← Chapters

အနာဂတ်မှာ အနည်းဆုံး မယားငယ် ၅ ယောက်လောက်တော့ ယူရမယ်

Vol. 8 Ch. 78

အနာဂတ်မှာ အနည်းဆုံး မယားငယ် ၅ ယောက်လောက်တော့ ယူရမယ်

Vol. 8 Ch. 78

ဆဋ္ဌမအကြိမ် ၁၀ ကြိမ်ဆက်တိုက်။

အဖြူ ၅၊ အစိမ်း ၄၊ ခရမ်း ၁။

ဤတစ်ကြိမ်တွင်မူ အနည်းငယ် ကွဲပြားမှု ရှိလာခဲ့သည်။

[“အရမ်းမိုက်တာပဲ!” — အားချွမ်]

သွေး +၁

နောက်ထပ် လေးခုမှာလည်း အားချွမ်များသာ ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ ကပ္ပတိန်လု ဖြစ်ကာ ခွန်အား +၁ ရခဲ့သည်။

အစိမ်းရောင် ၄ ခုမှာ ဘရိုက်တစ်ယောက်ပါဝင်ပြီး မသေနိုင်သော စစ်နတ်ဘုရားကို အဆင့် ၅ သို့ ရောက်သွားစေခဲ့သည်။ ၅% ဆိုသည်မှာ ကံစမ်းကြည့်၍ ရသော အခြေအနေတစ်ခုဖြစ်သည်။

လီလီပန်း + ၁တစ်ခု။

ကျန်ရှိသော အစိမ်းရောင် ၂ ခုမှာ..

[“ဘယ်လောက်လဲ။” - မစ္စစ် လီ]

သွေး +၂၊ မန်နာ +၁၊ ခွန်အား +၁

သူမ မသေသေးသောကြောင့် သရဲမဖြစ်သွားခြင်း ဖြစ်ဟန်တူသည်။

[“မင်း ငါ့ကို ဖောက်ပြန်နေတာလား” - မစ္စတာ လီ]

မစ္စတာ လီ

အဆင့်: ၁/၂၀ (၀/၅၀)

ပါရမီ : -

စွမ်းရည် :အမြင်လှည့်စားခြင်း

သတ္တမအကြိမ် ၁၀ ကြိမ်ဆက်တိုက်။

အားချွမ် ၃၊ ကပ္ပတိန်လု ၄၊ ဘရိုက် ၂၊ မစ္စတာ လီ ၁။

တန်ဝမ်ကျဲသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ မစ္စတာလီ နှစ်ယောက် ပေါ်လာမည့်အစား မစ္စတာလီ မှာ နောက်ထပ် ပါရမီတစ်ခု ရရှိသွားခြင်း ဖြစ်သည်။

“ကောင်လေး မင်း ငါ့ကို ဖောက်ပြန်ရဲတယ်ပေါ့။”

မစ္စတာလီသည် တန်ဝမ်ကျဲကို ဒေါသတကြီး စိုက်ကြည့်နေ၏။

သူသည် ယခင်က ဖြစ်ပျက်ခဲ့သည်များကို မှတ်မိနေဆဲပင်။ သို့သော်လည်း သူသည် ကြွက်သားသရဲပုလေးကဲ့သို့ပင် ဆဲဆိုနေရုံမှအပ တန်ဝမ်ကျဲကို ဘာမှ မလုပ်နိုင်ပေ။

တန်ဝမ်ကျဲမှာမူ အခြားကိစ္စတစ်ခုကိုသာ စိတ်ဝင်စားနေခဲ့သည်။

မစ္စတာ လီ

အဆင့်: ၁/၂၀ (၀/၅၀)

ပါရမီ: ပူးကပ် ဟန်ဆောင်ခြင်း

စွမ်းရည်: အမြင်လှည့်စားခြင်း

ကောင်းကင်မိုးကြိုးကို ကျင့်ကြံရန် ကုန်ကြမ်းနှစ်ခု ရှိရမည့်အစား ယခုအခါ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ပါရမီတစ်ခုသာ ပွင့်လာခဲ့ခြင်း ဖြစ်သည်။

“ဒါကတော့ သောက်ရမ်းရှုံးသွားပြီ။”

သူသည် ဆယ်ကြိမ်ဆက်တိုက် ကံစမ်းမဲနှိုက်ခြင်းကို သုံးကြိမ်ထပ်လုပ်ခဲ့သော်လည်း အသစ်အဆန်းဘာမှ ထွက်မလာတော့ပေ။

လီယွန်၊ မစ္စတာလီ နှင့် မစ္စစ်လီတို့ တစ်ကျော့ပြန် ပေါ်မလာတော့ဘဲ သူ၏ကံကောင်းမှုများ ကုန်ဆုံးသွားပုံရလေသည်။ ဘရိုက်ပင်လျှင် တစ်ကြိမ်သာ ထွက်လာတော့သည်။

ကျန်ရှိသော ကံစမ်းမဲအများစုမှာ ဆိုင်ရှိပစ္စည်းများကို အဆင့်မြှင့်တင်ရန်အတွက်သာ ဖြစ်ပေသည်။ ဆိုင်ရှိပစ္စည်းအားလုံးနီးပါး ပွင့်သွားပြီးနောက်တွင် သူနှိုက်၍ရနိုင်သည်မှာ လုံခြုံရေးဝန်ထမ်းများသာ ကျန်တော့သည်။

သူရရှိခဲ့သည်များမှာ- ခွန်အား +၁၆၊ သွေး +၇၊ လွှစက် ၃ ခု၊ လင်းကွင်း ၁ စုံ၊ လီလီပန်း ၁ ပွင့် နှင့် ဘရိုက် ၁ ယောက် တို့ဖြစ်သည်။

ထို့ပြင် နောက်ဆုံးပစ္စည်းတစ်ခုလည်း ပါဝင်သေးသည်။

[ခရီးဆောင်သေတ္တာ - အမျိုးမျိုးသော သရဲဖမ်းကိရိယာများနှင့် ပစ္စည်းများကို သိမ်းဆည်းနိုင်ပုံရသည်။]

သူသည် စုစုပေါင်း အကြိမ် ၁၀၀ နှိုက်ခဲ့ပြီး လက်ထဲတွင် မှော်ဝင်ငွေ ၁၁၆၈၀ ကျန်ရစ်ခဲ့၏။ စိတ်လွတ်ကိုယ်လွတ် မနှိုက်မိခင် အချိန်မီရပ်တန့်နိုင်ခြင်းသည်လည်း ပညာရှိမှုတစ်မျိုးပင်။

နောက်ဆုံးတွင် သူ၏ အရည်အချင်းများမှာ

သွေး: ၃၅/၃၅

မန်နာ: ၃၇/၃၇

ခွန်အား: ၅၅/၅၅

သူ၏ အာရုံခံစားမှု ပြောင်းလဲလာပုံမှာမူ သိသိသာသာပင်။ သူ့ရှေ့ရှိကမ္ဘာကြီးမှာ ပို၍ထင်ရှားပြတ်သားလာသကဲ့သို့ ခံစားလိုက်ရလေသည်။ နားပါးပြီး မျက်စိရှင်လာသဖြင့် ပျံသန်းနေသော ပိုးဟပ်တစ်ကောင်၏ လမ်းကြောင်းကိုပင် အလွယ်တကူ ခြေရာခံနိုင်နေခဲ့သည်။ အရှေ့ဘက်ခြံဝင်းအတွင်း လက်ကိုင်ပဝါများ ချုပ်လုပ်နေကြသည့် အစေခံမလေးများ၏ ရယ်မောသံကို ကြားနေရပြီး နောက်ဖေးမီးဖိုချောင်မှ ထမင်းချက်သမက အိမ်တော်ရှိ ဟင်းသီးဟင်းရွက်ဟောင်းများကို ရောင်းထုတ်ပြီး ကိုယ်ကျိုးရှာရန် ကြံစည်နေသည်ကိုလည်း ကြားနေရသည်။ ကောင်းကင်ယံ၌ ပျံသန်းနေသော ငှက်များကိုပင် အရင်ကထက် ပို၍ ပြတ်ပြတ်သားသား မြင်နေရပြီဖြစ်သည်။

ယခင်က သူသည် သာမန်လူတစ်ယောက်သာ ဖြစ်သော်လည်း ယခုမူ အိမ်ခေါင်မိုးပေါ် ခုန်တက်ခြင်းနှင့် နံရံပေါ် လမ်းလျှောက်ခြင်းတို့မှာ ပြဿနာမဟုတ်တော့သကဲ့သို့ ခံစားနေရသည်။ သူ၏ ဖျတ်လတ်မှုမှာ ချူရှန်းထက် သာလွန်သွားပြီး ခွန်အားမှာလည်း ပြောစရာမလိုတော့ပေ။ တိုက်ခိုက်ရေးစွမ်းရည်မှာမူ... မစ္စစ်လီ ၃ ယောက် သို့မဟုတ် ၅ ယောက်ကို တန်းစီထားလျှင်ပင် အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။

သခင်ကြီးတန်တစ်ယောက် စူပါမန်းအဖြစ် ပြောင်းလဲနေသည်ကို ခေတ္တဘေးဖယ်ထားလျှင် ကံစမ်းမဲမှရရှိသော ပစ္စည်းများကို သိမ်းဆည်းရန်မှာ အတော်လေး အားထုတ်ရဦးမည် ဖြစ်သည်။

[သရဲသတ်လွှစက် +၄: သရဲများကို ထိခိုက်စေပြီး လူများကို သေစေနိုင်သည်။ သရဲနှင့် မိစ္ဆာများအပေါ် တိုက်ခိုက်မှု +၄။ အထူးဂုဏ်သတ္တိ: ထက်မြက်ခြင်း (လည်ပတ်နှုန်း မြန်လေလေ ပို၍ထက်လေလေဖြစ်သည်)]

ဘယ်ဘက်လက်တွင် ဓားမကြီး၊ ညာဘက်လက်တွင် လွှစက်နှင့် သူသည် သရဲဖမ်းသမားများကြားတွင် ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် ပြဿနာအသစ်တစ်ခုလည်း ပေါ်လာခဲ့လေသည်။ တန်ဝမ်ကျဲတွင် လက်တစ်စုံသာရှိပြီး လက်နက်နှစ်ခုကိုသာ တစ်ပြိုင်နက် ကိုင်ဆောင်နိုင်၏။ မှော်ပစ္စည်းများအတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။

သို့သော် လင်းကွင်း ၊ 【လီလီပန်း ၁: သရဲကို ခြေရာခံနိုင်ပြီး အခြေခံအချက်အလက်များကို သတင်းပို့နိုင်ပုံရသည်] နှင့် [ခရီးဆောင်သေတ္တာ] တို့အားလုံးသည်လည်း မှော်ပစ္စည်းများအောက်တွင် အကျုံးဝင်ပေသည်။

ယခင်ရှိနှင့်ပြီးသား [ဓာတ်ကြီးငါးပါး အိမ်မြှောင် +၁] နှင့် [ခက္ကရာ +၆] တို့နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း မှော်ပစ္စည်း ၅ ခု ဖြစ်သွားဖြစ်သည်။ ၎င်းတို့ကို အကုန်အသုံးပြုနိုင်ရန်အတွက် သူ့တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိရန် လိုအပ်မည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် [ခရီးဆောင်သေတ္တာ] က ဤပြဿနာကို ဖြေရှင်းပေးနိုင်၏။ သူသည် အသုံးမပြုသေးသည့် ပစ္စည်းအားလုံးကို ၎င်းထဲသို့ ပစ်ထည့်ထားလိုက်သည်။ သေတ္တာမှာ သေးငယ်သော်လည်း အောက်ခြေမရှိသော ကျင်းကြီးတစ်ခုကဲ့သို့ပင်။ စားပွဲတင်ခုံ အရွယ်အစားရှိသည့် သံလိုက်အိမ်မြှောင်၊ လီလီပန်း၊ လူတစ်ရပ်နီးပါးမြင့်သော ခက္ကရာ သို့မဟုတ် စားပွဲဝိုင်းအသေးစားအဖြစ် အသုံးပြုနိုင်သည့် လင်းကွင်းစုံတို့ဖြစ်စေ အားလုံးကို အထဲသို့ အဆင်ပြေပြေ ထည့်ထားနိုင်ပြီး အလေးချိန်မှာလည်း ပြောင်းလဲခြင်း မရှိပေ။

ယခုမှစ၍ အပြင်ထွက်လျှင် ခရီးဆောင်သေတ္တာကို ဆွဲသွားရုံဖြင့် အဆင်ပြေပြီဖြစ်သည်။

ဆိုင်ကို ပြန်ကြည့်လိုက်သောအခါ ထိုပွင့်သွားသော ပစ္စည်းများသည် တန်ဝမ်ကျဲအတွက် အကြီးမားဆုံးသော ဆုလာဘ်များ ဖြစ်လာခဲ့လေသည်။

[ပဲငပိနှင့် လိမ္မော်သီးပေါင်း] ဈေးနှုန်း: ၂၀ မှော်ငွေ

[ငရုတ်ပွနှင့် ပဲပုပ်ဖတ် ဖျော်ထားသော ဖရဲသီး] ဈေးနှုန်း: ၂၀ မှော်ဝငါငွေ

[ငှက်ပျောသီး] ဈေးနှုန်း: ၂ မှော်ဝင်ငွေ

[ကြွက်ထောင်ချောက်] ဈေးနှုန်း: ၃ မှော်ဝင်ငွေ

[နွားမျက်ရည် မျက်စဉ်း] ဈေးနှုန်း: ၁၅ မှော်ဝင်ငွေ

[သရဲတိုက်ခိုက်ရေး ချောကလက်] ဈေးနှုန်း: ၂၀ မှော်ဝင်ငွေ

[သရဲဖမ်း ပလတ်စတစ်စကာ] ဈေးနှုန်း: ၂၀ မှော်ဝင်ငွေ

[တစ်ခါသုံး သတင်းစာ ပျံလွှားဦးထုပ်] ဈေးနှုန်း: ၃၆ မှော်ဝင်ငွေ

သူ၏လက်ထဲတွင် မှော်ဝင်ငွေ တစ်သောင်းကျော်သာ ကျန်တော့သဖြင့် ရုတ်တရက်ဆိုသလို ငွေမလောက်တော့သကဲ့သို့ ခံစားလိုက်ရလေသည်။

တန်ဝမ်ကျဲသည် ထိုပစ္စည်းများကို ကြည့်ရင်း မအောင့်နိုင်တော့ဘဲ တစ်ခါသုံး သတင်းစာ ပျံလွှားဦးထုပ် တစ်လုံးကို ဝယ်ယူလိုက်၏။ သူသည် အစေခံအားလုံးကို နောက်ဖေးခြံဝင်းထဲမှ နှင်ထုတ်လိုက်ပြီး ဦးထုပ်ကို ဆောင်းကာ အရှိန်ယူပြေးပြီးနောက်... ပျံသန်းလိုက်လေသည်။

မည်သူက ပျံသန်းရခြင်း၏ ဆွဲဆောင်မှုကို အောင့်အီးနိုင်မည်နည်း။

သူသည် ရှေ့သို့ အရှိန်ပြင်းပြင်း ပြေးထွက်လိုက်ရာ ခြေလှမ်းတိုင်းသည် နှစ်မီတာ၊ သုံးမီတာခန့် ကွာဝေးသွားခဲ့သည်။ ပြေးနေစဉ်အတွင်း ဘေးတစ်ဖက်တစ်ချက်ရှိ မြင်ကွင်းများသည် နောက်တွင် လျင်မြန်စွာ ကျန်ရစ်ခဲ့၏။ ထို့နောက် မြေကြီးကို ဆောင့်ကန်ပြီး ခုန်တက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ မြေပြင်မှ ရုတ်တရက် မြင့်တက်သွားခဲ့သည်။

လေတိုးသံများက သူ့မျက်နှာကို ရိုက်ခတ်နေပြီး သူသည် အိမ်ခေါင်မိုးဆီသို့ ဖြည်းညှင်းစွာနှင့် ပေါ့ပါးစွာ ပျံတက်သွားခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ပိုမြန်မြန်ပျံနိုင်ရန်အတွက် အရှိန်ယူပြေးရန် လိုအပ်ပေသည်။ မဟုတ်ပါက ပျံသန်းခြင်းထက် လေထဲတွင် ဖြည်းဖြည်းချင်း ပေါ်လောပေါ်နေခြင်းနှင့် ပို၍တူပေလိမ့်မည်။

သို့သော် ဤမျှနှင့်ပင် မည်သူ့ကိုမဆို အံ့အားသင့်စေရန် လုံလောက်နေပြီဖြစ်သည်။ ယခုမှစ၍ အမြင့်မှ ပြုတ်ကျသေဆုံးရမည့် အန္တရာယ်ကို သူ နှုတ်ဆက်လိုက်ပြီဖြစ်သည်။

လီယွန်သည် သရဲဖမ်းရာတွင် ထူးချွန်သည့် ဆရာကြီးတစ်ယောက် မဟုတ်သော်လည်း သရဲဖမ်းလောက၏ ဒိုရေမွန်ဟု ဆိုရပေမည်။

မိနစ်အနည်းငယ်ကြာ ပျံသန်းပြီးနောက် မြေပြင်မှ ၅ မီတာခန့် အကွာတွင် သတင်းစာဦးထုပ်မှာ ရုတ်တရက် ကွဲကြေသွားပြီး သူသည် ချက်ချင်းပင် အောက်သို့ ပြုတ်ကျသွားတော့လေသည်။

သာမန်လူတစ်ယောက်အတွက်မူ ၅ မီတာအမြင့်မှ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ပြုတ်ကျခြင်းသည် အရိုးကျိုးခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်၏။ သို့သော် တန်ဝမ်ကျဲ မြေပြင်ပေါ်သို့ ကျရောက်သောအခါ သူ၏ခြေထောက်များသည် ကြမ်းပြင်ပေါ်သို့ ခိုင်မြဲစွာ နင်းမိနေခဲ့သည်။ သူသည် ဒူးကိုကွေးကာ အကျအရှိန်ကို ထိန်းချုပ်လိုက်ပြီး သန်မာလှသော ခန္ဓာကိုယ်ဖြင့် ရိုက်ခတ်မှုကို ကြံ့ကြံ့ခံလိုက်၏။

ဖိအားကြောင့် ကြမ်းပြင်ရှိ အုပ်ချပ်များမှာ အက်ကွဲသွားပြီး ဘေးစောင်းများမှာ ကြွတက်လာခဲ့သည်။

“ငါ့ကျန်းမာရေးအတွက် အနာဂတ်မှာ အနည်းဆုံး မယားငယ် ၅ ယောက်လောက်တော့ ယူရမယ် ထင်တယ် ”

ခွန်အားအရ ပြောရလျှင် သူသည် မယားငယ် ၅ ယောက်စာ (၅ ယောက်ပေါင်းခွန်အား) ကို ပိုင်ဆိုင်နေပြီဖြစ်သည်။

All Chapters