← Chapters

မြို့တော်နှစ်ခု ဆက်တိုက်ပွင့်လာခြင်းနှင့် သားတော်ခုနစ်ပါး မဟာညီလာခံ

Vol. 60 Ch. 599

မြို့တော်နှစ်ခု ဆက်တိုက်ပွင့်လာခြင်းနှင့် သားတော်ခုနစ်ပါး မဟာညီလာခံ

Vol. 60 Ch. 599

( ခယ်ရွှမ်ကျန့်နဲ့ ခယ်ရှစ်စန်းကအတူတူဘဲနော် ရွှမ်ကျန့်ဆိုတာ သူ့နာမည်ပါ ရှစ်စန်းဆိုတာ ဆယ့်သုံး)

ရှန်းယီ၏ ဆုံးဖြတ်ချက်သည် ရုတ်တရက် စိတ်ကူးပေါက်၍ ချမှတ်လိုက်ခြင်း မဟုတ်ပေ။

ပိုးအိမ်ထဲမှ ထွက်ပေါ်လာရသည့် ဘဝ၏ စမ်းသပ်မှုများဟု ခေါ်ဆိုသော အရာများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီးနောက်၊နောက်ဆက်တွဲ ကျရောက်လာမည့် ဘေးဒုက္ခများနှင့် ပတ်သက်၍ သူ ယေဘုယျအားဖြင့် ခန့်မှန်းမိလေသည်။

လုံဟန်မြို့တော်ကြီး ပြီးနောက် ချီမင်မြို့တော်၏ အလှည့်ဖြစ်ပြီး၊ ထိုနေရာတွင် မွေးဖွားခြင်း ဟူသော စကားလုံးကို အိုမင်းခြင်းက အစားထိုး နေရာယူထားလေသည်။

အသက်၏ ခွန်အားသည် အဆုံးမရှိ ပေါက်ကွဲထွက်ပေါ်နေနိုင်မည် မဟုတ်ပေ။ အမြင့်ဆုံးတောင်ထိပ်တစ်ခုအမြဲရှိနေပြီးနောက် အဆုံးအစမဲ့သော အမှောင်ထုထဲသို့ ကျဆင်းသွားရစမြဲ ဖြစ်လေ၏။

သေဆုံးခြင်းသည် သေချာပေါက် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း၊ တုံးနေသော ဓားတစ်ချောင်းဖြင့်အသားကို လှီးဖြတ်နေသကဲ့သို့ မိမိကိုယ်တိုင် တစ်စတစ်စအားနည်းလာသည်ကို စောင့်ကြည့်နေရသည့် ခံစားချက်မှာလည်း ခံနိုင်ရည်ရှိရန် ခက်ခဲလှသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခုပင် ဖြစ်ပေ၏။

"လိပ်တွေ အနှစ်တစ်ထောင် နေနိုင်ပြီး၊ ကုန်းလိပ်တွေကအနှစ်တစ်သောင်း နေနိုင်သည်"ဟူသော ဆိုရိုးစကား ရှိလေသည်။

ရွှေရောင်အစင်းလိပ်နတ်ဆိုး မျိုးနွယ်မှ ဝူကျွင်းသည် ဤစမ်းသပ်မှုကို ခံနိုင်ရည်ရှိရန် အလွန် သင့်လျော်လိမ့်မည်ဟု ရှန်းယီ အမြဲတမ်း ခံစားခဲ့ရလေ၏။

သေချာပေါက် အခြားသော အကြောင်းပြချက် တစ်ခုလည်း ရှိနေသေးပေ၏။

ယင်းမှာ တောင်ပိုင်းဟုန်နယ်မြေတွင် ခယ်ရှစ်စန်း ကဲ့သို့သော အရည်အချင်းနှင့် ထိုးထွင်းသိမြင်မှု အဆင့်တူညီသည့် နတ်ဆိုးတစ်ကောင်ကို ရှာတွေ့ရန် ခက်ခဲသောကြောင့် ဖြစ်လေသည်။

၎င်း၏ ကျင့်ကြံခြင်း နိမ့်ကျနေခြင်းမှာ အသက်ငယ်ရွယ်သေးသောကြောင့်သာ ဖြစ်ပေ၏။

နောက်ခံသမိုင်းကြောင်းအရ တောင်ပိုင်းနဂါးနန်းတော်သည် တောင်ပိုင်းဟုန်တွင် အုပ်စိုးသူတစ်ပိုင်းတစ်စနှင့် တူလေသည်။

ခယ်ရွှမ်ကျန့် သည် ဤထိပ်တန်း အင်အားစု၏ ရှားပါးလှသော တိုက်ရိုက်မျိုးဆက်များထဲမှ တစ်ဦးဖြစ်ပြီး၊ နဂါးမျိုးဆက် ဆယ့်သုံးဦးတည်းတွင် တစ်ဦးအပါအဝင် ဖြစ်လေသည်။

ဆယ့်သုံးဦး ဆိုသည်မှာ များပြားသည်ဟု ထင်ရပေမည်။

သို့သော် တူညီသော အဆင့်အတန်းရှိသူများအကြားတွင်၊ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး သည် တာအိုကလေးငယ် ဘွဲ့အမည်အတွက်တင် ခုနစ်ယောက်ရှိနေပြီဖြစ်ကြောင်း သတိပြုရမည် ဖြစ်လေသည်။

မရေမတွက်နိုင်သော အကြီးအကဲများ၏ တိုက်ရိုက်တပည့်များကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက ဤအရေအတွက်မှာ တစ်ရာထက်ပင် ကျော်လွန်သွားနိုင်ပေ၏။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်၊ ခယ်ရှစ်စန်းကဲ့သို့ နဂါးမျိုးဆက်များထဲမှ တစ်ဦးဖြစ်ရခြင်း၏ ဂုဏ်ဒြပ်မှာ အလွန်မြင့်မားလွန်းလှသဖြင့် အနည်းငယ် ကြောက်မက်ဖွယ်ပင် ကောင်းနေပေသည်။

လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ် နှစ်ခုစလုံး အပါအဝင် မျိုးဆက်သစ် လူငယ်များကြားတွင် ၎င်း၏နောက်ခံကို ကျော်လွန်နိုင်သူ အယောက်နှစ်ဆယ်ထက် မပိုနိုင်ဟု ဆိုနိုင်ပေ၏။

သွေးဆက်အရဆိုလျှင် ၎င်းသည် အဝါရောင် အဆိပ်နဂါး၏ အမွေအနှစ်ကို ဆက်ခံရရှိထားပြီး၊ ရေသတ္တဝါများ၏ အခြားသော မျိုးနွယ်စုကြီးတစ်ခုဖြစ်သည့် ခရမ်းရောင်ပုလဲခုံးနတ်ဆိုး၏ နတ်စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားလေ၏။

၎င်းသည် အလွန်တရာ ဉာဏ်ရည်ထက်မြက်ကြောင်းကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

နတ်ဆိုးကျောက်တိုင်ကို ထပ်မံ အသုံးပြု၍ မရတော့သောကြောင့်၊ တောင်ပိုင်းနဂါးနန်းတော်ကို ဖယ်ထုတ်ထားရမည် ဖြစ်လေသည်။

မြို့တော်ကို ဖွင့်ရန်အတွက် အလားတူ နတ်ဆိုးတစ်ကောင်ကို ရှာဖွေခြင်းမှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

ပုသူများထဲမှ အရပ်အရှည်ဆုံးကို ရွေးချယ်ရသကဲ့သို့ ဝူကျွင်းကို ရွေးချယ်ခြင်းမှာ တကယ်တမ်းတွင် အတော်လေးအကောင်းဆုံး ဖြစ်နေပေ၏။

မည်သို့ပင်ဆိုစေကာမူ ရွှေရောင်အစင်း လိပ်နတ်ဆိုး မျိုးနွယ်သည် တောင်ပိုင်းဟုန်၏ ခိုင်မာသော အင်အားစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရလေသည်။

[လက်ကျန် နတ်ဆိုးသက်တမ်း: ၁၇၅၀၀၀၀]

ငွေကို ရေလိုသုံးစွဲခဲ့မိပြီးနောက် မိမိပိုက်ဆံအိတ်ထဲတွင် ဒင်္ဂါးပြားအနည်းငယ်သာ ကျန်တော့သည်ကို ရုတ်တရက် သတိပြုမိသွားသူတစ်ယောက်ကဲ့သို့ ရှန်းယီ၏ အသက်ရှူသံ အနည်းငယ် ရပ်တန့်သွားလေသည်။

သူ မှတ်မိသလောက်ဆိုလျှင် လမ်းစဉ်တက်လှမ်းခြင်းမစတင်မှီတွင် ထိုဂဏန်းစဉ်များမှာ ရှစ် ဂဏန်းဖြင့် စတင်ခဲ့ခြင်း ဖြစ်ပေ၏။

ကျောက်စိမ်းဖြူမြို့တော်ကို ဖွင့်လှစ်ခြင်းအပြင် သူ တကယ်တမ်း လိုချင်ခဲ့သည်မှာ သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ဖြည့်စွက်ရန်ပင် ဖြစ်လေ၏။

ဤသို့တွေးရင်း ရှန်းယီသည် မောပန်းနွမ်းနယ်စွာဖြင့် လက်ကို ဝှေ့ယမ်းကာ "သွားတော့" ဟု ပြောလိုက်လေသည်။

"ဝူကျွင်း အမိန့်နာခံပါ့မယ်"

ဤ ရွှေရောင်အစင်း လိပ်နတ်ဆိုးကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး၊ ခမ်းနားထည်ဝါပြီးကြီးစိုးလွှမ်းမိုးနိုင်စွမ်းရှိသော အဝါရောင်နဂါးကြီး၏ ရုပ်တုကို စူးစိုက်ကြည့်လိုက်ကာ၊ နောက်ဆုံးတွင် သူ၏သတ္တိကို မွေး၍ ဒုတိယမြောက် မြို့တော်ဖြစ်သော ချီမင်မြို့တော်ဆီသို့ ရဲဝံ့စွာ ထွက်ခွာသွားလေတော့သည်။

၎င်းသည် မသေမျိုးမြို့တော်၏ အောက်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်၊ ဆိုင်းဘုတ်ပေါ်ရှိ ကမ္ပည်းစာတမ်းသည် ရေပြင်မှ လှိုင်းဂယက်များ စွန်းထင်းသွားသည့်အလား မသေချာစွာ တလက်လက်တောက်ပသွားပြီး အဆုံးအစမဲ့ နတ်ဆိုးများ၏မြောက်ပိုင်းနန်းတော်၏ စစ်မှန်သော အသွင်အပြင်ကို ဖော်ပြလိုက်လေသည်။

အနီရဲရဲတံခါးကြီးသည် လျင်မြန်စွာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

တိတ်ဆိတ်စွာ ပွင့်လာသော အက်ကွဲကြောင်းထဲတွင်အလင်းရောင်သည် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ နို့နှစ်ရောင် အဖြူမှသည် နက်မှောင်သော ခရမ်းရောင်အဖြစ်သို့ သိသာစွာ ပြောင်းလဲသွားလေသည်။

ကျောက်စိမ်းဖြူမြို့တော်သို့ တက်လှမ်းနိုင်သော မည်သည့် ကျင့်ကြံသူက သူတို့၏ လူငယ်ဘဝတွင် ထင်ရှားကျော်ကြားသော ပါရမီရှင်များ မဟုတ်ဘဲ နေမည်နည်း။

သို့သော် ဤအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ ငြိမ်သက်နေသော တာအိုနှလုံးသားကို ပိုင်ဆိုင်ထားသူများပင်လျှင် မသိစိတ်မှတင်းမာသွားပြီး၊ အသက်ရှူရန်ပင် မရည်ရွယ်ဘဲ အောင့်ထားမိသည်အထိ ဖြစ်သွားကြလေ၏။

ဝင်ပေါက်အတွင်းမှ အလင်းရောင်၏ အနည်းငယ်သောအပြောင်းအလဲမှ ဆွဲထုတ်လိုက်သောအရာက သာမန် ဝိညာဉ်လက်နက်တစ်ခုလော သို့မဟုတ် သက်ရှိသတ္တဝါအားလုံးကို ထိတ်လန့်သွားစေနိုင်သည့် ဟုန်မုန့် ကောင်းကင်စစ်သည်လော ဆိုသည်ကို အဆုံးအဖြတ် ပေးနိုင်လေသည်။

သို့သော် ရှန်းယီအတွက်မူ အဖြူရောင်မှ အပြာနုရောင်၊ ထိုမှတစ်ဆင့် ခရမ်းရောင်သို့ ကူးပြောင်းသွားခြင်းသည် ရေစီးကြောင်းအတိုင်း ရေများ စီးဆင်းသွားသကဲ့သို့ အလွန် သဘာဝကျလှပေ၏။

ခရမ်းရောင်သည် အလွန်ရင့်လာသဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့် အခြေအနေသို့ ရောက်လုနီးပါး ဖြစ်နေသော်လည်း၊ သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှု အရိပ်အယောင် အနည်းငယ် ပါရှိနေဆဲ ဖြစ်လေသည်။

ကောင်းကင်ဘုံ နန်းတော်များ၏ အဆင့် ၁၁ ဆင့်လုံးနှင့်အတူ စီနီယာ ရွှမ်ချင်း ထံမှ လက်ဆောင်များသည် ဤနေရာတွင် အဆုံးသတ်သွားရန်မှာ မဖြစ်သင့်ပေ။

အမှန်တကယ်ပင်၊ ရင်းနှီးနေသော ရွှေရောင်အရိပ်သည် ထပ်မံ၍ မျက်စိရှေ့သို့ ရောက်ရှိလာပြီး၊ ယခင်ကထက်ပင် ပိုမို ရင့်မှည့်နေလေသည်။

အနန္တနတ်ဆိုးအင်ပါယာနန်းတော်ကို တည်ဆောက်ရန် အခြားသူများထက်များစွာ သာလွန်သော အရည်အသွေးရှိသည့် တာအိုမဏ္ဍိုင်ကို အသုံးပြုခဲ့ခြင်းက သေချာပေါက် အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့လေသည်။

"နှမြောစရာပဲ" ရှန်းယီက မျက်လွှာကို အနည်းငယ် ချကာ ညည်းတွားလိုက်လေ၏။

သူ၏ လုံလောက်သော အခြေခံအုတ်မြစ်နှင့် စီနီယာရွှမ်ချင်း၏ အကူအညီများ ရှိနေသော်လည်း၊ သူသည် ခရမ်းရောင်ချီစွမ်းအင်ထဲသို့ ရွှေရောင်အလင်းတန်းတစ်စကိုသာ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့ပေသည်။

သို့သော် သူသည် အစပိုင်းတွင် အဘယ်ကြောင့် ပို၍ နှေးခြင်း သို့မဟုတ် ပို၍ တည်ငြိမ်စွာ မလုပ်ဆောင်ခဲ့သနည်းဟု စီနီယာရွှမ်ချင်းကဲ့သို့ နောင်တရနေမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရှန်းယီသည် သူလှမ်းခဲ့သောခြေလှမ်းတိုင်းတွင် သူ၏ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြောင်း ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်လေ၏။

အကယ်၍ သူသာ စီနီယာ ရွှမ်ချင်း၏ နောက်ဆုံး လက်ဆောင်ကို လက်ခံခဲ့မည်ဆိုပါက၊ မြို့တော်ကို ဖွင့်လှစ်ချိန်တွင် နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံလှမ်းနိုင်မည် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းမှာ သူ မြင်တွေ့လိုသော အရာ မဟုတ်ပေ။

ထို့အပြင် ဝူကျွင်း၏ သွေးမျိုးဆက် အရည်အချင်းအရ...အခက်အခဲများကို ပိုမို ထပ်မံ ပေါင်းထည့်လိုက်ပါက၊ သူ၏ အရင်းအမြစ်များ အားလုံးကို ကုန်စင်အောင် သုံးစွဲလိုက်လျှင်ပင် တစ်ဖက်လူအနေဖြင့် ဤဘေးဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်လုံလောက်မည် မဟုတ်ကြောင်း ရှန်းယီ သံသယဝင်မိလေသည်။

ဝူကျွင်း ချီမင်မြို့တော်ထဲသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဝင်ရောက်သွားသည်ကို ကြည့်ရှုနေရင်း၊

ယခင်က ရှန်းယီ၏ စိတ်ထဲတွင် ပေါ်လာခဲ့ဖူးသော အလားတူအသွင်ပြောင်းလဲမှုမျိုး နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာလေ၏။

စိမ်းလန်းသော လှိုင်းလုံးများကြားတွင် ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါသန္တာကျောက်တန်း တစ်ခု ထပ်တိုးလာလေသည်။ ရွှေရောင်အစင်း လိပ်နတ်ဆိုးကြီးသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ အသက်း

စွမ်းအင်အားလုံးကို စုပ်ယူခံလိုက်ရသည့်အလား ကျောက်စရစ်ကမ်းခြေ၏ အစွန်းတွင် ပျင်းရိစွာ လဲလျောင်းနေလေသည်။

ဤသည်မှာ အစသာ ရှိသေးပြီး ဝူကျွင်း၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်ပေါက်နေပြီ ဖြစ်လေ၏။

၎င်း တန်ဖိုးထားခဲ့သော နတ်ဆိုးခန္ဓာကိုယ်ကြီးသည် မမြင်ရသော လက်တစ်ဖက်ဖြင့် ချက်ချင်း ဖယ်ရှားခံလိုက်ရသကဲ့သို့ ဖြစ်သွားကြောင်း တွေ့ရှိလိုက်ရပြီး၊ အလွန် အားနည်းသွားသဖြင့် တောင်များကိုဖြတ်ကျော်ရန်နှင့် ပင်လယ်များကို ဖြတ်ကူးရန်ပင် မပြောနှင့်၊ ၎င်း၏ ခြေလက်များကို လှုပ်ရှားရန်ပင် ခက်ခဲနေလေတော့သည်။

"သခင်..."

၎င်းသည် အလိုအလျောက် တုံ့ပြန်မှုအရ နောက်ဆုတ်ရန် စဉ်းစားလိုက်လေ၏။

ထူးခြားချက်ကို အာရုံခံမိလိုက်ချိန်တွင် ရှန်းယီ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားလေသည်။

ကံမကောင်းစွာဖြင့်ပင် သူသည် တစ်ဖက်လူကို ကူညီပေးနိုင်စွမ်း မရှိခဲ့ပေ။

ဝူကျွင်းသည် နတ်ဆိုးမူလ၏ ကောင်းချီးများကို ခံစားခဲ့ရသော်လည်း၊ ၎င်းကို ညှဉ်းပန်းနှိပ်စက်နေသော အရာကပင် ၎င်းကို ပိုမို အစွမ်းထက်လာစေခဲ့လေသည်။

ဤသည်မှာ မည်သည့်အရာမျှ လုပ်ဆောင်၍ မရဘဲတစ်စတစ်စ ပို၍ အားနည်းလာသည်ဟု ခံစားနေရသော လက်ရှိ ခံစားချက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေ၏။

All Chapters