အခန်း (၂၆၃-၂၆၄)
Vol. 27 Ch. 263-264
အခန်း ၂၆၃ - သီသီလေးလွတ်မြောက်ခြင်း
လေထုထဲတွင် သွေးစက်များ ပန်းထွက်သွားသည်ကို ကြည့်ပြီး ကွင်းအတွင်းရှိ လူများမှာ ကြောင်တောင်တောင်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဘက်မှ ဒုတိယအဆင့်ပညာရှင်တစ်ဦး ဆုံးရှုံးသွားခဲ့ပြီ။
သေဆုံးသွားသူမှာ သူတို့အုပ်စုထဲတွင် အားအနည်းဆုံး ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ ဒုတိယအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။
သူက ရွှံ့စေး သို့မဟုတ် မြေကြီးဖြင့် လုပ်ထားသည်မှ မဟုတ်ဘဲ၊ ဤမျှ လွယ်လွယ်ကူကူ မည်သို့သေဆုံးသွားရသနည်း။
ဤရလဒ်ကြောင့် အနောက်တိုင်း ပညာရှင်အချို့မှာ လက်ခံရန် ခက်ခဲနေကြသည်။
သို့သော် လူအများစု စိုးရိမ်နေသည်မှာ တစ်ဖက်လူ ပြသနေသော ခြိမ်းခြောက်မှုပင်။
ချက်ချင်းဆိုသလိုပင် လင်ဖုန်းကို ပိတ်ဆို့ထားသော လူများမှာ ပို၍ သတိရှိလာကြပြီး အင်အားအပြည့်ဖြင့် တိုက်ခိုက်တော့၏။
မူလက သူတို့ကို ပိတ်ဆို့ရန် ပြင်နေသော အခြားသူများမှာလည်း ချက်ချင်းပင် လှည့်ပြန်လာပြီး ထိုအုပ်စုထဲတွင် ပူးပေါင်းလိုက်ကြသည်။
"ဟိန်းသံ"
ရွှေရောင်အလင်းတန်းများမှာ လေထုထဲတွင် လှိုင်းဂယက်များသဖွယ် စဉ်ဆက်မပြတ် ဖြာထွက်နေသည်။
ထိုလှိုင်းဂယက်များ ရောက်ရှိရာနေရာတိုင်းရှိ ရန်သူများမှာ နောက်သို့ လွင့်စဉ်သွားကြရသည်။
ထိပ်တန်းပညာရှင်များပင်လျှင် ဤဘေးမှ မလွတ်ကင်းကြပေ။
လင်ဖုန်းသည် အလွန်အစွမ်းထက်သူပင်။
နတ်ဆိုးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် နည်းစနစ်အချို့ကို မြှင့်တင်ခဲ့ရာ သူ၏အစွမ်းမှာ တူညီသောအဆင့်ရှိ ပညာရှင်အများစုကို ကျော်လွန်နေပြီ။
တူညီသော ကျင့်စဉ်အဆင့်ရှိသည့် ရန်သူငါးဦးကို ရင်ဆိုင်ရလျှင်ပင် သူက အားနည်းသည့်လက္ခဏာ အလျဉ်းမပြပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခန့်ညားသော ခြင်္သေ့ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာပြီး ပိတ်ဆို့ထားသူတစ်ဦးကို တိုက်ခိုက်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူသည် လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရ၏။
အနောက်တိုင်းဒေသပြင်ပမှ ပညာရှင်များ စုပေါင်းအားထုတ်မှုကြောင့် ပုံရိပ်ယောင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
လင်ဖုန်းသည်လည်း ပြင်းထန်သော တိုက်ပွဲအတွင်း ပိတ်မိနေတော့သည်။
အမှန်စင်စစ် သူတစ်ယောက်တည်း မဟုတ်ဘဲ လင်ယန်ရွှယ် ကို လိုက်ပါပို့ဆောင်ပေးသော အခြားပညာရှင်သုံးဦးမှာလည်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
သူတို့၏အစွမ်းမှာ လင်ဖုန်းကို မမီပေ။
ထို့ကြောင့် ပထမအဆင့်နှင့် ဒုတိယအဆင့် ပညာရှင်များ ဝိုင်းထားချိန်တွင် တစ်စုံတစ်ဦးကို ကယ်တင်ရန်မှာ မလွယ်ကူလှပေ။
မကြာမီမှာပင် သက်ကြီးရွယ်အို ပညာရှင်တစ်ဦးမှာ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို အတိုက်ခံလိုက်ရ၏။
သူ၏ အရိုးနှင့် အကြောများ ကျိုးကြေသွားပြီး ဒဏ်ရာမှ သွေးများ စီးကျလာကာ ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း ဖော်ပြနေသည်။
အပြင်ဘက်တွင် အခြေအနေများမှာ ပိုမိုခက်ခဲလာသော်လည်း ချွမ်ရွှယ်ဂိုဏ်းမှ အဖွဲ့ဝင်များမှာ လှုပ်ရှားရန် နှေးကွေးနေဆဲ။
မထွက်ခွာမီကပင် လင်ယန်ရွှယ်က အစီအစဉ်များ ချမှတ်ထားခဲ့သည်။
လင်ဖုန်းနှင့် သူ၏အဖော်သုံးဦးမှာ ပံ့ပိုးပေးရန် တာဝန်ရှိပြီး၊ သူတို့သည် ဂိုဏ်း၏ ကာကွယ်ရေးစမံချက်အဝင်ဝသို့ မရောက်မချင်း စီရင်ထုံးများကို စိတ်တိုင်းကျ အသက်မသွင်းရန် အမိန့်ပေးထားခဲ့သည်။
ထို့ကြောင့် အခြေအနေ မည်မျှပင် ဆိုးရွားနေပါစေ၊ စီရင်ထုံးကို တာဝန်ယူထားသော အကြီးအကဲများမှာ ၎င်းကို ဖွင့်လှစ်ရန် ရည်ရွယ်ချက် မရှိကြပေ။
စိတ်ဓာတ်ထက်သန်သော တပည့်အချို့မှာ သွားကိုကြိတ်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံ့ဖွယ်အမှုတစ်ခု ဖြစ်လာရန်သာ စောင့်မျှော်နေကြရသည်။
...
ချွမ်ရွှယ်ဂိုဏ်း၏ တံခါးဝနှင့် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာတွင် လူရိပ်တစ်ခုမှာ ကောင်းကင်ယံထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်။
သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လေထုမှာ တုန်ခါသွားပြီး ကောင်းကင်တွင် အဖြူရောင် မျဉ်းကြောင်းကြီးတစ်ခု ထင်ကျန်ရစ်ခဲ့၏။
အနီးနားရှိ တိမ်တိုက်များမှာလည်း လွင့်စင်သွားပြီး ပြာလွင်သော ကောင်းကင်ယံကြီး ပြန်လည်ပေါ်ပေါက်လာသည်။
အရှိန်ဖြင့် သွားနေစဉ် လင်ချွမ်သည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိပြီး ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် စိုးရိမ်ထိတ်လန့်မှု တစ်ခုက သူ၏စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာသည်။
ထို့နောက် လင်ယန်ရွှယ်၏ ခန္ဓာကိုယ်အတွင်း ဝှက်ထားသော ဓားစွမ်းအင် မြစ်ကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူခံစားလိုက်ရသည်။
အမှန်ပင်။
ဤအခိုက်အတန့်တွင် လင်ချွမ်၏ စိုးရိမ်စိတ်မှာ မြင့်တက်လာပြီး မကောင်းသော နိမိတ်များ ရင်ထဲတွင် တိုးဝင်လာသည်။
ကံကောင်းသည်မှာ သူသည် ထိုသတ်ဖြတ်မှုစွမ်းအင်ကို ရရှိချိန်ကတည်းက သိုင်းဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူသိသည်။
တစ်ဖက်လူမှာ အထွတ်အထိပ် ပညာရှင်ဖြစ်နေလျှင်ပင် ဤတိုက်ခိုက်မှုက သူတို့ကို တိုက်ခိုက်နိုင်စွမ်း မရှိအောင် လုပ်ဆောင်နိုင်မည်။
ဤရှုထောင့်မှကြည့်လျှင် လင်ယန်ရွှယ်သည် ချက်ချင်း အသက်အန္တရာယ် မရှိနိုင်သေးပေ။
ထို့အပြင် သီအိုရီအရ ချွမ်ရွှယ်ဂိုဏ်းသည် ၎င်း၏ တောင်တံခါးကို ကာကွယ်ပြီး စီရင်ထုံး၏ အားသာချက်ကို အသုံးချကာ ခုခံသင့်သည်။
ထိုသို့ဆိုလျှင် သူ့တွင် အချိန်အနည်းငယ် ကျန်ရှိနေဦးမည်။
ဟုန်ယွမ် ပြောကြားချက်အရ သူတို့သည် အကူအညီ တောင်းခံနေသည်မှာ ကြာပြီ။
သို့သော် သူဝှက်ထားသော သတ်ဖြတ်မှုစွမ်းအင်မှာ ပေါက်ကွဲခြင်း မရှိသေးသဖြင့် လင်ယန်ရွှယ်၏ အခြေအနေမှာ ဘေးကင်းနေသေးကြောင်း ပြသနေသည်။
ယခုမူ ထိုစွမ်းအင်ကို သုံးလိုက်ပြီ ဖြစ်သောကြောင့် သူတို့သည် ပြင်းထန်သော တိုက်ပွဲအလယ်သို့ ရောက်နေပြီဖြစ်ကြောင်း သိသာလှသည်။
"တော်သေးတာပေါ့၊ ငါ ချွမ်ရွှမ်းဂိုဏ်းနဲ့ သိပ်မဝေးတော့ဘူး"
ဤအတွေးဖြင့် လင်ချွမ်သည် လေဟာနယ်ထဲတွင် ခြေကို ပြင်းပြင်းထန်ထန် နင်းလိုက်သည်။
သူ၏ နယ်ပယ်စွမ်းအင်မှာ ချက်ချင်း အသက်ဝင်လာပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နယ်မြေကူးပြောင်းခြင်း လုပ်လိုက်သည်။
အတွင်းအားကို ပြန်ရုပ်သိမ်းပြီး မူလစွမ်းအင်ကို ထုတ်လွှတ်ကာ သူ၏အရှိန်ကို တစ်ဖက်တွင် ထပ်မံမြှင့်တင်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး ချွမ်ရွှယ်ဂိုဏ်း၏ တောင်ထိပ်မှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် လင်ချွမ်၏ ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
သူသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ သူ၏ စစ်ဘုရင်အဆင့် ကျင့်စဉ်အစွမ်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် နယ်ပယ်စွမ်းအင်ကို ချက်ချင်းထုတ်လွှတ်ပြီး အောက်ဘက်သို့ လျင်မြန်စွာ ဖြန့်ကြက်လိုက်သည်။
...
ငွေရောင်အလင်းတန်းတစ်ခုမှာ လေထဲတွင် လမ်းကြောင်းတစ်ခု ဆွဲလိုက်ပြီး ချွမ်ရွှယ်ဂိုဏ်း အကြီးအကဲ၏ ရင်ဘတ်ကို ထောင့်ဖြတ် ဖြတ်ကျော်သွားသည်။
ခဏချင်းမှာပင် သွေးများ ကောင်းကင်သို့ ပန်းထွက်သွားတော့၏။
ထိုအကြီးအကဲမှာ သွေးများအန်ပြီး ကောင်းကင်ယံမှ ပြုတ်ကျသွားသည်။
ဤအခွင့်အရေးကို အသုံးချကာ အနောက်တိုင်း ပညာရှင်အများအပြားက ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်ကြပြီး ကျန်ရှိနေသော အကြီးအကဲနှစ်ဦးကို ထိုနေရာတွင်ပင် ဖိနှိပ်လိုက်ကြသည်။
သူတို့ မည်မျှပင် ကြိုးစားခုခံစေကာမူ အင်အားကွာခြားချက်ကြောင့် အခြေအနေမှာ ပိုမိုစိုးရိမ်ရလာသည်။
နောက်ဆုံးတွင် ဆံပင်နီ၊ မျက်လုံးပြာနှင့် ပထမအဆင့် ပညာရှင်တစ်ဦးမှာ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ခဲ့ပြီး လင်ယန်ရွှယ်အနီးသို့ ရောက်ရှိသွားသည်။
သူသည် သူ၏လက်ထဲရှိ ချိတ်ပါသော တံစဉ်းကို မြှောက်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ထိုထက်မြက်သော ဓားသွားမှာ လင်ယန်ရွှယ်၏ ရင်ဘတ်ကို တည့်တည့်ချိန်ရွယ်ထား၏။
အကယ်၍ ဤတိုက်ခိုက်မှု ထိမှန်သွားပါက နတ်ဘုရားပင်လျှင် သူမကို ကယ်တင်နိုင်ရန် ခက်ခဲလိမ့်မည်။
သို့သော် ထိုအချိန်မှာပင် လင်ယန်ရွှယ်၏ မျက်လုံးများ ပွင့်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းနွဲ့သွားသည်။
ရုတ်တရက် ဆွဲဆောင်မှုရှိသော အရှိန်အဝါတစ်ခု သူမထံမှ ထွက်ပေါ်လာပြီး တံစဉ်းကို ကိုင်ထားသော အမျိုးသားမှာ လေထဲတွင် တောင့်ခဲသွားသည်။
သို့သော် သူ၏ ခိုင်မာသော စိတ်ဓာတ်ဖြင့် ထိုအခြေအနေမှ ရုန်းထွက်နိုင်ခဲ့ပြီး သူ၏မျက်နှာတွင် ရက်စက်သော အမူအရာ ပြန်လည်ပေါ်ပေါက်လာသည်။
"ဒီလို ပညာအနည်းငယ်နဲ့ ငါ့ကို ဆွဲဆောင်နိုင်မယ် ထင်နေတာလား၊ မင်း အများကြီး လိုသေးတယ်"
ဟိန်းဟောက်သံနှင့်အတူ သူသည် တံစဉ်းကို တစ်ဖက်တွင် ထပ်မံမြှောက်ကာ ရိုက်ချလိုက်သည်။
လင်ယန်ရွှယ်သည် ထိုသူပြောသည်ကို နားမလည်သော်လည်း ဘာကို ဆိုလိုသည်ကို ခန့်မှန်းနိုင်လေ၏။
သို့သော် သူမက တည်ငြိမ်နေဆဲပင်။
ဒဏ်ရာများကို ထိန်းချုပ်ရင်း သူမ၏ နှုတ်ခမ်းထောင့်တွင် လှပသော အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
ဖော်ပြမရနိုင်သော ထိတ်လန့်ဖွယ် ဖိအားတစ်ခုမှာ ထိုနေရာကို ချက်ချင်း လွှမ်းခြုံသွားသည်။
ကွင်းအတွင်း တိုက်ခိုက်နေသူများမှာ ထိုနေရာတွင်ပင် တောင့်ခဲသွားကြပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။
ဝတ်စုံနက်ဝတ်ထားသော အမျိုးသားပင်လျှင် အသက်ရှူရကျပ်သော ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
သူသည် ဗီဇအရ သတိရှိမှုကြောင့် တိုက်ပွဲအခြေအနေကို ဂရုမစိုက်တော့ဘဲ နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားတော့၏။
သို့သော် ထိုအချိန်တွင် သူ၏ရှေ့မှ ဟင်းလင်းပြင်မှာ ရုတ်တရက် ခဲသွားပြီး မမြင်ရသော အတားအဆီးတစ်ခု ဖြစ်သွားသည်။
"ဒုန်း"
ထိုဝတ်စုံနက်နှင့် အမျိုးသားမှာ ၎င်းနှင့် တိုက်မိပြီး ခေါင်းမူးသွားသည်။
သူသည် အခြားနယ်ပယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။
သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ လူရိပ်တစ်ခုမှာ အောက်သို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက် သူ၏အမြင်အာရုံထဲတွင် တံစဉ်ကို ကိုင်ထားသော ဝီလ် ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်ခဲသွားပြီး သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
အခန်း ၂၆၄ - ကိုယ်လွတ်ရုန်းရန် အင်္ဂါကို စွန့်ခြင်း
လင်ချွမ်သည် လင်ယန်ရွှယ်၏ အမြုတေအပေါ် လက်ဝါးတင်လိုက်ပြီးနောက် သူမခန္ဓာကိုယ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်နေသော စွမ်းအားများကို အလွယ်တကူပင် ဖိနှိပ်လိုက်၏။
ထိုစွမ်းအားများကြောင့် ဖြစ်ပေါ်နေသော ပျက်စီးမှုနှင့် ပရမ်းပတာဖြစ်မှုများကို သူ ငြိမ်သက်သွားစေခဲ့သည်။
မူလအစွမ်းများသည် လျင်မြန်စွာပင် အငွေ့အသက်အဖြစ် ပြောင်းလဲသွားပြီး ဖြူစင်သော အရည်ကြည်အဖြစ်မှ လင်းလက်သော မြူခိုးဖြူများအဖြစ်သို့ ကူးပြောင်းသွားသည်။
ထိုမြူခိုးများသည် ဒဏ်ရာဟောင်းများကို အစားထိုးဖြည့်ဆည်းပေးကာ အလွှာပါးလေးတစ်ခုအဖြစ် တည်ဆောက်လိုက်ပြီး ဒဏ်ရာကို ခေတ္တထိန်းချုပ်ထားနိုင်ခဲ့၏။
ထို့နောက် မူလအစွမ်း၏ အစိတ်အပိုင်းအချို့သည် အရည်အဖြစ် ပြန်လည်စုစည်းကာ အကြောများတစ်လျှောက် စီးဆင်းသွားပြီး လင်ယန်ရွှယ်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
လင်ယန်ရွှယ်သည် လင်ချွမ်ကို နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ကြည့်နေမိသည်။
သူမ ခံစားနေရသော ဖိအားများ ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်မှုနှင့် ခြိမ်းခြောက်မှုများလည်း ငြိမ်သက်သွားပြီ။
ဤအခိုက်အတန့်တွင် သူမသည် လုံးဝ စိတ်အေးလက်အေးဖြစ်သွားပြီး သူမ၏ မူလစွမ်းအားများက အန္တရာယ်များကို ဖယ်ရှားပေးနေသည်ကို လွှတ်ပေးထားလိုက်သည်။
ခုခံမှု လုံးဝမရှိသော ထိုအခြေအနေတွင် ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို လျင်မြန်စွာ ဖမ်းချုပ်နိုင်ခဲ့သည်။
မူလအစွမ်းများသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး အဆိပ်များကို ဝိုင်းပတ်ကာ တစ်နေရာတည်းသို့ စုစည်းလိုက်သည်။
လင်ချွမ်က သူ၏လက်ဝါးကို အနည်းငယ် ကွေးလိုက်ရာ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာ၏။
ချက်ချင်းဆိုသလိုပင် စုစည်းနေသော အဆိပ်များသည် အရေပြားမှတစ်ဆင့် စမ်းချောင်းလေးတစ်ခုသလို စီးထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မှိန်ဖျော့သော ခရမ်းရောင် ရေလုံးလေးတစ်ခုအဖြစ် စုစည်းသွားသည်။
အဆိပ်များ ဖယ်ရှားပြီးသည်နှင့် လင်ယန်ရွှယ်၏ ဖြူဖျော့နေသော မျက်နှာသည် သိသိသာသာ ပြန်လည် သွေးရောင်လွှမ်းလာသည်။
သွေးအမြောက်အမြား ဆုံးရှုံးခဲ့သော်လည်း မူလစွမ်းအားများ ဖြည့်တင်းပေးမှုကြောင့် အချိန်တိုအတွင်း ပြဿနာမရှိနိုင်တော့ပေ။
လင်ချွမ်သည် ထိုအဆိပ်လုံးကို ယူလိုက်ပြီး လက်ဝါးကို အနည်းငယ် လှည့်ကာ အမှတ်ငယ်တစ်ခုအဖြစ် ဖိသိပ်လိုက်သည်။
ထို့နောက် သူ၏ဘယ်ဘက်လက်ဖြင့် 'ခရမ်းရောင်ကျောက်စိမ်းဆေးလုံး' ကို ထုတ်ယူကာ လင်ယန်ရွှယ်၏ ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်သည်။
ထို့နောက် သူ၏အကြည့်များသည် ဝတ်စုံနက်ဝတ်ဆင်ထားသော လူဆီသို့ ရောက်ရှိသွားပြီး အရှိန်အဝါကြီးမားစွာဖြင့် စိုက်ကြည့်လိုက်၏။
ခဏချင်းမှာပင် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး ထိုသူ၏ နယ်ပယ် သည်လည်း စတင် ယိုင်နဲ့လာသည်။
ဝတ်စုံနက်နှင့်လူသည် ထိုအကြည့်တစ်ချက်တည်းဖြင့်ပင် တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
အစောပိုင်းက ရှိခဲ့သော မျှော်လင့်ချက်စိုးစဉ်းလေးသည်လည်း ပြင်းထန်သော ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။
ပထမအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူသည် နယ်ပယ် အထက်ရှိ အဆင့်အတန်းခွဲခြားမှုများကို ကောင်းစွာသိရှိထားသည်။
ထို့ကြောင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင်များ၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ ကောင်းစွာ နားလည်မျက်မြင်တွေ့ခဲ့ရသည်။
ရှေ့တွင်ရှိနေသော လူသည် အထွတ်အထိပ်နယ်ပယ်၏ မည်သည့်အဆင့်တွင် ရှိနေသည်ကို အတိအကျမသိသော်လည်း ရင်ဆိုင်နေရသော ဖိအားများက သူ့ကို အကြီးအကျယ် ထိတ်လန့်စေ၏။
စိုးရိမ်တကြီးဖြစ်နေသော ဆိုရင်းစ် သည် ဤဘေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းကို အသည်းအသန် စဉ်းစားလိုက်၏။
(TN note - ဆိုရင်းစ် ဆိုတာ ဝတ်စုံနက်နဲ့ အမျိုးသားပါ)
ရုတ်တရက် သူ အကြံရသွားပြီး အခြားကျွမ်းကျင်သူများကို လှမ်းအော်လိုက်သည်။
"သွားကြ၊ သူ့ကို တားကြစမ်း"
ကျွမ်းကျင်သူအုပ်စုသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး မည်သူမျှ ရှေ့သို့ မတိုးရဲကြချေ။
အစောပိုင်းက ဖိအားများ လျော့ပါးသွားသော်လည်း ထိုခဏအတွင်း ခံစားလိုက်ရသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် သူတို့ တုန်လှုပ်နေဆဲ။
အချို့သော ပါးနပ်သူများသည် ထွက်ပြေးရန်ပင် ကြံစည်နေကြပြီ။
အသိဉာဏ်နည်းပါးသူ အနည်းငယ်သာ အမိန့်ကို ကြားသည်နှင့် ရှေ့သို့ ပြေးထွက်သွားကြသည်။
အတွင်းအားများက မီးတောက်များအဖြစ် ပြောင်းလဲကာ လှံရှည်တစ်ခုအဖြစ် စုစည်းသွားသည်။
ထိုလှံ၏ မျက်နှာပြင်တွင် အပြာနုရောင် မီးတောက်များ ဝန်းရံနေပြီး လင်ချွမ်း
ထံသို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။
လင်ချွမ်၏ ညာဘက်မှလည်း လေပြင်းများ စုစည်းလာကာ လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားပြီး သူ့ထံသို့ ဟိန်းဟောက်ကာ တိုးဝင်လာသည်။
သေစေနိုင်သော တိုက်ခိုက်မှု နှစ်ခုစလုံး တပြိုင်နက် ရောက်ရှိလာသော်လည်းလင်ချွမ်သည် တုန်လှုပ်ခြင်း မရှိပေ။
ဒုတိယအဆင့် ခန့်သာရှိသော ထိုတိုက်ခိုက်မှုများကို သူ အာရုံစိုက်နေရန်ပင် မလိုဘဲ လက်ချောင်းနှစ်ချောင်းကိုသာ ခါယမ်းလိုက်သည်။
မူလအစွမ်းများ စုစည်းသွားပြီး လေထုထဲတွင် ဆယ်ပေခန့်ရှည်သော လက်ညှိုးပုံရိပ်ယောင် နှစ်ခုအဖြစ် ချက်ချင်း ပေါ်ပေါက်လာသည်။
ငါးစက္ကန့်အတွင်းမှာပင် တိုက်ခိုက်မှု လေးခုသည် ထိပ်တိုက်တွေ့ဆုံသွား၏။
လေဆင်နှာမောင်းသည် ချက်ချင်း ကွဲအက်သွားပြီး လေပြင်းအဖြစ် လူအုပ်ထဲသို့ ပြန့်လွင့်သွားရာ လူများ၏ အဝတ်အစားများ တဖျပ်ဖျပ် လွင့်စင်ကုန်သည်။
မီးလှံသည်လည်း အပိုင်းပိုင်းအစစ ကွဲကျေသွားပြီး မီးပွားများအဖြစ် ပျောက်ကွယ်သွားသည်။
ထိုသို့ ပေါ့ပေါ့ပါးပါး ထုတ်ဖော်လိုက်သော လက်ညှိုးနှစ်ချောင်း၏ စွမ်းအားက အားလုံးကို မှင်တက်သွားစေသည်။
အခွင့်အရေးကို စောင့်ကြည့်နေသူများသည်လည်း မျက်နှာများ သေလူကဲ့သို့ ဖြူဖျော့သွားကြသည်။
သူတို့သည် တိုက်ခိုက်ရန် စိတ်ကူးကို လုံးဝစွန့်လွှတ်လိုက်ပြီး ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်ကြတော့၏။
ဆိုရင်းစ်သည်လည်း တစ်ကိုယ်လုံး အေးစိမ့်လာပြီး သူ့အပေါ် ကျရောက်နေသော ဖိအားများကြောင့် အသက်ရှူပင် ကျပ်လာသည်။
လင်ချွမ်၏ ပေါ့ပါးသော တိုက်ခိုက်မှုက သူ့ကို ထိတ်လန့်သွားစေပြီး ခြေဖျားမှ ဦးခေါင်းအထိ ချွေးစေးများ ပြန်လာသည်။
ထိုအခိုက်အတန့်တွင် သူသည် လင်ချွမ်ကို ပစ်မှတ်ထားကာ သူ၏ နယ်ပယ် ကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီးနောက် အပြင်ဘက်သို့ အသည်းအသန် ထွက်ပြေးတော့၏။
ဆိုရင်းစ်၏ အရှိန်သည် လေထုကိုပင် တုန်ခါသွားစေသည်။
သူ မပြေးထွက်မီမှာပင် ကောင်းကင်ယံရှိ တိမ်တိုက်များသည် သူ၏ အရှိန်အဝါကြောင့် နှစ်ခြမ်းကွဲသွားသည်။
သို့သော် သူ မလွတ်မြောက်မီမှာပင် ဖြူဖျော့သော လက်ဝါးကြီးတစ်ခု လေထဲတွင် ပေါ်လာပြီး သူ၏ ညာဘက်ခြေထောက်ကို ချက်ချင်း ဖမ်းဆွဲလိုက်၏။
ပြင်းထန်သော ဆွဲအားကြောင့် အကြောများ ပြတ်တောက်ကာ အရိုးများပင် ကျိုးပဲ့သွားသည်။
အန္တရာယ်ကို အာရုံခံမိသော ဆိုရင်းစ်သည် ချက်ချင်းပင် ပြန်လည်ခုခံသည်။
သူ၏ အတွင်းအားများကို ဝဲကရက်ပုံစံ စုစည်းကာ လင်ချွမ်၏ စွမ်းအားကို ထိုးဖောက်ရန် ကြိုးစားသည်။
စွမ်းအားနှစ်ခု ထိတွေ့မိသည်နှင့် ပွတ်တိုက်မှုကြောင့် မီးပွားများ အမြောက်အမြား ထွက်ပေါ်လာသည်။
ထွက်ပြေးနေသော စွမ်းအားများသည် ထက်မြက်သော ဆူးချွန်များအဖြစ် ပြောင်းလဲကာ သူ၏ ကြွက်သားများအတွင်း၌ ထိုးနှက်နေလျက်။
သွေးမြူများ မထွက်ပေါ်သော်လည်း ဆိုရင်းစ်၏ ခြေထောက်ကို သံအပ်ပေါင်း ထောင်သောင်းချီ၍ ထိုးစိုက်နေသကဲ့သို့ နာကျင်မှုကို ခံစားနေရသည်။
သူ၏ နယ်ပယ် က အဘယ်ကြောင့် အလုပ်မလုပ်သနည်းဆိုသည်ကို ဆိုရင်းစ် နားမလည်နိုင်တော့ပေ။
ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော အတွေးမှာ 'အသက်ရှင်ဖို့အတွက် ခြေထောက်တစ်ဖက်ကို စွန့်လွှတ်ရန်' ပင်။
ထိုအတွေးနှင့်အတူ သူသည် ညာဘက်လက်ကို မြှောက်ကာ သူ၏ ညာဘက်ခြေထောက်ကို ပြတ်ပြတ်သားသားပင် ပိုင်းဖြတ်လိုက်သည်။
ကြီးမားသော အတွင်းအားများက ဓားရှည်တစ်လက်အဖြစ် စုစည်းသွားပြီး တစ်ချက်တည်းနှင့်ပင် ကိုယ်ခန္ဓာကို ပိုင်းခြားလိုက်၏။
အချုပ်အနှောင်မှ လွတ်မြောက်သွားသည်နှင့် ဆိုရင်းစ်သည် အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သူ ကျန်ရစ်ခဲ့သော နယ်ပယ်သည်လည်း ဤအချိန်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး လင်ချွမ်ကို အတင်းအကျပ် ပိတ်ဆို့ထားလိုက်၏။
ထိုသူသည် သူ၏ အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ဤအထွတ်အထိပ် ပညာရှင်ကို အနိုင်ယူရန် မလွယ်ကူကြောင်း နားလည်သွားခဲ့သည်။
ထို့ကြောင့် သူ၏ နယ်ပယ်ကို အစွမ်းကုန် ချန်ထားခဲ့ကာ လင်ချွမ်ကို တားဆီးရန်သာ ကြိုးစားခဲ့ခြင်း။
ဤအဖြစ်အပျက်များသည် အလွန်ပင် လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း။
လင်ချွမ်ကဲ့သို့ အစွမ်းထက်သူပင်လျှင် ထိုသူကို တားဆီးရန် အချိန်မမီလိုက်ပေ။
သူ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခေါင်းကို အနည်းငယ် ခါယမ်းကာ ရယ်မောလိုက်သည်။
"ရပါတယ်... သူတို့တွေ လွတ်အောင် မပြေးနိုင်ပါဘူး"