← Chapters

လူသားမဟုတ်ဘူး

Vol. 5 Ch. 466

လူသားမဟုတ်ဘူး

Vol. 5 Ch. 466

မိုးကြီး သည်းထန်စွာ ရွာသွန်းသည့် အတွက် ရေများ လျှံနေလေသည်။

စာပို့သမားမှာ အရှေ့ကို ကြည့်လျှင်လည်း မမြင်ရတော့သလို အနောက်ကို ကြည့်လျှင်လည်း မည်သည့် အရာကိုမှ မမြင်ရတော့ပေ။ အလွန် လျှင်မြန်သည့် အရှိန်ဖြင့် ပြေးလွှားနေသည့် အတွက် မိုးရေများကြောင့် သူမွန်းကျပ်လာလေသည်။

မိုးကြိုးပစ်သံများ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။ စာပို့သမားမှာ မြေပြင်ပေါ်သို့ အရှိန်လွန်ပြီး လဲကျ သွားတော့သည်။ ထို့နောက် သူက အရှိန်ကိုထိန်းကာ မတ်တတ် ပြန်ရပ် လိုက်သည်။ ရှေ့နားဆီတွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရလေသည်။

သူသည် ဒေသကျွမ်းကျင်သည့် စာပို့သမား တစ်ယောက် ဖြစ်ပြီး မက်မွန်သီး ခုနစ်လုံးတောင်၏ မိုင်တစ်ရာပတ်ဝန်း ကျင်ကို အားလုံးနီးပါး အလွတ်ရ မှတ်မိနေသူ ဖြစ်လေသည်။ သို့သော် သူ၏ မျက်စိရှေ့မှ လက်ဖက်ရည်ဆိုင်လေးကို သူသည် ယခင်က တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။

မိုးရွာပြီးစ အချိန် ဖြစ်သည့်အတွက် လမ်းပေါ်တွင် လူတစ်ယောက်မှ မရှိပေ။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် အတွင်းတွင်လည်း လက်ဖက်ရည် သောက်သည့်သူ တစ်ယောက်မှ မရှိပေ။

လက်ဖက်ရည်ဆိုင်ပိုင်ရှင်က လက်ဖက်ရည် ဖျော်နေပြီး အဘိုးအို တစ်ယောက်ကတော့ ဆိုင်ထဲတွင် ထိုင်နေလေသည်။

ဆိုင်ပိုင်ရှင်က လက်ဖက်ရည်ဆိုင် အတွင်းသို့ စာပို့သမား ဝင်လာသည်ကို တွေ့သည်နှင့် ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

“ဧည့်သည်၊ ကြွပါ … ဘာများသုံးဆောင်မလဲ”

စာပို့သမားက လက်ဖက်ရည်ဆိုင်ထဲမှ ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်လေသည်။

ပိုင်ရှင်က သူ့ထံသို့ လက်ဖက်ရည်ကို အလျင်အမြန် ယူလာလေသည်။ လက်ဖက်ရည် အမြှုပ်လေးများက ထနေပြီး သဘာဝအတိုင်း လတ်ဆတ်လေသည်။ သို့သော် ဆန်းလျန်တိုက်သည့် လက်ဖက်ရည်ကို သောက်ခဲ့ပြီးသည့် စာပို့သမားသည် တခြား လက်ဖက်ရည်များကို သောက်၍ မရတော့ပေ။

ဆိုင်ရှင်ကလည်း သူ့ကို လက်ဖက်ရည်သာ ချပေးပြီး လက်ဖက်ရည် သောက်ရန် မတိုက်တွန်းဘဲ ဆိုင်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ကာ အလုပ်ရှုပ်နေလေသည်။

ဆိုင်ထဲတွင် ထိုင်နေသည့် အဘိုးအိုက စကား စပြောလာသည်။

“လူကလေး… မင်းအချိန်ရရင် ဒီအဘိုးကြီးက ဇာတ်လမ်း တစ်ပုဒ် ပြောပြချင်တယ်”

အဘိုးအိုသည် စာပို့သမားက သူပြောပြမည့် ဇာတ်လမ်းကို နားထောင်ချင်သည် ဖြစ်စေ၊ နားမထောင်ချင်သည် ဖြစ်စေ ဇွတ်ပြောပြတော့မည့် ပုံမျိုးဖြစ်လေသည်။

အဘိုးအို၏ ကြည်လင် ပြတ်သားသည့် အသံက ထွက်ပေါ်လာလေသည်။

အဘိုးအိုက ဇာတ်လမ်းကို ပြဇာတ်ဆန်ဆန် စတင်ပြောလေတော့သည်။

“စကားပြေတယ်ဆိုတာ အကျိုးရှိမှ ပြောရတယ်၊ နားထောင်တဲ့ သူကလည်း အကျိုးရှိမှ နားထောင်ရတယ်၊ လူ့လောကရဲ့ ဒုက္ခတွေကိုမေ့ပစ်ပြီး ဒဏ္ဍာရီထဲက နတ်ဘုရား ပုံပြင်တွေကိုသာ နားထောင်လိုက်ကြပါ”

အစချီပြီးသည့်နောက် အဘိုးအိုက ဆက်ပြောလေသည်။

“ဟိုးရှေးရှေးတုန်း ကတည်းက ပုံပြောသူတွေက ဒီလိုမျိုး စိတ်ဝင်စားစရာ အဖွင့်စကားချီးတွေနဲ့ ပုံပြင်ကို စတင် ပြောကြရတယ်၊ ရည်ရွယ်ချက်ကတော့ နားထောင်တဲ့ ပရိသတ်တွေ စိတ်ဝင်စားအောင် စွဲဆောင်ရတာပေါ့ကွာ”

အဘိုးအို၏ စကားများကိုနားထောင်ရင်း စာပို့သမားသည် ဇာတ်လမ်းကို နားထောင်ရန် အနည်းငယ် စိတ်ဝင်စား လာတော့သည်။

အဘိုးအိုက ဇာတ်လမ်း တစ်ပုဒ်ကို စပြောပြလေသည်။

ထိုဇာတ်လမ်းသည် မက်မွန်သီး ခုနစ်လုံး တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်း ဖြစ်လေသည်။

မက်မွန်သီး ခုနစ်လုံး တောင်ပေါ်တွင် နေနှင့်လ၏ စွမ်းအင်များကို စုပ်ယူနိုင်သည့် မက်မွန်ပင် တစ်ပင် ရှိလေသည်။ ထိုမက်မွန်ပင်သည် မကျွတ်မလွတ်သော ဝိညာဉ်များ၏ အမျက်ဒေါသများကို သန့်စင်ပေးနိုင်သည့် စွမ်းအား ရှိလေသည်။ တစ်နေ့တွင်တော့ ထိုမက်မွန်ပင်မှ မက်မွန်သီး ခုနစ်လုံးသီး လာခဲ့သည်။

ထို မက်မွန်သီး ခုနစ်လုံးမှာ ဝိညာဉ်စွမ်းအားတွေနဲ့ ပြည့်ဝ နေလေသည်။ အချိန်ကာလ ကြာလာသည့် အခါတွင်တော့ ထိုမက်မွန်သီးလေးများတွင် လူသားမျက်နှာများ ပေါ်ထွက်လာပြီး ကလေးငယ်လေးများ အလား ကြီးပြင်း လာလေသည်။ မက်မွန်သီးများမှာ တောက်ပနေပြီး အပြစ်ကင်းစင် လွန်းလေသည်။

တစ်နေ့တွင်တော့ တောင်ပေါ်သို့ သစ်ခုတ်သမား တစ်ယောက် ရောက်လာပြီး ထူးဆန်းသည့် မက်မွန်သီးများကို သတိပြုမိကာ မက်မွန်သီးများ၏သတင်းက တဖြည်းဖြည်း ပျံ့နှံ့သွားလေသည်။ ထိုအချိန်မှစပြီး မက်မွန်သီးများသည် လူ့လောက၏ အညစ်အကြေးများဖြင့် ဖုံးလွှမ်း ခံရတော့သည်။

ထိုနေ့က သစ်ခုတ်သမားက ရွာသားများကို ခေါ်ကာ မက်မွန်ပင် ရှိရာသို့ လာသည့် အချိန်တွင် မက်မွန်သီးလေးများက သူတို့၏ မိခင်သစ်ပင်ကို ထွက်ပြေးရန် ပြောခဲ့လေသည်။

သို့သော်… မက်မွန်ပင်သည် မူလပေါက်ရောက်ရာ ဒေသမှ ထွက်ခွာလျှင် စွမ်းအားများ ပျောက်ဆုံး သွားမည်ကို မက်မွန်သီးလေးများက မသိခဲ့ကြပေ။ သူတို့၏ မူလ ပေါက်ရောက်ရာ တောင်ပေါ်မှ ထွက်ပြေးလာမိသည်နှင့် သူတို့၏ ဝိညာဉ် စွမ်းအားများကိုလည်း ဆုံးရှုံး ခဲ့ကြရလေသည်။ လမ်းတစ်ဝက် အရောက်တွင် မက်မွန်ပင်မှာ ခြောက်သွေ့ လာတော့သည်။

မက်မွန်ပင်နှင့် မက်မွန်သီးလေးများမှာ ဝိညာဉ်စွမ်းအားသာ ပြည့်ဝကြပြီး အခြားသော တန်ခိုး စွမ်းအားများနှင့် တာအို စွမ်းအားများလည်း မရှိကြပေ။ ထို့ကြောင့် မက်မွန်သီး ခုနစ်လုံးတောင်မှ ထွက်ပြေး လာသည်နှင့် မက်မွန်ပင်မှာ အားအလွန် နည်းလာပြီး နေနှင့်လ၏ တန်ခိုးစွမ်းအားများကို စုပ်ယူနိုင်စွမ်း မရှိတော့ပေ။

ဝိညာဉ်စွမ်းအားများ လျော့ပါးလာပြီး အသက်ရှင်သန်ရန် ခက်ခဲနေသည့် အချိန်တွင် မက်မွန်သီးလေး တစ်လုံးသည် အခြားသော မက်မွန်သီးများထံမှ ဝိညာဉ် စွမ်းအာများကို သူအသက် ရှင်သန်ရန် အတွက် စတင် စုပ်ယူတော့သည်။ ငါးရက်အတွင်းတွင် အခြား မက်မွန်သီး ငါးလုံးထံမှ ဝိညာဉ် စွမ်းအားများကို ထိုမက်မွန်သီးလေးက စုပ်ယူ ပစ်လိုက်လေသည်။ သူစုပ်ယူရန် အတွက် အငယ်ဆုံး မက်မွန်သီးလေးသာ ကျန်တော့သည်။ အငယ်ဆုံး မက်မွန်သီးလေးမှာ ကြောက်ရွံ့ လွန်းသောကြောင့် အသက်ပင် မရှူရဲတော့ပေ။

မက်မွန်သီးလေးသည် အငယ်ဆုံး မက်မွန်သီးလေး၏ ဝိညာဉ် စွမ်းအားများကို စုပ်ယူတော့မည့် အချိန်တွင် ကောင်းကင်ထက်မှ အဖြူရောင် အလင်းတန်းကြီး ကျဆင်းလာပြီး အငယ်ဆုံး မက်မွန်သီးလေးကို သယ်ဆောင် သွားတော့သည်။

အခြားသော မက်မွန်သီးများမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူလိုက်သည့် မက်မွန်သီးလေးမှာ ဝိညာဉ်စွမ်းအားများ မြင့်မားလာပြီး မက်မွန်ပင် တစ်ပင်လုံးကိုပင် ထိန်းချုပ်နိုင်သည် အထိ အားကောင်း လာလေသည်။ သူက မက်မွန်ပင်၏ အမြစ်များကို ပြန်လည် ရှင်သန် လာစေလေသည်။

မက်မွန်ပင် အနားသို့ မျက်စိလည်ကာ ရောက်လာသည့် ယုန်တစ်ကောင်ကို မက်မွန်ပင်သည် အမြစ်များဖြင့် ညှစ်ကာ သတ်ဖြတ် ပစ်လိုက်သည်။ ယုန်သွေးကို သောက်ပြီးသည့်နောက် မက်မွန်ပင်သည် ပိုပြီး စွမ်းအားကြီးမား လာလေသည်။

ထိုအချိန်မှစပြီး မက်မွန်ပင်သည် အခြားသော သက်ရှိသတ္တဝါများကို သတ်ဖြတ်ကာ သွေးများကို သောက်တော့သည်။ မက်မွန်ပင်သည် တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်း နေထိုင်ရင်း တန်ခိုး စွမ်းအားများလည်း မြင့်မား လာလေသည်။

ထိုသို့ဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်…

မက်မွန်ပင်သည် မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို ကျော်လွန်ခဲ့ပြီး လူသားတစ်ဦး အဖြစ် အသွင်ပြောင်း နိုင်ခဲ့လေသည်။

အဘိုးအိုက ဇာတ်လမ်း ဆုံးသွားသည်နှင့် စာပို့သမားကို မေးခွန်း ထုတ်လိုက်သည်။

"မက်မွန်ပင်က လူသား ခန္ဓာကိုယ် ရသွားတော့ သူ့ကို လူလို့ သတ်မှတ်နိုင်မလား"

စာပို့သမားက အဘိုးအို၏ အမေးကို ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် ဆန်းလျန်၏ စကားများက သူ့နားထဲတွင် ပဲ့တင် ထပ်လာလေသည်။

“လောကမှာ ကျုပ်မသိတာ ဘာမှမရှိဘူး၊ မင်းကို လွှတ်လိုက်တဲ့ သူက ဒီနေရာရဲ့ ပိုင်ရှင် အဟောင်းပဲ၊ မင်းသူ့ကို သတင်းပြန်ပို့ ပေးရမှာက ရှီးလျန်မြို့တော်ရဲ့ သခင်လေးဖြစ်တဲ့ ကျယ်ယန်းတောင် သခင်လေးက ဒီနေရာကို သိမ်းပိုက် လိုက်ပြီဆိုတာပဲ၊ ဒီနေရာက သစ်ပင်တွေ၊ ခြုံပုတ်တွေ၊ မြက်ပင်တွေပါ မကျန် အကုန် ကျုပ်ပိုင်ဆိုင်တယ်၊ သူက မကျေနပ်ဘူးဆိုရင် ကျုပ်ကို လာရှာနိုင်တယ်လို့ ပြောလိုက်၊ ဟွန့်… သူ ကျုပ်ဆီ မလာရဲမှာကိုပဲ စိုးရိမ်မိပါရဲ့”

ဆန်းလျန်သူ့ကို မှာကြားလိုက်သည့် သတင်းစကားသည် အဘိုးအို ပြောသည့် ဇာတ်လမ်းနှင့် ဆက်စပ်မှု လုံးဝမရှိပေ။ သို့သော် ထိုစကားများမှ အလွန်ကြီးမား လှသည့် တန်ခိုးစွမ်းအားသည် စာပို့သမား၏ အသိပညာကို နိုးထလာစေပြီး အသိစိတ် ဝင်လာ စေလေသည်။

အဘိုးအို၏ အမေးကို စာပို့သမားက ပြန်ဖြေလိုက်သည်။

“သူက ဘယ်လိုလုပ် လူသား တစ်ယောက် ဖြစ်နိုင်မှာလဲ၊  ဘာလို့လဲ ဆိုတော့ သူက တခြား မက်မွန်သီးတွေကို သတ်ပစ်ခဲ့တာပဲ”

အဘိုးအိုက စာပို့သမား၏ အဖြေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။

“ဒါပေမဲ့ သူအသက်ရှင်ဖို့ လုပ်ခဲ့ရတာလေ၊ လူသားတွေလည်း တစ်ခါတလေ ဇာတ်တူသား စားတာတွေ ရှိတာပဲ မဟုတ်လား”

အဘိုးအို၏ စကားကြောင့် စာပို့သမားမှာ ဒေါသ ထွက်လာလေသည်။ သူက သာမန် နိမ့်ကျသည့် လူတစ်ယောက်ဖြစ်သည့်တိုင် သူ့တွင် ကိုယ်ပိုင် ခံယူချက် ရှိလေသည်။

“ဇာတ်တူသားစားတဲ့ လူတွေက လူမဟုတ်လို့ပဲ”

စာပို့သမားက ပြောလိုက်လေသည်။

သူက သိပ်ပြီး အသိပညာရှိသူ မဟုတ်သည့်တိုင် ကောင်းမှုနှင့် မကောင်းမှုကိုတော့ ခွဲခြားသိသူ ဖြစ်လေသည်။ သူ့အမြင်တွင် မက်မွန်ပင်သည် နတ်မိစ္ဆာ တစ်ကောင်မျှသာ ဖြစ်သည်ဟု ထင်မြင် နေမိလေသည်။

အဘိုးအို၏ မျက်နှာမှာ တဖြည်းဖြည်း ညှိုးသွားလေသည်။

ထို့နောက် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး စာပို့သမားမှာ လက်ဖက်ရည်ဆိုင် အပြင်ဘက်သို့ လွင့်စဉ် ထွက်သွား လေသည်။ ထို့နောက် သူ့ရှေ့တွင် မက်မွန်သီး ခုနစ်လုံးတောင်မှ တာအိုဆရာ ပေါ်လာလေသည်။

ထိုတာအိုဆရာက သက်ပြင်း တစ်ချက် ချလိုက်ရင်း…

“ကျယ်ယန်းတောင်မှာ ဘယ်လို လူမျိုးနဲ့ တွေ့ခဲ့သလဲ”

စာပို့သမားက ဖြစ်ကြောင်း ကုန်စင်ကို တာအိုဆရာကို သေချာရှင်းပြ လိုက်လေသည်။

စာပို့သမားထံမှ သတင်းစကားကို ကြားသည်နှင့် တာအိုဆရာ၏ မျက်နှာမှာ သိသိသာသာ အမူအရာ ပြောင်းလဲ သွားသည်။

"ဒါဆို အဲဒီမှာ ဂါထာကို ဖန်ဆင်းနိုင်တဲ့ သူတစ်ယောက် ရှိနေတာပေါ့၊ ဆရာက ငါ့ကို မလိမ်ဘူးပဲ"

တာအိုဆရာက ရေရွတ် လိုက်သည်။

ဂါထာကို ဖန်ဆင်းနိုင်သည့်သူ ဖြစ်သည့်အတွက်သာ မက်မွန်ပင်မှာ နတ်မိစ္ဆာဖြစ်သည်ဟု အခိုင်အမာ အတည်ပြုသည့် အချိန်တွင် ဆန်းလျန်၏ စကားကို ပြန်ကြားလိုက်ရခြင်း ဖြစ်လေသည်။

ဆန်းလျန်က ထိုသို့သော ကိစ္စများ ဖြစ်ပျက် သွားလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပါ။ ဇာတ်လမ်းကို ပြောပြမည့် အဘိုးအိုကိုလည်း မျှော်လင့်မထားခဲ့မိပေ။ အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခြင်း ဖြစ်လေသည်။

သို့သော် အရေးကြီးသည့် အချက်မှာ စာပို့သမားသည် သာမန် လူတစ်ယောက်မျှသာ ဖြစ်သည့်တိုင် လူသားနှင့် နတ်မိစ္ဆာကို ရှင်းရှင်းလင်းလင်း ခွဲခြားပြခဲ့လေသည်။

စာပို့သမားက စိတ်ရှုတ်စွာဖြင့်…

"တာအိုဆရာ၊ ဒီလက်ဖက်ရည်ဆိုင်က တစ်ခုခု မှားနေသလိုပဲ"

"အဲဒီက လူတွေက လူတွေ မဟုတ်ဘူး၊ နတ်မိစ္ဆာတွေ၊ ပြီးတော့ လူတွေကိုလည်း စားသေးတယ်၊ အရာအားလုံးက ကံတရား အတိုင်းပေါ့ ၊ အင်း…. ကျယ်ယန်းတောင်က လူကိုတွေ့ဖို့ နောက်မကျလောက် သေးဘူးလို့တော့ မျှော်လင့်ရတာပဲ"

စာပို့သမားမှာ ဆန်းလျန် ပြောလိုက်သည့် သတင်းစကားကြောင့် ဝိညာဉ်နိုးထမှု ဖြစ်သွားသည့် အချိန်တွင် ဆန်းလျန်ကလည်း ချက်ချင်း သတိပြုလိုက် မိလေသည်။

အမှန်တော့ ဆန်းလျန် ပြောလိုက်သည့် စကားသည် မထင်မှတ်ဘဲ ဂါထာ တစ်ပုဒ် ဖန်ဆင်းသကဲ့သို့ ဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် သူပြောလိုက်သည့် စကားသည် ဂါထာတစ်ပုဒ် အလား စွမ်းအား ရှိသွားလိမ့်မည်ဟု ဆန်းလျန် ကိုယ်တိုင်ပင် မထင်မှတ်ခဲ့ပေ။

သို့ရာတွင် ဆန်းလျန်ကဲ့သို့ ကျင့်စဉ်လမ်းတွင် အဆင့်မြင့် သူများသည် ထိုကဲ့သို့ ဖြစ်တတ်လေသည်။ ဆန်းလျန်မှာ သူ၏ မူလဝိညာဉ်မှာ အပြည့်အ၀ ပြန်လည် စွမ်းအားပြည့်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူ၏စကားက ဂါထာအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်စဉ်ကို သိရန် ခက်ခဲ နေလေသည်။

သို့သော် ဆန်းလျန်က ထိုကိစ္စကို စိတ်ထဲမထားပါ။ သူက လုပ်ရိုးလုပ်စဉ် အလုပ်များကို လုပ်ရင်းပင် နေထိုင်ခဲ့လေသည်။ စကြဝဠာ အသက်ဓာတ် စွမ်းအားများက သူ့ထံသို့ နေ့ရောညပါ စီးဝင်နေကြပြီး သူ၏ခန္ဓာကိုယ် ကြီးထွားနှုန်းမှာလည်း သာမန် ကလေးများထက် လျင်မြန် နေလေသည်။

မက်မွန်သီး ခုနစ်လုံးတောင်မှ တာအိုဆရာကတော့ စိတ်ထဲတွင် စိုးရိမ် ပူပန်လျက် ရှိလေတော့သည်။

***

All Chapters