံမှုကို သူ သေချာ ပြန်စဉ်းစားကြည့်ရာ ထိုဧကရာဇ်သည် သူ့မျက်နှာအမှန်ကို ဘယ်တုန်းကမှ ထုတ်မပြခဲ့သဖြင့် ဆုံးဖြတ်ရန် ခက်ခဲနေသည်။

ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် သာ သူဖြစ်နေရင် ဘာလို့ သူ့ရဲ့ ပြန်လည်ဝင်စားသူ ကိုယ်ပွား ကို သတ်ချင်နေရတာလဲ…

ကုအန် ဆက်လက် ဖတ်ရှုလိုက်ရာ ဤဘဝအပေါ် ပြင်းပြသော စိတ်ဝင်စားမှု ဖြစ်ပေါ်လာသည်။

"အသက်နှစ်နှစ် အရွယ်တွင် သင့်ကို ကျင့်ကြံသူတစ်ဦးက အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်း သို့ ပြန်လည် ခေါ်ဆောင်သွားပြီး ကျင့်ကြံသူ လော့ချောက်နက်ကမ်းပါး က သင့်ကို တပည့်အဖြစ် တရားဝင် လက်ခံခဲ့သည်"

"အသက်လေးနှစ် အရွယ်တွင် လော့ချောက်နက်ကမ်းပါး က သင့်ကို ကျင့်စဉ်စွမ်းအင်များ စတင် သင်ကြားပေးခဲ့ပြီး သင်သည် လော့ချောက်နက်ကမ်းပါး ကို တုန်လှုပ်သွားစေသည့် ထူးကဲသော ပါရမီကို ပြသခဲ့သည်"

"အသက်ငါးနှစ် အရွယ်တွင် လော့ချောက်နက်ကမ်းပါး ထွက်ခွာသွားပြီး သင့်ကို သူ့ကျင့်ကြံခြင်းဂူထဲတွင် တစ်ယောက်တည်း ထားခဲ့သည်။ သူ မွေးမြူထားသော စပါးအုံးမြွေကြီး တစ်ကောင် လှောင်အိမ်ကို ဖောက်ထွက်လာပြီး သင့်ကို စားချင်နေခဲ့သည်။ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သင်သည် စပါးအုံးမြွေကို သတ်ဖြတ်နိုင်ခဲ့ပြီး မတော်တဆ သက်တမ်း အနှစ် ၃၀ ရရှိခဲ့ရာ သင့်ကံကြမ္မာ၏ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့သည်"

"အသက်ခြောက်နှစ် အရွယ်တွင် သင်သည် စပါးအုံးမြွေ၏ မိစ္ဆာအမြုတေ ဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်"

"အသက်ခုနစ်နှစ် အရွယ်တွင် လော့ချောက်နက်ကမ်းပါး ပြန်ရောက်လာသည်။ သင် စပါးအုံးမြွေကို သတ်လိုက်သည်ကို သိသော်လည်း သူ ဘာမျှမပြောဘဲ သင့်ကို လျှို့ဝှက်ကျမ်းအုပ် တစ်အုပ် ပေးခဲ့သည်။ သင် ကျမ်းစာအုပ်ကို ယူလိုက်ရာ မျက်နှာဖုံးပေါ်တွင် 'ယင်ယန် ပြောင်းပြန်လှန်ခြင်း သိုင်းကွက်' ဟူသော စာလုံးများကို တွေ့လိုက်ရသည်"

...

နောက်ပိုင်းတွင် ကျင့်ကြံခြင်း နှစ်ကာလများ ဖြစ်လာသည်။ ဟေးရွှမ် သည် သန်မာသော ပါရမီကို ပြသခဲ့သော်လည်း သူသည် ပြန်လည်ဝင်စားသူ ကိုယ်ပွား များအနက် အသန်မာဆုံး ဖြစ်မဖြစ် ပြောရန် ခက်ခဲနေသေးသည်။

အသက် ၂၀ အရွယ်အထိ ဟေးရွှမ် ကို လော့ချောက်နက်ကမ်းပါး က ရာစုနှစ်တစ်ခုကြာ အတွေ့အကြုံယူရန် တောင်အောက်သို့ စေလွှတ်ခဲ့သည်။

"အသက် ၂၁ နှစ် အရွယ်တွင် သင်သည် သက်ကြီးရွယ်အို တာအိုဆရာ တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူသည် သင့်၏ ထူးခြားသော အသွင်အပြင်ကို သတိထားမိပြီး ဗေဒင်ဟောပေးချင်နေသည်။ သင် လက်ခံမလား."

ဘာလို့ ဝင်စားခြင်းတိုင်းမှာ ဒီလို တွေ့ဆုံမှုတွေ ပါနေရတာလဲ။အကြံအစည် တစ်ခုခု ရှိနေတာလား။

ကုအန်သည် တိုက်ဆိုင်မှုများကို မယုံကြည်သဖြင့် ငြင်းပယ်ရန် ရွေးချယ်လိုက်သည်။

"သင်သည် တာအိုဆရာ၏ ဗေဒင်ဟောပေးမှုကို ငြင်းပယ်လိုက်သည်။ တာအိုဆရာက နောင်တစ်ချိန် သင်တို့ ပြန်ဆုံတွေ့ကြလိမ့်မည်ဟု ဆိုကာ နှမြောတသစွာ ခေါင်းခါလိုက်သည်။ သင်သည် သူ့ကျောခိုင်း ထွက်ခွာသွားမှုကို ကြည့်ရင်း အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်"

"အသက် ၂၂ နှစ် အရွယ်တွင် သင်သည် မိစ္ဆာမျိုးနွယ် မြို့ကို တိုက်ခိုက်နေသည်နှင့် ကြုံတွေ့ရသည်။ တွေဝေမနေဘဲ သင်သည် ကျင့်ကြံသူတစ်စုနှင့်အတူ တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး မိစ္ဆာမျိုးနွယ် ကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သည်။ သင့်သတ်ဖြတ်လိုသော အရှိန်အဝါ ပြင်းထန်လွန်းသဖြင့် မြို့သူမြို့သားများက သင့်ကို ခပ်ခွာခွာ နေကြပြီး အခြား ကျင့်ကြံသူများကပင် သင့်ကို သတိထားနေကြသည်။ သဟဇာတ မဖြစ်နိုင်သဖြင့် သင်သည် တိတ်ဆိတ်စွာ ထွက်ခွာခဲ့သည်"

"အသက် ၂၃ နှစ် အရွယ်တွင် သင်သည် မကောင်းမှု ကျူးလွန်နေသော မိစ္ဆာကျင့်ကြံသူ တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သင်သည် ထိုမိစ္ဆာကျင့်ကြံသူကို သုတ်သင်ခဲ့သည်။ မြို့မှ ကျေးဇူးတင်သော သေမျိုးမိသားစုက သင့်ကို သူတို့အိမ်တော်တွင် ရက်အနည်းငယ် တည်းခိုရန် ဖိတ်ခေါ်ခဲ့သည်။ သင် သဘောတူခဲ့ပြီး နောက်ပိုင်း ခရီးစဉ်အတွင်း လမ်းခရီး၌ မိစ္ဆာများကို နှိမ်နင်းရင်း ထိုမိသားစုကို ကာကွယ်ပေးခဲ့သည်။ ဤအရာက မိသားစုကို သင့်အား ပို၍ ကြောက်ရွံ့လာစေသည်။ ခရီးဆုံးသို့ မရောက်မီ တစ်ညအလိုတွင် သင့်ကို မည်သို့ ပြန်လွှတ်ရမည်ကို သူတို့ ဆွေးနွေးနေကြသည်ကို သင် ကြားလိုက်ရပြီး မိုးမလင်းမီ တစ်ယောက်တည်း ထွက်ခွာခဲ့သည်"

"အသက် ၂၄ နှစ် အရွယ်တွင် သင်သည် ဟန်ကျိမြို့ သို့ ရောက်ရှိလာပြီး မြို့တွင် မန္တန်တိုက်ပွဲ ညီလာခံ ကျင်းပနေကြောင်း ကြားသိရသည်။ အသက်တစ်ရာအောက် လူငယ်ပါရမီရှင်များသာ စာရင်းပေးသွင်းနိုင်ပြီး သင် စာရင်းပေးရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် သင်သည် ပြိုင်ဘက်အားလုံးကို အနိုင်ယူကာ ပထမဆုကို အစွမ်းကုန် ရယူနိုင်ခဲ့ပြီး မြို့တစ်မြို့လုံး ကျော်ကြားသွားသည်။ ဂုဏ်ပြုညစာစားပွဲတွင် မြို့စားက သူ့သမီးကို သင်နှင့် လက်ဆက်ပေးလိုသည်။ သင် လက်ခံမလား..."

မဖြစ်ဘူး။

ဟေးရွှမ် သည် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ယခုအခါ ကုအန်၏ ပြန်လည်ဝင်စားသူ ကိုယ်ပွား ဖြစ်နေပြီမို့ သူ၏ ပြန်လည်ဝင်စားသူ ကိုယ်ပွား တွင် မည်သည့် အားနည်းချက်မျှ ရှိစေရန် ခွင့်မပြုနိုင်ပေ။

"တာအိုလက်တွဲဖော် ရှာတာ အဆင်ပြေပေမဲ့ အခုတော့ မဟုတ်သေးဘူး..."

"[သင်သည် မြို့စား၏ စေတနာကို ငြင်းပယ်လိုက်ရာ သူ ခေါင်းခါပြီး ရယ်မောလိုက်ကာ ဆက်လက် မတိုက်တွန်းတော့ပေ။ နောက်တစ်နေ့တွင် သင်သည် မန္တန်တိုက်ပွဲ ညီလာခံ တွင် ရရှိခဲ့သော ကောင်းကင်နှင့်မြေကြီး ရတနာများ ကို ယူဆောင်၍ ထွက်ခွာခဲ့သည်။ ဟန်ကျိမြို့ နှင့် မိုင်တစ်ရာခန့် အကွာတွင် သင့်ကို ချုံခိုတိုက်ခိုက်သော လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ တစ်စုနှင့် တွေ့ဆုံခဲ့သည်။ ပြင်းထန်သော တိုက်ပွဲအပြီးတွင် တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်သည်။ အတင်းအကျပ် မေးမြန်းခြင်းအားဖြင့် ၎င်းသည် မြို့စား၏ စီစဉ်မှု ဖြစ်ကြောင်း သင် သိရှိလိုက်ရပြီး သင့်ကို ဒေါသထွက်စေခဲ့သည်]"

"[အသက် ၂၅ နှစ် အရွယ်တွင် သင်သည် မိစ္ဆာမျိုးနွယ် ၏ တောအုပ်ထဲသို့ ဝင်ရောက်ပြီး မိစ္ဆာများကို အကြီးအကျယ် သတ်ဖြတ်ခဲ့သည်]"

"[အသက် ၂၆ နှစ် အရွယ်တွင် သင်သည် ဟန်ကျိမြို့ သို့ ပြန်လာပြီး မြို့စားအိမ်တော် သို့ အတင်းအဓမ္မ ဝင်ရောက်ခဲ့သည်။ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် သင်သည် အလောင်းများ ပြည့်နေသော မြို့စားအိမ်တော် မှ ထွက်ခွာခဲ့သည်။ မောပန်းနေသော မြို့စားသည် မြေကြီးပေါ်တွင် ဒူးထောက်၍ သင့်ခွင့်လွှတ်မှုကို တောင်းခံခဲ့သည်။ သူ့သမီးသည်လည်း ပြေးလာပြီး သင့်ရှေ့တွင် ရပ်ကာ သူမအဖေကို အသက်ချမ်းသာပေးရန် မျှော်လင့်နေသည်။ သင်သည် မြို့စားကို ခွင့်လွှတ်ရန် ရွေးချယ်မည်လား]"

"ဘာကို ခွင့်လွှတ်ရမှာလဲ..."

"မြို့စားကရော ငါ့ကို ခွင့်လွှတ်ဖူးလို့လား..."

ကုအန်သည် ဟေးရွှမ် ၏ နေရာမှ ဝင်ခံစားကြည့်ရင်း ဒေါသထွက်လာကာ ချက်ချင်းပင် မဟုတ်ဘူး ဟု ရွေးချယ်လိုက်သည်။

"[သင်သည် မြို့စားသမီး၏ တောင်းပန်မှုကို လျစ်လျူရှုကာ ဓားတစ်ချက်တည်းဖြင့် မြို့စားကို ခေါင်းဖြတ်သတ်လိုက်သည်။ ထို့နောက် သင် လှည့်ထွက်လာခဲ့သည်။ မှိုင်းညို့နေသော ကောင်းကင်အောက်တွင် မြို့စား၏သမီးသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ သင့်ကို အသံကုန် အော်ဟစ်ကျိန်ဆဲပြီး နောင်အနာဂတ်တွင် ကလဲ့စားချေမည်ဟု သစ္စာဆိုခဲ့သည်။ သင်သည် ဂရုမစိုက်ဘဲ မာန်ဝင့်စွာ ထွက်ခွာသွားသည်]"

ဤကို ကြည့်ရင်း ဟေးရွှမ် က ထိုမိန်းကလေးအပေါ် သံယောဇဉ် ဖြစ်သွားပုံရသည်ဟု ကုအန် ခံစားမိလိုက်သည်။

ဒီခရီးတစ်လျှောက်လုံး ဟေးရွှမ် ၏ သတ်ဖြတ်လိုစိတ်က ဘယ်လောက် ပြင်းထန်ခဲ့သလဲ... လုံကျန့် ကိုတောင် မီလုနီးပါး ဖြစ်နေပြီ။ သူက မြို့စားသမီးကို အမှန်တကယ် အသက်ချမ်းသာ ပေးလိုက်တာလား။

ကုအန်၏ စိတ်ထဲတွင် ဟေးရွှမ် ၏ ပုံရိပ်သည် ပိုပြီး ဆန်းကြယ်လာပြီး မြို့စားသမီးကို အသက်ချမ်းသာ ပေးလိုက်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ ကုအန် မစိုးရိမ်ပေ။

သက်တမ်းကို ထိန်းချုပ်ထားသော လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် သည် လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေသဖြင့် သူ့အစောပိုင်း ဘဝမှ ရန်သူများသည် သူ့အနာဂတ်ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

နောက်ဆက်တွဲ အကြောင်းကြားချက်များတွင် ဟေးရွှမ် သည် သက်တမ်း ဆင့်ကဲပြောင်းလဲခြင်း အပေါ် အကြီးအကျယ် မှီခိုနေကြောင်း ရှင်းလင်းစွာ တွေ့ရပြီး နှစ်တိုင်း ရက်စက်စွာ သတ်ဖြတ်နေကာ ဂြိုဟ်သားမျိုးနွယ် များကိုပင် ပုံမှန် သတ်ဖြတ်နေသဖြင့် သူ့တိုးတက်မှုနှုန်းသည် ယခင်ဘဝများကို ကျော်လွန်သွားမည်ဟု ကုအန် ခံစားမိလိုက်သည်။ ရာစုနှစ်တစ်ခု ကြာပြီးနောက် ဟေးရွှမ် သည် အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်း သို့ ပြန်ရောက်လာခဲ့သည်။

"[အသက် ၁၂၁ နှစ် အရွယ်တွင် သင်သည် လော့ချောက်နက်ကမ်းပါး ၏ ကျင့်ကြံခြင်းဂူ သို့ ပြန်လာပြီး လော့ချောက်နက်ကမ်းပါး သေဆုံးသွားကြောင်း မမျှော်လင့်ဘဲ သိလိုက်ရသည်။ သေဆုံးရသည့် အကြောင်းရင်းမှာ မိစ္ဆာပူးကပ်ခြင်းကြောင့် ဂိုဏ်းသားချင်း အန္တရာယ်ပြုခဲ့သဖြင့် ဂိုဏ်းအတွင်းမှ မဟာကျင့်ကြံသူ တစ်ဦးက အချိန်မီ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်သည် အလွန် သံသယဖြစ်ဖွယ် ကောင်းကြောင်း သင် တွေ့ရှိလိုက်ရသည်။ အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်း တွင် ကျင့်ကြံရင်း သင်သည် သင့်ဆရာသခင် သေဆုံးမှု နောက်ကွယ်မှ အမှန်တရားကို စုံစမ်းစစ်ဆေးခဲ့သည်]"

"[အသက် ၁၂၂ နှစ် အရွယ်တွင် သင်သည် ဂိုဏ်းအတွင်းရှိ လော့ချောက်နက်ကမ်းပါး ၏ အခြားတပည့်တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ ဆွေးနွေးပြီးနောက် သင့်ဆရာသခင်သည် မိစ္ဆာပူးကပ်ခြင်း မဖြစ်နိုင်ကြောင်း ယုံကြည်ပြီး သင် ရင်ဖွင့်ခဲ့သည်။ တွေဝေပြီးနောက် အခြားတပည့်က ဆရာသခင် သေဆုံးရသည့် အကြောင်းရင်းမှာ ဒုဂိုဏ်းချုပ်ကို ပြစ်မှားမိခြင်းကြောင့် ဖြစ်နိုင်ကြောင်း အကြံပြုခဲ့ရာ သင့်စုံစမ်းစစ်ဆေးမှုအတွက် လမ်းစတစ်ခု ရရှိစေခဲ့သည်]"

"[အသက် ၁၂၃ နှစ် အရွယ်တွင် သင်သည် ကျင့်ကြံခြင်းဂူ အတွင်း ကျင့်ကြံနေစဉ် ပြင်းထန်သော အရှိန်အဝါများ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ သင် ဆက်မတွေးရသေးမီ ကျင့်ကြံခြင်းဂူ ၏ တားမြစ်စည်း ဖြိုခွင်းခံလိုက်ရပြီး တရားဥပဒေစိုးမိုးရေး တပည့်တစ်စု အတင်းအဓမ္မ ဝင်ရောက်လာကာ သင့်ကို မိစ္ဆာပူးကပ်နေကြောင်းနှင့် ဂိုဏ်းသားချင်း အန္တရာယ်ပြုနေကြောင်း စွပ်စွဲခဲ့သည်။ သူတို့က သင့်ကို နေရာတင် ကွပ်မျက်ရန် ကြိုးစားခဲ့သည်။ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ပြိုင်ဘက်များစွာနှင့် ထပ်မံ ရင်ဆိုင်ခဲ့ရသည်။ သင်သည် ထွက်ပြေးရင်း သတ်ဖြတ်ခဲ့ပြီး အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်း မှ ထွက်ခွာကာ မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်]"

"[အသက် ၁၂၄ နှစ် အရွယ်တွင် သင်သည် မြောက်ဖက်အောက်ပိုင်းနယ်မြေ သို့ ရောက်ရှိလာသည်။ ကမ်းပါးစွန်းတစ်ခုပေါ်တွင် ရပ်ရင်း အဆုံးမဲ့ သမုဒ္ဒရာထဲမှ ကွန်ငါးကြီး ခုန်တက်လာသော မြင်ကွင်းကြောင့် သင် ကြက်သေသေသွားပြီး နက်နဲဆန်းကြယ်မှုနှင့် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ရောက်ရှိသွားသည်]"

"[အသက် ၁၂၅ နှစ် အရွယ်တွင် ရေခဲမြစ် နက်ရှိုင်းသော နေရာ၌ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံခြင်းဂူ တစ်ခုကို သင် ရှာတွေ့ခဲ့သည်။ ရက်ပေါင်းများစွာ လေ့လာ ပြီးနောက် ကျင့်ကြံခြင်းဂူ တွင် ကျန်ရစ်ခဲ့သော တားမြစ်စည်း သဲလွန်စများကို သင် အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ သင် အတွင်းသို့ ဝင်ရောက်သွားပြီး ယန္တရား ကိုးခုကို ရင်ဆိုင်ပြီးနောက် 'အကြောင်းအကျိုး' ဟု ကမ္ပည်းထိုးထားသော ကျောက်စာတိုင် တစ်ခုကို တွေ့လိုက်ရသည်။ ကျင့်ကြံခြင်းဂူ အတွင်းရှိ သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို ခံစားမိသဖြင့် သင်သည် ထိုနေရာတွင် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်ပြီး နောင်မှ အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်း ကို ကလဲ့စားချေရန် စီစဉ်ခဲ့သည်]"

"[အသက် ၁၃၅ နှစ် အရွယ်တွင် သင်သည် မဟာယနအဆင့် သို့ ရောက်ရှိခဲ့ပြီး အမှောင်ကောင်းကင်မိစ္ဆာဂိုဏ်း သို့ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။ သင် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အကြောင်းအကျိုး ကျောက်စာတိုင် တုန်ခါသွားပြီး အားကောင်းသော စွမ်းအားတစ်ခုက သင့်ကို စုပ်ယူသွားသည်]"

"[သင်သည် မှိန်ဖျဖျ လင်းနေသော ဂူတစ်ခုထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ လှည့်ကြည့်လိုက်ရာ သင့်နောက်မှ ကျောက်စာတိုင်သည် ယခင် အကြောင်းအကျိုး ကျောက်စာတိုင် နှင့် မတူဘဲ ကမ္ပည်းစာသားများ မရှိသလို အက်ကွဲကြောင်းများနှင့် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။ သင့်စွမ်းအားများကို မည်သို့ပင် အသုံးပြုစေကာမူ ကျောက်စာတိုင်သည် မလှုပ်မယှက် ရှိနေသည်။ သင်သည် ဂူအပြင်သို့ ထွက်ရန် ရွေးချယ်လိုက်သည်။ ဂူအပြင်ဘက်သည် ရေခဲမြစ် မဟုတ်တော့ဘဲ အမတနယ်မြေ နှင့် တူသော ကမ္ဘာတစ်ခု ဖြစ်နေပြီး ပေါများကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသဖြင့် သင့်ကို အံ့သြမှင်သက်သွားစေသည်]"

"[သင်သည် သဘာဝတရား၏ ခမ်းနားသော ရှုခင်းများတွင် နစ်မြောနေစဉ် နတ်မိမယ်နှင့် တူသော အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦး ကောင်းကင်မှ ဆင်းသက်လာပြီး သင့်ဘေးတွင် ရပ်လိုက်သည်။ သူမ၏ ကျင့်ကြံမှုအဆင့်ကို သင် မခွဲခြားနိုင်သဖြင့် အလွန် သတိထားနေမိသည်။ အဖြူရောင်ဝတ် အမျိုးသမီးက သင်သည် အောက်ပိုင်းနယ်မြေမှ တက်လှမ်းလာခြင်းလော ဟု မေးရာ သင့်ကို ပို၍ ဇဝေဇဝါ ဖြစ်စေခဲ့သည်။ သူမက သင့်အား ဆန်းကြယ်သန့်စင်အမတဂိုဏ်း သို့ ဝင်ရောက်ရန် ဖိတ်ခေါ်သည်။ သင် သဘောတူမည်လား]"

"တက်လှမ်းလာတာလား..."

ကုအန်သည် ဆန်းကြယ်သန့်စင်အမတဂိုဏ်း အကြောင်း တစ်ခါမျှ မကြားဖူးသော်လည်း ဟေးရွှမ် တွင် အခြား ရွေးချယ်စရာ မရှိပုံရသည်။ အကယ်၍ တစ်ဖက်လူက မကောင်းသော ရည်ရွယ်ချက် ရှိနေလျှင် သူ ငြင်းပယ်လိုက်လျှင်လည်း ဒုက္ခရောက်ဦးမည်သာ။ ဘာလို့ ဝင်ပြီး မကြည့်ရမှာလဲ။

All Chapters