အကြီးအကဲနှင့် တာအိုကလေးငယ်တို့အကြား တိုက်ပွဲ ၃
Vol. 60 Ch. 596
ဤစကားကို ကြားသောအခါ စုဟုန်ရှို့က သူမ၏ နီရဲနေသောနှုတ်ခမ်းထောင့်ကို လျက်လိုက်ပြီးနောက်လှောင်ပြောင်လိုသော အမူအရာတစ်ခေတ္တထွက်ပေါ်လာ၏။ "အဲဒီစကားကို နင်ပြောခင်တုန်းကတော့၊ ဒီကိစ္စက နင်နဲ့ပတ်သက်မှုရှိမရှိ ငါတကယ် သေချာမသိခဲ့ဘူး။"
"မင်း" လျူရှင်းရှန်းက ရုတ်တရက် မော့ကြည့်လိုက်ပြီးနောက် အေးခဲသွားကာ၊ စုဟုန်ရှို့၏ အခြေအနေ မည်မျှဆိုးရွားနေသည်ကို ယခုမှပင် သတိပြုမိသွားသည်။
"ငါ့ရဲ့အလိုအလျောက်သိစိတ်က မှားခဲတယ်။" စုဟုန်ရှို့၏ အပြုံးက ပျောက်ကွယ်သွားပြီး သူမ၏ အသံမှာ အေးစက်သွား၏။
"ဘယ်လိုပဲဖြစ်ဖြစ် နင်ကအရမ်းသံသယဖြစ်စရာကောင်းတယ်လို့ ငါထင်တယ်။ ဒါကြောင့် ဘာစုံစမ်းမှုမှ မလုပ်နိုင်အောင် နင့်ကို အရင်ဆုံး ကိုယ်လက်အင်္ဂါချို့ယွင်းသွားအောင် လုပ်ပစ်တာက ဘယ်တော့မှမမှားတဲ့ လုပ်ရပ်ပဲ။"
"ငါ..." နောက်ဆုံးတွင် လျူရှင်းရှန်းက ခေါင်းငုံ့လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ရွှမ်ဖုန်းကိစ္စနဲ့ ပတ်သက်ပြီး ငါတကယ်ပဲ သဲလွန်စတချို့ကိုမြင်တွေ့ခဲ့ရပေမယ့် ထုတ်ပြောဖို့ အရမ်း တုန့်ဆိုင်းနေခဲ့တာပါ။"
သူ၏ စကားကြောင့် ကျန်ရှိနေသော အကြီးအကဲများမှာ ပြင်းပြင်းထန်ထန် အာရုံစိုက်လာကြ၏။
ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်ငှက် ကြောင့် ဖြစ်ပေါ်လာသော ကမောက်ကမဖြစ်မှုမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။
၎င်းသည် တောင်ပိုင်းနဂါးနန်းတော် နှင့် ကောင်းကင်ဓားဂိုဏ်းတို့အကြား တိုက်ရိုက်ပဋိပက္ခကို လှုံ့ဆော်ပေးရုံသာမက တာအိုကလေးငယ်၏ အသက်ကိုပါ နီးပါး ဆုံးရှုံးစေခဲ့သည်။
သို့သော် သူမ မကြားသကဲ့သို့ပင် စုဟုန်ရှို့က လှည့်ကာ ခပ်တည်တည်ဖြင့် "ငါက အဲဒီအကြောင်း ပြောနေတာမဟုတ်ဘူး" ဟု ပြောလိုက်သည်။
သူမ၏ စကားအဆုံးတွင် လျူရှင်းရှန်းမှာ ရုတ်တရက် သိသိသာသာ တောင့်တင်းသွား၏။
ကံကောင်းထောက်မစွာဖြင့် စုဟုန်ရှို့သည် ဆက်လက်မငြင်းပွားတော့ဘဲ ခပ်လှမ်းလှမ်းသို့ လျှောက်သွားရင်း စကားတစ်ခွန်းသာ ချန်ရစ်ခဲ့သည်။
"နင့်ရဲ့အကြည့်တွေကို အဲဒီဘက်ကို ထပ်ရောက်ခွင့်ပေးရဲရင်နောက်တစ်ကြိမ်ကျရင် ငါ့ရဲ့ တတိယမြောက်တာအိုလက်နက်ကို ပြမယ်၊ အသက်ရှင်ရင် တာအိုကလေးငယ် ဘွဲ့ကို နင်ယူလိုက်ပါ။"
“…”
ကျန်ရှိနေသော အကြီးအကဲများသည် လျူရှင်းရှန်းကိုကြည့်လိုက်ရာ သူ၏ ဦးညွှတ်မှုမှာ ပို၍ ရိုးသားပုံပေါ်နေသည်။
တစ်ခါတစ်ရံတွင် မိမိ၏ ဂိုဏ်းတူအဖွဲ့ဝင်များကို အားနည်းချက်တစ်ခုဖြင့် ချုပ်ကိုင်ထားခြင်းသည်လည်း ၎င်းတို့ကိုထိန်းချုပ်ရန် ထူးခြားသော နည်းလမ်းတစ်ခု ဖြစ်သည်။
ထိုအချိန်တွင် ဤနေရာ၌ရှိနေသူ အားလုံး၏ တာအိုချပ်ပြားများသည် တစ်ပြိုင်နက်နီးပါး လင်းလက်လာခဲ့သည်။
ကောင်းကင်မှ ပုံရိပ်ယောင်ပင်လျှင် ဂိုဏ်းအပြင်ဘက်သို့ ဖြည်းညင်းစွာ အကြည့်ပို့လိုက်၏။
"တောင်ပိုင်းနဂါးနန်းတော်က စုံစမ်းမေးမြန်းဖို့ တမန်တော်တစ်ဦး စေလွှတ်လိုက်ပြီ။"
"စတုတ္ထနဂါးမျိုးဆက်ဖြစ်တဲ့ ခယ်ရွှမ်အောင်းရဲ့ကွပ်ကဲမှုအောက်ရှိ ပဉ္စမမင်းသား ခယ်ရှစ်လျန့် အပါအဝင်၊ နတ်ဆိုးစစ်သူကြီး ခုနစ်ဦး၊ အဆင့်မြင့်တပ်ဖွဲ့ဝင် လေးရာကျော်နဲ့ ရေနေမျိုးနွယ်စုက အင်အားကြီးသူဆယ်ကျော်တို့ သတ်ဖြတ်ခံခဲ့ရပြီး မျိုးပြုတ်လုနီးပါး ဖြစ်ခဲ့ရတယ်။"
"ဒါက တောင်းပိုင်းဟုန်(နန်ဟုန်)ရဲ့သားတော်ခုနစ်ပါး နဲ့ တစ်ခုခု ပတ်သက်မှုရှိပါသလားလို့ မေးခွင့်ပြုပါ။"
တောင်ပိုင်းနဂါးနန်းတော်နှင့် နန်ဟုန်၏ သားတော်ခုနစ်ပါးတို့အကြား ဆက်ဆံရေးမှာ အပြန်အလှန် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ကန့်သတ်ချက်များအတွင်းတွင် ရှိနေပြီး သိမ်မွေ့လှသည်ဟု ဆိုရမည်။
ပဋိပက္ခများ ရှိခဲ့လျှင်ပင်၊ အခြေအနေ ပိုမိုဆိုးရွားမလာစေရန် ၎င်းတို့ကို သီးသန့် ဖြေရှင်းလေ့ရှိ၏။
ယခုကဲ့သို့ တရားဝင်နှင့် လူသိရှင်ကြား နည်းလမ်းမျိုးကို အသုံးပြုလာပါက၊ ၎င်းသည် ဖြေရှင်း၍မရနိုင်သော ကြီးမားသည့် ပြဿနာတစ်ရပ်ကို ကိုယ်စားပြုပေသည်။
သို့သော် တောင်ပိုင်းနဂါးနန်းတော်က အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသနည်း ဆိုသည်ကို လူတိုင်း နားလည်ခဲ့ကြ၏။
မှတ်တမ်းတွင် ဖော်ပြထားသော အမည်မှာ... လွန်ခဲ့သည့် ရက်အနည်းငယ်က ယွမ်ရှောင်စံအိမ်တွင် ပေါ်လာခဲ့ပြီး ဂိုဏ်း၏ တာအိုကလေးငယ်နှင့်ပင် ရင်ဆိုင်ခဲ့ရသည်။
"တောင်ပိုင်းနဂါးနန်းတော်က ရှင်းလင်းစေချင်တာက၊ ပဉ္စမမင်းသားနဲ့ စတုတ္ထနဂါးမျိုးဆက်တို့က မသေမျိုးဂိုဏ်းဆီကို ကိစ္စရပ်တွေကိုယဉ်ကျေးစွာ ဆွေးနွေးရန်လာရောက်ခြင်းဖြစ်ပြီး စော်ကားရန် ရည်ရွယ်ချက်မရှိပါကြောင်း ဖြစ်ပါတယ်။"
"ပြီးတော့ နောက်ပိုင်းမှာလည်း သဘောတူညီချက်တွေ ရခဲ့ပါတယ်။"
"ဒါဆို ယခု မသေမျိုးဂိုဏ်းက သင့်တင့်လျောက်ပတ်မှုအားလုံးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။"
တစ်ပြိုင်နက်တည်းမှာပင် မျက်လုံးအားလုံးက စုဟုန်ရှို့ထံသို့ စုုံဆင်းသွားကြ၏။
ရည်ရွယ်ချက် သို့မဟုတ် စွမ်းအားအရပဲဖြစ်ဖြစ်... ရေထဲတွင် နတ်ဆိုးသတ်ခြင်း၏ အန္တရာယ်အများဆုံးအပိုင်းမှာ သတ်ခြင်းမဟုတ်ဘဲ ရေထဲသို့ ဝင်ရောက်ခြင်းဖြစ်သောကြောင့် သူမတစ်ယောက်တည်းဆိုလျှင် လုံလောက်မည်မဟုတ်ပေ။
သို့သော် ထိုနေ့က အတူရှိနေခဲ့သော ဝေ့ယွမ်ကျိုး နှင့် ဘိုင်ဝူတို့ပါ ပါဝင်ခဲ့မည်ဆိုပါက ယုတ္တိတန်ပေမည်။
“…”
စုဟုန်ရှို့သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။
အခြားသူများ မမြင်နိုင်သော နေရာများတွင်၊
သူမ၏ မျက်လုံးများထဲ၌ ရှုပ်ထွေးမှုနှင့် အံ့သြမှု အရိပ်အယောင်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
အကြီးအကဲ ခယ်စစ် နှင့် ခယ်ရှစ်လျန့်တို့သည် ယွမ်ရှောင်စံအိမ်ကို ဝိုင်းရံရန် တပ်များကို ဦးဆောင်လာခဲ့ခြင်းမှာ သူတို့၏ အိမ်ကို အကုန်အစင်ရှင်းလင်းခံရဖို့အတွက်သာ ဖြစ်ခဲ့သည်လော။
ထို့အပြင် တောင်ပိုင်းနဂါးနန်းတော်သည် လူသတ်သမားများ၏ သဲလွန်စကိုပင် မရှာတွေ့နိုင်သောကြောင့် တောင်ပိုင်းဟုန်၏ သားတော်ခုနစ်ပါးကို အထူးတလည် လာရောက်မေးမြန်းရခြင်း ဖြစ်သည်။
တောင်ပိုင်းဟုန် နယ်မြေတစ်ခုလုံးကို ရေတွက်ကြည့်လျှင်ပင်။
ထိုကဲ့သို့သော စွမ်းရည်မျိုး ပိုင်ဆိုင်သူ များစွာမရှိပေ။
အခြားသူများကို ထားလိုက်ပါ၊ စုဟုန်ရှို့ ကိုယ်တိုင်ပင်လျှင် သူမ တာဝန်ရှိနိုင်ခြေ များသည်ဟု ခံစားခဲ့ရ၏။
"မင်းလား" ဟု ကောင်းကင်မှ ပုံရိပ်ယောင်က သူမထံသို့ အကြည့်ပို့ကာ မေးလိုက်၏။
စုဟုန်ရှို့က ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး" ဟု ပြန်ဖြေသည်။
သူမ၏ စကားမဆုံးမီမှာပင် အခြားသူများမှာ တွေဝေသွားကြ၏။ ကောင်းကင်ဓားတာအိုကလေးငယ်တစ်ဦး၏ ဂုဏ်သိက္ခာအရ၊ ကိုယ့်နယ်မြေတွင် လုပ်ရဲလျှင် ဘာကြောင့် ဝန်မခံရဲဘဲ နေမည်နည်း။
ခွန်အားနှင့် ပတ်သက်လျှင်လည်း ဘာမျှ ဆက်ငြင်းစရာ ရှိပုံမပေါ်ပေ။
ရည်ရွယ်ချက်အရဆိုလျှင်... တာအိုကလေးငယ် သုံးဦးမှလွဲ၍ ယွမ်ရှောင်စံအိမ် ဖြစ်ရပ်ကြောင့် ဒေါသထွက်ပြီး ဒေါသဖြေရန်အတွက် ရေနေမျိုးနွယ်စုမှ များစွာသောသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်မည့်သူ မည်သူရှိမည်နည်း။
ထို့အပြင် လက်တုံ့ပြန်မှုမှာ အလွန်ပြင်းထန်မြန်ဆန်ပြီး လုံးဝ ရက်စက်ကြမ်းကြုတ်လှ၏။
၎င်းမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပေ။
ရုတ်တရက် တစ်စုံတစ်ယောက်က ခေါင်းမော့လာပြီးနောက် အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လာကြသည်။
ယွမ်ရှောင်စံအိမ် ကိစ္စတွင် မည်သူက ၎င်းတို့၏ ဂုဏ်သိက္ခာကို အမှန်တကယ်ပြန်လည်ရယူရန် လိုအပ်နေသနည်းဆိုသည်ကို သူတို့ လျစ်လျူရှုထားခဲ့ပုံရသည်။
အဓိကအားဖြင့် ထိုနေရာ၏ အရေးပါမှုမှာ သိပ်မထင်ရှားသောကြောင့်ဖြစ်ပြီး၊ အခြားသူများ၏ အမြင်တွင် မသေမျိုးဂိုဏ်း၏ အာဏာကို စိန်မခေါ်သင့်ဟူသော စကားစုနှင့်ပင် မကိုက်ညီသောကြောင့် ဖြစ်သည်။
နန်ယန်ဂိုဏ်း
စုဟုန်ရှို့လည်း ဤအရာကို တွေးမိပုံရပြီး၊ ဂိုဏ်းအပြင်ဘက်သို့ တိတ်ဆိတ်စွာ အကြည့်ပို့လိုက်၏။
တစ်ချိန်တည်းမှာပင် ချင်းယွဲ့ဂိုဏ်း မှ ဘိုင်ဝူ နှင့် လင်းယွင်ဂိုဏ်း မှ ဝေ့ယွမ်ကျိုး တို့ကလည်း တူညီသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
ဤသုံးဦးသည် နန်ယန်ဂိုဏ်းနှင့် အရင်နီးဆုံး တာအိုကလေးငယ်များ ဖြစ်ကြသည်။
အကယ်၍ နန်ယန်ဂိုဏ်းက အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက... ၎င်းမှာ ရှန်းယီဖြစ်ရန် အလွန်ပင် ဖြစ်နိုင်ချေရှိသည်။
"တကယ်ကြီးလား။"
စုဟုန်ရှို့က မျက်ခုံးတစ်ဖက်ကို ပင့်ကာ မယုံနိုင်သလို မေးလိုက်၏။
သူမသည် လူငယ်ဂိုဏ်းချုပ်အပေါ် အမှန်တကယ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိပြီး သူမညီမ၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိသော်လည်း၊ သူမပင်လျှင် ခက်ခဲလှသည်ဟု ယူဆရသော တာဝန်များကို ရှန်းယီ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူမယုံကြည်သည်ဟု မဆိုလိုပေ။
အဆင့်မြင့် စစ်သည် လေးရာကျော်၊ ကျောက်စိမ်းဖြူမြို့တော်မှနတ်ဆိုးစစ်သူကြီး ခုနစ်ဦးအပြင် ရေနေမျိုးနွယ်စုမှ အင်အားကြီးသူ အများအပြား။
အကယ်၍ ၎င်းတို့အားလုံး ဝက်များအဖြစ်သို့ ပြောင်းလဲသွားမည်ဆိုလျှင်ပင် အနည်းငယ်တော့ လွတ်မြောက်သွားနိုင်သေး၏။
အားလုံး အသတ်ခံလိုက်ရတာလား။
"ဟာသတွေပြောနေတာလား၊ တကယ်လို့ သူ့မှာသာ အဲဒီလောက်စွမ်းရည်ရှိရင် ခယ်ရှစ်လျန့်က သူ့ရဲ့ ယွမ်ရှောင်စံအိမ်ကို ပိတ်ဆို့ရဲပါ့မလား။"
ချင်းယွဲ့ဂိုဏ်းမှ ဘိုင်ဝူက ခေါင်းခါလျက် ထိုကဲ့သို့ လက်တွေ့မကျသော အကြံအစည်ကို ပယ်ချလိုက်၏။
“…”
ဝေ့ယွမ်ကျိုးမှာမူ စကားမပြောခဲ့ပေ။
သူသည် တာအိုကလေးငယ်အားလုံးထဲတွင် ရှန်းယီနှင့် ပထမဆုံး အဆက်အသွယ်ရှိသူ ဖြစ်သည်။
တစ်ဖက်လူ ပြသခဲ့သော စွမ်းအားမှာ အကြိမ်တိုင်း သိသိသာသာ ပြောင်းလဲနေခဲ့၏။
ရှန်းယီကို လူကိုယ်တိုင် မတွေ့ရဘဲနှင့် ဝေ့ယွမ်ကျိုးသည် အလျင်စလို ကောက်ချက်ချမည် မဟုတ်ပေ။
သေချာသည်မှာ အလွယ်ကူဆုံးနည်းလမ်း တစ်ခုရှိပြီး၊ ၎င်းမှာ ဂိုဏ်းချုပ်ရှန်း ဂိုဏ်းတွင် ရှိ၊ မရှိကို ကြည့်ရန်ဖြစ်သည်။
သားတော်ခုနစ်ပါး မဟာညီလာခံ နီးကပ်လာပြီဖြစ်သောကြောင့်၊ အလွန်အရေးကြီးသော ကိစ္စမရှိပါက သူ ထွက်သွားမည်မဟုတ်သည်မှာ အလွန်သေချာသလောက်ပင်။
တစ်ချိန်တည်းမှာပင် နန်ယန်ဂိုဏ်းအတွင်း၌
လီချင်းဖုန်းသည် လာမည့် မဟာညီလာခံအတွက် အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန် ဂိုဏ်းခုနစ်ဂိုဏ်းမှ အထောက်တော်များကို ဧည့်ခံနေသည်။
သို့သော် အဖွဲ့၏ ခါးရှိ ကျောက်စိမ်းပြားများ အဆက်မပြတ် လင်းလက်နေသည်ကို သူ သတိပြုမိလိုက်၏။
နောက်တစ်ခဏတွင် သူတို့အားလုံး အတူတကွ မော့ကြည့်လိုက်ကြပြီး တိတ်ဆိတ်မှုအတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က တိုးညှင်းစွာ မေးလိုက်၏။ "ဂိုဏ်းချုပ်ရှန်း အဆင်သင့်ဖြစ်ပြီလား။"
“…”
လီချင်းဖုန်း တစ်ခဏရပ်သွားပြီးနောက် အားတင်းပြုံးပြလိုက်သည်။ "သေချာတာပေါ့၊ သူ အဆင်သင့်ဖြစ်နေပါပြီ။"
ထိုလူက သတိထား၍ လည်ချောင်းရှင်းလိုက်သည်။ "ဒါဆို ဂိုဏ်းချုပ်ရှန်း အခု ဘယ်မှာလဲ။"
"ဒါက... ဒါက..."
လီချင်းဖုန်း၏ အပြုံးမှာ ပို၍ပင် တင်းမာလာ၏။
သူ ဘယ်မှာလဲ။ သူ နည်းနည်းလေးတောင် အရိပ်အမြွက် မသိပါလား။
နန်ယန်ဂိုဏ်း တစ်ခုလုံးတွင် ဂိုဏ်းချုပ်ရှန်းကို မည်သူက မျက်ခြည်မပြတ် စောင့်ကြည့်နိုင်မည်နည်း။
သို့သော် သေချာသောအရာ တစ်ခုတော့ ရှိသည်။
သူသည် နန်ယန်ဂိုဏ်းထဲတွင် လုံးဝ မရှိတော့ပါချေ။