အခန်း (၅၅၁-၅၅၂)
Vol. 43 Ch. 551-552
အခန်း ၅၅၁ - သက်တမ်း ၁၀၀ ဘီလီယံ သက်တမ်း၊ အဆင့်ချိုးဖျက်ခြင်း
ကောင်းကင်တာအိုရွှေအမြုတေ၏ ရှေ့တွင် အန်ဟောင်သည် ငြိမ်သက်စွာ ရပ်နေပြီး သူ၏ မျက်နှာတွင် ဘာခံစားချက်မှ မပေါ်ပေ။ သူ၏ စိတ်ထဲတွင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ကြောက်မက်ဖွယ်ရာ ပုံရိပ်ကို အဆက်မပြတ် ပြန်လည် မြင်ယောင်နေမိသည်။
ဤစကြဝဠာ ကပ်ဘေးကြီး၏ နောက်ကွယ်တွင် မည်သို့သော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုမျိုး ရှိနေသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီး ကောင်းကင်တာအိုရွှေအမြုတေက သူ့ကို ဘာကြောင့် ထွက်ပြေးခိုင်းခဲ့သလဲ ဆိုသည်ကိုလည်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
ထိုမျှ အစွမ်းထက်သော ဖြစ်တည်မှုမျိုးကို ရင်ဆိုင်ရန်အတွက် သူ့အနေဖြင့် ထိုပုဂ္ဂိုလ်ကို ယှဉ်နိုင်ဖို့ နှစ်ပေါင်း မည်မျှလောက် ကျင့်ကြံရမည်နည်း။
သူသည် ဧကရာဇ်ယန်ရှင်းနှင့်အတူ နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့ပြီး ကောင်းကင်တာအိုနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုများကို မကြာခဏ ဖလှယ်ခဲ့ကြသည်။ ကောင်းကင်တာအို ပြန်လည်ဝင်စားခြင်းကို ကြုံတွေ့ခဲ့ဖူးသော သူသည် ဧကရာဇ်ယန်ရှင်း၏ ကျဆုံးမှုကြောင့် နက်ရှိုင်းစွာ ထိခိုက်ခံစားလိုက်ရ၏။
မသိနားမလည်မှုများကြားတွင် အရာအားလုံးကို တကယ်တမ်း မည်သူက ထိန်းချုပ်ထားသနည်း။
တစ်ချိန်တည်းမှာပင်။
အခြားသူများလည်း အန်ဟောင်ကဲ့သို့ပင် စိတ်ဒုက္ခ ရောက်နေကြသည်။
အင်မော်တယ် ရှာဖွေသူနှင့် ကျူရှီးတို့သည် ကမ်းပါးစွန်းတစ်ခုပေါ်တွင် ရပ်၍ ကောင်းကင်ယံကို မော့ကြည့်နေကြ၏။
ကျူရှီးသည် သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ပြန်လည် ရရှိထားပြီး ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုအဆင့်က အထွတ်အထိပ်သို့ ပြန်မရောက်သေးသော်လည်း သူမ၏ နတ်စိတ်အာရုံက ပြင်ပကောင်းကင်၏ အလွန်ကို လှမ်းမျှော်ကြည့်နိုင်နေပြီ ဖြစ်သည်။
"အဲဒါ သူပဲ..." ကျူရှီးက တိုးတိုးလေး ရေရွတ်လိုက်သည်။
တစ်ချိန်က သူမသည် စကြဝဠာကို ဖြတ်သန်းသွားလာခဲ့ပြီး ကောင်းကင်မိစ္ဆာမျိုးနွယ်ကို ပြင်ပကောင်းကင်သို့ မောင်းထုတ်ခဲ့ဖူးသည်။ ထိုစဉ်က လျှပ်စီးတစ်ချက်ကဲ့သို့ ခဏတာ ပေါ်လာသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ပုံရိပ်ကို မြင်တွေ့ခဲ့ရပြီး ထိုအချိန်က ပြိုင်ဘက်ကင်းဟု ထင်ရသော သူမကို ကြီးမားသော သက်ရောက်မှု ဖြစ်စေခဲ့သည်။
ထိုအကြောင်းပြချက်ကြောင့်ပင် သူမသည် မဟာတာအိုကို နားလည်သဘောပေါက်ရန်အတွက် ပြန်လည်ဝင်စားခြင်း သံသရာထဲတွင် ပုန်းအောင်းဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
နယ်ပယ်တစ်ခုတွင် အသန်မာဆုံး ဖြစ်သော်လည်း စကြဝဠာတွင် အသန်မာဆုံး မဟုတ်ပါက ထိုအဆင့်အတန်းသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် မလွဲမသွေ အဆုံးသတ်သွားလိမ့်မည် ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။
အင်မော်တယ် ရှာဖွေသူက ခံစားချက်ပါပါဖြင့် ပြောလိုက်၏။ "သူက အရင်ကထက် ပိုသန်မာလာတယ်"
ကျူရှီးက အင်မော်တယ် ရှာဖွေသူ ဘက်သို့ လှည့်ကြည့်၍ မေးလိုက်သည်။ "ရှင် သူ့ကို သိလို့လား"
အင်မော်တယ် ရှာဖွေသူက ပြန်ဖြေလိုက်၏။ "သမိုင်းကြောင်း တစ်ချို့ ရှိလို့ပါ"
အင်မော်တယ် ရှာဖွေသူက သူမကို တစ်စုံတစ်ခု ဖုံးကွယ်ထားကြောင်း ကျူရှီး ရုတ်တရက် ခံစားလိုက်ရပြီး ကောင်းကင်နှင့် မြေကြီး တာအိုအသီးကို ရရှိရန်မှာ သူမ ထင်ထားသည်ထက် ပိုခက်ခဲလိမ့်မည်ဟု ခံစားလိုက်ရသည်။
ယခု သူမ တွေးနေသော အစွမ်းထက် ပုဂ္ဂိုလ်နှင့်ပင် ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်သည်။
ထိုအကြောင်း တွေးမိသောအခါ သူမ စိုးရိမ်လာပြီး ကောင်းကင်နှင့် မြေကြီး တာအိုအသီးကို လက်လွှတ်ကာ အင်မော်တယ် ရှာဖွေသူနှင့် ဝေးရာသို့ ထွက်သွားသင့်သလားဟု စဉ်းစားမိလိုက်၏။
ဧကရာဇ်ယန်ရှင်း သေဆုံးသွားသည့် သတင်းသည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ တစ်ခွင်လုံးသို့ လေအဟုန်ကဲ့သို့ ပျံ့နှံ့သွားပြီး အခြား မဟာကမ္ဘာ တစ်ခုနှင့် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေတို့ ဆက်စပ်သွားသည့် သတင်းသည်လည်း နေရာတိုင်းတွင် ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။
မကြုံစဖူးသော အပြောင်းအလဲများက သေမျိုးကမ္ဘာ အခြေအနေပေါ်သို့ ရောက်ရှိလာတော့မည်။ သို့သော်လည်း ဤပြောင်းလဲမှုများက ကုအန်၏ ဘဝကို မထိခိုက်ခဲ့ပေ။ သူသည် သက်တမ်း စုဆောင်းရန်အတွက် ဆေးအပင်များကို ဆက်လက် ခူးယူနေခဲ့သည်။
ကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့် ယှဉ်လျှင် အင်အားမကြီးမားသလို သက်ရှိဦးရေလည်း အလွန်နည်းပါးသည့် ထိုမဟာကမ္ဘာသည် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေရှိ ဂိုဏ်းအသီးသီး၏ ကျူးကျော်မှုကို ရင်ဆိုင်ရသောအခါ လက်နက်ချရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
ကမ္ဘာသစ်သို့ သွားရောက် လေ့ကျင့်လာကြသဖြင့် တိုက်ပွဲများကို အတိုင်းအတာ တစ်ခုအထိ လျော့ပါးသွားစေခဲ့သည်။
ထိုနောက်ခံ အခြေအနေနှင့်အတူ နှစ်ပေါင်း ခြောက်ရာကျော် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ထိုနေ့ နေ့လည်ခင်း တစ်ခုတွင် ကုအန်သည် မြောက်ပင်လယ် တောင်တန်းရှိ တောင်စောင့်နတ် ကျောင်းဆောင်၌ မျက်နှာဖုံးစွပ်ထားသော တောင်စောင့်နတ် အသွင်ဖြင့် ဆေးဖက်ဝင်အပင်များ ခူးယူနေခဲ့၏။
သူ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။
[သင်၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀ ဘီလီယံ ကို ပထမဆုံးအကြိမ် ကျော်လွန်သွားပြီ ဖြစ်သဖြင့် သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပါပြီ]
[သက်တမ်း အဆင့်ချိုးဖျက်ခြင်း - သင့်အတွက် အန္တရာယ် မရှိသော၊ သင်၏ လက်ရှိနယ်ပယ်နှင့် ကိုက်ညီသော အဆင့်ချိုးဖျက်မည့် နေရာများကို ရွေးချယ်နိုင်ရန် သက်တမ်းကို အသုံးပြုနိုင်သည်။ ထိုနေရာများသို့ သွားလာခြင်းနှင့် ပြန်လာခြင်း နှစ်ခုစလုံးအတွက် သက်တမ်း ပမာဏ တစ်ခု ကုန်ကျလိမ့်မည်]
ဟမ်..ဒီလုပ်ဆောင်ချက်က
ဤလုပ်ဆောင်ချက်က သူ့အတွက် အလွန် အထောက်အကူ ဖြစ်လိမ့်မည်ဟု ကုအန် ခံစားလိုက်ရသည်။ သူ၏ နယ်ပယ် ဆက်လက် မြင့်တက်လာသည်နှင့်အမျှ သူ၏ အဆင့်ချိုးဖျက်မှုများကြောင့် ဖြစ်ပေါ်လာမည့် လှုပ်ရှားမှုများကလည်း ပိုမို ကြီးမားလာလိမ့်မည်။ အနည်းဆုံး ဒုက္ခရောက်စေနိုင်သည့် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ အတွင်း၌ အဆင့်ချိုးဖျက်ရန် မသင့်လျော်တော့ပေ။
သူ၏ နယ်ပယ်ကို သူ့အနားရှိ လူများ အပါအဝင် မည်သူ့ကိုမျှ မသိစေလိုသဖြင့် သူ၏ အဆင့်ချိုးဖျက်မှုများကို လျှို့ဝှက်ထားရမည် ဖြစ်သည်။
ဒါပေမဲ့..ဒါက တကယ့်ကို ဓားပြတိုက်တာပဲ။
ဒီအချိန်က စပြီး အဆင့်ချိုးဖျက်မည့် နေရာကို ရွေးချယ်ဖို့ သက်တမ်း ကုန်မယ်၊ သက်တမ်းအတားအဆီးကို အသက်သွင်းဖို့ သက်တမ်း ကုန်မယ်၊ တာအိုသိုင်းကို အဆင့်မြှင့်ဖို့တောင် သက်တမ်း ကုန်တော့မယ်။
ကုအန် သက်ပြင်းချလိုက်သော်လည်း စိတ်ထဲတွင်မူ အတော်လေး ပျော်ရွှင်နေမိသည်။
သူသည် နည်းလမ်းအမျိုးမျိုးဖြင့် သက်တမ်းကို အသုံးပြုနေရသော်လည်း ၎င်းက သူ့ကို ပို၍ လုံခြုံမှု ရှိစေသည်။
ဘာပဲဖြစ်ဖြစ် ဆေးအပင်တွေကနေ သက်တမ်း စုဆောင်းလို့ ရတာပဲလေ။
အဆင့်ချိုးဖျက်မည့် နေရာကို သူ့ဘာသာ ရှာဖွေနိုင်သော်လည်း မတော်တဆမှုများ ရှိလာနိုင်ပေသည်။ ကုအန်သည် သူ၏ နောက်ထပ် အဆင့်ချိုးဖျက်မှုကို စောင့်မျှော်နေမိ၏။
သူ ချက်ချင်း အသုံးမပြုသေးဘဲ တောင်စောင့်နတ် ကျောင်းဆောင်မှ ဆေးဖက်ဝင်အပင်များ ခူးယူခြင်းကို ဦးစွာ အဆုံးသတ်ချင်နေသည်။
ဒီနေ့ တာဝန် ပြီးသွားတာနဲ့ အဆင့်ချိုးဖျက်လို့ ရပြီ။
ကုအန်၏ စိတ်အခြေအနေ ပျော်ရွှင်လာပြီး သူ၏ လှုပ်ရှားမှုများကို စတင် မြှင့်တင်လိုက်သည်။
ခဏအကြာတွင် သူတော်စင်ရွှမ်မြှောင် သည် လက်ဖက်ရည်အိုး တစ်အိုး ကိုင်လျက် တောင်ပေါ်လမ်းမှ လျှောက်ဆင်းလာပြီး ကုအန်၏ ဘေးသို့ ရောက်လာ၏။
တောင်စောင့်နတ်အသွင် ပြောင်းထားသော ကုအန်သည် သူ့ရှေ့တွင် ကြွေရုပ်ထု တစ်ခုကဲ့သို့ ဖြစ်နေသည်။
"တောင်စောင့်နတ်... မဟာကောင်းကင်နှင့် မြေကြီးက ပိုကျယ်ဝန်းလာပြီ... အခုဆိုရင် ဧကရာဇ်ယန်ရှင်းရဲ့ အောင်မြင်မှုတွေကို နေရာအနှံ့ ဂုဏ်ပြုနေကြတယ်... ခင်ဗျား ဘယ်လို ထင်လဲ" သူတော်စင်ရွှမ်မြှောင် က တိုးတိုးလေး မေးလိုက်သည်။
ဧကရာဇ်ယန်ရှင်း ကျဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းရာချီ ရှိပြီ ဖြစ်သော်လည်း တောင်နက်ကြီးထဲတွင် နေထိုင်သော သူတော်စင်ရွှမ်မြှောင် သည် ပြင်ပကမ္ဘာမှ သတင်းများကို အလွန် နောက်ကျမှ ရရှိပြီး ဧကရာဇ်ယန်ရှင်း ဘာကြောင့် သေဆုံးသွားရသလဲ ဆိုသည်ကို မကြာသေးမီကမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
ဧကရာဇ်ယန်ရှင်းသည် ကောင်းကင်နှင့် မြေကြီး အသီးသီးကို ပေါင်းစည်းရန် ကြိုးစားခြင်းအားဖြင့် မဟာကောင်းကင်နှင့် မြေကြီး အတွင်းရှိ သက်ရှိအားလုံးကို မဟာကပ်ဘေးမှ ကျော်လွှားနိုင်အောင် ကူညီပေးခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်ပြစ်ဒဏ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုလုပ်ရပ်များက လေးစားဖွယ် ကောင်းလှ၏။
ကောင်းကင်နှင့် မြေကြီး မည်သို့ ပေါင်းစည်းရမည်ကို သူတော်စင်ရွှမ်မြှောင် နားမလည်သော်လည်း အာဏာလုပွဲများ ဖြစ်ပွားနေသည့် ခေတ်ကာလတွင် သက်ရှိအားလုံးအတွက် စွန့်လွှတ်အနစ်နာခံမည့် ဧကရာဇ်ယန်ရှင်းကဲ့သို့ အရှင်သခင်မျိုးကို သူ အလွန် ကြည်ညိုလေးစားမိသည်။
သူတော်စင်ရွှမ်မြှောင် သည် ထိုကဲ့သို့ ပြိုင်ဘက်ကင်း သူရဲကောင်း တစ်ဦး ဖြစ်ချင်ပြီး သက်ရှိအားလုံးအတွက် သေဆုံးရမည် ဆိုလျှင် မည်မျှ စိတ်လှုပ်ရှားဖွယ် ကောင်းလိုက်မည်နည်း။
ဤအကြောင်း တွေးလိုက်ရုံနဲ့တင် သူ့စိတ်ထဲ၌ ပြင်းပြသည့် စိတ်ဆန္ဒများ ပြည့်နှက်လာ၏။
ကုအန်က ပြန်ဖြေလိုက်၏။ "သူ တကယ့်ကို ကြီးမားတဲ့ အရာတွေကို လုပ်ဆောင်ခဲ့တာပါ... သူ သေဆုံးသွားတာ နှမြောစရာပဲ"
ဧကရာဇ်ယန်ရှင်းသည် တတိယ ဆေးတောင်ကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးပြီး ကုအန်က သူ့အပေါ် အမြင်ကောင်း ရှိသော်လည်း ထိုအမြင်ကောင်းက ကုအန်အတွက် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ဆန့်ကျင်ပြီး သူ့ကို ကာကွယ်ပေးမည့် စွန့်စားမှုမျိုး လုပ်လောက်သည်အထိ မလုံလောက်ခဲ့ပေ။
လူတိုင်း ကယ်တင်ရှင် မဖြစ်နိုင်ကြသော်လည်း ကယ်တင်ရှင် မပေါ်လာမီ လူများစွာက ဦးစွာ စွန့်လွှတ်အနစ်နာခံခဲ့ကြပြီး သူတို့၏ လုပ်ရပ်များက သက်ရှိအားလုံး၏ ဆန္ဒကို နိုးကြားစေခဲ့သည်။
ဧကရာဇ်ယန်ရှင်း၏ သေဆုံးမှုက မဟာကောင်းကင်နှင့် မြေကြီးမှ သက်ရှိများ၏ ဒေါသကို လှုံ့ဆော်ပေးခဲ့သည်။ ဂိုဏ်းကြီးများက မီးလောင်ရာ လေပင့် လုပ်ပေးနေမှုများနှင့်အတူ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဝင်ရောက်စွက်ဖက်မှုက ထိုဂိုဏ်းခေါင်းဆောင်များကို မျှော်လင့်ချက်မဲ့သွားစေပြီး သူတို့ နေထိုင်နေသော ကမ္ဘာကြီး၏ သဘောသဘာဝကို မရေမရာ ဖြစ်သွားစေခဲ့သည်။
ကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ကြံစည်မှုတွေ ရှိနေတာလဲ။
ဤကမ္ဘာကြီးက သူတို့ ထွက်ပြေး၍ မရသော ကျဥ်းထောင်တစ်ခု ဖြစ်ပြီး ကပ်ဘေးများက အစွမ်းထက်သော အင်အားစု တစ်ခုခုက သူတို့ကို အချင်းချင်း သတ်ဖြတ်ရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကာ သူတို့၏ ဘဝများက ရယ်စရာကောင်းနေသည်ဟု လူအများအပြား ခံစားလာကြရသည်။
သေခြင်းတရားက ရှောင်လွှဲမရဘူး ဆိုရင် အမတတာအို လိုက်စားခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ယခုအခါ သူတော်စင်ရွှမ်မြှောင် သည်နိဗ္ဗာနအဆင့် ကျင့်ကြံမှုသို့ ရောက်ရှိပြီး အမတတာအိုအဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏ ဝေခွဲမရဖြစ်မှုများ ကြီးထွားလာခဲ့သည်။ အမတတာအိုအဆင့် ဆိုသည်မှာ အမတနတ်ဘုရားများ၏ တန်ခိုးရှင်ဖြစ်မှုနှင့် အလှမ်းဝေးနေသေးကြောင်း သူ သိလိုက်ရ၏။
သူသည် ကုအန်ကို ကြည့်လိုက်ပြီး မေးချင်စိတ်များ ပြင်းပြနေသည်။ "ခင်ဗျားက သက်ရှိအားလုံးကို ထပ်ခါတလဲလဲ ကယ်တင်ခဲ့ပေမဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ရှောင်နေတာက မဟာကောင်းကင်နှင့် မြေကြီးရဲ့ လျှို့ဝှက်အမှန်တရားတွေကို သိနေလို့များလား..."
သူ နှုတ်ဆိတ်နေလိုက်၏။ပေါ့ပေါ့ဆဆ စကားပြောမိပြီး ကံဆိုးမိုးမှောင်ကျမှာကို သူ ကြောက်နေသည်။
ကုအန်က ရှေ့သို့ လျှောက်လှမ်းလိုက်ပြီး ပြောလိုက်၏။ "ဒီလောကကြီးမှာ ဘယ်အရာမှ မမြဲဘူး... လက်ရှိအချိန်မှာ အထွတ်အထိပ်လို့ ထင်ရတဲ့ စွမ်းအားတွေတောင် မမြဲဘူး"
ထိုစကားကို ကြားသောအခါ သူတော်စင်ရွှမ်မြှောင် ၏မျက်လုံးများ လှုပ်ရှားသွားသည်။ သူ အခြား အဓိပ္ပာယ် တစ်ခုကို အာရုံခံလိုက်မိ၏။
တောင်စောင့်နတ်လည်း မဟာကောင်းကင်နှင့် မြေကြီးရဲ့ နောက်ကွယ်က အင်အားစုတွေကို မကျေနပ်ဘဲ သူတို့ကို ဖြုတ်ချချင်နေတာများ ဖြစ်မလား။
သူတော်စင်ရွှမ်မြှောင် သည်သူ့ကိုယ်သူ မီးတောက်တစ်ခု လောင်ကျွမ်းလာသည်ဟု ခံစားလိုက်ရပြီး တစ်နေ့တွင် တောင်စောင့်နတ်နှင့် ပခုံးချင်းယှဉ်၍ တိုက်ခိုက်နိုင်ရန် ခုမှစ၍ ပိုမို ကြိုးစား လေ့ကျင့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ကုအန်သည် သူ၏ စိတ်နှလုံးမှ အသံကို ကြားလိုက်ရပြီး အားကိုးရာမဲ့သလို ရယ်ချင်သလို ဖြစ်သွား၏။
ငါက မင်းကို နှစ်သိမ့်ပေးရုံ သက်သက်ပါကွာ။
တစ်နာရီကြာပြီးနောက် ကုအန်သည် တောင်စောင့်နတ် ကျောင်းဆောင်မှ ထွက်ခွာလာသော်လည်း မြောက်ပင်လယ် တောင်တန်းသို့ တန်းတန်းမတ်မတ် ပြန်မသွားပေ။ ထိုအစား သူသည် အခြား တိုက်ကြီးတစ်ခု၏ တောအုပ်ထဲသို့ ဝင်ရောက်သွားလိုက်သည်။ သစ်ပင်ရိပ်အောက်တွင် ရပ်ရင်း သူသည် သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို စတင် အသုံးပြုလိုက်၏။
[သင်သည် သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပါပြီ။ သင်၏ လက်ရှိနယ်ပယ်အပေါ် မူတည်၍ သင့်အတွက် အောက်ပါ အဆင့်ချိုးဖျက်မည့် နေရာများကို ရွေးချယ်ပေးထားပါသည် ]
[၁။ စစ်ဝိညာဉ်မြင့်မြတ်အိမ်တော်]
[၂။ မြေအောက်ကမ္ဘာပင်လယ်နက်]
[၃။ ထာဝရကောင်းကင်ကိုးခု]
[၄။ မဟာတာအိုလမ်းစဉ်]
[၅။ တာအိုရင်းမြစ်ဘိုးဘေးသစ်ပင်]
သက်တမ်း ပြန်လည်ဝင်စားခြင်းတွင် ရွေးချယ်စရာ သုံးခုသာ ရှိခဲ့သဖြင့် ကနဦးတွင် ရွေးချယ်စရာ သုံးခုသာ ရှိမည်ဟု ကုအန် ထင်မှတ်ထားခဲ့သော်လည်း သက်တမ်း အဆင့်ချိုးဖျက်ခြင်းတွင် ရွေးချယ်စရာ ၅ခု ပြသလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ထိုနေရာများ၏ အမည်များကပင် ထူးခြားလေးနက်နေသည်။
ဤနေရာများက သူ့အတွက် အန္တရာယ် မရှိကြောင်း အရိပ်အမြွက်များသာ မရှိခဲ့လျှင် သူ သွားရဲမည် မဟုတ်ပေ။
အမှန်တကယ်တော့ လက်ရှိအချိန်တွင် သူ့အတွက် အန္တရာယ် မရှိသော်လည်း အဆင့်ချိုးဖျက်ခြင်း စတင်လိုက်သည်နှင့် အခြေအနေ ပြောင်းလဲသွားနိုင်သည်။ ဆိုလိုသည်မှာ သူသည် သက်တမ်း အတားအဆီးကို မဖြစ်မနေ အသက်သွင်းရမည် ဖြစ်၏။
အခန်း ၅၅၂ ဟန်ထျန်းရွှေအမတပြည့်စုံခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်း
ကုအန်သည် သူ့ရှေ့မှ ရွေးချယ်စရာ ၅ ခုကို ကြည့်ကာ စဉ်းစားခန်း ဝင်နေလိုက်သည်။ ဤအမည်များ အားလုံးက ကောင်းမွန်ပုံ ပေါ်သော်လည်း အချို့နေရာများမှာ တားမြစ်နယ်မြေများ ဖြစ်နေ၏။
စစ်ဝိညာဉ်မြင့်မြတ်အိမ်တော် ဆိုသည်မှာ စစ်ခုံရုံးနှင့် ပတ်သက်မှု ရှိနေမည် မဟုတ်ပါလော။
မြေအောက်ကမ္ဘာပင်လယ်နက် သည်တော့ ထည့်စဉ်းစားစရာ မလိုပေ။ ပြန်လည်ဝင်စားခြင်း နယ်မြေကလည်း အလွန် အန္တရာယ်များလှသည်။ ယင်ကိုးပါးနတ်ဘုရားအိမ်တော်မှ တစ္ဆေအမတများမှာလည်း ကြောက်မက်ဖွယ် ကောင်းလှရာ ၎င်းတို့နှင့် တွေ့ဆုံမိပါက ဒုက္ခရောက်ပေလိမ့်မည်။
မဟာတာအို လမ်းစဉ် ဆိုသည်မှာ နယ်နမိတ်တံခါးပေါက်၏ အပြင်ဘက်မှ စကြဝဠာ ဟင်းလင်းပြင် ဖြစ်ပြီး မတူညီသော မဟာကောင်းကင်နှင့် မြေကြီးများကို ချိတ်ဆက်ထားရာ မည်သည့်အရာနှင့် တိုးမိမည်ကို မည်သူမျှ မသိနိုင်ချေ။
ကုအန်သည် ရွေးချယ်စရာများကို ချိန်ဆ ကြည့်လိုက်သည်။ အမည်များကို ကြည့်၍ ဆုံးဖြတ်ရသည်မှာ အမှန်တကယ် ခက်ခဲလှ၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ ဤနေရာအမည်များ၏ ဇာစ်မြစ်ကို တွက်ချက်နိုင်ရန် လုံလောက်ခြင်း မရှိသေးချေ။
ဤနေရာများမှာ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အစိတ်အပိုင်း မဟုတ်ဘဲ နယ်နမိတ်တံခါးပေါက်၏ အပြင်ဘက်တွင် တည်ရှိနေကြောင်း ထင်ရှားလှသည်။
သူ အထပ်ထပ် အခါခါ စဉ်းစား သုံးသပ်ပြီးနောက် ကုအန်သည် ထာဝရကောင်းကင်ကိုးခုတွင် အဆင့်ချိုးဖျက်ရန် ဆုံးဖြတ်လိုက်သည်။ တွေးမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏။
"ထာဝရကောင်းကင်ကိုးခုသို့ ကူးပြောင်းရာတွင် သက်တမ်း နှစ် ဘီလီယံ ၁၀ ကုန်ကျပါမည်။ ဆက်လက် ပြုလုပ်မည်လား"
"နှစ် ဘီလီယံ ၁၀..အသွားအပြန် ဆိုလျှင် သက်တမ်း နှစ် ဘီလီယံ ၂၀ ဖြစ်မသွားဘူးလား"
ကုအန် မျက်မှောင်ကြုတ်လိုက်မိသည်။ သက်တမ်း အဆင့်ချိုးဖျက်ခြင်းမှာ တန်ဖိုးကြီးမည်ဟု သူ ခန့်မှန်းထားပြီး ဖြစ်၏။ သို့သော်လည်း ၎င်းမှာ သက်တမ်း နှစ် ဘီလီယံ ၁၀၀ ဖြင့် ဖွင့်လှစ်ထားသော သက်တမ်း လုပ်ဆောင်ချက် ဖြစ်ရာ သက်တမ်း ကုန်ဆုံးမှုမှာ သေချာပေါက် ကြီးမားပေလိမ့်မည်။
သို့သော် သူ အဆင့်ချိုးဖျက်မှ ဖြစ်ပေမည်။ လက်ကျန် သက်တမ်း နှစ် ဘီလီယံ ၈၀ မှာ သူ၏ အဆင့်ချိုးဖျက်မှုအတွက် လုံလောက်သင့်ပါသည်။
ယခုတွင်မူ ဤအဆင့်ချိုးဖျက်ရာ နေရာသည် သူ အသုံးပြုလိုက်သည့် သက်တမ်းနှင့် ထိုက်တန်ရန်သာ မျှော်လင့်ရတော့မည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကုအန်သည် ဆက်လက် ကူးပြောင်းရန် ရွေးချယ်လိုက်သည်။ စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် တားဆီးမရနိုင်သော စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရ၏။
သူ မသက်မသာ မဖြစ်ဘဲ ဖော်ပြမရနိုင်သည့် နက်နဲဆန်းကြယ်မှု တစ်မျိုးကို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများမှာ အလိုအလျောက် မှိတ်သွားပြီး အာရုံများ ထုံကျဉ်သွားလေသည်။
အချိန်အတန်ကြာသောအခါ ကုအန်သည် သူ၏ ခြေထောက်များ မြေပြင်နှင့် ထိတွေ့လိုက်သည်ကို ခံစားလိုက်ရပြီး သူ၏ အာရုံများမှာ ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ မျက်ဝန်းများ ကျယ်သွားလေသည်။
သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ အဆုံးမဲ့ တိမ်ပင်လယ်ကြီး ဖြစ်ပြီး ကောင်းကင်ယံမှာ နက်ပြာရောင် သန်းနေ၏။ အလွန် မြင့်မားလှသဖြင့် မဟာကောင်းကင်နှင့် မြေပြင်၏ ကျယ်ပြောမှုကို ခံစားမိစေကာ ထိုနေရာ၌ ရပ်နေသူအား အကန့်အသတ်မဲ့ ကြောက်ရွံ့ရိုသေမှုကိုသာ ခံစားရစေသည်။
ကုအန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တုန်လှုပ်သွားမိသည်။
"သိပ်သည်းလိုက်တဲ့ တာအိုဝိညာဉ်ချီပါလား"
ဤနေရာရှိ တာအိုဝိညာဉ်ချီမှာ ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ပြင်ပ စကြဝဠာထဲမှ တာအိုဝိညာဉ်ချီထက် ပိုမို သိပ်သည်းနေပြီး အညစ်အကြေး တစ်စက်မျှ မပါဝင်ဘဲ ပိုမို သန့်စင်နေသည်။
သက်တမ်း နှစ် ဘီလီယံ ၁၀ အသုံးပြုလိုက်ရသည်မှာ ထိုက်တန်သည်ဟု ကုအန် ခံစားလိုက်ရ၏။
အခြား စွမ်းအားကြီး ဖြစ်တည်မှုများ ဖြတ်သန်းသွားလာမှုကို တားဆီးရန် သက်တမ်း အတားအဆီးကို ချက်ချင်း ဖွင့်လိုက်သည်။
သက်တမ်း အဆင့်ချိုးဖျက်ခြင်းက သူ့ကို ဘေးကင်းသော နေရာသို့ ပို့ဆောင်ပေးမည် ဖြစ်သော်လည်း ဤနေရာက အမြဲတမ်း ဘေးကင်းနေမည်ဟု မဆိုလိုပေ။
သက်တမ်း အတားအဆီး ပွင့်သွားပြီးနောက် ကုအန် စိတ်အေးသွားရ၏။ မသိနားမလည်သော နယ်မြေတွင် သတိထားရမည်သာ ဖြစ်သည်။
ချက်ချင်း အဆင့်ချိုးဖျက်မည့်အစား နေရာတွင်ပင် တရားထိုင်ကာ ခမ်းနားထည်ဝါသော တိမ်ပင်လယ်ကြီးတွင် စီးမျောနေရန် ဆုံးဖြတ်လိုက်သည်။
"ထာဝရကောင်းကင်ကိုးခု ဆိုတော့ ကောင်းကင် ကိုးထပ် ရှိတာများလား..."
ကုအန် တွေးတောရင်းနှင့် သူ၏ နတ်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ လျင်မြန်စွာ ပြန့်နှံ့သွား၏။
သို့သော် တိမ်ပင်လယ်ကြီးမှာ သူ စိတ်ကူးထားသည်ထက် များစွာ ပိုကြီးမားနေကြောင်း တွေ့ရှိလိုက်ရသည်။ အရေးအကြီးဆုံးမှာ သူ၏ ခြေအောက်ရှိ တိမ်ပင်လယ်ကြီးမှာ အောက်ခြေ မရှိသကဲ့သို့ ဖြစ်နေပြီး မဟာတာအို စွမ်းအား တစ်မျိုးက နတ်စိတ်အာရုံ အားလုံးကို ပိတ်ဆို့ထားသဖြင့် သူ၏ နတ်စိတ်အာရုံက အောက်ဘက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိချေ။
သူက ကောင်းကင်ပေါ်တွင် ရောက်ရှိနေသကဲ့သို့ ရှိသော်လည်း အောက်ဆုံးတွင် ရောက်နေသကဲ့သို့လည်း ဖြစ်နေသည်။ အချိန်အတန်ကြာသည်အထိ ကုအန်၏ နတ်စိတ်အာရုံက တိမ်ပင်လယ်၏ အဆုံးသတ်ကို စမ်းသပ်နိုင်ခြင်း မရှိသေးပေ။
"ဒီတိမ်ပင်လယ်ကြီးက ငါလာခဲ့တဲ့ စကြဝဠာထက် ပိုကျယ်ပြောနေတာများလား..."
ထိုအတွေးမှာ အလွန် ယုတ္တိမတန်သဖြင့် ကုအန် ကိုယ်တိုင်ပင် ရယ်စရာကောင်းသည်ဟု ခံစားမိသော်လည်း ထာဝရကောင်းကင်ကိုးခု အပေါ် ပိုမို သတိထားမိသွားစေ၏။
စကြဝဠာထက် ပိုမို သိပ်သည်း သန့်စင်သော တာအိုဝိညာဉ်ချီ၊ စကြဝဠာထက် ပိုမို ကျယ်ပြောသော ဟင်းလင်းပြင်... ဤကဲ့သို့သော နေရာမျိုးက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုကို မွေးဖွားပေးနိုင်မည်နည်း။
ကုအန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်မတွေးရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ၏ စနစ်မျက်နှာပြင်ကို ခေါ်ထုတ်လိုက်၏။
အမည် - ကုအန်
သက်တမ်း - ၆,၈၁၅ / ၉၀,၀၀၀,၀၀၀,၀၇၅
ခန္ဓာကိုယ် - ရှေးဦးဖရိုဖရဲခန္ဓာ
ကျင့်ကြံခြင်းအဆင့် - မူလဘူတရွှေအမတ ပြည့်စုံခြင်းအဆင့်
"သက်တမ်း နှစ် ၉၀ ဘီလီယံ... ပြန်သွားဖို့ ၁ဟ ဘီလီယံချန်ရမယ်... သက်တမ်း အတားအဆီးအတွက် ၅ ဘီလီယံ ချန်မယ်။ ဆိုတော့ အဆင့်ချိုးဖျက်ဖို့ သက်တမ်း ၇၅ ဘီလီယံ သုံးလို့ရတာပေါ့။ ရနိုင်လောက်ပါတယ်။"
"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကပ်ဘေးကျော်ဖြတ်ဖို့ ကြိုးစားတုန်းက တစ်ခါရှုံးရင် သက်တမ်း နှစ် သန်း ၅၀ ကုန်ကျခဲ့တာ... ဒီတစ်ခေါက်တော့ နှစ် သန်း ၁၀၀ မကုန်လောက်ပါဘူး"
"တကယ်လို့ ကပ်ဘေးတစ်ခု ကျော်ဖြတ်ဖို့ သက်တမ်း နှစ် သန်း ၁၀၀ ကုန်ကျမယ် ဆိုရင်တောင် အခွင့်အရေး ၇၅ ခါ ရှိတာပဲ... ကိစ္စ မရှိပါဘူး"
"ဘက်စုံ တိုးတက်အောင် အရင်လုပ်ဖို့တော့ မကောင်းဘူး... ထားလိုက်ပါတော့... အဆင့်ကွာဟချက် ကြီးအောင် အရင်လုပ်တာပေါ့။ တာအိုသိုင်းတွေ မြှင့်တင်ဖို့က နောက်မှ အချိန်အများကြီး ရှိပါတယ်"
ကုအန် မည်သည်ကို ရွေးချယ်သည် ဖြစ်စေ ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိစမြဲ ဖြစ်သော်လည်း ခြုံငုံကြည့်လျှင် သူက ပိုမို သန်မာလာမည့် လမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာ လျှောက်လှမ်းနေသည် ဖြစ်ရာ ဤသည်က မှန်ကန်သော ဦးတည်ချက်ပင် ဖြစ်သည်။
ကုအန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်၍ သက်တမ်း နှစ် ၁၀ ဘီလီယံ တိုက်ရိုက် ထည့်သွင်းလိုက်သည်။
စာတန်းများက သူ့မျက်လုံးများ ရှေ့တွင် ဆက်တိုက် ပေါ်လာ၏။
[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း သန်း ၁၀၀ တိုင် ကျင့်ကြံခဲ့သည်။ သင်သည် မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်းကို အသုံးပြု၍ ဟန်ထျန်းရွှေအမတအဆင့်သို့ အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည်။ သင် ကပ်ဘေးကို စတင် ကျော်ဖြတ်သည်။ သင်သည် ကောင်းကင်တာအိုပန်းသုံးပွင့်ဗလာနယ် မဟာကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပါ…ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်]
[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း သန်း ၂၀၀ တိုင် ကျင့်ကြံခဲ့သည်။ သင်သည် မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်းကို အသုံးပြု၍ ဟန်ထျန်းရွှေအမတအဆင့်သို့ အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည်။ သင် ကပ်ဘေးကို စတင် ကျော်ဖြတ်သည်။ သင်သည် ကောင်းကင်တာအို ပန်းသုံးပွင့်ဗလာနယ် မဟာကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပါ။ ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်။]
...
"ဟန်ထျန်းရွှေအမတ... ထင်ထားတဲ့အတိုင်းပဲ... ကပ်ဘေး တစ်ခါကျော်ဖို့ နှစ် သန်း ၁၀၀ ကုန်တာပဲ..."
ကုအန်သည် စိတ်ကို ပြန်လည် ထိန်းညှိလိုက်ပြီး ဟန်ထျန်းရွှေအမတ အဆင့်က မည်မျှ သန်မာမည်ကို မျှော်လင့်နေမိသည်။
နောက်ဆုံးတွင် စာတန်းများ အားလုံး ပေါ်လာသော်လည်း ကပ်ဘေးကျော်ဖြတ်မှုမှာ မအောင်မြင်သေးပေ။
"နှစ် ၁၀ ဘီလီယံ ၁၀ ထပ်ထည့်မယ်..."
ကုအန်သည် စာတန်းများကို မျက်နှာသေဖြင့် စိုက်ကြည့်နေ၏။
ကျရှုံးသွားပြီးနောက် ဆက်လုပ်သည်။
သက်တမ်း နှစ်ပေါင်း ၁၀ ဘီလီယံ။
နောက်ထပ် သက်တမ်း နှစ်ပေါင်း ၁၀ ဘီလီယံ။
နောက်ဆုံးတွင် ကုအန်ရှေ့မှ စာတန်းများ စတင် ပြောင်းလဲလာ၏။
[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း ၅.၆ ဘီလီယံ ကျင့်ကြံခဲ့သည်။ သင်သည် မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်းကို အသုံးပြု၍ ဟန်ထျန်းရွှေအမတ အဆင့်သို့ အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည်။ သင် ကပ်ဘေးကို စတင် ကျော်ဖြတ်သည်။ သင်သည် ကောင်းကင်တာအို ပန်းသုံးပွင့် ဗလာနယ်မဟာကပ်ဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။ ကပ်ဘေးကျော်ဖြတ်ခြင်း အောင်မြင်သည်။ သင့်ကျင့်ကြံခြင်းအဆင့်သည် ဟန်ထျန်း ရွှေအမတ အစောပိုင်းအဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်]
[သင်သည် ချီစုပ်ယူခြင်းကို နှစ်ပေါင်း ၁၀ ဘီလီယံ တိုင် ကျင့်ကြံခဲ့သည်။ သင့်ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်]
နောက်ဆုံးတော့ အဆင့်ချိုးဖျက်မှု အောင်မြင်သွားပြီ။
ကုအန် သက်ပြင်းချလိုက်မိသည်။ သက်တမ်း နှစ်ပေါင်း မည်မျှ ကုန်ဆုံးသွားသည် ဖြစ်စေ အဆင့်ချိုးဖျက်မှု အောင်မြင်သရွေ့ တန်၏။
သူ ထိုနေရာတွင် ရပ်မနေဘဲ သက်တမ်းကို ဆက်လက် ထည့်သွင်းရန် ရွေးချယ်လိုက်သည်။ ဟန်ထျန်းရွှေအမတ ပြည့်စုံခြင်းအဆင့်ထိ တစ်ရှိန်ထိုး တက်လှမ်းပစ်ရပေမည်။
နောက်ဆုံးတွင် သူ့၌ သက်တမ်း နှစ် ဘီလီယံ ၂၈ ကျော် ကျန်ရှိနေသေးရာ ပြန်လမ်းအတွက် ဘီလီယံ ၁၀ ချန်ထားလျှင်ပင် ကျန်ရှိသော နှစ် ဘီလီယံ ၁၈ ကျော်ကို သက်တမ်း အတားအဆီးက ကုန်စင်အောင် စုပ်ယူနိုင်မည် မဟုတ်ပေ။
ကုအန် စိတ်ပျော်ရွှင်သွားပြီး နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးလိုက်မိသည်။ ကြီးမားသော တာအိုဝိညာဉ်ချီများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ ပုံမှန်အတိုင်းပင် သက်တမ်း အတားအဆီးက တာအိုဝိညာဉ်ချီများနှင့် တာအို စည်းမျဉ်းများကို ခန့်မှန်းမရနိုင်သော နည်းလမ်းဖြင့် စုပ်ယူပေးနေသဖြင့် ပြင်ပလောကမှ မည်သည့်နေရာတွင် ရင်းမြစ် ရှိနေသည်ကို ခွဲခြားနိုင်ခြင်း မရှိပေ။
ကုအန်၏ မြင်ကွင်းထဲရှိ တိမ်ပင်လယ်ကြီးမှာ ပိုမို ခမ်းနားထည်ဝါစွာ လှုပ်ခတ်လာသည်။ တာအိုဝိညာဉ်ချီများ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် ကုအန်သည် တစ်ခါမျှ မကြုံဖူးသော သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ အပြင်မှ အတွင်းသို့ အရာအားလုံး သန့်စင်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။သူ တဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး ဤအဆုံးစွန်သော ပျော်ရွှင်မှုထဲတွင် နစ်မြောကာ ရုန်းထွက်နိုင်ခြင်း မရှိတော့ချေ။
အဆုံးမဲ့ တိမ်ပင်လယ်ကြီးမှာ ပိုမို လှုပ်ခတ်လာပြီး ခမ်းနားထည်ဝါကာ စွမ်းအားကြီးလာသည်။ သက်ရှိသတ္တဝါ တစ်ကောင်တစ်လေမျှ ဖြတ်သန်းသွားလာခြင်း မရှိဘဲ ဤကမ္ဘာ၌ တိမ်ပင်လယ်ကြီးသာ ရှိနေသကဲ့သို့ပင်။
ဟန်ထျန်းရွှေအမတအဆင့်နှင့် ပတ်သက်သော ဉာဏ်အလင်းပွင့်မှုများက ကုအန်၏ စိတ်အာရုံ နက်ရှိုင်းရာမှ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ ရွှေအမတတာအိုအသီး မှာလည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။
သက်တမ်း အတားအဆီး အတွင်း၌ ကုအန်၏ တစ်ကိုယ်လုံးမှ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေပြီး သူ၏ ပုံရိပ်ကို ဝိုးတဝါးသာ မြင်တွေ့နေရသည်။ တာအိုဝိညာဉ်ချီများက နဂါးပျံများသဖွယ် သူ့ကို ရစ်ပတ်ထားပြီး မှိန်ဖျော့သော အလင်းတန်းများ စီးဆင်းနေသည်မှာ တာအို စည်းမျဉ်းများ လည်ပတ်နေခြင်းပင် ဖြစ်သည်။
အချိန် အတန်ကြာပြီးနောက် မိုးကုပ်စက်ဝိုင်းဆီမှ တိမ်ပင်လယ်ကြီးက ကောင်းကင်ယံကို လွှမ်းခြုံထားသော လှိုင်းလုံးကြီး တစ်ခုအလား (သို့) အံ့သြထိတ်လန့်ဖွယ်ရာ သတ္တဝါကြီး တစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာတော့မည့် အလား ရုတ်ခြည်း မြင့်တက်လာလေတော့သည်။