အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း (၁၃၇)
ဂုဏ်သိက္ခာအတွက် တိုက်ပွဲ
ဘေးတိုက်လည်ကာ ပွင့်ထွက်သွားသော တံခါးဖွင့် စနစ်မှာ ကိုနီဆက်၏ သီးသန့်ဒီဇိုင်းပင် ဖြစ်ချေသည်။ ယန်ယီအန်သည် မောင်းနှင်သူ နေရာတွင် ဝင်ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားချက်ကို ချက်ချင်း ရရှိသွားတော့သည်။ နောက်ဆုံးတော့ သူသည် ဤလက်ကိုင်ဘီးကို ထိတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် ကားစက်နှိုးလိုက်ရာ ထိပ်တန်းစူပါကား တစ်စီး၏ သီးသန့် အင်ဂျင်သံမှာ နားထဲတွင် ဟိန်းခနဲ ပြည့်နှက်သွားပြီး နားထောင်ရသည်မှာ အလွန်ပင်ကောင်းသည်။ ကိုနီဆက်သည် ထူးကဲသော စွမ်းဆောင်ရည် ရှိရုံသာမက အဆင့်မြင့် မော်တော်ယာဉ်များတွင်သာ ပါရှိသည့် နောက်ဆုံးပေါ် နည်းပညာစနစ် များစွာလည်း ပါဝင်ပေသည်။
သူသည် မြေအောက်ကားပါကင် အတွင်းမှ ကားကို အသာအယာ မောင်းထုတ်လာခဲ့ပြီး ကား၏ မောင်းနှင်ပုံ စနစ်များကို ရင်းနှီးသွားမှသာ အရှိန်မြှင့်လိုက်တော့သည်။ ဦးစွာ ဗီလာဝင်း အတွင်းရှိ လမ်းများတွင် ပတ်မောင်းကြည့်ပြီးနောက် 'ဇူးယုန်းဗီလာ' မှ ထွက်ခွာကာ ယာဉ်ကြောမကျပ်သော လမ်းမကြီးပေါ်သို့ မောင်းဝင်လိုက်လေသည်။
လမ်းပေါ်တွင် ဤငွေရောင် ထိပ်တန်း စူပါကားကြီးကို မြင်တွေ့ရသူတိုင်းမှာ ရင်သပ်ရှုမော ဖြစ်သွားကြရတော့သည်။
"ဒါ ဘာကားလဲ အရမ်းမိုက်တာပဲ"
ဟု ကားအကြောင်း သိပ်မသိသူ တစ်ဦးက မေးမြန်းလိုက်သည်။
ဘေးနားရှိ ကားဝါသနာအိုး တစ်ဦးကမူ
"ဒါကို ငါသိတာပေါ့ ကိုနီဆတ်ဝမ်းလေ၊ ထိပ်တန်းစူပါကားကြီး တန်ဖိုးက ယွမ်သန်း ၅၀ တောင် ရှိတယ်"
ဟု ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"ဘုရားရေ အဲ့ဒီလောက်တောင် ဈေးကြီးတာလား အိမ်တောင် အများကြီး ဝယ်လို့ရနေပြီ S မြို့တော်မှာ ဘယ်တုန်းက ဒီလောက် ချမ်းသာတဲ့သူတွေ များသွားတာလဲ"
"ဘယ်သူသိမှာလဲ ငါ့သူဌေးဆိုလည်း လွန်ခဲ့တဲ့ နှစ်ရက်ကမှ ယွမ်သုံးသိန်းကျော်တန် BMW တစ်စီးဝယ်ထားပြီး ငါတို့ရှေ့မှာ အတင်းကြွားနေတာ"
သူမ၏ သူဌေးသည် ကားတံဆိပ်ပါသော သော့ကို စားပွဲပေါ်တွင် မသိမသာ တင်ထားတတ်ပြီးမှ အံ့သြဟန်ဆောင်ကာ ပြန်ကောက်ရင်း
"အို... သော့ကို ဒီမှာထားခဲ့ပြန်ပြီ တစ်ခုခုကို တွေးနေရင် ကိုင်ထားတာကိုတောင် မေ့သွားတတ်တယ်"
ဟု ပြောလေ့ရှိပုံကို တွေးမိကာ သူမ စိတ်ပျက်သွားမိသည်။
"ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်နေရင်တော့ စိတ်ဆင်းရဲရတာပဲ ရှိမှာပါ"
......
ဘေးထိုင်ခုံတွင် လိုက်ပါလာသော တန်ယွီသည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေပေသည်။ သူသည် ယာဉ်မောင်းလိုင်စင် မရသေးသလို အခုချက်ချင်း ကားမောင်းသင်နိုင်လျှင်ပင် အထက်တန်း ကျောင်းသားဘဝနှင့် ကားမောင်းရန် မိသားစုက သဘောတူမည် မဟုတ်ချေ။ ထို့ကြောင့် သူသည် အထက်တန်း အောင်သည်အထိ စောင့်ဆိုင်းကာ ကားမောင်းသင်ပြီးမှသာ သူ၏ ပထမဆုံး စပို့စ်ကားလေးကို မောင်းနှင်ရမည် ဖြစ်ပေသည်။
အပြင်တွင် ခေတ္တမျှ ပတ်မောင်းပြီးနောက် ကားကို မြေအောက်ပါကင်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြသည်။
တန်ယန်သည် သူက ကားသော့ကို ပြန်ထားသည်ကို မြင်သောအခါ
"ဘာဖြစ်လို့လဲ ကားမောင်းရတာ ခက်လို့လား" ဟု သိချင်စိတ်ဖြင့် မေးလိုက်၏။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ တစ်ခေါက်လောက် စမ်းမောင်းကြည့်ရရင်ပဲ တန်နေပါပြီ ဆက်မောင်းနေလို့ တစ်နေရာရာမှာ ပွန်းသွားတာ၊ တိုက်မိတာမျိုး ဖြစ်သွားရင် ကျွန်တော် ရင်ကျိုးရပါလိမ့်မယ်"
ဟု ယန်ယီအန်က လက်ကာပြရင်း ဆိုလိုက်သည်။ ဤကဲ့သို့သော ထိပ်တန်းစူပါကား တစ်စီးကို ပြန်လည် ပြုပြင်ရသည်မှာ အလွန်ပင် ခက်ခဲလှသည်။
တန်ယန်က စဉ်းစားဟန်ဖြင့်
"ဒါနဲ့ ဘယ်ကျောင်းကိုလျှောက်ဖို့ စိတ်ကူးထားလဲ" ဟု မေးလိုက်သည်။
"ဘေကျင်း စီးပွားရေးတက္ကသိုလ်လို့ ထင်တာပဲ အရင်ကတော့ စိတ်တောင် မကူးရဲဘူး၊ ဒါပေမဲ့ အခုရတဲ့ အမှတ်နဲ့ ဆိုရင်တော့ လုံလောက်မှာပါ"
"ကောင်းပြီလေ၊ ဒါဆို ဘေကျင်းသွားတဲ့အခါ ကားတစ်စီး ဝယ်ပေးမယ်"
ယန်ယီအန်ကမူ တန်ယန်သည် ယွမ်နှစ်သိန်း ဝန်းကျင်တန်သော ကားတစ်စီးအကြောင်း ပြောနေသည်ဟုသာ ထင်မှတ်ထားသဖြင့် တွေဝေမနေဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်၏။
*
ဘေဂျင်းမြို့။
သာမန်ရုံးတက်ရက် တစ်ရက်တွင် ကျင့်မုန့်သည် ရုံးသို့ရောက်သည်နှင့် ကော်ဖီတစ်ခွက်ဖျော်ကာ သူမ၏ လုပ်ငန်းခွင် နေရာတွင် ထိုင်၍ စာမူများကို စတင် စစ်ဆေးနေလေသည်။
ထိုစဉ် ဖုန်းမြည်လာသည်။ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ သူမ မမှတ်မိသော ဒေသတွင်း ဖုန်းနံပါတ်တစ်ခု ဖြစ်နေ၏။
“ဟယ်လို”
ကျင့်မုန့်က ဖုန်းကိုကိုင်ကာ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
“အယ်ဒီတာရှောင်မုန့်လား ခင်ဗျာ”
“ဟုတ်ပါတယ်ရှင်”
“ကျွန်တော်တို့ ကျင်းဖုန်း အမြန်ချောပို့ကပါ၊ အယ်ဒီတာ့အတွက် အာမခံထားတဲ့ တန်ဖိုးကြီး ပါဆယ်တစ်ခု ရောက်နေလို့ပါ၊ အောက်ဆင်းပြီး လက်မှတ်ထိုးပေးပါဦး”
ကျင့်မုန့် ဖုန်းချလိုက်ပြီးနောက် ခဏမျှ စဉ်းစားကြည့်လိုက်ရာ တန်တာက သူမကိုပေးမည့် H တံဆိပ်အိတ် ဖြစ်ရမည်ဟု တန်းသိလိုက်သည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် အောက်ထပ်သို့ ချက်ချင်း ပြေးဆင်းကာ ပါဆယ်ကို လက်မှတ်ထိုးလိုက်တော့၏။
ပါဆယ်ထုတ်ကိုကိုင်ကာ သူမ၏ နေရာသို့ ပြန်ရောက်လာချိန်တွင် စိတ်လှုပ်ရှားမှုမှာ ၅၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီ ဖြစ်သည်။
ပါဆယ်ကို အသာအယာ ဖွင့်လိုက်ရာ H တံဆိပ်လိုဂို အကြီးကြီးပါသော ထင်ရှားသည့် ဘူးခွံလေး ထွက်လာသည်။
သူမ၏ လုပ်ဖော်ကိုင်ဖက် ရှောင်လီက လှမ်းကြည့်ကာ
“ဝါး... H တံဆိပ်အိတ်ပါလား၊ ရှောင်မုန့်... နင်တော့ ချမ်းသာသွားပြီပဲ”
ဟု အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။
ထိုအသံကို ကြားသည်နှင့် အခြား လုပ်ဖော်ကိုင်ဖက်များလည်း ကျင့်မုန့် ဘယ်အိတ်ဝယ်လိုက်သည်ကို သိလိုဇောဖြင့် ချက်ချင်း ဝိုင်းအုံလာကြတော့၏။
“တစ်ယောက်ယောက်က လက်ဆောင်ပေးတာပါ၊ ဟဲဟဲ”
ကျင့်မုန့်က ဘူးကိုဖွင့်ကာ အိတ်ထဲမှ ဆင်စွယ်မီးခိုးရောင်ရှိပြီး သားရေဖြင့် ပြုလုပ်ထားသော ရွှေရောင်သတ္တု အဆင်တန်ဆာများ ပါဝင်သည့် လက်ရာမြောက် အိတ်လေးကို ထုတ်ယူကာ စားပွဲပေါ်သို့ အသာအယာ တင်လိုက်သည်။
“ကြည့်ပါဦး... အရမ်းလှတာပဲ၊ သားရေသားကလည်း ရှယ်ပဲဟေ့”
ဟု လုပ်ဖော်ကိုင်ဖက်ဘီက ရေရွတ်လိုက်၏။
“ဒီအိတ်က ဘယ်လောက်တန်လို့လဲ”
ဟု အခြားအမျိုးသား လုပ်ဖော်ကိုင်ဖက် တစ်ဦးက စပ်စုလိုက်ရင်း
“မင်းတို့ကလည်း မမြင်ဖူးသလိုမျိုး ဖြစ်နေကြတာပဲ” ဟု ဆိုသည်။
ရှောင်လီက သူ့ကို စိတ်မရှည်သလို ကြည့်လိုက်ကာ
“ဒါက H တံဆိပ်အိတ်လေ၊ ဒီအိတ်က တစ်သောင်းကျော် တန်တာဟ၊ နင်က ငါတို့ကို မမြင်ဖူးသလို ဖြစ်နေတယ် ပြောရသေးတယ်၊ နင်ရော မြင်ဖူးလို့လား”
ဟု ပြန်ပြောလိုက်လေသည်။
“ဟိုက်”
ထိုအမျိုးသား လုပ်ဖော်ကိုင်ဖက်မှာ အံ့သြသွားကာ
“လက်ဖဝါးလောက်ပဲရှိတဲ့ အိတ်လေးက တစ်သောင်းကျော်တောင် တန်သလား”
ဟု မေးလိုက်၏။
“နင်က ဘာသိမှာလဲ၊ ဒါကြောင့်လည်း နင်အခုထိ ရည်းစားမရသေးတာပေါ့”
“ဒါပေမဲ့ ဒီကိစ္စက လူပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ အထိတော့ မဖြစ်သင့်ဘူးလေ”
“နင့်ကို ရှည်ရှည်ဝေးဝေး မပြောချင်တော့ဘူး၊ နောက်မှ နင့်ရည်းစား ဖြစ်လာမယ့်သူ ဆုံးမတာကိုပဲ စောင့်ပေတော့”
ရှောင်လီက ထိုအမျိုးသား လုပ်ဖော်ကိုင်ဖက်ကို ဆက်ပြီး အဖက်မလုပ်ချင်တော့ပေ။ သူက အလွန်အမင်း ကပ်စေးနည်းသူဖြစ်ရာ အသင့်ဖျော် ကော်ဖီတစ်ထုပ် ဝယ်ဖို့ကိုတောင် အတော်ကြာအောင် တွက်ချက်နေတတ်ပြီး လုပ်ဖော်ကိုင်ဖက်ဆီက အလကားရနိုင်လျှင် ဘယ်တော့မှ ကိုယ်တိုင်ဝယ်သောက်သည့်သူ မဟုတ်ပေ။ ဤကဲ့သို့သော အမျိုးသားမျိုးကို ရည်းစားတော်ရသည့် မိန်းကလေးမှာတော့ တကယ်ကို ကံဆိုးမည့်သူပင် ဖြစ်၏။
“ရှောင်မုန့်... နင့်မှာ ဒီလောက်ချမ်းသာတဲ့ သူငယ်ချင်း ရှိတာလား၊ ကံကောင်းလိုက်တာဟာ”
လုပ်ဖော်ကိုင်ဖက်စီက ကျင့်မုန့်၏ သူငယ်ချင်းနှင့်သာ သူမသူငယ်ချင်းကို လဲလှယ်နိုင်လျှင် ကောင်းမည်ဟု တွေးတောရင်း မနာလိုဖြစ်စွာ ပြောလိုက်လေသည်။
“သူ့ရည်းစားများလား”
ဟု အခြားတစ်ယောက်က ခန့်မှန်းကြည့်သည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မိန်းကလေး သူငယ်ချင်းပါ၊ ကဲ... အားလုံး အလုပ်ပြန်လုပ်ကြတော့၊ မဟုတ်ရင် အယ်ဒီတာချုပ် လာဆူလိမ့်မယ်”
ကျင့်မုန့်သည် သူမ၏အိတ်ကို သိမ်းလိုက်ပြီး အလုပ်ကို ခပ်သွက်သွက် ဆက်လုပ်နေလိုက်တော့၏။
နောက်ဆုံးတွင် ရုံးဆင်းချိန်သို့ ရောက်ရှိလာသည်။ ကျင့်မုန့်သည် ပစ္စည်းများကို သိမ်းဆည်းကာ H တံဆိပ် လက်ဆောင်ဘူးကိုဆွဲ၍ အိမ်သို့အမြန် ပြန်လာခဲ့သည်။
အိမ်သို့ရောက်သောအခါ အိတ်ကိုထုတ်၍ ရတနာတစ်ခုလို အချိန်အတော်ကြာအောင် ကြည့်ရှု စစ်ဆေးပြီးနောက် အိတ်ပုံများနှင့် သူမလွယ်ထားသည့် ပုံများကို ဓာတ်ပုံရိုက်လိုက်လေသည်။ ထို့နောက် တန်ယန်ထံသို့ လိုင်းမှတစ်ဆင့် မက်ဆေ့ပို့လိုက်၏။
ကျင့်မုန့် - (ဓာတ်ပုံ ၃ ပုံ) “အိတ်လေး ရောက်ပြီနော် ကျေးဇူးအများကြီး တင်ပါတယ် သူဌေးမလေးရေ”
မက်ဆေ့ပို့ပြီးသော်လည်း တန်ယန်ဘက်မှ အချိန်အတော်ကြာအောင် ပြန်စာမလာပေ၊ အလုပ်ရှုပ်နေ၍ ဖြစ်ဟန်တူသည်။ ကျင့်မုန့်သည် WeChat Moments တွင်
“တန်ယန်ကျေးဇူးကြောင့် ပထမဆုံးရဖူးတဲ့ Hermès အိတ်လေး”
ဟူသော စာသားနှင့်အတူ ဓာတ်ပုံတစ်ပုံ တင်လိုက်လေသည်။
【 အားကျလိုက်တာ ငါလည်း တန်တာလိုမျိုး စာရေးဆရာ တစ်ယောက်လောက် ရချင်လိုက်တာ ငိုနေတဲ့ပုံ 】
【 မိုက်တယ်၊ လှတယ်ဟေ့】
【 ဟေး... အလယ်တန်းကျောင်းတုန်းက သူငယ်ချင်း၊ အဆင်ပြေနေတာပဲနော် တစ်ရက်လောက် အတူတူ ထမင်းစားကြရအောင် 】
【 မုန့်မုန့်ကတော့ လန်းနေပြီ အိတ်လေးက တကယ်လှတာပဲ၊ ဘယ်လောက်တန်လဲဟင် 】
WeChat Moments တွင် မှတ်ချက်များစွာ တက်လာသည်ကို မြင်ရသောအခါ ကျင့်မုန့်၏စိတ်လေး ကျေနပ်သွားရသည်။ အချိန်အတော်ကြာ အဆက်အသွယ် မရှိဘဲ ယခုမှ ရုတ်တရက် ပေါ်လာကြသော ကျောင်းနေဖက်များနှင့် သူငယ်ချင်းများကိုမူ သူမ ပြန်စာမပို့တော့ပေ။
ထိုအခိုက်အတန့်တွင် သူမသည် ‘ဆင်းရဲလျှင် စည်ကားသည့် မြို့လယ်တွင်ပင် အဖော်မဲ့တတ်ပြီး၊ ချမ်းသာလျှင်မူ တောတောင်နက်ထဲတွင် ရှိသော်လည်း ဝေးကွာသော ဆွေမျိုးများပင် ရောက်လာတတ်သည်’ ဟူသော စကား၏ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားမိသည်။ ထို့ပြင် တစ်နေ့တွင် မိမိကိုယ်တိုင် H တံဆိပ်အိတ်ကို ဝယ်နိုင်စေရန် ကြိုးစားပန်းစား အလုပ်လုပ်၍ ပိုက်ဆံရှာမည်ဟုလည်း ဆုံးဖြတ်ချက် ချလိုက်လေသည်။
ကျင့်မုန့်၏ မက်ဆေ့ကို တွေ့သောအခါ တန်ယန်က
“နင်သဘောကျတယ် ဆိုရင်ပဲ ကျေနပ်ပါတယ်”
ဟု အေးအေးလူလူပင် ပြန်စာပို့လိုက်၏။
ဤအားလပ်ရက်အတွင်း တန်ယန်သည် သူမ၏ နေ့ရက်များကို စာရေးခြင်း၊ ပီယာနိုတီးခြင်းနှင့် စာဖတ်ခြင်းတို့ဖြင့် ကုန်ဆုံးစေခဲ့သည်။ ထို့အပြင် ကျန်ရှိနေသော အချိန်များကို အသုံးပြု၍ ကားမောင်းသင်တန်း တက်ခဲ့ရာ နောက်ဆုံးတွင်တော့ ကားမောင်းလိုင်စင် ရရှိသွားခဲ့ပြီ ဖြစ်ပေသည်။
အားလပ်ရက် မကုန်ဆုံးမီမှာပင် သူမ၏ ယခင်ဘဝက တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်ကျော်ကြားခဲ့သည့် "စစ်ပွဲ၏ဂုဏ်အသရေ" အမည်ရှိ 5V5 မိုဘိုင်းဂိမ်းသည် အစမ်းစစ်ဆေးသည့် ဘီတာဗားရှင်းအဖြစ် စတင်ထွက်ရှိလာခဲ့ပြီ ဖြစ်သည်။
သန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားသော အဓိကရှယ်ယာရှင် တစ်ဦးဖြစ်သည့် အားလျော်စွာ တန်ယန်သည် အဆိုပါဂိမ်းကို စတင်ဆော့ကစားခွင့် ရရှိခဲ့သည်မှာ အထူးအဆန်း မဟုတ်ပေ။
အထက်တန်း ကျောင်းဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးနောက် အိမ်မှာပင် အပျင်းဖြေနေသည့် တန်ယွီသည် တန်ယန်တစ်ယောက် ဈေးကွက်ထဲတွင် မရှိသေးသော ဂိမ်းတစ်ခုကို ဆော့ကစားနေသည်ကို သတိပြုမိသွားသည်။ ဂိမ်းအပေါ် ဝါသနာပါသူပီပီ သူသည် အသေအချာ အကဲခတ် ကြည့်ရှုပြီးနောက် ၎င်းမှာ 5V5 မျှော်စင်ကာကွယ်ရေး ပြိုင်ပွဲအမျိုးအစား မိုဘိုင်းဂိမ်းဖြစ်ကြောင်း သိရှိသွားလေ၏။
အဆိုပါဂိမ်းကို အနီရောင်အသင်းနှင့် အပြာရောင် အသင်းဟူ၍ နှစ်ဖွဲ့ခွဲထားပြီး အသင်းတစ်သင်းချင်းစီတွင် ကဏ္ဍငါးခု (၅ မျိုး) ပါဝင်သည်။ ပြိုင်ဘက်အသင်း၏ ခရစ္စတယ်ကို အရင်ဆုံး ဖျက်ဆီးနိုင်သည့် အသင်းက အနိုင်ရရှိမည် ဖြစ်ပေသည်။
တန်ယန်သည် မြေခွေးစုန်းမလေး ဇာတ်ကောင်မှာ လှပသည်ဟု ထင်ရသဖြင့် ၎င်းကိုပင် ရွေးချယ်၍ ဂိမ်းထဲသို့ ဝင်လိုက်သည်။
"ဘုရင်များ၏ ဘုန်းအသရေ" ဂိမ်းတွင် 'အပျော်ဆော့မုဒ်' နှင့် 'အဆင့်သတ်မှတ်ချက်မုဒ်' ဟူ၍ ပုံစံနှစ်မျိုး ပါဝင်၏။ အပျော်ဆော့မုဒ်မှာ အမည်အတိုင်းပင် ပေါ့ပေါ့ပါးပါး ဆော့ကစားရန်ဖြစ်ပြီး အဆင့်သတ်မှတ်ချက် မုဒ်မှာမူ ကစားသမားများအကြား အဆင့်များ သတ်မှတ်သည့် အွန်လိုင်းလိဂ်ပြိုင်ပွဲ ဖြစ်သည်။
အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ သတ်မှတ်ထားသော အဆင့်များမှာ - ကြေး၊ ငွေ၊ ရွှေ၊ ပလက်တီနမ်၊ စိန်၊ ကြယ်နှင့် ဘုရင်တို့ ဖြစ်ကြသည်။ ဘုရင်အဆင့်သို့ ရောက်ရှိသွားပါက ကြယ်ပွင့်များကို ဆက်လက် စုဆောင်းနိုင်ပြီး ကြယ်ပွင့် ၅၀ ရရှိလျှင် 'မဟာဘုရင်' အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ကာ အမြင့်ဆုံး အဆင့်မှာ ကြယ်ပွင့် ၁၀၀ ရှိသော မဟာဘုရင် အဆင့်ပင် ဖြစ်ပေသည်။
အခန်း (၁၃၈)
ဂိမ်းအတွေ့အကြုံ
ဂိမ်းထဲသို့ စတင် ဝင်ရောက်သည်နှင့် ပထမဆုံး အဆင့်မှာ ဟီးရိုးရွေးချယ်ခြင်း ဖြစ်သည်။ အသင်းတစ်သင်းအတွင်း ဟီးရိုးတစ်မျိုးတည်းကို နှစ်ယောက်ခွဲ၍ ရွေးချယ်၍ မရပေ။ ဆိုလိုသည်မှာ မိမိတို့ အသင်းမှ တစ်ယောက်ယောက်က မြေခွေးစုန်းမလေးကို ရွေးချယ်လိုက်ပါက ကျန်ရှိသော ကစားသမား လေးဦးမှာ ၎င်းကို ထပ်မံရွေးချယ်၍ မရတော့ဘဲ အခြား ဟီးရိုးများကိုသာ ရွေးချယ်ရမည် ဖြစ်သည်။
လူတိုင်း ဟီးရိုးရွေးချယ်ပြီးပါက ဂိမ်းမြေပုံကို စတင်တင်ပေးပြီး မြေပုံထဲသို့ ရောက်ရှိသွားမည် ဖြစ်၏။
တစ်ဖက်စီတွင် လမ်းကြောင်းသုံးသွယ်စီ ရှိကြရာ ၎င်းတို့မှာ အပေါ်လမ်း၊ အလယ်လမ်းနှင့် အောက်လမ်းတို့ ဖြစ်ကြသည်။ အလယ်လမ်းမှာ စုန်းမများအတွက် ဖြစ်ပြီး အပေါ်လမ်းမှာ ထိပ်တိုက် ရင်ဆိုင်ရသောလမ်း ဖြစ်ကာ ယေဘုယျအားဖြင့် ဘေးလမ်းဟု ခေါ်ဆိုကြသည်။ အောက်လမ်းမှာမူ တိုက်ခိုက်ရေးသမားများ ပစ္စည်းတက်အောင် စုဆောင်းရသည့်လမ်း ဖြစ်သည်။
အလယ်လမ်းနှင့် ဘေးလမ်းများ အကြားရှိ တောအုပ်ဧရိယာကို 'ဘလူးဘပ်' နယ်မြေဟု ခေါ်ဆိုပြီး အလယ်လမ်းနှင့် အောက်လမ်းအကြားရှိ တောအုပ်ဧရိယာကို 'ရက်ဒ်ဘပ်' နယ်မြေဟု ခေါ်ဆိုကာ ၎င်းတို့ကို နှစ်ဖက်စလုံးမှ 'ဂျန်ဂလာ' များက တာဝန်ယူရသည်။
ကျန်ရှိသော အသင်းဖွဲ့စည်းပုံမှာ လှည့်လည် ကူညီပေးရသည့် 'ထောက်ပံ့' ကဏ္ဍပင်ဖြစ်၏။ ထောက်ပံ့ဟီးရိုးများကို သွေးထူသော တန်ကီထောက်ပံ့နှင့် အထောက်အကူပေးသော အန်ချန်တာဟူ၍ နှစ်မျိုးခွဲထားသည်။ သွေးထူသော တန်ကီထောက်ပံ့များကို ယေဘုယျအားဖြင့် အရှေ့မှ ခံပေးသူများဟု ခေါ်ဆိုကြပြီး ၎င်းတို့သည် ရှေ့တန်းမှနေ၍ တိုက်ခိုက်မှုဒဏ်ကို ခံယူပေးရသည့် ဟီးရိုးများ ဖြစ်ကြသည်။ အန်ချန်တာထောက်ပံ့များမှာမူ အဓိကအားဖြင့် အသင်းဖော်များကို စွမ်းဆောင်ရည် မြှင့်တင်ပေးသော ဘပ်များပေးသည့် ဟီးရိုးများ ဖြစ်ကြ၏။
မြေခွေးစုန်းမလေးဖြင့် နှစ်ပွဲခန့် ဆော့ပြီးနောက် တန်ယန်သည် မိမိကိုယ်ကိုယ် ယုံကြည်မှုများ အပြည့်ရှိနေခဲ့သည်။ နောက်တစ်ပွဲအစတွင် သူမသည် မြေခွေးစုန်းမလေးကိုပင် ချက်ချင်း ရွေးချယ်လိုက်လေသည်။
ဂိမ်းထဲရောက်သည်နှင့် သူမသည် ထုံးစံအတိုင်း အလယ်လမ်းရှိ လမ်းလျှောက်လာသော စစ်သည်များကို စတင် ရှင်းလင်းတော့၏။ တစ်ဖက် အသင်းတွင်လည်း မြေခွေးစုန်းမတစ်ယောက် ပါရှိပြီး ၎င်းနောက်တွင် လူတစ်ကိုယ် နွားတစ်ကိုယ် ထောက်ပံ့တစ်ယောက်က ကပ်ပါလာသည်။
တန်ယန်မှာ ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို မည်သို့ရှောင်ရမည်ကို မသိသောကြောင့် နှစ်ယောက်တစ်ယောက် အနေအထားတွင် လျင်မြန်စွာပင် အသတ်ခံလိုက်ရသည်။ ထို့နောက် ရန်သူ့စုန်းမနှင့် ထောက်ပံ့မှာ အောက်လမ်းသို့ သွားရောက် ကူညီကြလေသည်။ သူမတို့ အသင်းမှ တိုက်ခိုက်ရေး သမားမှာလည်း ရန်သူ့မြေခွေးစုန်းမ၏ တိုက်ခိုက်မှု ပေါင်းစပ်မှုအောက်တွင် အထိန်းချုပ်ခံရပြီး ထပ်မံ အသတ်ခံလိုက်ရပြန်ရာ စိတ်မရှည်နိုင်တော့ဘဲ အများမြင်ကွင်းတွင် ဆဲဆို ဝေဖန်တော့၏။
(မှတ်ချက် - ကျွန်ုပ်တို့အသင်း + ဟီးရိုးအမည် + ဟီးရိုးအမျိုးအစား။ ဟီးရိုးအမည်များမှာ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သဖြင့် နားလည်လွယ်စေရန် ဟီးရိုးအမျိုးအစားကို အထက်တွင် ဖြည့်စွက်ပေးထားပါသည်)
【ကျွန်ုပ်တို့အသင်း】 တိုက်ခိုက်ရေးသမား - "မိတ်ချ် ... နင်ဘာဖြစ်နေတာလဲ၊ ရန်သူ့မိတ်ချ်က အောက်လမ်းကို ဘယ်နှစ်ခါတောင် လာကူပြီးပြီလဲ၊ နင်က တစ်ခါမှလည်း မလာဘူး၊ အချက်ပြတာလည်း မလုပ်ဘူး၊ ငါဘယ်လိုလုပ် ပစ္စည်းတက်အောင် ဆော့ရမှာလဲ"
【ကျွန်ုပ်တို့အသင်း】 ရီဝိုင်း - "ဟုတ်ပ၊ သူများကို မကူညီနိုင်ဘဲနဲ့ ဘာလို့ အလယ်လမ်းမှာ ဆော့နေတာလဲ"
ထိုအချိန်တွင် တန်ယန်၏ ရမှတ်မှာ ၀-၅-၀ ဖြစ်နေ၏။ ပြိုင်ဘက်ကို ရှုံးနိမ့်နေရသဖြင့် စိတ်ပျက်နေရသည့်အထဲ အသင်းဖော်များ၏ ဆူပူ ကြိမ်းမောင်းခြင်းကိုပါ ခံလိုက်ရသောအခါ သူမ၏စိတ်မှာ တကယ်ကို ဆိုးရွားသွားရသည်။
"မမ... ကျွန်တော် ကူဆော့ပေးရမလား"
တန်ယန်၏မျက်နှာ ညိုမည်းသွားသည်ကို မြင်သောအခါ တန်ယွီက ချက်ချင်းပင် ဝင်ရောက်ကူညီရန် ကမ်းလှမ်းလိုက်၏။
တန်ယန်က စိတ်တိုတိုဖြင့် သူမ၏ဖုန်းကို သူ့ဆီသို့ ပစ်ပေါက်လိုက်ပြီး ရင်ထဲမှာတော့ တင်းနေမိသည်။
【အရှင်ရေ စိတ်မဆိုးပါနဲ့ဦး ဂိမ်းကျွမ်းကျင်မှုတွေကို အားကျနှစ်သက်မှု ရမှတ်တွေနဲ့ လဲလှယ်လို့ ရပါတယ်】
【ဟင် ဒါမျိုးတွေက ဘယ်တုန်းကစပြီး လဲလို့ရသွားတာလဲ】
【အဲဒါကတော့... စနစ်ရဲ့ ဈေးဆိုင်ထဲမှာ လဲလှယ်လို့ရတဲ့ ပစ္စည်းတွေကို အမြဲတမ်း အပ်ဒိတ် လုပ်ပေးနေတာမို့လို့ သတိထား ကြည့်ပေးပါဦးနော်】
တန်ယန် စနစ်၏ လဲလှယ်ရေးဆိုင်ကို ဖွင့်ကြည့်လိုက်သောအခါ စာရင်း၏ နောက်ဆုံးတွင် 【ကျွမ်းကျင်မှု】 ဆိုသည့် ကဏ္ဍသစ်တစ်ခု တိုးလာသည်ကို တွေ့လိုက်ရသည်။ သူမ ထို ကျွမ်းကျင်မှု ကဏ္ဍကို နှိပ်ကြည့်လိုက်ရာ ဂိမ်းကျွမ်းကျင်မှု စာရင်းထဲတွင် "စစ်ပွဲ၏ဂုဏ်အသရေ" ဂိမ်းကို ရှာတွေ့သွားသည်။
"စစ်ပွဲ၏ဂုဏ်အသရေ" ဂိမ်းတွင် ကျွမ်းကျင်မှု အဆင့်ကို အခြေခံ၊ အလတ်တန်းနှင့် အဆင့်မြင့်ဟူ၍ သုံးမျိုး ခွဲခြားထားသည်။ အခြေခံ အဆင့်အတွက် အားကျစရာ အမှတ်များ ၁ သန်း၊ အလတ်တန်းအတွက် ၅ သန်းနှင့် အဆင့်မြင့် အတွက်မူ ၁၀ သန်းအထိ ပေးရမည် ဖြစ်သည်။
တန်ယန်မှာ သူမ၏ အားကျစရာ အမှတ်များ နေရာတွင် ရှိနေသော သုညအမြောက်အမြားကို ကြည့်ပြီး မျက်လုံးအပြူးသား ဖြစ်သွားရသည်။ ဒီကျွမ်းကျင်မှုက ဘာလို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ။
【တကယ်ပဲ... ဒါက လွန်လွန်းတယ်လေ ဂိမ်းကျွမ်းကျင်မှု တစ်ခုက ဘာလို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ】
သူမသည် ဂိမ်းကျွမ်းကျင်မှု မီနူးမှထွက်ပြီး အခြားလဲလှယ်နိုင်သည့် ကျွမ်းကျင်မှုများကို ဖွင့်ကြည့်လိုက်သည်။ ကားမောင်းကျွမ်းကျင်မှုတောင်မှ အားကျစရာအမှတ် ၅ သိန်းသာ ပေးရသည်မို့ စနစ်၏ ဈေးနှုန်း သတ်မှတ်ချက်က စိတ်ထင်သလို လုပ်ထားခြင်း ဖြစ်မည်ဟု သူမ သံသယ ဝင်သွားသည်။
【အရှင်ရေ၊ ဒီဈေးနှုန်းတွေကို စနစ်က တိတိကျကျ တွက်ချက်ထားတာပါ "စစ်ပွဲ၏ဂုဏ်အသရေ" ဂိမ်းက စတင် မိတ်ဆက်ပြီးကတည်းက အပ်ဒိတ်ပေါင်းများစွာ ရှိလာဦးမှာပါ အရှင်အနေနဲ့ တစ်ကြိမ်ပဲ လဲလှယ်ရုံနဲ့ အဲဒီ ကျွမ်းကျင်မှုတွေကို ထာဝရ ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်】
【ဆိုလိုတာက အခု ငါလဲလိုက်တဲ့ ကျွမ်းကျင်မှုတွေက ဂိမ်းထဲမှာ အပ်ဒိတ်တွေ ထွက်လာရင် အလိုအလျောက် လိုက်ပြီး အဆင့်မြင့်သွားမယ်ပေါ့၊ ဟုတ်လား】
【ဟုတ်ပါတယ်ရှင်】
【ဒါပေမဲ့ ငါ့မှာ အဆင့်မြင့် ကျွမ်းကျင်မှုကိုလဲဖို့ အားကျမှုအမှတ် မလောက်သေးဘူးလေ】
【ဒါပေမဲ့ အရှင့်ဆီမှာ အားကျမှုအမှတ် ၇.၉၉ သန်း ရှိနေပြီပဲဟာ အရှင်စုထားတဲ့ ကံစမ်းမဲ သေတ္တာတွေကို အရင် သုံးကြည့်မလားဟင်】
【အင်း... အခု သေတ္တာဘယ်နှစ်လုံး ရှိပြီလဲ】
【စုစုပေါင်း ၁၄၇ လုံး ရှိပါတယ်ရှင်】
【 ကောင်းပြီလေ... ဒါဆို ကံစမ်းမဲ နှိုက်ကြတာပေါ့ 】
【 ဟုတ်ကဲ့ပါခင်ဗျာ ဂုဏ်ယူပါတယ် အရှင်... အရှင်အနေနဲ့ အောက်ပါ ဆုလာဘ်တွေကို ရရှိသွားပြီ ဖြစ်ပါတယ် - ထိပ်တန်းပြိုင်ကား မောင်းနှင်ခြင်း ကျွမ်းကျင်မှု၊ ဖူကျားလေလံပွဲ ဖိတ်စာ (၁) စောင်၊ ထိပ်တန်း လူမှုဆက်ဆံရေးကတ် (၁) ကတ်၊ အဆင့်မြင့် လူမှုဆက်ဆံရေးကတ် (၁၀) ကတ်၊ H မြို့ တော် အနောက်ဘက် ဆင်ခြေဖုံးရှိ မြေကွက်တစ်ကွက်၊ ကန်ချိန်ရှိ ရှီးထင်အဆောက်အဦး ပိုင်ဆိုင်ခွင့်၊ အားကျမှုအမှတ် ၃ သန်း၊ 'ဧဝ၏ သွေးဆောင်မှု' ဝတ်စုံဒီဇိုင်းများ၊ အပြစ်အနာအဆာ ကင်းစင်သည့် ကျောက်စိမ်းပြားတစ်စုံ၊ သစ္စာစောင့်သိမှုကတ် ၃၁ ကတ်၊ ဇိမ်ခံကား ၁၂ စီး၊ ဘေကျင်းဆင်ခြေဖုံးရှိ ဗီလာတစ်လုံး၊ ရန်ရှင်းဆေးရုံ ပိုင်ဆိုင်ခွင့်၊ ဆရာကြီးရှောင်ကျဲရှီ၏ လက်ရေးမူတစ်ခု၊ H မြို့တော် ယန်ဇီမြစ် တောင်ဘက်ကမ်းရှိ နံပါတ် (၁) ဗီလာ နှင့် ဘေကျင်း ဂရင်းတောင်းဂါးဒင်းရှိ အိမ်ရာယူနစ် ၂၅ ခုတို့ပဲ ဖြစ်ပါတယ် 】
【 ငါ့ကို ဒီ 'အားကျမှုအမှတ် ၃ သန်း' တမင်တကာ ပေးလိုက်တာမလားလို့ သံသယရှိနေတယ်၊ ငါ့မှာ သက်သေလည်း ရှိတယ်နော်】
ယိတျန်တျန် : ... 【 အရှင်... စစ်ပွဲ၏ဂုဏ်အသရေရဲ့ အဆင့်မြင့် ကျွမ်းကျင်မှုတွေနဲ့ လဲလှယ်ချင်ပါသလား 】
【 လဲလိုက်မယ် 】
【 ဟုတ်ကဲ့ပါ အရှင်... ကျွမ်းကျင်မှု လဲလှယ်ခြင်း အောင်မြင်သွားပါပြီ】
ကျွမ်းကျင်မှု လဲလှယ်ခြင်း အောင်မြင်သွားပြီ ဆိုသည့်အသံကို ကြားလိုက်ရချိန်မှာ တန်ယန့်အနေနဲ့ ထူးခြားမှု တစ်ခုခုကို သတိမထားမိသေးချေ။ ထို့ကြောင့် သူမသည် တန်ယွီဆီမှ ဖုန်းကိုယူကာ စမ်းသပ် ကစားကြည့်ရန်အတွက် ဂိမ်းအသစ် တစ်ခုကို စတင်လိုက်လေသည်။
"အစ်မ... ကျွန်တော့်အတွက်လည်း ဘီတာ အစမ်းဝင်ခွင့်လေး တစ်ခုလောက် လုပ်ပေးလို့ ရမလားဟင်" တန်ယွီက မျှော်လင့်ချက်အပြည့် တောင်းဆိုနေသည့် အကြည့်များဖြင့် သူမကိုကြည့်ကာ ပြောလိုက်သည်။
"အေးအေး... ခဏစောင့်ဦးလေ"
တန်ယန်သည် ဂိမ်းထဲမှ အရင်ဆုံး ပြန်ထွက်လိုက်ပြီး တီမီစတူဒီယိုထံမှ တန်ယွီအတွက် ဘီတာ အစမ်းအကောင့်တစ်ခု တောင်းပေးလိုက်သည်။ ထို့နောက်မှ ဂိမ်းကိုပြန်ဖွင့်ကာ ရစ်ဖ်ထဲရှိ အဆင့်မြင့် ကျွမ်းကျင်မှုများ၏ ထူးခြားဆန်းပြားမှုကို စတင် ခံစားကြည့်ပါသည်။
ဘီတာ အစမ်းအကောင့် ရသွားသည့်အခါ တန်ယွီတစ်ယောက် ပျော်ရွှင်စွာဖြင့် ဂိမ်းထဲသို့ ဝင်ရောက် ကစားလေတော့၏။
တန်ယန်သည်လည်း ပွဲအသစ်တစ်ခုကို စတင်လိုက်ရာ ခဏချင်းမှာပင် ဟီးရိုးရွေးချယ်သည့် နေရာသို့ ရောက်ရှိသွားသည်။ ပထမဆုံး ရွေးချယ်ခွင့် ရသူက မာ့ခ်မန်းနေရာကို ချက်ချင်း ယူလိုက်၏။ ၎င်းမှာ ရွေ့လျားမှု နှေးကွေးပြီး အခုအခံပိုင်း အားနည်းသော်လည်း ပွဲနောက်ပိုင်း ရောက်မှသာ အထောက်ပံ့၏ အကူအညီဖြင့် အစွမ်းပြနိုင်မည့် ဟီးရိုးမျိုးဖြစ်သည်။
သို့သော်လည်း ဒုတိယမြောက် ရွေးချယ်သူမှာ ဘတ်ဖ်ပေးရုံသာ တတ်နိုင်သည့် အန်ချန်တာ အထောက်အပံ့ ဖြစ်နေပြီး တတိယနှင့် စတုတ္ထမြောက်သူများမှာ မာ့ဂျ်များ ဖြစ်နေကြသည်။ ထို့ကြောင့် တန်ယန်က ဂျန်ဂလာ နေရာကို ဝင်ယူပေးလိုက်ရသည်။
ဂိမ်းပွဲသည် တရားဝင် စတင်ခဲ့ပြီဖြစ်၏။ သူမသည် သွားလာလှုပ်ရှားမှု လျင်မြန်သည့် ဂျန်ဂလာ တစ်ကောင်ကို ရွေးချယ်လိုက်သည်။ ရန်သူ့ဘက်မှ ဂျန်ဂလာမှာ ဒတ်ရှ်သုံး၍မရသည့် ဟီးရိုးမျိုး ဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူမသည် ရန်သူ့ဘက်က အပြာရောင်ဘတ်ဖ် ဧရိယာထဲသို့ အသာလေး ဝင်မွှေကာ အပြာရောင်ဘတ်ဖ်ကို ခိုးယူလိုက်သည်။ ထို့နောက် သူမ၏ အနီဘတ်ဖ်ကို ပြန်ယူပြီးနောက် အောက်လမ်းရှိ ရန်သူ့ မာ့ခ်မန်းကို သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
ရန်သူ့ဘက်မှ မာ့ခ်မန်းကို သတ်ဖြတ်ပြီး နောက်တွင်မှ ရန်သူ့ဂျန်ဂလာသည် ၎င်း၏ အနီရောင်ဘတ်ဖ်ကို ယူပြီး ရောက်ရှိလာလေသည်။ သို့သော်လည်း သူ၏ အပြာရောင်ဘတ်ဖ် နယ်မြေမှာတော့ တန်ယန်၏ လက်ချက်ဖြင့် ပြောင်သလင်းခါနေခဲ့ပြီ ဖြစ်၏။ ထို့အပြင် ၎င်းတို့ဘက်မှ အောက်လမ်း မာ့ခ်မန်းမှာလည်း ပထမသွေးကို ပေးလိုက်ရပြီဖြစ်ရာ ရန်သူ့ဂျန်ဂလာမှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ လမ်းလယ်သို့သွားကာ မီနီယွန်များ သတ်ဖြတ်၍သာ အမှတ်ရှာရတော့သည်။
ထိုအချိန်တွင် တန်ယန်မှာမူ သူမ၏ ဟီးရိုးကို ဘေးလမ်းသို့ ရွှေ့ပြောင်းပြီးဖြစ်ကာ ထိုလမ်းရှိ ကစားဖော်ကို နှစ်ကြိမ်တိုင်တိုင် ကူညီတိုက်ခိုက်ပေးခဲ့ပြီး ပထမတာဝါကိုပါ ဖြိုချပေးလိုက်လေသည်။ ထို့ကြောင့် ဘေးလမ်းကစားသမားမှာ လမ်း၌ပင် ပိတ်မိမနေတော့ဘဲ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားကာ အခြားသူများကို ကူညီပံ့ပိုး ပေးနိုင်သွားတော့၏။
နှစ်ဖက်အသင်းကြား စီးပွားရေး ကွာဟချက်မှာ ပိုမိုကြီးမားလာပြီး တန်ယန်၏ ဂျန်ဂလာမှာ ရန်သူ့တောအုပ်ထဲသို့ လူသူမရှိသည့် ကွင်းပြင်ကဲ့သို့ စိတ်တိုင်းကျ ဝင်ထွက် သွားလာနေသည်။ နောက်ဆုံး ၁၅ မိနစ် အတွင်းမှာပင် ရန်သူ့ ခရစ်စတယ်ကို အလွယ်တကူ ဖျက်ဆီးကာ အနိုင်ရရှိသွားလေ၏။
တန်ယန်သည် ဟီးရိုးတစ်ကောင်ချင်းစီကို စမ်းသပ်ကစားကြည့်ပြီး ကြုံတွေ့ရသည့် အခက်အခဲများကို မှတ်တမ်းတင်ကာ တီမီစတူဒီယိုထံသို့ ပေးပို့ခဲ့သည်။ သို့မှသာ ၎င်းတို့အနေဖြင့် ဂိမ်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည် ဖြစ်၏။
တန်ယန်၏ အကူအညီကြောင့် ဂိမ်းစမ်းသပ်ရသည့် ကာလမှာ များစွာ တိုတောင်းသွားခဲ့ပြီး နောက်ဆုံး တစ်ပတ်အကြာတွင် "ဂုဏ်ကျက်သရေတိုက်ပွဲ" ကို တရားဝင် စတင်ဖြန့်ချိနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် တန်ယန်သည် ၂၀ လက်မအရွယ် ခရီးဆောင် လက်ဆွဲအိတ်လေးကို ယူဆောင်ကာ ဘေကျင်းသို့ ဦးတည်မည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့ပြီ ဖြစ်သည်။ သူမအနေဖြင့် ကိုယ်ပိုင်လေယာဉ်ကို အသုံးမပြုခဲ့ခြင်းမှာ ခရီးကလည်း မဝေးလှသည့်အပြင် အပိုအလုပ်တွေ ရှုပ်မခံချင်သောကြောင့် ဖြစ်သည်။
သူမသည် မိမိကိုယ်တိုင်နှင့် ယန်ယီအန်အတွက် ပထမတန်းစား လက်မှတ်များကို ကြိုတင်မှာယူခဲ့သည်။ ယန်ယီအန်ကလည်း ခရီးဆောင်အိတ်များကို သယ်ယူပေးရင်း အမျိုးသားတစ်ဦး၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေလေ၏။
"ယန်ယန်... နင့်ရဲ့ ခရီးဆောင်အိတ်က ဒါပဲလား"
ယန်ယီအန်က ရှေ့က အိတ်ငယ်လေးကိုကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူ၏ စိတ်ကူးထဲတွင်တော့ မိန်းကလေးများ ခရီးသွားလျှင် အိမ်တစ်အိမ်လုံးစာနီးပါး ပစ္စည်းများ အထုတ်အပိုးဖြင့် သယ်လာတတ်ကြသည်ဟု ထင်ထားခဲ့သည်။
"ငါက ဘေကျင်းမှာ အိမ်ရှိတယ်၊ အကုန်လုံးက အဲ့ဒီမှာ ရှိပြီးသားပဲလေ ခရီးဆောင်အိတ်တွေ အများကြီး သယ်နေစရာ မလိုပါဘူး"
တန်ယန်က သူ့ကို ခပ်အေးအေးပင် တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။
ယန်ယီအန်တစ်ယောက် ရုတ်တရက် နောင်တရသွားပြီး
'ငါဘာလို့ အဲ့ဒီလောက် စကားများခဲ့မိပါလိမ့် အခုတော့ ကိုယ့်စကားနဲ့ကိုယ် ပြန်အထိနာရပြီ'
ဟု တွေးနေမိတော့၏။