← Chapters

ကြက်ဖ၊ လျှပ်စီးမိုးကြိုးလက်သီး အဆင့် ၁

Vol. 8 Ch. 75

ကြက်ဖ၊ လျှပ်စီးမိုးကြိုးလက်သီး အဆင့် ၁

Vol. 8 Ch. 75

အဆောက်အဦးတစ်ခု၏ အထပ်တစ်ခုတွင် အသည်းကွဲနေသော မိန်းကလေး အားချွမ်သည် တီဗီတွင် ဖေးဝေါင်၏ သီချင်းဗီဒီယိုကို ဖွင့်ကာ ကုတင်ပေါ်တွင် ငေးငိုင်စွာ ထိုင်နေ၏။

သူမအတွက် အသည်းကွဲရခြင်းမှာ နေ့စဉ်စားနေကျ ထမင်းသုံးနပ်ကဲ့သို့ ဖြစ်နေပြီး အချစ်ဆိုသည်မှာလည်း အသင့်စား အစားအစာကဲ့သို့ပင်။

ထိုစဉ် အပြင်ဘက်မှ “ဝုန်းဝုန်း”၊ “ဒိုင်းဒိုင်း” နှင့် “အား... အား...” ဆိုသည့် အသံများကြောင့် အားချွမ် သတိထားမိသွားခဲ့သည်။

သူမသည် ပြတင်းပေါက်မှ အလျင်အမြန်ပင် ငုံ့ကြည့်လိုက်ရာ အောက်တွင် လူအုပ်ကြီးတစ်ခု အော်ဟစ်နေသည်ကို တွေ့လိုက်ရလေသည်။ လူတစ်ယောက်က လွှစက်ကို ကာကွယ်ရန် နောက်တစ်ယောက်ကို မပြီး ခုခံနေသည်ကိုလည်းကောင်း၊ စားပွဲနောက်မှ လူတစ်ယောက်က ဟိုညွှန်ဒီညွှန် လုပ်နေပြီး သူ၏ခြေထောက်အောက် မြေပြင်တွင် ရွှေရောင်အလင်းတန်းများ လက်နေသည်ကိုလည်းကောင်း သူမ မြင်လိုက်ရ၏။

“မိုက်လိုက်တာ။”

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပေါင်နှစ်ဖက်ကို စိထားမိပြီးနောက် ဘာမှစဉ်းစားမနေတော့ဘဲ အခန်းထဲမှ ပြေးထွက်သွားတော့သည်။

“မေမေ... မမ ပြေးထွက်သွားပြန်ပြီ။”

“လွှတ်ထားလိုက်စမ်းပါ။ ငါနိုင်ပြီဟေ့..ပိုက်ဆံပေး၊ ပိုက်ဆံပေး။”

...

“တကယ် ခွဲမှာလား။”

အကျီကို လှန်ထားသော လီယွန်ကို ကြည့်ပြီး တန်ဝမ်ကျဲက မေးလိုက်သည်။

“ခွဲစမ်းပါ။”

လီယွန်မှာ ချွေးများ ရွှဲနေခဲ့၏။

ဘေးနားရှိ ကပ္ပတိန်လု၊ သံမဏိသတ္တိ၊ ရုဟွာနှင့် အခြားသူများမှာ တားချင်သော်လည်း ဘာပြောရမှန်း မသိဖြစ်နေကြလေသည်။

မည်သည့် ဆေးဘက်ဆိုင်ရာ ကိရိယာမှမပါဘဲ ရောင်ရမ်းနေသော အူအတက်ကို တိုက်ရိုက်ခွဲထုတ်ခြင်းမှာ လူသတ်နေခြင်းနှင့် အတူတူပင်။

“ငါ မင်းကို ယုံတယ်။”

တန်ဝမ်ကျဲက လီယွန်၏ လက်ဆွဲသေတ္တာကို ဖွင့်လိုက်၏။ သူသည် ဤသေတ္တာ၏ ထူးခြားချက်ကို ကြိုတင်သတိပြုမိပြီးသား ဖြစ်သည်။

ယခင်သူ့အိမ်မှာတုန်းက လီယွန်သည် ဤသေတ္တာထဲမှ အမျိုးမျိုးသော အသုံးအဆောင်များကို ထုတ်ယူခဲ့သည်ကို သူ မြင်ဖူးပေသည်။

အငြိုးကြီးသရဲမစ္စတာလီ လက်ထဲသို့ ထိုသေတ္တာ ရောက်သွားချိန်တွင်လည်း ဖုတ်ကောင်နှင့် သရဲများကိုပင် ဒဏ်ရာရစေနိုင်သော လွှစက်တစ်လက် ထွက်လာခဲ့၏။

ခုနက ပလတ်စတစ်စက္ကူဖြင့် သရဲဖမ်းမည်ဟု ပြောချိန်တွင်လည်း ကပ္ပတိန်လုတို့ သေတ္တာကို ဖွင့်ကြည့်ရာ ပလတ်စတစ်စက္ကူ လိပ်များဖြင့် ပြည့်နေခဲ့ပြန်သည်။

ယခု သေတ္တာကို ထပ်မံဖွင့်ကြည့်သောအခါ အတွင်း၌ ကတ်ကြေး၊ ပလာယာ၊ ပတ်တီး၊ ဂွမ်းကြိုး စသည်တို့ ရောက်နေပြန်၏။

၎င်းမှာ အမှိုက်များဖြင့် ပြည့်နေသော ရတနာသေတ္တာကြီးနှင့်ပင် တူလှသည်။

ကပ္ပတိန်လုက စိုးရိမ်တကြီး မေးလိုက်သည်။

“မစ္စတာတန် လူနာတင်ကား ခေါ်လိုက်ရင် မကောင်းဘူးလား။”

လီယွန်: “မလိုဘူး၊ အခုပဲ ခွဲလိုက်တော့။”

တန်ဝမ်ကျဲမှာ လက်သွက်သူဖြစ်သည်။ လီယွန်နှင့်အတူ နေရာအတိအကျကို အတည်ပြုပြီးနောက် ဓားဖြင့် အသာအယာ ထိုးချလိုက်ရာ သွေးတစ်စက်မှ ထွက်မလာခဲ့ပေ။

“ငါ့ရဲ့ စိတ်စွမ်းအားနဲ့ သွေးမထွက်အောင် ထိန်းထားတာ။ မြန်မြန်... အူအတက်ကို ပလာယာနဲ့ ညှပ်ပြီး ဓားနဲ့ လှီးထုတ်လိုက်။”

“ခွဲပြီ။”

တန်ဝမ်ကျဲ၏ လုပ်ဆောင်ချက်မှာ အပြစ်ပြောစရာမရှိအောင် တိကျလှပေသည်။

“ဟူး... ကျေးဇူးပဲ။”

လီယွန်သည် အပ်ချည်ဖြင့် သူ့ဒဏ်ရာကို သူပြန်ချုပ်ကာ ဖဲပြာပုံစံတောင် ချည်လိုက်သေး၏။ အစမှအဆုံးထိ သွေးတစ်စက်မှ ထွက်မသွားခဲ့ပေ။

တန်ဝမ်ကျဲမှာမူ အကယ်၍ လီယွန်သည် ဒဏ်ရာရပြီးနောက် ချက်ချင်းပြန်ကောင်းသွားမည်ဟု ယုံကြည်နေလျှင် သူသည် မသေနိုင်သော ခန္ဓာကိုယ်မျိုး ရသွားမလားဟူ၍ပင် တွေးသွားခဲ့သည်။ သို့သော် ၎င်းမှာ မဖြစ်နိုင်ကြောင်း သူပြန်တွေးမိလိုက်သည်။ လီယွန်၏ စွမ်းအားမြင့် စိတ်ကူးမှာ သူ၏ ထူးဆန်းပြီး အရူးကြောင်ကြောင်နိုင်သော ယုတ္တိဗေဒနှင့် ဆက်စပ်နေခြင်းဖြစ်သည်။ လီယွန်သည် မိမိကိုယ်ကိုယ် အစွမ်းထက်အောင် လုပ်တတ်သလို အမျိုးမျိုးသော အားနည်းချက်များကိုလည်း ထည့်သွင်းတတ်ပေသည်။

ထို့ကြောင့် လီယွန်မှာ အမြဲတမ်း ပြိုင်ဘက်ကင်းသလို ထင်ရသော်လည်း အသေးအဖွဲ ကိစ္စရပ်များကြောင့် ပြင်းထန်သော ဒဏ်ရာများကို ရရှိတတ်ခြင်း ဖြစ်သည်။

ထို့ပြင် သူ မကြာမီ ဤနေရာမှ ထွက်ခွာရတော့မည်ကိုလည်း သိနေပုံရသည်။ လီယွန်ကိုယ်တိုင်လည်း ၎င်းကို သိနားလည်ဟန်ရှိ၍ ဆေးရုံသွားရန် မရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဒီသရဲမှာ သေချာပေါက် မိုးကြိုးအမှတ်အသား ကျန်ခဲ့လိမ့်မယ်။”

ခုနကတင် သေလုမတတ် ဖြစ်နေသော လီယွန်မှာ ယခုတော့ အားအင်အပြည့်ဖြင့် ခုန်ထလာခဲ့၏။

“ငါ မင်းဆီက ငွေဒင်္ဂါး တစ်ထောင် ယူထားတာဆိုတော့ ဒါကို သေချာပေါက် ကူညီပေးရမှာပေါ့။”

“မိုးကြိုးဆင့်ခေါ်တဲ့ အစီအရင်အတွက် လိုအပ်တာတွေ ငါ ပြင်ထားပြီးပြီ။”

တန်ဝမ်ကျဲက ပြောလိုက်သည်။ နေရာတွင်တင် မိုးကြိုးဆင့်ခေါ် အစီအရင် ပြုလုပ်ရန်မှာ မခက်ခဲလှပေ။

သို့သော် ကောင်းကင်မိုးကြိုးဆိုသည်မှာ လိုချင်တိုင်း ရသည်မဟုတ်ဘဲ မိုးသက်မုန်တိုင်း ရှိမှသာ သို့မဟုတ် တစ်ယောက်ယောက်က ကူညီဆင့်ခေါ်ပေးမှသာ ရရှိနိုင်ခြင်းဖြစ်သည်။

ထိုအချိန်တွင် လီယွန်သည် သူ၏လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်လိုက်ရာ သူ၏လက်သီးများမှ လျှပ်စီးမီးပွားများ လျှံထွက်လာပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်တော့၏။

လူနှင့် ကောင်းကင်မှာ လျှပ်စီးများဖြင့် ကျစ်ထားသော ကြိုးတစ်ချောင်းဖြင့် ဆက်သွယ်သွားသကဲ့သို့ ရှိသည်။

နောက်အခိုက်တွင် ကောင်းကင်မှ မိုးကြိုးတစ်စင်း ပစ်ချလိုက်ရာ ပလတ်စတစ်စက္ကူနှင့် မင်ကြိုးများဖြင့် ပတ်ထားသော သရဲကို ထိမှန်သွားတော့၏။

လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ပလတ်စတစ်စက္ကူနှင့် မင်ကြိုးများမှာ အငွေ့ပျံသွားပြီဖြစ်ကာ မြေပြင်ပေါ်တွင် ထူးဆန်းသော အမှတ်အသားတစ်ခုသာ ကျန်ရစ်တော့လေသည်။

မည်သူမှ သတိပေးစရာမလိုဘဲ တန်ဝမ်ကျဲက လမ်းလျှောက်သွားကာ မြေပြင်ပေါ်မှ မိုးကြိုးတံဆိပ်တော်ကို အားရပါးရ စုပ်ယူပြီး ဝါးမြိုလိုက်၏။ မိုးတိမ်တစ်ခုလုံးကို ဗိုက်ထဲ မြိုချလိုက်သကဲ့သို့ပင်။

မြေပြင်ပေါ်မှ လောင်ကျွမ်းနေသော မိုးကြိုးအမှတ်အသားမှာ မပြောင်းလဲသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင်မူ မကြေညက်နိုင်သော အရာတစ်ခု ရောက်နေသကဲ့သို့ ခံစားရပြီး နားထဲတွင် တစီစီမြည်သံများကို ကြားနေရလေသည်။

သူသည် ချက်ချင်းပင် လျှပ်စီးမိုးကြိုးလက်သီးကို နေရာတွင်တင် လေ့ကျင့်လိုက်၏။

မရသေးပေ။

မျှော်လင့်ထားသည့်အတိုင်းပင်။

နောက်တစ်ကြိမ် ထပ်မံလေ့ကျင့်၏။

မတတ်သေးပေ။

လီယွန် တတ်မြောက်နိုင်သည်မှာ ကျင့်စဉ်နည်းလမ်းမှာ မှန်ကန်နေပြီး ဤကမ္ဘာတွင် ၎င်းကို “မှန်ကန်သည်” ဟု လက်ခံထားသောကြောင့်ပင်။ သို့မဟုတ်ပါက လီယွန်ကိုယ်တိုင်လည်း မိုးကြိုးချီကို မဝါးမြိုဘဲ ကျင့်ကြံနိုင်မည်မဟုတ်ပေ။

မိုးကြိုးချီမှာလည်း ပြဿနာမရှိနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လီယွန်ကလည်း ၎င်းကို အသိအမှတ်ပြုထားသောကြောင့်ပင်။

သို့ဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။ ၎င်းမှာ သူကိုယ်တိုင်၏ ပါရမီ မလုံလောက်ခြင်းပင် ဖြစ်သည်။

တန်ဝမ်ကျဲက လီယွန်ကို ကြည့်ကာ မေးလိုက်သည်။

“နည်းနည်း ခက်နေသလိုပဲ။ ပိုလွယ်တဲ့နည်း ရှိလား။ ငါ နည်းနည်း လောနေလို့။”

အောင်မြင်ခြင်း ရှိ၊ မရှိမှာ လီယွန်က သူ၏ စိတ်ကူးကို မည်သို့ အသုံးချမည်ဆိုသည့်အပေါ်တွင်သာ မူတည်သည်။

“လွယ်ပါတယ်။”

လီယွန်က ပြောလိုက်သည်။

“မင်း လက်သီးကျင့်နေတဲ့အချိန်မှာ ကြက်ဖတစ်ကောင်ကို ပွေ့ထားလိုက်ရုံပဲ။”

“ကြက်ဖလား။”

“ဘာလို့လဲဆိုတော့ မိုးကြိုးနတ်မင်းမှာ ငှက်နှုတ်သီး ရှိလို့လေ။ မင်း သိတယ်မဟုတ်လား။”

“ဒါဆို စာကလေးတို့၊ ကြက်တူရွေးတို့၊ လင်းယုန်တို့ဆိုရင်ရော။”

“မရဘူး၊ ကြက်ဖက ဈေးထဲမှာ အလွယ်တကူ ဝယ်လို့ရတယ်။”

ငြင်းချက်ထုတ်၍မရသော အဖြေပင်။

“နောက်တစ်ခု...။”

လီယွန်က ဆရာတစ်ယောက်ကဲ့သို့ လက်ညှိုးကို မြှောက်ကာ ပြောလိုက်သည်။

“မစ္စတာလီက သူ့အမေအရင်းကို သတ်ခဲ့တဲ့ အကုသိုလ်ကောင်ပဲ။ ခုနက ပစ်ချလိုက်တဲ့ မိုးကြိုးနတ်မင်းက အဲဒီလို လူမျိုးတွေကို အမုန်းဆုံးပဲ။ ဒါကြောင့် မင်း ကြက်ဖတစ်ကောင်ကို ပွေ့ထားရင် လျှပ်စီးမိုးကြိုးလက်သီးကို တတ်မြောက်လိမ့်မယ်။”

လီယွန် ပြောနေသည်မှာ မိုးကြိုးဌာနမှ စစ်သူကြီးငါးပါးအနက် တစ်ပါးဖြစ်သော စစ်သူကြီးရှင်းကို ရည်ညွှန်းနေပုံရသည်။

စစ်သူကြီးရှင်း၏ ပုံပြင်တွင် မိုးကြိုးနတ်မင်းသည် ကြက်ဖကြီးအသွင် ဖန်ဆင်းထားရာ စစ်သူကြီးရှင်း၏ မိခင်က ထိုကြက်ကို သတ်ခဲ့သဖြင့် မိုးကြိုးပစ်ကာ သေဆုံးခဲ့ရသည်။ စစ်သူကြီးရှင်းက မိုးကြိုးကို မကြောက်ဘဲ သူ့မိခင်အတွက် လက်စားချေရန် ထိုကြက်ကို သတ်ခဲ့ရာ ကောင်းကင်မှ မိုးကြိုးနတ်မင်းက သူ၏ သတ္တိကို သဘောကျသွားပြီး မိုးကြိုးဌာနတွင် စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်လေသည်။

All Chapters