← Chapters

မိုးကြိုးပစ်အစစ်ဆေးခံခြင်း

Vol. 5 Ch. 465

မိုးကြိုးပစ်အစစ်ဆေးခံခြင်း

Vol. 5 Ch. 465

စာပို့သမားမှာ မက်မွန်သီး ခုနစ်လုံးတောင်မှ တာအိုဆရာ လွှတ်လိုက်သည့် စာပို့သမား ဖြစ်လေသည်။

တာအိုဆရာက ထိုသူကို မိုင်တစ်ထောင် ခရီးသွား အင်းချပ် ပေးခဲ့လေသည်။ ထိုအင်းချပ် များသည် စွမ်းအင်ကို စုပ်ယူနိုင်ပြီး တစ်နေ့ကို မိုင်ပေါင်းထောင်နှင့် ချီပြီး ခရီးနှင်နိုင်လေသည်။ ထိုအင်းချပ်များမှာ စာပို့သမား အတွက်တော့ အလွန် တန်ဖိုးရှိသည့် အင်းချပ်များ ဖြစ်လေသည်။

ထိုသူ ကျယ်ယန်း တောင်ခြေသို့ ရောက်ရှိလာသည့် အခါတွင်တော့ ဆန်းလျန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေသည်။

ဆန်းလျန်က ကျားနက်ကြီးကို ထိုသူကို ဖမ်းဆီးရန် အမိန့်ပေးလိုက်ပြီး အိမ်လေးထဲတွင် ချုပ်နှောင် ထားခဲ့ခြင်း ဖြစ်လေသည်။

စာပို့သမားသည် သူ့ကို စကားပြောနေသည့် ထူးဆန်းသည့် ကလေးငယ်ကို မျက်လုံးပြူးကာ ကြည့်နေမိလေသည်။ သူ့အနေဖြင့် သူကြုံတွေ့နေရသည့် အဖြစ်အပျက်ကို လက်ခံနိုင်ခြင်း မရှိသေးပေ။ သူသည် နေရာပေါင်းစုံသို့ သွားလာနေသည့် စာပို့သမား တစ်ယောက် ဖြစ်လေသည်။ သူ့ဘဝတွင် ဒဏ္ဍာရီပေါင်း များစွာကိုလည်း ကြားဖူးသလို၊ နတ်မိစ္ဆာများနှင့် သဘာဝလွန် စွမ်းအားများ အကြောင်းကိုလည်း ကြားဖူးလေသည်။

အနောက်ဘက် ဒေသများတွင်တော့ မွေးပြီးပြီးချင်းမှာပင် စကားပြောနိုင်စွမ်း ရှိကြသည့် လူများရှိသည့် တိုင်းပြည် တစ်ခုအကြောင်း သူ ကြားဖူးလေသည်။ ထိုတိုင်းပြည်တွင် ကလေးငယ်များ၏ အပြုအမူ များမှာလည်း လူကြီးများနှင့် မခြားပေ။ ထိုသူများသည် အသက်ကြီး လာလျှင်လည်း နွားလား တစ်ကောင်ကဲ့သို့ အင်အားအလွန်ကြီး လေသည်။

ထိုဒဏ္ဍာရီကို ကြားရစဉ်အခါက သူ လုံး၀ အယုံအကြည် မရှိခဲ့ပေ။ သို့သော် ယခုတော့ သူ့မျက်စိရှေ့တွင် ဆန်းလျန် ကိုတွေ့နေရပြီ ဖြစ်လေသည်။ ဆန်းလျန်သည် ထိုဒဏ္ဍာရီထဲမှ ကလေးငယ် များကဲ့သို့ ဖြစ်နေမည်လားဟု သူတွေးနေ မိလေသည်။

“ကျုပ်ကို ဘယ်သူ လွှတ်လိုက်တယ် ဆိုတာ မင်းက သိလို့လား”

စာပို့သမားက အက်ရှ တုန်ယင်သည့် လေသံဖြင့် မေးလိုက်သည်။

“လောကမှာ ကျုပ်မသိတာ ဘာမှမရှိဘူး၊ မင်းကို လွှတ်လိုက်တဲ့သူက ဒီနေရာရဲ့ ပိုင်ရှင် အဟောင်းပဲ၊ မင်းသူ့ကို သတင်းပြန်ပို့ ပေးရမှာက ရှီးလျန်မြို့တော်ရဲ့ သခင်လေး ဖြစ်တဲ့ ကျယ်ယန်း တောင်သခင်လေးက ဒီနေရာကို သိမ်းပိုက် လိုက်ပြီဆိုတာပဲ၊ ဒီနေရာက သစ်ပင်တွေ၊ ခြုံပုတ်တွေ၊ မြက်ပင်တွေပါ မကျန် အကုန် ကျုပ်ပိုင်ဆိုင်တယ်၊ သူက မကျေနပ်ဘူးဆိုရင် ကျုပ်ကို လာရှာနိုင်တယ်လို့ ပြောလိုက်၊ ဟွန့်… သူ ကျုပ်ဆီမလာရဲမှာကိုပဲ စိုးရိမ်မိပါရဲ့”

ဆန်းလျန်ပြောသည့် စကားများမှာ စာနှင့်ပင် ချရေးရန် မလိုပေ။ စာပို့သမားက အကုန် မှတ်မိနိုင်လေသည်။

“ဒါလေးပဲ သွားပြောပေးရမှာလား”

“ဒါလေးပဲ သွားပြော ပေးရမှာပေါ့ ၊ ဒါနဲ့ မင်း ခရီးမထွက်ခင် အနားယူချင်သေးလား”

စာပို့သမားမှာ ဆန်းလျန်က သူ့ကို အသက် အန္တရာယ်ပြုမည်ကို ကြောက်ရွံ့သည့် အတွက် ချက်ချင်းပင် ထွက်သွားချင် နေပြီ ဖြစ်လေသည်။ သို့သော် ဆန်းလျန်သာ သူ့ကို သတ်ပစ်ချင်သည် ဆိုလျှင် သူ့အနေဖြင့် ယခုအချိန်တွင် အသက်ပင် မရှိလောက်တော့ပေ။ ထို့ကြောင့် သူက ခရီးမထွက်ခင် ခဏလောက် အနားယူရန် ဆုံးဖြတ် လိုက်လေသည်။ သူက တစ်နှစ်ပတ်လုံး ခရီးသွားရင်းနှင့် အလုပ်များနေရသူ တစ်ယောက် ဖြစ်သည့် အတွက် ခဏလောက် အနားယူရန် အခွင့်အရေး ရခြင်းမှာ ရှားပါးသည့် အခွင့်အရေး ဖြစ်လေသည်။

ဆန်းလျန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အိမ်လေးထဲမှ ထွက်ခွာ သွားလေသည်။ သူ့ပုံစံက တကယ့်ကို ကြီးကြီးကျယ်ကျယ် ပုံစံမျိုး ဖြစ်နေသည်။ စာပို့သမားမှာ ဆန်းလျန် နောက်မှ ကြောက်ကြောက် လန့်လန့်ဖြင့် လိုက်လာလေသည်။ ထိုကလေး ပိစိလေးကို သူ အလွန် ကြောက်ရွံ့ နေမိလေသည်။

ဆန်းလျန်သည် စာပို့သမားကို ဥယျာဉ်တစ်ခု အတွင်းသို့ ခေါ်လာလေသည်။ မြက်ခင်းများက နူးညံ့လွန်းပြီး စမ်းရေတွင်းလေး ပတ်ပတ်လည်တွင် အဖြူရောင် ပန်းများလည်း ပွင့်လန်း နေကြလေသည်။ ပန်းရနံ့များက ပတ်ဝန်းကျင် တစ်ခုလုံးကို မွှေးပျံ့နေလေသည်။ ဆန်းလျန်နောက်မှ ကုတ်ချောင်းချောင်းဖြင့် လိုက်လာသည့် စာပို့သမားမှာ ချက်ချင်းပင် စိတ်ကြည်လင် လန်းဆန်း သွားသလို ခံစားလိုက်ရသည်။

စမ်းရေတွင်းလေး နံဘေးတွင် ကျောက်စားပွဲ တစ်လုံးနှင့် ကျောက်သား ထိုင်ခုံများ ရှိလေသည်။ ဆန်းလျန်က ထိုင်ခုံတစ်လုံးထက်တွင် ထိုက်လိုက်သည်။ ကျားနက်ကြီး ကတော့ ရေတွင်း နံဘေးတွင် လဲလျောင်း နေလေသည်။ သူက ဝိညာဉ် စွမ်းအားများကို အားပါးတရ ရှူရှိုက်ရင်း အိပ်နေခြင်း ဖြစ်လေသည်။ ဆန်းလျန်နှင့် စာပို့သမားကို သူက ပျင်းရိစွာဖြင့် မျက်လုံး ဖွင့်ကြည့် လိုက်သည်။ ထို့နောက် ပြန်အိပ်ပျော် သွားလေသည်။

“အနား ယူမယ်လည်း ပြောသေးတယ် ၊ ထိုင်လေ..”

ဆန်းလျန်က စာပို့သမားကို ပြောလိုက်သည်။

စာပို့သမားမှာ သာယာလှပသည့် ဥယျာဉ်လေးနှင့် ပန်းရနံ့များကို ခံစားရင်း စိတ်အပန်းပြေ နေပြီ ဖြစ်လေသည်။ ဆန်းလျန်ဆီမှ “ထိုင်လေ” ဆိုသည့် စကားသံကို ကြားသည့် အခါတွင်တော့ အလွန်အံ့သြ သွားရသည်။ ဆန်းလျန် ကဲ့သို့သော် လူတစ်ယောက်က သူ့ကို ထိုင်ခိုင်း လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်ကဲ့သို့သော ထူးခြားသည့် သူများသည် သူကဲ့သို့သော သာမန်လူများကို မြေစာပင် တစ်ပင်လောက်ပင် တန်ဖိုးထားမည် မဟုတ်ပေ။

“ရပါတယ် မြေကြီးပေါ်ပဲ ထိုင်လိုက်တော့မယ်”

စာပို့သမားက ပြောလိုက်ပြီး ကျားနက်ကြီးနှင့် အနည်းငယ်ဝေးရာ မြက်ခင်းပြင်ထက်တွင် ထိုင်လိုက်လေသည်။ သူ၏ခါးမှာ အနည်းငယ် ကိုင်းနေပြီး သူ၏ မျက်နှာမှာလည်း ကြမ်းတမ်းခဲ့သည့် ဘဝကြောင့် အနာအဆာများဖြင့် ပြည့်နေလေသည်။

ဆန်းလျန်သည် စာပို့သမားကို ကြည့်နေမိသည်။ ထိုသူသည် သာမန် လူတစ်ယောက်မျှသာ ဖြစ်လေသည်။ ထိုသို့သော သာမန်လူများသည် မွေးဖွားလာပြီး သေဆုံး သွားကြမည်သာ ဖြစ်လေသည်။ သို့သော် မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြား အသက်ရှင်စဉ် ကာလလေး အတွင်းတွင်တော့ အသက်မွေးဝမ်း ကျောင်းရန်အတွက် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန် ကြရလေသည်။

သို့ရာတွင် ဆန်းလျန်သည် သာမန် လူသားများ အပေါ်တွင် မည်သည့်အခါမှ အထင် မသေးတတ်ပါ။ ထိုသူများသည် အသက်ရှင်ရန်မှာ မလွယ်ကူကြောင်းကို ဆန်းလျန်ကို အမြဲတမ်း သတိပေး နေသူများ ဖြစ်လေသည်။

ကျောက်စားပွဲလေး ထက်တွင် ကျောက်ရေအိုးလေး တစ်လုံးနှင့် ကျောက်ပန်းကန်များ ရှိလေသည်။

ဆန်းလျန်က ကျောက်ရေအိုးကို ဖုံးထားသည့် အဖုံးကို ဖွင့်လိုက်သည်နှင့် စမ်းရေတွင်းထဲမှ ရေများက ကျောက်ရေအိုး လေးအတွင်းသို့ စီးဆင်းပျံသန်း ဝင်ရောက် လာကြသည်။ မည်သည့် နေရာက ထွက်ပေါ် လာမှန်းမသိသည့် အစိမ်းရောင် အရွက်အဖူးလေးများသည် စမ်းရေနှင့်အတူ ရောနှောသွားပြီ ကျောက်ရေအိုးလေး အတွင်းသို့ ဝင်ရောက် သွားကြလေသည်။

စာပို့သမားမှာ ဆန်းလျန်လုပ်သမျှကို တအံ့တသြဖြင့် ကြည့်နေလေသည်။

ဆန်းလျန်က မိုးမြေ စွမ်းအားများကို အသုံးပြုကာ မီးတောက် တစ်ခုကို ဖန်ဆင်းလိုက်ပြီး ထိုမီးတောက်ကို သန့်စင် လိုက်လေသည်။ ထို့နောက် သူက ထိုသန့်စင်သည့် မီးတောက်ဖြင့် ကျောက်ရေအိုးလေးကို အပူပေးလိုက် လေသည်။ သိပ်မကြာမီတွင်တော့ ကျောက်ရေအိုးလေးမှာ ပွက်ပွက် ဆူလာတော့သည်။

ဆန်းလျန်က ရေနွေးများကို ကျောက်ပန်းကန်လေး နှစ်လုံး အတွင်းသို့ ငှဲ့ထည့် လိုက်လေသည်။

“ဒီနေရာ ရောက်လာမှတော့ လက်ဖက်ရည်လေး သောက်ပါဦးလား”

ဆန်းလျန်က စာပို့သမားကို ပြောလိုက်သည်။

လက်ဖက်ရည် အတွင်း ခပ်ထားသည့် လက်ဖက်ရွက်မှာ သာမန် နွေဦးလက်ဖက် ဖူးလေးများ ဖြစ်သော်လည်း ရေကတော့ ယင်အအေး စွမ်းအား မြင့်မားပြီး ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝသည့် စမ်းရေ ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန် ဖန်ဆင်းသည့် မီးတောက်မှာလည်း အလွန်သန့်စင်သည့် မီးတောက် ဖြစ်လေသည်။

စာပို့သမားကတော့ ထိုလက်ဖက်ရည် ကြမ်းမှာ မည်မျှ အဖိုးတန်သည်ကို သိရှိခြင်း မရှိပါ။

သို့သော်… သူ့ဘဝတွင် သောက်ခဲ့ဖူးသမျှ လက်ဖက်ရည်ကြမ်း အားလုံးထက် ယခု သောက်ရသည့် လက်ဖက်ရည် ကြမ်းက အလွန်မှ အနံ့အရသာနှင့် ပြည့်စုံလေသည်။

လက်ဖက်ရည်ကြမ်းကို သောက်လိုက်သည်နှင့် ချက်ချင်းပင် စွမ်းအားများ ပြည့်လာသလို ခံစားလိုက်ရသည်။

ထို့နောက်တွင်တော့ စာပို့သမားသည် ဆန်းလျန်ကို နှုတ်ဆက်ကာ ကျယ်ယန်းတောင်မှ ထွက်ခွာ သွားတော့သည်။

သူသည် မိုင်တစ်ထောင် ခရီးသွား အင်းချပ်ကို ခြေထောက်တွင် ချည်လိုက်ကာ လမ်းပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေလေသည်။ သူ့တစ်ကိုယ်လုံးမှာ ပေါ့ပါးလျှက်ရှိပြီး သူ့ပတ်ဝန်းကျင်ရှိ ရှုခင်းများက လျှင်မြန်စွာ ပြောင်းလဲ နေလေသည်။ ယခင်က မိုင်တစ်ထောင် ခရီးသွား အင်းချပ်ကို အသုံးပြုလျှင် ခရီးပေါက်သည့်တိုင် အလွန် ပင်ပန်းသည်ဟု သူခံစားရလေသည်။ ယခုတော့ ပင်ပန်းမှုကို သူလုံးဝ မခံစားရတော့ပေ။

သူသည် အလွန်လျင်မြန်စွာ ပြေးလွှားနေပြီး လမ်းဘေးတစ်ဖက် တစ်ချက်မှ လူများသည် သူ၏ အရိပ်ကိုပင် မမြင်ရဘဲ လေတစ်ချက် တိုက်ခတ် သွားသည်ကိုသာ ခံစားမိကြလေသည်။

စာပို့သမားသည် သူစာပို့သည့် အလုပ်လုပ်ခဲ့သည့် ဆယ်နှစ်ကျော် အချိန်အတွင်းတွင် ယနေ့လောက် လွတ်လပ် ပေါ့ပါးသည့် ခံစားချက်မျိုးကို မခံစားခဲ့ရဖူးပေ။ ဤသည်မှာ ဆန်းလျန် သူ့ကို တိုက်လိုက်သည့် လက်ဖက်ရည်ကြမ်းကြောင့် ဖြစ်လေသည်။

ကျင့်ကြံသူများသာ ဆန်းလျန် တိုက်သည့် ဝိညာဉ်စွမ်းအား ပြည့်ဝသည့် လက်ဖက်ရည်ကြမ်းကို သောက်ခွင့်ရမည် ဆိုလျှင် ကျိန်းသေပင် ကံကောင်းလွန်း သည်ဟု ခံစားကြရမည် ဖြစ်လေသည်။ လက်ဖက်ရည် တစ်ခွက်သည် တစ်လ ကျင့်ကြံခြင်းနှင့် ညီမျှလေသည်။

သို့သော် ဆန်းလျန်ကတော့ ထိုလက်ဖက်ရည်ကြမ်းမျိုးက အရေးပင်မလုပ်ပါ။ ဆန်းလျန်သည် ထာဝရ အသက်ရှည် ဆေးကဲ့သို့ ဆေးမျိုးကိုပင် အရေးထားသည့်သူ မဟုတ်ပေ။ သူပေးချင်လျှင် ပေးပစ်မည်သာ ဖြစ်လေသည်။

စာပို့သမား ပြေးလွှားနေဆဲမှာပင် ကောင်းကင်ထက်တွင် တိမ်ညိုများ အုံ့ဆိုင်း လာလေသည်။ မိုးရွာတော့မည် ဖြစ်လေသည်။

မိုးရွာလျှင် လေလည်း ပါလာမည် ဖြစ်လေသည်။ လေက စာပို့သမားသွားရာ အရပ်သို့ တိုက်ခတ် ပေးနေသည့် အတွက် လေစုန်ဖြစ်နေကာ စာပို့သမား၏ ပြေးနှုန်းမှာ ပိုပြီး မြန်နေ လေတော့သည်။ စာပို့သမားမှာ မိုးခိုရန်အတွက် နေရာ ရှာချင်သည့်တိုင် သူ၏ပြေးနှုန်းမှာ လျင်မြန် လွန်းနေသည့် အတွက် ရပ်တန့်မရ ဖြစ်နေရလေသည်။ အနည်းငယ် အရှိန်လျှော့မည် ဆိုလျှင်တောင် အချိန်တော့ပေးရဦးမည်။

သူက ဖြည်းဖြည်းချင်း အရှိန်လျှော့ချရန် ကြိုးစား လိုက်သော်လည်း လေတိုက်ခတ် နေသည့်အတွက် လေထဲတွင် လွင့်နေသလိုခံစားရကာ အရှိန်မလျှော့နိုင် ဖြစ်နေရလေသည်။

မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး နောက်ဆုံးတော့ မိုးများ ရွာချ လိုက်တော့သည်။ စာပို့သမားမှာ မိုးခိုရန်နေရာ တစ်ခု အသည်းအသန် ရှာရတော့သည်။

ဆန်းလျန်သည် ကျယ်ယန်း တောင်ထိပ်တွင် ရှိနေလေသည်။ ကျယ်ယန်း တောင်ထိပ်တွင်တော့ ကောင်းကင်က ကြည်လင် နေလေသည်။ မိုးခြိမ်းသံကို ကြားနေရသည့်တိုင် မိုးရွာမည့် အရိပ်အယောင် မရှိပေ။

ဆန်းလျန်သည် မိုးခြိမ်းသံ ထွက်ပေါ်လာရာ အရပ်ဆီသို့ ကြည့်နေရင်း….

“မိုးနတ်မင်းဆိုတဲ့ အဘိုးကြီးတော့ ကျင့်ကြံသူတွေကို တကယ် စိတ်ဆိုးနေပြီ ၊ ဘယ်နတ်မိစ္ဆာ လူသား အသွင် ပြောင်း ပြန်ပြီလဲ မသိဘူး”

ကျားနက်ကြီးကလည်း ဆန်းလျန် ကြည့်ရာနေရာသို့ လိုက်ကြည့် လိုက်လေသည်။ လျှပ်စီးများကြောင့် သူ့စိတ်ဝိညာဉ်မှာ တုန်လှုပ် သွားရသည်။ သူသည် မြေကြီးပေါ်တွင် တွားသွားကာ သူ၏ သခင်ငယ်လေး၏ ဘေးတွင် ဝပ်နေလေသည်။ သခင်ငယ်လေး အနားတွင် နေလျှင် လုံခြုံသည်ဟု ခံစားရလေသည်။

ကျားနက်ကြီးမှာ ဝိညာဉ်စွမ်းအား ပြည့်ဝသည့် တောဘုရင် တစ်ကောင် ဖြစ်သည့်တိုင် မိုးကြိုး လျှပ်စီးများမှာ နတ်မိစ္ဆာ တစ်ပါး လူသား အသွင်ပြောင်းလဲခြင်း အတွက် မိုးကြိုးပစ် အစစ်ဆေးခံရခြင်း ဖြစ်သည့် အတွက် ကြောက်မက်ဖွယ်ရာ ပင်ဖြစ်လေသည်။

လူသားအသွင် ပြောင်းလဲနိုင်ရန် အတွက် မိုးကြိုးပစ်အစစ်ဆေးခံရန် စောင့်ဆိုင်း နေကြသည့် ကျင့်ကြံသူ နတ်မိစ္ဆာများ စွာရှိလေသည်။ သို့သော် မိုးကြိုးပစ် အစစ်ဆေးခံခြင်းတွင် ကျရှုံးခဲ့လျှင်တော့ မီးခိုးငွေ့အအလား ပျောက်ကွယ် ပျက်စီး ကြရမည် ဖြစ်လေသည်။ သို့သော် နှစ်ထောင်ပေါင်း များစွာ ကျင့်ကြံ ထားကြသည့် နတ်မိစ္ဆာများ အနေဖြင့် ထိုမိုးကြိုးပစ် အစစ်ဆေး ခံရခြင်းကို ကျိန်းသေ ကျော်လွှားနိုင်မည် ဖြစ်လေသည်။

***

All Chapters