← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း ၂၇၇ - ဆာလက်ဒ်မျိုးနွယ်စု

ဝါကျင်ကျင်သဲပြင်ထက်တွင် ရပ်နေရင်း အဝေးမှ လိပ်တက်လာသော အနက်ရောင်မြူခိုးများကို ငေးကြည့်ကာ ပုရောဟိတ်မင်းကြီး ရင်ထဲတွင် ဖိအားတစ်ခုကို ခပ်ဖျော့ဖျော့ ခံစားလိုက်ရ​၏။

ပုရောဟိတ်မင်းကြီးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ဖြတ်ပြေးသွားသည်။

သူသည် အကူအညီတောင်းရန် လူလွှတ်ခဲ့သော်လည်း တကယ်တမ်းတွင်မူ မျှော်လင့်ချက် သိပ်မရှိလှပေ။

စစ်ကူများ ရှာတွေ့ခဲ့လျှင်ပင် သူတို့ပိုင်ဆိုင်ထားသည့် အရာများဖြင့် ထိုသူတို့၏ အကူအညီကို ရနိုင်မည်မဟုတ်ပေ။

ထိုပစ္စည်းများသည် အဖိုးတန်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အသုံးပြုပုံများမှာ အနည်းငယ် ထူးဆန်းနေသည်။

လက်တွေ့တွင်မူ ပုရောဟိတ်မင်းကြီးသည် နောက်ဆုံးလက်နက်အနေဖြင့်သာ တတ်နိုင်သမျှ ကြိုးစားကြည့်ခြင်း​။

အကယ်၍ အကူအညီတောင်းခံမှု မအောင်မြင်ဘဲ မျိုးနွယ်စုကြီး ပျက်စီးသွားခဲ့ပါက မျိုးဆက်မပြတ်စေရန်အတွက် အထူးချွန်ဆုံး တပည့်များကို စေလွှတ်ခဲ့ခြင်းဖြစ်​၏။

ယခုအခါတွင် မျိုးဆက်သစ်လက်ဆင့်ကမ်းမှု ပြီးမြောက်သွားပြီဖြစ်ရာ ကျန်ရှိနေသော အကြီးအကဲများ အသက်ရှင်ခြင်း၊ သေခြင်းမှာ အရေးမကြီးတော့ပေ။

ခြေသံများ နီးကပ်လာသဖြင့် ပုရောဟိတ်မင်းကြီး လှည့်ကြည့်လိုက်သည်။

အဝတ်ဖိနပ်ကို စီးထားပြီး ဝတ်ရုံခြုံကာ မျက်လုံးများသာ ဖော်ထားသော မျိုးနွယ်စုခေါင်းဆောင်သည် သူ၏ဘေးတွင် လာရပ်ကာ ပခုံးချင်းယှဉ်လိုက်သည်။

ထို့နောက် ငြင်သာသော အမျိုးသမီးအသံတစ်ခု သူတို့နှစ်ဦးစလုံး၏ ဘေးပတ်လည်တွင် ပဲ့တင်ထပ်သွား​၏။

"မစိုးရိမ်ပါနဲ့၊ ရာမာလ် နဲ့ တခြားသူတွေဟာ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးခြင်းကို ခံရသူတွေပဲ၊ ဒီသဲကန္တာရကြီးက သူတို့ကို ကာကွယ်ပေးပါလိမ့်မယ်"

"သူတို့ ပြန်လာတဲ့အခါ အရမ်းကြီး ဝမ်းမနည်းကြဖို့ပဲ ကျွန်မ ဆုတောင်းပါတယ်"

"ဒါပေမဲ့ အဲဒီမတိုင်ခင်မှာတော့..."

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထိုနူးညံ့သော အမျိုးသမီးအသံသည် ရုတ်တရက် အေးစက်ထက်ရှသွားသည်။

"အဲဒီမတိုင်ခင်မှာ... ငါတို့ရဲ့ ရန်သူတွေကို ထိုက်တန်တဲ့ ပေးဆပ်မှုမျိုး ပေးလိုက်ရအောင်"

ရန်သူများ ချဉ်းကပ်လာသည်ကို သိရှိသွားသကဲ့သို့ အိုအေစစ် တစ်ခုလုံးတွင် ခရုသင်းမှုတ်သံများ ဟိန်းထွက်သွားပြီးနောက် ပုရောဟိတ်မင်းကြီး၏ ခန့်ညားလှသော အသံကြီး ထွက်ပေါ်လာသည်။

"ရန်သူတွေ တိုက်ခိုက်နေပြီ၊ အသက်ပေးတိုက်ပွဲအတွက် ပြင်ဆင်ကြ"

ရှုပ်ထွေးနေသော ခြေသံများ၊ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ တိုက်မိသံများမှလွဲ၍ မျိုးနွယ်စုတစ်ခုလုံးတွင် အခြားမည်သည့်အသံမျှ မရှိတော့ပေ။

မည်သူမျှ ငိုယိုခြင်း၊ ဟိန်းဟောက်ခြင်း မပြုကြချေ။

ဤအချိန်တွင် ဆာလက်ဒ် မျိုးနွယ်စုဝင်အားလုံးသည် စစ်ပွဲအတွက် အသင့်ဖြစ်နေကြပြီ။

ဤသည်မှာ အသက်နှင့်သေခြင်းတရားဆိုင်ရာ ကိစ္စဖြစ်သည်ကို သူတို့ သိကြသည်။

သူတို့ရှေ့မှ တိုက်ပွဲသည် သူတို့ဘဝဇာတ်ခုံ၏ နောက်ဆုံးခန်းနားသော တေးသွားဖြစ်နိုင်သည်ကိုလည်း သူတို့ နားလည်ကြ​၏။

ခရုသင်းသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ရှာလာမျိုးနွယ်စုသည် တိုက်ပွဲဝင်စစ်ကြောင်းကို အလိုအလျောက် ဖွဲ့စည်းလိုက်ကြသည်။

ရှေးဟောင်းကျမ်းစာများပါ မှတ်တမ်းများအတိုင်း သူတို့သည် တိုက်ပွဲဝင်စစ်ကြောင်းကို စွမ်းအင်သွင်းကာ နောက်ဆုံး အသေခံတိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

ကျယ်ပြောလှသော သဲကန္တာရကြီး၏ အထက်တွင် ဝါကျင်ကျင်သဲများ နေရာအနှံ့ လွင့်ပျံနေသည်။

ရုတ်တရက် လေပြင်းတစ်ချက်သည် ဟူးဟူးဝူးဝူးအသံဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွား​၏။

ထိုအသံသည် အလွန်ပင် အောက်မေ့ဖွယ်ကောင်းလှပြီး ဤမျိုးနွယ်စု၏ နောက်ဆုံးငိုကြွေးသံ (သို့မဟုတ်) တိုက်ပွဲအတွင်းသို့ အတင်းဝင်တိုက်မည့် စစ်သည်တော်တစ်ဦး၏ ခရုသင်းမှုတ်သံနှင့် တူနေတော့သည်။

"သတ်ကြ"

ပုရောဟိတ်မင်းကြီးသည် ဟိန်းဟောက်လိုက်ရာ သူ၏ခန့်ညားသောအသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။

အရှိန်အဟုန်ပြင်းသော စွမ်းအားကြီးသည် ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း ထိုးဖောက်သွားပြီး အဆုံးမရှိသော သဲမုန်တိုင်းကို လွင့်စင်သွားစေကာ လေဟာနယ်တစ်ခု ဖြစ်ပေါ်စေသည်။

တိုက်ပွဲဝင်စစ်ကြောင်းများ လင်းထိန်သွားပြီး လူတိုင်း ရှေ့သို့ တက်လှမ်းလိုက်ကြသည်။

လူပေါင်း ဒါဇင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲဝင်စစ်ကြောင်းသည် ၎င်း၏စွမ်းဆောင်ရည်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။

သူတို့၏ခန္ဓာကိုယ်အတွင်းမှ ကြွယ်ဝလှသော အတွင်းအားများသည် စီးဆင်းလာပြီး စုစည်းကာ တိုက်ပွဲဝင်စစ်ကြောင်းတစ်လျှောက် ပျံ့နှံ့သွားပြီး သူတို့၏လူများကို ကာကွယ်မှုနှင့် စွမ်းအားမြှင့်တင်မှုများ ပေးစွမ်းလိုက်​၏။

ထို့နောက် သူတို့ ရှေ့သို့ အဟုန်ဖြင့် ပြေးထွက်သွားကြသည်။

ဤအချိန်တွင် ကောင်းကင်ယံမှ အနက်ရောင်မြူခိုးများမှာ အောက်သို့ သက်ဆင်းလာပြီး မြူခိုးများ ဖုံးလွှမ်းထားသော နေရာ၏ မူလရုပ်သွင် ပေါ်လာသည်။

ထိုသူတို့မှာလည်း စစ်ကြောင်းဖွဲ့စည်းထားသော အင်အားကြီးသူများ ဖြစ်ကြသည်။

သို့သော် ပိုးပဝါများ ပတ်ထားသော ဆာလက်ဒ်မျိုးနွယ်စုဝင်များနှင့် မတူသည်မှာ သူတို့အားလုံး၏ မျက်နှာတွင် ထူးခြားသော အမှတ်အသားတစ်ခုစီ ပါရှိကြ​၏။

နှစ်ဖက်စလုံး အရှိန်ဖြင့် ပြေးထွက်လာပြီးနောက် လျင်မြန်စွာ ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။

အောက်ခြေရှိ တိုက်ပွဲမှာ အင်အားနည်းသော မျိုးနွယ်စုဝင်အချင်းချင်း တိုက်ခိုက်မှုဖြစ်သည်။

အစစ်အမှန် ခွန်အားကြီးသူများ၏ စစ်တလင်းမှာ မြေပြင်တွင်မဟုတ်ဘဲ ကောင်းကင်ယံတွင်သာ။

အင်အားကြီးသူများစွာသည် သူတို့၏နေရာမှ ထကြွလာကြပြီး အချို့မှာ သူတို့၏ ‘ချီ’ စွမ်းအင်ကို သုံးကာ အရာဝတ္ထုများကို ထိန်းချုပ်ကြသည်။

အချို့မှာ လေထဲတွင် ပျံသန်းကြပြီး မကြာမီ သူတို့၏ ပုံရိပ်များသည် ကောင်းကင်ယံတွင် ပြန့်ကျဲသွားသည်။

ခဏတာ ရပ်တန့်သွားပြီးနောက် သူတို့သည် ရုတ်တရက် ရိပ်ခနဲပုံရိပ်များအဖြစ် ပြောင်းလဲသွားကာ ပြိုင်ဘက်များဆီသို့ အပြင်းအထန် တိုးဝင်သွားကြတော့​၏။

ဤအချိန်တွင် ပုရောဟိတ်မင်းကြီးနှင့် မျိုးနွယ်စုခေါင်းဆောင်တို့သည်လည်း ကောင်းကင်ယံတွင် ရပ်နေကြသည်။

သို့သော် သူတို့သည် တိုက်ခိုက်ခြင်းမပြုသေးဘဲ ပြိုင်ဘက်၏ တိတ်တဆိတ် ဝှက်ဖဲတစ်ခု ထွက်ပေါ်လာသည်ကိုသာ စောင့်နေကြသည်။

မကြာမီတွင် ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး အနက်ရောင်ဝတ်စုံဝတ်ကာ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းထားသော လူတစ်ယောက် ထွက်ပေါ်လာသည်။

သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြေပြင်ပေါ်တွင် လေဆင်နှာမောင်းတစ်ခု အလိုအလျောက် ပေါ်လာသည်။

ဝဲဂယက်ထနေသော ဝါကျင်ကျင်သဲများကြားတွင် သဲမုန်တိုင်းတစ်ခုသည် ဤစစ်တလင်းပေါ်သို့ ကျရောက်လာသည်။

ထိုသို့သော ထူးခြားသည့် ဖြစ်စဉ်သည် ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် များစွာ သက်ရောက်မှုရှိသော်လည်း ကောင်းကင်တွင် ပျံသန်းနေသော ပညာရှင်များစွာမှာမူ ဂရုမစိုက်ကြပေ။

မျိုးနွယ်စုခေါင်းဆောင် အမျိုးသမီးတစ်ဦးတည်းသာ အောက်သို့ တစ်ချက်ကြည့်ပြီးနောက် သူ၏ အကြည့်ကို စစ်တလင်းဆီသို့ ပြန်လည်လှည့်လိုက်​၏။

ကောင်းကင်တွင် ရန်သူတစ်ဦးတည်းသာ ရှိသော်လည်း သူမနှင့် ပုရောဟိတ်မင်းကြီးမှာ နိုးနိုးကြားကြား ရှိနေဆဲ။

တစ်ဖက်လူ မဖုံးကွယ်နိုင်သော အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သူသည် သိုင်းဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်မှာ သေချာလှ​၏။

ထိုမျှမက သူသည် အလယ်အလတ်အဆင့်သို့ ခုလေးတင် တက်လှမ်းထားသော အင်အားကြီးသူ ဖြစ်နိုင်ခြေပင်။

သူတို့နှစ်ဦးစလုံးသည် အထွတ်အထိပ်နယ်ပယ် ၏ ထိပ်ဆုံးတွင် ရှိနေကြသော်လည်း ထိုကဲ့သို့သော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ယုံကြည်မှု သိပ်မရှိလှပေ။

"ရေခဲမှန်ကူ"

ခဏတာ တွန့်ဆုတ်နေပြီးနောက် မျိုးနွယ်စုခေါင်းဆောင်သည် ရှေ့သို့ တက်လှမ်းကာ သူမ၏လက်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်ပြီး ပထမဆုံး တိုက်ခိုက်မှုကို စတင်လိုက်သည်။

ထိုကဲ့သို့သော ရန်သူမျိုးကို ရင်ဆိုင်ရာတွင် ခံစစ်သက်သက်ဖြင့် အနိုင်ရရန် အခွင့်အရေးမှာ သုညသာ။

အကယ်၍ ဦးအောင်တိုက်ခိုက်ပါက အောင်မြင်မှုအတွက် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သေးသည်။

အတွင်းအားများသည် လေထဲတွင် ခဲသွားပြီး မှန်တစ်ချပ်အဖြစ် ရုပ်လုံးပေါ်လာသည်။

သူမသည် မှန်၏နောက်ကျောကို လက်ချောင်းဖြင့် အသာအယာ ထိလိုက်ရာ မှန်မျက်နှာပြင်တစ်ခုလုံး ချက်ချင်းပင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

ခဏချင်းတွင်ပင် စူးရှသော အလင်းတန်းတစ်ခု မှန်ထဲမှ ထွက်ပေါ်လာပြီး အနက်ရောင်မြူခိုးများ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

"ဟွန်း"

အနက်ရောင်မြူခိုးများအတွင်းမှ မခန့်လေးစား နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပြီးနောက် တစ်ဖက်လူသည် သူ၏လက်ဖဝါးကို မြှောက်ကာ ရှေ့မှ အလင်းတိုင်ကို အသာအယာ ပင့်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော အတွင်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အလင်းတန်းတစ်ခုလုံးကို ထူးဆန်းသော နည်းလမ်းဖြင့် လမ်းကြောင်းလွှဲလိုက်သည်။

သူ ပေးဆပ်လိုက်ရသည်မှာ အနက်ရောင်မြူခိုး အနည်းငယ် မီးခိုးအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားရုံမျှသာ။

ချက်ချင်းပင် မြူခိုးများအတွင်းမှ သာယာသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဆာလက်ဒ် မျိုးနွယ်စုရဲ့ ခေါင်းဆောင်က တကယ်တော့ အမျိုးသမီးတစ်ယောက် ဖြစ်နေပါလား"

ထိုစကားကို ကြားလိုက်ရသည့်အခါ လေထု၏ အပူချိန်သည် ချက်ချင်းပင် ဒီဂရီအနည်းငယ် ကျဆင်းသွားသည်။

မျိုးနွယ်စုခေါင်းဆောင် ဆာလက်ဒ်သည် သူမ၏လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ရေငွေ့အမြောက်အမြားသည် လေထဲတွင် ရေခဲဆူးချွန်များအဖြစ် ခဲသွားစေ​၏။

သဲကန္တာရထဲတွင်ဖြစ်ပြီး အလွန်အမင်း ပူပြင်းသော်လည်း ဤအချိန်တွင် အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသည်။

အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ကို ချမ်းစိမ့်သွားစေသည်။

သဲကန္တာရထဲတွင် ရှိနေသော်လည်း သူမသည် အေးစက်သော ရေခဲသဘာဝကို အခြေခံသည့် နည်းစနစ်များကို ကျင့်ကြံထားခြင်း။

ဤသို့သော ထူးခြားသည့် ကျင့်ကြံမှု နည်းလမ်းကြောင့်ပင် ရှာလာမျိုးနွယ်စုခေါင်းဆောင်အတွက် ခိုင်မာသော အခြေခံကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤစွမ်းရည်ဖြင့် သူမသည် အလွန်ပူပြင်းသော အပူရှိန်ကြားတွင်ပင် အေးစက်သော နယ်မြေတစ်ခုကို ဖန်တီးနိုင်သည်။

သူမ၏ နယ်ပယ်ကိုလည်း ‘နှင်းခဲနယ်မြေ’ ဟု ခေါ်ဆိုကြသည်။

ပုရောဟိတ်မင်းကြီး၏ တိုက်ခိုက်မှုသည်လည်း ချက်ချင်းပင် နောက်ကလိုက်လာပြီး အေးစက်သောနယ်မြေအတွင်းတွင် ပေါ်ပေါက်လာကာ ကမ္ဘာကြီး၏ အပူချိန်ကို လျင်မြန်စွာ ထိန်းချုပ်လိုက်​၏။

သူသည် သူ၏ဘယ်လက်တွင် ကိုင်ထားသော ညှိုးနွမ်းနေသည့် သစ်သားတောင်ဝေးကို ကောင်းကင်သို့ ရုတ်တရက် မြှောက်လိုက်သည်။

အတွင်းအား စီးကြောင်းများ တောင်ဝေးအတွင်းသို့ စီးဝင်သွားပြီး အတွင်းရှိ ဇီဝစွမ်းအားများကို နှိုးဆွလိုက်ရာ ညှိုးနွမ်းနေသော သစ်သားတောင်ဝေး၏ ထိပ်ဖျားမှာ ချက်ချင်း ကွဲအက်သွား​၏။

သစ်သားတုံးလေးသည် ပွင့်ချပ်များ ပွင့်လာသကဲ့သို့ လေးခြမ်းကွဲသွားပြီး ဘေးလေးဘက်သို့ ကွာကျသွားကာ အတွင်းမှ အဆုံးမရှိသော စွမ်းအားများ လျှံထွက်လာသည်။

မရေတွက်နိုင်သော နွယ်ပင်များ၊ သစ်ကိုင်းများနှင့် အမျိုးစုံသော အပင်များသည် ဤအချိန်တွင် ပြန့်ထွက်လာသည်။

ခဏချင်းတွင်ပင် ထိုအပင်များသည် ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားတော့သည်။

အခန်း ၂၇၈ - ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲ

ဘေးတိုက်စစ်မျက်နှာများတွင် တိုက်ခိုက်နေကြသည့် အစွမ်းထက်ပုဂ္ဂိုလ်များသည် ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်နှင့် ပုရောဟိတ်မင်းတို့၏ စစ်မှန်သော စွမ်းရည်များကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။

သူတို့အားလုံး တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး မျက်လုံးများ နီမြန်းလာကြ​၏။

သဲကန္တာရထဲတွင် ရှိနေပါလျက်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော ကျင့်စဉ်များကို ကျင့်ကြံရခြင်းမှာ အကျိုးထက် အရှုံးက ပိုများလှသည်။

ထိုသို့ကျင့်ကြံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများမှာ မှန်းဆ၍ပင် မရနိုင်ပေ။

မျိုးနွယ်စုနှင့် လူမျိုးနွယ် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ထိုနှစ်ဦးမှာ ဤကိစ္စကို တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်မပြောခဲ့သလို၊ သက်ဆိုင်ရာ စွမ်းအားများကိုလည်း မပြသခဲ့ကြပေ။

သူတို့မျိုးနွယ်စု နေထိုင်ရာ အိုအေစစ်သည် အဘယ်ကြောင့် ဤမျှကာလပတ်လုံး စည်ပင်ဝပြောနေခဲ့ရသနည်း။

အခြားမျိုးနွယ်စုများကဲ့သို့ အဘယ်ကြောင့် အမြဲတမ်း ရွှေ့ပြောင်းနေထိုင်ရန် မလိုခဲ့သနည်း ဆိုသည်မှာ မဆန်းတော့ပေ။

ပုရောဟိတ်မင်းသည် လူလတ်ပိုင်းအရွယ်သာ ရှိသေးသော်လည်း အဘယ်ကြောင့် အိုမင်းရင့်ရော်နေသနည်း ဆိုသည်မှာလည်း မဆန်းတော့ပေ။

မျိုးနွယ်စုထဲတွင် အဘယ်ကြောင့် အပူဒဏ်ကြောင့် သေဆုံးသူမရှိဘဲ ရေရှားပါးမှုနှင့် အဘယ်ကြောင့် မကြုံခဲ့ရသနည်း ဆိုသည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ...

အမှန်စင်စစ်တွင် ထိုနှစ်ဦးသည် လူအားလုံးအတွက် ထိုဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးပေးထားကြသူများ ဖြစ်နေသည်။

ဤအချက်ကြောင့်ပင် ဆာလက်ဒ် မျိုးနွယ်စုမှ အစွမ်းထက် အဖွဲ့ဝင်အများအပြားသည် စိတ်ဓာတ်တက်ကြွလာကာ သို့မဟုတ် နာကျည်းမှုကို အခြေခံ၍ ၎င်းတို့၏ အောင်းနေသော စွမ်းအားများကို ရုတ်တရက် ထုတ်ဖော်လိုက်ကြပြီး အားနည်းချက်များကို ပြန်လည်ဖိနှိပ်နိုင်ခဲ့ကြ​၏။

သက်ရှိစွမ်းအားများ ပေါက်ကွဲထွက်လာသလို ရေခဲပြင်ကဲ့သို့ အေးစိမ့်မှုများလည်း သက်ဆင်းလာသည်။

ထိုဓာတ်ကြီးနှစ်ပါးမှာ သဲကန္တာရနှင့် မတူဘဲ၊ ကျင့်စဉ်ကျင့်ကြံသူ မည်သည့် အစွမ်းထက် ပုဂ္ဂိုလ်ကိုမဆို ပြင်းထန်စွာ တားဆီးနှိမ်နင်းနိုင်စွမ်း ရှိသည်။

ထို့ကြောင့် ထိုတိုက်ကွက်နှစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာချိန်တွင်...

သိုင်းဧကရာဇ်အဆင့်၏ အလယ်အလတ်

အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော 'မြူမည်း' သိုင်းကို သုံးနိုင်သော ပညာရှင်ပင်လျှင် ထိုထက်မြက်သော အရှိန်အဝါကို ခေတ္တရှောင်ရှားပြီး နောက်ဆုတ်ခဲ့ရသည်။

တိုက်ကွက်နှစ်ခုလုံး လွဲချော်သွားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်နှစ်ဦး၏ မျက်နှာတွင် စိုးရိမ်မှုများ သိသိသာသာ လျော့ပါးသွားသည်။

တိုက်ခိုက်မှုမှာ ထိရောက်မှု မရှိသော်လည်း အနည်းဆုံးတော့ သူတို့ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သက်သေပြနိုင်ခဲ့​၏။

အကယ်၍ ကံကောင်းပါက သူတို့သည် ဆက်လက်ခုခံထားနိုင်ပြီး အကူအညီပင် ရရှိနိုင်ပေလိမ့်မည်။

ထိုအတွေးများ ခေါင်းထဲသို့ ဝင်လာရုံရှိသေး၊ တခဏချင်းမှာပင် အမြင်အာရုံများ လုံးဝ ဝေဝါးသွားခဲ့သည်။

ပုရောဟိတ်မင်းနှင့် ဆာလက်ဒ်ခေါင်းဆောင်တို့၏ မျက်လုံးများသည် ထိုအချိန်တွင် ဗလာဖြစ်သွားကြသည်။

သတိပြန်ဝင်လာချိန်တွင် ပြင်းထန်သော စိုးရိမ်စိတ်တစ်ခုက သူတို့ကို ရုတ်တရက် နိုးကြားသွားစေသည်။

ပုရောဟိတ်မင်းသည် သူ၏ ဘယ်ဘက်လက်ရှိ တောင်ဝှေးကို ရုတ်တရက် လွှတ်ချလိုက်သည်။

ထိုသစ်သားချောင်းလေးခုကို လက်ခုံပေါ်တွင် တင်ထားလိုက်စဉ်၊ ခဏချင်းမှာပင် စိမ်းလန်းသော စွမ်းအင်များ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး သူ၏ ကျောပြင်တွင် အကာအကွယ် ချပ်ဝတ်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာ​၏။

"ဘုန်း"

ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်တစ်ခု ရောက်ရှိလာပြီး ပုရောဟိတ်မင်းကို မြေပြင်ထဲသို့ တစ်ချက်တည်းနှင့် ရိုက်သွင်းလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာထားသည် သိသိသာသာ ပြောင်းလဲသွားသည်။

သူမသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူမ၏ လက်ဖဝါးမှ အတွင်းအားများကို အလုံးအရင်းနှင့် ထုတ်ဖော်လိုက်​၏။

၎င်းတို့သည် ချက်ချင်းပင် ရေခဲနှင့် နှင်းများအဖြစ် ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားသည်။

တိုက်ခိုက်မှုမှာ နှေးကွေးသွားပြီး ထိုနေရာတွင်ပင် အေးခဲသွားသည်။

ခဲသွားသော မြူမည်းများကို ဂရုမစိုက်ဘဲ မျိုးနွယ်စုခေါင်းဆောင်သည် လေထဲတွင် ခြေဖျားနှင့် ခပ်ဖွဖွ နင်းလိုက်ရာ သူမ၏ ပတ်ဝန်းကျင်တွင် ရေခဲမှုန်များစွာ ချက်ချင်း ဖြစ်ပေါ်လာသည်။

သူမသည် ရေခဲငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းကာ မြူမည်းလူသားဆီသို့ အရှိန်ဖြင့် ပြေးဝင်သွား​၏။

သတိမထားမိဘဲ ရှိနေသော မြူမည်းပုံရိပ်သည် အော်ဟစ်လိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ ရေခဲများ ဖုံးလွှမ်းသွားသည်။

သူသည် ဒေါသတကြီးဖြင့် လက်ဖဝါးကို ပြန်လည် ဝှေ့ယမ်းကာ မျိုးနွယ်စုခေါင်းဆောင်ကို နောက်ဆုတ်သွားစေပြီးနောက်၊ လျင်မြန်စွာ နောက်ဆုတ်ကာ သူ၏ အတွင်းအားကို သုံး၍ ရေခဲနှင့် နှင်းများကို ချေဖျက်လိုက်​၏။

ဤအခွင့်အရေးကို အသုံးချ၍ အကာအကွယ်ဖြင့် တိုက်ခိုက်မှုကို ခုခံခဲ့သော ပုရောဟိတ်မင်းသည်လည်း လေထဲသို့ ပြန်လည် ပျံတက်လာသည်။

သူသည် သူ၏ တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ နွယ်ပင်များစွာ ချက်ချင်း ထွက်ပေါ်လာပြီး နှေးကွေးနေသော မြူမည်းပုံရိပ်ကို ရစ်ပတ်ပတ်နှောင်လိုက်​၏။

ရုတ်တရက် နွယ်ပင်များမှာ ပြန်လည် ကျုံ့ဝင်သွားသည်။

သင်္ချိုင်းကုန်း တစ်ခုစာခန့် ရှိသော ထိုနွယ်ပင်လုံးကြီးသည် လူတစ်ဝက်ခန့် အရွယ်အစားအထိ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။

"အောင်မြင်သွားပြီလား"

ပုရောဟိတ်မင်းသည် တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခု နောက်ဆုံးတွင် ပေါ်လာသည်။

သိုင်းဧကရာဇ် အဆင့်ရှိသော အစွမ်းထက် ပုဂ္ဂိုလ်ပင်ဖြစ်စေကာမူ ခန္ဓာကိုယ်ကို မူလအရွယ်အစား၏ ထက်ဝက်အောက် ရောက်အောင် ဖိသိပ်ခံလိုက်ရပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မည်။

ထိုသို့သော ခန္ဓာကိုယ် အနေအထားဖြင့် ပုံမှန်ထက် အဆပေါင်းများစွာ လျော့နည်းသော စွမ်းအားကိုသာ ထုတ်ဖော်နိုင်သည်။

ထိပ်တန်းဆရာကြီး နှစ်ဦး၏ မနားတမ်း တိုက်ခိုက်မှုအောက်တွင် ရလဒ်မှာ ရှုံးနိမ့်မှုသာ ဖြစ်ပေလိမ့်မည်။

ယခုတစ်ကြိမ်တွင်တော့ သေချာသွားပြီ။

အခွင့်အရေးကို အရယူကာ လေထဲတွင် အေးခဲနေခဲ့သော ရေခဲလှံချွန်များသည် ကျုံ့ဝင်နေသော နွယ်ပင်လုံးဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။

သို့သော် မျက်နှာပြင်သို့ ထိတွေ့ခါနီးမှာပင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာသည်။

တခဏချင်းမှာပင် နွယ်ပင်များသည် ကြေမွသွားပြီး အစိမ်းရောင် အရည်များအဖြစ် လွင့်စင်သွားသည်။

ရေခဲလှံချွန်များသည်လည်း လက်မအလိုက် ကြေမွသွားပြီး သေးငယ်သော ရေခဲမှုန်ပေါင်း ထောင်သောင်းချီအဖြစ် ပေါက်ကွဲသွားသည်။

နေရောင်အောက်တွင် ထိုရေခဲမှုန်များသည် အရောင်အမျိုးမျိုးဖြင့် တောက်ပနေသော်လည်း မျိုးနွယ်စုခေါင်းဆောင် နှစ်ဦးအတွက်မူ ၎င်းတို့သည် အလွန်တရာ မှောင်မိုက်နေပုံရသည်။

"စိတ်ဝိညာဉ် တိုက်ခိုက်မှု"

ခေတ္တမျှ ဝေဝါးသွားသော အခိုက်အတန့်တွင် အတွေ့အကြုံရင့်သော ပုရောဟိတ်မင်းနှင့် မျိုးနွယ်စုခေါင်းဆောင်တို့သည် တစ်ဖက်လူ၏ နည်းလမ်းကို သဘောပေါက်သွားကြ​၏။

သူတို့သည် ထိုအချိန်မှစ၍ သတိထားနေခဲ့ကြသဖြင့် နောက်ထပ် ရောက်ရှိလာသော စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် နောက်ဆက်တွဲ အစီအစဉ်များကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။

မျိုးနွယ်စုခေါင်းဆောင်သည် သူမ၏ ဝတ်ရုံထဲမှ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ၎င်းပေါ်သို့ လက်ဖဝါးတင်ကာ သူမ၏ အတွင်းအားများကို ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပို့လွှတ်လိုက်သည်။

ဥခွံကဲ့သို့ အကာအကွယ် အလွှာတစ်ခုသည် လေထဲတွင် ပေါ်လာပြီး သူတို့နှစ်ဦးကို ငုံ့အုပ်ထားလိုက်သည်။

ပုရောဟိတ်မင်းသည်လည်း ငြိမ်မနေဘဲ သူ၏ တောင်ဝှေးကို ဝှေ့ယမ်းကာ အပင်အလွှာများဖြင့် ဖုံးအုပ်ထားသော ဒုတိယမြောက် အကာအကွယ်ကို တည်ဆောက်လိုက်​၏။

ဤအခြေခံ အကာအကွယ်များသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လျော့ပါးစေရုံသာမက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုလည်း စစ်ထုတ်ပေးနိုင်သည်။

သို့သော် သူတို့နှစ်ဦး ပြင်ဆင်ထားသော်လည်း မုန်တိုင်းသည် ထင်ထားသည့်အတိုင်းပင် ရောက်ရှိလာခဲ့​၏။

နွယ်ပင်များသည် အပိုင်းပိုင်းပြတ်ကာ အစိမ်းရောင် ရွှံ့နွံများအဖြစ် ပြောင်းလဲသွားသည်။

အကာအကွယ် အလွှာသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။

အကာအကွယ်မဲ့သွားသော သူတို့နှစ်ဦးသည် ရုတ်တရက် မူးဝေလာကာ ပျို့အန်ချင်စိတ်များ တိုးဝင်လာသည်။

"မကောင်းတော့ဘူး... ဒီတိုက်ခိုက်မှုက ပြင်းလွန်းတယ်၊ ငါတို့ ခုခံလို့ မရဘူး၊ ပြေးတော့"

မျိုးနွယ်စုခေါင်းဆောင်သည် သတိတစ်ချက်ကို ထိန်းထားနိုင်ပြီး ပုရောဟိတ်မင်းကို သတိပေးစကား ပြောလိုက်သည်။

သို့သော် သူမ၏ အကြည့်ရောက်ရာတွင် ပုရောဟိတ်မင်းမှာ သတိလစ်သွားပြီ။

ယခုအချိန်တွင် သူမကိုယ်တိုင်သာလျှင် တိုက်ခိုက်ရေးအင်အားအဖြစ် ကျန်ရှိတော့သည်။

သူမသည် တိုးတိုးလေး ကျိန်ဆဲလိုက်ရင်း အဝေးမှ ပုံရိပ်ကို လှမ်းကြည့်လိုက်ရာ မျက်လုံးများ ပြူးသွားသည်။

သူတို့ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ထိုလူသည် မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ရှိနေသည်။

သူ၏ ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲမရှိဘဲ ယခင် ဖိအားဒဏ်ကို လုံးဝ မခံရသကဲ့သို့ပင်။

လူတိုင်း တုန်လှုပ်နေစဉ်တွင် မြူမည်းထဲမှ လူသားက ထပ်မံ ပြောဆိုလိုက်သည်။

"ဒီလောက် အရည်အချင်းလေးနဲ့ ငါ့ရှေ့မှာ လာပြီး အရှက်ခွဲနေတာလား"

သူ မပြောမီမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ မြူမည်းများသည် ဘောလုံးကဲ့သို့ ကျုံ့ဝင်သွားရာမှ ပြန်လည်ပွင့်ထွက်လာပြီး မူလပုံစံသို့ ပြန်ရောက်သွား​၏။

ဝတ်ရုံကြီး မြေပြင်ပေါ်သို့ ရုတ်တရက် ကျသွားသည်ကို မြင်လိုက်ရချိန်တွင် ဆာလက်ဒ်ခေါင်းဆောင်သည် ဘာဖြစ်သွားသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

အမှန်စင်စစ် ထိုမြူမည်းများသည်သာ ထိုအရာ၏ စစ်မှန်သော ပုံစံဖြစ်နေခြင်းပင်။

သူမသည် ထိုအရာ၏ ပုံသဏ္ဌာန်ကြောင့် ထိတ်လန့် အံ့သြနေမိသော်လည်း၊ သူမ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို စုစည်းကာ တန်ပြန်တိုက်စစ်ဆင်ရန် ပြင်ဆင်နေဆဲ။

ထိုအချိန်တွင် သူမ၏ စိတ်ဝိညာဉ်ကို လေးလံသော တူကြီးဖြင့် အထုခံလိုက်ရသလို ခံစားလိုက်ရပြီး စုစည်းထားသော စွမ်းအားများနှင့် အတွေးများမှာ ချက်ချင်းပင် ပျက်ပြယ်သွားသည်။

သူမ၏ မျက်လုံးများမှာ ဝေဝါးသွားပြီး ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရင်လာကာ မကြာမီ လေထဲမှ ပြုတ်ကျတော့မည့် အနေအထားသို့ ရောက်ရှိသွား​၏။

"ငါပဲ မင်းကို လမ်းဆုံးအထိ ပို့ပေးလိုက်တော့မယ်"

မြူမည်းများသည် စုစည်းသွားပြီးနောက် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မျိုးနွယ်စုခေါင်းဆောင်၏ ဝမ်းဗိုက်ကို ဖောက်ထွက်သွားပြီး သွေးထွက်သံယို အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် ထိုလူသည် "ဟင်" ဟု အံ့သြသံလေး တစ်ချက် ထွက်ပေါ်လာသည်။

လွန်ခဲ့သော ခဏက သူသည် ပြိုင်ဘက်၏ နှလုံးသားကို ပစ်မှတ်ထားခဲ့သည်မှာ သေချာပါလျက်နှင့် အဘယ်ကြောင့် လွဲချော်သွားခဲ့ရသနည်း။

သူသည် စိတ်အပြောင်းအလဲဖြင့် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ထပ်မံ ပြုလုပ်လိုက်လေတော့သည်။

All Chapters