ကိုယ်ပိုင်စက်ဘီးမဟုတ်ရင် မတ်တပ်ရပ်ပြီး နင်းရတယ် (၂)
Vol. 8 Ch. 72
“အေးဆေးပဲ...ရက်လည်ညကျရင် အားလုံးပြီးသွားစေရမယ်။”
ထို့နောက် သူတို့နှစ်ဦး နောက်လှည့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခုလုံး မည်းမှောင်နေပြီး ဆံပင်များက ပန်းအိုး ပေါက်ကွဲထားသလို ထောင်နေသည့် မီးခိုးထွက်နေသော မိုက်ခရိုဝေ့ဖ်ကို ကိုင်ထားသည့် သံမဏိသတ္တိကို တွေ့လိုက်ရလေသည်။
“ဆံပင်ပုံစံ အသစ်လား။”
“ဟုတ်ကဲ့။”
သံမဏိသတ္တိ စကားပြောလိုက်သည့်အခါ သူ၏ပါးစပ်ထဲမှ မီးခိုးဖြူများ ထွက်လာ၏။
“မင်းနဲ့ လိုက်တယ်။”
“ကျေးဇူးပါ။”
ထိုစဉ် လီယွန်က သစ်သီးစားချင်သည်ဟု ပြောလာသဖြင့် မန္တန်အင်းအတတ်သင်တန်းလေးမှာ ပြီးဆုံးသွားခဲ့၏။ သူသည် တန်ဝမ်ကျဲက အတူစားရန် ရည်ရွယ်ခဲ့သော်လည်း “လိမ္မော်သီးပဲငပိပေါင်း” နှင့် “ပဲပုပ်ဖတ်၊ ငရုတ်သီးစိမ်းတို့နဲ့ တွဲစားတဲ့ ဖရဲသီး” အကြောင်း ကြားလိုက်ရသည့်အခါတွင်မူ သူသည် ယနေ့ညတွင် ချိန်းဆိုမှုရှိသဖြင့် အများကြီး မစားနိုင်ကြောင်း ချက်ချင်း ငြင်းဆိုလိုက်တော့သည်။
ည ၈:၀၀ နာရီတွင် တန်ဝမ်ကျဲသည် ဟောက်ကျင်း စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ မစ္စစ်လီသည် ငွေမက်ရုံတင်မကဘဲ အနည်းငယ် ရမ္မက်ကြီးပြီး အစွန်းရောက်သူဖြစ်နေသည်ကို သိလိုက်ရသဖြင့် စကားပြောရသည်မှာ မချောမွေ့လှပေ။
ည ၉:၀၀ နာရီတွင် တန်ဝမ်ကျဲနှင့် မစ္စစ်လီတို့ စားသောက်ဆိုင်မှ အတူထွက်လာခဲ့ကြသည်။
သူမသည် ညဘက်တွင် လူသတ်ပွဲကျင်းပခြင်းကဲ့သို့သော အစွန်းရောက်သည့်အရာတစ်ခုခု လုပ်လာနိုင်သည်ဟု ယူဆကာ တန်ဝမ်ကျဲက သူမ၏ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီး သူမအိမ်တွင်ပင် ကိုယ်လက်သန့်စင်ရန် ဆုံးဖြတ်လိုက်၏။
အမှန်အတိုင်းပြောရလျှင် သူ၏အိမ်သာကို ဖွင့်လိုက်တိုင်း အဘွားကြီးလီ၏ ခေါင်းကြီးကို ပြန်လည်မြင်ယောင်နေမိသဖြင့် အိမ်သာတက်ရသည်မှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်ရသည်။
“မစ္စစ်လီ...ရှောင်ရုံအိမ်မှာ မရှိဘူးလား။”
တန်ဝမ်ကျဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
မစ္စတာလီ သေဆုံးသွားသော်လည်း အိမ်ထဲတွင် မည်သည့် အောက်မေ့ဖွယ်ကမ္ပည်း သို့မဟုတ် ဓာတ်ပုံမှ မရှိပေ။ ရုပ်အလောင်းကိုလည်း အလျင်အမြန်ပင် သင်္ဂြိုဟ်လိုက်ပုံရသည်။
ထိုစဉ် မစ္စစ်လီသည် သူမ၏စကတ်ကို လက်ဖြင့်ဖိကာ စားပွဲထောင့်ကို မှီလိုက်သဖြင့် သူမ၏ တင်ပါးများမှာ မက်မွန်သီးကဲ့သို့ ထင်ရှားသွားခဲ့၏။ စားပွဲထောင့်၏ မာကျောသော အထိအတွေ့ကလည်း သူမ၏အသားထဲသို့ တိုးဝင်နေခဲ့သည်။
သူမသည် တန်ဝမ်ကျဲဘက်သို့ ဘေးတိုက်လှည့်ထားပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ စားပွဲနှင့် ထိတွေ့နေသည်မှာ အထင်အရှားပင်။
တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ လရောင်က ဖြာကျနေသဖြင့် သူမ၏ ပုံရိပ်မှာ ဝေဝါးပြီး ဆွဲဆောင်မှုရှိနေခဲ့လေသည်။
“ကျွန်မကို အားချင်လို့ပဲ ခေါ်ပါ။ ရှောင်ရုံက သူ့အဘွားအိမ်ကို သွားတယ်လေ။”
“ကောင်းပါပြီ အားချင်။ ဒီနေ့အတွက် ပေးရမယ့် ဒေါ်လာ ၅၀၀ကို ကျုပ် မပေးရသေးဘူး။ ဆိုတော့ နောက် ၁၀ ရက်အတွက် ဒေါ်လာ ၅,၀၀၀ ပါ တစ်ခါတည်း ပေးထားလိုက်ပါ့မယ်...။”
‘ဒီလောက်အဆင့်နိမ့်တဲ့ ဆွဲဆောင်မှုမျိုးလေးနဲ့ ငါ့ကို လှည့်စားလို့ မရပါဘူးကွ။
တန်ဝမ်ကျဲက တွေးလိုက်သည်။
ထို့ကြောင့် သူ ပြတ်ပြတ်သားသား ထရပ်လိုက်၏။
“ဖုန်းခဏ ငှားလို့ရမလား။”
“ရတာပေါ့။”
မစ္စစ်လီက ခေါင်းငြိမ့်သည်။
“ဟယ်လို...လုံခြုံရေးရုံးကပါ။ ဘယ်သူပါလဲ။”
“ငါပါ တန်ဝမ်ကျဲ။ သံတဏိသတ္တိလား။”
“ဩော် မစ္စတာတန်။ ဘာကူညီပေးရမလဲခင်ဗျ။”
“ငါ့ကို အကာကွယ်တစ်ဘူးလောက် ဝယ်ပေး... ”
တန်ဝမ်ကျဲက မစ္စစ်လီကို မော့ကြည့်လိုက်ပြီး စကားရပ်သွားခဲ့သည်။
“ထားလိုက်ပါတော့...၁၀ ဘူးလောက်ပဲ ဝယ်ခဲ့ပေး။”
သူတို့နှစ်ဦးစလုံး ဟောင်ကျင်းစားသောက်ဆိုင်၌ ဗိုက်မဝခဲ့ကြသည်ဖြစ်ရာ အိမ်မှာပဲ အတူတူ ချက်ပြုတ်စားသောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
တန်ဝမ်ကျဲ၏ မုန့်နယ်သည့် ပညာမှာ အတော်ပင် ကောင်းမွန်လှပေသည်။ မုန့်နယ်ရာတွင် အဓိက လျှို့ဝှက်ချက်မှာ ဂျုံမှုန့်များလျှင် ရေများများထည့်ရခြင်းဖြစ်ပြီး နယ်ပြီးနောက် အချဉ်ဖောက်ထားရန်မှာလည်း အလွန်အရေးကြီးသည်။
မစ္စစ်လီသည် သူ၏ လက်လှုပ်ရှားမှုများကို ကြည့်ပြီး ဗိုက်ဆာလာသဖြင့် သူမကိုယ်တိုင် လာရောက်ကူညီတော့လေသည်။
“အိမ်မှာ မုန့်လှိမ့်တံမရှိဘူးထင်တယ်။”
“ဒါဆို ကျုပ်ဟာကိုပဲ သုံးလိုက်လေ။”
“ဝါး... ဘာ်လိုတောက် ရှည်လိုက်တဲ့ မုန့်လှိမ့်တံကြီးလဲ။ ဒါပေမဲ့ ရှင့်မှာ ရည်းစားသုံးယောက်ရှိတယ်ဆိုတော့ သူတို့ရဲ့ မီးဖိုချောင်သုံးပစ္စည်းကို ခွင့်ပြုချက်မပါဘဲ သုံးတာ မကောင်းဘူး မဟုတ်လား။”
“ဆေးလိုက်ရင် အဆင်ပြေသွားမှာပါ။”
“ဒါပေမဲ့ ဆေးတာက အချိန်အကြာကြီး ပေးရမှာနော်။”
“ကိစ္စမရှိပါဘူး။ ကျုပ်တို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။”
...
အရုဏ်တက်၊ နံနက်ခင်း...။
မနေ့က အင်းအတတ်ကြောင့် အဆောက်အဦးတစ်ခုလုံးရှိ လုံခြုံရေးဝန်ထမ်းများမှာ တက်ကြွနေကြ၏။ သရဲရှိ၊မရှိ မသေချာသော်လည်း အပိုဝင်ငွေရယူရင်း အင်းအတတ်သင်ယူနိုင်မည်ဆိုလျှင် မည်သူကမှ ငြင်းဆန်မည်မဟုတ်ပေ။
“ဒီနေ့က အရေးကြီးတဲ့ သတ္တိလေ့ကျင့်ခန်း လုပ်ရမယ့်နေ့ပဲ။ ဘာလို့ တစ်ယောက် လိုနေတာလဲ။ သံမဏိသတ္တိ မနေ့ညက မစ္စတာတန်ဆီက ဖုန်းလက်ခံရရှိတယ်လို့ ကြားတယ်။ သူ ဘယ်သွားလဲ မင်းသိလား။”
ကပ္ပတိန်လုက မေးလိုက်သည်။
“ကျွန်တော်လည်း သေချာမသိပါဘူး။ မနေ့ညက မစ္စတာတန်က အကာအကွယ် ၁၀ ဘူး ဝယ်ခိုင်းပြီး မစ္စစ်လီအိမ်ကို လာပို့ခိုင်းတာပဲ သိတယ်။”
“၁၀ ဘူးတောင်လား။”
လူအုပ်ကြီးမှာ ဆူညံသွား၏။
လီယွန်ပင်လျှင် သူ၏ နေကာမျက်မှန်ကို အောက်သို့ အသာနှိမ့်ပြီး ကြည့်မိသွားခဲ့သည်။
“ဟုတ်တယ်...။ မစ္စတာတန်က ပြောတယ်... မစ္စစ်လီက ဝမ်းနည်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး မလုပ်အောင် သူက ဘေးကနေ ကူညီပေးနေတာတဲ့။”
သံမဏိသတ္တိက ခေါင်းငြိမ့်ပြရင်း ပြောသည်။
“ပြီးတော့ သူက ပြောသေးတယ်...။ ကိုယ်ပိုင်စက်ဘီးမဟုတ်ရင် သေချာပေါက် မတ်တပ်ရပ်ပြီး နင်းရတယ်တဲ့။ အဲ့ဒါကြောင့် ဒီနေ့မနက် ခွင့်ယူမယ်လို့ ပြောပါတယ်။”
“ကောင်းပြီ။ အားကျဲမရှိလည်း ငါတို့ချည်း စလိုက်ကြတာပေါ့။”
တန်ဝမ်ကျဲ လာသည်၊ မလာသည်ကို လီယွန်က ဂရုမစိုက်ပေ။ သူသည် ဘာမှမတတ်သည့် ဤလူများကို ရက်လည်ညမှာ အသက်ရှင်နိုင်ရန်အတွက် အရေးပေါ် လေ့ကျင့်ပေးရန်သာ လိုအပ်ပေသည်။
“ပထမဆုံး သင်ခန်းစာ - ကြောက်ရွံ့ခြင်းဆိုတာ ဘာလဲဆိုတာ ငါ မင်းတို့ကို သင်ပေးမယ်။”
ပြောပြောဆိုဆိုဖြင့် လီယွန်သည် သူ၏သေတ္တာထဲမှ မစင်တုံးကြီးတစ်တုံးကို ထုတ်ယူလိုက်၏။
ကပ္ပတိန်လုနှင့် အခြားလုံခြုံရေးဝန်ထမ်းများမှာ တန်ဝမ်ကျဲသည် ယနေ့သင်ခန်းစာမှာ ဤကဲ့သို့အရာများ ပါဝင်မည်ကို ကြိုသိနေ၍ ခွင့်ယူသွားခြင်း ဖြစ်နိုင်မလားဟူ၍ပင် ရုတ်တရက် ခံစားလိုက်ရလေသည်။