← Chapters

တိချိုးမြို့တော်

Vol. 5 Ch. 474

တိချိုးမြို့တော်

Vol. 5 Ch. 474

ချန်ချင်နှင့် သူမ၏ စစ်သည်တော်များသည်လည်း မနေ့ညက ရှီးလျန်မြို့တော်သို့ အမီပြန်လာသည့်တိုင် သဘာဝဘေးဆိုး၏ အဖျားခတ်မှုကို ခံစားခဲ့ကြရသေးသည်။ နံနက်ပိုင်းတွင်တော့ အခြေအနေကို စုံစမ်းရန်လွှတ် လိုက်သည့် ကင်းထောက် တစ်ယောက် ပြန်ရောက်လာပြီး တာ့ရှီစစ်တပ်၏အဖြစ်ဆိုးကို သတင်းပို့ခဲ့လေသည်။ ချန်ချင်သခင်မနှင့် သူမ၏ စစ်သည်တော်များသည် ကြားရသည့် သတင်းအတွက် များစွာ တုန်လှုပ်ခဲ့ရလေသည်။ မနေ့ညက သူတို့သာ အလျင်အမြန် ပြန်လာခဲ့ခြင်း မရှိလျှင် သူတို့သည်လည်း ဘေးအန္တရယ်ဆိုးနှင့် ကြုံကာ ပျက်စီး ကြရမည် ဖြစ်လေသည်။

အဝေး တစ်နေရာတွင် ဆန်းလျန်သည် ရှောင်ခယ်နှင့် အတူ ကျားနက်ကြီးကို စီးကာ ရှီးလျန်မြို့တော်သို့ လာနေသည်ကို ချန်ချင်သခင်မ တွေ့မြင်လိုက်ရလေသည်။

ကျားနက်ကြီးကို စီးနှင်လာသည့် ဆန်းလျန်သည် ချန်ချင်သခင်မနှင့် အမျိုးသမီး စစ်သည်တော်များ ရှေ့တွင် ရပ်တန့် လိုက်သည်။

"မေမေ…"

ရှောင်ခယ်က ချစ်စရာ ကောင်းသည့် အသံလေးဖြင့် သူမ၏မိခင်ကို လှမ်းခေါ်လိုက်သည်။

ချန်ချင်သည် မြို့တော် သခင်မတစ်ပါး၏ သိက္ခာကိုပင် မငဲ့နိုင်တော့ဘဲ သမီးငယ်ကို သွားရောက် ပွေ့ချီလိုက်လေ သည်။ ထို့နောက် ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ရင်း…

"သား… ဘာလို့ တောင်ပေါ်က ဆင်းလာရတာလဲ"

"ကျွန်တော် ခရီးရှည်တစ်ခု ထွက်ဖို့ရှိတယ်၊ ဒါကြောင့် ညီမလေးကို အမေ့ဆီ ပြန်လာပို့တာ"

ချန်ချင်သည် ယမံနေ့ညက အကြောင်းများကို ပြန်စဉ်းစားလိုက်မိရင်း သက်ပြင်း တစ်ချက် ချလိုက်လေသည်။

"သားလုပ်မယ့် အလုပ်ကို ဘယ်သူက တားဆီးနိုင်မှာတဲ့လဲ၊ ခုစစ်ပွဲလည်း အဆုံးသတ် သွားပြီဆိုတော့ ရှီးလျန်လည်း အန္တရာယ် ကင်းသွားပါပြီး၊ သားကို အမေ မတားတော့ပါဘူးကွယ်"

"ကျွန်တော် ခရီးထွက်နေတုန်းမှာ လျိုမုန့်တယ်ဆိုတဲ့ တာအိုဆရာကို တောင်ပေါ်က ရွှမ်တုကျောင်းတော်မှာ အစောင့်ထားခဲ့တယ်၊ အမေအခက်အခဲ တစ်ခုခုကြုံရရင် အဲဒီတာအိုဆရာဆီ လူလွှတ်ပြီး အကူအညီတောင်းလို့ ရပါတယ်"

"သားက ဘယ်ကို ခရီးထွက်မလို့လဲ၊ ဒီနှစ်တွေအတွင်း အမေ ထူးဆန်းတဲ့ လူတွေအကြောင်းကို လေ့လာနေခဲ့တယ်၊ အဲဒီလူတွေအားလုံးရဲ့ အချက်အလက်တွေကိုလည်း ရှီးလျန်မှာ မှတ်တမ်း တင်ထားတယ်၊ သားလေ့လာချင်ရင် အမေနဲ့လိုက်ပြီး လေ့လာလို့ရတယ်"

ချန်ချင်က ပြောလိုက်လေသည်။

"ကျွန်တော် အမေနဲ့ လိုက်ခဲ့ပါ့မယ်၊ ဒါပေမယ့် ကျွန်တော့်မှာ အမေ့ကို ပြောစရာ စကားတစ်ခု ရှိတယ်"

"ဘာများလဲ…"

"ရှီးလျန်ကို တိုင်းပြည် တစ်ခုအဖြစ် အမြန်ဆုံးတည်ထောင်ပါ…"

ဆန်းလျန်က အေးဆေးစွာဖြင့် ပြောလိုက်လေသည်။

ရှီးလျန်မြို့တော်သည် ရှီးလျန်တိုင်းပြည် ဖြစ်လာခဲ့တော့သည်။ ရှီးလျန်တိုင်းပြည်၏ ဧကရီဘုရင်မ ချန်ချင်သည် တာ့ရှား ဧကရာဇ်ထံသို့ သူမ၏ သစ္စာစောင့်သိမှု အကြောင်း ရေးသားထားသည့် စာတစ်စောင်ကို ဆန်းလျန်နှင့်အတူ ထည့်ပေးလိုက်လေသည်။

တာ့ရှားဧကရာဇ်သည် တိုင်းပြည်အားလုံး၏ သခင်၊ ဘုရင်တကာတို့၏ ဘုရင်ဖြစ်သည့် အတွက် တိုင်းပြည်တစ်ခု တည်ထောင်လျှင် တာ့ရှားပြည်ကို သစ္စာစောင့်သိကြောင်း အမြဲတမ်း အကြောင်းကြား ရလေသည်။ ထိုသို့ပြုလုပ်ရန် ပျက်ကွက်ပါက တာ့ရှားဧကရာဇ်၏ စစ်ချီခြင်းကို ခံကြရမည် ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်က ရှီးလျန်ပြည်မှ သစ္စာစောင့်သိခြင်း အကြောင်းကြားစာကို ယူဆောင်လာသူ ဖြစ်သည့်အတွက် တာ့ရှားပြည်သို့ အတားအဆီးမရှိ ဝင်ခွင့်ရမည် ဖြစ်လေသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဆန်းလျန်၏ ခရီးစဉ်သည် အစစအရာရာ ပိုပြီး လွယ်ကူနိုင်လေသည်။

ဆန်းလျန်သည် ဆောင်းဦးရာသီတွင် ကုန်သည်များနှင့် အတူ တာ့ရှားပြည်သို့ လိုက်ပါ သွားလေတော့သည်။

ဆန်းလျန်သည် ယခုအခါတွင် ရှီးလျန်ပြည်၏ မင်းသားငယ်တစ်ပါး ဖြစ်သွားခဲ့ပြီ ဖြစ်သည့်အတွက် ကုန်သည်များကလည်း သူ့ကို အထူးဂရုစိုက်ကာ လေးလေးစားစား ဆက်ဆံ ကြလေသည်။ ရှီးလျန်မှာလည်း အင်အားကြီးမားသည့် တိုင်းပြည်တစ်ခု ဖြစ်နေပြီကို အသိအမှတ် ပြုခံခဲ့ရပြီ မဟုတ်ပါလား။

ကုန်သည်များသည် နေရာဒေသအနှံ့ ကုန်သွယ်ကူးသန်း နေကြသူများ ဖြစ်ကြပြီး ကုန်သည်များကို ကာကွယ်ရန် အတွက် ကျင့်ကြံသူ အချို့လည်း အတူတူပါလာကြလေသည်။

ဆန်းလျန်သည် လှည်းတစ်စီး အတွင်းတွင် ထိုင်ရင်း အေးဆေးစွာ လိုက်ပါလာလေသည်။

လှည်းကိုဆွဲသည့် သတ္တဝါများမှာ ဆန်းလျန်လာခဲ့သည့် ယခင်ခေတ်ပေါ် ကမ္ဘာတွင် မျိုးသုဉ်း ပျောက်ကွယ် သွားပြီဖြစ်သည့် အမွေးရှည်ဆင်ကြီးမျိုး သတ္တဝါကြီးများက လှည်းကို ဆွဲသွား ကြလေသည်။ ထိုဆင်ကြီးများသည် မိုင်ထောင်ပေါင်းများစွာ မမောနိုင် မပန်းနိုင် ခရီးနှင်နိုင်လေသည်။

ထိုသတ္တဝါကြီးများသည် မြို့တစ်မြို့ကိုပင် ဖျက်ဆီး နိုင်ကြလေသည်။ သို့သော် ကုန်သည်များကတော့ ကုန်ပစ္စည်းများ သယ်ယူသည့် နေရာတွင် အသုံးပြုရန် အတွက် ထိုသတ္တဝါများကို ကောင်းကောင်း ထိန်းချုပ်နိုင်ကြသည်။

ယင်းစန်းဒေသ အကြီးအကဲ ထျန်းယီသည် သူ၏ ကုန်သည်များကို ကုန်သွယ် သွားလာရာတွင် အချင်းမများကြရန် တင်းတင်းကျပ်ကျပ် စည်းကမ်း ထုတ်ထားလေသည်။

ထျန်းယီ အကြီးအကဲမှာ စိတ်ထားကောင်းသူ ဖြစ်ပြီး အားလုံးက ရိုသေလေးစားခြင်းကို ခံရသူ ဖြစ်လေသည်။ သူက ကျင့်ကြံသူများကိုလည်း လေးစားသူ ဖြစ်လေသည်။

တာ့ရှား ဧကရာဇ်သည်ပင်လျှင် ထျန်းယီ အကြီးအကဲကို အမြဲတမ်း သဘောကျစွာဖြင့် ချီးမွမ်း တတ်လေသည်။

ဆန်းလျန်သည် လှည်းပေါ်တွင် စီးနင်းလာရင်းပင် ထျန်းယီ အကြီးအကဲနှင့် ပတ်သက်သည့် အကြောင်းများကို များစွာ ကြားခဲ့ရလေသည်။ အထူးသဖြင့် ကိုယ်ကျင့်တရား ကောင်းပြီး ရိုးသား ဖြောင့်မတ်သည့် အကြောင်းများသာ ဖြစ်လေသည်။

ဆန်းလျန်မှာလည်း ထျန်းယီ အကြီးအကဲကို စိတ်ဝင်စားနေမိသည်။ မိမိ၏ တိုင်းသူ ပြည်သားများကို လေးစားသည့် ခေါင်းဆောင် အကြီးအကဲ တစ်ယောက်သည် အမှန်တကယ်ပင် ထက်မြက်သည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်ကတော့ ထျန်းယီအကြီးအကဲ၏ အတွင်းစိတ်သည် ဧကရာဇ်တစ်ပါးနှင့် တူပြီး အပြင်ပန်းတွင်တော့ သူတော်စင် တစ်ပါးနှင့်တူသည်ဟု ခန့်မှန်းမိလေသည်။ ထျန်းယီ အကြီးအကဲ၏ ဘဝသည် ထင်သလောက်တော့ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။

ကုန်သည်လှည်းများသည် တာ့ရှားသို့ ဦးတည်နေပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ထျန်းယီ အကြီးအကဲနှင့် တွေ့ရန် မဖြစ်နိုင်တော့ဟု ဆန်းလျန် တွေးလိုက်မိလေသည်။ သို့သော်… လမ်းတွင်ကြားရသည့် သတင်းများအရ တာ့ရှား ဧကရာဇ်သည် တိချိုးတွင် ထျန်းယီ အကြီးအကဲနှင့် တွေ့ဆုံရန် ဆင့်ခေါ်ထားသည်ဟုလည်း ကြားရလေသည်။

တိချိုးဆိုသည်မှာ တာ့ရှားပြည်၏ မြို့တော်ဖြစ်လေသည်။

တာ့ရှားပြည်သို့ ဝင်ရောက်လာသည့်တိုင် ထျန်းယီ အကြီးအကဲသည် တိချိုးမြို့တော်သို့ မည်သည့် အချိန်တွင် ရောက်ရှိပြီး မည်သည့်အချိန်တွင် ပြန်လည် ထွက်ခွာမည်ကို သိရှိရခြင်း မရှိသေးပေ။

အချို့ကလည်း ထျန်းယီအကြီးအကဲသည် ယင်းစန်းဒေသသို့ မည်သို့မျှ ပြန်မလာနိုင်တော့ဟု ပြောကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းစန်းဒေသ တဖြည်းဖြည်း အင်အားကြီးမား လာခြင်းသည် တာ့ရှားပြည်ကို ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာသောကြောင့် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်မှာ ရဲစွမ်းသတ္တိရှိသလို ဉာဏ်ရည်လည်း ထက်မြက်သည့် ဧကရာဇ်မင်း တစ်ပါး ဖြစ်လေသည်။ သူက လူတိုင်းကို သူ၏ လက်အောက်တွင် လက်အောက်ခံ ဖြစ်စေချင်သူ ဖြစ်လေသည်။ ထို့ကြောင့် ထျန်းယီ အကြီးအကဲကဲ့သို့သော လူတစ်ယောက် အင်အား ကြီးမားလာခြင်းကို တာ့ရှားဧကရာဇ်က နှစ်သက်နိုင်မည် မဟုတ်ပေ။

ထျန်းယီ အကြီးအကဲ၏ ကိစ္စကြောင့် ကုန်သည်များမှာ စိတ်မသက်မသာ ခံစားခဲ့ကြရပြီး မလုံခြုံမှုများလည်း ခံစားလာကြရလေသည်။

ထျန်းယီ အကြီးအကဲ မရှိတော့ပါက ယင်းစန်းဒေသမှာလည်း တဖြည်းဖြည်း ကျဆင်းသွားမည် ဖြစ်ပြီး ကုန်သည်များ အတွက်လည်း အကာအကွယ် ရှိတော့မည် မဟုတ်ပေ။ ယင်းစန်း၏ ကြွယ်ဝချမ်းသာမှုများကို မှီခိုနေကြရသည့် ကျင့်ကြံသူများမှာလည်း နေရာပျောက်ကြရမည် ဖြစ်လေသည်။

လှည်းအတွင်းတွင် ဆန်းလျန်နှင့် ကျားနက်ကြီး လိုက်ပါလာကြလေသည်။

ကျားနက်ကြီးမှာ ဆန်းလျန်၏ ခြေရင်းတွင် ဝပ်နေပြီး ပျင်းရိစွာဖြင့် အိပ်နေလေသည်။ ကျားနက်ကြီး၏ နှုတ်ခမ်းမှ သွားရည်များကျနေပြီး လျှာကိုလည်း ခဏခဏ သပ်နေလေသည်။ အိပ်မက်ထဲတွင် အရသာရှိသည့် အစားအသောက် တစ်ခုခုကို စားနေပုံရလေသည်။ ဆန်းလျန်ကတော့ လှည်းပြတင်းပေါက်မှ အပြင်ဘက်သို့ ငေးကြည့် နေလေသည်။ သူတို့ ရောက်ရှိနေသည့် နေရာမှာ ကျိုးလုဖြစ်ပြီး ယခင်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာ တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ကျိုးလုတွင် ဝိညာဉ်များ၏ အမျက်ဒေါသများ ကျန်ရစ် နေသေးသည်။ ထို့ကြောင့် မြက်ပင်များပင် ကောင်းကောင်း ရှင်သန်နိုင်ခြင်း မရှိဘဲ ဖုန်းဆိုး နယ်မြေ ဖြစ်နေရလေသည်။

ကျိုးလုကို ကျော်ဖြတ်ပြီးလျှင်တော့ တာ့ရှားပြည်နယ် မြေအတွင်းသို့ စတင်ဝင်ရောက်ပြီ ဖြစ်လေသည်။ ရှီးလျန်နှင့် တာ့ရှားသည် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် အတွက် တစ်နေရာနှင့် တစ်နေရာသို့ ခရီးရောက်ရန် အတွက် အချိန်နှစ်နှစ် ကြာမြင့်လေသည်။

ကုန်သည်များသည် လမ်းခရီးတစ်လျှောက် အရောင်းအဝယ်များကို ပြုလုပ်ခဲ့ကြပြီး ဆန်းလျန်မှာလည်း အတွေ့အကြုံများစွာ ရရှိခဲ့လေသည်။

ထျန်းယီ အကြီးအကဲ၏ သတင်းများကြောင့် ကုန်သည်များမှာ ကုန်စည်များ ရောင်းမကုန် ဖြစ်တော့မည်ကို စိတ်ပူနေကြလေသည်။ တာ့ရှားသို့ ဝင်ရောက်သည်နှင့် ထျန်းယီအကြီးအကဲ အဖြစ်ဆိုးနှင့် ကြုံရပြီဆိုသည့် သတင်းမျိုးကို သူတို့ မကြားလိုကြပေ။ ကောလာဟလများသာ အမှန်တကယ် ဖြစ်ခဲ့ပါက တာ့ရှားတွင် ယင်းစန်းမှ ကုန်သည်များ၏ ကံတရားမှာ မတွေးရဲစရာပင် ဖြစ်လေသည်။

တာ့ရှားပြည်၏ ထူးခြားမှုမှာ ကျွန်များနှင့် မင်းမျိုးမင်းနွယ်များပင် ဖြစ်လေသည်။ ကုန်သည်များ ဆိုသည်က ကျွန်လည်းမဟုတ်၊ မင်းမျိုးမင်းနွယ်လည်း မဟုတ်။ ကြားလူများ ဖြစ်ကြလေသည်။

မည်သည့်အခါမှ လွတ်မြောက်နိုင်ခြင်း မရှိကြသည့် ကျွန်များ၏ ဘဝသည် မည်မျှရင်နာစရာ ကောင်းပါသနည်း။ ယင်းစန်း ဒေသတွင်လည်း ကျွန်များရှိကြသည့်တိုင် ကျွန်များအတွက် တင်းကျပ်သည့် စည်းကမ်းမရှိပေ။ သာမန်လူများကဲ့သို့ပင် အသက်ရှင်သန် နိုင်ကြလေသည်။ သနားကြင်နာတတ်သည့် ထျန်းယီအကြီးအကဲက ကျွန်များကိုလည်း လွတ်လပ်စွာ နေထိုင်နိုင်ရန် အခွင့်အရေး ပေးထားခဲ့လေသည်။ သို့သော် တာ့ရှားကတော့ ထိုသို့ မဟုတ်ပေ။

ယင်းစန်းဒေသသည် အခြားသော တိုင်းပြည်များမှ လူများကို လက်ခံထားလေ့မရှိပါ။ သို့သော် တာ့ရှားပြည်မှ ထွက်ပြေးလာသည့် ကျွန်များကိုတော့ သာမန် ပြည်သူများအဖြစ် လက်ခံထားလေ့ ရှိလေသည်။

ထိုအချက်ကလည်း တာ့ရှားဧကရာဇ်က ထျန်းယီအကြီးအကဲကို အမျက်ရှခဲ့ခြင် ဖြစ်ဟန်ရှိလေသည်။

တာ့ရှားပြည်တွင် တော်ဝင်မိသားစု ဆယ့်နှစ်ခု ရှိလေသည်။ ရှဟိုအိမ်တော်၊ ယိုဟူအိမ်တော်၊ ယိုနန်အိမ်တော်၊ ကျန်းရွှမ်အိမ်တော်၊ ထုန်ချန်အိမ်တော်၊ ပေါင်အိမ်တော်၊ ဖေးအိမ်တော်၊ ချီအိမ်တော်၊ ကျန်အိမ်တော်၊ ရှင်းအိမ်တော်၊ မင်အိမ်တော်နှင့် ကျန်းကွမ်းအိမ်တော်တို့ ဖြစ်လေသည်။

ထိုအိမ်တော်ဆယ့်နှစ်ခုက ပြည်သူများ အားလုံးထဲတွင် အမြင့်မြတ်ဆုံး အိမ်တော်များ ဖြစ်ကြလေသည်။ ထိုအိမ်တော်များမှ မိသားစုများသည် စွမ်းအားမြင့်မားကြပြီး ကျင့်ကြံသူများ ထက်ပင် သာလွန် ကြလေသည်။

***

All Chapters