← Chapters

အခန်း (၅၄၇-၅၄၈)

Vol. 43 Ch. 547-548

အခန်း (၅၄၇-၅၄၈)

Vol. 43 Ch. 547-548

အခန်း ၅၄၇ ကျူးရှင်း၏တုန်လှုပ်မှု

နှစ်တစ်ထောင် တစ်ကြိမ် တိုက်ပွဲ အစီအစဉ်သည် သက်တမ်းနယ်မြေ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းကို တက်ကြွ လန်းဆန်းစေခဲ့သည်။

နယ်မြေ အတွင်း၌ နေထိုင်ရင်း အချိန်အများစုကို ကျင့်ကြံခြင်း၌သာ ကုန်ဆုံးနေရသဖြင့် တစ်ခါတစ်ရံ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလှ၏။ တစ်ခုခုကို မျှော်လင့် စောင့်စားစရာ ရှိနေခြင်းက ကောင်းမွန်သော အရာပင် ဖြစ်သည်။ ထို့အပြင် သူတို့၏ ကျင့်ကြံမှု ရလဒ်များကိုလည်း စမ်းသပ်လိုကြသည်။

ပေါ့ပေါ့ပါးပါး လေ့ကျင့်ခြင်းမျိုး မဟုတ်ဘဲ ကုအန် ဦးစီး ကျင်းပသော တိုက်ပွဲ ဖြစ်သည့်အတွက် အလေးအနက် ထားကြမည်မှာ သေချာသည်။ အန်ရှင်း ပင်လျှင် သူမ အစွမ်းကုန် ကြိုးစားပါက မည်မျှ သန်မာကြောင်း သိလိုနေခဲ့သည်။

ညနေဆည်းဆာ အချိန်တွင် တောအုပ်ကြီးသည် လေပြည်အဝှေ့၌ ငြင်သာစွာ ယိမ်းနွဲ့နေပြီး တိတ်ဆိတ်၍ လှပနေ၏။

"ကျွန်မလည်း ပါလို့ ရမလား"

အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဖူယိုသရဲမယ်တော် သည် ကုအန် ဘေးတွင် ရပ်၍ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ကုအန် သည် အသစ်ပွင့်လန်းလာသော ဝိညာဉ်ပန်း တစ်ပွင့်ကို သဘောကျစွာ ကြည့်ရှုနေရင်း ပြန်ဖြေလိုက်၏။ "ငါက မင်းကို လှည့်စားနေတယ် ထင်လို့လား"

ဖူယိုသရဲမယ်တော် ရင်ခုန်သံများ မြန်ဆန်လာ၏။ တိုက်ပွဲတွင် ပါဝင်ခွင့် ရသည်မှာ မည်သည့်အဓိပ္ပာယ်လဲ ဆိုသည်ကို သူမ နားလည်လိုက်၏။ ထိုအရာက ကုအန် သူမကို လက်ခံလိုက်ပြီ ဆိုသည့် သဘောပင်။

သူမ စိတ်လှုပ်ရှားစွာ ဒူးထောက်ရန် ပြင်လိုက်စဉ် မမြင်ရသော အားတစ်ခုက တားဆီးလိုက်သည်။

"ငါ ပြောပြီးသားပဲ... သက်တမ်းနယ်မြေ ထဲမှာ အဲဒီလို ယဉ်ကျေးမှုတွေ မလိုပါဘူးလို့..." ကုအန် က ပြောလိုက်ရာ သူ၏ မျက်နှာတွင် ကျေနပ်အားရမှုများ ပေါ်လွင်နေသည်။ ဤ ဝိညာဉ်ပန်း ၏ အရည်အသွေး ကောင်းမွန်သဖြင့် သူ၏ စာကြည့်ဆောင်သို့ ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပေမည်။

ဖူယိုသရဲမယ်တော် ခေါင်းညိတ်လိုက်ပြီး ရင်ထဲတွင် တဒိန်းဒိန် ခုန်ဆွနေခဲ့၏။ ထိုနောက် ဖိအားများ ခံစားလိုက်ရ၏။ နယ်မြေ ရှိ လူများမှာ ရိုးရှင်းသူများ မဟုတ်ကြပေ။

ကုအန် က သူမ ဘာတွေးနေသည်ကို ဂရုမစိုက်ချေ။ ဝိညာဉ်ပန်း ကို ယူ၍ ထွက်ခွာသွားရာ ဖူယိုသရဲမယ်တော် သည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို လေးစားစွာ ဦးညွှတ်နေဆဲ ဖြစ်သည်။

"ဒါက လက်လွတ်ခံလို့ မဖြစ်တဲ့ အခွင့်အရေးပဲ..."

သူမ၏ မျက်လုံးများ တောက်ပနေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် စွမ်းအားများ ပြည့်လျှံလာသည်ဟု ခံစားလိုက်ရသည်။

သက်တမ်းနယ်မြေ အတွင်းတွင် ကောင်းကင်ပစ္စည်းများနှင့် မြေကမ္ဘာရတနာများ ရှားပါးခြင်း မရှိပေ။ ထို့အပြင် ကုအန် ကဲ့သို့သော မဟာစွမ်းအားရှင် တစ်ဦးကို ဆရာတင်ထားရသဖြင့် လွတ်လပ်ခွင့် ဆုံးရှုံးသည် ဆိုခြင်းမှာ အမြဲတမ်း မဟုတ်ဟု သူမ တွေးလိုက်မိသည်။ သူမ ကောင်းမွန်စွာ စွမ်းဆောင်နိုင်သရွေ့ တစ်နေ့နေ့တွင် ကုအန် သူမကို လိုအပ်လာပြီး တာဝန်များ ပေးအပ် စေခိုင်းလာပါက သူမသည် သေမျိုးကမ္ဘာ ၏ ပျော်ရွှင်မှုများဆီသို့ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်း နောက်ထပ် နှစ်တစ်ရာ ကုန်ဆုံးသွားပြန်သည်။

ဆောင်းလေညင်းများက အဓိပတိဂိုဏ်း ၏ တတိယဆေးတောင်ကြား သို့ တိုက်ခတ်လာသည်။ ဆံပင်ဖြူများနှင့် လုပိုင်ထျန်း သည် ဆေးဥယျာဉ် ရှေ့တွင် ရပ်နေ၏။ ဆေးဖအပင်များ ကို ကြည့်ရင်း ဝေဝါးသော ပုံရိပ်တစ်ခုကို မြင်ယောင်နေမိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းတစ်ခု မျက်စိရှေ့တွင် ထပ်တူကျလာသကဲ့သို့ပင်။

လုံချင်း သူ၏ ဘေးသို့ ရောက်လာပြီး မေးလိုက်၏။ "ဂိုဏ်းချုပ်... ဘာတွေ တွေးနေတာလဲ... ကျွန်တော့် ဆရာသခင် အကြောင်း လွမ်းနေပြန်ပြီလား... စိတ်မပူပါနဲ့... သူ သေချာပေါက် နေကောင်းမှာပါ..."

လုပိုင်ထျန်း သတိဝင်လာပြီး လုံချင်း ကို ကြည့်ကာ အလိုအလျောက် ပြုံးလိုက်မိသည်။ လုံချင်း သည် ကိုယ်ခန္ဓာ အနေအထား သာမက ရုပ်ရည်သွင်ပြင်ပါ ကုအန် နှင့် အလွန် တူသည်ဟု သူ ခံစားရသည်။ ကုအန် တွင် တပည့်များစွာ ရှိသော်လည်း လုံချင်း တစ်ယောက်သာ သူ့နှင့် တူသည်။ လုံချင်း သည် ကုအန် ပြင်ပလောကတွင် ထားရစ်ခဲ့သော ကလေး ဖြစ်နိုင်သည်ဟုပင် သံသယ မဝင်ဘဲ မနေနိုင်ချေ။

နောက်ကွယ်တွင် ဇာတ်လမ်း တစ်ခု ရှိကောင်း ရှိနိုင်ပြီး ထိုအကြောင်းကြောင့်ပင် ကုအန် သည် လုံချင်း နှင့် သူ၏ ပတ်သက်မှုကို ရှင်းလင်းစွာ မပြောခဲ့ခြင်း ဖြစ်တန်ရာ၏။

ထိုသံသယကြောင့် လုပိုင်ထျန်း သည် လုံချင်း နှင့် ရင်းနှီးသည်ဟု ခံစားရပြီး သူ့ကို ဂိုဏ်းချုပ် ဆက်ခံသူ အဖြစ် ထည့်သွင်း စဉ်းစားနေပြီ ဖြစ်သည်။

ဆရာသခင်ဓားအရှင် ၏ တပည့် ဖြစ်ခြင်းဟူသော အဆက်အစပ်ဖြင့် လုံချင်း အနေဖြင့် အနာဂတ်တွင် ထိုရာထူးကို ရယူရန် မခက်ခဲလှပေ။

ကောင်းကင်ခွဲပုဆိန် သည် ကောင်းကင်ဖာထေး စင်မြင့် ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ဆရာသခင်ဓားအရှင် ၏ ဓားစိတ်ဆန္ဒ ကျန်ရှိနေသရွေ့ အဓိပတိဂိုဏ်း သည် ဓားအရှင် ကို မေ့လျော့၍ မရနိုင်သလို လျစ်လျူရှုထား၍လည်း မရနိုင်ပေ။

"ဂိုဏ်းချုပ် ဖြစ်ဖို့ အဆင်သင့် ဖြစ်ပြီလား" လုပိုင်ထျန်း က ပြုံး၍ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လုံချင်း က ယုံကြည်မှုရှိသော အပြုံးဖြင့် ပြောလိုက်၏။ "ဒါပေါ့... အဆင်သင့်ပါပဲ... စီနီယာ ကျူးရှင်း ရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် ကြုံတွေ့လာမယ့် ပြဿနာမှန်သမျှ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်"

ကျူးရှင်းအကြောင်း ပြောသည်ကို ကြားသော်လည်း လုပိုင်ထျန်း သိပ်ဂရုမစိုက်ပေ။

ကျူးရှင်း ဘယ်လောက်ပဲ သန်မာပါစေ... ကုအန် လောက် သန်မာနိုင်ပါ့မလား။

သူသည် ဆရာသခင်ဓားအရှင် ၏ စွမ်းအားကို မကြာခဏ အသုံးချလေ့ရှိသော ဂိုဏ်းချုပ် တစ်ဦး ဖြစ်သည်လေ။

လုပိုင်ထျန်း သည် ဂိုဏ်းချုပ် အနေဖြင့် ဂရုပြုရမည့် အချက်များကို စတင် သင်ကြားပေးလိုက်သည်။ လုံချင်း က အလေးအနက် နားထောင်၏။ လူအများက လုပိုင်ထျန်း သည် လုံလောက်အောင် မစွမ်းဆောင်နိုင်ဘဲ ဆရာသခင်ဓားအရှင် ကြောင့်သာ ဤရာထူးကို ရရှိထားခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

သို့သော် လုံချင်း ၏ မျက်လုံးထဲတွင်တော့ ထိုအချက်ကပင် လုပိုင်ထျန်း ကို ထူးခြားစေခြင်း ဖြစ်သည်။

သွေးသားတော်စပ်ခြင်းမရှိ ဆရာတပည့် ဆက်ဆံရေး မရှိဘဲ နှစ်ပေါင်းများစွာ တည်ငြိမ်သော ထောက်တိုင် တစ်ခုအဖြစ် စွမ်းအားရှင် တစ်ဦးကို ဆွဲဆောင်ထားနိုင်ခြင်းသည် အထင်ကြီးဖွယ်ရာ မဟုတ်ပေလော။

ဂိုဏ်းချုပ် ဖြစ်ရန်မှာ မည်သူက ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ဆိုသည်ထက် မည်သို့သော စီမံခန့်ခွဲမှုများအပေါ် မူတည်ပေသည်။

ထို့ကြောင့် လုံချင်း သည် လုပိုင်ထျန်း ကို အလွန် လေးစားပြီး သူ့ထံမှလည်း သင်ယူလိုခဲ့သည်။ စကားစမြည် ပြောနေစဉ် လုပိုင်ထျန်း က အတိတ်အကြောင်းများကို ပြောပြလာသည်။ တစ်ချိန်က သူ ဆေးကျေးကျွန် အဖြစ် ရုပ်ဖျက်ပြီး ကုအန် ၏ လက်ထောက် အဖြစ် မည်သို့ အမှုထမ်းခဲ့ကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိကြဘဲ သံယောဇဉ် တွယ်ခဲ့ကြပုံများကို ပြောပြသည်။

အတိတ်က အဖြစ်အပျက်များကို ပြောပြတိုင်း လုပိုင်ထျန်း ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတတ်သည်။ လုံချင်း က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။ "သူ ပြောခဲ့တဲ့ စကားတွေက ဂိုဏ်းချုပ်ကြီး ကို ပိုကောင်းတဲ့ ဂိုဏ်းချုပ် ဖြစ်လာအောင် လမ်းညွှန်ပေးနေတာ ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ကြီး ဘယ်သူလဲ ဆိုတာ သူ ဘယ်လိုလုပ် မသိဘဲ နေမလဲ"

လုပိုင်ထျန်း ခေတ္တမျှ တန့်သွားပြီးနောက် တဟားဟား ရယ်မောကာ ခေါင်းခါလိုက်သည်။ "ဟုတ်တယ်... ဒါပေမဲ့ သူက တခြားလူကို ရွေးချယ်လို့ ရသားနဲ့ အမှားတွေ လုပ်မိခဲ့တဲ့ ငါ့ကိုပဲ ရွေးချယ်ခဲ့တယ်... သူ့ရဲ့ သဘောထားကြီးမှုက တွေးကြည့်လို့တောင် မရနိုင်ဘူး... ပြန်စဉ်းစားကြည့်ရင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ မကျူးလွန်သရွေ့ သူက အမြဲတမ်း ပြန်လည် ပြုပြင်ခွင့် ပေးတတ်တယ်... ဒါကလည်း ငါ့ရဲ့ ဂိုဏ်းချုပ် လုပ်ဆောင်ရာမှာ ထားရှိတဲ့ မူဝါဒပဲ... ဒီလူက ပြုပြင်လို့ မရတော့ဘူးလား... ဒီလူကို ဂိုဏ်းကနေ ထုတ်ပယ်ရတော့မလား... သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတယ်"

လုံချင်း က ဤအချက်ကို ကျိုးကြောင်းဆီလျော်သည်ဟု ယူဆပြီး စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ လူတစ်ယောက်သည် တတိယဆေးတောင်ကြား ၏ ဝင်ပေါက်သို့ ချဉ်းကပ်လာနေသည်ကို သူတို့ သတိမထားမိကြပေ။

ဆရာသခင်ဓားအရှင် ထွက်ခွာသွားပြီးကတည်းက အဓိပတိဂိုဏ်း သည် ဆေးတောင်ကြား ကို စောင့်ကြပ်ရန် တပည့်များ မစေလွှတ်တော့ချေ။ ယခင်က တောင်ကြား၏ လုံခြုံရေး အတွက် မဟုတ်ဘဲ ဆရာသခင်ဓားအရှင် ကို အနှောင့်အယှက် ဖြစ်မည် စိုးသောကြောင့် ဖြစ်သည်။

နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားပြီ ဖြစ်ရာ တပည့်များက ဆရာသခင်ဓားအရှင် ၏ ဒဏ္ဍာရီကို မှတ်မိနေကြသော်လည်း အများစုသည် သူနှင့် တတိယဆေးတောင်ကြား ဆက်နွယ်မှုကို ဘာမျှ မသိရှိကြတော့ပေ။

ယခုအခါ တပည့်များ တတိယဆေးတောင်ကြား သို့ ဝင်ထွက်သွားလာနေကြပြီး မည်သူမျှ တားဆီးခြင်း မရှိကြတော့ချေ။

တတိယဆေးတောင်ကြား သို့ ဝင်ရောက်လာသော ဝတ်ရုံဖြူ အမျိုးသားသည် ခါးတွင် အနက်ရောင် အဝတ်စ စည်းထားပြီး ဘေးတွင် ရတနာဓား တစ်လက် ချိတ်ဆွဲထားသည်။ သူ၏ ဆံပင်ရှည်များကို နောက်တွင် ပေါ့ပါးစွာ စည်းနှောင်ထားပြီး မျက်နှာ ဘေးတစ်ဖက်တစ်ချက်ရှိ ဆံနွယ်များသည် မိုးမခပန်းပွင့်ဖတ်များ ကဲ့သို့ လွင့်ဝဲကာ ရင်ဘတ်အထိ ကျဆင်းနေသည်။ သူသည် အလွန် ချောမောလှပသဖြင့် ဖြတ်သွားဖြတ်လာ အမျိုးသမီး တပည့်များမှာ အကြည့်မလွှဲနိုင်အောင် ဖြစ်နေကြရသည်။

သူ၏ မျက်နှာထားမှာ လျစ်လျူရှုထားသည့်ဟန် ပေါက်နေပြီး တောင်ကြား အတွင်းပိုင်းသို့ လျှောက်လှမ်းရင်း ပတ်ဝန်းကျင်ကို လေ့လာနေသည်။

ရုတ်တရက် သူ့ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသည်။ စစ်ခုံရုံး မှ ကျူးရှင်ယ ပင် ဖြစ်သည်။

ကျူးရှင်း သည် ဝတ်ရုံဖြူ အမျိုးသားကို အကဲခတ်ကြည့်လိုက်ပြီး မျက်လုံးများ မှေးကာ မေးလိုက်၏။ "မင်းက ဘယ်သူလဲ"

ကျူးရှင်းစိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူသည် မူလဘူတနှောင်ဖွဲ့ကင်းအမတ ဖြစ်သော်လည်း ဤလူ၏ ကျင့်ကြံခြင်းအဆင့်ကို အကဲမခတ်နိုင် ဖြစ်နေသည်။

ဝတ်ရုံဖြူ အမျိုးသားက ဖယောင်းကြယ်တာရာ ကို ကြည့်ပြီး ပြန်မေးလိုက်သည်။ "ခင်ဗျားက စစ်ခုံရုံး က ကျူးရှင်းလား"

ထိုစကားကို ကြားသောအခါ ဖယောင်းကြယ်တာရာ ၏ မျက်ခုံးများ ရှုံ့တွသွားပြီး သူစိမ်းတစ်ယောက်က သူ့ကို မှတ်မိနေသဖြင့် အံ့သြသွားသည်။

"မင်းက တကယ် ဘယ်သူလဲ"

"ငါက ခင်ဗျားအတွက် လာတာ မဟုတ်သလို ခင်ဗျားရဲ့ အစီအစဉ်တွေကိုလည်း ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး"

ဝတ်ရုံဖြူ အမျိုးသားက ကျူးရှင်း၏ စကားကို ဖြတ်ပြောလိုက်ရာ သူ၏ လေသံမှာ အေးစက်နေသည်။ ထို့နောက် သူသည် ကျုးရှင်းကို ကျော်ဖြတ်၍ ဆက်လက် လျှောက်လှမ်းသွားသည်။

သူ၏ အကြည့်များက လုံချင်း ထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ကျူးရှင်း သည် သူ့ရှေ့သို့ တစ်ဖန် ပိတ်ရပ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်၏။ "ဒါဆို မင်းက ဘယ်သူ့ကို ရှာနေတာလဲ... ရှင်းရှင်းလင်းလင်း မပြောဘဲနဲ့ ငါ့အစီအစဉ်တွေကို မင်း မဖျက်ဆီးဘူးလို့ ငါ ဘယ်လို လုပ်ပြီး သေချာနိုင်မှာလဲ..."

ဝတ်ရုံဖြူ အမျိုးသားက ဖြေလိုက်သည်။ " မင်းရဲ့ တပည့် လုံချင်း ကို ရှာနေတာ။ သူ့ကို ဒုက္ခမပေးပါဘူး။ သတိပေးစကား လာပြောရုံ သက်သက်ပါ... ပြီးတော့ ငါ ပြောမယ့် စကားတွေက ခင်ဗျားရဲ့ အကြံအစည်တွေနဲ့ ဘာမှ မသက်ဆိုင်ဘူး"

ထိုသို့ ပြောပြီးနောက် သူ ရှေ့သို့ ထပ်တိုးလိုက်ရာ ဤတစ်ကြိမ်တွင် ကျူးရှင်းနှင့် ပခုံးချင်း တိုက်မိသွားသည်။

ဤ တိုက်မိခြင်းက ကျူးရှင်း ကို သူ့အပေါ် ပို၍ သတိထားသွားစေသည်။

ဒီလူက အရမ်း သန်မာတယ်။

ကျူးရှင်း သည် လုံချင်း ဆီသို့ ဦးတည်သွားနေသော ဝတ်ရုံဖြူ အမျိုးသားကို ကြည့်ရင်း ခဏတာ တွန့်ဆုတ်နေပြီးနောက် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ချွမ်

ရုတ်တရက် ဓားဆွဲထုတ်လိုက်သည့် အသံ ထွက်ပေါ်လာပြီး ဓားထိပ်ဖျားသည် ကျူးရှင်း၏ လည်ချောင်းဝသို့ ရုတ်ခြည်း ရောက်ရှိနေသဖြင့် သူ၏ မျက်ဝန်းအိမ်များ ကျယ်သွားရသည်။

မြန်လိုက်တာ

ဝတ်ရုံဖြူ အမျိုးသားက ဓားကို ဘယ်လို ဆွဲထုတ်လိုက်မှန်းတောင် သူ မမြင်လိုက်ရချေ။ ပြီးတော့ ဤဓားက သာမန်ဓား မဟုတ်ချေ။

အခန်း ၅၃၇ ကောင်းကင်နဂါးဓမ္မပုံရိပ်၊ ကံကြမ္မာကို ချိုးဖျက်ခြင်း

လည်ပင်းထက်မှ စူးရှအေးစက်မှုကို ခံစားလိုက်ရပြီးနောက် ဖယောင်းကြယ်တာရာက လေးနက်သော အသံဖြင့် မေးလိုက်၏... "မင်း ဘယ်က လာတာလဲ ဆိုတာ ရှင်းမပြမချင်း သူ့နားကို ငါ အကပ်ခံမှာ မဟုတ်ဘူး"

ဝတ်ရုံဖြူနှင့်လူက ကျူးရှင်း ကို တစ်ချက် ကြည့်လိုက်သည်။ ဓားကို ကိုင်မြှောက်ထားသည့် သူ၏ လက်က တံတားတစ်စင်းကဲ့သို့ ဖြောင့်တန်းနေပြီး ထိုအရာက ကျူးရှင်း ကို လက်လှမ်းမမီနိုင်သော ခံစားချက်မျိုး ဖြစ်ပေါ်စေ၏။

ကျူးရှင်း သည် ဝတ်ရုံဖြူနှင့်လူကို သတိထားနေသော်လည်း ကြောက်ရွံ့သည့် အဆင့်ထိ မရောက်သေးချေ။

နယ်နမိတ်တံခါးပေါက် အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် သူ မည်မျှ ကြိုးစားအားထုတ်ခဲ့ရသနည်း။ ဤကဲ့သို့ အခွင့်အရေးမျိုး ရရှိထားပြီးမှ ယခု အချိန်ကျမှ သူ ဘယ်လိုလုပ် လက်လျှော့လိုက်မည်နည်း။

"ငါ့ရဲ့ဇစ်မြစ်ကို ထုတ်ပြောလို့ မရဘူး... အဲလို ပြောလိုက်ရင် မင်းရော သူရော ဒုက္ခရောက်လိမ့်မယ်... ငါ့လက်ထဲက ဓားက မင်းရဲ့ တာအိုသစ်သီးကို လျော့ပါးစေနိုင်တယ် ဆိုတာလောက်ပဲ မင်း သိထားရင် ရပြီ..." ဝတ်ရုံဖြူနှင့်လူက ၎င်း၏ မျက်လုံးများထဲတွင် ဂရုမစိုက်သည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။

သူ၏ စကားသံ အဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒ တစ်ခုက ကျူးရှင်းကို ရုတ်ခြည်း လှမ်းထောက်လိုက်ရာ မူလဘူတနှောင်ဖွဲ့ကင်းအမတ၏ မျက်ဝန်းအလင်းရောင်များ မှေးမှိန်သွားရ၏။

ဝတ်ရုံဖြူနှင့်လူက လှည့်ထွက်သွားပြီး ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ လုံချင်းရှိရာသို့ ဆက်လက် လျှောက်လှမ်းသွားသည်။

ကျူးရှင်းမှာ နေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေ၏။

သူတို့နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုကို ဖုံးကွယ်ထားခြင်း မရှိသဖြင့် ဂိုဏ်းသားအများအပြားက ဝတ်ရုံဖြူနှင့်လူ ကျူးရှင်းကို ဓားထုတ်ကာ ချိန်ရွယ်လိုက်သည်ကို မြင်လိုက်ကြသည်။ သို့သော်လည်း သူတို့သည် ကျူးရှင်းက ဆေးတောင်ကြားတွင် အသန်မာဆုံး ဖြစ်တည်မှု ဖြစ်ပြီး တောင်ကြားသခင် ကိုယ်တိုင်ပင် လေးစားရသူ ဖြစ်ကြောင်း သိထားကြသဖြင့် မည်သူကမျှ မဆင်မခြင် ဝင်မပါရဲကြပေ။

ယနေ့ခေတ် တတိယဆေးတောင်ကြားသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကကဲ့သို့ စည်းလုံးညီညွတ်မှု မရှိတော့ချေ။ ဂိုဏ်းသား အများစုမှာ ဖြတ်သန်းသွားလာနေသူများသာ ဖြစ်ပြီး အနည်းဆုံးတော့ လုံချင်းအတွက်နှင့် သူတို့၏ အသက်ကို စွန့်စားကြမည် မဟုတ်ပေ။

လုပိုင်ထျန်းနှင့် စကားပြောနေစဉ် ဝတ်ရုံဖြူနှင့်လူ ဝင်လာသည်ကို သတိပြုမိလိုက်သဖြင့် လုံချင်း၏ အကြည့်က ကျူးရှင်း ထံသို့ ရောက်သွား၏။

ကျူးရှင်းတစ်ယောက် နေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ ရပ်တန့်နေပြီး ခန္ဓာကိုယ် တုန်ယင်ကာ မျက်ဝန်းများ ဗလာဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပုံမှန် အခြေအနေ မဟုတ်ကြောင်း သူ သိလိုက်သည်။

သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝတ်ရုံဖြူနှင့်လူက သူ့ရှေ့သို့ ရုတ်တရက် ရောက်လာသဖြင့် လုံချင်းမှာ လန့်ဖျပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

ဂျိ

ဓားအိမ်က လုံချင်း၏ ပခုံးပေါ်သို့ ဖိချလိုက်ရာ သူ လှုပ်ရှားမရ ဖြစ်သွားသည်။

လုံချင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်သော အရိပ်အယောင်များ မျက်နှာပေါ်တွင် ဖြတ်သန်းသွား၏။ သူ့ဘေးရှိ လုပိုင်ထျန်းကလည်း တုံ့ပြန်လိုက်ပြီး ဝတ်ရုံဖြူနှင့်လူကို တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုလူ၏ အကြည့်တစ်ချက်ဖြင့်ပင် ငြိမ်ကျသွားသည်။

ဝတ်ရုံဖြူနှင့်လူ၏ အကြည့်ကို ရင်ဆိုင်လိုက်ရချိန်တွင် လုပိုင်ထျန်းသည် အလင်းရောင် မှိန်ဖျော့သော အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး မိမိကို ချိန်ရွယ်ထားသော ထောင်ပေါင်းများစွာသော ရတနာဓားများ ဝန်းရံထားသည်ကို တွေ့လိုက်ရသဖြင့် ကျောချမ်းသွား၏။ တစ်လက်မမျှ လှုပ်ရှားလိုက်သည်နှင့် ဓားသွားများနှင့် တိုးမိတော့မည့်အလား ခံစားလိုက်ရပြီး လုံးဝ လှုပ်ရှားမရနိုင်လောက်အောင် အသက်ရှူကျပ်ကာ ကြောက်ရွံ့သွားမိသည်။

အမှန်စင်စစ်တွင် လုံချင်းသည် ပုံရိပ်ယောင်နယ်မြေထဲသို့ ကျရောက်သွားခြင်း မရှိသော်လည်း ဝတ်ရုံဖြူနှင့်လူကို ရင်ဆိုင်နေရချိန်တွင် ခံစားရသော ဖိအားမှာ လျော့နည်းခြင်း မရှိပေ။ သူ့ပခုံးပေါ်ရှိ ဓားအိမ်က ကြီးမားခမ်းနားသော တောင်ကြီးတစ်လုံးကဲ့သို့ လေးလံနေသဖြင့် သူ၏ ဝိညာဉ်စွမ်းအားများကိုပင် ထုတ်ဖော်နိုင်စွမ်း မရှိတော့ချေ။

လုံချင်းက ဝတ်ရုံဖြူနှင့်လူကို စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်၏."ခင်ဗျားက ဘယ်သူလဲ... ကျုပ်တို့ကြားမှာ ခင်ဗျားနဲ့ ရန်ငြိုးရန်စ ရှိဖူးလို့လား"

ကုအန် ထွက်ခွာသွားပြီးနောက်ပိုင်း သူသည်လည်း တတိယဆေးတောင်ကြားတွင် အမြဲတစေ နေထိုင်ခြင်း မရှိပေ။ တစ်ခါတစ်ရံ အတွေ့အကြုံ ရှာဖွေရန် အပြင်လောကသို့ ထွက်လေ့ရှိပြီး လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ဤမျှ စွမ်းအားကြီးသော ပုဂ္ဂိုလ်မျိုးကို ရန်စမိခြင်း မရှိကြောင်း သူ သေချာပေါက် ပြောရဲ၏။ သူ စဉ်းစားမိသည့် တစ်ခုတည်းသော အရာမှာ သူ၏ သွေးမျိုးဆက်ပင် ဖြစ်သည်။

ကျူးရှင်း ကဲ့သို့ အားကောင်းသော ဖြစ်တည်မှုမျိုးကပင် ဤလူကို မခုခံနိုင်ဘူး ဆိုလျှင် ဤပုဂ္ဂိုလ်သည် ကောင်းကင်ဝိညာဉ်နယ်မြေမှ မဟုတ်သည်မှာ သေချာသည်။

ဝတ်ရုံဖြူနှင့်လူက လုံချင်းကို အကဲခတ်နေပြီး အချိန်အတန်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမှ မရှိသဖြင့် သူ၏ မျက်လုံးများတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်လာ၏။

ထိုအကြည့်က လုံချင်းကို နေရခက်စေပြီး အကြောင်းပြချက် မရှိသော ဒေါသများ ထွက်ပေါ်လာစေသည်။

ဝတ်ရုံဖြူနှင့်လူက စကားစလိုက်သည်။"မင်းက ငါထင်ထားတာထက် ပိုပြီး စိတ်ပျက်ဖို့ ကောင်းတာပဲ။ ကြောက်နေဖို့ မလိုဘူး... ငါက မင်းကို ဒုက္ခမပေးပါဘူး။ ဒီလောကမှာ ငါ့ထက် ယုံကြည်ရတဲ့သူ မရှိဘူး..."

"ဟားး" လုံချင်းက ဟားတိုက်ရယ်မောလိုက်သော်လည်း ရယ်သံတွင် ဟာသမြောက်သည့် အရိပ်အယောင် မပါချေ။

ဝတ်ရုံဖြူနှင့်လူက ဆက်ပြောလိုက်၏”ငါ့မျိုးရိုးနာမည်ကလည်း လုံ ပဲ... အခုဆို မင်း နားလည်လောက်ရောပေါ့"

ထိုစကားကို ကြားလိုက်ရသည့်အခါ လုံချင်း၏ မျက်လုံးများ အံ့သြမှင်သက်စွာ ပြူးကျယ်သွားသည်။

ရုတ်တရက် ကျူးရှင်း က လုံချင်း၏ ဘေးသို့ ရောက်လာပြီး ဝတ်ရုံဖြူနှင့်လူ၏ ဓားအိမ်ကို လှမ်းဆွဲလိုက်၏။

"နေဦး... သူ့ကို စကားဆုံးအောင် ပြောခိုင်းလိုက်" လုံချင်းက ဝတ်ရုံဖြူနှင့်လူကို စူးစိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျူးရှင်းသည် ပုံရိပ်ယောင်နယ်မြေမှ လွတ်မြောက်လာကာစ ဖြစ်သဖြင့် ဝတ်ရုံဖြူနှင့်လူ ပြောလိုက်သည့် စကားကို မကြားလိုက်ရချေ။ သူက ဝတ်ရုံဖြူနှင့်လူဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် သတိထားမှုများ ပြည့်နှက်နေ၏။

ဝတ်ရုံဖြူနှင့်လူက သူ့လက်ကို ပြန်ရုပ်လိုက်ရာ ကျူးရှင်း လည်း လွှတ်ပေးလိုက်ပြီး ထိုလူက သူ၏ ရတနာဓားကို မြေကြီးထဲသို့ စိုက်လိုက်သည်ကို ကြည့်နေလိုက်သည်။

ဓားအိမ်က မြေကြီးနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် အနေအထားက ရုတ်ခြည်း ပြောင်းလဲသွားပြီး သူတို့သည် အမှောင်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားကြ၏။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် မြေကြီးထဲသို့ စိုက်ဝင်နေသော ဓားရိပ်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

"ဘယ်လောက်တောင် အားကောင်းတဲ့ နယ်မြေလဲ"

ကျူးရှင်း ရေရွတ်လိုက်မိပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ သူ၏ စိတ်ထဲတွင် အံ့သြမှင်သက်မှုများ မုန်တိုင်းထန်လာ၏။

ဝတ်ရုံဖြူနှင့်လူက လုံချင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်... "ငါ့နာမည် လုံကျွင်း...မင်းရဲ့ ဘိုးဘေး ဧကရာဇ် လုံရှင်းရဲ့ သားပဲ။ ငါ အတိတ်တုန်းက မင့်ရဲ့ ဘဝတစ်ခုလုံးကို တစေ့တစောင်း မြင်ခဲ့ရတယ်။ အများကြီး ဝါးတားတား ဖြစ်နေပေမဲ့ မင်းရဲ့ အနာဂတ် လမ်းကြောင်းကို ယေဘုယျ သုံးသပ်လို့ ရတယ်"

ကျူးရှင်း၏မျက်နှာမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွား၏။

လုံချင်းလည်း အကြီးအကျယ် လန့်ဖျပ်သွားပြီး စကားမပြောနိုင်ဘဲ လုံကျွင်းကို ငေးကြည့်နေမိသည်။

"အနာဂတ်မှာ မင်းက အဓိပတိဂိုဏ်းကို ဦးဆောင်ပြီး ကောင်းကင်ဝိညာဉ်နယ်မြေ တစ်ခုလုံးကို စုစည်းလိမ့်မယ်... ဒါပေမဲ့ နောက်ဆုံးမှာ စစ်ခုံရုံးရဲ့ လက်ချက်နဲ့ သေဆုံးရလိမ့်မယ်"

လုံကျွင်းက လုံချင်းကို အကြည့်ရွှေ့ကာ ဆက်ပြောလိုက်၏... "မင်းက သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ရဲ့ ခန္ဓာသိမ်းပိုက်ခြင်းကို ခံရလိမ့်မယ်..."

လုံချင်း၏ နှလုံးသားက ဒိန်းခနဲ ခုန်သွားသည်။

ထို့နောက် လုံကျွင်းက ကျူးရှင်း ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။ "မင်းကတော့ စစ်ခုံရုံးရဲ့ သခင် အသုံးပြုမယ့် တာအိုစစ်သည် အဖြစ် ပုံသွင်းခံရပြီး မင့်ရဲ့ စိတ်ဆန္ဒတွေက ထာဝရ နှိပ်စက်ညှဉ်းပန်း ခံရလိမ့်မယ်"

ကျူးရှင်း၏မျက်နှာမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ဖြူဖျော့သွား၏။

လုံချင်းက အံ့ကြိတ်က မေးလိုက်သည်။"လုံမျိုးနွယ်တစ်ခုလုံး ပျက်စီးသွားပြီး ကျွန်တော် တစ်ယောက်တည်း ကျန်တဲ့အထိ ဖြစ်နေတာတောင် ခင်ဗျားက ကျွန်တော့် ဘိုးဘေး ဆိုရင် ဘာလို့ ဝင်မပါခဲ့တာလဲ"

လုံကျွင်းက နက်နဲပြီး ဝေးကွာသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်၏ "ဘာလို့လဲဆိုတော့ ငါ့ရဲ့ လက်ရှိ ကံကြမ္မာက သေတာထက် ပိုဆိုးနေလို့ပဲ... မင်း မြင်နေရတာက ဒီအချိန်က ငါ မဟုတ်ဘူး... အတိတ်က ငါ့ပုံရိပ်ပဲ... ဒါက ငါ အဖမ်းမခံရခင် လုံမျိုးနွယ်ကို သူတို့ရဲ့ ကံကြမ္မာကနေ လွတ်မြောက်စေဖို့ မျှော်လင့်ချက်နဲ့ ချန်ထားခဲ့တဲ့ နည်းလမ်းတစ်ခုပဲ"

လုံချင်းက သူ့စကားများကို နားမလည်နိုင်သဖြင့် ဖယောင်းကြယ်တာရာကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

ကျူးရှင်း မျက်မှောင်ကြုတ်၍ မေးလိုက်၏။ "ခင်ဗျား ဆိုလိုတာက ခင်ဗျားက အတိတ်ကနေ ဒီကို လာခဲ့တာလား... ဒါမှမဟုတ် ခင်ဗျားရဲ့ ပုံရိပ်ကို ဒီကို လွှတ်လိုက်တာလား..."

လုံကျွင်းက ပြောလိုက်သည်။”နားလည်ဖို့ အရမ်းခက်နေရင် ဆက်မတွေးနဲ့တော့... အရေးကြီးဆုံးက ရှေ့ဆက်ကြုံရမယ့် ဘေးဒုက္ခကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က မင်းကို ခန္ဓာကိုသိမ်းဖို့ အောင်မြင်သွားရင် ငါ့အဘိုးရဲ့ စွမ်းအားတွေကို သူ တကယ် ရရှိသွားလိမ့်မယ်"

"ခင်ဗျား ပြောနေတာ လုံကျန့် အကြောင်းလား"

"ဟုတ်တယ်... ငါက သူ့ရဲ့ ကံကြမ္မာအမှတ်အသားကို ဆက်ခံထားရပေမဲ့ သူ့ရဲ့ သွေးမျိုးဆက် စွမ်းအားနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်သေးဘူး" လုံကျွင်းက ဖြေလိုက်သည်။

ဧကရာဇ် လုံရှင်း၏ မြေးတော်သည်လည်း ကောင်းကင်နဂါးဧကရာဇ် လုံကျန့်၏ ပါရမီများကို ဆက်ခံထားရကြောင်း ကျူးရှင်း ပြောပြဖူးသည်ကို လုံချင်း ပြန်သတိရလိုက်မိသည်။

သူ ပါးစပ်ဟ၍ မေးရန် ပြင်လိုက်၏။

ဧကရာဇ် လုံရှင်း၏ မြေးတော် ဆိုသည်မှာ လုံကျွင်း၏ သား မဟုတ်ပါလော။

သူ့စိတ်ထဲမှ ရှုပ်ထွေးမှုကို မြင်သည့်အလား လုံကျွင်းက ပြန်ဖြေလိုက်သည်။"ဟုတ်တယ်... ငါ့သားကလည်း ဒီသွေးမျိုးဆက် စွမ်းအားကို ဆက်ခံထားခဲ့ရတယ်။ အဲဒါကြောင့်လည်း လုံမျိုးနွယ်က ဘေးဒုက္ခနဲ့ ကြုံခဲ့ရတာ။ သူ သေသွားခဲ့ပြီ။ ငါ အသက်ရှင်နေသေးတာက ငါ့အဖေက ငါ့အဘိုးအကြောင်း ပုံပြင်တွေ ပြောပြထားလို့ပဲ။ ငယ်စဉ်ကတည်းက ငါ့ပါရမီတွေကို ဖုံးကွယ်ထားခဲ့တယ်။ ဒါပေမဲ့ ငါ့သားက စစ်ခုံရုံး အထွတ်အထိပ် ရောက်နေတဲ့ အချိန်မှာ မွေးဖွားလာပြီး သူက အရမ်း မဆင်မခြင် လုပ်ခဲ့မိတယ်"

လုံချင်းမှာ သတင်းအချက်အလက်များကြောင့် မူးဝေသွားပြီး ကျူးရှင်းလည်း ထပ်တူထပ်မျှ တုန်လှုပ်ကာ အလျင်အမြန် တွေးတောနေမိ၏။

လုံကျွင်းက လုံချင်းကို ကြည့်၍ ပြောလိုက်သည်။ "လုံမျိုးနွယ်ရဲ့ ကံကြမ္မာကို ချိုးဖျက်ဖို့ မင်း နတ်သိုင်း တစ်ခု ကျင့်ကြံဖို့ လိုတယ်"

လုံချင်း မျက်မှောင်ကြုတ်ကာ မေးလိုက်၏"ဘယ်လို နတ်ဘုရားသိုင်းလဲ"

"ကောင်းကင်နဂါး ဓမ္မပုံရိပ်... ဒီသိုင်းက မင်းနဲ့ သွေးသားတော်စပ်တဲ့ သူတွေရဲ့ ဓမ္မပုံရိပ်ကို ဖန်ဆင်းပြီး မင်းဘေးမှာ အတူတူ တိုက်ခိုက်ခိုင်းလို့ ရတယ်"

"ကျွန်တော် တတ်မြောက်သွားရင်တောင် သူတို့ရဲ့ စွမ်းအားက ကျွန်တော့် ကျင့်ကြံမှု အဆင့်ပေါ် မူတည်နေမှာ မဟုတ်ဘူးလား" လုံချင်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ နတ်ဘုရားသိုင်းအတွက် ပေးဆပ်ရမည့်အရာ ကြီးမားမည်ဟု ခံစားရသဖြင့် သူ့စိတ်က အလိုအလျောက် ငြင်းဆန်နေမိ၏။

"မဟုတ်ဘူး... ဖန်ဆင်းလိုက်တဲ့ ဓမ္မပုံရိပ်တွေရဲ့ စွမ်းအားက သူတို့ အသက်ရှင်စဉ်က ရှိခဲ့တဲ့ ကျင့်ကြံမှု အဆင့်အတိုင်းပဲ ရှိမှာ... ခက်ခဲတဲ့ အပိုင်းက သူတို့ကို ဖန်ဆင်းဖို့ပဲ... ဒါက ငါ့အဖေ ဖန်တီးခဲ့တဲ့ သိုင်းကွက်ပဲ… ဒါ ငါ့အဘိုးဆီကနေ ဉာဏ်လင်းရပြီး ဖန်တီးခဲ့တာလို့ ပြောတယ်... သူပြောတာတော့ ငါ့အဘိုးရဲ့ သိုင်းက ပိုတောင် စွမ်းအားကြီးသေးတယ် တဲ့... ဒါပေမဲ့ ကံဆိုးတာက ငါ တစ်ခါမှ မမြင်ဖူးလိုက်ဘူး" လုံကျွင်းက ရှင်းပြလိုက်သည်။

"ဒီသိုင်းကို သင်ယူဖို့ ဘာပေးဆပ်ရမလဲ" လုံချင်းက အသက်ပြင်းပြင်း ရှူသွင်းရင်း မေးလိုက်၏။

လုံကျွင်းက ပြန်ဖြေလိုက်သည်... "မင့်ရဲ့ တစ်ဘဝလုံး ပေးဆပ်ရလိမ့်မယ်... ဒီစွမ်းအားကို မထုတ်သုံးခင် မင်း မျိုးဆက် ချန်ထားခဲ့ပြီးရင် လုံမျိုးနွယ်ရဲ့ ကံကြမ္မာကို ချိုးဖျက်ဖို့ မင်းကိုယ်မင်း စွန့်လွှတ်ရလိမ့်မယ်။ အဲဒါ တစ်ခုတည်းသော နည်းလမ်းပဲ"

တစ်ခုတည်းသော နည်းလမ်း ဟုတ်လား။

လုံချင်း၏ မျက်မှောင်များ တွန့်ချိုးသွားပြီး အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ့အတွေးများက သူ့ဆရာထံသို့ ရောက်သွား၏။

သူ့ကံကြမ္မာကြောင့် သူ့ဆရာ ထွက်ခွာသွားခဲ့ခြင်းလော။

ဒါပေမဲ့ အဲဒါသာ အမှန်ဆိုရင် စီနီယာအစ်မ အန်ရှင်းက သူ့ဆရာ ကိုယ်စား သူ လိုက်သွားချင်သလား ဆိုပြီး ဘာလို့ လာမေးရတာလဲ။

လုံချင်းက လုံကျွင်းကို မော့ကြည့်ပြီး မေးလိုက်၏။"ဒါဆို ခင်ဗျား ကျွန်တော့် ဆရာကို သိလား"

အခန်း ၅၃၈ လုံမျိုးနွယ်၏ စွမ်းအား

"မင်းဆရာ ဟုတ်လား..."

လုံကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့လေသံတွင် ရှုပ်ထွေးမှုများ ပါဝင်နေကာ ဖယောင်းကြယ်တာရာဘက်သို့ အကြည့်ရွှေ့လျက် မေးလိုက်သည်။"သူကလွဲလို့ မင်းမှာ တခြားဆရာ ရှိသေးလို့လား"

ထိုစကားကို ကြားလိုက်ရသည့်အခါ လုံချင်းနှင့် ကျုးရှင်းတစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ၏။

လုံကျွင်းက ဒီအကြောင်းကို တကယ် မသိတာပဲ။

ဒါက ဘာကို ဆိုလိုတာလဲ။

ကုအန်၏ တာအိုကျင့်ကြံမှုက လုံကျွင်းထက် သာလွန်နေသည်ဟု ဆိုလိုတာလား။

လုံကျွင်းသည် တကယ်ပင် အတိတ်မှ လာသူ ဖြစ်နိုင်သည် ဟုလည်း ဆိုလိုနိုင်၏။ အကယ်၍ သူသာ လက်ရှိခေတ်တွင် ရှင်သန်နေသူ ဖြစ်ပါက ဆရာသခင်ဓားအရှင်၏ အမည်ကို မသိဘဲ နေစရာ အကြောင်း မရှိပေ။

သူတို့၏ အမူအရာများကို မြင်လိုက်ရသည့်အခါ လုံကျွင်းက လက်ကို ချက်ချင်း မြှောက်၍ လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်သည်။

အကယ်၍ လုံကျွင်းသာ လုံချင်း၏ နောက်ခံလူကို တွက်ချက်မရနိုင်ဘူး ဆိုလျှင် အနာဂတ်သည် သူမြင်ခဲ့သကဲ့သို့ ဖြစ်လာချင်မှ ဖြစ်လာမည် မဟုတ်ပါလောဟု တွေးမိကာ ကျူးရှင်း ရုတ်တရက် စိတ်သက်သာရာ ရသွား၏။

သူ လုံချင်းကို ရွေးချယ်ခဲ့ခြင်းမှာ လုံချင်း၏ သွေးမျိုးဆက်ကြောင့်သာ မဟုတ်ဘဲ လုံချင်း၏ နောက်ခံကြောင့်လည်း ပါဝင်သည်။

သူ့အမြင်တွင် သက်ရှိအားလုံးကို သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ လက်မှ ကာကွယ်ရန် ဆရာသခင်ဓားအရှင်က အဘယ်ကြောင့် ဝင်ရောက် ဆောင်ရွက်ခဲ့သနည်း။ လုံချင်းကို ကာကွယ်ရန် မဟုတ်လျှင် အဘယ်ကြောင့်နည်း။

တိုက်ဆိုင်မှုတွေက များလွန်းနေသည်။ လုံချင်းမှာ လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခံနေရသော်လည်း လျှို့ဝှက် မဟာစွမ်းအားရှင် တစ်ဦး၏ ကာကွယ်မှုကို ရရှိထားသည်မှာ သေချာပေါက် မသိရှိရသေးသော အကြောင်းရင်းနှင့် အကျိုးဆက်များ ရှိနေ၍သာ ဖြစ်ပေမည်။

လုံချင်းက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ မေးလိုက်သည်”ခင်ဗျားက ကျွန်တော့် ဘိုးဘေး အစစ်ဆိုရင် ဒီလောကထဲမှာ လုံမျိုးနွယ် ဘယ်နှယောက် အသက်ရှင် ကျန်သေးလဲ ဆိုတာ တွက်ချက်ပေးနိုင်မလား"

အသက်အရွယ် ရလာပြီး အတွေ့အကြုံ ရင့်ကျက်လာသည်နှင့်အမျှ လုံချင်းသည် မိုက်မဲသူ တစ်ဦး မဟုတ်တော့ချေ။ သူ့ဆရာက သူ့ကို မတော်တဆ တွေ့ရှိခဲ့ခြင်း မဟုတ်ကြောင်း သူ ခံစားမိသည်။ တိုက်ဆိုင်မှု ဖြစ်သည် ဆိုလျှင်ပင် သူ့ဇာစ်မြစ်ကို သိမြင်ပြီးမှ အဘယ်ကြောင့် သူ့ကို တပည့်အဖြစ် လက်ခံခဲ့သနည်း။

မည်သို့ပင် တွေးတောစေကာမူ သူ့ဆရာသည်လည်း လုံမျိုးနွယ်ဝင် တစ်ဦး ဖြစ်နိုင်သည်ဟု သူ ခံစားနေရ၏။

ကုအန်နှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ တွက်ချက်၍ မရသဖြင့် လုံကျွင်းက ပြောလိုက်သည်"ငါ တွက်ချက်ပြီးပြီ... မင်းနဲ့ ငါပဲ ရှိတော့တယ်"

သူက မျက်မှောင်ကြုတ်၍ တုံ့ဆိုင်းစွာ မေးလိုက်၏"မင်းမှာ တခြားဆရာ ရှိနေတာလား"

"ဟုတ်တယ်။ သူသာ ဝင်မပါခဲ့ရင် ကျွန်တော် သေတာ ကြာပြီ" လုံချင်းက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားပြီးနောက် လုံကျွင်း၏ မျက်မှောင်များ ပြေလျော့သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏"မရှင်းလင်းတဲ့ နေရာတွေ အများကြီး ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး"

လုံချင်း ထပ်မပြောတော့ဘဲ လုံကျွင်း ပြောပြခဲ့သည့် နတ်သိုင်းများ အကြောင်းကို စတင် ချင့်ချိန် စဉ်းစားလိုက်သည်။

သူ့တွင် အားကိုးစရာ ဆရာရှိနေသော်လည်း ထိုဆရာသည် လုံမျိုးနွယ် မဟုတ်ခဲ့လျှင် ဤကြိုတင် သတ်မှတ်ထားသော ကံကြမ္မာ ဝဋ်ကြွေးထဲသို့ သူ့ဆရာကို မည်သို့ ဆွဲထည့်ရက်မည်နည်း။

"မင်းဆရာက ဘယ်သူပဲ ဖြစ်ဖြစ် သူက လုံမျိုးနွယ်နဲ့ သွေးသားတော်စပ်မှု မရှိဘူး ဆိုတာ ငါ အတည်ပြုနိုင်တယ်။ နောက်ဆုံးကျရင် မင်းကပဲ ငါတို့ မျိုးနွယ်ရဲ့ ကံကြမ္မာကို ထမ်းပိုးရမှာ" လုံကျွင်းက လုံချင်းကို လေးနက်စွာ ပြောလိုက်သည်။

မဟာတာအိုသည် မည်မျှ ကျယ်ပြန့်ကြောင်း သူ၏ မြင့်မားသော ကျင့်ကြံမှု အဆင့်ကြောင့် နားလည်ထားသဖြင့် လုံချင်း၏ ဆရာအကြောင်း ထပ်မမေးတော့ပေ။ ကောင်းကင်အထက် ကောင်းကင် ရှိနေကြောင်း၊ ရပ်တန့်နေသူသည် မည်သည့်အခါမျှ အသန်မာဆုံး ဖြစ်မလာနိုင်ကြောင်း၊ စစ်ခုံရုံး၏ ဖမ်းဆီးမှုကို ခံရပြီး အသန်မာဆုံး မဟုတ်ခဲ့သူအဖို့ သူ နားမလည်နိုင်သော လူများနှင့် ကိစ္စရပ်များကို ကြုံတွေ့ရခြင်းမှာ ပုံမှန်သာ ဖြစ်ကြောင်း သူ သိနားလည်သည်။

အနည်းဆုံး လုံချင်း၏ ဆရာသည် လုံချင်းကို ဒုက္ခမပေးကြောင်း သူ သေချာနိုင်ပြီး ထိုမျှဖြင့် လုံလောက်ပေသည်။ ထို့ပြင် သူသည်လည်း သူ့ဘဝတွင် ကျေးဇူးရှင် အများအပြားနှင့် တွေ့ဆုံခဲ့ဖူးသည်။

လုံချင်း နှုတ်ဆိတ်သွား၏။ လုံကျွင်းက ဆက်ပြီး ဖိအားမပေးတော့ဘဲ အဝေးတစ်နေရာသို့ ငေးကြည့်ကာ အတွေးလွန်နေသည်။

ကျူးရှင်းသည် စစ်ခုံရုံးမှာ အားကောင်းသော်လည်း ထွက်ပေါက် ရှိနေသေးကြောင်း၊ သဘောမတူရန် လုံချင်းကို စိတ်ချင်းဆက်သွယ်၍ သတိပေးလိုက်၏။

သူ့အမြင်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့် စစ်ခုံရုံးတို့က ယခုအချိန်ထိ လုံချင်းကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသည်က သက်သေပင် ဖြစ်သည်။

လုံချင်း ပြန်မပြောပေ။

ကုအန် ထွက်ခွာသွားချိန်မှစ၍ လုံချင်းသည် ကျူးရှင်း ကိုသာအသုံးပြုတော့မည် ဖြစ်ပြီး သူ့ဆရာကို ဒုက္ခမပေးတော့ဟု သစ္စာဆိုခဲ့သည်။ သို့သော် ကျူးရှင်းနှင့် ယှဉ်လျှင် အဆမတန် စွမ်းအားကြီးမားပြီး စစ်ခုံရုံး၏ ဖိနှိပ်ခြင်းကို ခံထားရသည့် အတိတ်မှ လာသော လုံကျွင်းကို ရင်ဆိုင်ရချိန်တွင် ကောင်းကင်နဂါး ဓမ္မပုံရိပ်ကိုသာ သူ လက်လွှတ်လိုက်လျှင် အဘယ်အရာကို သူ အားကိုးရမည်နည်း။

အရေးအကြီးဆုံးမှာကောင်းကင်နဂါး ဓမ္မပုံရိပ်သည် လုံမိသားစု၏ ဘိုးဘေးများကို ဆင့်ခေါ်နိုင်ခြင်းပင်။

ယခင်ဘဝတွင် ဖြစ်စေ၊ ယခုဘဝတွင် ဖြစ်စေ အထွတ်အထိပ် ရောက်ခဲ့သော လုံမျိုးနွယ်ကို သူ အမြဲ တောင့်တခဲ့သည်။ လုံမျိုးနွယ် မည်မျှ အားကောင်းခဲ့သဖြင့် သူ့ကို တစ်ဘဝလုံး ဒုက္ခရောက်စေခဲ့သည်ကို သူ သိချင်၏။

အခက်အခဲများ ကြီးမားလေလေ၊ မိမိ၏ သွေးမျိုးဆက် စွမ်းရည်ကို သူ ပို၍ မျှော်လင့်မိလေလေ ဖြစ်၏။

အကယ်၍ လုံမိသားစု ဘိုးဘေးများနှင့်အတူ သူ တိုက်ခိုက်နိုင်မည် ဆိုလျှင် အသက်ပေးရမည် ဆိုလျှင်ပင် တန်ပေသည်။

သူ အသက်ရှင်ခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး လူ့လောက၏ အခါးနှင့် အချိုကို မြည်းစမ်းခဲ့ပြီးပြီ ဖြစ်ရာ သူ တစ်ခါမှ မရရှိခဲ့ဖူးသော အရာကို လိုက်စားရန် အချိန်တန်ပြီ ဖြစ်သည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လုံချင်း၏ အကြည့်က လုံကျွင်းအပေါ်သို့ ကျရောက်သွားကာ သူ ပြောလိုက်သည်"ကျွန်တော် ကောင်းကင်နဂါးဓမ္မပုံရိပ်နတ်သိုင်းကို ကျင့်ကြံပါ့မယ်"

လုံကျွင်း ချက်ချင်း ပြုံးလိုက်ပြီး သူ့ကို ကြည့်လိုက်သည့် မျက်လုံးများ ပြောင်းလဲသွား၏။ ကျူးရှင်းထပ်မံ ဖျောင်းဖျရန် ပြင်လိုက်သော်လည်း လုံကျွင်းက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ သူ လွင့်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် အခြားလူတစ်ဦးကလည်း သူတို့ကို စောင့်ကြည့်နေခဲ့၏။ ထိုသူမှာ သက်တမ်းတာအိုနယ်မြေတွင် ဝေးကွာစွာ ရှိနေသော ကုအန်ပင် ဖြစ်သည်။

လုံကျွင်းတွင် လုံမျိုးနွယ် သွေးမျိုးဆက် အမှန်တကယ် ရှိကြောင်းနှင့် ရှုပ်ထွေးသော ကံတရား ရှိနေကြောင်း ကုအန် ခံစားမိလိုက်သည်။ သူက ဤလောကနှင့် မသက်ဆိုင်ဘဲ အတင်းအဓမ္မ ဝင်ရောက်လာသူ ဖြစ်သဖြင့် ကောင်းကင်တာအိုက သူ့ကို မောင်းထုတ်ချင်နေသကဲ့သို့ ဖြစ်နေ၏။

လုံကျွင်း ထုတ်ပြလိုက်သော ဓားနယ်မြေကို ကြည့်ခြင်းအားဖြင့် သူ၏ ကျင့်ကြံမှု အဆင့်သည် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ ပြည့်စုံခြင်း အဆင့်တွင် ရှိနေပြီး ဤဓားနယ်မြေသည် တာအိုသစ်အသီး ကမ္ဘာ၏ အခြေခံပုံစံ ဖြစ်သည်။ ဓားနယ်မြေက ကမ္ဘာတစ်ခု ဖြစ်လာချိန်သည် လုံကျွင်း မူလဘူတရွှေအမတ အဆင့်သို့ ဝင်ရောက်မည့် အချိန်ပင်။

သို့သော် လုံကျွင်း ပြောသည့် စကားအရ သူ၏ အနာဂတ်မှာ ဖိနှိပ်ခံထားရပြီး ဖြစ်သဖြင့် သူ၏ လက်ရှိ အဆင့်မှာ သိပ်အရေးမကြီးတော့ပေ။

ယခုအချိန်တွင် ကုအန်က သူ့ကို လမ်းညွှန်ပေးလိုက်လျှင်ပင် သူ့ကံကြမ္မာကို ပြောင်းလဲရန် အလွန် ခက်ခဲပေလိမ့်မည်။

သို့သော် ကုအန် သူ့ကို လမ်းညွှန်ပေးမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ့ကံတရားသည် အတိတ်တွင် ရှိနေသောကြောင့် ဖြစ်သည်။ အတိတ်ကို ဝင်ရောက် စွက်ဖက်ခြင်းသည် ပစ္စုပ္ပန်တွင် ပြဿနာများကို ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

ကုအန် တစ်ခုတော့ စဉ်းစားရ ကြပ်နေသည်။ လုံကျန့်၏ သက်တမ်း ဆင့်ကဲပြောင်းလဲခြင်း စွမ်းရည်က မျိုးဆက်များထံ မည်သို့ လက်ဆင့်ကမ်း ရောက်ရှိသွားရသနည်း။

အခြားအကြောင်းရင်း တစ်ခု ရှိလိမ့်မည်ဟု သူ သံသယ ဝင်မိသည်။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့် စစ်ခုံရုံးတို့က လုံကျွင်း၏ သားသည် လုံကျန့်၏ စွမ်းရည်များကို ဆက်ခံထားသည်ဟု အထင်မှားကာ လုံမျိုးနွယ်၏ သွေးမျိုးဆက်သည် ထူးခြားသည်ဟု သတ်မှတ်လိုက်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

မည်သို့ပင် ဖြစ်စေ လုံကျွင်းသည် ကုအန်၏ မြေးတော် ဖြစ်နေပြီး ပြန်လည်ဝင်စားသူ ဖြစ်နေသော်လည်း သူ့အနေဖြင့် လျစ်လျူရှုထား၍ မရပေ။

ကောင်း၏။ယခုတွင် စစ်ခုံရုံးကို ရှင်းပစ်ရန် သူ့တွင် အကြောင်းပြချက် တစ်ခု တိုးလာပြီ ဖြစ်သည်။

အမှန်စင်စစ် သူ စတင် တိုက်ခိုက်ခြင်း မပြုလျှင်ပင် စစ်ခုံရုံးက သူ့ကို ဆက်လက် နှောင့်ယှက်နေဦးမည် ဖြစ်သော်လည်း ယခုအခါ လှုပ်ရှားရန် မလွှဲမရှောင်သာသော အကြောင်းပြချက် ရလာပြီ ဖြစ်သဖြင့် စစ်ခုံရုံးကို ရင်ဆိုင်ရန် သူ ပို၍ ဆုံးဖြတ်ချက် ခိုင်မာသွားပြီ ဖြစ်သည်။

သစ်ပင်အောက်တွင် ကုအန်သည် ကံကြမ္မာဆုံးဖြတ်ကလောင်တံနှင့် အန္တိမဓားကျမ်းကို ထုတ်လိုက်၏။

ရန်သူကို သတ်ရန် နည်းလမ်းများစွာ ရှိသည်မဟုတ်လော။

လုံကျွင်းက စစ်ခုံရုံးသခင်၏ အမည်ကို ထုတ်ပြောမည့်အချိန်ကို သူ စောင့်ဆိုင်းရင်း လုပ်ဆောင်ရမည့်အရာမှာ ထိုအရာပင် ဖြစ်သည်။

လုံကျွင်း ပြောသော ကောင်းကင်နဂါး ဓမ္မပုံရိပ်နှင့် ပတ်သက်၍မူ ကုအန်က အလေးအနက် မထားပေ။ လုံကျန့်သည် ကောင်းကင်နဂါး ပြန်လည်ဝင်စားခြင်း ဓမ္မပုံရိပ် ဖန်တီးခြင်း အစောပိုင်း အဆင့်ကို လုံရှင်းနှင့် ဆွေးနွေးခဲ့ဖူးသော်လည်း လုံရှင်းသည် စစ်မှန်သော ကောင်းကင်နဂါး ပြန်လည်ဝင်စားခြင်း ဓမ္မပုံရိပ်ကို မသင်ယူခဲ့ရချေ။

ကုအန်သည်လည်း ဤနတ်သိုင်းကို ရံဖန်ရံခါ ကျင့်ကြံလေ့ရှိပြီး ပြန်လည်ဝင်စားသူကို ဆင့်ခေါ်နိုင်ခဲ့သည်။

လုံကျန့်၊ ယန်ရှန်း၊ လုဟန်၊ ကျိ၊ လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်နှင့် အခြားသူများတွင် ကိုယ်ပိုင် ပါရမီများ ရှိကြသည်။ တစ်နေ့တွင် ကုအန်က လက်ကို ခန့်ညားစွာ ဝှေ့ယမ်းလိုက်ပြီး ပြန်လည်ဝင်စားသူများ သူ့ရှေ့တွင် ပေါ်လာမည့် အချိန်သည် ကြောက်မက်ဖွယ် ကောင်းလိမ့်မည် ဖြစ်ပြီး သူကိုယ်တိုင်ပင် ခန့်မှန်း၍ မရနိုင်ချေ။

အနာဂတ်တွင် သူသည် သက်တမ်း ပြန်လည်မွေးဖွားခြင်းကို ဆက်လက် ပြုလုပ်သွားဦးမည် ဖြစ်ရာ ကောင်းကင်နဂါး ပြန်လည်ဝင်စားခြင်း ဓမ္မပုံရိပ်သည် ပို၍သာ စွမ်းအားကြီးလာပေလိမ့်မည်။

လုံကျွင်းက နတ်သိုင်းများကို စတင် သင်ကြားပေးနေသည်ကို မြင်လိုက်ရသဖြင့် ကုအန်က သူ၏ နတ်စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ဆက်လက် အိပ်စက်လိုက်၏။

ကျွယ်၏ အတွေ့အကြုံများနှင့်အတူ အိပ်မက်မက်ရန်၊ အနာဂတ်၏ မဟာတာအို ကမ္ဘာများဆီသို့ လှည့်လည်သွားလာရန် သူ ပြင်ဆင်လိုက်သည်။

အတိတ်ကို နားလည်သဘောပေါက်ရန် မဟာတာအို၏ မူလအစကို လိုက်စားရန် အနာဂတ်သို့ လှည့်လည်သွားလာရန် ဆိုသည်မှာလည်း မဟာတာအို၏ ဦးတည်ချက်ကို လိုက်စားခြင်းပင် ဖြစ်သည်။

...

လုံကျွင်းသည် သူ၏ နာမည်ရင်းကို ဖုံးကွယ်၍ တတိယဆေးတောင်ကြားတွင် အခြေချ နေထိုင်လိုက်သည်။ ဆေးတောင်ကြားတွင် သူ နေထိုင်သည်မှာ ကြာလာသည်နှင့်အမျှ ဂိုဏ်းသားများက သူ့ကို စီနီယာဖြူ ဟု ခေါ်ဝေါ်လာကြ၏။

Senior in White - စီနီယာဖြူ

သူသည် ရံဖန်ရံခါ လုံချင်း၏ တပည့်ရင်းများကို ကျင့်ကြံခြင်း၌ လမ်းညွှန်ပေးလေ့ရှိသော်လည်း အများအားဖြင့် ကုအန် တည်ထောင်ခဲ့သော နယ်မြေတွင် အခြားသူများနှင့် ကျားကစားကာ ကျားကစားပွဲထဲမှ တာအိုကို ဆင်ခြင်သုံးသပ်လေ့ ရှိသည်။

တစ်ခဏအတွင်းမှာပင်ဆယ်နှစ် အချိန်ကာလ လျင်မြန်စွာ ကုန်ဆုံးသွား၏။

တစ်နေ့တွင် လုံကျွင်းသည် အပြင်ဘက်ဂိုဏ်းမြို့တော်ရှိ ကောင်းကင်ဖာထေး စင်မြင့်သို့ ရောက်လာသည်။ အဓိပတိဂိုဏ်းသို့ ရောက်ကာစက ဆရာသခင်ဓားအရှင်၏ ဒဏ္ဍာရီကို ကြားခဲ့ဖူးသော်လည်း ယခင်က သူ၏ အာရုံသည် လုံချင်းအပေါ်တွင်သာ ရောက်နေခဲ့သည်။

လုံချင်း၏ ဆရာသည် ဆရာသခင်ဓားအရှင် ဖြစ်ပြီး ကောင်းကင်ဝိညာဉ်နယ်မြေကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးကြောင်း ယခု သူ နားလည်လိုက်ပြီ ဖြစ်ရာ ဆရာသခင်ဓားအရှင်နှင့် ပတ်သက်၍ သူ စိတ်ဝင်စားသွားမိသည်။

ဒီနေ့တော့ ဆရာသခင်ဓားအရှင်၏ ဓားစိတ်ဆန္ဒကို သူ ကိုယ်တွေ့ ခံစားကြည့်ပေတော့မည်။

သူသည်လည်း ဓားကျင့်ကြံသူ တစ်ဦး ဖြစ်သည် မဟုတ်ပါလော။

ကောင်းကင်ဖာထေး စင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ့မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးလိုက်သည်။

နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကောင်းကင်ဖာထေး စင်မြင့်တွင် လူများ ပြည့်နှက်နေဆဲပင်။ အဓိပတိဂိုဏ်းသို့ ရောက်လာသူတိုင်း ဂိုဏ်း၏ ဒဏ္ဍာရီလာ အမွေအနှစ်ကို ခံစားချင်ကြသည်။

လူအုပ်ကြီးကို ဖြတ်ကျော်ပြီးနောက် လုံကျွင်းသည် ကောင်းကင်ခွဲ ပုဆိန်ရှိရာသို့ ရောက်လာ၏။ ကောင်းကင်ခွဲ ပုဆိန်ဘေးတွင် ရပ်နေသော ကျိုးရိကျန်သာ် လုံကျွင်းကို တစ်ချက် ကြည့်လိုက်ရာ သူ၏ ထူးခြားသော ဟန်ပန်ကြောင့် မဟာကျင့်ကြံသူ တစ်ဦး ဖြစ်ရမည်ဟု ယူဆလိုက်သည်။ သို့သော် ထိုသို့ ထင်မြင်သော်လည်း ကျိုးရိကျန်က ယဉ်ကျေးမနေဘဲ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "နောက်ပြန်ဆုတ်ပြီး တန်းစီစမ်း"

အခန်း ၅၄၈ ဓားတာအိုကို လက်ခံခြင်း

"တန်းစီရမယ်.."

လုံကျွင်း၏ အကြည့်က ကျိုးရိကျန်ထံသို့ ရောက်သွားပြီး သူ၏ မျက်လုံးများတွင် ဂရုမစိုက်သည့်အမူအရာများ ပေါ်နေသည်။ သူ စကားမပြောဘဲ လှည့်ထွက်ကာ ရှည်လျားသော လူတန်းကြီး၏ အနောက်ဘက်သို့ လျှောက်သွားလိုက်၏။

ဤဖြစ်ရပ်လေးက အာရုံစိုက်မှု သိပ်မရလိုက်ချေ။ ယနေ့ခေတ်တွင် အဓိပတိဂိုဏ်း၌ ထူးခြားသော ဟန်ပန်ရှိသည့် မဟာကျင့်ကြံသူများနှင့် တွေ့ရခြင်းမှာ မဆန်းတော့သလို တန်းမစီသူများကို တွေ့ရခြင်းကလည်း မဆန်းတော့ချေ။

သို့သော် ကျိုးရိကျန် ရှိနေသမျှ စည်းကမ်း ပျက်ပြားမည့် အဖြစ်မျိုး ရှိမည် မဟုတ်ပေ။

ကျိုးရိကျန်၏ ဘက်လိုက်မှုမရှိ တင်းကျပ်သော ပုံစံကြောင့် သူသည် ကြီးမားသော ဂုဏ်သတင်းကို ရရှိထားသည်။ သူ့ကို သဘောမကျသူများ ရှိသော်လည်း တိတ်တဆိတ် စုံစမ်းမေးမြန်းပြီးနောက် မည်သူကမျှ သူ့ကို ပြဿနာ မရှာရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဆရာသခင်ဓားအရှင်၏ အမွေအနှစ်ကို ဆက်ခံထားရသည့် တပည့်တစ်ဦးနီးပါး ဖြစ်နေသောကြောင့်ပင်။

ထိုကဲ့သို့သော အဆင့်အတန်းမျိုးဖြင့် အဓိပတိဂိုဏ်းသည် သူ့ကို မြှောက်စားထားရန် ဝန်မလေးပေ။ ကျိုးရိကျန်က စကားအများကြီး မပြောဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်စေသဖြင့် လုံကျွင်း၏ အလှည့် ရောက်ရန် တစ်နာရီခန့်သာ ကြာလိုက်သည်။

ကျိုးရိကျန်က လုံကျွင်းကို စိုက်ကြည့်လိုက်၏။ ဤလူတွင် ထူးခြားသော တစ်စုံတစ်ရာ ရှိနေကြောင်း သူ အမြဲ ခံစားနေရသည်။ တစ်ဖက်လူက ကောင်းကင်ခွဲ ပုဆိန်ကို မှမနိုင်လောက်ဟု သူ ထင်သော်လည်း တစ်ဖက်လူ ဘာလုပ်နိုင်မလဲ ဆိုသည်ကို သူ သိချင်နေမိသည်။

ကောင်းကင်ဖာထေး စင်မြင့်ကို စောင့်ကြပ်ရင်း ကုန်ဆုံးခဲ့သော ရှည်လျားသည့် နှစ်ကာလများတွင် မည်မျှ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလိုက်သနည်း။ သို့သော် သူ့လုပ်ရပ်များက ဆရာသခင်ဓားအရှင်ကို စိတ်လှုပ်ရှားစေလိမ့်မည်ဟု ယုံကြည်ပြီး ကျိုးရိကျန် သည်းခံခဲ့သည်။ သူ မျှော်မှန်းထားသည့်အရာမှာ သာမန်လူများ၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်နေ၏။

ဆရာသခင်ဓားအရှင် ထွက်ခွာသွားပြီးနောက် အဘယ်ကြောင့် ဆက်လက် စောင့်ကြပ်နေသနည်း ဆိုသည်ကို သူ့မျိုးဆက်များပင် နားမလည်နိုင်ကြချေ။

လုံကျွင်းက ကောင်းကင်ခွဲ ပုဆိန်နားသို့ ကပ်သွားပြီး ညာဘက်လက်ဖြင့် လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်။

သူက ဆရာသခင်ဓားအရှင်၏ စွမ်းအားကို ခံစားကြည့်ချင်ရုံ သက်သက်သာ ဖြစ်သည်။ ပုဆိန်ကို အမှန်တကယ် ဆွဲထုတ်ရန် ရည်ရွယ်ချက် မရှိသလို အခြားသူများ၏ အခွင့်အရေးကို ဖျက်ဆီးလိုစိတ်လည်း မရှိပေ။

ဆရာသခင်ဓားအရှင်က စွမ်းအားကြီးသည်ဟု ကြားဖူးသော်လည်း သူ့ထက် ပိုစွမ်းအားကြီးမည်ဟု သူ မထင်ခဲ့ချေ။ သို့သော် ကောင်းကင်ခွဲ ပုဆိန်ကို ကိုင်လိုက်သည်နှင့် သူ့မျက်မှောင်များ ချက်ချင်း တွန့်ချိုးသွား၏။

လေးလိုက်တာ။

ပုဆိန်ကို ကိုင်ထားရခြင်း မဟုတ်ဘဲ ကောင်းကင်ဝိညာဉ်နယ်မြေ တစ်ခုလုံးကို ကိုင်ထားရသကဲ့သို့ ခံစားလိုက်ရသည်။စတင် ထိတွေ့လိုက်ချိန်မှာပင် ပုဆိန်ကို သူ မနိုင်မှန်း သိလိုက်ရ၏။ ဆရာသခင်ဓားအရှင်၏ ကျင့်ကြံမှု အဆင့်သည် သူ့လက်ရှိ အဆင့်ထက် မြင့်မားနေသည်။

ရွှေအမတတာအိုအသီးနယ်ပယ် ။

လုံကျွင်း၏ နှလုံးသားထဲတွင် မုန်တိုင်းထန်သွား၏။ လုံချင်းကို စောင့်ရှောက်ပေးနေသော ဤမျှ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်မျိုး၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်နိုင်မည်နည်း။

ယခင်က သူ ဂရုမစိုက်ခဲ့သော်လည်း ဆရာသခင်ဓားအရှင်က သူ ထင်ထားသည်ထက် ပိုမို စွမ်းအားကြီးကြောင်း သိလိုက်ရသည့်အခါ သူ ပိုပြီး တွေးတောမိလာသည်။

အကြောင်းရှိရင် အကျိုး ရှိစမြဲပဲ။

ဆရာသခင်ဓားအရှင်က လုံချင်းအပေါ် အကောင်းမြင်ရုံ သက်သက် (သို့မ) သနားကြင်နာစိတ် သက်သက်ကြောင့်သာ ဆိုလျှင် လုံချင်းကို ဤမျှ ပြင်းပြင်းထန်ထန် ကာကွယ်ပေးရန် လိုအပ်ပါမလား။

စစ်ခုံရုံးကို ပြစ်မှားပြီးနောက် အဘယ်ကြောင့် ဆရာသခင်ဓားအရှင်က လုံချင်းနှင့် ပတ်သက်မှု အားလုံးကို မဖြတ်တောက်လိုက်ရသနည်း။

လုံကျွင်းမှာ မျက်မှောင်ကြီး တွန့်ချိုးလျက် နက်နဲသော အတွေးများထဲသို့ မျောပါသွား၏။

အခြားတစ်ဖက်တွင်မူ ကျိုးရိကျန်မှာ စိတ်မရှည် ဖြစ်လာပြီး ပြောလိုက်သည်"မဆွဲထုတ်နိုင်ရင် ထွက်သွားတော့။ အချိန်မဖြုန်းနဲ့"

ထိုစကားကို ကြားလိုက်ရသည့်အခါ လုံကျွင်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားရာ ကျိုးရိကျန်မှာ သေမင်း၏ ထိတ်လန့်ဖွယ်ရာကို တစ်ခဏတာ ရင်ဆိုင်လိုက်ရသကဲ့သို့ အတွင်းစိတ်ထဲမှ လန့်ဖျပ်သွားမိသည်။

ကံကောင်းသည်မှာ လုံကျွင်းက သူ့ကို အရေးမလုပ်ဘဲ လှည့်ထွက်သွားခြင်းပင်။

ကျိုးရိကျန်သည် သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားသော လုံကျွင်း၏ ကျောပြင်ကို ကြောက်ရွံ့မှုများ၊ ပိုမို သိချင်စိတ်များနှင့်အတူ ကြည့်နေလိုက်သည်။

အခြားတစ်ဖက်တွင်မူဝေးကွာလှသော သက်တမ်းတာအိုနယ်မြေတွင် ကုအန်မှာ တိတ်တခိုး ကျေနပ်နေ၏။ ကံကောင်းစွာဖြင့် သူသည် ကောင်းကင်ခွဲ ပုဆိန်ထဲရှိ စွမ်းအားကို ကြိုတင် မြှင့်တင်ထားခဲ့သည်။ သို့မဟုတ်ပါက ထိုကောင်လေးသာ ပုဆိန်ကို မနိုင်ခဲ့လျှင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။

လုံကျွင်းသည် ဤခေတ်နှင့် သက်ဆိုင်သူ မဟုတ်ပေ။ ကောင်းကင်ခွဲ ပုဆိန်၏ အမွေအနှစ်ကို ရရှိသွားခြင်းသည် ကုအန်၏ မျိုးဆက်များအတွက် ရည်ရွယ်ထားသော အခွင့်အရေးကို လုယူလိုက်ခြင်းနှင့် တူပေသည်။ ထို့ပြင် ပုဆိန်၏ စွမ်းအားကို အတိတ်သို့ ယူဆောင်သွားပါက ကုအန်အတွက် ပြဿနာ ဖြစ်စေနိုင်သည်။

"လူတိုင်း ပိုသန်မာလာဖို့ ကြိုးစားနေကြတာပဲ... မင်းတို့အားလုံး ဘယ်လို ရုန်းကန်ကြမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"

အိမ်ထဲတွင် စာဖတ်နေသော ကုအန်၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ကျူရှီးက အင်မော်တယ် ရှာဖွေသူ၏ လမ်းညွှန်မှုအောက်တွင် တာအိုအန္တိမသိုင်းကို ကျင့်ကြံနေပြီး လီယက သတ်ဖြတ်ခြင်းဓားဘိုးဘေး ထံမှ ဓားတာအိုကို သင်ယူနေကာ လုံချင်းက ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျင့်ကြံရာတွင် လုံကျွင်းနောက်သို့ လိုက်နေခဲ့သည်။

ပြီးနောက် ကောင်းကင်တာအို ရွှေအမြုတေ၏ စွမ်းအားကို နားလည်သဘောပေါက်နေဆဲ ဖြစ်သော အန်ဟောင်လည်း ရှိသေး၏။

တစ်နေ့တွင် ဤလေးယောက် ထိပ်တိုက်တွေ့ကြမည် ဖြစ်ပြီး လောက၏ စွမ်းအား အားပြိုင်မှုကိုပင် သက်ရောက်မှု ရှိလာနိုင်သည်။

မဟုတ်သေးဘူး။ ဒီလေးယောက်က မတူညီတဲ့ အင်အားစုတွေကို ကိုယ်စားပြုပြီးသားပဲ။

သူလည်း ဝင်ပါရပေဦးမည်။ အခြားအရာအတွက် မဟုတ်ဘဲ သူ့နောက်သို့ လိုက်ခြင်းသည်သာ အကောင်းဆုံး လမ်းကြောင်း ဖြစ်ကြောင်း သက်သေပြရန် ဖြစ်သည်။

ပျော်ရွှင်ဖွယ်ရာများကို တွေးမိရင်း ကုအန်၏ မျက်နှာမှာ ပို၍တောက်ပလာခဲ့သည်။

...

နွေဦးကုန်၍ ဆောင်းဦး ရောက်လာပြီး နှစ်ပေါင်းသုံးဆယ် အချိန်ကာလ တစ်ခဏချင်း ကုန်ဆုံးသွားသည်။

မြောက်ပင်လယ် တောင်တန်း။

တောင်ကြားတစ်ခု အတွင်း၌ မြက်ခင်းပေါ်တွင် တရားထိုင်နေသော လုံချင်းက မျက်လုံးများ ဖွင့်လိုက်ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်နှင့် တောင်ကြားအတွင်းရှိ လေနှင့် လှိုင်းတံပိုးများ ငြိမ်သက်သွားကာ လွင့်မျောနေသော ပန်းပွင့်များနှင့် သစ်ပင်များ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားကြသည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး မလှမ်းမကမ်းရှိ လုံကျွင်းကို မော့ကြည့်လိုက်၏။

လုံကျွင်းသည် မြက်ခင်းပေါ်တွင် ထိုင်၍ သူ၏ ရတနာဓားကို ကိုင်ထားကာ မျက်လုံးများတွင် ဝမ်းနည်းရိပ် သဲ့သဲ့ ပေါ်နေပြီး အတွေးထဲတွင် နစ်မြောနေပုံ ရသည်။

"ဘိုးဘေး... ကျွန်တော် ဘာလို့ လုံးဝ နားမလည်နိုင် ဖြစ်နေရတာလဲ"

လုံချင်းက မေးလိုက်သည်။ ကောင်းကင်နဂါးဓမ္မပုံရိပ်နတ်သိုင်းကို ဆယ်စုနှစ်များစွာ ကျင့်ကြံခဲ့သော်လည်း အဓိက သော့ချက်ကို ရှာမတွေ့ခဲ့သဖြင့် သူ၏ ချီစုပ်ယူခြင်း ကျင့်ကြံမှုကိုလည်း ဆယ်စုနှစ်များစွာ နှောင့်နှေးစေခဲ့သည်။

သူ လက်လျှော့ချင်နေချေပြီ။

လုံကျွင်းက မျက်လုံး မဖွင့်ဘဲ ပြောလိုက်သည်။ "အဲလောက် မလွယ်ကူမနေဘူး... စိတ်မလောနဲ့။ ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို မင်း တတ်မြောက်သွားတာနဲ့ မင့်ရဲ့ ကျင့်ကြံမှု အဆင့်က ဒီရေတက်သလို တက်လာလိမ့်မယ်"

လုံချင်း စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကြီးမားသော အော်ရာတစ်ခု အဝေးမှ ထွက်ပေါ်လာပြီး မဟာကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။ အလွန် စွမ်းအားကြီးမားလှသဖြင့် သေမျိုးဝိညာဉ်များပင် ထိုကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ကြရသည်။ လုံကျွင်း မော့ကြည့်လိုက်ရာ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားသည်။

"မထင်မှတ်ဘဲ ဒီလောကထဲမှာ ဒီလို ဓားစိတ်ဆန္ဒမျိုး ရှိနေတာပဲ" လုံကျွင်းက တွေးတောဆင်ခြင်လိုက်၏။

လုံချင်းလည်း အရှိန်အဝါ လာရာဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မအံ့သြမိချေ။ ဆယ်စုနှစ် အနည်းငယ် (သို့) ရာစုနှစ် အနည်းငယ် ကြာတိုင်း မဟာစွမ်းအားရှင် တစ်ဦး တိုက်ခိုက်ခြင်း (သို့) တစ်စုံတစ်ယောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်းကြောင့် စွမ်းအားကြီးသော အရှိန်အဝါများ ပေါက်ကွဲထွက်လာလေ့ ရှိသည်။

ဘိုးဘေးထံမှ ဉာဏ်အလင်း တစ်စုံတစ်ရာ ရရှိရန် မျှော်လင့်ချက်ဖြင့် သူ လုံကျွင်းကို ပြန်လှည့်ကြည့်လိုက်သော်လည်း သူ စကားမပြောနိုင်မီ လုံကျွင်းက လေထဲတွင် ပျောက်ကွယ်သွား၏။

လုံချင်း သက်ပြင်းချလိုက်မိသည်။ လုံကျွင်းသည် ခန့်မှန်းရခက်စွာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို မည်သို့ ကျင့်ကြံရမည်ကို သူ့အား မည်သည့်အခါမျှ လမ်းညွှန်ပြသခြင်း မရှိပေ။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးရန် မနှစ်သက်သော သူ့ဆရာကို ရုတ်တရက် သတိရလိုက်မိသည်။

သူ့ရဲ့ နားလည်နိုင်စွမ်းက မမြင့်မားလို့များလား။

ထိုသို့ တွေးမိရင်း လုံချင်း၏ စိတ်အခြေအနေ ထိုးကျဆင်း၏။

အဆုံးသတ်မမြင်ရသောမြေရိုင်းပြင်ပေါ်တွင် အနက်ရောင် ဝတ်ဆင်ထားသော လီယသည် ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓားကို ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်တွင် စွမ်းအားကြီးသော ဓားချီများ ဝန်းရံနေသဖြင့် သူ၏ ဆံပင်ရှည်များ လေထဲတွင် အရိုင်းဆန်စွာ လွင့်မျောနေသည်။

"အရမ်း စွမ်းအားကြီးတာပဲ"

လီယ၏ မျက်နှာတွင် အံ့သြဝမ်းသာမှုများ ပေါ်လာ၏။ သူသည် အချုပ်အနှောင်မဲ့အမတအဆင့် သို့ ရောက်ရှိကာစ ဖြစ်သော်လည်း သူ၏ ဓားစိတ်ဆန္ဒက ဤမျှ တိုးတက်လာသည်လား။

အဝေးတွင် ရပ်နေသော သတ်ဖြတ်ခြင်းဓားဘိုးဘေးကို သူ မကြည့်ဘဲ မနေနိုင်တော့ချေ။

သတ်ဖြတ်ခြင်းဓားဘိုးဘေးက သူ့ကို ကြည့်ကာ မုတ်ဆိတ်မွေးကို သပ်ရင်း ပြောလိုက်သည် "ဒီဓားတာအိုက မြင့်မြတ်နှလုံးသားဓားတာအို ကနေ ဆင်းသက်လာတာ ဆိုပေမဲ့ စစ်မှန်တဲ့ မြင့်မြတ်နှလုံးသားဓားတာအို ဖြစ်ဖို့ အများကြီး လိုသေးတယ်။ ဒါပေမဲ့ ဒီအက်ကွဲနေတဲ့ မဟာ ကောင်းကင်နှင့် မြေကြီး ကို လွှမ်းမိုးဖို့တော့ လုံလောက်တာထက်ပိုပါတယ်"

သတ်ဖြတ်ခြင်းဓားဘိုးဘေးသည် လီယ၏ ကျင့်ကြံမှု တိုးတက်နှုန်းကို ကျေနပ်ရုံသာမက အံ့သြဝမ်းသာ ဖြစ်နေမိသည်။

ထူးဆန်းလိုက်တာ။ ဒီကောင်လေးက တစ်ချက်ကြည့်လိုက်ရင် သာမန်ကာလျှံကာ လိုပဲ။ ဆရာသခင်ဓားအရှင်နဲ့ ကံစပ်နေလို့သာ ဒီနေ့ ဒီအခြေအနေထိ ရောက်လာတာ။ မြင့်မြတ်နှလုံးသားဓားတာအိုကို ကျင့်ကြံရတာ သူ ဘာလို့ ဒီလောက် လွယ်ကူနေရတာလဲ။

သတ်ဖြတ်ခြင်းဓားဘိုးဘေး၏ အထင်မှားမှုလော မသိသော်လည်း လီယ၏ နားလည်နိုင်စွမ်း ထူးချွန်ခြင်းကြောင့် မဟုတ်ဘဲ မြင့်မြတ်နှလုံးသားဓားတာအို ကိုယ်တိုင်က သူ့ကို လက်ခံချင်နေသကဲ့သို့ ခံစားနေရသည်။

လီယသည် သတ်ဖြတ်ခြင်းဓားဘိုးဘေး၏ အတွေးများကို မသိဘဲ ကိုယ့်စွမ်းအားကိုယ် သာယာယစ်မူးနေမိ၏။

ထိုအချိန်တွင် ရုတ်တရက် ပုံရိပ်တစ်ခု သူ့ဘေးတွင် ပေါ်လာသဖြင့် သတ်ဖြတ်ခြင်းဓားဘိုးဘေး လန့်ဖျပ်သွားပြီး လီယ၏ ရှေ့သို့ လျင်မြန်စွာ ရောက်လာသည်။

လုံကျွင်းပင် ဖြစ်သည်။ လုံကျွင်းက လီယကို စိုက်ကြည့်နေပြီး သူ၏ အကြည့်များက ထူးဆန်းနေ၏။

သတ်ဖြတ်ခြင်းဓားဘိုးဘေးက လုံကျွင်းကို ကြည့်ကာ မျက်မှောင်များကို တင်းတင်းကြပ်ကြပ် တွန့်ချိုးလျက် လေးနက်သော အသံဖြင့် မေးလိုက်သည်"လူကြီးမင်း ဘာကိစ္စရှိလို့များလဲ"

လုံကျွင်း၏ အမြန်နှုန်းက မြန်လွန်းလှသည်။ မည်မျှ မြန်သနည်း ဆိုလျှင် သူ ယှဉ်နိုင်မည့် ပြိုင်ဘက် မဟုတ်ကြောင်း သတ်ဖြတ်ခြင်းဓားဘိုးဘေး သိလိုက်သည်။

လီယလည်း လုံကျွင်းကြောင့် လန့်သွားပြီး မသိစိတ်ဖြင့် ဓားကို မြှောက်လိုက်သော်လည်း လုံကျွင်းကို မြင်လိုက်ရသည့်အခါ ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွား၏။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လုံကျွင်း၏ မျက်နှာသွင်ပြင်တွင် ကုအန်နှင့် တူသော အချက်အလက် အချို့ ရှိနေသည်။ သေချာ ကြည့်လိုက်တော့လည်း မတူပြန်ချေ။

သူ့စိတ်က နောက်တစ်ကြိမ် ပေါက်ကရတွေ တွေးနေပြန်ပြီဟု ယူဆကာ လီယ သူ့ကိုယ်သူ ဆဲရေးလိုက်မိသည်။ စိတ်လျော့ရဲသွားမည် စိုးသဖြင့် ကုအန်အကြောင်း အတတ်နိုင်ဆုံး မတွေးမိအောင် သူ ကြိုးစားနေရသည်။

"စီနီယာ... ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာတာလဲ ခင်ဗျာ" လီယက နှိမ့်ချလွန်းခြင်း မရှိ၊ မောက်မာလွန်းခြင်း မရှိဘဲ မေးလိုက်သည်။

လုံကျွင်းက မေးလိုက်သည်”ဒီဓားတာအိုက ဘယ်က ရတာလဲ"

လီယက ပြန်ဖြေလိုက်၏ "ဒါက မြင့်မြတ်နှလုံးသားဓားတာအို ပါ... စီနီယာ ကြားဖူးလား မသိဘူး"

သတ်ဖြတ်ခြင်းဓားဘိုးဘေး မည်မျှ တင်းမာနေသည်ကို မြင်ရသဖြင့် လီယ အတွင်းစိတ်ထဲတွင် ထိတ်လန့်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်အောင် ထိန်းထားရသည်။

တစ်ဖက်လူသာ သူ့ကို သတ်ချင်သည် ဆိုလျှင် ထုတ်ပြလိုက်သော အမြန်နှုန်းအရ သူ တုံ့ပြန်ချိန်ပင် ရလိုက်မည် မဟုတ်ပေ။

ရန်သူ မဟုတ်လောက်ပါဘူးလေ။

All Chapters