← Chapters

မိုးကောင်းကင်ကမျက်နှာမလိုက်ဘူး

Vol. 5 Ch. 472

မိုးကောင်းကင်ကမျက်နှာမလိုက်ဘူး

Vol. 5 Ch. 472

လျိုမုန့်တယ်သည် ကျယ်ယန်းတောင်မှ ပြန်လာသည့် အခါတွင်တော့ ရှီးလျန်မြို့သို့ပင် မဝင်တော့ဘဲ တာ့ရှီတိုင်းပြည်သို့ တန်းပြန်ခဲ့လေသည်။ တာ့ရှီဧကရာဇ်သည် သူ့ကို စောင့်ကြို နေလေသည်။

တာ့ရှီဧကရာဇ်က လျိုမုန့်တယ်ကို တွေ့သည်နှင့် ချက်ချင်းပင် မေးမြန်းလိုက်သည်။

"တိုင်းပြည်အကြံပေးအရာရှိမင်း၊ ပြန်လာတာ မြန်လှချည်လား၊ ရှီးလျန်မြို့တော် သခင်မက ဘာအမှာစကားများ ပြောကြားလိုက်သလဲ"

"မင်းကြီး… တာ့ရှီကို ကာကွယ်ချင်တယ် ဆိုရင် ရှီးလျန်ကို မတိုက်ခိုက်တာ အကောင်းဆုံးပါပဲ"

လျိုမုန့်တယ်က ပြန်ပြောလိုက်လေသည်။

"အရာရှိမင်းရဲ့ စကားက ဘာအဓိပ္ပာယ်လဲ"

တာ့ရှီဧကရာဇ်က ပြန်မေးလိုက်သည်။

"ရှီးလျန်မြို့တော်သခင်မရဲ့ သားတော်ဟာ အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ၊ သူလက်တစ်ဖက် ဝှေ့ယမ်းလိုက်ရင်တောင် တာ့ရှီဟာ ပျက်စီး သွားနိုင်ပါတယ်၊ မင်းကြီးက ရှီးလျန်ကို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်မျိုးလည်း တာဝန်မယူနိုင်ပါဘူး"

လျိုမုန့်တယ်၏စကားကြောင့် တာ့ရှီဧကရာဇ်က ပြုံးလိုက်လေသည်။

"အရာရှိမင်းက ပညာရှိ တစ်ယောက်ဆိုတာ ငါကိုယ်တော်သိပါတယ်၊ ဒါပေမဲ့ လူတစ်ယောက်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ တိုင်းပြည်ပျက်စီး သွားရမယ်ဆိုတာ မဟုတ်သေးဘူး၊ လက်ရှိအချိန်မှာ ရှီးလျန်ဟာ အလှပဆုံး ပွင့်လန်းနေတဲ့ ပန်းတစ်ပွင့်လိုပါပဲ၊ အင်အား အရမ်းကောင်းနေတယ်၊ ငါကိုယ်တော်က သူတို့ကို မတိုက်ခိုက်ဘူးဆိုရင် အနှေးနဲ့အမြန် သူတို့ဘက်က ငါကိုယ်တော်တို့ တာ့ချီကို စစ်ချီလိမ့်မယ်၊ ဒီတော့ ငါကိုယ်တော်တို့ တာ့ရှီက စပြီး စစ်မချီရတဲ့ အကြောင်းရင်း ကောင်းကောင်းလေး တစ်ခုလောက်တော့ အရာရှိမင်းက ပြောပြသင့်တယ်"

လျိုမုန့်တယ်မှာ တာ့ရှီဘုရင်ကို နားမချနိုင်တော့သည့် အဆုံး တာ့ရှီတိုင်းပြည်မှ ထွက်ခွာ ခဲ့တော့သည်။

တာ့ရှီဧကရာဇ်က ရှီးလျန်မြို့တော်ကို စစ်ချီလိုခြင်းမှာ အကြောင်းရှိလေသည်။ ရှီးလျန် အင်အားကြီးမား လာပါက ပထမဦးဆုံး ခြိမ်းခြောက် ခံရမည့် တိုင်းပြည်မှာ တာ့ရှီတိုင်းပြည် ဖြစ်လေသည်။ ထို့ကြောင့် ရှီးလျန်ကို အင်အား ကြီးမားမလာခင် ကြိုတင်ပြီး ဦးချိုးထားလိုခြင်း ဖြစ်လေသည်။

ထို့ပြင်သူက လျိုမုန့်တယ် ပြောသည့်လူမှာ လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် တာ့ရှီပြည် တစ်ပြည်လုံးကို ဖျက်ဆီးပစ်နိုင်သည်ဆိုသည့်အချက်ကိုလည်း အယုံအကြည်မရှိပေ။

လော်ဟယ်မြစ်ရေသည် ဒီရေတက်နေလေသည်။

တာ့ရှီပြည်မှ စစ်သည်တော်များသည် မြစ်တစ်ဖက်ကမ်းတွင် ရပ်နေကြလေသည်။ စစ်သည်တော်များမှာ မိုးနတ်မင်း၏ ကောင်းကင် စစ်သည်တော်များနှင့်ပင် ဆင်တူလေသည်။ ကျားများ၊ ကျားသစ်များနှင့် အခြားသားရဲများသည်ပင်လျှင် သူတို့ကို ကြောက်ရွံ့ကြမည့်ဟန် ရှိလေသည်။

လော်ဟယ်မြစ် ဒီရေကျသွားသည်နှင့် သူတို့က တစ်ဖက်ကမ်းသို့ ဖြတ်ကူးရန် စောင့်ဆိုင်း နေကြခြင်း ဖြစ်လေသည်။

တာ့ရှီတိုင်းပြည်တွင် တိုင်းပြည် အကြံပေး အရာရှိဆိုသည်မှာ လျိုမုန့်တယ် တစ်ယောက်တည်း ရှိသည်မဟုတ်ပေ။ အခြားသော တိုင်းပြည် အကြံပေး အရာရှိများလည်း ရှိသေးသည့်အပြင် နက္ခတ်ဗေဒကျွမ်းကျင်သူများ ပထဝီအနေအထား ကျွမ်းကျင်သူများလည်း များစွာ ရှိလေသည်။

ထိုပညာရှင်များက လော်ဟယ်မြစ်ရေသည် သုံးရက်အတွင်း ကျသွားပြီး ရာသီဥတုလည်း သာယာမည်ဟု ခန့်မှန်းခဲ့လေသည်။

ဒီရေသည် တဖြည်းဖြည်း ကျသွားခဲ့လေသည်။ ရေသည် လူတစ်ယောက် ဖြတ်ကူးလျှင်ပင် ခါးလည်လောက်သာ ရှိနိုင်တော့သည်။ ထိုအခါမှ စစ်သည်တော်များသည် မြစ်ကို ဖြတ်ကူးခဲ့ကြလေသည်။ ထိုအချိန်သည် ညအချိန်တိုင်ပင် ဖြစ်နေခဲ့ပြီ။

မြစ်တစ်ဖက်ကမ်း တွင်လည်း ရှီးလျန်မြို့တော်မှ အမျိုးသမီး စစ်သည်တော်များသည် မြစ်ကမ်းနံဘေးတွင် ရပ်နေကြလေသည်။

ချန်ချင်သခင်မကိုယ်တိုင်း အမျိုးသမီး စစ်သည်တော်များနှင့် အတူ ရှိနေပြီး သူမ၏ မျက်နှာက တင်းမာ ခက်ထန်နေလေသည်။ သူမ၏ စစ်သည်တော် အများစုသည် စန်းကျူကျင့်စဉ်ကို ကျင့်ကြံ ထားကြသည့်တိုင် မိုးပေါ်သိုပ မပျံသန်းနိုင်သေးသည့်အတွက် မြစ်တစ်ဖက်ကမ်းတွင် စောင့်နေကြရခြင်း ဖြစ်လေသည်။ ထို့ပြင် သူတို့၏စွမ်းရည်သည် တာ့ရှီ၏ ကြောက်မက်ဖွယ်ရာ စစ်တပ်ကြီးကို ယှဉ်နိုင်ပါမည်လား မသေချာလှပေ။

ရှီးလျန်မြို့တော်အနေဖြင့် တာ့ရှီပြည်နှင့် တိုက်ခိုက်ရမည့် တိုက်ပွဲသည် အလွန် အန္တရာယ် များလွန်းလှသည်။

ချန်ချင်သခင်မမှာ တိုက်ပွဲအတါက် ပြင်ဆင်မှုများကို များစွာ ပြုလုပ်နေခဲ့ရသဖြင့် မအိပ်ရသည့် ရက်များပင် များခဲ့ပြီဖြစ်သည်။ စမ်းရေတွင်းထဲမှ ဆန်းလျန်ပေးထားသည့် ပရိတ်ရေသာ မရှိလျှင် သူမသည် ရပ်တည်နိုင်တော့မည်ပင် မဟုတ်ပေ။

သို့သော်… ရှီးလျန်မြို့တော်၏ တာဝန်များအားလုံးကို သူမပခုံးပေါ်တွင် ထမ်းထား ရလေသည်။ သူမ၏ ပြည်သူများအတွက်၊ သူမ၏ သမီးတော်လေးအတွက် သူမကတော့ တိုက်ခိုက်မည်ပဲ ဖြစ်လေသည်။

ဆန်းလျန်နှင့်ယှဉ်လျှင်ပင် သူမသည် သမီးလေးကို ပိုပြီး ချစ်မြတ်နိုးလေသည်။

တိုက်ပွဲသည် အန္တရာယ်ကြီးလွန်း လှသည့်အတွက် ချန်ချင်သခင်မသည် သူမ၏သမီးငယ်ကို ကျယ်ယန်းတောင်ရှိ ဆန်းလျန်ထံတွင် အပ်ထားခဲ့လေသည်။

သို့သော်… ယခုတိုက်ပွဲတွင်သူမသည် ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို မှီခိုလိုစိတ် မရှိခဲ့ပေ။ ထို့ကြောင့် သူမ၏ အစွမ်းအစဖြင့်ရအောင် တိုက်ခိုက်မည်ဟ ဆုံးဖြတ်ထားလေသည်။

လော်ဟယ်မြစ် ဒီရေကျသွားသည်ကို ချန်ချင်သခင်မ ရိပ်မိလိုကလေသည်။ ရက်စက် ကြမ်းကြုတ်သည့် ကြောက်မက်ဖွယ်ရာစစ်သည်တော်များသည် သူမတို့ထံသို့ စစ်ချီလာတော့မည် ဖြစ်လေသည်။ ထို့အတူ ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီးလည်း ဖြစ်ပွားရတော့မည်။

တတိယနေ့၊ ညနေပိုင်းတွင် စက္ကူကြိုးကြာ တစ်ကောင်သည်  မြစ်ကမ်းနံဘေးရှိ ရှီးလျန် စစ်စခန်းရှိရာသို့ ပျံသန်းလာလေသည်။ စက္ကူကြိုးကြာနှင့် အတူ စာတစ်စောင်လည်း ပါရှိလေသည်။

စာကိုဖတ်ပြီးသည်နှင့် ချန်ချင်သခင်မက ဟားတိုက် ရယ်မောလိုက်လေသည်။

ထို့နောက် သူမက သူမ၏ အမျိုးသမီး စစ်သည်တော်များကို ရှီးလျန်မြို့တော်သို့ ပြန်ကြရန် အမိန့်ပေး လိုက်လေသည်။ မလိုအပ်သည့် ပစ္စည်းများအားလုံးကို ထားခဲ့ပြီး ချက်ချင်း ပြန်သွားကြရန် အမိန့်ပေး လိုက်ခြင်း ဖြစ်လေသည်။

တစ်ဖက်ကမ်းခြေမှ ရှီးလျန်စစ်သည်တော်များ ရုတ်ရုတ်သဲသဲ ဆုတ်ခွာ သွားကြသည်ကို ဆက်သားများက တာ့ရှီဧကရာဇ်ကို ချက်ချင်းသတင်းပို့လိုက်ကြလေသည်။

တာ့ရှီပြည်မှ စစ်ချီလာကြသည့် စစ်သူကြီးများမှာ ရှီးလျန်မှ မိန်းကလေးများသည် သူတို့ကို ကြောက်လန့်ပြီး ပစ္စည်းများကိုပင် မသိမ်းနိုင်တော့ဘဲ ထွက်ပြေးသွားကြပြီဟု ထင်ကာ လှောင်ပြောင် ရယ်မော နေကြလေတော့သည်။

သို့သော်… ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားနေသူဆို၍ တာ့ရှီဧကရာဇ် တစ်ယောက်သာ ရှိလေသည်။ အဘယ်ကြောင့် ရှီးလျန် စစ်သည်တော်များ ရုတ်တရက် ဆုတ်ခွာသွားရသည်ကို ဧကရာဇ်သည် စဉ်းစားမရရှိချေပြီ။

လျိုမုန့်တယ်သည် တာ့ရှီတိုင်းပြည် အကြံပေး အရာရှိရာထူးမှ နှုတ်ထွက် လာပြီးသည့်နောက် ဆန်းလျန်ရှိရာ ကျယ်ယန်းတောင်မှ ရွှမ်တုကျောင်းတော်သို့ ပြန်လာခဲ့လေသည်။

အလွန်ချစ်စရာ ကောင်းသည့် ကလေးမလေး တစ်ယောက်သည် မက်မွန်ပင် အောက်တွင် ဆော့ကစား နေလေသည်။ မက်မွန်ပန်းကြွေရွက်များ အောက်တွင် ဆော့ကစားနေသည့် ကလေးငယ်ကို မြင်တွေ့ရသည့်မြင်ကွင်းမှာ အလွန်မှ လှပလွန်းလေသည်။

"ဒီအရက်က မက်မွန်ပန်းအရက်ပဲ၊ အရင်တစ်ခေါက် မင်းလာတုန်းက မင်းက ရှီးလျန် မြို့တော်ရဲ့ ရန်သူဘက်က ဖြစ်နေတော့ အရက်တစ်ခွက်တောင် မတိုက်လိုက်ရဘူး၊ အခုတော့ အရက် သောက်ကြတာပေါ့"

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်သည်။

လျိုမုန့်တယ်မှာ အရက်ကို သောက်ရန် ခပ်ရွံ့ရွံ့ဖြစ်နေလေသည်။ သူက မက်မွန်သီး တစ်လုံးမှ လူအသွင် ဖန်ဆင်းထားခြင်း ဖြစ်သည့်အတွက် မက်မွန်ပန်းအရက်ကို အဘယ်သို့ သောက်ရဲပါမည်နည်း။

လျိုမုန့်တယ်မှာ အရက်ကို မသောက်ရဲ ဖြစ်နေသည့်ကို ဆန်းလျန်က ရိပ်မိလိုက်သည်။

"ဒီအရက်က မက်မွန်ပင်က ကြွေကျတဲ့ ပွင့်လွှာတွေနဲ့ စိမ်ထားတဲ့ အရက်ပါ၊ အသက် မရှိတော့တဲ့ ပွင့်ကြွေတွေပေါ့၊ မြေသြဇာ ဖြစ်သွားပြီး ပန်းပွင့်အသစ်တွေကို ပြန်ပွင်စေမယ့် ပွင့်ကြွေတွေပေါ။ မွေးဖွားလိုက် သေဆုံးလိုက်၊ သေဆုံးလိုက် မွေးဖွားလိုက် သံသရာ လည်နေတာပဲလေ၊ စိတ်ထဲ သိပ်မတွေးပါနဲ့"

ထိုအခါမှ လျိုမုန့်တယ်သည် အရက်ခွက်ကို မော့သောက် လိုက်လေသည်။

"ဒီမက်မွန်ပန်းအရက်တစ်ခွက်က တစ်နှစ်ကျင့်ကြံတာနဲ့ ညီမျှတယ်ဗျ"

ဆန်းလျန်က ပြောလိုက်သည်။

လျိုမုန့်တယ်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…

"ဒီအရက်ကို သောက်ရတာ အသားမကျနိုင်ဘူးဗျာ"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"ကျုပ်မှာ မင်းကို ပြောစရာတစ်ခု ရှိသေးတယ်ဗျ၊ မီးတောက်ကို ဘယ်လို အသက်ဝင်အောင် လုပ်ရမလဲဆိုတဲ့ အကြောင်းပေါ့၊ ကျုပ်တို့က လူသားဘဝတွေကို ကျော်လွန်နိုင်တဲ့ ကျင့်ကြံသူတွေပဲ၊ သိပ်ပြီး စည်းဘောင် အကွပ်အကဲတွေနဲ့ နေကြတာမှ မဟုတ်တာ၊ ဒါပေမဲ့ တစ်ခါတလေ ကျတော့ တချို့အရာတွေက ပုံသေကားချပ်လိုမျိုး အကျင့်ပါနေပြီး၊ ကျင့်စဉ်လမ်းမှာ အဲဒီလို အကျင့်ပါ သွားရင်တော့ အဆင့်တက်နိုင်မှာ မဟုတ်တော့ဘူး၊ မက်မွန်ပင်က ပွင့်တဲ့ မက်မွန်ပန်းလေး တွေလိုပေ့ါ၊ တစ်ချို့က စမ်းချောင်းထဲမှာ စီးမျော သွားကြတယ်၊ တစ်ချို့ကတော့ လေထဲမှာ လွင့်မျောသွားကြပြီး တချို့ကတော့ ရွှံ့တောထဲ ကျသွားကြတာပဲ၊ အားလုံးက ကံတရားနဲ့လည်း ဆိုင်နေသေးတယ်"

လျိုမုန့်တယ်သည် ဆန်းလျန်၏ စကားကို လေးစားစွာ နားထောင်နေလေသည်။

"ခင်ဗျားရဲ့ စကားတွေက တကယ် နက်ရှိုင်းလွန်းတယ်၊ ပုံသဏ္ဌာန်မတူပေမယ့် ခံယူချက်ကတော့ တူနိုင်တယ်၊ အဲဒီလို ခံယူချက် တူညီတာတွေ စုပေါင်းမိရင် ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခုလည်း ဖြစ်နိုင်တာပဲလေ"

"မျှော်လင့်ရတာပေါ့ဗျာ…"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

"ရွှမ်ကျန်းကျောင်းတော်မှာ ဆရာဘိုးဘိုးနဲ့ တွေ့ရတုန်းကဆိုရင် ကျုပ်အရမ်းထိတ်လန့် နေခဲ့တာ၊ ဒါပေမဲ့ ခင်ဗျားနဲ့ စကားပြောရတာတော့ အဲဒီလို ထိတ်လန့်မှုတွေ မရှိဘူး၊ ခင်ဗျားက နွေဦးမှာ တိုက်ခတ်တဲ့ လေပြေလေးလိုပဲ၊ အမြဲတမ်း ကျုပ်စိတ်ကို သက်သာရရစေတယ်၊ ဒါပေမဲ့ ဆရာဘိုးဘိုးကလည်း ကျုပ်အပေါ် ကောင်းကောင်း ဆက်ဆံတဲ့သူပါပဲ"

ဆန်းလျန်က စိတ်လွတ်ကိုယ်လွတ်ဖြင့်ပင် သူ၏ညီမငယ်လေး ရှောင်ခယ်၏ ခေါင်းပေါ်သို့ မက်မွန်ပွင့်များ ကြွေကျနေသည်ကို ငေးမောနေလေသည်။

"ဘယ်သူမဆို မြင့်မားတဲ့တောင်ကြီးကိုတွေ့ရင် အနည်းနဲ့အများတော့ ထိတ်လန့် ကြတာပေါ့၊ ဒါပေမဲ့ တောင်ထက်ပိုမြင့်တဲ့ မိုးကောင်းကင်ကိုကျတော့ ဘယ်သူမှ မထိတ်လန့်ကြဘူးလေ၊ ဒါနဲ့ ကျုပ် တာ့ရှီတိုင်းပြည်ကို ဘာလုပ်မလဲဆိုတာ မင်းသိချင်နေတယ် မဟုတ်လား"

"ကျုပ်သိပ်သိချင်နေတာပေါ့၊ တကယ်တော့ တာ့ရှီတိုင်းပြည်ဟာ ကျုပ်အပေါ်မှာ ကောင်းခဲ့ပါတယ်၊ တာ့ရှီဧကရာဇ်က ကျုပ်ပေးတဲ့ အကြံဉာဏ်ကို လက်မခံခဲ့ပေမယ့် သူတို့ ဒုက္ခရောက်တာကိုတော့ ကျုပ်မမြင်ရက်ဘူးဗျာ"

လျိုမုန့်တယ်က ပြောလိုက်လေသည်။

"သူတို့က ကျုပ်လက်နဲ့ တိုက်ခိုက်ဖို့တောင် မတန်ပါဘူး၊ ဒါပေမဲ့ တာ့ရှီဟာ ကျိန်းသေ ကျရှုံးရမှာပဲ၊ ဘယ်လောက်ပဲ တန်ခိုးစွမ်းအား ကြီးမားပါစေ မိုးကောင်းကင်က ချမှတ်ပြီးသား ကံကြမ္မာကို ဘယ်မှာ လွန်ဆန်နိုင်မှာလဲ၊ ညတောင် ရောက်တော့မယ်၊ မင်း လော်ဟယ်မြစ်ကို အမြန်သွားသင့်တယ်၊ ဒါဆိုရင် လူအနည်းငယ်လောက်ကို ကယ်တင်နိုင်ချင် ကယ်တင်နိုင်လိမ့်မယ်၊ အားလုံးက ကံတရားအတိုင်းပါပဲ"

"ခင်ဗျားရဲ့စကားက ဘာအဓိပ္ပါယ်များလဲ"

လျိုမုန့်တယ်က ထိတ်လန့်စွာဖြင့် မေးလိုက်လေသည်။

"မိုးကြိုးမုန်တိုင်းတွေ၊ ငလျင်တွေ၊ မြေပြိုတာတွေပေါ့၊ ဒီလိုဘေးအန္တရယ်တွေ တကယ်တမ်း ကြုံတွေ့လာရင် ဘယ်သူ လွတ်နိုင်မှာတဲ့လဲ၊ မိုးကောင်းကင်က မျက်နှာ မလိုက်တတ်ပါဘူးလေ"

ပြောပြီးသည်နှင့် ဆန်းလျန်သည် ထိုင်ရာမှထကာ မက်မွန်ပင်အောက်သို့ ထွက်သွား လေသည်။ သူက ညီမငယ်လေးဖြစ်သူ ရှောင်ခယ်ကို ကောက်ချီလိုက်သည်။

သူက ညီမငယ်လေး၏ ဆံပင်လေးများကို အသာသပ်ပေးလိုက်ရင်း…

"ကဲ… ဒီနေ့ရော ညနေစာ ဘာစားချင်လဲ"

ရှောင်ခယ်က ကျားနက်ကြီးကို လှမ်းကြည့်လိုက်ရင်း တံတွေး တစ်ချက် မျိုချလိုက်သည်။

"ဟိုခွေးကြီးကို ချက်စားလို့ရမလား…"

ကျားနက်ကြီးမှာ ရှောင်ခယ်၏ စကားကိုကြားပြီး ဒေါသတကြီး တွေးလိုက်မိလေသည်။

"ငါက ကျားလေ၊ ခွေးမဟုတ်ဘူးဟ၊ သခင်လေးက နေ့တိုင်း ငါ့ကျောပေါ်စီးနေတာ၊ သူ့ညီမကတော့ ငါ့ကို ချက်စားချင်လို့တဲ့…"

ဆန်းလျန်လည်း ကျားနက်ကြီးကို လှမ်းကြည့် လိုက်လေသည်။

"ညီမလေး… သူက ခွေးမဟုတ်ဘူးလေ…"

***

All Chapters