← Chapters

အခန်း (၃၇၆)

Vol. 38 Ch. 376

အခန်း (၃၇၆)

Vol. 38 Ch. 376

အပြင်လောက၏ အခြေအနေအရပ်ရပ်ကိုမူ လုချွမ်း တစ်ယောက် သဘာဝအတိုင်းပင် သိရှိနိုင်စွမ်း မရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူသည် သူ၏ ကိုယ်ပိုင်ကိစ္စရပ်များကို လုပ်ဆောင်ရန်ပင် အချိန်မလောက်ငလုနီးပါး ဖြစ်နေပြီး ပြင်ပမှ တိုးတက်ပြောင်းလဲမှုများကို အာရုံစိုက်ရန် အချိန်မရခဲ့ပေ။

သူ၏ အာရုံစိုက်မှုအားလုံးမှာ လက်ရှိတွင် လီမြစ်မြို့တော်စခန်းကို တည်ဆောက်ရေးအပေါ်၌သာ ရှိနေခဲ့သည်။

ဇွန်ဘီရုပ်သေးများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် လီမြစ်မြို့တော်စခန်းမှာ အသစ်စက်စက် အသွင်ဆောင်လာခဲ့ပြီး အရာအားလုံးမှာ ကောင်းမွန်သောဘက်သို့ ဦးတည်ကာ တိုးတက်နေပြီဖြစ်သည်။

ယခင်က မြို့ရိုးများကို မြှင့်တင်ရန် လုပ်ဆောင်ခဲ့သော အလုပ်မှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ရာ မူလက ပေ ၃၀ သာရှိသော မြို့ရိုးများမှာ ပေ ၆၀ အထိ မြင့်တက်လာခဲ့သည်။

ခန့်ညားထည်ဝါလှသော ဤမြို့ရိုးများကို ဘိလပ်မြေနှင့် သံမဏိချောင်းများဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားသဖြင့် ကြေးနီတံတိုင်း၊ သံမဏိခံတပ်ကြီးတစ်ခုအလား အလွန်ပင် ခိုင်မာတောင့်တင်းလှသည်။

ပေ ၆၀ မြင့်သော မြို့ရိုးများ ပေါ်ပေါက်လာသည်နှင့် လီမြစ်မြို့တော်စခန်း၏ လုံခြုံရေးမှာ အဆင့်တစ်ခုသို့ သိသိသာသာ မြင့်တက်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ပေ ၆၀ အမြင့်သို့ သာမန် မျိုးရိုးဗီဇပြောင်း သားရဲများပင်လျှင် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် အတင်းအဓမ္မ ခုန်ကျော်ရန် ခက်ခဲပေလိမ့်မည်။

ဇွန်ဘီများအတွက်ပင်လျှင် တစ်ကောင်ပေါ်တစ်ကောင် ထပ်ကာ ဤမြင့်မားလှသော မြို့ရိုးကို ကျော်တက်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရန် ကြိုးစားသကဲ့သို့ပင် ခက်ခဲလှသည်။

တစ်ချိန်တည်းမှာပင် လုချွမ်းသည် ဇွန်ဘီရေလှိုင်းကို စေခိုင်း၍ လီမြစ်မြို့တော်စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့စဉ်က ကျန်ရစ်ခဲ့သော အမှတ်အသားများကိုလည်း အမြောက်အမြား ရှင်းလင်းပြီးစီးခဲ့ပြီဖြစ်သည်။

တိုက်ပွဲများကြောင့် ပျက်စီးသွားပြီး ပြိုကျလုနီးပါး ဖြစ်နေသော အိမ်များကိုမူ လုချွမ်းက ဇွန်ဘီရုပ်သေးများကို စေခိုင်း၍ အတင်းအဓမ္မ ဖျက်သိမ်းပစ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် အိမ်ခြေအမြောက်အမြားမှာ နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ လုချွမ်းအနေဖြင့် ၎င်းတို့ကို ပြန်လည်ပြုပြင်ရန် အချိန်နှင့် လုပ်အား အကုန်အခံလိုစိတ် မရှိခဲ့ပေ။ ထိုသို့လုပ်ဆောင်ခြင်းမှာလည်း အကျိုးထက် အပြစ်က ပိုများနိုင်သည်။

ထိုစဉ်မှာပင် သွေးကွက်များ ခြောက်သွေ့သွားပြီးနောက် ကျန်ရစ်ခဲ့သည့် အနက်ရောင် သွေးစွန်းရာများကိုမူ ဇွန်ဘီရုပ်သေးများက ရေပုံးများဖြင့် တိုက်ချွတ်ဆေးကြော သန့်စင်လိုက်ကြသည်။

ထိုသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် အမှောင်ထုများ ဖုံးလွှမ်းနေခဲ့သော လမ်းမကြီးများမှာ မူလအသွင်အပြင်ကို ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်သည်။

၎င်းတို့အပြင် ဟင်းသီးဟင်းရွက် စိုက်ခင်းများကိုလည်း အကွက်ပေါင်း ဆယ်ကွက်တိတိဖြင့် အခြေခံအားဖြင့် ပြန်လည်ဖော်ဆောင်ပြီးစီးသွားပြီဖြစ်ရာ သူတို့၏ နောင်ရေးအတွက် ဟင်းသီးဟင်းရွက် လိုအပ်ချက်မှာ စိတ်ပူစရာမလိုတော့ပေ။

မြို့၏ အရှေ့တောင်ဘက်ထောင့်ရှိ ဘောလုံးကွင်းတစ်ခုစာခန့် ကျယ်ဝန်းသော နေရာတွင်မူ မူလအဆောက်အအုံများကို အကုန်ဖျက်ဆီးပစ်ကာ ပတ်ပတ်လည်ကို ခြံစည်းရိုးများခတ်၍ မြင့်မားသော တံတိုင်းများ တည်ဆောက်ထားသည်။

ထိုမြင့်မားသော တံတိုင်းများအတွင်း၌ ယခုအချိန်တွင် ဇွန်ဘီအုပ်ကြီးမှာ စုရုံးရောက်ရှိနေကြပြီး ဦးတည်ချက်မရှိ လျှောက်သွားရင်း ဖြည်းညင်းစွာ လှုပ်ရှားနေကြသည်။

မြေပြင်ထက်တွင်မူ သွေးကွက်ဟောင်းများနှင့် သွေးစွန်းရာများမှာ အထပ်ထပ် ဖြစ်နေပြီး အနီရင့်ရောင် အမှတ်အသားများ ကျန်ရစ်နေကာ ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်နေသည်။

ထို့အပြင် ဇွန်ဘီများ၏ ခြေထောက်အောက်တွင်လည်း အရိုးဖြူများစွာ ပြန့်ကျဲနေပြီး လျှောက်သွားနေသော ဇွန်ဘီများက ရံဖန်ရံခါ ကန်ထုတ်မိနေကြသည်။

ဤနေရာမှာ လုချွမ်း၏ ဇွန်ဘီမွေးမြူရေးစခန်းပင်။

ယခုအခါ မွေးမြူရေးစခန်းမှာ အချောသတ်ပြီးစီးသွားပြီဖြစ်သဖြင့် သူသည် မွေးမြူရေးလုပ်ငန်းကို စတင်နေပြီဖြစ်သည်။

ဝုန်း... ဝုန်း...

လမ်းမ၏ အဆုံးမှနေ၍ ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး စစ်သုံးကုန်တင်ကား ငါးစီးပါဝင်သော ယာဉ်တန်းတစ်ခုသည် ဇွန်ဘီမွေးမြူရေးစခန်း၏ အပြင်ဘက်သို့ ဖြည်းညင်းစွာ မောင်းနှင်လာခဲ့သည်။

ကုန်တင်ကားတစ်စီးချင်းစီမှ ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်နေပြီး ကားနောက်ခန်း အစွန်းများမှလည်း လတ်ဆတ်သော သွေးများမှာ တစက်စက် ကျဆင်းနေသည်။

မကြာမီမှာပင် ဇွန်ဘီမွေးမြူရေးစခန်းကို စောင့်ကြပ်နေသော ဇွန်ဘီရုပ်သေးအချို့မှာ ယာဉ်တန်းဆီသို့ လျှောက်သွားကြပြီး ကားနောက်ခန်းမှ မျိုးရိုးဗီဇပြောင်းငါးများ၏ အလောင်းများကို မယူလိုက်ကြသည်။

ဤမျိုးရိုးဗီဇပြောင်းငါးများသည် အနည်းဆုံး သုံးမီတာကျော်စီ ရှည်လျားကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မာကျောသော အကြေးခွံချပ်ဝတ်များရှိကာ ဝမ်းဗိုက်ပိုင်း ဆူးတောင်များမှာ တြိဂံပုံသဏ္ဌာန်ဖြစ်ပြီး အလွန်ပင် အားကောင်းလှသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ရှိသည့် ဤမျိုးရိုးဗီဇပြောင်း ငါးများ၏ ပါးစပ်အတွင်း၌ သိပ်သည်းလှသော စူးရှသည့် သွားများ ပြည့်နှက်နေသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

သို့သော်လည်း ဤမျိုးရိုးဗီဇပြောင်း သားရဲများမှာ အသက်ဓာတ် မရှိတော့ပေ။ အားလုံးမှာ လုချွမ်း၏ လက်အောက်ခံ ဇွန်ဘီရုပ်သေးများ၏ သတ်ဖြတ်ခြင်းကို ခံထားရခြင်းဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမျိုးမျိုး ရှိနေပြီး အချို့မှာ ဦးခေါင်းများ နှစ်ခြမ်းကွဲနေကာ အချို့မှာ မီးလောင်ကျွမ်း၍ မည်းတူးနေပြီး အချို့မှာမူ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ အသားစိုင်များအဖြစ် ကြေမွနေတော့သည်။

ထို့နောက် ဇွန်ဘီရုပ်သေးများသည် မျိုးရိုးဗီဇပြောင်းငါးများ၏ အလောင်းများကို ထမ်းပိုးကာ တံတိုင်းအပြင်ဘက်တွင် တည်ဆောက်ထားသော လှေကားများအတိုင်း တက်သွားကြပြီး မြင့်မားလှသော တံတိုင်းအပေါ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြသည်။

ဘုန်း... ဘုန်း...

နောက်တစ်ခဏတွင် မျိုးရိုးဗီဇပြောင်းငါးများ၏ အလောင်းများသည် မြင့်မားသော တံတိုင်းအတွင်းသို့ ပြုတ်ကျသွားပြီး သွေးညှီနံ့များမှာ တံတိုင်းအတွင်း၌ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ဂါးးး…ဂါးးး….

ချက်ချင်းဆိုသလိုပင် အတွင်း၌ လျှောက်သွားနေသော ဇွန်ဘီများသည် အသားနှင့် သွေးနံ့ကို ရရှိသွားကြသဖြင့် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်ရင်း ငါးအလောင်းများဆီသို့ အလုအယက် ပြေးဝင်သွားကြသည်။

ထို့နောက်တွင်မူ မျိုးရိုးဗီဇပြောင်းငါးများကို အပိုင်းပိုင်း ကိုက်ဖြတ်ဝါးမြိုသံများ၊ ဇွန်ဘီများ၏ ဟိန်းဟောက်သံများနှင့် မျိုချသံများမှာ တံတိုင်းကြီးအတွင်း ပဲ့တင်ထပ်သွားတော့သည်။

ဇွန်ဘီရုပ်သေးများ၏ မျက်လုံးများမှတစ်ဆင့် ထိုနေရာကို အကဲခတ်နေသော လုချွမ်း သည် ဇွန်ဘီအချို့တွင် ဆင့်ကဲပြောင်းလဲမည့် အရိပ်အယောင်များကို သတိပြုမိလိုက်သဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

နောင်တွင် သူသည် ဤမြစ်ကြီးကို အစွမ်းထက်ငါးများ၏ ရတနာသိုက်အဖြစ် အသုံးချကာ ဇွန်ဘီမွေးမြူရေးစခန်းသို့ အဆက်မပြတ် ထောက်ပံ့ပေးရန်နှင့် အမြုတေအမြောက်အမြား ရရှိရန် စီမံထားသည်။ ထိုမှတစ်ဆင့် သူ၏ လက်ရှိအင်အားကို မြှင့်တင်သွားမည်ဖြစ်သည်။

လောလောဆယ်တွင် သူ၏ အဆင့်မြင့် ဇွန်ဘီရုပ်သေးများမှာ အလွန်ပင် အစွမ်းထက်နေပြီ ဖြစ်သော်လည်း လုချွမ်းကမူ လုံလောက်မှု မရှိသေးဘူးဟု ခံစားနေရဆဲပင်။

အဆင့် ၅ ဇွန်ဘီရုပ်သေး အရေအတွက်ဖြစ်စေ အဆင့် ၄ ဇွန်ဘီရုပ်သေး အရေအတွက်ဖြစ်စေ နှစ်မျိုးစလုံးမှာ လိုအပ်သည်ထက် များစွာ လျော့နည်းနေပါသေးသည်။

စဉ်းစားကြည့်လျှင် အကယ်၍ သူ၏ လက်အောက်တွင် အဆင့် ၅ ဇွန်ဘီရုပ်သေး တစဒါဇင်ကျော်နှင့် အဆင့် ၄ ဇွန်ဘီရုပ်သေး ရာနှင့်ချီ၍ ရှိနေမည်ဆိုပါက သူသည် ကျန်

ပြည်နယ်တစ်ခုလုံးကို ဘာအနှောင့်အယှက်မှမရှိဘဲ တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ပေလိမ့်မည်။

လူသားအာဏာပိုင်များက စစ်တပ်ကြီး စေလွှတ်လိုက်လျှင်ပင် ဤမျှများပြားလှသော အဆင့်မြင့် ဇွန်ဘီရုပ်သေးများနှင့် ရင်ဆိုင်ရပါက အရှက်တကွဲ ဆုတ်ခွာသွားရုံသာ ရှိပေလိမ့်မည်။

ဗီလာအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော လုချွမ်းသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဗီလာတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

မကြာမီမှာပင် ဧရာမဇွန်ဘီ ၁ သည် သေးငယ်သော မျိုးရိုးဗီဇပြောင်းငါးတစ်ကောင်ကို ယူဆောင်လာခဲ့သည်။

ဤမျိုးရိုးဗီဇပြောင်းငါးမှာ နှစ်မီတာခန့် ရှည်လျားပြီး ငါးကြင်းမှ အသွင်ပြောင်းလာပုံရသည်။ စူးရှသောသွားများ ပြည့်နှက်နေသည့် ပါးစပ်မှလွဲ၍ ကျန်သည့်အစိတ်အပိုင်းများမှာ သာမန်ငါးကြင်းတစ်ကောင်နှင့် သိပ်မခြားနားလှပေ။

လုချွမ်း၏ အမိန့်အရ ဧရာမဇွန်ဘီ ၁ သည် ထိုငါးကို မီးဖိုချောင်ထဲသို့ သယ်ဆောင်သွားခဲ့သည်။

ထို့နောက် လုချွမ်းသည် ငါးကို စတင်ပြင်ဆင်တော့သည်။

ယနေ့တွင် သူသည် ချီချီလေးအတွက် ငါးဟင်းလျာအစုံအလင်ဖြင့် တည်ခင်းဧည့်ခံရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

မျိုးရိုးဗီဇပြောင်း ငါးများ၏ အရွယ်အစားမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကြီးမားလှပြီး ယခုငါးမှာ သူအမဲလိုက်ရရှိခဲ့သည့် ငါးများထဲတွင် အသေးဆုံးဖြစ်နေသေးသည်။

လုချွမ်းသည် သူ၏လက်ထဲရှိ သံမဏိဓားကို အသုံးပြု၍ ငါးကြင်း၏ ဦးခေါင်းနှင့် အမြီးကို ဖြတ်တောက်လိုက်ပြီးနောက် ငါးဥများ၊ ငါးအူများနှင့် အခြားအတွင်းကလီစာများကို ဖယ်ရှားကာ ဦးခေါင်း၊ အမြီးတို့နှင့်အတူ အိတ်တစ်အိတ်ထဲသို့ ထည့်လိုက်သည်။ ၎င်းတို့ကို အပြင်သို့ သွားရောက်စွန့်ပစ်ရန် ဧရာမဇွန်ဘီ ၁ ထံသို့ ပေးလိုက်ပြီးနောက် ငါးကိုယ်ထည်ကိုသာ ချန်ထားရစ်ခဲ့သည်။

ဆက်လက်၍ လုချွမ်းသည် ငါးကိုယ်ထည်ကို အပိုင်းပိုင်းဖြတ်တောက်လိုက်ပြီး အချို့ကို ဟင်းချိုချက်ရန်၊ အချို့ကို အချိုချက်ရန်နှင့် အချို့ကိုမူ မုန့်နှစ်လူး၍ ကြော်ရန်အတွက် အသီးသီး ခွဲခြားပြင်ဆင်လိုက်တော့သည်။

နေလယ်စာစားချိန်သို့ ရောက်သောအခါ...

"ဝါး... ဖေဖေ ဒီနေ့ ဟင်းတွေ အများကြီးပဲ။ အားလုံးက ငါးဟင်းတွေချည်းပဲနော်"

ထမင်းစားပွဲပေါ်ရှိ ငါးအချိုချက်၊ ငါးချဉ်စပ်နှင့် အခြားဟင်းလျာများကို ကြည့်ရင်း ကျိရုရွှယ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

ငါးဟင်းများကို ကြည့်ရင်း ကျိရုရွှယ်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်တူပြီး စိတ်ဝင်တစားဖြင့် လုချွမ်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဖေဖေ ဒီငါးတွေကို မြစ်ထဲကနေ ဖမ်းလာတာလားဟင်"

ထိုစကားကို ကြားသောအခါ လုချွမ်းက ခေါင်းညိတ်ပြပြီး စက္ကူပေါ်တွင် ရေးသားလိုက်သည်။

"ဟုတ်တယ် ချီချီလေး ဒါက ဖေဖေ လီမြစ်ထဲမှာ အမဲလိုက်ခဲ့တဲ့ မျိုးရိုးဗီဇပြောင်း ငါးတွေပဲ။ စွမ်းအင်တွေ ကြွယ်ဝပြီး အသားကလည်း နုညံ့လတ်ဆတ်လို့ ချီချီလေးနဲ့ သိပ်ကို သင့်တော်တာပေါ့"

ဒါဆို လီမြစ်ထဲက ဖမ်းလာတာပေါ့။

၎င်းကို သိလိုက်ရသဖြင့် ကျိရုရွှယ်၏ မျက်လုံးများမှာ ဝင်းပသွားတော့သည်။

"ဖေဖေ ငါးဖမ်းသွားတဲ့အခါ ချီချီ့ကိုလည်း ခေါ်သွားလို့ရမလားဟင်"

ကျိရုရွှယ်သည် လုချွမ်းကို ကြည့်ရင်း သူမ၏ အရည်လဲ့နေသော မျက်လုံးလေးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ကျောက်လင်း မရှိတော့သည့်နောက်တွင် သူမသည် ဗီလာအတွင်း၌ တစ်နေကုန် အောင်းနေရပြီး ကျင့်ကြံခြင်းမှလွဲ၍ အခြားလုပ်စရာမရှိသဖြင့် အလွန်ပင် ပျင်းရိနေခဲ့သည်။ ထို့ကြောင့် ဖခင်ဖြစ်သူ သားရဲများကို အမဲလိုက်သည်ကို သွားရောက်ကြည့်ရှုရင်း လေကောင်းလေသန့် ရချင်ခြင်းပင်။

ချီချီလေး၏ တောင်းဆိုချက်ကို လုချွမ်းက တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက်ပင် သဘောတူလိုက်သည်။

သူသည် သွေးနှင့် အသားများကို အသုံးပြု၍ မျိုးရိုးဗီဇပြောင်း ငါးများကို ကုန်းပေါ်သို့ မျှားခေါ်ကာ အမဲလိုက်ခြင်း ဖြစ်သည်။ မြစ်ကမ်းပါးနှင့် အလွန်အမင်း နီးကပ်စွာ မနေသရွေ့ အရာအားလုံးမှာ လုံးဝ ဘေးကင်းလုံခြုံလှသည်။

All Chapters