← Chapters

ကိုယ်ပိုင်စက်ဘီးမဟုတ်ရင် မတ်တပ်ရပ်ပြီး နင်းရတယ်

Vol. 8 Ch. 71

ကိုယ်ပိုင်စက်ဘီးမဟုတ်ရင် မတ်တပ်ရပ်ပြီး နင်းရတယ်

Vol. 8 Ch. 71

“လီယွန် ငါ့ဆီမှာ မိုးကြိုးလက်ဝါးလည်း ရှိသေးတယ်။ မင်း ကြည့်ချင်လား။”

ဤတစ်ကြိမ်တွင်မူ လီယွန်သာတင်မကဘဲ သံမဏိသတ္တိပါ နားစွင့်လိုက်မိ၏။

ဤကမ္ဘာတွင် အင်းအတတ်များမှာ အမှန်တကယ် တည်ရှိနေခြင်းဖြစ်ပြီး တန်ဝမ်ကျဲသည် သူတို့သင်ယူရန်အတွက်ပါ ငွေပေးထားခြင်းဖြစ်ရာ မသင်ယူလိုက်လျှင် နှမြောစရာပင်။

သို့သော်လည်း သံမဏိသတ္တိမှာ အခြေခံ လုံးဝမရှိပေ။ လက်ဝါးမိုးကြိုးအတတ်သည် သာမန်လူတစ်ယောက် တစ်ခါနားထောင်ရုံဖြင့် တတ်မြောက်နိုင်သည့်အရာ မဟုတ်ချေ။ တန်ဝမ်ကျဲသည် အသေးစိတ် ညွှန်ကြားချက်များ မပေးဘဲ ကျင့်ကြံပုံ အကြမ်းဖျဉ်းကိုသာ ပြောပြခဲ့ခြင်းဖြစ်၏။

သာမန်လူများအတွက် ကျင့်ကြံခြင်း ပါရမီသည် အလွန်အရေးကြီးသော်လည်း လီယွန်အတွက်မူ ပါရမီမလိုဘဲ “စိတ်ကူး” သာ လိုအပ်သည်။

“ဩော်... ဒါမျိုးကိုး။”

လီယွန် ထိုသို့ပြောသည်ကို မြင်သောအခါ သူ တစ်ဖန်ပြန်ပြီး တတ်မြောက်သွားပြန်ပြီဖြစ်ကြောင်း တန်ဝမ်ကျဲ သိလိုက်သည်။ သို့သော် လီယွန် လက်တွေ့မပြသရွေ့ သူစိတ်ကူးယဉ်လိုက်သည့် စွမ်းအားမှာ မူရင်းနှင့် မည်မျှကွာခြားမည်ကို မည်သူမှမသိနိုင်ပေ။

“ဘာလို့ လက်ထိပ်ကို ကိုက်ဖောက်ရတာလဲ။”

လီယွန်က ပြောသည်။

“ဘာလို့လဲဆိုတော့ လက်ချောင်းတွေက နှလုံးနဲ့ ဆက်သွယ်နေလို့ပဲ။”

ထိုသို့ပြောပြီးနောက် တန်ဝမ်ကျဲတစ်ယောက် ရုတ်တရက် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရ၏။

သေချာပေါက်ပင်...လီယွန်သည် သူ၏ညာလက်ကို ဓားကဲ့သို့ မြှောက်လိုက်ပြီး သူ၏ရင်ဘတ်ကို ညွှန်ပြလိုက်လေသည်။

“ဒါဆို ဘာလို့ နှလုံးကိုပဲ တိုက်ရိုက်ခွဲပြီး နှလုံးသွေးကိုထုတ်ပြီး အင်းကို မသုံးရမှာလဲ။”

တန်ဝမ်ကျဲ: “မင်း ရက်စက်လှချည်လားကွ။”

သူသည် မိမိလက်ချောင်းကိုပင် မကိုက်ဖောက်ချင်သူ ဖြစ်သည်။ အကယ်၍ လီယွန် အဆင့်မြှင့်ထားသည့် လက်ဝါးမိုးကြိုးကို သင်ယူမည်ဆိုပါက နှလုံးသွေးကို သုံးရပေတော့မည်။ သူ တတ်မြောက်သွားလျှင်ပင် အသက်ရှည်ရှည်နေပြီး သုံးနိုင်ပါ့မလားဟု စိုးရိမ်မိပေသည်။

“တခြားဟာနဲ့ ပြောင်းလို့မရဘူးလား။”

တန်ဝမ်ကျဲက မေးလိုက်သည်။ လီယွန်က ခေါင်းခါပြလိုက်၏။

“မန္တန်အင်းအတတ် ကျင့်ကြံတဲ့ စည်းမျဉ်းတွေက အရမ်းတင်းကျပ်တယ်။ မင်းက ဘယ်လိုလုပ်ပြီး အလွယ်တကူ ပြောင်းလဲလို့ရမှာလဲ။”

မင်းက နေ့တိုင်း စိတ်ကူးတွေကို ပြောင်းလဲနေတဲ့ စိတ်ဝေဒနာရှင်ဖြစ်ပြီးတော့ အခုမှ ကျင့်ကြံခြင်းစည်းမျဉ်းတွေက တင်းကျပ်တယ်လို့ လာပြောနေတာလားကွ။

ထို့နောက် လီယွန်သည် ဘယ်ကထွက်လာမှန်းမသိသော ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး သံမဏိသတ္တိ၏ ရင်ဘတ်ကို ချိန်ရွယ်လိုက်လေသည်။

“သံမဏိသတ္တိ မင်းမှာ လက်ဝါးမိုးကြိုး သင်ဖို့ ပါရမီရှိတယ်လို့ ငါထင်တယ်။ စမ်းကြည့်မလား။”

“မ... မလိုပါဘူး နော်။”

သံမဏိသတ္တိသည် သူ၏ရင်ဘတ်ကို ပွေ့ပိုက်ထားလိုက်၏။ လီယွန်၏ဓားက နီးကပ်လာသည်ကို မြင်သောအခါ သူသည် အနီးရှိ စားပွဲပေါ်မှ မိုက်ခရိုဝေ့ဖ်မီးဖိုကို ကောက်ကိုင်ပြီး ကာထားလိုက်လေသည်။

“ကျွန်တော့်မှာ လုံခြုံရေးဝန်ထမ်းလုပ်ဖို့ပဲ ပါရမီရှိတယ်ထင်တယ်။”

လီယွန် တစ်ဖန် ရူးကြောင်ကြောင် လုပ်နေသည်ကို မြင်သောအခါ ဤလူသည် အလွန်ပင် ထူးဆန်းလွန်းသည်ဟု တန်ဝမ်ကျဲ သိလိုက်တော့လေသည်။ သူသည် ဤလက်ဝါးမိုးကြိုးကို လွဲမှားစွာ အဆင့်မြှင့်ထားသော စွမ်းရည်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်တော့သည်။

ဤသည်မှာ လက်ဝါးမိုးကြိုးတစ်ခုတည်းသာ ရှိပေသေးသည်။ တန်ဝမ်ကျဲ၏ အဓိကပန်းတိုင်မှာ “လျှပ်စီးမိုးကြိုးလက်သီး” ဖြစ်လေသည်။

လီယွန်မှာ သင်ယူလိုစိတ်များ ပြင်းထန်နေ၏။ လျှပ်စီးမိုးကြိုးလက်သီးအကြောင်း ကြားသောအခါ သူ အလွန်စိတ်ဝင်စားသွားပြီး သံမဏိသတ္တိကို ခေတ္တလွှတ်ပေးလိုက်လေသည်။

“လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်နိုင်တဲ့ လက်သီးလား။”

လီယွန်သည် တန်ဝမ်ကျဲ ပြောပြသော အချို့အပိုင်းများအား ဖြတ်တောက်ထားသည့် ကျင့်ကြံပုံကို နားထောင်ပြီးသွားခဲ့လေသည်။

တန်ဝမ်ကျဲသည် မိုးကြိုးချီကို ဝါးမြိုခြင်းအပိုင်းအား ရည်ရွယ်ချက်ရှိရှိ ဖယ်ထားခဲ့ခြင်းဖြစ်၏။ လီယွန်အနေဖြင့် မိုးကြိုးချီမပါဘဲ ကိုယ်ခံပညာ လှုပ်ရှားမှုသက်သက်ဖြင့် ကျင့်ကြံနိုင်မလားဆိုသည်ကို သူ ကြည့်ချင်နေခဲ့သည်။ အကယ်၍ ရခဲ့လျှင် သူ၏ အနာဂတ်ကျင့်ကြံမှုမှာ ပိုမိုလွယ်ကူသွားမည် မဟုတ်ပါလော။

သို့သော် မထင်မှတ်ဘဲ လီယွန်သည် မျက်မှောင်ကျုံ့ကာ ခေတ္တစဉ်းစားပြီးနောက် ရုတ်တရက် ပြောလာခဲ့လေသည်။

“မရဘူး။ စွမ်းအင်တည်မြဲမှု နိယာမအရ စွမ်းအားဆိုတာ ဘာမှမရှိဘဲနဲ့ ပေါ်မလာနိုင်ဘူး။”

တန်ဝမ်ကျဲ: ပေါက်ကရတွေ...။မင်းက မန္တန်စွမ်းအားကို တစ်ခါမှ မကျင့်ခဲ့ဘဲနဲ့ စွမ်းရည်မြင့် ဓားလက်ချောင်းကိုတောင် သုံးခဲ့သေးတာပဲလေကွ။

“တကယ်ပဲ ကျင့်ကြံလို့မရဘူးလား။”

တန်ဝမ်ကျဲက ထပ်မေးလိုက်သည်။

သူကိုယ်တိုင်သည်လည်း လျှပ်စီးမိုးကြိုးလက်သီးကို မတတ်သလို လက်တွေ့လည်း မပြနိုင်ပေ။ အကယ်၍ သူသာ လက်တွေ့မပြနိုင်လျှင် လီယွန်သည် သူ၏စိတ်ကူးစိတ်သန်းဖြင့် အကျိုးသက်ရောက်မှုကို ပုံဖော်နိုင်မည်မဟုတ်ပေ။ အကျိုးသက်ရောက်မှုကို ပုံမဖော်နိုင်လျှင် လီယွန်၏ စိတ်ဝေဒနာရှင်ဦးနှောက်က လိုအပ်ချက်များကို ဖြည့်စွက်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် လီယွန်သည် လျှပ်စီးမိုးကြိုးလက်သီးကို အောင်မြင်စွာ ကျင့်ကြံနိုင်မလားဆိုသည်ကို တန်ဝမ်ကျဲ မသေချာဖြစ်သွားခဲ့လေသည်။

“ငါ နားမလည်တာ တစ်ခုရှိတယ်။ အဲဒီလျှပ်စစ်က ဘယ်ကလာတာလဲ။”

လီယွန်က အလွန်တည်ကြည်လေးနက်စွာ မေးလိုက်သည်။

“လျှပ်စစ်ပလပ်ပေါက်ကို သွားကိုင်ကြည့်မလား။”

တန်ဝမ်ကျဲက အကြံပေးလိုက်သည်။

ပလပ်ပေါက်ကို ကိုင်ရခြင်းသည် မိုးကြိုးချီကို ဝါးမြိုရခြင်းထက် ပိုမိုလွယ်ကူပေသည်။

လီယွန်: “ဟေ့ကောင် ပလပ်ပေါက်ကို သွားကိုင်ရင် သေသွားမှာပေါ့ကွ။”

ဒါက ဘယ်လို စည်းမျဉ်းအသစ်လဲဟ။ အင်းဝိဇ္ဇာတောင် ပလပ်ပေါက်ကို ကိုင်တုန်းက မသေခဲ့ဘူးလေ။

သူသည် “မသေနိုင်သော စစ်နတ်ဘုရား” (ဘရိုက်) ၏ ကံကောင်းမှုနှင့် လီယွန်၏ စကားလုံးစွမ်းအားတို့ ပေါင်းစပ်သွားပါက နောက်ဆုံးတွင် မည်သူနိုင်မည်နည်းဟုပင် တွေးမိလိုက်လေသည်။

တန်ဝမ်ကျဲသည် ဘက်ထရီကို ကိုင်ခြင်း၊ လက်နှိပ်ဓာတ်မီး သုံးခြင်း၊ ဘက်ထရီကို ဖင်ထဲထည့်ခြင်း သို့မဟုတ် ပီကာချူးတက်တူးထိုးခြင်း စသည့် အကြံအစည်များကို ပေးခဲ့သော်လည်း လီယွန်က ခေါင်းခါပြီး အားလုံးကို ငြင်းပယ်ခဲ့၏။

သူ ထပ်ပြောဦးမည်အပြုတွင် လီယွန်၏ ‘မင်းဦးနှောက် တစ်ခုခုဖြစ်နေပြီလား’ ဆိုသည့် အကြည့်ကြောင့် သူ အရှက်ရသလိုပင် ခံစားလိုက်ရသည်။

“မိုးကြိုးချီကို ဝါးမြိုတဲ့ နည်းလမ်းလည်း ရှိသေးတယ်လေ။”

တန်ဝမ်ကျဲက လီယွန်ကို တကယ့်ကျင့်စဉ်အစစ်ကို ပြောပြလိုက်တော့သည်။

တကယ်ပဲ အဲ့လောက်တောင် ထူးဆန်းနေတာလား။

“ဖြောင်း...”

လီယွန်က ရုတ်တရက် လက်ခုပ်တီးလိုက်၏။

“ဟုတ်ပြီ...ဒါပဲ။ အားလုံး ရှင်းသွားပြီ။”

ထိုသို့ပြောပြီးနောက် သူသည် ကွင်းပြင်ထဲသို့ ရုတ်တရက် ခုန်ဝင်သွားပြီး မည်သူမျှ နားမလည်နိုင်သော ထူးဆန်းပြီး ကြည့်ရဆိုးသည့် လက်သီးကွက်များကို စတင် လေ့ကျင့်တော့လေသည်။ ထို့နောက်...

ဇိ... ဇိ...

လီယွန်၏ လက်ဖျားများတွင် လျှပ်စီးအလင်းတန်းများ လင်းလက်လာတော့သည်။

ဖြောက်...

လျှပ်စီးစွမ်းအင်များမှာ သူ၏လက်မောင်းများအထိ ပျံ့နှံ့သွားခဲ့၏။

ဝုန်း

အခန်းထဲ၌ လျှပ်စီးအလင်းတန်းများ ပျံ့လွင့်သွားခဲ့သည်။ တန်ဝမ်ကျဲသည် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်ပြီး ရေချိုးခန်းထဲသို့ ပြေးဝင်ကာ တံခါးပိတ်လိုက်တော့လေသည်။

ထို့နောက် အပြင်မှ သဎမဏိသတ္တိ၏ အော်ဟစ်သံကို ကြားလိုက်ရတော့၏။

“မိုက်ခရိုဝေ့ဖ် ပေါက်ကွဲကုန်ပြီ။”

“ဘုန်း”

အပြင်ဘက်မှ ဆူညံသံများ ငြိမ်သက်သွားမှ တန်ဝမ်ကျဲ အပြင်ပြန်ထွက်လာခဲ့သည်။

ခန္ဓာကိုယ်တွင် လျှပ်စီးမီးပွားများ ကျန်ရှိနေသေးသော လီယွန်ကို ကြည့်ပြီး သူက မေးလိုက်သည်။

“မင်းပဲ မိုးကြိုးချီကို ဝါးမြိုဖို့ လိုတယ်ဆို။ အခု ဘယ်လိုလုပ်ပြီး တတ်သွားတာလဲ။”

စိတ်ကူးယဉ်မှုဆိုသည်မှာလည်း ယုတ္တိတစ်ခုခုတော့ ရှိရမည် မဟုတ်ပါလား။

“ရိုးရိုးလေးပါပဲ။”

လီယွန်၏ ခန္ဓာကိုယ်ပေါ်မှ လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် သူက သဘာဝကျကျ ပြောလိုက်သည်။

“ငါက သရဲဖမ်းတဲ့ ဆရာကြီးလေ။ ငါ့တစ်သက်လုံး သရဲဖမ်းလာတာ အစွမ်းထက်တဲ့ ဝိညာဉ်ဆိုးတွေအများကြီးနဲ့ တွေ့ခဲ့ဖူးတယ်။ သူတို့ကို သတ်တုန်းက ငါ မိုးကြိုး အကြိမ်အနည်းငယ် အပစ်ခံခဲ့ရဖူးတယ်။ အဲ့ဒါကြောင့် အဲဒီမိုးကြိုးအမှတ်အသားတွေကို ငါ့ကိုယ်ထဲမှာ သိမ်းထားပြီးသားပဲ။ အခု အဲဒါတွေကို ပြန်ထုတ်ပြီး ကျင့်ကြံလိုက်ရုံပဲ။”

ထိုသို့ပြောပြီးနောက် လီယွန်က တန်ဝမ်ကျဲကို ကြည့်လိုက်သည်။

“ဘယ်လိုလဲ။ ယုတ္တိရှိတယ် မဟုတ်လား။”

“အင်း အင်း... အရမ်းယုတ္တိရှိတယ်။”

တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြီး ဆက်မေးလိုက်သည်။

“ဒါဆို အဲဒီ ကျင့်စဉ်ကို ငါ့ကို သင်ပေးလို့ရလား။”

“မင်းပဲ ငါ့ကို သင်ပေးခဲ့တာ မဟုတ်ဘူးလား။ ကိုယ့်ဘာသာကိုယ် အရမ်းသာယာမနေစမ်းနဲ့။ ဦးနှောက်အတွက် မကောင်းဘူး။”

လီယွန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ဒါဆို ဒီနည်းလမ်းအတိုင်း ငါလေ့ကျင့်ရင် သေချာပေါက် တတ်မြောက်မှာလား။”

“မသေချာဘူး။”

လီယွန်က ခေါင်းခါလိုက်သည်။

“ကျင့်ကြံခြင်းက ပါရမီပေါ်မှာ မူတည်တယ်။ မင်းရဲ့ ပါရမီက ငါ့ထက် နည်းနည်းပဲ နည်းတာဆိုပေမဲ့ အဲဒီ နည်းနည်းကပဲ လုံးဝ မလုံလောက်တာမျိုး ဖြစ်နေတတ်တယ်။”

“ငလူး...”

တန်ဝမ်ကျဲ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

“မင်းက စိတ်ဝေဒနာရှင်ပဲလေ။ ဘာပါရမီ ရှိမှာလဲ။”

“စိတ်ဝေဒနာရှင်တွေကို အထင်မသေးနဲ့ကွ။ ငါ့မှာ သာမန်လူတွေထက် လက်မှတ် (ဆေးရုံဆင်းလက်မှတ်) တစ်စောင် ပိုရှိတယ်။”

လီယွန်က လက်ယမ်းပြလိုက်သည်။

“မင်း သင်ချင်တယ်ဆိုရင်တောင် မင်းမှာ မိုးကြိုးအမှတ်အသား ရှိလို့လား။”

တန်ဝမ်ကျဲက ခေါင်းခါပြလိုက်သည်။

“မရှိဘူး။”

“ဒါပဲလေ။”

လီယွန်က တမ်ဝန်ကျဲဆီ လမ်းလျှောက်လာပြီး ပခုံးဖက်ကာ နှစ်သိမ့်လိုက်၏။

“မစ္စတာလီက သူ့အမေအရင်းကို သတ်တာ ငါတွေ့ခဲ့တယ်။ သူက စစ်မှန်တဲ့ လူယုတ်မာပဲ။ ရက်လည်မှာ သူ့ကို သုတ်သင်လိုက်ရင် သူက သေချာပေါက် မိုးကြိုးအမှတ်အသား ရှိလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါ မင်းကို ကူညီပေးမယ်။ ဒါပေမဲ့ ငါ့ရဲ့ အခကြေးငွေကတော့ နည်းနည်းများမယ်နော်။”

“ဘယ်လောက်လဲ။”

“မင်းမှာ ဒေါ်လာ ၁,၀၀၀ ရှိလား။”

“ရော့။”

တန်ဝမ်ကျဲက ငွေထုတ်ပေးလိုက်၏။

သူ အကြောက်ဆုံးအရာမှာ ငွေနှင့်ဖြေရှင်း၍ မရသော ပြဿနာများပင်။

All Chapters