← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း ၂၆၇ - အနောက်ဘက်ဒေသမှ သတင်းစကားများ

“ဒီ အေးစိမ့်ပြီး နက်ရှိုင်းလှတဲ့ ရေတွင်းက ကျွန်မ ဒီဂိုဏ်းကို မတည်ထောင်ခင်ကတည်းက ရှိနေခဲ့တာပါ"

“အရင်ကတော့ ဒီရေတွင်းရဲ့ နက်နဲတဲ့လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ကျင့်စဉ်အဆင့် အကန့်အသတ်ကြောင့် အခြေအနေကို သေချာနားမလည်ခဲ့ဘူး"

“ဒါပေမဲ့ စမ်းသပ်ကြည့်တဲ့အခါမှာတော့ အခက်အခဲတချို့ရှိပေမဲ့ အသုံးပြုလို့ရတာကို တွေ့ခဲ့ရတယ်၊ ဒါကြောင့်ပဲ ဂိုဏ်းအတွင်း အမှားလုပ်မိတဲ့သူတွေကို အကျဉ်းချပြီး အပြစ်ပေးတဲ့နေရာအဖြစ် အသုံးပြုခဲ့တာပါ"

လင်ယန်ရွှယ် နှင့် လင်ချွမ်တို့သည် ဟာလာဟင်းလင်းဖြစ်နေသော စင်္ကြံလမ်းအတိုင်း လျှောက်လာကြသည်။

အကွေ့အနည်းငယ်ကို ကျော်ဖြတ်ပြီးနောက် ကင်းစောင့်များရှိရာ အဝင်ဝသို့ ရောက်ရှိလာသည်။

လမ်းတစ်လျှောက် အဆောက်အဦးများစွာကို ဖြတ်သန်းလာစဉ် လင်ချွမ်သည် ‘ချွမ်ရွှယ်ဂိုဏ်း’ ၏ အတွင်းပိုင်းတည်ဆောက်ပုံကို ပိုမိုရင်းနှီးလာခဲ့​၏။

အမှန်စင်စစ် ဤဂိုဏ်းကို လင်ယန်ရွှယ်နှင့် သူကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ဂိုဏ်းအမည်တွင်လည်း သူ့အမည်မှ စာလုံးတစ်လုံး ပါဝင်နေသော်လည်း လင်ချွမ်သည် ဂိုဏ်း၏ အတွင်းပိုင်းအခြေအနေကို သေချာမသိရှိခဲ့ပေ။

အနောက်ဘက်ဒေသမှ အခြေအနေများကို သိရှိရန်အတွက် အကျဉ်းသားနှစ်ဦးကို ကိုယ်တိုင်

စစ်ဆေးလိုစိတ်သာ မရှိခဲ့လျှင် လင်ချွမ်သည် ဤနေရာသို့ ကိုယ်တိုင်ဆင်းလာရန် စိတ်ကူးရှိမည်မဟုတ်ပေ။

ယခုမူ ‘ဟေးကျင့်’ ဟု ခေါ်ဆိုကြသော ဤရေတွင်း၏ နောက်ခံကို ကြားသိရသောအခါ သူ အနည်းငယ် စိတ်ဝင်စားသွားခဲ့​၏။

ကင်းစောင့်များကို ဖြတ်ကျော်ပြီးနောက် ‘တွင်းနက်ကြီး’ ဟု ခေါ်ဆိုနိုင်သော ရေတွင်းကို သူတို့ မြင်တွေ့လိုက်ရသည်။

ထိုရေတွင်းသည် မြေပြင်ထက် တစ်ပေခန့် မြင့်တက်နေပြီး အချင်း ၃ ကျန်း (၃၀ ပေခန့်) ခန့် ရှိသည်။

ရေတွင်း၏ မျက်နှာပြင်တစ်ခုလုံးသည် မည်းနက်နေပြီး ချောမွေ့မှုမရှိဘဲ အနည်းငယ် ကြမ်းတမ်းနေ​၏။

၎င်းမှာ ဆီများလောင်းချပြီး စည်းစနစ်မကျဘဲ သုတ်လိမ်းထားသကဲ့သို့ပင်။

အနီးကပ်ကြည့်ရှုသောအခါ အတွင်းဘက်တွင် ထူးဆန်းသော ပုံစံများကို မြင်တွေ့ရသည်။

ထိုပုံစံများသည် စနစ်တကျမရှိသကဲ့သို့ ထင်ရသော်လည်း သေချာကြည့်ရှုပါက ၎င်းတို့အကြား ဆက်နွယ်မှုများရှိနေသည်ကို တွေ့ရမည်။

လင်ချွမ်သည် သူ၏ ထက်မြက်လှသော မျက်လုံးများဖြင့် အတွင်းပိုင်းအခြေအနေကို လျင်မြန်စွာ မြင်တွေ့လိုက်ရသည်။

ရေတွင်း၏ အတွင်းနံရံများသည်လည်း အပြင်ဘက်ကဲ့သို့ပင် ကတ္တရာစေးကဲ့သို့ မည်းနက်

နေသည်။

တစ်ချိန်တည်းမှာပင် ရေတွင်း၏ အတွင်းအနားသတ်များအတိုင်း နောက်ကျိသော အရည်များ စိမ့်ထွက်နေပြီး လူနှစ်ဦးကို စိမ်ထားသော ရေတွင်းထဲသို့ စီးဝင်နေ​၏။

ရေမျက်နှာပြင်မှ ထွက်ပေါ်လာသော အငွေ့ဖြူများကို ကြည့်ခြင်းဖြင့် ထိုရေသည် အလွန်အမင်း အေးစိမ့်နေကြောင်း သိသာပါသည်။

“ကယ်ကြပါဦး"

တစ်စုံတစ်ယောက် ရောက်လာသည်ကို အာရုံခံမိသောအခါ ဝဖြိုးသောလူ ဘိုင်ချာက အော်ဟစ်အကူအညီတောင်းပြန်သည်။

သို့သော် လင်ချွမ်​၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါတွင်မူ သူ၏ စိတ်လှုပ်ရှားမှုများ ချက်ချင်းပျောက်ကွယ်သွားပြီး ငိုနေသည်ထက် ပို၍ ရုပ်ဆိုးသော အပြုံးမျိုး သူ၏ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။

သူ့ကို ကြည့်ရင်း လင်ချွမ်က ပြုံးကာ မေးလိုက်သည်မှာ...

"မင်း မင်ဘာသာစကားကို နားလည်လား"

တစ်ဖက်လူက ဘာမှနားမလည်ဘဲ ကြောင်

ကြည့်နေသည်ကို မြင်သောအခါ လင်ချွမ်

မျက်မှောင်ကြုတ်သွားသည်။

လင်ချွမ်​၏ အမူအရာကြောင့် ဘိုင်ချာ ကြောက်လန့်တုန်ရင်နေစဉ်မှာပင် လင်ချွမ်က အကြံတစ်ခု ရသွားသည်။

“သူ့ကို အရင်ထုတ်လိုက်ဦး"

လင်ယန်ရွှယ်က ခေါင်းညိတ်ပြပြီး သူမ၏ အတွင်းအားကို ရေတွင်းထဲသို့ ပို့လွှတ်လိုက်​၏။

ချက်ချင်းဆိုသလိုပင် သံကြိုးများ ပြေလျော့သွားပြီး နံရံမှ ကွာကျကာ ရှည်ထွက်လာသည်။

လင်ချွမ်သည် လင်ယန်ရွှယ်၏ လှုပ်ရှားမှုများကို ဂရုတစိုက် စောင့်ကြည့်ကာ အတုယူကြည့်ရာ ၎င်း၏ အခြေခံသဘောတရားကို လျင်မြန်စွာ နားလည်သွားခဲ့သည်။

လင်ယန်ရွှယ် ပြောသကဲ့သို့ပင် ဤတွင်းနက်၏ တည်ဆောက်ပုံမှာ အလွန်ထူးခြားသည်။

အတွင်းအားသည် အတွင်းပိုင်းသို့ လုံးဝမဖောက်ထွင်းနိုင်ပေ။

သူတို့ သံကြိုးများကို ထိန်းချုပ်နိုင်ခြင်းမှာ နည်းလမ်းအချို့ကို အသုံးပြုထားခြင်းကြောင့်သာ။

ရေတွင်းအတွင်းပိုင်းရှိ နံရံများတွင် ထူးခြားသော ပစ္စည်းအချို့ကို အသုံးပြုထားပုံရပြီး ၎င်းက ပြင်ပလောကနှင့် တစ်နည်းနည်းဖြင့် ဆက်သွယ်ထားသည်။

သံကြိုးသည် ထိုနှစ်ခုကို ဆက်သွယ်ပေးသော တံတားပင်။

ထို့ကြောင့်ပင် အေးစိမ့်လှသော ရေထဲတွင် မူလကတည်းက ခိုင်ခံ့သော သံကြိုးများသည် ပိုမိုခိုင်မာလာခြင်း။

ထိပ်တန်းပညာရှင်တစ်ယောက်ပင် ဖြစ်ပါစေ ဤနေရာတွင် ငြိမ်ဝပ်စွာ အကျဉ်းကျခံနေရမည်။

သို့သော်လည်း အစွမ်းထက်သူများတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနိုင်သည့်အတွက် ‘ဟေးကျင့်’ ပင်လျှင် သူတို့ကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း စဉ်းစားကာ ဤအကျဉ်းထောင်အပြင်ဘက်တွင် ကင်းစောင့်များကို ချထားခြင်း။

လင်ယန်ရွှယ်၏ ယခုလှုပ်ရှားမှုမှာ သူမ၏ အတွင်းအားနှင့် ကိုယ်ပိုင်အငွေ့အသက်ကို ‘သော့’ အဖြစ် အသုံးပြုကာ သံကြိုးများကို ထိန်းချုပ်ပြီး ရုန်းထွက်နိုင်စေခြင်းဖြစ်​၏။

ဘိုင်ချာသည် သံကြိုးများ ပြေလျော့သွားသည်ကို ခံစားမိလိုက်သည်။

မည်သို့သော အခြေအနေနှင့် ရင်ဆိုင်ရမည်ကို မသိသဖြင့် ခဏတာ စိုးရိမ်တုန်လှုပ်သွားသော်လည်း၊ ဖိအားပေးနေသော အကြည့်ကို ခံစားမိသည်နှင့် တွန့်ဆုတ်နေပြီးမှ အမြန်ပင် တွားတက်လာခဲ့သည်။

လင်ချွမ်ရရှေ့သို့တိုးကာ လက်ချောင်းဖြင့် တစ်ဖက်လူ၏ နဖူးကို အသာအယာ ထိလိုက်ရာ သူ၏ ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ ဖောက်ဝင်သွားသည်။

ဝိညာဉ်ချင်း ဆက်သွယ်မှုကို ခံစားလိုက်ရသောအခါ ဘိုင်ချာ လန့်သွားပြီး အလိုလို ငြင်းဆန်ချင်စိတ် ပေါ်လာ​၏။

သို့သော် သူတစ်ပါးလက်ခုပ်ထဲက ရေဖြစ်နေသဖြင့် ခေါင်းငုံ့ရုံမှတစ်ပါး အခြားမရှိပေ။

သူ အနည်းငယ် တွန့်ဆုတ်နေပါက ချက်ချင်းအသတ်ခံရမည်ကို ကြောက်သဖြင့် စိတ်ကို လျှော့ချကာ လင်ချွမ်​၏ မေးခွန်းများကို ဂရုတစိုက် ဖြေကြားခဲ့သည်။

ဤသို့ ဆက်သွယ်ခြင်းဖြင့် လင်ချွမ်သည် တစ်ဖက်လူ၏ နောက်ခံကို သိရှိသွားသည်။

ဤဝဖြိုးသောလူ၏ အမည်မှာ ဘိုင်ချာ ဖြစ်ပြီး ဟယ်လန်နိုင်ငံ မှ ဖြစ်သည်။

ယခုအကြိမ်တွင် သူသည် ဟယ်လန်ဘုရင်၏ အမိန့်ဖြင့် မင်မင်းဆက်ဆီသို့ လမ်းကြောင်းစမ်းသပ်ရန်အတွက် ရှေ့ပြေးအဖွဲ့အဖြစ် အနောက်တိုင်းဝတ်စုံနက်ဝတ်ထားသူနှင့် အခြားပညာရှင်များနှင့်အတူ လာရောက်ခဲ့ခြင်း။

ဘိုင်ချာ၏ အဖြေများမှတစ်ဆင့် လင်ချွမ်သည် သူတို့လာခဲ့သော လမ်းကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းမှာ သူ၏ ယခင်ခန့်မှန်းချက်များနှင့် ကိုက်ညီနေသည်။

အနောက်ဘက်ဒေသများ၏ အလွန်တွင် ကျယ်ပြောလှသော သဲကန္တာရကြီး ရှိသည်။

သို့သော် ထိုသဲကန္တာရ၏ တစ်ဖက်တွင်လည်း လူသားများ နေထိုင်ရာ ဒေသများရှိနေပြီး နိုင်ငံများစွာနှင့် ကိုယ်ခံပညာရပ်များ ထွန်းကားလျက်ရှိ​၏။

ထိုနေရာ၏ ကျင့်စဉ်လမ်းကြောင်းမှာ မင်မင်းဆက်နှင့် ကွဲပြားသော်လည်း ဆက်နွယ်မှုများရှိနေသည်။

ဘိုင်ချာ၏ အဆိုအရ ဟယ်လန်နိုင်ငံတွင်လည်း ကျင့်စဉ်အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင်များ ရှိသည်။

သိုင်းဘုရင်အဆင့် ပညာရှင်များ ရှိ၊ မရှိကိုမူ သူ မသိပေ။

သို့သော် သူ၏အဆိုအရ ဟယ်လန်နိုင်ငံတွင် မရှိလျှင်ပင် အခြား ပိုမိုအင်အားကြီးသော နိုင်ငံများတွင်မူ သေချာပေါက် ရှိနိုင်သည်ဟု ဆို​၏။

အချက်အလက်များကို သိရှိရသောအခါ လင်ချွမ်​၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားသည်။

စကားပြောရုံဖြင့် သိနိုင်သည်မှာ ဤမျှသာ။

ထို့ထက်ပို၍ သိလိုပါက ‘ဝိညာဉ်ရှာဖွေခြင်း’ နည်းလမ်းကို အသုံးပြုရမည်။

ဤပညာသည် မင်မင်းဆက်တွင် အတော်အတန် ပျံ့နှံ့သည်။

သိုင်းဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် အထူးနည်းစနစ်များကို မလေ့ကျင့်ထားသော်လည်း ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းဖြင့် ၎င်းကို လုပ်ဆောင်နိုင်သည်။

လင်ချွမ် စဉ်းစားနေသည်ကို ကြည့်ရင်း လင်ယန်ရွှယ်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး အပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွားသည်။

သူမက လက်ခုပ်ကို ခပ်ဖွဖွတီးလိုက်ရာ ခန်းမတစ်ခုလုံး ဟိန်းထွက်သွားပြီး မကြာမီမှာပင် အိမ်တော်ထိန်း ရောက်ရှိလာ​၏။

“တားမြစ်အား တံဆိပ်ကို သုံးပြီး သူ့ရဲ့ အတွင်းအားကို ချိတ်ပိတ်လိုက်၊ ပြီးတော့ သူ့ကို တခြားနေရာမှာ အကျဉ်းချထားလိုက်ပါ"

ချွမ်ရွှယ်ဂိုဏ်းမှ ကင်းစောင့်နှစ်ဦးက ရိုသေစွာ ခေါင်းညိတ်ပြီး ကျောက်ပြားတစ်ခုကို ထုတ်ကာ ရှေ့သို့ တိုးလာကြသည်။

ဘိုင်ချာ၏ မျက်လုံးထဲတွင် တွန့်ဆုတ်မှုများ ရှိနေသော်လည်း လင်ချွမ်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ထိုစိတ်ကို ချက်ချင်းဖျောက်လိုက်​၏။

သူသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် တားမြစ်တံဆိပ် ခတ်နှိပ်သည်ကို ငြိမ်သက်စွာ ခံယူလိုက်သည်။

သူ၏ အတွင်းအားများသည် လှည့်ပတ်ခြင်း ရပ်တန့်သွားပြီး ခန္ဓာကိုယ်အတွင်း တစ်နေရာရာတွင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ သံခြေကျင်း ခတ်ထားသကဲ့သို့။

လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း ခွန်အားများ ဆုံးရှုံးသွားပြီး သာမန်လူတစ်ယောက်နှင့် မခြားတော့ပေ။

သို့သော်လည်း ဝဖြိုးသောလူမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။

အနည်းဆုံးတော့ သူသည် အသုံးဝင်သေးသည်ဖြစ်၍ အသတ်ခံရမည်မဟုတ်ကြောင်း သိလိုက်ရသောကြောင့်ပင်။

အခန်း ၂၆၈ - ဝိညာဉ်ရှာဖွေခြင်း

လင်ယန်ရွှယ်၏ အမိန့်ပေးမှုဖြင့် အစောင့်နှစ်ဦးသည် လူဝကြီး ဘိုင်ချာကို ထိုနေရာမှ ခေါ်ဆောင်သွားကြ​၏။

လင်ချွမ်က လက်မြှောက်ကာ ထပ်မံအချက်ပြရန် မလိုဘဲ လင်ယန်ရွှယ်သည် အခြားတစ်ဦး၏ သံခြေကျင်းများကို ဖြုတ်ပေးလိုက်သည်။

သူမသည် လက်ကို အသာအယာမြှောက်ကာ သူမ၏ အတွင်းအားများကို ရေတွင်းထဲမှ အေးစက်သော ရေများအတွင်းသို့ စီးဝင်စေပြီး သတိမေ့မြောနေသော ထိုလူကို အပြင်သို့ မတင်လိုက်​၏။

လင်ချွမ်သည် လက်ချောင်းတစ်ချက် တောက်လိုက်ရုံဖြင့် နူးညံ့သော်လည်း ဆွဲဆောင်မှုရှိသော စွမ်းအားတစ်ခုသည် ထိုသူ၏ နဖူးဆီသို့ စီးဝင်သွားသည်။

ထိုသူ၏ ခန္ဓာကိုယ်သည် တုန်ခရင်သွားပြီး လက်ချောင်းလေးများ အနည်းငယ် လှုပ်ရှားလာ​၏။

ခဏအကြာတွင် သူ နိုးလာခဲ့သည်။

သူ့စိတ်ထဲသို့ မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာသည်နှင့်အမျှ ထိုသူ၏ မျက်နှာအမူအရာမှာ ချက်ချင်း တင်းမာသွားသည်။

သူသည် လက်ဖဝါးဖြင့် မြေပြင်ကို တွန်းကာ ရုတ်တရက် ခုန်ထလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

အေးစက်သော ရေထဲတွင် အချိန်အတော်ကြာ စိမ်ထားရသောကြောင့် ခြေထောက်များမှာ ထုံကျဉ်နေဆဲ။

ထိုသို့ ခုန်လိုက်သဖြင့် သူသည် ကောင်းကောင်းပင် မရပ်နိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဟူလာ သည် မိမိကိုယ်ကို ကျယ်ဝန်းသော ခန်းမတစ်ခုအတွင်း ရောက်ရှိနေကြောင်း ချက်ချင်း သိလိုက်ရသည်။

ထို့နောက် လင်ချွမ်နှင့် အခြားတစ်ယောက်ကို မြင်လိုက်ရသောအခါ သူ၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့သွား​၏။

စကားတစ်လုံးပင် မဟနိုင်မီ လင်ချွမ် ထုတ်လွှတ်လိုက်သော ဖိအားကြောင့် သူသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

လင်ချွမ်က လက်ညှိုးဖြင့် ထိုးလိုက်ရာ ဝိညာဉ်စွမ်းအား အမျှင်တန်းတစ်ခုသည် တစ်ဖက်လူ၏ ခုခံမှုကို လျစ်လျူရှုကာ နဖူးထဲသို့ စီးဝင်သွားသည်။

"ငါမေးမယ်... မင်းဖြေရမယ်"

အလွန်တရာ အရှိန်အဝါကြီးမားပြီး ပြင်းထန်သော ဖိနှိပ်မှုအောက်တွင် သူ၏အသံသည် ဟာလာဟင်းလင်းဖြစ်နေသော ခန်းမအတွင်း၌ ဟိန်းထွက်သွားသည်။

လူဝကြီးက ဟူလာဟု ခေါ်ခဲ့သော ထိုသူသည် ချက်ချင်းပင် မျက်နှာပျက်သွားပြီး သူ၏စိတ်ထဲမှ မြန်မြန်ဆန်ဆန်ပင် စတင်တုံ့ပြန်လေသည်။

ခဏအကြာတွင် လင်ချွမ်က အေးစက်စွာ ရယ်မောလိုက်​၏။

"မင်း နည်းနည်းတော့ မရိုးသားဘူး ထင်တယ်"

"အကြီးအကဲ၊ ကျွန်တော်ပြောသမျှ အားလုံး အမှန်တွေချည်းပါပဲ"

"တောက်..."

လင်ချွမ်က တောက်ခေါက်က နှုတ်ခမ်းသပ်ပြီး သူ၏မေးစေ့ကို လက်ချောင်းများဖြင့် အသာအယာ ထိလိုက်ရင်း ပြောလိုက်သည်။

"ငါသိသလောက်တော့ မင်းတို့နိုင်ငံကို ဟီရာ နိုင်ငံလို့ မခေါ်ဘူး၊ ဟယ်လန် နိုင်ငံလို့ ခေါ်တာ"

"ပြီးတော့ မင်းနာမည်က ဂရစ်ဖင် မဟုတ်ဘူး၊ ဟူလာ မဟုတ်လား"

ဟူလာ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ လျှပ်ခနဲ ပေါ်လာသည်။

သူသည် မည်သို့ ခုခံကာကွယ်ရမည်ကို အမြန်စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းခါယမ်းကာ တင်းခံရန်သာ ဆုံးဖြတ်လိုက်​၏။

"အကြီးအကဲ ဘာတွေပြောနေတာလဲဆိုတာ ကျွန်တော် မသိပါဘူး"

လင်ချွမ်က ရယ်မောလိုက်သည်။

"ဘိုင်ချာက ငါ့ကို အကြောင်းစုံ ပြောပြပြီးပြီ"

"မင်း အခု ဘယ်လိုပဲ ငြင်းပါစေ၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေတာပဲ ရှိမယ်"

"မင်မင်းဆက်မှာ စကားပုံတစ်ခုရှိတယ်"

"အမှန်အတိုင်း ဝန်ခံရင် သက်ညှာစွာ ဆက်ဆံခံရမယ်၊ ခုခံနေရင်တော့ ပြင်းထန်စွာ အပြစ်ပေးခံရမယ် တဲ့"

"မင်း သေသေချာချာ စဉ်းစားသင့်တယ်"

"အဲ့ဒီ သစ္စာဖောက် ဘိုင်ချာ"

ဟူလာသည် အံကြိတ်ကာ အော်ဟစ်လိုက်ပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ လွှမ်းသွားသည်။

သူသည် လင်ချွမ်​၏ သတိပေးချက်ကို လုံးဝ လျစ်လျူရှုကာ သေနတ်တစ်ချက်နှင့် လဲမည်ဟူသော အလားအလာဖြင့် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အရှိန်အဟုန်ဖြင့် မြှင့်တင်လိုက်သည်။

သူ၏ အပြည့်အဝ ခုခံမှုနှင့် ကောင်းမွန်စွာ ဆက်သွယ်လိုစိတ် မရှိမှုကို မြင်သောအခါ လင်ချွမ်သည် ခေါင်းခါယမ်းကာ သက်ပြင်းတစ်ချက် ချလိုက်​၏။

"မင်းက ဒီလောက်တောင် မပူးပေါင်းမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့"

ပြောပြောဆိုဆိုနှင့်ပင် သူသည် လက်ကို မြှောက်လိုက်ရာ သူ၏ နယ်ပယ်ပေါ်လာပြီး တစ်ဖက်လူ၏ လှုပ်ရှားမှုများကို လေထဲတွင်ပင် ချက်ချင်း ရပ်တန့်သွားစေသည်။

အတွင်းအားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ လုံးဝ ပိတ်ဆို့ခံလိုက်ရသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသူသည် မိမိခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။

ဟူလာ မျက်နှာပျက်သွားသော်လည်း သူ ဘာမှမလုပ်နိုင်ခင်မှာပင် လင်ချွမ်သည် အချိန်ဖြုန်းလိုစိတ်မရှိဘဲ ဝိညာဉ်စွမ်းအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။

ထိုစွမ်းအားများသည် စိတ်ကိုဖတ်သကဲ့သို့ တစ်ဖက်လူ၏ ဝိညာဉ်အတွင်းပိုင်းထိ ရက်ရက်စက်စက် စစ်ဆေးလိုက်သည်။

ထိုခံစားချက်မှာ ထူးဆန်းလှပြီး အစားအသောက် ပြင်ဆင်သည့်အခါ အသီးကို အခွံနွှာပြီး အတွင်းသားကို ဖော်ထုတ်လိုက်သကဲ့သို့ပင်​၏

ကိုယ်ခံပညာ ကျင့်ကြံသူများအတွက်မူ ၎င်းမှာ အသီး၏အတွင်းသား မဟုတ်ဘဲ ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များသာ။

အချက်အလက် အမြောက်အမြားသည် လင်ချွမ်​၏ စိတ်ထဲသို့ အဆက်မပြတ် စီးဝင်လာသည်။

မြင်ကွင်းများမှာ မျက်စိရှေ့တွင် လျှပ်ခနဲ ဖြတ်ပြေးသွားပြီး ပျက်စီးနေသော မှတ်ဉာဏ်အပိုင်းအစများသည် တစ်ခုပြီးတစ်ခု ပြန်လည် ပေါ်လာသည်။

ထိုအထဲတွင် ဟူလာ၏ ကျင့်ကြံမှုခရီးစဉ်မှ ဇွဲလုံ့လများ၊ ဟယ်လန်နိုင်ငံ၏ ဂုဏ်ကျက်သရေများ၊ ကိုယ်ခံပညာ လျှို့ဝှက်ကျမ်းစာများနှင့် သဲကန္တာရကို ဖြတ်သန်းခဲ့ရသည့် အခက်အခဲများ ပါဝင်နေ​၏။

ထူးခြားသော ရုပ်ရှင်တစ်ကားကို ကြည့်နေရသကဲ့သို့ ထိုမှတ်ဉာဏ်များသည် လင်ချွမ်​၏ စိတ်ထဲတွင် တဖျတ်ဖျတ် ပေါ်လာသည်။

လင်ချွမ်သည် သိုင်းဘုရင်အဆင့်သို့ ရောက်ရန် ခရီးအဝေးကြီး လာခဲ့သော်လည်း သူ၏ နားထင်များမှာ တဒိတ်ဒိတ် ခုန်လာရသည်။

၎င်းမှာ သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သောကြောင့် အလွန် နေရခက်သော ခံစားချက်ကို ပေးစွမ်းနေ​၏။

ကံကောင်းထောက်မစွာဖြင့် သိုင်းဘုရင်အဆင့်ရှိသူများသည် ဝိညာဉ်စွမ်းအားကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ပြီး ၎င်းကို ခုခံနိုင်စွမ်း အားကောင်းကြသည်။

ခဏအကြာ အနားယူပြီးနောက် လင်ချွမ် ပြန်လည် သက်သာလာသည်။

ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်သည် အလွန်ရက်စက်သော နည်းစနစ်များထဲမှ တစ်ခုပင်။

၎င်း၏ အကျိုးသက်ရောက်မှုမှာ တစ်ဖက်လူ၏ ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များကို ရယူနိုင်ခြင်း။

သို့သော် အာလူးခွံနွှာသည့်အခါ အသားများပါ ပါသွားသကဲ့သို့ ဝိညာဉ်အတွင်း မှတ်ဉာဏ်ရှာဖွေခြင်းသည်လည်း ဝိညာဉ်ကို ထိခိုက်စေနိုင်ပြီး မှတ်ဉာဏ်များ ပျောက်ဆုံးသွားစေနိုင်သည်။

၎င်းမှာ ရှောင်လွှဲ၍မရသော ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်၏ အားနည်းချက်တစ်ခု။

ကံကောင်းသည်မှာ လင်ချွမ်သည် တစ်ဖက်လူ၏ အကြောင်းစုံကို အသေးစိတ် သိရန်မလိုဘဲ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိကိုသာ အတည်ပြုရန် လိုအပ်ခြင်းဖြစ်​၏။

ထိုအထူးမြင်ကွင်း၏ အကူအညီဖြင့် သူသည် အရာများစွာကို နောက်ဆုံးတွင် နားလည်သွားပြီး သူလိုအပ်သော အဖြေများကို ရရှိခဲ့သည်။

လူဝကြီးသည် အခြေအနေကို နားလည်ပြီး သူ့ကို လိမ်ညာရန် မကြိုးစားခဲ့ပေ။

အချို့သော အသေးစိတ် အချက်အလက်များ လွဲချော်မှု ရှိသည်မှလွဲ၍ သူပြောသမျှသည် တစ်ဖက်လူ၏ ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များနှင့် ကွက်တိကိုက်ညီနေသည်။

ဤလုပ်ငန်းစဉ်အတွင်း သူသည် စိတ်ရှုပ်ထွေးဖွယ်ရာ အချက်အလက် အမြောက်အမြားကို စုပ်ယူခဲ့ရသော်လည်း အသုံးဝင်သော အချက်အလက်များစွာကိုလည်း ရရှိခဲ့သည်။

၎င်းတို့ထဲတွင် ဟူလာ၏ ဇာစ်မြစ်၊ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်များ ပါဝင်နေ​၏။

ထို့ပြင် ကျင့်စဉ်စနစ်များနှင့် ကွာခြားချက်များကိုလည်း သိရှိခဲ့ရသည်။

မင်မင်းဆက်တွင် ကိုယ်ခံပညာ ကျင့်ကြံမှုစနစ်မှာ တင်းကျပ်သော လိုအပ်ချက်များရှိပြီး ၎င်းတို့၏ အကျိုးသက်ရောက်မှုအပေါ် မူတည်၍ အမျိုးမျိုး ခွဲခြားထားသည်။

အဓိကအချက်မှာ အတွင်းအား ကျင့်ကြံမှုဖြစ်ပြီး နောက်တွင် ကိုယ်ခံပညာ နည်းစနစ်များ လိုက်ပါလာသည်။

ဤအချက်တွင် ရိုးရာကျင့်စဉ်များသည် လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကျင့်ကြံခြင်းအပေါ် ပိုမိုအလေးထားသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဟယ်လန် နှင့် အနောက်နိုင်ငံများမှ သခင်ကြီးများမှာမူ ထိုအရာကို အာရုံမစိုက်ဘဲ ခန္ဓာကိုယ် လေ့ကျင့်မှုအပေါ်သာ အာရုံစိုက်ကြ​၏။

၎င်းတို့၏ နည်းစနစ်များသည် အကြမ်းထည်ဆန်ပြီး ခြုံငုံကြည့်လျှင် ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် အရှိန်အဟုန်ကို မြှင့်တင်ရန်သာ ရည်ရွယ်သည်။

၎င်းသည် တိုက်ပွဲတွင် ပြင်းထန်သော စွမ်းအားများကို ထုတ်ပေးနိုင်သော်လည်း ခန္ဓာကိုယ်အပေါ်တွင်မူ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေသည်။

ဤနည်းစနစ်ကို ကျင့်ကြံတိုင်း ခန္ဓာကိုယ်အပေါ် ပြန်လည်ထိခိုက်မှုများ ရှိလာနိုင်​၏။

နှစ်ပေါင်းများစွာ ကြာလာသောအခါ ခန္ဓာကိုယ်အတွင်း လျှို့ဝှက်ဝေဒနာများ ဖြစ်လာစေသည်။

ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်အပင်များကို ရှာဖွေစားသုံးခြင်း မပြုပါက ထိုဒဏ်ရာမျိုးသည် သူ့အလိုလို ပျောက်ကင်းရန် အလွန်ခက်ခဲသည်။

ဥပမာအားဖြင့် ဝတ်စုံနက်ဝတ်ထားသော ထိုလူ အသုံးပြုခဲ့သည့် စေတန်၏လက်ဝါး' နည်းလမ်းသည် သွေးအတွင်းရှိ စွမ်းအင်ကို အထောက်အကူပြုပစ္စည်းအဖြစ် အသုံးပြုထားသော အထူးလက်ဝါးရိုက်ချက် ဖြစ်​၏။

ဆန့်ကျင်ဘက်အနေဖြင့် ထိုသူကျင့်ကြံခဲ့သော နည်းလမ်းမှာ အသွေးအသားနှင့် အသက်ရှူအားကို ထိန်းညှိသော အကြမ်းထည်နည်းလမ်းမျှသာ။

အမှန်စင်စစ် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သော ပြန်လည်ထိခိုက်မှုဒဏ်ကို ခံစားနေရပြီ။

မင်မင်းဆက် အခေါ်အဝေါ်အရ ပြောရလျှင် ၎င်းမှာ အသက်ဓာတ် ချီ နှင့် သွေးအားနည်းခြင်း၊ ယန်စွမ်းအင် ချို့တဲ့ခြင်းပင်။

လူဝကြီး ကိုယ်တိုင်တွင်လည်း အလားတူ လျှို့ဝှက်ဝေဒနာ ရှိသော်လည်း အလွန်အမင်း မပြင်းထန်လှပေ။

အဆိုးဆုံးမှာ မိုးရွာသောနေ့များတွင် ဝမ်းဗိုက်အောက်ပိုင်း အနည်းငယ် နာကျင်ခြင်း၊ အတွင်းအား စီးဆင်းမှု တစ်ဝက်ခန့် လျော့နည်းသွားခြင်းနှင့် ခန္ဓာကိုယ်ခွန်အား သိသိသာသာ ကျဆင်းသွားခြင်းတို့သာ။

All Chapters