← Chapters

ကိုယ်ခန္ဓာပေးဆပ်ခြင်း၊ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း(၁)။

Vol. 50 Ch. 543

ကိုယ်ခန္ဓာပေးဆပ်ခြင်း၊ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း(၁)။

Vol. 50 Ch. 543

"ကုယုံဆန်းကြယ်အလင်း မန္တန်..."

"ဒါက သေချာပေါက် ရှေးဟောင်းခေတ် လူသားမျိုးနွယ်စု နတ်ဘုရားအသွင်ပြောင်းဂိုဏ်းရဲ့ ကုယုံဆန်းကြယ်အလင်း မန္တန်ပဲ..."

"ဒါပေမဲ့ ဒီနတ်ဘုရားအသွင်ပြောင်းဂိုဏ်းက ပျက်စီးသွားတာ ကြာပြီ မဟုတ်ဘူးလား... ဘယ်လိုလုပ် အခုအချိန်ထိ ကုယုံဂိုဏ်းရဲ့ အမွေအနှစ်ကို ရရှိထားတဲ့လူ ရှိနေသေးတာလဲ..."

ဤအချိန်တွင် ကျောင်းဝူဝေတစ်ယောက် ဒေါသကြောင့် ရူးသွပ်လုမတတ် ဖြစ်နေလေသည်။

အထူးသဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် နဂါးသုံးကောင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ၊ ကျိုးစွေ့ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲပစ်ချင်စိတ် ပေါက်သွားလေသည်။

ဤသည်မှာ နဂါးမျိုးနွယ်စု၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်ကြောင်း သိထားရပေမည်။‌ အရေးကြီးသော အချိန်မဟုတ်လျှင် ထုတ်သုံးမည် မဟုတ်ပေ။

ထုတ်သုံးလိုက်သည်နှင့် တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်စမြဲ ဖြစ်သည်။ သို့သော် ယခုမူ ဤလူသား ကျိုးစွေ့၏ အလွယ်တကူ ဖြေရှင်းခြင်းကို ခံလိုက်ရချေသည်။

ဤသည်မှာ နဂါးမျိုးနွယ်စု၏ နှစ်ပေါင်းများစွာ စီစဉ်ထားသော အစီအစဉ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး နဂါးမျိုးနွယ်စုကို အကြီးအကျယ် ဆုံးရှုံးစေခဲ့သည်။

သို့သော် ဤသည်မှာ ကုယုံဂိုဏ်းမှ ဆင်းသက်လာသော အတုမဲ့ နတ်ဘုရားစွမ်းရည်မန္တန်ဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိလိုက်သည်။

ရှေးဟောင်းခေတ်ကာလတုန်းကလည်း ကုယုံဂိုဏ်းမှ ကျင့်ကြံသူများ ဝင်ရောက်စွက်ဖက်ခဲ့သဖြင့် နဂါးမျိုးနွယ်စု၏ ဤလျှို့ဝှက်ပညာရပ်ကို ဖြေရှင်းနိုင်ခဲ့ပြီး၊ နဂါးမျိုးနွယ်စုကို အကြီးအကျယ် ဆုံးရှုံးစေကာ ကျင့်ကြံခြင်းလောကမှ ဆုတ်ခွာသွားစေခဲ့ခြင်း ဖြစ်ပေသည်။

အချိန်ကာလများ ပြောင်းလဲသွားပြီးနောက် ကုယုံဂိုဏ်းသည် မိစ္ဆာများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့် ဤနတ်ဘုရားစွမ်းရည်မန္တန်ကို သင်ယူနိုင်သူ ရှိတော့မည်မဟုတ်ဟု ထင်မှတ်ထားခဲ့မိသည်။

သို့သော် အမှန်တကယ်ပင် ကုယုံဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံထားသူ ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ထိုအပြင် ဤအတုမဲ့ နတ်ဘုရားစွမ်းရည်မန္တန်ကိုပါ သင်ယူတတ်မြောက်ထားသေးသည်။ ဤလူသားကျင့်ကြံသူသည် မိစ္ဆာမျိုးနွယ်စု၏ သဘာဝရန်သူ ဖြစ်သည်ဟုသာ ဆိုရပေမည်။

ဤအကောင်စုတ် ထွက်ပေါ်လာပြီးနောက်ပိုင်း မိစ္ဆာမျိုးနွယ်စု၏ အစီအစဉ်များသည် နေရာတိုင်းတွင် အတားအဆီးများနှင့် ကြုံတွေ့နေရသည်။ တစ်ရက်မျှ ချောမွေ့သည်ဟူ၍ မရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင်မူ မည်သို့ပင်ဖြစ်စေ ရှုံးနိမ့်ခြင်းသည် ရှုံးနိမ့်ခြင်းပင်ဖြစ်ပြီး၊ ပြန်လည် ပြင်ဆင်၍ မရနိုင်တော့ပေ။

"ပြေး... အမြန်ပြေးကြ..."

ကျောင်းဝူဝေက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူများကို ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

ယခုတစ်ကြိမ်တွင် လူသားမျိုးနွယ်စုကို အနိုင်ယူရန် မျှော်လင့်ချက်မရှိတော့ကြောင်း သူ နားလည်လိုက်ရသည်။

မိမိလက်ထဲတွင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာရှိနေလျှင်ပင် ထိုလူသားမကောင်းဆိုးဝါးကောင်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ဤအတိုင်းသာ ဆက်တိုက်ခိုက်နေပါက ၎င်းတို့အားလုံး ဤနေရာတွင် အသက်စွန့်ရပေလိမ့်မည်။

ယခုအချိန်တွင် ဆုတ်ခွာလိုက်ပါက အကြီးအကျယ် ဆုံးရှုံးရမည် ဖြစ်သော်လည်း၊ အနည်းဆုံးတော့ အင်အားအချို့ကို ချန်ထားနိုင်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ချန်လန်ပင်လယ်ဒေသကို သိမ်းပိုက်ရန် အခွင့်အရေး ရှိနေသေးသည်။ တပ်ဖွဲ့တစ်ခုလုံး ပျက်စီးသွားသည်ထက်တော့ သာပေသေးသည်။

ဝှစ်...

သို့သော် ထိုအချိန်တွင် ကျိုးစွေ့သည် ကျောင်းဝူဝေ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်ဖြစ်ရာ ထိုနဂါးကို ထွက်ပြေးခွင့်ပေးမည် မဟုတ်ပေ။

အကယ်၍ အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားပါက နောင်တစ်ချိန်တွင် ထိုရန်သူ၏ ချောင်းမြောင်းခြင်းကို အချိန်တိုင်း ခံနေရမည်ဖြစ်ပြီး စားဝင်အိပ်ပျော်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ဤနဂါးကို ထွက်ပြေးခွင့်ပြု၍ မဖြစ်ပေ။

ချက်ချင်းပင် သူသည် 'တည်နေရာရွှေ့ပြောင်းကူ'ကို အသုံးပြုပြီး ကျောင်းဝူဝေ၏ ဘေးနားသို့ ချက်ချင်း ရောက်ရှိသွားသည်။

ကျူးရှန်းဓားသိုင်း...။

သူသည် ဓားတစ်လက်ကို ကိုင်စွဲလျက် ကျူးရှန်းဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာသည်။

ဤသည်မှာ မိစ္ဆာသတ်မည့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသော ကျူးရှန်ဓားအလင်းပင် ဖြစ်ချေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် မိစ္ဆာမျိုးနွယ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဝိညာဉ်များ၏ သတ်ဖြတ်လိုစိတ်များကို စုစည်းထားခြင်း ဖြစ်လေသည်။

ယင်း၏ စွမ်းအားကြီးမားမှုသည် မြင်တွေ့ကြားရသူတိုင်းကို တုန်လှုပ်ချောက်ချားစေပေသည်။‌ အထူးသဖြင့် မိစ္ဆာမျိုးနွယ်စုကို နှိမ်နင်းရာတွင် ပိုမို ထိရောက်လေသည်။

မိစ္ဆာမျိုးနွယ်စုနှင့် တွေ့ဆုံပါက ဤဓားအလင်း၏ စွမ်းအားသည် ဆတိုးကိန်းဖြင့် တိုးပွားလာသည် မဟုတ်ပါလော။

"သွားပြီ..."

ဤအချိန်သို့ ရောက်နေသည့်တိုင် ထိုအရှက်မရှိသော လူသားသည် သူ့အား စိုက်ကြည့်နေတုန်းပဲဟုသာ ကျောင်းဝူဝေတစ်ယောက် တွေးလိုက်မိသည်။

ကျိုးစွေ့၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းသဖြင့် ၎င်းအနေဖြင့် လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။

ယခုအချိန်တွင် ၎င်းသည် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ၏ စွမ်းအားကို အသုံးပြုချင်လျှင်ပင် အချိန်မမီတော့ချေ။

ဘုန်း...

မျက်စိတစ်မှိတ်အတွင်း ဤဓားချက်သည် ကျောင်းဝူဝေ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး၊ ကြောက်မက်ဖွယ်ဓားအလင်းသည် ဖရဲသီးကို ခုတ်ပိုင်းလိုက်သကဲ့သို့ လွယ်ကူစွာပင် ၎င်း၏ ပေရာချီ ရှည်လျားသော နဂါးခန္ဓာကိုယ်ကြီးကို နှစ်ပိုင်းပြတ်သွားစေတော့သည်။

သွေးအမြောက်အမြား ပန်းထွက်လာသည်မှာ သွေးမိုးရွာသကဲ့သို့ပင် ရှိနေတော့သည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကျူးရှန်ဓားဆန္ဒသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာဝိညာဉ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်ရာ၊ ကိုယ်ခန္ဓာပြန်လည်ရယူရန် အခွင့်အရေးပင် မရလိုက်ချေ။

ဤဓားအလင်းသည် ဘေးပတ်ဝန်းကျင်သို့ပါ ပျံ့နှံ့သွားခဲ့သည်။

အဝေးမှ တောင်ကြီးများသည် ချက်ချင်းဆိုသလို နှစ်ပိုင်းကွဲသွားပြီး၊ မြေကြီးပင် ကွဲအက်သွားကာ ကီလိုမီတာတစ်ထောင်ခန့်အထိ ရှည်လျားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာစေသည်။

ဤဓားချက်၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မှန်းဆကြည့်နိုင်ပေသည်။

"မဖြစ်ဘူး... သခင်ကြီးဝူဝေ သေပြီ... ဒီလူသားရဲ့ ဓားချက်နဲ့ အသတ်ခံလိုက်ရပြီ..."

"ပြေး... အမြန်ပြေးကြ... ငါတို့ ဒီတိုက်ပွဲမှာ လုံးဝ ရှုံးနိမ့်သွားပြီ..."

"မကောင်းတဲ့ လူသားတွေ... ငါတို့ သေချာပေါက် ပြန်လာခဲ့မယ်..."

"စက်ဆုပ်စရာကောင်းတဲ့ လူသားကျင့်ကြံသူ ကျိုးစွေ့... မင်းကို ငါတို့ မှတ်ထားမယ်... ဒီရန်ကြွေးက ကမ္ဘာမကြေဘူးမှတ်..."

"တစ်နေ့ကျရင် ငါတို့ လူသားမျိုးနွယ်စုကို မျိုးဖြုတ်ပစ်ပြီး ဒီသွေးကြွေးကို ပြန်ဆပ်မယ်..."

စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူအများအပြားမှာ ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေကြရသည်။

သို့သော် ကျောင်းဝူဝေတစ်ယောက် ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့၏သတ္တိများ လုံးဝ ပျောက်ဆုံးသွားကြတော့သည်။

လူသားကျင့်ကြံသူများနှင့် ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိကြတော့ပေ။

တစ်ကောင်ပြီးတစ်ကောင် အဝေးသို့ ထွက်ပြေးကြပြီး လူသားကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြတော့ချေ။

တစ်စက္ကန့်မျှ နှေးကွေးသွားသည်နှင့် ကျိုးစွေ့က လိုက်မီလာပြီး ဓားတစ်ချက်တည်းဖြင့် အသတ်ခံရမည် ဖြစ်သည်။

"လိုက်... နောက်ကလိုက်ကြ… ထွက်ပြေးနေတဲ့ ရန်သူတွေကို အပြတ်ချေမှုန်းကြ..."

ဤအခြေအနေကို မြင်လိုက်ရသောအခါ လူသားမျိုးနွယ်စု ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် အတိုင်းအဆမရှိ ဝမ်းသာသွားကြတော့သည်။

သူတို့သည် အရေးနိမ့်သော တိုက်ပွဲများကို မတိုက်ခိုက်နိုင်သော်လည်း၊ အသာစီးရနေသော တိုက်ပွဲများကိုမူ အလွန်နှစ်သက်ကြပြီး ထွက်ပြေးနေသော ရန်သူကို လိုက်လံချေမှုန်းရာတွင် အလွန်ပင် ကျွမ်းကျင်ကြသည်။

ဤအချိန်တွင် သူတို့သည် မိမိတို့၏ အသက်ဆက်ဝိညာဉ်ရတနာများနှင့် အဆောင်များကို အသီးသီး ထုတ်ဖော်လိုက်ကြပြီး၊ ဤစတုတ္ထအဆင့် မိစ္ဆာသားရဲများကို အပြီးတိုင် ချန်ထားရစ်ရန် ကြိုးစားကြတော့သည်။

တစ်ကောင်သတ်နိုင်လျှင်ပင် သူတို့အတွက် အကျိုးအမြတ်ကြီး ဖြစ်ပေသည်။

............

နေ့ဝက်ခန့်ကြာပြီးနောက်...။

နောက်ဆုံးကျန်ရစ်သော မိစ္ဆာသားရဲတစ်ကောင် သွေးအိုင်ထဲတွင် လဲကျသွားသည်နှင့်အမျှ လူသားမျိုးနွယ်စု မဟာမိတ်တပ်ဖွဲ့သည် အပြည့်အဝ အောင်ပွဲခံနိုင်ခဲ့ပြီး မိစ္ဆာမျိုးနွယ်စုအားလုံး အပြတ်အသတ် ရှုံးနိမ့်သွားခဲ့တော့သည်။

မင်ကွမ်းကျွန်းသည်လည်း လူသားမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဤအချိန်တွင် လူအများသည် ကျောင်းလုံမြို့တော်ထဲသို့ ရောက်ရှိလာကြပြီး ဤမြို့တော်ကိုလည်း လူသားကျင့်ကြံသူများက ထိန်းချုပ်လိုက်ကြတော့သည်။

မိစ္ဆာသားရဲအများအပြားမှာ သွေးအိုင်ထဲတွင် လဲကျနေကြတော့သည်။

"နှမြောစရာပဲ... စတုတ္ထအဆင့် မိစ္ဆာသားရဲတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်..."

ထျန်းဆွမ်းတာအိုအရှင်က နှမြောတသစွာ ပြောလိုက်သည်။

သူသည် ဤကျွန်းပေါ်ရှိ မိစ္ဆာသားရဲများကို တစ်ကောင်မကျန် ဖမ်းဆီးသတ်ဖြတ်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤမိစ္ဆာသားရဲများ၏ ထွက်ပြေးနှုန်းမှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။

လူသားမျိုးနွယ်စု ဝိညာဉ်သန္ဓေသားများက အရူးအမူး လိုက်လံသတ်ဖြတ်ခဲ့သော်လည်း၊ အဆုံးသတ်တွင် အချို့သည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး မိစ္ဆာသားရဲအားလုံးကို မချေမှုန်းနိုင်ခဲ့ပေ။

"သိပ်လည်း မလောဘကြီးပါနဲ့... ရလဒ်က တော်တော်ကောင်းနေပါပြီ..."

"စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲအများစုကို ငါတို့ သတ်ဖြတ်နိုင်ခဲ့တယ်..."

"ထွက်ပြေးသွားတာက စတုတ္ထအဆင့် အောက်ခြေအဆင့် မိစ္ဆာသားရဲတချို့ပါပဲ... မှုစရာမလိုပါဘူး..."

"ဒါပေါ့... အရေးအကြီးဆုံးက ရှေးဟောင်းမိစ္ဆာအသွင်ပြောင်းးအစီအရင်ကို ငါတို့ အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့တာပဲ..."

"လာမယ့် နှစ်တစ်ရာအတွင်း မိစ္ဆာမျိုးနွယ်စုက ဒီလိုအစီအရင်မျိုး ထပ်မံ တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..."

ချုံးရွှီတာအိုအရှင်က ဟားတိုက်ရယ်မောလိုက်ပြီး၊ သူ၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ အလွန်ပင် ကျေနပ်နေပုံ ရလေသည်။

မူလက သူသည် ဤတိုက်ပွဲတွင် လူသားမျိုးနွယ်စုမှာ အကြီးအကျယ် သေကျေပျက်စီးပြီး ကြီးမားသော တန်ဖိုးအား ပေးဆပ်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုတွင်မူ လူသားမျိုးနွယ်စုဘက်မှ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ များများစားစား ဆုံးရှုံးခဲ့ခြင်း မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် မိစ္ဆာမျိုးနွယ်စုကသာ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်။

ကောင်းကင်အဆင့် ဝိညာဉ်ရတနာနှစ်ခု ဆုံးရှုံးလိုက်ရုံသာမက၊ စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာကျင့်ကြံသူအများအပြားလည်း သေဆုံးသွားခဲ့သည်။

အင်အားတောင့်တင်းသော ရှေးဟောင်းမိစ္ဆာကမ္ဘာပင်လျှင် ဤတစ်ကြိမ် ရှုံးနိမ့်မှုအတွက် အလွန်ပင် နာကျင်ခံစားရပေလိမ့်မည်။

အလားတူအတိုင်းအတာမျိုး ထပ်မံ စုစည်းရန်မှာ မလွယ်ကူတော့ပေ။

"အရာအားလုံးက တာအိုရောင်းရင်းကျိုးကို ကျေးဇူးတင်ရမှာပဲ..."

"တာအိုရောင်းရင်းကျိုးသာ ရှေ့ထွက်မလာခဲ့ရင်..."

"ငါတို့ရဲ့ ဒီစစ်ဆင်ရေးက ရာနှုန်းပြည့် ရှုံးနိမ့်သွားမှာ..."

"ဝူကျိတစ္ဆေအိုကြီး... မင်း တကယ့် သမက်ကောင်းတစ်ယောက် ရထားတာပဲ..."

ဆည်းဆာဂိုဏ်း၏ ဂိုဏ်းချုပ် ယွီရန်တာအိုအရှင်က အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သူသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သော အရာများကို ပြန်တွေးမိပြီး ကျောချမ်းသွားရသည်။

အကယ်၍ ကျိုးစွေ့သာ ရုတ်တရက် ပေါ်ထွက်မလာခဲ့ပါက ယခုတစ်ကြိမ်တွင် ချန်လန်ပင်လယ်ဒေသရှိ လူသားမျိုးနွယ်စုသည် ပျောက်ကွယ်သွားရပေလိမ့်မည်။

သူတို့ စစ်ရှုံးသည်နှင့်တပြိုင်နက် ချန်လန်ပင်လယ်ဒေသသည် သေချာပေါက် မိစ္ဆာမျိုးနွယ်စု၏ကမ္ဘာ ဖြစ်သွားပေလိမ့်မည်။

"ဟားဟား... ပြောနေစရာ လိုသေးလား... ငါ့သမက်ဆိုမှတော့ သေချာပေါက် စွမ်းအားကြီးတာပေါ့ကွ..."

ဝူကျိတာအိုအရှင်က ဟားတိုက်ရယ်မောလိုက်ပြီး အလွန်ပင် ဝမ်းသာနေတော့သည်။

All Chapters