← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း ၂၈၁ - ငါတို့ အရူးလုပ်ခံလိုက်ရတာလား

အေးစက်သော လေပြင်းတစ်ခုသည် ဝှေ့ယမ်းတိုက်ခတ်လာပြီး ကောင်းကင်ယံတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ​၏။

ကောင်းကင်မြင့်တွင် မြူမည်းများ ဖုံးလွှမ်းနေသော်လည်း ဤအခိုက်အတန့်တွင် ထိုလေပြင်း၏ သက်ရောက်မှုကို အပြည့်အဝ ခံလိုက်ရသည်။

အောက်ခြေမှ ဆီးနှင်းဖြူများ တရိပ်ရိပ် တက်လာပြီး မြူမည်းအချို့မှာ မိုးသီးများအဖြစ် ခဲသွားကာ မြေပြင်ပေါ်သို့ တဖြဖြကြွေကျကုန်သည်။

တိမ်တိုက်များနှင့် မြူခိုးများသည် အတွင်းပိုင်းမှ အေးစက်မှုကို ရှောင်ရှားရန်အတွက် လှည့်ပတ်စုစည်းနေကြ​၏။

ရုတ်တရက် သဲကန္တာရအတွင်းရှိ ဝါကျင်ကျင်သဲများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ မြေပြင်မှ ပန်းထွက်လာသည်။

၎င်းတို့သည် ချက်ချင်းဆိုသလိုပင် ဧရာမ သဲကျောက်ဓားကြီးတစ်စင်းအဖြစ် ပေါင်းစည်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားပြီး ဝါကျင်ကျင် လျှပ်စီးတန်းငယ်လေးများကို လှုံ့ဆော်ပေးလိုက်ရာ ထိုအခိုက်အတန့်တွင် အာကာသဟင်းလင်းပြင်ပင် အက်ကွဲကြောင်းများ ပေါ်လာသည်။

ထိုသဲကျောက်ဓားသည် အပေါ်သို့ ထိုးတက်သွားပြီး လင်ချွမ်ဖန်တီးထားသော နှင်းခဲဓားကို ရိုက်ခတ်လိုက်​၏။

"ဂျောက်"

အက်ကွဲသံတစ်ခု ချက်ချင်းထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ပေါက်ကွဲသွားသည်။

နှင်းခဲဓားသည် အလယ်မှ ချက်ချင်းကျိုးပြတ်သွားပြီး ရုတ်တရက်ပေါ်လာသော သဲကျောက်ဓား၏ ပိုင်းဖြတ်မှုကို ခံလိုက်ရသည်။

ကျန်ရှိနေသော ဓားသွားနှင့် တိုက်ခိုက်မှုသည် ကောင်းကင်ယံသို့ ဆက်လက်ထိုးတက်သွားလေ​၏။

၎င်းကိုမြင်လျှင် လင်ချွမ်သည် တစ်ဖက်လူက မိမိတည်နေရာကို သိသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

သူသည် တည်ငြိမ်စွာဖြင့် လက်ကိုဆန့်ထုတ်လိုက်ပြီး မိမိ၏ အတွင်းအားများကို လေထုထဲတွင် ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် စုစည်းကာ ဓားဦးကို ဖမ်းဆုပ်လိုက်သည်။

တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်နှင့် သဲကျောက်ဓားသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။

သို့သော်လည်း လင်ချွမ်​၏ တည်နေရာမှာ အပြည့်အဝ ပေါ်ထွက်သွားခဲ့ပြီ။

"မင်း ပုန်းနေတာ အဲဒီမှာကိုး"

မြူမည်းများထဲမှ ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာပြီးနောက် ၎င်းတို့သည် ပြန်လည်စုစည်းကာ လူသားပုံသဏ္ဌာန် ပြောင်းလဲသွားသည်။

လေထဲတွင် ခြေတစ်ချက်ဆောင့်ကာ မြူမည်းဝတ်စုံနှင့် လူသည် ကောင်းကင်ယံသို့ ပျံတက်သွား​၏။

သူ၏ လက်ဖဝါးထဲတွင် မြူမည်းများ စုစည်းလာပြီး ထူးဆန်းသော ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် အတွင်း၌ အနက်ရောင် အလင်းတန်းများစွာ စုစည်းသွားသည်။

"ဘုန်း"

ဝါကျင်ကျင် လျှပ်စီးများ ရောယှက်နေသော အနက်ရောင် အလင်းတန်းတစ်ခုသည် တိမ်တိုက်များကို ဖောက်ထွက်ကာ လင်ချွမ်​၏ ပုံရိပ်ကို ရိုက်ခတ်လိုက်သည်။

လင်ချွမ်​၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။

"ကိုယ်ပွားလား၊ မဟုတ်ဘူး"

"ဒါက ရိပ်ကနဲ ဖြစ်သွားတဲ့ ပုံရိပ်ယောင်ပဲ"

မြူမည်းလူသားသည် ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။

လင်ချွမ်သည် မိမိမျက်စိအောက်တွင် ဤမျှမြန်သော အရှိန်ဖြင့် မည်သို့ရွှေ့လျားသွားသည်ကို သူနားမလည်သော်လည်း သူ၏ အကြားအမြင်က သတိပေးနေသည်။

သူသည် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လက်ဝါးနှစ်ဖက်လုံးကို ထိုးထုတ်လိုက်ရာ ကောင်းကင်ယံတွင် မြူမည်းဒိုင်းကြီးတစ်ခု ဖြစ်ပေါ်လာ​၏။

ထိုအခိုက်အတန့်တွင် လင်ချွမ် ပေါ်လာပြီး ပြင်းထန်သော ဝူတန်လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။

ဖော်ပြ၍မရသော အရှိန်အဝါများ ရောယှက်နေသည့် ထိုကြောက်မက်ဖွယ် စွမ်းအားသည် ဟိန်းဟောက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်မှ ကျဆင်းလာ​၏။

အနက်ရောင်ဒိုင်းသည် စက္ကူကဲ့သို့ပင် တစ်စက္ကန့်မျှပင် မခံဘဲ ကွဲအက်ပျက်စီးသွားသည်။

မြူမည်းလူသားသည် ဝါရင့် 'သိုင်းဘုရင်အဆင့်' တစ်ဦးဖြစ်သည့်အတိုင်း အကျပ်အတည်းအချိန်တွင် ခန္ဓာကိုယ်ကို မြူမည်းအဖြစ် တစ်ဖန်ပြောင်းလဲလိုက်ပြီး ပြင်းထန်သော စွမ်းအားကို သူ၏ ရင်ဘတ်မှ ဖြတ်စီးသွားစေခဲ့သည်။

လက်သီး၏ စွမ်းအားက ခန္ဓာကိုယ်ကို အပြည့်အဝ ဖြတ်သန်းသွားပြီးနောက် သူသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာ​၏။

တစ်ချိန်တည်းမှာပင် သူ၏ ညာလက်ကို လေထဲတွင် ရုတ်တရက် လိမ်လှည့်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများသည် သန်းပေါင်းများစွာသော မြှားများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်ဖြင့် အပြင်သို့ ပန်းထွက်လာသည်။

ထိုအခါမှသာ မြူမည်းလူသားသည် အောင်နိုင်သူ၏ အပြုံးကို ပြုံးလိုက်တော့သည်။

"မင်း အကွက်ထဲ ဆင်းလာပြီပဲ"

"ဟားဟားဟား"

ထိန်းချုပ်မရသော ရယ်မောသံများသည် ကောင်းကင်ယံ တစ်လွှား ပဲ့တင်ထပ်သွားပြီး မြူမည်းလူသားသည် သူ၏ ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် အသုံးချကာ တိုက်ခိုက်တော့သည်။

၎င်းတို့သည် ဤအခွင့်အရေးကို အရယူကာ လင်ချွမ်ကို ထိုနေရာမှာပင် အသေသတ်ရန် ဆုံးဖြတ်ထားကြ​၏။

မြူမည်းလူသားသည် သူ 'မုန်တိုင်းရာသီ' ဟု အမည်ပေးထားသော ဤကွက်ကို အလွန်ယုံကြည်မှု ရှိနေသည်။

သူကိုယ်တိုင်ပင် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်သွားလိမ့်မည်။

လင်ချွမ်သည် အစွမ်းထက်ပြီး တိုက်ပွဲအတွေ့အကြုံ များသော်လည်း ဤတိုက်ခိုက်မှုကို ကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ခုခံမှုတစ်ခုကို အလျင်အမြန် တည်ဆောက်လျှင်ပင် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အခြေအနေကို လှည့်ပြန်နိုင်ရန် လုံးဝ အခွင့်အရေး မရှိပေ။

အဝေးတစ်နေရာတွင် ပုရောဟိတ်ကြီးသည် ဖြည်းညှင်းစွာ နိုးလာသည်။

သူနှင့် ဒဏ်ရာမှ အတန်ငယ် သက်သာလာသော မျိုးနွယ်စုခေါင်းဆောင်တို့သည် ကောင်းကင်ကို မော့ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားသည်။

ရာမာလ်၏ ပြောကြားချက်အရ ရောက်ရှိလာသော အစွမ်းထက်ပုဂ္ဂိုလ်သည် အနည်းဆုံး 'သိုင်းဘုရင်' သို့မဟုတ် 'သိုင်းအရှင်သခင်' အဆင့်အထိ ရှိနိုင်သည်။

သို့သော်လည်း သိုင်းဘုရင်အဆင့်၏ ကြီးမားသော စွမ်းအားကို သိရှိထားကြသဖြင့် လင်ချွမ်သည် ဤဒဏ်ကို တောင့်ခံနိုင်ပါ့မလားဟု သူတို့ သံသယဝင်နေကြ​၏။

ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်သည် အကြည့်ကို လွှဲလိုက်ပြီး အောက်ဘက် စစ်မြေပြင်သို့ အပြေးသွားရန် ပြင်လိုက်သည်။

လင်ချွမ်ဘက်က ရှုံးရန် သေချာနေသော်လည်း သိုင်းဘုရင်အဆင့် ပညာရှင်တစ်ဦးသည် လွယ်လွယ်နှင့် မသေနိုင်ဟု သူမ တွေးမိသည်။

တစ်ဖက်လူက အချိန်ဆွဲနေတုန်းမှာ သူမအနေနဲ့ မိမိမျိုးနွယ်စုက ပညာရှင်တွေကို ကယ်တင်နိုင်လျှင် လူအားလုံး၏ ခွန်အားကို စုစည်းပြီး ရန်သူကို ဆုတ်ခွာသွားအောင် လုပ်နိုင်လိမ့်မည်။

သူမ စတင်လှုပ်ရှားတော့မည့် အချိန်မှာပင် အောက်ဘက်စစ်မြေပြင်၏ အခြေအနေကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျသွားရ​၏။

အောက်ဘက် စစ်မြေပြင်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးနေသော်လည်း မိမိတို့မျိုးနွယ်စု ရှုံးနိမ့်နေမည့်အစား အပြတ်အသတ် အနိုင်ရနေသည်ကို တွေ့လိုက်ရသည်။

မျိုးနွယ်စုခေါင်းဆောင်ပင် ခဏမျှ ကြောင်အသွားပြီး အခြေအနေကို နားမလည်နိုင် ဖြစ်နေသည်။

သို့သော်လည်း သူမသည် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတိုင်း သူမ၏ နယ်ပယ်စွမ်းအားကို အသုံးပြု၍ ထူးဆန်းသော အရှိန်အဝါတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

လူတစ်ယောက်သည် အလွန်မြန်သော အရှိန်ဖြင့် လှုပ်ရှားနေပြီး သူ၏ ဓားစွမ်းအားများသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေ​၏။

ဓားအလင်းတစ်ချက် လက်သွားတိုင်း ရန်သူတစ်ဦး၏ အသက်ကို နှုတ်ယူသွားသည်။

အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် တတိယအဆင့် ပညာရှင်နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်။

"အဲဒီလူက..."

ခေါင်းဆောင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရာမီလ်ကို လှည့်ကြည့်လိုက်သည်။

"သူက ဟိုအစွမ်းထက် ပုဂ္ဂိုလ်ရဲ့ အဖော်ပဲ၊ သူလည်း ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်ဖြစ်ပြီး 'ဓားနတ်ဘုရား' လို့ လူသိများတယ်"

မျိုးနွယ်စုခေါင်းဆောင်သည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအစွမ်းထက် ပုဂ္ဂိုလ်နှစ်ယောက်ကြောင့် အနည်းဆုံးတော့ သူမတို့တစ်မျိုးနွယ်လုံး ပျက်သုဉ်းတော့မည် မဟုတ်ပေ။

ထိုအတွေးဖြင့် လင်ချွမ်ကို ကူညီရန် ထွက်ခွာတော့မည့် အချိန်တွင် ဘေးမှ အသံတစ်ခု ကြားလိုက်ရသည်။

"မသွားဖို့ ငါအကြံပေးချင်တယ်"

"အဲဒီအဆင့်က တိုက်ပွဲတွေမှာ ငါတို့ ဝင်ပါနိုင်စွမ်း မရှိဘူး"

မျိုးနွယ်စုခေါင်းဆောင်သည် မျက်မှောင်ကြုတ်ကာ မည်သည့်အချိန်တွင် ရောက်လာမှန်းမသိသော 'ဓားနတ်ဘုရား' ကို သတိကြီးစွာဖြင့် ကြည့်လိုက်​၏။

ထို့နောက် စိတ်ကိုလျှော့ကာ ဘေးက ရာမာလ်ကို ဘာသာပြန်ပေးရန် စောင့်နေလိုက်သည်။

ထိုအခိုက်အတန့်မှာပင် ကောင်းကင်ယံ တိုက်ပွဲသည် မမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခု ဖြစ်သွားသည်။

စီးဆင်းနေသော ရေလှိုင်းသံကဲ့သို့ အသံတစ်ခု ကြားလိုက်ရပြီး ပြင်းထန်သော လေဖိအားများ ပေါ်ထွက်လာကာ လေပြင်းနှင့် မိုးစက်များ တိုက်ခိုက်မှုသည် ရုတ်တရက် ရပ်တန့်သွား​၏။

မြူမည်းလူသား၏ ရယ်မောသံမှာလည်း ရုတ်ချင်း ပြတ်တောက်သွားသည်။

သူ မြင်လိုက်ရသည်မှာ ဝိညာဉ်မြှားများအားလုံး တန့်သွားပြီး ဧရာမ ဝဲကတော့ကြီးတစ်ခုအတွင်းသို့ ရောနှောသွားခြင်းပင်။

များပြားလှသော ဝိညာဉ်စွမ်းအားများသည် ချေမှုန်းခံလိုက်ရပြီး ဝါးမျိုခံလိုက်ရသဖြင့် ပြင်းထန်သော တုံ့ပြန်မှုကို ခံလိုက်ရသည်။

သံမဏိများ ကျိုးပဲ့သွားသကဲ့သို့ အသံများသည် မြူမည်းလူသား၏ စိတ်ထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။

သူ၏ နဖူးမှ အကြောများ ထောင်ထွက်လာပြီး မျက်လုံးများ သွေးတိုးလာ​၏။

မြူမည်းအဖြစ် ပြောင်းလဲထားလျှင်ပင် သူ၏ ခန္ဓာကိုယ် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ပေ။

သိုင်းဘုရင်အဆင့် ပညာရှင်တစ်ဦးတွင် များပြားလှသော ဝိညာဉ်စွမ်းအားများ ရှိမနေပါက သူသည် စိတ်ဖောက်ပြန်ပြီး ရူးသွားလောက်ပြီဖြစ်သည်။

အခန်း ၂၈၂ - သွေးလွတ်မြောက်ခြင်း

သိုင်းဘုရင်အဆင့်မှာပင် တိုက်ခိုက်မှုပုံစံများသည် အကန့်အသတ်ရှိလှသည်။

ခြုံငုံကြည့်လျှင် အမျိုးအစား သုံးမျိုးသာ ရှိ၏။

ပထမတစ်မျိုးမှာ လက်သီး သို့မဟုတ် လက်ဝါးရိုက်ချက်ကဲ့သို့ ရိုးရှင်းသော ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာ အတွင်းအားကို အသွင်ပြောင်းထုတ်ဖော်ခြင်းဖြစ်ကာ၊ တတိယတစ်မျိုးမှာ ဝိညာဉ်ရေးရာ တိုက်ခိုက်မှု ဖြစ်သည်။

တတိယအမျိုးအစားမှလွဲ၍ ကျန်နှစ်မျိုးမှာ အသုံးအများဆုံး တိုက်ခိုက်ရေးနည်းလမ်းများဖြစ်ကြသော်လည်း ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက အတွေ့ရအများဆုံးပင်။

လင်ချွမ်​၏ ကျွမ်းကျင်လှသော ဓားအရှိန်အဝါနှင့် လက်ဝါးသိုင်းကွက်များမှာလည်း ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနယ်ပယ်ထဲတွင်သာ ရှိ​၏။

အကယ်၍ ပြိုင်ဘက်ကို ထိမှန်အောင် တိုက်ခိုက်နိုင်လျှင်ပင် ထိခိုက်မှုမပေးနိုင်ဘဲ ပြိုင်ဘက်က ပြန်လည်အသုံးချသွားနိုင်သဖြင့် တိုက်ပွဲမှာ ပို၍ခက်ခဲသွားနိုင်သည်။

ဤရှုထောင့်မှကြည့်လျှင် ယခင်က နတ်ဘုရားအကြွင်းအကျန်နယ်မြေ တွင် တွေ့ခဲ့ရသော အနက်ရောင်ချီစွမ်းအင်မှာပင် အထူးအဆန်းမဟုတ်တော့ဘဲ ယခုပြိုင်ဘက်လောက် ဒုက္ခမပေးနိုင်ချေ။

ထို့ကြောင့်ပင် အနက်ရောင်မြူခိုးအဖြစ် အသွင်ပြောင်းနိုင်သော ဤရန်သူနှင့် ရင်ဆိုင်ရစဉ် လင်ချွမ် အတော်ပင် ရုန်းကန်ခဲ့ရသည်။

သို့သော် ယခုမူ သူ အခွင့်အရေးရပြီ။

လင်ချွမ်​၏ စွမ်းအင်ဝဲဂယက်ကို ထုတ်လွှတ်လိုက်ရာ အနက်ရောင်မြူခိုးလူသား၏ တိုက်ပွဲစည်းချက် ချက်ချင်းပျက်သွားသည်။

ပြိုင်ဘက်၏ ဝိညာဉ်စွမ်းအားများ ချေမှုန်းခံရပြီး နောက်ပြန်ရိုက်ခတ်မှုဖြစ်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ လင်ချွမ်သည် မိုင်ပေါင်းများစွာ အစအနမကျန် ပျောက်ကွယ်သွားနိုင်သည့် သိုင်းကွက်ဖြင့် မြူခိုးများ၏ အောက်ခြေသို့ ရောက်ရှိသွား​၏။

ရေခဲကျောက်ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ရာ ဆီးနှင်းနှင့် ရေခဲများ ရောယှက်နေသော ကြောက်မက်ဖွယ် လေပြင်းများက ထိုဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မမျှော်လင့်ဘဲ တိုက်ခိုက်ခံရသဖြင့် အနက်ရောင်မြူခိုးများ၏ ထက်ဝက်နီးပါးမှာ ပြိုကွဲပျက်စီးသွားပြီး ရေခဲစိုင်များအဖြစ် အေးခဲကာ သဲကန္တာရထဲသို့ လွင့်စင်ကျလာတော့​၏။

"အားးးး"

မြူမည်းလူသားမှာ အသံကုန် အော်ဟစ်လိုက်ရသည်။

သူ၏ပညာမှာ ထူးခြားဆန်းပြားလှပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို မြူခိုးအဖြစ် ပြောင်းလဲကာ တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းနိုင်သည်။

ထိုကဲ့သို့ အံ့ဖွယ်စွမ်းရည်မျိုးကို နတ်ဘုရားများ၏ ဖန်တီးမှုဟုပင် တင်စားနိုင်​၏။

သို့သော် အသုံးပြုရလွယ်ကူသလောက် ဘေးထွက်ဆိုးကျိုးများလည်း ရှိနေသည်။

အကယ်၍ အနက်ရောင်မြူခိုးများ ကွဲလွင့်သွားပြီး သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပါက ၎င်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ တခြားစီဖြစ်သွားခြင်းနှင့် အတူတူပင်။

ယခုမူ မြူခိုးထက်ဝက်ခန့်မှာ ရေခဲစိုင်များအဖြစ် အေးခဲသွားပြီဖြစ်ရာ သူ၏ခန္ဓာကိုယ်မှာ ပြိုလဲရန် အလွန်နီးကပ်နေပြီ။

အကယ်၍ ဤအတိုင်း ဆက်တိုက်နေပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိကာ ကျင့်စဉ်အဆင့်များ ကျဆင်းသွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် အနက်ရောင်မြူခိုးလူသားသည် လင်ချွမ်ကို အထင်သေးမိခဲ့သည်ကို နားလည်သွားသည်။

သို့သော် ဘဝတွင် နောက်ပြန်လှည့်၍ မရတော့ဘဲ နောက်ထပ် ထိခိုက်မှုများမရှိစေရန် အနည်းဆုံးဖြစ်အောင်သာ ကြိုးစားနိုင်တော့သည်။

သူ၏ပုံရိပ်မှာ အမြန်ဆုတ်ခွာနေစဉ် အနက်ရောင်မြူခိုးထဲမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာ​၏။

သူသည် သူ၏ဆုတ်ခွာမှုကို ကာကွယ်ပေးရန် မျိုးနွယ်စုအတွင်းရှိ အထူးနည်းလမ်းဖြင့် သူ၏လူများကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။

သို့သော် မည်သည့်တုံ့ပြန်မှုမျှ ပြန်မရခဲ့ပေ။

အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများမှာ ဒေါသတကြီး ပြူးကျယ်သွားရသည်။

အောက်ဘက်ရှိ ပန့်ခ်မျိုးနွယ်စုမှ ပညာရှင်အများအပြားမှာ အနည်းငယ်သာ ကျန်တော့​၏။

ထိပ်တန်းပညာရှင် အနည်းငယ်သာ အသက်ဘေးမှ သီသီလေးလွတ်မြောက်ကာ တဖြည်းဖြည်း ဆုတ်ခွာနေကြရသည်။

သူ့ကို ကူညီရန်နေနေသာသာ သူတို့ကိုယ်တိုင် အသက်ရှင်ဖို့ပင် မသေချာသည့် အခြေအနေ။

"ဘယ်လိုဖြစ်လို့လဲ"

ဤသည်ကို သိလိုက်ရသောအခါ မြူမည်းမှာ ပို၍ပင် ထိတ်လန့်သွားသည်။

လင်ချွမ်သည် သူနှင့်တိုက်ခိုက်နေရင်းမှပင် သူ၏မျိုးနွယ်စုဝင်များကို သုတ်သင်ရန် ခွန်အားပိုနေသေးသည်ကို သူ လုံးဝမယုံနိုင်အောင် ဖြစ်နေရသည်။

ထိုအချိန်တွင် သူ၏မျက်လုံးထောင့်မှ အောက်ဘက်သို့ ဝေ့ကြည့်လိုက်ရာ အခြားသူများနှင့်မတူသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုလူမှာ ဝတ်ရုံပွကြီးကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ပိတ်စများဖြင့် ပတ်ထားသော ဓားကြီးတစ်လက်ကို လွယ်ထားသည်။

သူသည် မည်သည့်အရှိန်အဝါမျှ ထုတ်မပြဘဲ ငြိမ်သက်စွာ ရပ်နေ၏။

သို့သော် သူ၏မြင့်မားသော ကျင့်စဉ်အဆင့်နှင့် အတွေ့အကြုံများအရ မြူမည်းမှာ ထိုသူ၏ ကြောက်မက်ဖွယ် ခွန်အားကို ခန့်မှန်းမိလိုက်​၏

"နောက်ထပ် ထိပ်တန်းပညာရှင်တစ်ယောက်လား"

"ဒီလူတွေ ဘယ်ကနေ ရောက်လာတာလဲ"

ထိုအခါမှ လင်ချွမ်နှင့် အခြားတစ်ယောက်၏ မျက်နှာကို သေချာကြည့်ပြီး သူသတိမထားမိခဲ့သည့် ပြဿနာကို သတိပြုမိသွားသည်။

ထိုနှစ်ယောက်မှာ ဤသဲကန္တာရမှလူများ မဟုတ်ပေ။

အသားအရောင်နှင့် ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် သူတို့မှာ အလှမ်းဝေးလှသော အရှေ့ဘက်အရပ်မှ ဖြစ်နိုင်ခြေရှိသည်။

"ခွေးမသားတွေ၊ ဒါကို သူတို့ ဘယ်လိုလုပ်လိုက်တာလဲ"

သူ စဉ်းစားနေတုန်းမှာပင် အနက်ရောင်မြူခိုးလူသား၏ နောက်ကျောဘက်မှ နောက်ထပ် လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။

သူသည် ချက်ချင်းပင် မြူခိုးအဖြစ် ပြန်ပြောင်းလိုက်သော်လည်း လူတစ်ယောက်က သူ၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့​၏။

သန်မာသော ခန္ဓာကိုယ်၊ ထက်မြက်သော ချပ်ဝတ်တန်ဆာနှင့် လင်ချွမ်တို့၊ ဓားနတ်ဘုရား တို့နှင့် လုံးဝမတူသော အရှိန်အဝါကို မြင်လိုက်ရသည့်အခါ အနက်ရောင်မြူခိုးလူသားမှာ ဆွံ့အသွားရသည်။

နောက်ထပ် သိုင်းဘုရင် တစ်ယောက်။

ထို့ပြင် ဤအစွမ်းထက်သူ၏ တိုက်ခိုက်မှုမှာ အခြားသူများနှင့် လုံးဝမတူဘဲ ကိုယ်တိုင်ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်။

အကယ်၍ သူသာ ခန္ဓာကိုယ်ကို မြူခိုးအဖြစ် မပြောင်းနိုင်ပါက ဤတစ်ချက်တည်းနှင့်ပင် သေလုနီးပါး ဒဏ်ရာရသွားပေလိမ့်မည်။

"ဒီလိုလူတွေ ဘယ်ကနေ ပေါ်လာတာလဲ"

"သူတို့ကို ကူညီပေးဖို့ ဘယ်လောက်တောင် ပေးလိုက်ရလို့လဲ"

"ဒါဟာ တကယ်ကို ဖြုန်းတီးလွန်းတာပဲ"

မြူမည်းလူသားသည် သက်ပြင်းချရင်း နောက်ထပ် မဆိုင်းမတွတော့ဘဲ ရုတ်တရက် ရပ်တန့်လိုက်ရာ သူ၏မြူခိုးများထဲတွင် သွေးရောင်များ ဖုံးလွှမ်းသွားသည်။

ထူးဆန်းသော နည်းလမ်းတစ်ခုကို တိတ်တဆိတ် အသုံးပြုလိုက်ပြီးနောက် ခဏချင်းမှာပင် သူသည် မည်သည့်အစအနမျှ မကျန်အောင် ထိုနေရာမှ ပျောက်ကွယ်သွားတော့​၏။

စက္ကန့်ပိုင်းအတွင်း လင်ချွမ် ထိုနေရာသို့ လိုက်လာသော်လည်း ဝိညာဉ်စွမ်းအားဖြင့် ရှာဖွေသည်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့် စုံစမ်းသည်ဖြစ်စေ ပြိုင်ဘက်၏ ပုံရိပ်ကို ရှာမတွေ့တော့ပေ။

မေးစေ့ကို ပွတ်သပ်ရင်း လေထဲတွင် ကျန်ရစ်နေသော သွေးနံ့ကို ခံစားမိလိုက်ရာ လင်ချွမ်အကြောင်းရင်းကို ချက်ချင်း သိလိုက်သည်။

ပြိုင်ဘက်သည် မိမိ၏ အသက်ဓာတ်ကို လောင်မြိုက်စေကာ တိုက်ပွဲမြေပြင်မှ လွတ်မြောက်ရန် အထူးထွက်ပြေးနည်းလမ်းကို အသုံးပြုသွားခြင်း။

လင်ချွမ် စိတ်ထဲမှ သက်ပြင်းချကာ နှမြောမိသွားသည်။

သူသည် ကြိုတင်ပြင်ဆင်မှုအဖြစ် ရုပ်သေးရုပ်များကို လွှတ်ထားခဲ့သော်လည်း ကံဆိုးစွာပင် ပြိုင်ဘက်၏ မြူခိုးအသွင်ပြောင်းနည်းမှာ ရုပ်ပိုင်းဆိုင်ရာသာ တိုက်ခိုက်နိုင်သော ရုပ်သေးရုပ်များအတွက် အလွန်ထိရောက်လွန်းနေသည်။

ချောင်းမြောင်းတိုက်ခိုက်မှုပင် မအောင်မြင်ခဲ့ချေ။

သူသည် ရှာဖွေမှု မအောင်မြင်ကြောင်း လက်ပြလိုက်ပြီးနောက် လင်ချွမ်​၏ ပုံရိပ်မှာ ပြောင်းလဲသွားကာ လာနီယာ ရှိရာဘက်သို့ ပြန်ရောက်လာသည်။

ထိုအချိန်တွင် ဆာလက်ဒ် မျိုးနွယ်စုမှ ပညာရှင်

အများအပြားမှာ လင်ချွမ်နှင့် သူ၏အဖော်ကို ကြည့်ကာ အရိုအသေပေးကာ ဦးညွှတ်လိုက်ကြ​၏။

မမြင်ရသော အင်အားတစ်ခု ပေါ်ထွက်လာပြီး လူတိုင်းကို ဖြည်းညင်းစွာ ထူမပေးလိုက်သည်။

လင်ချွမ်သည် ရှုပ်ထွေးသော မျက်နှာထားရှိသည့် ယဇ်ပုရောဟိတ်မင်းကြီးနှင့် မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒါဟာ အလဲအလှယ်တစ်ခုပါပဲ၊ ရာမာလ် က ပေးချေရမယ့် တန်ဖိုးကို ပေးပြီးသားပါ"

"ဘာလို့လဲ..."

ယဇ်ပုရောဟိတ်မင်းကြီးမှာ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။

"သူတို့ ဘယ်လိုရတနာတွေကို ပေးလိုက်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်"

"အကုန်ပေးလိုက်ရင်တောင် အခုကူညီပေးတဲ့ တန်ဖိုးနဲ့ မညီမျှနိုင်ပါဘူး"

"သိုင်းဘုရင်အဆင့် ပညာရှင်တစ်ယောက်ရဲ့ ကူညီမှုက ဘယ်လောက်တန်ဖိုးရှိသလဲ"

"ဒါဟာ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ အရာပါ"

ဤသည်ကို ကြားလိုက်ရသောအခါ ရာမာလ်မှာ ထိတ်လန့်သွားပြီး ရှက်ရွံ့သော အမူအရာ ပေါ်လာခဲ့​၏။

သူသည် မျိုးနွယ်စု၏ သန့်ရှင်းသောသားတော် ဖြစ်သော်လည်း ရတနာများ၏ စစ်မှန်သော တန်ဖိုးကိုမူ သေချာမသိခဲ့ပေ။

ယဇ်ပုရောဟိတ်မင်းကြီး​၏ ရှင်းပြချက်ကို ကြားပြီးနောက် သူ ရုတ်တရက် ပျာယာခတ်သွားသည်။

လင်ချွမ်က ပြုံးပြီး လက်ကာပြကာ ပြောလိုက်သည်မှာ...

"အရာရာမှာ ဦးစားပေးဆိုတာ ရှိပါတယ်"

"အရာဝတ္ထုတွေဆိုတာ ရှားပါးရင် တန်ဖိုးကြီးတတ်တာပဲ"

"အရမ်းလိုအပ်နေတဲ့သူရဲ့ လက်ထဲမှာဆိုရင် သာမန်အရာတွေတောင် အဆမတန် တန်ဖိုးတက်သွားနိုင်ပါတယ်"

"ကျွန်တော်ကတော့ အဲဒီရတနာနှစ်ခုကို အခကြေးငွေအဖြစ် သဘောကျပြီးသားမို့လို့ ခင်ဗျားတို့ စိုးရိမ်စရာ မလိုပါဘူး"

ယဇ်ပုရောဟိတ်မင်းကြီးမှာ တစ်ခုခုပြောရန် နှုတ်ခမ်းလှုပ်သွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်ကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်​၏။

"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ သုံးယောက်က အဝေးကနေ လာရတာဆိုတော့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရမှာပါ"

"ကျွန်တော်တို့အနေနဲ့ အိမ်ရှင်ကောင်းပီသစွာ ဧည့်ခံပါရစေ၊ ကြွပါ"

All Chapters