← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 43 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 43 Ch. 543-544

အခန်း ၅၄၃ အသက် ၅၀၀၀ ပြည့်ခြင်း၊ အသွင်ပြောင်းလဲမှု၏ အကြောင်းရင်း

လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် ပါဝင်ပတ်သက်နေသော ဤ ပြန်လည်ဝင်စားခြင်း စက်ဝန်းသည် ကုအန်၏ ဘဝတွင် သေးငယ်သော အခန်းကဏ္ဍ တစ်ခုသာ ဖြစ်သည်။ သူသည် ၎င်းကိစ္စကို လျှို့ဝှက်ထားရန် ရှန်ကျန်းအား သတိပေးလိုက်ပြီးနောက် သူ၏ ပုံမှန် နေ့စဉ်ဘဝ စီးဆင်းမှုဖြစ်သော ပန်းနှင့် ဆေးအပင်များ ခူးဆွတ်ခြင်း၊ တပည့်များကို လမ်းညွှန်ပြသခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်းကဲ့သို့ ပြန်လည် ဝင်ရောက်သွားသည်။

သက်တမ်းနယ်မြေ အတွင်းရှိ အခြားသူများမှာလည်း ကိုယ်ပိုင် ကျင့်ကြံခြင်းများဖြင့် အလုပ်ရှုပ်နေကြပြီး အချိန်များက သူတို့ရှေ့တွင် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်း ကုအန်၏ အသက် ၅၀၀၀ ပြည့်မြောက်သွားလေ၏။

သူ့ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းက သူ့ကို နှစ်ပေါင်းများစွာ ရှင်သန်နေခဲ့သည့် ဘိုးဘေးအိုကြီး တစ်ဦးအဖြစ် သတ်မှတ်ထားကြသော်လည်း ဤအချက်ကို သူတစ်ယောက်တည်းသာ သိရှိသည်။

ထိုနှစ်၊ နွေရာသီ ကာလ၌ဖြစ်၏။

ကုအန်သည် တောအုပ်ထဲရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်၍ သူ၏ အချက်အလက် ဘောင်ကွက်ကို စစ်ဆေးနေသည်။

အမည် - ကုအန်

သက်တမ်း - ၅,၀၀၀/၆၁,၅၅၁,၄၇၈,၀၂၉

ခန္ဓာကိုယ် - ရှေးဦးဖရိုဖရဲခန္ဓာ

ကျင့်ကြံမှုအဆင့် - မူလဘူတရွှေအမတ (ပြည့်စုံခြင်း)

…

သက်တမ်း နှစ်ပေါင်း ၆၁ ဘီလီယံကျော်သည် မဆိုးလှပေ။ တည်ငြိမ်စွာ တိုးတက်နေ၏။

ကုအန်က ဤသို့ တွေးလိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူ့ဘေးတွင် စမ်းချောင်းလေး တစ်ခု ရှိပြီး ထိုနေရာသည် ရီချင်းရှန်နှင့် အခြားသူများကို ပထမဆုံး တွေ့ဆုံခဲ့သည့် နေရာ ဖြစ်ကာ ယခုအခါ ချန်ကွန်းဂိုဏ်း (ကောင်းကင်နှင့်မြေကြီးဂိုဏ်း) ၏ တားမြစ်နယ်မြေ နယ်နိမိတ်မျဉ်း ဖြစ်နေပြီ ဖြစ်သည်။

သူသည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းရန် ဤနေရာ၌ နေနေခြင်း ဖြစ်သည်။ စောင့်ဆိုင်းနေရင်းနှင့် ကုအန်က အဝေးသို့ လှမ်းမျှော်ကြည့်ကာ သူ၏ မိတ်ဆွေဟောင်းများ၏ လက်ရှိ အခြေအနေကို လေ့လာကြည့်ရှုလိုက်သည်။

ဝူကျွယ်သည် အဓိပတိဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲ တစ်ဦး ဖြစ်လာသော်လည်း အာဏာက သူ၏ ပါရမီကို ပျက်စီးစေလျက် ရှိသည်။

ရွှမ်ထျန်းရီမှာမူ အဓိပတိဂိုဏ်း ပိုမို အားကောင်းလာသည်နှင့် အမျှ တာဝန်များ အားလုံးကို စွန့်လွှတ်ကာ လောကအနှံ့ ခရီးသွားရင်း လွတ်လပ် ပေါ့ပါးသော ဘဝကို ဖြတ်သန်းနေခဲ့သည်။

ကျန်းချုံးသည် အထွတ်အမြတ်အကြီးအကဲ တစ်ဦး ဖြစ်လာပြီး လောလောဆယ်တွင် တံခါးပိတ် ကျင့်ကြံနေ၏။

လီရွှမ်တောက်သည် ယန်ကျန့်၏ ပံ့ပိုးမှုဖြင့် ထိုက်ချန်မင်းဆက်၏ နယ်မြေ ကို စတင် ချဲ့ထွင်နေပြီ ဖြစ်သည်။ ကမ္ဘာလောကကြီးသည် အမတ မင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့ကြား စစ်မြေပြင် တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပြီး နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံး များပြားနေသော်လည်း ပိုမို အားကောင်းပြီး ထူးချွန်သော ပုဂ္ဂိုလ်များ မွေးဖွားလာသည်နှင့် အမျှ သူတို့၏ ကံတရားများလည်း တိုးတက်လာလျက် ရှိသည်။

လွတ်ငြိမ်းရာအမတ ၏ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ အရာအားလုံးက နှိုင်းယှဉ်ချက်အရ ငြိမ်းချမ်းနေသည်။

ကုအန်၏ အကြည့်က လီယထံ ရောက်ရှိသွားသည်။ လီယသည် သတ်ဖြတ်ခြင်းဓားဘိုးဘေး၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အထူးသဖြင့် သူ၏ ဓားစိတ်ဆန္ဒမှာ ပြင်းထန် အားကောင်းလာခဲ့သည်။

ဓားတာအို ကျွမ်းကျင်သူ တစ်ဦးထံမှ အမတလမ်းစဉ်ကိုးခုကိုပင် ကျော်လွန်သော လမ်းညွှန်မှုမျိုး ရရှိထားသဖြင့် လီယ၏ အခွင့်အလမ်းမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ဖြစ်နေပြီး သူတို့ မျိုးဆက်ထဲတွင် အန်ဟောင် တစ်ယောက်သာ သူ့ထက် သာလွန်ပေသည်။

ကျယ်ပြန့်သော ကမ္ဘာလောကကြီးတွင် မြစ်ထဲမှ ငါးများပမာ ပါရမီရှင်များ ပြည့်နှက်နေချိန်၌ အဓိပတိဂိုဏ်းမှ ထိပ်တန်း ပါရမီရှင် နှစ်ဦး မွေးထုတ်ပေးနိုင်ခဲ့ခြင်းက ကုအန်အား ကြီးမားသော အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းသည်။

ဤ အောင်မြင်မှု ခံစားချက်ဖြင့် ကုအန်သည် လီယ၏ အနာဂတ်ကို စတင် ဟောကိန်းထုတ် တွက်ချက်လိုက်သည်။ သူ တွက်ချက်နေစဉ် သူ၏ မျက်နှာအမူအရာက ထူးဆန်းလာ၏။

ဒီလို ဖြစ်နိုင်ခြေမျိုး…

ကုအန်က ကောင်းကင်တာအို ရွှေအမြုတေနှင့် သတ်ဖြတ်ခြင်းဓားဘိုးဘေး အကြောင်း တွေးမိပြီး ထိုကဲ့သို့သော အနာဂတ်မျိုး ဖြစ်လာနိုင်သည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ အရာရာတိုင်းတွင် အကောင်းနှင့် အဆိုး ဒွန်တွဲနေစမြဲ ဖြစ်ပြီး လီယ ပိုမို သန်မာလာသည်နှင့် အမျှ ထိုအင်အားက ယူဆောင်လာမည့် ကံတရား အကျိုးဆက်ကိုလည်း သူ ထမ်းပိုးရပေလိမ့်မည်။

အချိန် အတော်ကြာပြီးနောက်။

ပုံရိပ်တစ်ခုက တောအုပ်နက်ထဲမှ ထွက်ပေါ်လာပြီး ကုအန်ကို အဝေးမှ လှမ်းမြင်လိုက်သည်နှင့် ချက်ချင်း စိတ်လှုပ်ရှားကာ ပြေးဝင်လာသည်။

လုရှန် ပင်။တစ်ချိန်က ထိုက်ချန်မင်းဆက်၏ ထိပ်တန်း ပါရမီရှင်နှင့် ဂိုဏ်းချုပ် လုပိုင်ထျန်း၏ သား ဖြစ်သူ။

သူ ကုအန်၏ ဘေးသို့ ရောက်လာပြီး ကုအန်ကို ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။

"ကုအန်... ငါ…" လုရှန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဘာပြောရမှန်း မသိ ဖြစ်နေ၏။

ကုအန်က သူ့ကို အထက်အောက် စုန်ဆန် ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ "စိတ်လှုပ်ရှားစရာ မလိုပါဘူး... မင်းက ဒီနေရာကို ရောက်ဖို့ ကောင်းကင်နဲ့ မြေကြီးကို ဖြတ်ကျော်လာခဲ့ပြီ ဆိုတော့ ငါက လည်း ကတိအတိုင် ဖြည့်ဆည်းပေးရမှာပဲ..."

လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကုအန်သည် လုရှန်က သူ့ကို အော်ခေါ်နေသံ ကြားခဲ့ရသည်။ လုရှန်သည် ယန်ကျန့်ကို စိန်ခေါ်ခဲ့ပြီး ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သဖြင့် စိတ်ထိခိုက်သွားခဲ့ပုံ ရသည်။ ထို့ကြောင့် ယန်ကျန့်သည် ကုအန်၏ တပည့် ဖြစ်သည်ကို ထောက်ချင့်၍ ကုအန်၏ အကူအညီကို ရယူရန် စဉ်းစားမိခြင်း ဖြစ်သည်။

သူသည် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းဂူရှေ့တွင် ဒူးထောက်၍ သူ့အား သင်ကြားပေးရန် ကုအန်ကို တောင်းပန်ခဲ့၏။ မည်သို့ပင်ဆိုစေ နှစ်ပေါင်း လေးထောင်ကျော် ကြာမြင့်သော သံယောဇဉ်နှင့် အတူ လုပိုင်ထျန်း ကို လေးစားသော အားဖြင့် ကုအန်သည် သူ့ကို မငြင်းရက်သဖြင့် ကိစ္စရပ်များကို ထုတ်ဖော် မပြောရန် တင်းကျပ်စွာ တားမြစ်ပြီး သူ့ဘာသာ လာရောက်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လုရှန်သည် တိုက်ကြီးများနှင့် သမုဒ္ဒရာများကို ဖြတ်ကျော်ခဲ့ပြီး နိဗ္ဗာနအဆင့် ကျင့်ကြံမှု ရှိနေသော်လည်း ဝိညာဉ်ကိုးပါး တိုက်ကြီးသို့ ရောက်ရှိရန် နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့သည်။ လမ်းခရီး တစ်လျှောက်တွင် သူသည် အခက်အခဲ များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး အငြိုးအတေးနှင့် သံယောဇဉ် နှစ်မျိုးစလုံးကို ကြုံတွေ့ခဲ့ရသည်။

"ငါ အခု မင်းနောက်လိုက်ပြီး ကျင့်ကြံလို့ ရပြီလား..." လုရှန်က မေးလိုက်ရာ သူ၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ တောက်လောင်နေသည်။

ကုအန်က ပြုံးလိုက်ပြီး အနီးနားရှိ စမ်းချောင်းဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "မင်း သေချာ စဉ်းစားရမယ်... ဒီစမ်းချောင်းကို ဖြတ်ကျော်လိုက်တာနဲ့ လှည့်ပြန်စရာ လမ်းမရှိတော့ဘူး... ကောင်းကင်နှင့်မြေကြီး ကပ်ဘေး မပြီးမချင်း မင်း ငါ ရဲ့ နယ်မြေ ကနေ ထွက်ခွာလို့ မရဘူး... အဲဒါက ယုံနိုင်စရာ မရှိလောက်အောင် ရှည်လျားတဲ့ အချိန်ကာလတစ်ခု ဖြစ်လိမ့်မယ်။ မင်း ဂရုစိုက်တဲ့ လူတိုင်း မြေမှုန်ဖြစ် ပြောင်းလဲသွားဖို့ လုံလောက်တဲ့ အချိန်တစ်ခုပဲ"

ထိုစကားကို ကြားသောအခါ လုရှန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ ပုံရိပ်များစွာက သူ၏ စိတ်ထဲတွင် ဖြတ်သန်းသွားသော်လည်း တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ ခြေတစ်လှမ်း တိုး၍ စမ်းချောင်းကို ဖြတ်ကျော်လိုက်သည်။

သူ ခေါင်းလှည့်၍ နောက်သို့ ပြန်ကြည့်လိုက်ပြီး ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့ကျသွားသကဲ့သို့ ကုအန်၏ နောက်ကျောဘက်ရှိ တောအုပ်ကို ငေးကြည့်နေမိသည်။

ကုအန် မတ်တတ်ရပ်လိုက်ပြီး စမ်းချောင်းကို ဖြတ်ကျော်ကာ သူ့ကို ကျော်ဖြတ်၍ သက်တမ်းတာအိုနယ်မြေ ဘက်သို့ ဦးတည် သွားလိုက်၏။

လုရှန် ကမန်းကတန်း လိုက်ပါလာသော်လည်း နောက်သို့ ပြန်လှည့်မကြည့်ဘဲ မနေနိုင်ပေ။

မှုန်ဝါးဝါး အမြင်အာရုံထဲတွင် စမ်းချောင်း တစ်ဖက်ကမ်း၌ ရပ်နေသော လှပသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ သူမ၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခုနှင့် သူ့ကို ကြည့်နေသဖြင့် သူ၏ မျက်ဝန်းအိမ်များ တုန်ရီသွားရ၏။

လုရှန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြတ်သားစွာ ခေါင်းပြန်လှည့်ကာ ကုအန်၏ ခြေလှမ်းများကို အမီလိုက်လိုက်သည်။

ကုအန်က သူ၏ ရုန်းကန်နေရမှုကို မသိချင်ယောင်ဆောင်လိုက်ပြီး အနီးနားရှိ တောင်များနှင့် တောအုပ်များ အကြောင်း စတင် မိတ်ဆက် ပြောကြားလိုက်သည်။

လုရှန်က အာရုံစိုက် နားထောင်နေသော်လည်း ထိုအမျိုးသမီး အကြောင်း တွေးနေမိခြင်းကို မရပ်တန့်နိုင်ပေ။ သူ အမှန်တကယ်ပင် ထာဝရ နှုတ်ဆက်ခဲ့ပြီလော။ သို့သော်လည်း အချစ်ရေး သံယောဇဉ်များနှင့် ယှဉ်လျှင် သာမန်လူ ဖြစ်ရခြင်းကို သူ ပို၍ လက်မခံနိုင်ပေ။

သူသည် အမတ ဖြစ်လာရန် မွေးဖွားလာသူ ဖြစ်သည်။

ကုအန်က ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး သူ၏ အသံက လုရှန်၏ နှလုံးသားထဲမှ လှိုင်းတံပိုးများကို တဖြည်းဖြည်း ငြိမ်သက်သွားစေသည်။ သူတို့ သက်တမ်းတာအိုနယ်မြေ သို့ ပြန်ရောက်သောအခါ ပုံရိပ်တစ်ခုက သူတို့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာ၏။ သွေးကျဥ်းထောင်သူတော်စင် ပင်။

အသွင်ပြောင်းလဲထားသော သွေးကျဥ်းထောင်သူတော်စင်က လုရှန်ကို ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။ "မင်း လာမယ်လို့ မထင်ထားဘူး။ ပြိုင်ကြရအောင်"

သူ လုရှန်ကို တိုက်ခိုက်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်။

လုရှန်သည် သွေးကျဥ်းထောင်သူတော်စင် ကို ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး ချက်ချင်းပင် တုံ့ဆိုင်းခြင်း မရှိဘဲ စိန်ခေါ်မှုကို လက်ခံလိုက်ကာ သူ၏ စိုးရိမ်ပူပန်မှုများကို အပြည့်အဝ ဘေးဖယ်ထားလိုက်သည်။

ကုအန် လက်ကို မြှောက်၍ အတားအဆီး တစ်ခု ဖန်တီးလိုက်ပြီး သူတို့ နှစ်ဦးအား ဝင်ရောက်ကာ စိတ်ရှိလက်ရှိ တိုက်ခိုက်ခွင့် ပြုလိုက်သည်။

သူတို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်းပင် သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြရာ နယ်မြေအတွင်းရှိ အခြားသူများလည်း သတိထားမိသွားကြသည်။ သူတို့သည် လုရှန်၏ အရှိန်အဝါနှင့် မရင်းနှီးသဖြင့် အလွန်အကျွံ တွေးတောမိကြသည်။ ပုံရိပ် တစ်ခုပြီး တစ်ခု ကုအန်၏ ဘေးတွင် ပေါ်လာကြပြီး လုရှန်၏ အထောက်အထားကို မေးမြန်းကြ၏။ ကုအန်က အကျဉ်းချုံး မိတ်ဆက်ပေးလိုက်ရာ ကုအန် ကိုယ်တိုင် လုရှန်ကို ခေါ်လာသည်ဟု ကြားသောအခါ သူတို့၏ စိုးရိမ်မှုများကို ဖယ်ရှားလိုက်ကြပြီး သူ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ရန် ပြင်ဆင်လိုက်ကြသည်။

ချန်ချွမ်သည် လုရှန်၏ အရှိန်အဝါကို ခံစားမိပြီး တိတ်တဆိတ် အံ့သြသွား၏။ သူတို့ နှစ်ဦးစလုံး နိဗ္ဗာနအဆင့် ဖြစ်သော်လည်း သူသည် လုရှန်နှင့် ယှဉ်နိုင်မည် မဟုတ်ဟု ခံစားလိုက်ရသည်။

ထျန်းယောင်အာ၊ ထျန်းချင်၊ ထျန်းပိုင်နှင့် ဖူယိုသရဲမယ်တော် တို့သည်လည်း ကြောက်ရွံ့ လေးစားမှု တစ်မျိုး ခံစားလိုက်ရသည်။

ကျန်းရှီနှင့် အန်ရှန့်ထျန်တို့က သင်ယူရန် မျှော်လင့်ချက်ဖြင့် တိုက်ပွဲကို အလေးအနက် စောင့်ကြည့်နေကြသည်။

ရှန်ကျန်းက ကုအန်အနားသို့ ရောက်လာပြီး တိုးတိုးလေး ပြောလိုက်၏။ "သူ့ရဲ့ ကံတရားနဲ့ ကံကြမ္မာက မြန်မြန်ပြောင်းလဲနေတယ်"

ကုအန် သူမကို တစ်ချက် ကြည့်လိုက်သော်လည်း ပြန်မဖြေပေ။

အမှန်ပင် ပြောင်းလဲမှုများ ရှိနေသည်။ ထိုပြောင်းလဲမှုများမှာ စွမ်းအားကြီးသော ဖြစ်တည်မှုများက လုရှန်ကို အသုံးပြု၍ သက်တမ်းတာအိုနယ်မြေ ၏ တည်ရှိမှုကို ဟောကိန်းထုတ် တွက်ချက်ခြင်းမှ ကာကွယ်ရန် ကုအန်က လုရှန်၏ ကံတရားကို သန့်စင်ပေးနေခြင်းကြောင့် ဖြစ်သည်။

ကုအန်သည် မူလဘူတရွှေအမတ တစ်ပါး ဖြစ်နေပြီ ဖြစ်သော်လည်း မတော်တဆ ဖြစ်သည်ထက် ကြိုတင်ကာကွယ်ခြင်းက ပိုကောင်းသဖြင့် သတိထား လုပ်ဆောင်နေဆဲ ဖြစ်သည်။

ကုအန်က လုရှန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လွင်နေသည်။

ထိုအချိန်၌နယ်မြေ အသီးသီးကို ကျော်လွန်၍ ဝေးကွာသော နေရာ တစ်ခုတွင် လီယသည် ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ၏ ရှေ့သို့ ရောက်ရှိလာသည်။

ထိုနေရာသည် ကွင်းပြင်ကျယ် တောအုပ်တစ်ခု ဖြစ်ပြီး သတ်ဖြတ်ခြင်းဓားဘိုးဘေးက အနီးနားတွင် ရပ်လျက် လီယကို စောင့်ကြည့်နေခဲ့သည်။

လီယ၏ ရှေ့တွင် ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား သည် မြေကြီးထဲသို့ စိုက်ဝင်နေပြီး ၎င်း၏ ဓားသွားပေါ်တွင် လက်လေးချောင်းခန့် ကျယ်ဝန်းသော ကြက်သွေးရောင် မီးတောက် ပုံစံများ ရေးထွင်းထားသည်။ ဓားလက်ကိုင်ရိုးမှာ ခရမ်းရင့်ရောင် ဖြစ်ပြီး ထူးခြားဆန်းပြားသော သားရဲတစ်ကောင်၏ ကြေးခွံ သံချပ်ကာဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေကာ ဓားကာတွင်မူ သက်ရှိသဏ္ဌာန် တူသော ကြောက်မက်ဖွယ် မျက်လုံးတစ်လုံးကို ထွင်းထုထားသည်။

လီယက ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ကို ကြည့်ရင်း သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်အောင် ကြိုးစားနေစဉ် ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ် သည် သူ၏ ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာပြီး ပခုံးပေါ်တွင် နေရာယူကာ ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ကို စောင့်ကြည့်နေလေသည်။

အခန်း ၅၄၄ ကမ္ဘာအနှံ့ ကျော်ကြားခြင်း၊ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါ

"ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား က မင်းကို အညံ့ခံလာအောင် လုပ်ဖို့ဆိုရင် အရင်ဆုံး မင်းက ကြောက်ရွံ့မှု ကင်းမဲ့နေဖို့ လိုတယ်။ မင်းရဲ့ ကြောက်ရွံ့မှု ကြီးမားလေလေ ဓားရဲ့ တန်ပြန်သက်ရောက်မှုက ပိုပြင်းထန်လေလေ ဖြစ်ပြီး သာမန်လူတွေ စိတ်ကူးမကြည့်နိုင်လောက်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်။ ဘယ်လောက်ပဲ နာကျင်ပါစေ မင်း မကြောက်ရဘူး။ ဒီလိုလုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘူး ဆိုရင် အခု လက်လျှော့လိုက်ဖို့ အချိန် မနှောင်းသေးပါဘူး"

သတ်ဖြတ်ခြင်းဓားဘိုးဘေး၏ အသံက ဘေးဘက်မှ ထွက်ပေါ်လာပြီး ထိုစကားကို ကြားသောအခါ လီယ၏ မျက်နှာအမူအရာ တုန်လှုပ်သွားသည်။

ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ် က သတ်ဖြတ်ခြင်းဓားဘိုးဘေး ဘက်သို့ ခေါင်းလှည့်ကြည့်ကာ မေးလိုက်၏။ "ကျရှုံးသွားရင် ဘာဖြစ်မှာလဲ"

သတ်ဖြတ်ခြင်းဓားဘိုးဘေးက ပြန်ဖြေလိုက်သည်။ "အကောင်းဆုံး အခြေအနေ ဆိုရင် မင်းရဲ့ ဝိညာဉ်သုံးပါးနှင့် စိတ်ခုနစ်ပါး ထဲက သုံးပုံနှစ်ပုံ ပျက်စီးသွားမယ်။ အဆိုးဆုံး အခြေအနေ ဆိုရင်တော့ မင်းရဲ့ ဝိညာဉ် ကွဲကြေသွားပြီး ဓားဝိညာဉ် ဝင်ရောက် စီးနင်းခံရမယ့် အခွံလွတ် တစ်ခုပဲ ကျန်ရစ်လိမ့်မယ်"

ထိုစကားများက ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ် ကို တုန်လှုပ်သွားစေပြီး ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ဆီသို့ ကြည့်သော သူ၏ အကြည့်များတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

သူက တီးတိုး ပြောလိုက်၏။ "မင်းမှာ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စတွေလည်း မရှိဘူး။ ချက်ချင်း လုပ်ဆောင်ရမယ့် အရေးတကြီး ကိစ္စလည်း မရှိဘူး။ ဘာလို့ စွန့်စားချင်ရတာလဲ"

ထိုစကားကို ကြားသောအခါ လီယ၏ မျက်လုံးများ ပြတ်သားသွားသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်၏။ "အဲဒီလို လိုအပ်ချက် မရှိလို့ပဲ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရမှာ... ငါ သာမန်ဘဝနဲ့ မနေချင်ဘူး..."

ထိုသို့ ပြောပြီးနောက် သူက ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ၏ လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်။

ဘုန်း

ကြမ်းတမ်းသော ဆိုးယုတ်ခြင်း အရှိန်အဝါ တစ်ခုက ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား အတွင်းမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်ကာ အထက်မှ တိမ်တိုက်များကို ဖြိုခွင်းရန် ကြိုးစားလိုက်သည်။ ပတ်ဝန်းကျင်ရှိ သစ်ောအုပ်များမှာ အမြစ်မှ ကျွတ်ထွက်တော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားကြ၏။

သတ်ဖြတ်ခြင်းဓားဘိုးဘေးက လက်ကို မြှောက်၍ ရှေ့သို့ ဖိချလိုက်ရာ ကောင်းကင်နှင့် မြေကြီး ငြိမ်သက်သွားပြီး အနီးနားရှိ သစ်ပင်များလည်း ဆက်လက် တုန်ခါခြင်း မရှိတော့ပေ။ ချီစွမ်းအင် ကွင်းတစ်ခုက လီယ၏ ပတ်လည်တွင် ပေါ်လာသည်။

လီယ၏ မျက်နှာတွင် သွေးကြောများ ထောင်ထလာပြီး တင်းမာနေကာ မျက်လုံးများ ပြူးကျယ်လျက် သူ၏ အကြည့်များမှာ သွေးရောင် လွှမ်းမိုးလာပြီး တဖြည်းဖြည်း အရောင်မှိန်လာသည်။

"လူငယ်လေး... မင်း ဘာလို့ ဓားကို ကိုင်စွဲတာလဲ"

"မင်းရဲ့ နှလုံးသားထဲက သတ်ဖြတ်လိုစိတ်က ဘာလဲ... မင်း ဘယ်သူ့ကို သတ်ချင်တာလဲ"

"မင်း ဘာလို့ မကျေမနပ် ဖြစ်နေတာလဲ... ဘယ်သူ့ကို မုန်းတီးနေတာလဲ..."

"မင်း တစ်ခုခုကို ကြောက်နေပုံရတယ်"

မှုန်မှိုင်းသော အသံတစ်ခုက လီယ၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး သူ၏ မျက်လုံးထဲမှ ကမ္ဘာကြီးကို လည်ပတ်သွားစေသည်။ သူ ရုတ်တရက် သွေးရောင် ကောင်းကင်အောက်ရှိ လူသူကင်းမဲ့သော လွင်ပြင်တစ်ခုပေါ်သို့ ရောက်ရှိသွားပြီး တောင်ကုန်းပေါ်တွင် အဝေးမှ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ မျက်နှာကို မမြင်ရဘဲ ပုံသဏ္ဌာန်ကိုသာ မြင်ရ၏။

လီယ စကားပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက် လေတိုးသံ တစ်ခု ထွက်ပေါ်လာသည်။

ရွှမ်

ဓားတစ်ချောင်းက လီယ၏ လည်ချောင်းကို ထိုးဖောက်သွားသဖြင့် သူ့ခန္ဓာကိုယ် နောက်သို့ လန်ကျသွားပြီး မျက်လုံးများ ပြူးကျယ်သွားရာ သူ၏ မျက်ဝန်းအိမ်များထဲတွင် ကုအန်၏ မျက်နှာ ရောင်ပြန်ဟပ်နေသည်။

ကုအန်သည် ဖရိုဖရဲ ဆံပင်များနှင့် ကြမ်းတမ်းသော တစ္ဆေသရဲကဲ့သို့ ပြင်းထန်သော မျက်လုံးများဖြင့် သူ၏ လည်ချောင်းကို ထိုးဖောက်လိုက်ခြင်း ဖြစ်သည်။

…

ဝေးကွာသော သက်တမ်းတာအိုနယ်မြေ အတွင်းတွင် ကုအန်သည် လီယ ကြုံတွေ့နေရသော ထင်ယောင်ထင်မှား ဖြစ်မှုကို ခံစားနေရသည်။ သတ်ဖြတ်ခြင်းဓားဘိုးဘေးက ကောက်ကျစ်စဉ်းလဲစွာဖြင့် ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား မှ တစ်ဆင့် လီယနှင့် သူ၏ ကြားမှ ကံတရားကို တွက်ချက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သတ်ဖြတ်ခြင်းဓားဘိုးဘေးက ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ သို့ လာရောက်ရခြင်းတွင် အခြား ရည်ရွယ်ချက်များ ရှိပုံရသည်။

ကုအန် သိပ်စိုးရိမ်မနေပေ။ သူတို့၏ ကျင့်ကြံမှုအဆင့် ကွာခြားချက်မှာ ကြီးမားလွန်းသဖြင့် သတ်ဖြတ်ခြင်းဓားဘိုးဘေးက သူ့ထံ မရောက်ရှိနိုင်ပေ။

သတ်ဖြတ်ခြင်းဓားဘိုးဘေး ထံမှ ဓားစိတ်ဆန္ဒက လီယ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ၏ တန်ပြန်သက်ရောက်မှုကို ခုခံရာတွင် ကူညီပေးနေသည်ကို ခံစားလိုက်ရသဖြင့် သူ စိတ်အေးသွားသည်။

သတ်ဖြတ်ခြင်းဓားဘိုးဘေး အနေဖြင့် ဆရာသခင်ဓားအရှင် အတွက် အစီအစဉ်များ ရှိကောင်း ရှိနိုင်သော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် လီယကို အသေခံမည် မဟုတ်ပေ။

လီယသည် နိဗ္ဗာနအဆင့် သာ ရှိသေးပြီး ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ၏ စွမ်းအားကို သူ့ဘာသာ ခံနိုင်ရည် မရှိပေ။ သတ်ဖြတ်ခြင်းဓားဘိုးဘေး ဝင်ရောက်စွက်ဖက်ခြင်းက နောက်ပိုင်း အကြံအစည်များကို ထည့်မတွက်ဘဲ လီယအား ဤစွမ်းအားကို အမှန်တကယ် ဆက်ခံစေလိုကြောင်း ပြသနေသည်။ လိုအပ်လျှင် ကုအန် ထပ်မံ လှုပ်ရှားပေဦးမည်။

ထို့နောက် ကုအန်က သူ၏ အာရုံကို သွေးကျဥ်းထောင်သူတော်စင် နှင့် လုရှန်တို့၏ တိုက်ပွဲဆီသို့ လွှဲပြောင်းလိုက်ပြီး မျှော်လင့်ချက် ထားလိုက်သည်။

သူ ကိုယ်တိုင် လေ့ကျင့်ပေးထားသော လုရှန်သည် သေချာပေါက် ပိုမို သန်မာလာရမည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးခေတ်ကာလတွင် နှစ်ပေါင်းများစွာ ကြာပြီးနောက် လုရှန်သည် ကောင်းကင်နှင့် မြေကြီးတွင် အသန်မာဆုံးသူ ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

ဝမ်းမြောက်စရာ ရလဒ်ကို တွေးမိရင်း ကုအန်၏ မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန်၌ လုရှန်သည် ကြီးမားသော ဖိအားကို ခံစားနေရပြီး သွေးကျဥ်းထောင်သူတော်စင် ၏ ခွန်အားကြောင့် တုန်လှုပ်သွားသော်လည်း သူ စိတ်လှုပ်ရှားနေမိသည်။

ကြမ်းတမ်းသော နွားတစ်ကောင်က ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ကုအန်နှင့် လေ့ကျင့်ခြင်းက သူ့ကို သေချာပေါက် ပိုမို သန်မာလာစေလိမ့်မည်။

ထျန်းယောင်အာ ၊ အန်းရှင်း၊ ချန်ချွမ်နှင့် အခြားသူများလည်း တိုက်ပွဲအကြောင်း ဆွေးနွေးနေကြပြီး လုရှန် ပြသလိုက်သော ခွန်အားကြောင့် အံ့သြနေကြသည်။ အဘယ်ကြောင့်ဆိုသော် သွေးကျဥ်းထောင်သူတော်စင် သည် အချုပ်အနှောင်မဲ့အမတတစ်ပါး ဖြစ်ပြီး နိဗ္ဗာနအဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် အချုပ်အနှောင်မဲ့အမတ တစ်ပါးကို ဤမျှအတိုင်းအတာအထိ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခြင်းက သူ၏ ပါရမီကို ထင်ရှားစွာ ပြသနေသောကြောင့် ဖြစ်သည်။

...

နေဝင်ရီတရော အချိန်တွင်

အဓိပတိဂိုဏ်း၊ တတိယဆေးတောင်ကြား၌ လုံချင်းက မျှော်စင်ဆောင်ပေါ်မှ ဆင်းလာပြီး အိမ်ခေါင်မိုးပေါ်တွင် ရပ်လျက် အဝေးသို့ ငေးကြည့်နေသော ဖယောင်းကြယ်တာရာ ကို တွေ့လိုက်ရသည်။

သူ ချက်ချင်းပင် ကျူးရှင်း (ဖယောင်းကြယ်တာရာ) ၏ ဘေးသို့ ရောက်သွားပြီး မေးလိုက်၏။ "ခင်ဗျား ဘာကြည့်နေတာလဲ"

ကျူးရှင်း က ပြန်ဖြေလိုက်သည်။ "ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား... ဓားက သခင်ကို အသိအမှတ်ပြုနေပြီ။ ပြီးတော့ ဒါက နိဗ္ဗာနအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အသိအမှတ်ပြုနေတာ..."

နိဗ္ဗာနအဆင့် ကျင့်ကြံသူ…

လုံချင်း မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိပြီး ယုတ္တိမရှိဟု ထင်မြင်မိသည်။

ကျူးရှင်း က ဆက်ပြောလိုက်၏။ "ပြောရရင် ဒီလူက မင်းနဲ့ ပတ်သက်မှုတချို့ ရှိတယ်။ တိတိကျကျ ပြောရရင် သူက ဆရာသခင်ဓားအရှင် ရဲ့ အကြောင်းအကျိုးကနေ တစ်ဆင့် ဆက်နွှယ်နေတာ... သူ့နာမည်က လီယ တဲ့"

"အကြီးအကဲလီလား..." လုံချင်း၏ တွန့်ချိုးနေသော မျက်ခုံးများ ပြေလျော့သွားသည်။

"သူဆိုရင်တော့ အံ့သြစရာ မဟုတ်တော့ပါဘူး... ကျွန်တော့် ဆရာသခင်က သူ့ကို ကာကွယ်ပေးထားတာ ဖြစ်နိုင်တယ်"

လုံချင်းသည် ကုအန်၏ နောက်သို့ လိုက်ရင်း ကြီးပြင်းလာသူ ဖြစ်ပြီး ကုအန်နှင့် လီယတို့၏ ဆက်ဆံရေးကို ကောင်းစွာ သိရှိသည်။

ကျူးရှင်း က လုံချင်းကို ကြည့်၍ ပြုံးကာ မေးလိုက်၏။ "မင်းဆရာသခင်က ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ကနေ တကယ် ထွက်ခွာသွားပြီလို့ မင်း ထင်လား"

လုံချင်းသည် ကျူးရှင်း နှင့် သဘောတူညီမှု ရယူထားပြီး ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့် ကွာခြားချက် ကြီးမားလွန်းသဖြင့် သူ့အပေါ် အနည်းငယ် သတိထားနေဆဲ ဖြစ်သည်။

လုံချင်း ခေါင်းခါလိုက်သည်။ "ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ... ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့နောက် လိုက်မသွားခဲ့ဘူးလေ..."

ကျူးရှင်း က ပြုံးလိုက်ပြီး ထပ်မမေးရန် ဆုံးဖြတ်လိုက်သည်။

"ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ကို ပိုင်ဆိုင်ပြီးရင် အကြီးအကဲလီ ဘယ်လောက် စွမ်းအားကြီးလာမလဲ..." လုံချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား သည် အတိတ်က လှုပ်ခတ်မှုကြီး ဖြစ်စေခဲ့ပြီး သူလည်း ၎င်းကို လိုချင်တပ်မက်ခဲ့ဖူးသည်။

ဖယောင်းကြယ်တာရာ က ဖြေလိုက်၏။ "ဒီဓား လက်ထဲရှိနေရင် အမတလမ်းစဉ်ကိုးခု ကတောင် သူ့ကို မသတ်နိုင်ဘူး... ဒါပေမဲ့ သူ အသုံးပြုနိုင်တဲ့ စွမ်းအား အတိုင်းအတာက ကောင်းကင်စျန်အမတ အဆင့်လောက်ပဲ ရောက်နိုင်တယ်"

လုံချင်း တိတ်ဆိတ်သွားပြီး သူ့မျက်လုံးများတွင် အားကျမှုနှင့် အံ့သြမှုများ ပြည့်နှက်နေသည်။

ဤသည်မှာ ကောင်းကင်ယံသို့ ပျံတက်သွားခြင်းနှင့် တူပေသည်။

အကြီးအကဲလီ ကမ္ဘာအနှံ့ ကျော်ကြားလာတော့မည့် ပုံပင်။

...

နှစ်ကာလများက မြားတစ်စင်းပမာ ကုန်ဆုံးသွားပြီး နောက်ထပ် ထောင်စုနှစ် တစ်ခု ကုန်ဆုံးသွားခဲ့သည်။

သက်တမ်းတာအိုနယ်မြေ အတွင်း၌ကုအန်က သစ်ပင်ပေါ်တွင် လှဲလျောင်း၍ စာဖတ်နေစဉ် အောက်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် အန်ရှင်း၊ ထျန်းယောင်အာ၊ ထျန်းချင်၊ ထျန်းပိုင်၊ လုရှန်၊ သွေးကျဥ်းထောင်သူတော်စင် နှင့် ကျန်းရှီ အစရှိသော ပုံရိပ်များက တရားထိုင်နေကြပြီး အားလုံးက ကုအန် သင်ကြားပေးထားသော တာအိုဆန္ဒအာရုံထဲတွင် နစ်မြောနေကြသည်။

နေရောင်ခြည်က ဖြာကျလာပြီး သစ်ရွက်ကြားများမှ တစ်ဆင့် ကုအန်အပေါ်သို့ ကျရောက်နေသည်။ သူ ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး ကောင်းကင်ဘုံ ဆီသို့ လှမ်းကြည့်လိုက်သည်။

သက်တမ်းတာအိုနယ်မြေ သို့ ရောက်ရှိပြီးကတည်းက အချိန်များက ယခင်ကထက် ပိုမို လျင်မြန်စွာ ကုန်ဆုံးသွားသော်လည်း သူ နေမထိထိုင်မသာ မဖြစ်မိပေ။ ထိုအစား သူ၏ သက်တမ်းမှာလည်း လျင်မြန်စွာ တိုးတက်လာသဖြင့် သူ နှစ်သက် သဘောကျနေမိသည်။

နှစ်ပေါင်း နှစ်ထောင်ကျော် ငြိမ်းချမ်းနေခဲ့သော ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ သည် မငြိမ်မသက်မှုများနှင့် ထပ်မံ ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ကောင်းကင်တာအို၏ ဆန္ဒ သည် သက်ရှိသတ္တဝါ အားလုံးကို ဖျက်ဆီးရန် အမြဲ သတိရနေတတ်သည်။

ယခုတစ်ကြိမ်တွင် စကြဝဠာ အတွင်းရှိ အခြား မဟာကမ္ဘာများက ကျူးကျော်လာခြင်း ဖြစ်ပြီး ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ကို သိမ်းပိုက်ရန် ပြင်ဆင်နေကြကာ တာအိုအသီး အဆင့် ဖြစ်တည်မှုများက နောက်ကွယ်မှ ကြိုးကိုင် နေကြသည်။

ကုအန် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒ မရှိပေ။ ယနေ့ခေတ် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ သည် စွမ်းအားကြီးသော ဖြစ်တည်မှုများစွာ အကျိုးစီးပွားချင်း ဆက်နွှယ်နေသော နေရာတစ်ခု ဖြစ်ပြီး ထို အားကောင်းသော ဖြစ်တည်မှုများက ဤ အရေးကြီးသော အချိန်တွင် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ အား ပျက်စီးခံမည် မဟုတ်ချေ။

သူက ပွဲကြည့်ပရိသတ် တစ်ဦးသာ ဖြစ်သည်။

"အစ်ကိုကြီးလီ... ခင်ဗျား ကမ္ဘာအနှံ့ ကျော်ကြားနေပြီ ဆိုပေမဲ့ ဒီကပ်ဘေးက ခင်ဗျားကို ထပ်ပြီး ဒုက္ခရောက်စေနိုင်တယ်နော်" ကုအန်က တီးတိုး ရေရွတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

လွန်ခဲ့သော နှစ်ငါးရာက လီယသည် ရုတ်တရက် ထွက်ပေါ်လာပြီး ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ကို ကိုင်စွဲကာ ကမ္ဘာအနှံ့ရှိ ဓားကျင့်ကြံသူများကို စိန်ခေါ်ခဲ့သည်။ တိုက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့ပြီး သူ၏ ကျော်ကြားမှုမှာ တစ်ခေတ်တစ်ခါက ပြိုင်ဘက်ကင်း ဖြစ်ခဲ့ကာ လူများက အန်ဟောင် ကို မေ့လျော့ပြီး လီယသည် ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ကို မှီခိုနေရသော်လည်း ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံး ပါရမီရှင်ဟု သတ်မှတ်ခဲ့ကြသည်။

ရုတ်တရက် ကုအန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ပြင်ပကောင်းကင် ဆီသို့ လှမ်းကြည့်လိုက်သည်။

"ဒီအရှိန်အဝါ... မင်း လက်မလျှော့သေးဘူးလား"

ကုအန်က စူးရှသော အကြည့်ဖြင့် တွေးလိုက်သည်။

သူ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ၏ အရှိန်အဝါကို ခံစားလိုက်ရ၏။ ယင်းက နယ်နမိတ်တံခါးပေါက် ဆီမှ လာနေခြင်း ဖြစ်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် သည် လုံမျိုးနွယ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ပြီး လုံချင်းကို ဖမ်းဆီးရန်အတွက် သက်ရှိသတ္တဝါ အားလုံးကိုပင် ထိခိုက်စေရန် ကြံစည်ခဲ့သည်။ ထိုလုပ်ရပ်များက သူ့အား ကုအန်၏ သတ်ဖြတ်ရမည့် စာရင်းထဲသို့ ထည့်သွင်းပြီး ဖြစ်နေစေခဲ့သည်။

All Chapters