← Chapters

အခန်း (၃၇၉)

Vol. 38 Ch. 379

အခန်း (၃၇၉)

Vol. 38 Ch. 379

လုချွမ်း နှင့် ချီချီလေးတို့ လီမြစ်မြို့တော်စခန်းတွင် အခြေကျနေထိုင်ပြီး အရာအားလုံး အဆင်ပြေချောမွေ့နေချိန်မှာပင် ယွီဟွာမြို့တော်၏ ရပ်ကွက်တစ်ခုအတွင်း၌….

ဝုန်း

နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးက လမ်းမများထက်တွင် ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားရာ လမ်းဘေးရှိ ပြတင်းပေါက်မှန်များမှာ တုန်ခါသွားတော့သည်။

ယခုအချိန်တွင် လမ်းမများပေါ်၌ သာမန်ဇွန်ဘီများမှစ၍ အဆင့်အမျိုးမျိုးရှိသော ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီများ၏ အလောင်းများ ပြန့်ကျဲနေသည်။

"သတ်ကြစမ်း"

ကျောက်လင်းသည် နောက်သို့ ဆယ်မီတာကျော်ခန့် ဆုတ်ခွာလိုက်ပြီး သူမ၏ ရှေ့မှောက်ရှိ အဆင့် ၄ ဆင့်ကဲပြောင်းလဲဇွန်ဘီကို ကြည့်ကာ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် အော်ဟစ်လိုက်သည်။ သူမသည် သံမဏိဓားကို မြှောက်လျက် ရှေ့သို့ တစ်ကျော့ပြန် ပြေးဝင်သွားပြန်သည်။

ဤအဆင့် ၄ ဇွန်ဘီမှာ ဒါဖန်းနှင့် အခြားဇွန်ဘီရုပ်သေးများကဲ့သို့ပင် တောင်ငယ်တစ်လုံးအလား ဧရာမခန္ဓာကိုယ်ကြီးရှိသော တင့်ကားအမျိုးအစား ဇွန်ဘီဖြစ်သည်။ သူ၏ တစ်

ကိုယ်လုံးမှာ ထူထဲသော အနက်ရောင် အကြေးခွံချပ်ဝတ်များဖြင့် ဖုံးလွှမ်းနေပြီး ရန်လိုလွန်းသော နီရဲသည့် မျက်လုံးတစ်စုံဖြင့် ရှေ့သို့ ပြေးဝင်လာသော ကျောက်လင်းကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"ဟိန်း... "

အဆင့် ၄ ဇွန်ဘီသည် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ လမ်းမတစ်ခုလုံး တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

ထို့နောက် အဆင့် ၄ ဇွန်ဘီသည် သူ၏ ဧရာမ လက်သီးကြီးနှစ်ဖက်ကို ကျောက်လင်းဆီသို့ ဝှေ့ယမ်းလိုက်ပြီး သံမဏိတိုင်ကြီးများကဲ့သို့ သန်မာသော သူ၏ ခြေထောက်များဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ရာ မြေပြင်မှာ အဆက်မပြတ် တုန်ခါသွားပြီး ကျယ်လောင်သော ဟိန်းသံကြီး ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်လင်းနှင့် အဆင့် ၄ ဇွန်ဘီတို့ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားကြတော့သည်။

ဂျိမ်း...

သူမအနေဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်း၌ အားနည်းချက်ရှိသည်ကို သိရှိထားသဖြင့် ကျောက်လင်းသည် သူမ၏ တစ္ဆေရိပ်ကိုယ်ဖျောက်ကိုယ်ဟန်ကို အသုံးချကာ အဆင့် ၄ ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီ၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားကစားနေသည်။ ဤအတောအတွင်း အဆင့် ၄ ဇွန်ဘီက ၎င်း၏ ဧရာမလက်သီးကြီးများဖြင့် မည်သို့ပင် ဝှေ့ယမ်းပုတ်ခတ်စေကာမူ ကျောက်လင်း၏ အဝတ်အစားကိုပင် မထိပါးနိုင်ခဲ့ချေ။

တစ်ဖက်တွင်လည်း ကျောက်လင်း၏ သံမဏိဓားသည် အဆက်မပြတ် ပိုင်းဖြတ်လျက်ရှိပြီး အဆင့် ၄ ဇွန်ဘီ၏ အားနည်းချက်ရှိသော နေရာများကိုသာ ရွေးချယ်တိုက်ခိုက်နေသည်။ မကြာမီမှာပင် ကျောက်လင်း၏ မရပ်မနား တိုက်စစ်ဆင်မှုအောက်၌ အဆင့် ၄ ဇွန်ဘီသည် အရေးနိမ့်လာခဲ့သည်။ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်သွားပြီး ဘာမျှမတတ်နိုင်ဘဲ အားကိုးရာမဲ့စွာ ဟိန်းဟောက်နေရုံသာ ရှိတော့သည်။

မလှမ်းမကမ်းမှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေကြသော ယွီဟွာဂိုဏ်းမှ ဆင့်ကဲပြောင်းလဲသူများသည် သူတို့ခေါင်းဆောင် အသာစီးရလာသည်ကို မြင်တွေ့ရသောအခါ စိုးရိမ်မှုများ ပြေပျောက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်ကြသည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ အဆင့် ၄ ဇွန်ဘီ၏ ဟိန်းဟောက်သံတို့မှာ တဖြည်းဖြည်း တိုးညှင်းလာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကြောင့် လှုပ်ရှားမှုများသည်လည်း သိသိသာသာ နှေးကွေးသွားသည်။

သို့သော်လည်း ကျောက်လင်းမှာမူ သူမ၏ တစ္ဆေရိပ်ကိုယ်ဟန်ကို ဆက်လက်အသုံးပြု၍ အဆင့် ၄ ဇွန်ဘီကို မကြောက်မရွံ့ဘဲ မနားတမ်း တိုက်ခိုက်နေဆဲပင် ာ

"ဝုန်း..."

ဆယ်မိနစ်ခန့်အကြာ၌ နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ပြီးနောက် ဧရာမ အဆင့် ၄ ဇွန်ဘီကြီးသည် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲ ပြိုကျသွားပါတော့သည်။ ကျောက်လင်းသည် အဆင့် ၄ ဇွန်ဘီ၏ လည်ပင်းကို ဓားဖြင့် အပြင်းအထန် ပိုင်းဖြတ်လိုက်ပြီးနောက်တွင် လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ သူမသည် အမောတကော အသက်ရှူရင်း သက်ပြင်းချလိုက်ကာ သံမဏိဓားကို မြေပြင်ပေါ်၌ ထောက်ထားလိုက်သည်။

"ဂိုဏ်းချုပ်ရဲ့ အစွမ်းက ပိုပိုပြီး တောင့်တင်းလာတာပဲ။ အဆင့် ၄ ဇွန်ဘီတွေကို အမဲလိုက်တဲ့နှုန်းက အရင်ကထက် အများကြီး ပိုမြန်လာပြီ"

"အဓိကကတော့ ဒီလို အသက်စွန့်ပြီး တိုက်ခိုက်တဲ့ ပုံစံမျိုးပဲ။ ဘယ်သူက တောင့်ခံနိုင်မှာလဲ။ တိုက်ပွဲတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပဲ။ ငါတို့ ဂိုဏ်းချုပ်သာ အဆင့် ၄ ဇွန်ဘီရဲ့ လက်ချက်မိသွားမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတာ"

"ဟားဟား... အခုတော့ ဂိုဏ်းချုပ်က အရမ်းကို အစွမ်းထက်နေပြီ။ ယွီဟွာဂိုဏ်းထဲ ဝင်ခဲ့တာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ"

ယွီဟွာဂိုဏ်းသားတစ်စုသည် သဋတို့ခေါင်းဆောင်က ရန်သူကို အောင်မြင်စွာ နှိမ်နင်းနိုင်သည်ကို ကြည့်ရှုကာ အားကျကြည်ညိုသော မျက်နှာပေးများဖြင့် ပြောဆိုနေကြသည်။ ထိုစဉ် ကျောက်လင်းက "ဘာတွေ ရပ်ကြည့်နေကြတာလဲ မြန်မြန်လုပ်စရာရှိတာ သွားလုပ်ကြစမ်း" ဟု အမိန့်ပေးလိုက်သည်။

ထိုစဉ်မှာပင် အဆင့် ၄ ဆင့်ကဲပြောင်းလဲပြီး ဇွန်ဘီ၏ အလောင်းဘေးတွင် ရပ်နေသော ကျောက်လင်းသည် ပြင်းထန်သော တိုက်ပွဲဒဏ်မှ အသက်ရှူပြန်မှန်လာပြီးနောက် အနီးနားရှိ ဂိုဏ်းသားများကို စိတ်မရှည်သလို လှမ်းအော်လိုက်သည်။

၎င်းကို ကြားလိုက်ရသဖြင့် ဂိုဏ်းသားအားလုံးမှာ ထိတ်လန့်သွားကြပြီး အချိန်ဆွဲမနေဘဲ ရှေ့သို့ အလုအယက် ပြေးဝင်သွားကြတော့သည်။

ထို့နောက် ဂိုဏ်းသားများသည် ထက်မြက်သော ကိရိယာများကို အသုံးပြု၍ ဇွန်ဘီအလောင်းများကို ခွဲကာ အတွင်းမှ အမြုတေများကို စတင်ထုတ်ယူကြသည်။

၎င်းတို့ထဲတွင် အဆင့် ၄ ဇွန်ဘီ၏ အလောင်းဘေးတွင် လူအများဆုံး စုပြုံနေကြသည်။ အဆင့် ၄ ဇွန်ဘီ၏ မာကျောလှသော ဦးခေါင်းခွံကို ရင်ဆိုင်ရာတွင် လူအုပ်ကြီးမှာ ထက်မြက်သော ပုဆိန်များဖြင့် အဆက်မပြတ် ပေါက်ခွဲပြီးမှသာ အတွင်းရှိ အဆင့် ၄ အမြုတေကို ထုတ်ယူနိုင်ခဲ့ကြသည်။

ကျောက်လင်းသည် ဘေးတွင်ရပ်ရင်း သူမ၏ လက်အောက်ငယ်သားများ အလုပ်လုပ်နေသည်ကို ပင်ပန်းနွမ်းနယ်သော အမူအရာဖြင့် စောင့်ကြည့်နေပြီး လက်တစ်ချောင်းပင် မလှုပ်ချင်တော့ပေ။

အဆင့် ၄ ဇွန်ဘီနှင့် တိုက်ပွဲမှာ သူမ၏ အင်အားကို အလွန်အမင်း ကုန်ခမ်းစေခဲ့သည်။

အထူးသဖြင့် ချီချီလေးပေးထားသော ကိုယ်ခံပညာရပ်များကို အသုံးပြုသည့်အခါမျိုးတွင် ဖြစ်သည်။

ကျောက်လင်းသည် ကိုယ်ခံပညာရပ်တွင် ပါရမီပါသူဖြစ်ရာ ချီချီလေးပေးထားသော ပညာရပ်များ၏ အခြေခံကို တတ်မြောက်ထားပြီးဖြစ်သဖြင့် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။

အထူးသဖြင့် တစ္ဆေရိပ် ကိုယ်ဖျောက်ကိုယ်ဟန်မှာ အလွန်ပင် အသုံးဝင်လှသော်လည်း ၎င်းတွင် အားနည်းချက်မကင်းပေ။

တစ္ဆေရိပ်ကိုယ်ဟန်မှာ သူမကို ထူးကဲသော အရှိန်နှုန်းကို ပေးစွမ်းနိုင်သော်လည်း ဤအားသာချက်အတွက် ပေးဆပ်ရမှုမှာလည်း ကြီးမားလှသည်။ ထိုပညာရပ်ကို အသုံးပြုခြင်းဖြင့် ကျောက်လင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သိုလှောင်ထားသော စွမ်းအင်များကို အမြောက်အမြား ကုန်ခမ်းစေသောကြောင့်ပင်။

သို့သော်လည်း ကျောက်လင်းသည် ဤကိုယ်ခံပညာရပ်များအတွက် ကျေးဇူးတင်နေမိဆဲပင်။ ၎င်းတို့၏ မြှင့်တင်ပေးမှုသာမရှိပါက ဤအတောအတွင်း ယွီဟွာဂိုဏ်းကို ဤမျှအထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

လက်ရှိတွင် ကျောက်လင်း၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယွီဟွာဂိုဏ်းသည် ယွီဟွာမြို့နယ်

တစ်ခုလုံးကို စည်းလုံးသိမ်းပိုက်နိုင်ခဲ့ပြီး အဖွဲ့ဝင် ၅၀၀ ကျော်ရှိသည့်အနက် ၂၀၀ မှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။

လူ ၅၀၀ ထဲတွင် ဆင့်ကဲပြောင်းလဲသူ ၂၀၀ ရှိနေခြင်းမှာ ကြောက်စရာကောင်းသည်ဟု မထင်ပေ။ အကြောင်းမှာ ဤကမ္ဘာပျက်ကပ်ကြီးအတွင်း ဆင့်ကဲပြောင်းလဲသူများသာ အသက်ရှင်သန်ရန် အခွင့်အလမ်း ပိုမိုများပြားသောကြောင့်ပင်။

ခဏအကြာတွင်...

"ဂိုဏ်းချုပ်... ဒါက အမြုတေပါ"

အဆင့် ၄ ဆင့်ကဲပြောင်းလဲပြီး ဇွန်ဘီ၏ အမြုတေကို ထုတ်ယူခဲ့သော ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် ကျောက်လင်းအနားသို့ ချဉ်းကပ်လာပြီး သန့်စင်ထားသည့် အဆင့် ၄ အမြုတေကို ကမ်းပေးလိုက်သည်။

"ကောင်းပြီ"

လတ်လတ်ဆတ်ဆတ် သန့်စင်ထားသော အဆင့် ၄ အမြုတေကို ကြည့်ရှုရင်း ကျောက်လင်းက ခေါင်းညိတ်ပြကာ လှမ်းယူလိုက်သည်။

ဒီလောက်ဆို လုံလောက်ပြီ။

အဆင့် ၄ အမြုတေ သုံးတုံးဆိုပါက ယွီဟွာဂိုဏ်း၏ ရိုးသားမှုကို ပြသရန်အတွက် လုံလောက်ပေလိမ့်မည်။ သူမလက်ထဲရှိ အမြုတေကို ကြည့်ရှုရင်း ကျောက်လင်း၏ အကြည့်တို့မှာ တည်ငြိမ်သွားပြီး စိတ်ထဲမှလည်း တွေးတောနေမိသည်။

အစိုးရ၏ အခြေစိုက်မြို့တော်စခန်းအတွင်းသို့ ဝင်ရောက်ရန်မှာ မလွယ်ကူသကဲ့သို့ သူတို့၏ ယုံကြည်မှုကို ရရှိရန်မှာလည်း ပို၍ပင် ခက်ခဲလှသည်။ အထူးသဖြင့် ကျောက်လင်းကဲ့သို့ ပြင်ပမှလာသော ဆင့်ကဲပြောင်းလဲသူတစ်ဦးအတွက် ပို၍ပင် ခက်ခဲမည်မှာ အမှန်ပင်။ အသေအချာ စဉ်းစားပြီးနောက်တွင် ယွီဟွာဂိုဏ်းကို ဦးဆောင်၍ အခြေစိုက်စခန်းအတွင်း ဝင်ရောက်ရန်အတွက် မိတ်ဆွေဖွဲ့လက်ဆောင်တစ်ခု လိုအပ်သည်ဟု ကျောက်လင်း ခံစားမိခဲ့သည်။ ယခု သူမ အဆင့် ၄ ဇွန်ဘီများကို အမဲလိုက်၍ ရရှိထားသော အမြုတေများမှာ သူမ ကြိုတင်ပြင်ဆင်ထားသော ရိုးသားမှုကို ပြသရမည့် လက်ဆောင်များပင်။

"ကဲ... သွားကြမယ် ပြန်ကြစို့"

အခြားဂိုဏ်းသားများအားလုံး အမြုတေများ ထုတ်ယူပြီးသည်ကို မြင်တွေ့ရသောအခါ ကျောက်လင်းသည် အဆင့် ၄ အမြုတေကို အိတ်ကပ်အတွင်း အသာအယာ ထည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

ခေတ္တအကြာတွင် မွမ်းမံထားသော ပစ်ကပ်ကားတန်းကြီးမှာ ယွီဟွာဂိုဏ်း၏ အခြေစိုက်စခန်းဆီသို့ ဖြည်းညင်းစွာ မောင်းနှင်သွားပါတော့သည်။ စခန်းသို့ ပြန်လည်ရောက်ရှိသည်နှင့် ကျောက်လင်းသည် ယွီဟွာဂိုဏ်း၏ အဆင့်မြင့်အရာရှိများကို သူမ၏ နေအိမ်သို့ ချက်ချင်း ခေါ်ယူလိုက်သည်။

ကျောက်လင်းသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမ၏ရှေ့တွင်မူ အဆင့် ၃ ရှိသော လက်အောက်ငယ်သား သုံးဦးမှာ မတ်တတ်ရပ်နေကြသည်။ ဤသုံးဦးမှာ ယွီဟွာဂိုဏ်းတစ်ခုလုံးတွင် ကျောက်လင်းပြီးလျှင် အစွမ်းအထက်ဆုံးသူများဖြစ်ကြပြီး ဂိုဏ်း၏ အရေးကိစ္စအဝဝကို စီမံခန့်ခွဲပေးနေသူများလည်း ဖြစ်ကြသည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ကို ဘာကိစ္စများ ခေါ်ယူတာပါလဲ ခင်ဗျာ"

အလယ်တွင် ရပ်နေသော သတ်လတ်ပိုင်းအရွယ် ဆင့်ကဲပြောင်းလဲသူက သိချင်စိတ်အပြည့်ဖြင့် ရိုသေစွာ မေးမြန်းလိုက်သည်။ ထိုအခါ ကျောက်လင်းက တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ပြတ်သားစွာ ပြောလိုက်တော့သည်။

"ငါ့ရဲ့ အစွမ်းက အဆင့် ၄ ကို ရောက်နေပြီဆိုတာ နင်တို့ သိကြမှာပါ။ ဒီထက်ပိုပြီး အဆင့်တက်ဖို့ဆိုတာ မလွယ်တော့ဘူး။ ပိုကောင်းတဲ့ ဆင့်ကဲပြောင်းလဲမှု ဆေးရည်တွေ ရှိမှသာ ပိုမြန်မြန် တိုးတက်နိုင်မှာ။ အဲဒါကြောင့် ငါက ယွီဟွာဂိုဏ်းကို ဦးဆောင်ပြီး အခြေစိုက်မြို့တော်စခန်းနဲ့ သွားရောက်ပူးပေါင်းဖို့၊ အရာရှိတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ စီစဉ်ထားတယ်။ ဖြစ်နိုင်ရင် တိုက်ရိုက် ပေါင်းစည်းချင်တာ။ နင်တို့ရဲ့ ကျင့်ကြံမှုတွေကလည်း မနည်းတော့ဘူး။ ဒီအတိုင်းဆိုရင် ပိုမြန်မြန် အဆင့်တက်ဖို့က မလွယ်ဘူးလေ။ အဲဒီတော့... နင်တို့ကော လိုက်ချင်ကြရဲ့လား"

ထိုစကားကို ကြားလိုက်ရသောအခါ သူတို့ သုံးဦးစလုံး၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

All Chapters