အခန်း (၄၁၃-၄၁၄)
Vol. 39 Ch. 413-414
အခန်း (၄၁၃)။
မင်းသမီးက တကယ့်ကို အလိုက်သိတတ်တာပဲ။ ငါတို့ မြို့ထဲဝင်လာတာနဲ့ ကြိုဆိုပွဲအဖြစ် စားသောက်ပွဲကို အသင့်ပြင်ထားပေးတယ်ဆိုတော့ ငါလည်း အခုချက်ချင်းပဲ သွားရမှာ ပေါ့။" ဟုန်ယွိသည် မြင်းခွာသံ တဒုန်းဒုန်းဖြင့် ဒုန်းစိုင်းနှင်လာပြီးမှ သူ၏ရှေ့မှောက်တွင် ရုတ်ချည်း ငြိမ်သက်သွားကြသည့် မြင်းစီးစစ်သည်များကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးမိ သည်။ လှုပ်ရှားမူက လျှင်မြန်လှကာ ကျားသစ်တစ်ကောင်ကဲ့သို့ ရှိပြီး ရပ်တန့်စဉ်မှာလည်း အပျိုစင်တစ်ဦးကဲ့သို့ ငြိမ်သက်လှပေသည်။
ဤစစ်သည်များမှာ တကယ့်ကို ကြမ်းတမ်းခက်ထန်သည့် စစ်သူရဲကောင်းများ ဖြစ်ကြပြီး အနှစ်သာရ နတ်ဘုရားကျောင်းမှ "မင်းသား အလ်ဖာ" ဦးဆောင်သည့် မြင်းစီးသူရဲကောင်း များထက်ပင် အစွမ်းမနိမ့်ကြပေ။
လူတိုင်းမှာ သံမဏိချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး ၎င်းတို့ထံမှ သွေးအော်ရာ အချို့ သင်းပျံ့လျက်ရှိသည်။
စစ်သည်များထဲတွင် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ အများအပြား ပါဝင်နေပြီး ခေါင်းဆောင်အချို့မှာမူ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တသားတည်းဖြစ်သည့် ရှင်တန် သိုင်းသခင် အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေ ကြသည်။ ပို၍ အရေးကြီးသည်မှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ကျင့်ကြံမှုမှာ မဟာဆရာသခင် အဆင့်သို့ ရောက်ရှိနေကြခြင်းပင်။ သို့သော် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အဟန့်အတားအချို့ကြောင့်သာ မဟာဆရာသခင် အဆင့် သို့ အစစ်အမှန် မတက်လှမ်းနိုင်ကြခြင်း ဖြစ်သည်။
သို့သော် ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ အနောက်ဘက်ဒေသ၏ နှစ်ရှည်လများ စစ်ပွဲများ မှာ စိတ်ဓာတ်ကို ထက်မြက်စေသော်လည်း ခန္ဓာကိုယ်ကိုမူ အလွန်ပင် ပျက်စီးစေသည် မဟုတ်ပါလား။ ထို့ကြောင့် စစ်တပ်အတွင်းရှိ လူအများအပြားမှာ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံ မှုမှာ မဟာဆရာသခင် အဆင့်အထွက်အထိပ်၊ သို့မဟုတ် သိုင်းသူတော်စင် အဆင့်အထိပင် ရှိသော်လည်း ခန္ဓာကိုယ်ကမူ လိုက်မမှီနိုင်ကြခြင်း ဖြစ်သည်။
ယွန်ယန်ကောင်းကင်ပုလဲ သို့မဟုတ် နတ်ဆိုးနတ်ဘုရားသွေးကဲ့သို့သော ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးနိုင်သည့် ရတနာမျိုးကို လူတိုင်း မပိုင်ဆိုင်နိုင်ကြပေ။ ထို့ကြောင့် လည်း ချန်ပီယံမြို့စားသည် မြေအနှစ်သာရရွှေဆေးကို ရရှိပြီးနောက်တွင် သိုင်းသူတော်စင် လေးဦးကို ချက်ချင်း ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
"မင်းသမီးက ကျွမ့်ယွမ်သခင်လေးရဲ့ သတင်းကို ကြားနေတာ ကြာပါပြီ၊ အမြဲတမ်းလည်း တွေ့ချင်နေခဲ့တာပါ။ ဒါပေမဲ့ အလုပ်တွေ အရမ်းများနေလို့ မတွေ့ဖြစ်ခဲ့ဘူး။ အခု ကျွမ့်ယွမ် သခင်လေးက အနောက်ဘက်ဒေသက ရန်သူတွေကို တိုက်ထုတ်ဖို့ နတ်ဘုရားတန်ခိုးရှင် စစ်တပ်နဲ့ ပူးပေါင်းဖို့ ရောက်လာပြီဆိုတော့ မင်းသမီးက ခမ်းနားတဲ့ စားသောက် ဧည့်ခံပွဲ ကြီးကို ပြင်ဆင်ထားပါတယ်။" မြင်းစီးစစ်သည် ခေါင်းဆောင်က စေ့စပ်သေချာစွာ ပြန်လည် ဖြေကြားသည်။
"ဒါ့အပြင် မင်းသမီးက ကျွမ့်ယွမ်သခင်လေးရဲ့ လက်အောက်ငယ်သားတွေ အတွက်လည်း နတ်ဘုရားတန်ခိုးရှင် စစ်တပ်က စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးအောင် သီးခြား ဧည့်ခံ စားသောက်ပွဲကို ပြင်ဆင်ပေးထားပါတယ်။ ကျွမ့်ယွမ်သခင်လေးရဲ့ လူတွေကိုတော့ 'အာလူးခံတပ်' မှာ တည်းခိုဖို့ စီစဉ်ထားပါတယ်။"
"အို... မင်းသမီးရဲ့ စီစဉ်မှုတွေက တကယ့်ကို စေ့စပ်ပါပေတယ်။ ဒါဆိုရင်လည်း ရှေ့က ဦးဆောင်လမ်းပြပါ။"
ဟုန်ယွိသည် ဤစကားကို ကြားရသောအခါ နတ်ဘုရားတန်ခိုးရှင် ဘုရင်၏ ကြင်ယာ်တော် မှာ ပြည်တွင်းရေးရာများကို တကယ်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ စီမံထားကြောင်း နားလည် လိုက်သည်။ ဤကြင်ယာတော်မှာ အလွန်ပင် ဆန်းကြယ်လှသူ ဖြစ်ပြီး နတ်ဘုရား တန်ခိုး ရှင် ဘုရင်၏ အရေးကိစ္စ အတော်များများကို သူမကပင် ဆုံးဖြတ်ပေးလေ့ရှိသည်။ ဟုန်ယွိ အနေဖြင့် သူမ မည်သူမည်ဝါဖြစ်ကြောင်း တစ်ခါမျှ မသိခဲ့ရဖူးပေ။
သို့သော် ယခုမူ သူမကို တွေ့ရတော့မည်ဖြစ်ရာ စဉ်းစားခန်းဖွင့်၍ အချိန်ဖြုန်းနေစရာ မလိုတော့ပေ။
"ဟုတ်ကဲ့ပါ"
မြင်းစီးခေါင်းဆောင်မှာ မြင်းပေါ်သို့ ခုန်တက်ကာ လက်ဝှေ့ယမ်းလိုက်သည်။ သူ၏နောက်ရှိ မြင်းစီးစစ်သည် ငါးရာခန့်မှာ လှိုင်းလုံးကြီးတစ်ခုပမာ ဘေးတစ်ဖက်တစ်ချက်သို့ ခွဲထွက် သွားကြပြီး လမ်းမကြီး၏ ဝဲယာတွင် တည်ငြိမ်စွာ ရပ်တန့်ကာ ဂုဏ်ပြုတပ်ဖွဲ့အဖြစ် နေရာယူလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် လမ်းဘေးတစ်လျှောက်ရှိ မီးအိမ်များနှင့် မီးဖိုကြီးများကို စတင် ထွန်းညှိလိုက်ရာ မီးတောက်များထဲမှ မည်းနက်သော မီးခိုးများ ထွက်ပေါ်လာသည်။ ထိုမီးဖိုများထဲတွင် လောင်စာအဖြစ် အသုံးပြုနေသည်မှာ မီးသွေး မဟုတ်သလို ကျောက်မီး သွေး မဟုတ်ဘဲ မည်းနက်သော အရည်တစ်မျိုး ဖြစ်သည်။
ဟုန်ယွိ သိထားသည်မှာ ဤအရည်မှာ အနောက်ဘက်ဒေသ၏ ထွက်ကုန်တစ်ခုဖြစ်သော "ရေနက်" ပင် ဖြစ်သည်။ ၎င်းကို လောင်စာအဖြစ် သုံးနိုင်ရုံသာမက ၎င်းမှထွက်သော မီးခိုး ဖြင့် မှင်တုံးကျောက်များကိုလည်း ပြုလုပ်နိုင်သည်။ ထိုမှင်ကျောက်တုံးများမှာ တောက်ပြောင်ပြီး အရည်အသွေး ကောင်းမွန်သည့်အပြင် ဈေးနှုန်းလည်း သက်သာလှ သည်။ ထင်းရှူးပင်များကို ခုတ်ထွင်၍ မီးခိုးထုတ်ကာ မှင်ပြုလုပ်ရသည့် အခြားနည်းလမ်း များကဲ့သို့ လူအင်အားနှင့် သယံဇာတ မဖြုန်းတီးပေ။
"သဲကန္တာရပြည်နယ်မှာ မှင်၊ ချီပြည်နယ်မှာ ဓား" ဆိုသည်မှာ အလွန်ကျော်ကြားလှသော အရာများ ဖြစ်ကြပြီး နှစ်စဉ် ရောင်းအားမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။ ထို့ပြင် သဲကန္တာရပြည်နယ်၏ မှင်လုပ်ငန်းတစ်ခုလုံးကို နတ်ဘုရားတန်ခိုးရှင် ဘုရင်ကပင် ချုပ်ကိုင်ထားခြင်း ဖြစ်သည်။
ဤမှင်လုပ်ငန်းမှာ ချန်ပီယံမြို့စား၏ 'ဆန်းကြယ်ကောင်းကင်ကုန်သွယ်ရေးအဖွဲ့' ကဲ့သို့ပင် ကျော်ကြားလှသည်။ ချန်ပီယံမြို့စားမှာ ဤလုပ်ငန်းထဲသို့ ဝင်ရောက်စွက်ဖက်ရန် အမြဲ ကြိုးစားခဲ့သော်လည်း တစ်ခါမျှ မအောင်မြင်ခဲ့ဖူးပေ။ ဤအချက်ကပင် နတ်ဘုရား တန်ခိုးရှင်ဘုရင်၏ ကြင်ယာတော်မှာ မည်မျှအစွမ်းထက်ကြောင်း သက်သေပြနေသည်။
မီးဖိုများ လောင်မြိုက်လာသည်နှင့်အမျှ ဝမ်းနည်းဖွယ်ကောင်းသော်လည်း ခံ့ညားလှသည့် ခရုသင်းမှုတ်သံများလည်း ပေါ်ထွက်လာသည်။ ဝူး... ဝူး... ဝူး... ဟူသော အသံမှာ အလွန်ပင် ခြောက်ကပ် ငြိမ်သက်လှသော်လည်း သဲကန္တာရ နယ်စပ်မြို့၏ ညခင်းတွင်မူ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။ ထိုအသံမှာ လူတို့၏ သွေးကို ဆူပွက်စေပြီး သေခြင်းတရားကိုပင် မေ့လျော့သွားစေကာ တိုက်ပွဲဝင်လိုသည့် အငွေ့အသက်မျိုး ရှိသည်။
ဟုန်ယွိသည် လမ်းမကြီးအတိုင်း လျှောက်လာခဲ့ရာ နတ်ဘုရားတန်ခိုးရှင် ဘုရင်၏ ခမ်းနားလှသော နန်းတော်ကို မြင်တွေ့လိုက်ရသည်။ ဤနန်းတော်မှာ စက်ဝိုင်းပုံစံဖြစ်ပြီး အနောက်ဘက်ဒေသ၏ ဗိသုကာဟန်အတိုင်း တည်ဆောက်ထားသည်။ ကြမ်းပြင်ပေါ်တွင် အလွန်လှပပြီး မြင့်မြတ်သော အသွင်ဆောင်သည့် ကော်ဇောအထူကြီးများကို ခင်းကျင်း ထားသည်။
ဟုန်ယွိသည် နန်းတော်၏ အငွေ့အသက်ကို ခံစားကြည့်လိုက်သောအခါ စိတ်ထဲတွင် ဧကရာဇ်တစ်ပါး၏ အငွေ့အသက်မျိုးကို မရေမရာ ခံစားလိုက်ရသည်။
"လုပ်ကြံသတ်ဖြတ်သူများခန်းမ ရှေ့မှာ နတ်ဘုရားတန်ခိုးရှင် ဘုရင်ကို ငါတွေ့တုန်းက သူက ဧကရာဇ်တစ်ပါးရဲ့ ဟန်ပန်မျိုး မရှိပါဘူး။ ဒါပေမဲ့ ဘာလို့ သူ့ရဲ့ နန်းတော်က အခုလို ခံစားချက်မျိုး ပေးနေရတာလဲ။"
ဟုန်ယွိသည် စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် စိတ်ကိုထိန်းကာ နန်းတော်အတွင်းသို့ ဝင်လိုက်သည်။ ရှည်လျားလှသော စင်္ကြံလမ်းကို ဖြတ်ကျော်ပြီး နောက်တွင် ရေငွေ့အအေးဓာတ်က သူ့မျက်နှာကို လာရောက်ရိုက်ခတ်သည်။ သူသည် မီတာထောင်ချီ ကျယ်ဝန်းသော ကန်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ကန်ဘေးတွင် စွန်ပလွန်ပင်များ ရှိပြီး ကန်ထဲတွင်မူ ရေပန်းများမှာ အမြဲတမ်း တဗွက်ဗွက်ထကာ ထွက်ပေါ်နေသည်။
သိသာသည်မှာ ဤအရာက နန်းတော်အတွင်းရှိ ရေကန်ကြီးဖြစ်ပြီး သဲကန္တာရ အိုအေစစ်၏ ရေအရင်းအမြစ်ကို ယူထားခြင်းပင် ဖြစ်သည်။ ဤနန်းတော်မှာ ကျောက်စိမ်းမြို့တော်ရှိ အခြားသော မင်းညီမင်းသားများ၏ နန်းတော်ထက် အဆပေါင်းများစွာ ခမ်းနားကြီးကျယ် လှသည်။
သို့သော်လည်း နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးမှာ နယ်စပ်ဒေသတွင် နှစ်ရှည်လများ တပ်စွဲစောင့်ကြပ်နေရသူဖြစ်ပြီး အခြားသော မင်းညီမင်းသားများမှာမူ ကျောက်စိမ်း မြို့တော်၌သာ နေထိုင်ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏နန်းတော် တည်ဆောက်ပုံ မှာ အလွန်အကျွံ ခမ်းနားထည်ဝါလွန်းခြင်း မရှိစေရန် သဘာဝကျစွာ ထိန်းသိမ်းထားခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် ကျောက်စိမ်းမြို့တော်ရှိ မင်းညီမင်းသားများသည် နိုင်ငံအနှံ့အပြားတွင် ကြီးကျယ်သော စံအိမ်ဂေဟာများ ပိုင်ဆိုင်ကြပြီး အချို့မှာ ဤနန်းတော်ထက်ပင် ပိုမိုကြီး မားကျယ်ဝန်းနိုင်သည်ဖြစ်ရာ ဟုန်ယွိအနေဖြင့် ဤမြင်ကွင်းအပေါ် အလွန်အမင်း အံ့အား သင့်ခြင်း မရှိခဲ့ပေ။
"ကျွမ့်ယွမ်သခင်လေး ရောက်လာပြီပဲ၊ အပြင်အထိ ထွက်မကြိုနိုင်တာကို ခွင့်လွှတ်ပါ။"
ဟုန်ယွိသည် ရေငွေ့ရနံ့ကို ခံစားရင်း ရေကန်ကြီးကို ကြည့်နေစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ရေကန်ပေါ်တွင် လှည့်ပတ်စီးမျောနေပြီး ရေငွေ့များနှင့် ရောယှက်နေသဖြင့် လူကို လန်းဆန်းသွားစေသည့် ခံစားချက်မျိုး ပေးစွမ်းသည်။
ထိုအသံကို ကြားလိုက်ရသောအခါ ဟုန်ယွိသည် အမှန်တကယ်ပင် “ကြည်နူးဝမ်းမြောက် ခြင်း” ခံစားချက်ကို ရရှိလိုက်သည်။
"မင်းသမီးက အမျိုးသမီးတစ်ယောက်ဆိုတော့ လူအများရှေ့မှာ မျက်နှာပြဖို့ မသင့်တော် တာ ကျွန်တော် နားလည်ပါတယ်။ လမ်းပေါ်မှာ ကြိုဆိုပေးတာတင်ပဲ လုံလောက်လှပါပြီ။ ကျွန်တော်က ဘယ်လိုလုပ် အပြစ်တင်ရဲပါ့မလဲ။" (နောက်ပိုင်းတွင် ကြင်ယာတော်အစား မင်းသမီးဟု ပြန်ဆိုပါမည်)။
ဟုန်ယွိ စကားပြောနေစဉ်မှာပင် အစေခံအမျိုးသမီးအချို့က သူ့ကို ပုလဲလိုက်ကာများ အထပ်ထပ်ကို ဖြတ်ကျော်စေပြီး ရေကန်ဘေးရှိ ခန်းမဆောင်ကြီးအတွင်းသို့ ခေါ်ဆောင် သွားကြသည်။ ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် အဖြူရောင် "ကြိုးကြာဝတ်ရုံ" ကို ဝတ်ဆင်ထားပြီး မြင့်မြတ်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးမှာ ခန်းမဆောင်၏ ရှေ့တွင် ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်ကို စိုက်ကြည့်နေသည်။ ထိုပန်းချီကားထဲတွင် မြင့်မားလှသော တောင်ထိပ်ပေါ်၌ ရပ်နေသည့် "နတ်ဘုရားကြိုးကြာ" တစ်ကောင် ရှိပြီး ထိုကြိုးကြာ၏ အသွင်အပြင်မှာ အလွန်ပင် မြင့်မြတ်လှသဖြင့် "အင်မော်တယ်" ဟူသော စကားလုံးကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နေ သကဲ့သို့ ရှိသည်။
ဟုန်ယွိမှာ ထိုကြိုးကြာကို မြင်လိုက်ရသောအခါ ဒဏ္ဍာရီလာ ဖီးနစ်ငှက်ပင်လျှင် ဤကြိုးကြာရှေ့တွင် သူ၏မြင့်မြတ်မှုတို့ မှေးမှိန်သွားရလိမ့်မည်ဟု ခံစားလိုက်ရသည်။ "ကြိုးကြာဝတ်ရုံ" ကို ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးမှာလည်း ငြိမ်သက်စွာ ရပ်နေရင်း ပန်းချီကားထဲမှ နတ်ဘုရားကြိုးကြာနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။
"ဒါဆို မင်းသမီးက လူသားမဟုတ်ဘဲ 'နတ်ဆိုးအင်မော်တယ်' တစ်ယောက်ပေါ့။ ကြည့်ရ တာ မင်းသမီးက နတ်ဘုရားကြိုးကြာကနေ ကျင့်ကြံလာပြီး သေခြင်းတရားကို ကျော်လွန် သွားတာ ထင်တယ်။" ဟုန်ယွိက ရုတ်တရက် ဆိုလိုက်သည်။
"ကျွမ့်ယွမ်သခင်လေးက တကယ်ကို ဉာဏ်ထက်မြက်ပါပေတယ်၊ ဒါပေမဲ့ စကားလုံး သုံးနှုန်းတာတော့ အနည်းငယ် လွဲနေသလားလို့။ ကြိုးကြာဆိုတာ အင်မော်တယ် တစ်မျိုးပဲ၊ နတ်ဆိုး မဟုတ်ဘူး။ ကျွန်မကို 'နတ်ဆိုးအင်မော်တယ်'လို့ ခေါ်ရင်တော့ ကျွန်မ လက်မခံ နိုင်ပါဘူးနော်။" ထိုအမျိုးသမီးက ပြန်လည်ဖြေကြားသည်။
"နတ်ဘုရားတန်ခိုးရှင် ဘုရင်ကော ဘယ်မှာလဲ" ဟုန်ယွိက ခေါင်းညိတ်ပြလိုက်ပြီး ကုလားထိုင်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်သည်။
"ယန်တူးကို မေးတာလား။ သူက အခု လူသားအင်မော်တယ် အဆင့်ကို ချိုးဖျက်နိုင်ဖို့ အတွက် တံခါးပိတ် ကျင့်ကြံနေတယ်။ သူက အာရုံအနှောင့်အယှက် မခံနိုင်လို့ ကျွန်မကပဲ သခင်လေးကို ဖိတ်လိုက်ရတာပါ။ ကျွမ့်ယွမ်သခင်လေးက ကျွန်မကို အပြစ်မတင်ဘူး မဟုတ်လား။" ထိုအမျိုးသမီးက ခပ်အေးအေးပင် ဆိုသည်။
"လူသားအင်မော်တယ် အဆင့်ကို ချိုးဖျက်နိုင်ဖို့လား" ဟုန်ယွိက မျက်မှောင်ကြုတ်သွားပြီး "နတ်ဘုရားတန်ခိုးရှင် ဘုရင်အနေနဲ့ အဆင့်ချိုးဖျက်ဖို့ အရမ်းလောပြီး သတိလွတ်မသွားဖို့ တော့ လိုလိမ့်မယ်။ သမိုင်းတစ်လျှောက်မှာ သိုင်းသူတော်စင် အထွတ်အထိပ် အဆင့် ရောက်ပေမဲ့ လူသားအင်မော်တယ်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားရင်း ကျင့်ကြံလွဲချော်ပြီး ပျက်စီးသွားကြတာ မရေမတွက်နိုင်အောင်ပဲ။"
ဟုန်ယွိ သိထားသည်မှာ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးသည် သိုင်းသူတော်စင် အထွတ်အထိပ်အဆင့် ဖြစ်သော်လည်း လူသားအင်မော်တယ် အဆင့်ကို ချိုးဖောက်ရန်မှာ မလွယ်ကူပေ။ သူ၏ အငွေ့အသက်ကို ကြည့်ခြင်းဖြင့် ဘုရင်ယန်တူးတွင် တစ်ခုခု လိုအပ်နေသေးကြောင်း သူ ခံစားမိသည်။
"ဒါကတော့ သခင်လေးကို ကျွန်မ ကျေးဇူးတင်ရမှာပဲ။ သတ်ကြံသတ်ဖြတ်သူများ ခန်းမရဲ့ ယဇ်ပူဇော်ပွဲတုန်းက ကျွမ့်ယွမ်သခင်လေးရဲ့ အကူအညီကြောင့် ယန်တူးက တစ်ခုခုကို နားလည်သွားခဲ့တာပါ။ သူ လူသားအင်မော်တယ် အဆင့်ကို မရောက်နိုင်ရင်တောင် သူ့ရဲ့ သိုင်းပညာကတော့ သိသိသာသာ တိုးတက်လာမှာ အသေအချာပါပဲ။"
ထိုအမျိုးသမီးမှာလည်း နေရာတွင် ဝင်ထိုင်လိုက်သည်။ သူမမှာ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး၏ ကြင်ယာတော် ရှဲ့ဖင်းဖင်းပင် ဖြစ်သည်။ ဟုန်ယွိသည် သူမက တစ္ဆေ အင်မော်တယ် တစ်ဦးဖြစ်ကြောင်း သိထားသော်လည်း သူမမှာ ကြိုးကြာဘဝမှ ကျင့်ကြံ လာသည့် နတ်ဆိုးအင်မော်တယ် တစ်ဦးဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"လူသားအင်မော်တယ် အဆင့်ကို မရောက်ရင်တောင် သိုင်းပညာ တိုးတက်လာတာက ကောင်းတဲ့ အချက်ပါပဲ" ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး ရှဲ့ဖင်းဖင်းကို စိုက်ကြည့်ကာ မေးလိုက်သည် "ဒါပေမဲ့ ဒီနေ့ မင်းသမီးက ကျွန်တော့်ကို ကြိုဆိုဧည့်ခံစားသောက်ပွဲကို ဖိတ်တာက ကြိုဆိုရုံသက်သက်ပဲ မဟုတ်ဘူး ထင်တယ်နော်။"
"ဒါပေါ့... အဲဒီလောက် ဘယ်ရိုးရှင်းပါ့မလဲ။ ကျွန်မက သခင်လေးဟုန်ကို တစ်ခုခု ပြချင်လို့ ပါ။"
"ဘာများလဲ။"
ရှဲ့ဖင်းဖင်းသည် သူမ၏ လက်ဖဝါးထဲမှ ကျောက်စိမ်းပုလင်းငယ်လေး တစ်လုံးကို ထုတ်လိုက်ရာ သင်းပျံ့လှသော ရနံ့တစ်ခု ခန်းမအတွင်း ပျံ့နှံ့သွားသည်။ ထို့နောက် သူမက ပုလင်းကို စောင်းလိုက်ရာ လက်ဖဝါးပေါ်သို့ လက်မအရွယ်ခန့်ရှိပြီး သန္ဓေသားပုံသဏ္ဌာန် ဆေးလုံးတစ်လုံး ကျလာသည်။ ထိုဆေးလုံးမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး သက်ရှိတစ်ဦးကဲ့သို့ပင်။
ထိုဆေးလုံးမှာ အမှန်တကယ်ပင် သန္ဓေသားပုံစံငယ်လေး ဖြစ်နေသည်။
ဤကမ္ဘာပေါ်တွင် ထိုသို့သော ထူးဆန်းအံ့သြဖွယ် ဆေးလုံးမျိုး တစ်မျိုးတည်းသာ ရှိသည်။
ဟုန်ယွိ၏ မျက်လုံးများမှာ စူးရှသွားပြီး - "တိုင်ရှန်တာအိုဂိုဏ်းရဲ့ 'လူသားအနှစ်သာရ ဆေးလုံး' မဟုတ်လား။"
"သခင်လေးဟုန်က တကယ်ကို အမြင်စူးရှတာပဲ။ ဒီဆေးလုံးက လူသားအနှစ်သာရဆေး လုံးဆိုတာ တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနေတယ်။ ဒီဆေးကို စားလိုက်ရင် ခန္ဓာကိုယ်ရဲ့ အသက်စွမ်းအားကို ခိုင်မာစေပြီး ခန္ဓာကိုယ်ထဲက ပုန်းကွယ်နေတဲ့ ဒဏ်ရာတွေကို ပျောက်ကင်းစေတဲ့အပြင် လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင် တယ်။ စစ်တပ်ထဲက ကျွမ်းကျင်သူတွေအတွက် အသင့်တော်ဆုံး ဆေးပဲပေါ့။"
"ဟုတ်တယ်၊ စစ်တပ်ထဲက လူတွေက စိတ်ပိုင်းဆိုင်ရာ ခိုင်မာပေမဲ့ အမြဲတမ်း တိုက်ခိုက် နေရတော့ ခန္ဓာကိုယ်ထဲမှာ မသိနိုင်တဲ့ ဒဏ်ရာတွေ ရှိနေတတ်တယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ကျင့်ကြံမှုက တိုးတက်မလာတာ။ ဒီဆေးသာ ရှိရင်တော့ သူတို့အတွက် တကယ် အကျိုးရှိမှာပဲ။ ဒါပေမဲ့ ဒီဆေးက အလွန်တန်ဖိုးကြီးပြီး ရှားပါးလွန်းတယ် မဟုတ်လား။" ဟုန်ယွိက ရှဲ့ဖင်းဖင်းကို ကြည့်ကာ မေးလိုက်သည်။
"အရင်တုန်းကတော့ ရှားပါတယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး။ ကျွန်မမှာ ဒီလို ဆေးလုံးတွေ အများကြီး ရှိတယ်။" ရှဲ့ဖင်းဖင်းက ပြုံး၍ ဆိုသည်။
"အများကြီး ရှိတယ် ဟုတ်လား။ မင်းသမီးက တကယ်ကို ဘယ်သူလဲ။ တိုင်ရှန်တာအိုဂိုဏ်း က လူလား။"
"ကျွန်မ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက ကျွန်မ ကျွမ့်ယွမ် သခင်လေးဆီကနေ အကူအညီအချို့ လိုချင်နေတာပဲ။"
အခန်း (၄၁၄)။
"ကျွန်တော့်ဆီက ဘာအကူအညီ လိုချင်လို့လဲ။"
ဟုန်ယွိသည် နတ်ဘုရားတန်ခိုးရှင် ဘုရင်၏ ဆန်းကြယ်လှသော မင်းသမီး ရှဲ့ဖင်းဖင်းကို ကြည့်လိုက်ပြီးနောက် သူမလက်ထဲရှိ 'လူသားအနှစ်သာရ ဆေးလုံး'ကို တစ်လှည့်ကြည့် ကာ မေးလိုက်သည်။ သူ၏စိတ်ထဲတွင် မေးခွန်းများစွာ ဖြစ်ပေါ်နေသော်လည်း ထုတ်မပြောသေးဘဲ အသာစောင့်ကြည့်နေလိုက်သည်။
"ကျွန်မဆီမှာ 'ကောင်းကင်အနှစ်သာရ နတ်ဘုရားဆေး' ရဲ့ ဆေးညွှန်းရှိတယ်။ ဒါကြောင့် သခင်လေးဟုန်နဲ့ ပူးပေါင်းပြီး ဒီဆေးအချို့ကို ဖော်စပ်ချင်လို့ပါ။" ရှဲ့ဖင်းဖင်းက သူမ၏ ဝတ်ရုံကို ခါလိုက်ရင်း တုန်လှုပ်ဖွယ်ရာ စကားကို ဆိုလိုက်သည်။
"ဘာ..." ဟုန်ယွိ၏ မျက်မှောင်များမှာ ချက်ချင်းပင် မြင့်တက်သွားသည်။ "'ကောင်းကင် အနှစ်သာရ နတ်ဘုရားဆေး' ရဲ့ ဆေးညွှန်း မင်းသမီးဆီမှာ ရှိတယ် ဟုတ်လား။ မင်းသမီးက တိုင်ရှန်တာအိုဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်လား။ မဟုတ်ဘူး... အကြီးအကဲ တစ်ယောက်တောင်မှ ဒီလို လျှို့ဝှက်ချက်ကို သိနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် သိသလောက်ဆို တိုင်ရှန်တာအိုဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ဂိုဏ်းချုပ်နဲ့ သူတော်စင် မိန်းမပျိုတို့ကိုပဲ လက်ဆင့်ကမ်းတာလေ။ ပြီးတော့ ဒီဆေးကို ဖော်စပ်ဖို့ဆိုတာ ရတနာတွေ အပြင် အလွန်နက်နဲတဲ့ တာအိုကျင့်စဉ်တွေလည်း လိုအပ်တယ်။"
"ပိုင်ယွန်ရဲ့ သားပီသပါပေတယ်၊ သခင်လေးဟုန်က တကယ်ကို အများကြီး သိထားတာပဲ" ရှဲ့ဖင်းဖင်းက ဟုန်ယွိကို အံ့သြရိပ်အချို့ဖြင့် ကြည့်လိုက်ပြီး "ကျွန်မက တိုင်ရှန်တာအိုဂိုဏ်း က မဟုတ်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲဒီဂိုဏ်းနဲ့တော့ အလွန်နက်နဲတဲ့ ပတ်သက်မှု ရှိတယ်။"
"နားလည်ပါပြီ၊ ဒါဆိုရင်တော့ ကျွန်တော် ထပ်မမေးတော့ပါဘူး" ဟုန်ယွိက ခေါင်းညိတ် လိုက်သည်။ ရှဲ့ဖင်းဖင်းက သူမကိုယ်သူမ တိုင်ရှန်တာအိုဂိုဏ်းက မဟုတ်ဟု ဆိုလျှင် မဟုတ်နိုင်ပေ။ အသေးစိတ် အကြောင်းရင်းကိုမူ ဟုန်ယွိအနေဖြင့် ဇွတ်မမေးလိုတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိစမြဲ ဖြစ်သဖြင့် အကုန်လုံးကို လိုက်မေးနေလျှင် အလွန်အကျွံ ဖြစ်သွားပေလိမ့်မည်။
သို့သော် 'ကောင်းကင်အနှစ်သာရ နတ်ဘုရားဆေး' ကို ဖော်စပ်လိုသည်ဟူသော သတင်းမှာကား တကယ့်ကို တုန်လှုပ်ဖွယ်ရာပင်။ ထိုဆေးမှာ ကမ္ဘာပေါ်တွင် နံပါတ်တစ် ဆေးလုံးဖြစ်ပြီး စားသုံးလိုက်သည်နှင့် ခန္ဓာကိုယ်သည် ကောင်းကင်ရှိ ကြယ်တာရာများနှင့် ဆန်းကြယ်စွာ ဆက်သွယ်မိသွားကာ လူ့ခန္ဓာကိုယ်၏ အာရုံခံအပ်စိုက်မှတ်များ အားလုံး ပွင့်သွားပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးမည် ဖြစ်သည်။ ထိုအခါ ခန္ဓာကိုယ်သည် ကောင်းကင် နှင့် မြေကြီးနှင့် နီးကပ်စွာ ဆက်နွှယ်သွားပြီး လူသားအင်မော်တယ် အဆင့်သို့ တက်လှမ်း နိုင်မည် ဖြစ်သည်။
ဤဆေးသည် ကောင်းကင်နှင့် မြေကြီး၏ ကံတရားကို ခိုးယူဖော်စပ် ထားခြင်း ဖြစ်ရာ နတ်ဘုရားများနှင့် တစ္ဆေသရဲများပင် မနာလိုဖြစ်ရသည့် ဆေးမျိုး ဖြစ်ပြီး သာမန်ဆေးဝါး မဟုတ်ပေ။
"ဆေးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ကျွန်မ ပြင်ဆင်ထားပြီးပြီ။ အဓိက လိုအပ်တဲ့ ပစ္စည်းကတော့ အနှစ်သာရနတ်ဘုရားကျောင်းက နတ်ဆိုးနတ်ဘုရားသွေးပဲ။" ရှဲ့ဖင်းဖင်းက ဆိုသည်။
"ဒါဆို မင်းသမီးက ကျွန်တော်နဲ့ပူးပေါင်းပြီး အနှစ်သာရ နတ်ဘုရားကျောင်းဆီကနေ နတ်ဆိုးနတ်ဘုရားသွေးကို ခိုးယူချင်တာပေါ့။ ဒါပေမဲ့ ဒီဆေးကို သန့်စင်နိုင်ပြီး စားသုံးလို့ လူသားအင်မော်တယ် ခန္ဓာကိုယ် ရလာရင်တောင် သိုင်းပညာအတွေ့အကြုံက သိုင်းသူတော်စင် အဆင့်မှာပဲ ရှိနေဦးမှာ။ အဲဒီလို အတွေ့အကြုံမျိုးနဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ဆိုတာ ကလေးတစ်ယောက်ကို တူကြီးတစ်လက် ပေးကိုင်ထား သလိုမျိုးပဲ ဖြစ်နေဦးမှာ။ ဒါက ကပ်ဘေးတစ်ခုပဲ၊ ကောင်းချီးတစ်ခု မဟုတ်ဘူး။" ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားရင်း ထောက်ပြလိုက်သည်။
"သခင်လေးဟုန်မှာ ကိုယ်ပိုင် လူသားအင်မော်တယ် ကိုယ်ပွားနဲ့ နတ်ဘုရားကျောက်တုံး သန္ဓေသား ရှိနေလို့ အဲဒီလို ပြောနိုင်တာပါ။ တခြားသူတွေအတွက်တော့ ခန္ဓာကိုယ်က လူသားအင်မော်တယ် အဆင့် ရောက်သွားတာနဲ့တင် ခွန်အားက အဆမတန် တိုးလာမှာပဲ" ရှဲ့ဖင်းဖင်းက ပြုံး၍ ဆက်ပြောသည် "ဒါ့အပြင် သိုင်းပညာမှာ လူသားအင်မော်တယ် အဆင့် ကို ရောက်တာဟာ မိုးကြိုးကပ်ဘေး အဆင့်ငါး ကျွမ်းကျင်သူတစ်ဦးထက် မနိမ့်ပါဘူး။ မိုးကြိုးကပ်ဘေး အဆင့်ငါးကို ဖြတ်ကျော်နိုင်ရင် စိတ်ဝိညာည် အတွေးတစ်ခုချင်းစီက ကောင်းကင်က ကြယ်တာရာတွေနဲ့ သိမ်မွေ့စွာ ဆက်သွယ်နိုင်ပြီး အနာဂတ်ကို ကြိုတင် ခန့်မှန်းနိုင်လာတယ်။ အန္တရာယ်တစ်ခုခု နီးလာရင် စိတ်ထဲမှာ ဘာကြောင့်မှန်းမသိတဲ့ ခံစားချက်မျိုးတွေ ပေါ်လာတတ်တယ်။ ဒါကို 'ရုတ်တရက် အာရုံခံစားမှု' လို့ ခေါ်လို့ရတယ်။ အဆင့်ငါး မိုးကြိုးကပ်ဘေး ပညာရှင်ရဲ့ အတွေးစတစ်ခုချင်းစီဟာ ကြယ်တွေရဲ့စွမ်းအားကို စုပ်ယူနိုင်စွမ်းရှိပြီး၊ တဖြည်းဖြည်း သန်မာလာကြတယ်။ နောက်ဆုံး မိုးကြိုးကပ်ဘေး အဆင့်ခြောက်ရောက်တဲ့အခါ လျှပ်စီးစွမ်းအားနဲ့ ပေါင်းစပ်ပြီး ကြယ်တာရာတွေရဲ့ စွမ်းအား ကို သန့်စင်နိုင်ပြီ။ အဲဒီအချိန်မှာ စိတ်ဝိညာဉ်စွမ်းအားက အထွက်အထိပ် ရောက်သွားပြီး၊ အကန့်အသတ်ကို ချိုးဖောက်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်တဲ့အထိ ဖြစ်လာမှာ။ ဒီကမ္ဘာကြီးမှာ မိုးကြိုးကပ်ဘေးအဆင့်ငါး ကျွမ်းကျင်ပညာရှင် ဘယ်နှစ်ယောက်ရှိလို့လဲ။ ဒါကြောင့် သိုင်းပညာမှာ လူသားအင်မော်တယ် အဆင့်ကို ချက်ချင်းရောက်ဖို့ မျှော်လင့်နေ မယ့်အစား ခန္ဓာကိုယ်ကို အရင်သန်မာအောင် လုပ်ထားတာက ပိုကောင်းတဲ့ အစီအစဉ်ပဲ။ ခရီးတစ်ခုကို တစ်လှမ်းချင်း သွားရမှာပေါ့။"
“ဟင်း…” ရှဲ့ဖင်းဖင်း၏ စကားကို ကြားပြီးနောက် ဟုန်ယွိသည် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။ သူက ရှဲ့ဖင်းဖင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ပြောလိုက် သည် "မင်းသမီးက ကျင့်ကြံခြင်း လမ်းစဉ်နဲ့ ပတ်သက်ပြီး ဒီလောက်အထိ နှံ့နှံ့စပ်စပ် သိထားလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး။ ဒါပေမဲ့ မင်းသမီးရဲ့ တာအိုကျင့်စဉ်ကို ကြည့်ရတာ ဒီလောက်နက်နဲတဲ့ အဆင့်အထိ မရောက်သေးဘူးထင်တယ်။ မင်းသမီးရဲ့ အခြေခံက တကယ့်ကို ခိုင်မာတာပဲ။ ဂိုဏ်းကြီးတစ်ခုခုက လာတာလား။”
ခုနက မင်းသမီး ရှဲ့ဖင်းဖင်း ရှင်းပြသွားသည့် ကျင့်ကြံမှုအဆင့်များ၊ လူသားအင်မော်တယ် နှင့် မိုးကြိုးကပ်ဘေးတို့၏ ဆက်နွှယ်မှုမှာ ဟုန်ယွိ သိထားသည်ထက်ပင် ပိုမို ရှင်းလင်း ပြတ်သားနေသဖြင့် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
သူမ၏ တာအိုကျင့်စဉ်မှာ ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့်ကို မရောက်သေး ကြောင်း ဟုန်ယွိ အသေအချာ ပြောနိုင်သော်လည်း သူမ၏ ရှင်းပြချက်မှာမူ ထိုအဆင့်ကို နှံ့စပ်ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ သူမ၏ နောက်ကွယ်တွင် အလွန် အားကောင်းသော ဂိုဏ်းတစ်ခု ရှိနေကြောင်း ပြနေသည်။
အဆင့်ငါး မိုးကြိးကပ်ဘေးဆိုသည်မှာ မြင့်မြတ် နယ်မြေတစ်ခု၏ ဂိုဏ်းချုပ်ပင်လျှင် ရောက်ရှိရန် ခက်ခဲသော အဆင့်ဖြစ်သည်။ သာမန်မင်းသမီးတစ်ဦးအနေဖြင့် မည်သို့ သိနိုင်မည်နည်း။
ထို့အပြင် သူမသည် တိုင်ရှန်တာအိုဂိုဏ်းက မဟုတ်ဟု ဆိုသဖြင့် သူမသည် အလွန် လျှို့ဝှက်သော ဂိုဏ်းတစ်ခုမှ ဖြစ်ရပေမည်။
ပထမအချက်နေဖြင့်, အဆင့်ငါး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသူများမှာ လူသား အင်မော်တယ်ကဲ့သို့ ရုတ်တရက် ချဉ်းကပ်လာသော မည်သည့်အန္တရာယ်ကိုမဆို ကြိုတင် သိမြင်နိုင်သည့် 'ရုတ်တရက် စိတ်အာရုံခံစားမှု' အစွမ်းကို ပိုင်ဆိုင်ကြပြီး၊ ဒုတိယအချက် နေဖြင့် စိတ်ဝိညာဉ် အတွေးစ တစ်ခုချင်းဖြင့် ကြယ်တာရာအလင်းကို စုပ်ယူကာ၊ သူတို့၏ အတွေးစတစ်ခုချင်းစီ၏ စွမ်းအားကို မြှင့်တင်နိုင်ကြသည်။
သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများ အဆင့်တစ်ခုအထိ တိုးတက်လာချိန်မှာ, မိုးကြိုး ကပ်ဘေး အဆင့်ခြောက်ကို ဖြတ်ကျော်ပြီး၊ ထိုကြယ်တာရာခွန်အားများကို စိတ်ဝိညာဉ်နှင့် လုံးဝ ပေါင်းစပ်ကာ ကောင်းကင်နှင်မြေကြီးကြားက ဟင်းလင်းပြင်ကို အာရုံခံနိုင်ပြီး လေဟာနယ်ကို ဆွဲဖြဲနိုင်ကြခြင်း ဖြစ်သည်။
ဟုန်ယွိမှာ ယခုအခါ အဆင့်လေးတွင်သာ ရှိသေးသဖြင့် အဆင့်ငါးနှင့် အဆင့်ခြောက် နယ်ပယ်များသို့ ရောက်ရှိရန် အလှမ်းဝေးနေသေးသည်။
ဟုန်ယွိသည် ယခုအခါ မိုးကြိုးကပ်ဘေး အဆင့်လေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အတွေးစတစ်ခုစီ၏ စွမ်းအားဖြင့် ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိနေပြီ ဖြစ်သော် လည်း၊ ကံကြမ္မာ အကောင်းအဆိုးကို ကြိုတင်သိမြင်နိုင်သည့် အဆင့်ငါးနှင့် ဟင်းလင်းပြင် ကို ဆွဲဖြဲနိုင်သည့် မိုးကြိုးကပ်ဘေး အဆင့်ခြောက်သို့ ရောက်ရန်မူ အလှမ်းဝေးနေပါ သေးသည်။
မိုးကြိုးကပ်ဘေး အဆင့်ခုနစ်ဖြစ်သော ဟင်းလင်းပြင်ထဲမှ သက်ရှိသက်မဲ့ အရာဝတ္ထုများ ကို ဖန်တီးနိုင်သည့် "ဖန်ဆင်းရှင်" အဆင့်မှာမူ လုံးဝသစ်လွင်သည့် နယ်ပယ်တစ်ခု ဖြစ်ပေသည်။
"ကျွန်မရဲ့ အခု တာအိုကျင့်စဉ်က မိုးကြိုးကပ်ဘေး အဆင့်ငါးနဲ့ အဆင့်ခြောက်တွေကို မရောက်သေးပါဘူး။ သခင်လေးဟုန်ထက်တောင် နိမ့်ပါသေးတယ်။ ဒါကြောင့်လည်း 'ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး'နဲ့ 'လူသားအနှစ်သာရ ရွှေဆေးလုံး' တွေကို သန့်စင် ဖို့ သခင်လေးရဲ့ ခွန်အားကို ချေးငှားချင်တာပါ။" ရှဲ့ဖင်းဖင်းက ပြုံး၍ ဆိုသည်။ သူမသည် ကြိုးကြာဝတ်ရုံကို ဝတ်ဆင်ထားပြီး လှုပ်ရှားလိုက်တိုင်း ကခုန်နေသည့် ကြိုးကြာ တစ်ကောင်နှင့် တူလှပေသည်။
"ဆေးလုံးသန့်စင်တာက ကျွန်တော့်အတွက် အသစ်အဆန်း ဖြစ်နေပေမဲ့၊ အခွင့်အရေးရှိရင် တော့ မင်းသမီးနဲ့ ပူးပေါင်းဖို့ အသေအချာ ဆန္ဒရှိပါတယ်။"
ဟုန်ယွိက တခဏတာ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ ရှဲ့ဖင်းဖင်း အနေဖြင့် ဤဆေးညွှန်းများကို မည်သို့ရရှိခဲ့သည်ကိုမူ သူထပ်မမေးတော့ပေ။
ဆေးလုံးသန့်စင်ချိန် ရောက်လာလျှင် ထိုဆေးညွှန်များကို သူသေချာပေါက် မြင်တွေ့ရမည် ဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။ အကယ်၍ တိုင်ရှန်တာအိုဂိုဏ်း၏ အဖိုးတန် ဆေးညွှန်း နှစ်ခုကို လေ့လာခွင့်ရပါက သူ၏ ကျင့်ကြံမှုအတွက် များစွာ အကျိုးရှိမည်မှာ အမှန်ပင်။
"ဒါဆိုရင်တော့ ကျွန်မ သခင်လေးဟုန်ကို အရက်သုံးခွက်နဲ့ ဂုဏ်ပြုပါရစေ။ သခင်လေးနဲ့ နတ်ဘုရားတန်ခိုးရှင် ဘုရင်တို့ ပူးပေါင်းပြီး အနောက်ဘက်ဒေသက လူရိုင်းတွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ပါစေ။ နယ်စပ်က ပုန်းကွယ်နေတဲ့ အန္တရာယ်တွေကို အမြစ်ပြတ် ဖယ်ရှားပြီး မျိုးဆက်ပေါင်းများစွာ တည်တံ့မယ့် မဟာလုပ်ငန်းကြီးကို ထူထောင်နိုင်ပါ စေ။"
ပြောပြောဆိုဆိုဖြင့် မင်းသမီး ရှဲ့ဖင်းဖင်းသည် စားပွဲပေါ်မှ အရက်ခွက်ကို မြှောက်ကာ သွေးကဲ့သို့ နီရဲနေသည့် အနောက်ဘက်ဒေသထွက် ဝိုင်မွှေးမွှေး သုံးခွက် ဆက်တိုက် သောက်လိုက်သည်။ အရက်သောက်ပြီးနောက် သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းကာ ရှက်သွေးဖြာသွားသည်။
"ကြိုးကြာလေး... ငါ အရက်သိပ်မသောက်နိုင်တော့ဘူး။ သခင်လေးဟုန်ကို အဖော်ပြုပေး လိုက်ဦး။"
ထိုသို့ပြောပြီးနောက် ရှဲ့ဖင်းဖင်းသည် ထရပ်ကာ ဟုန်ယွိကို ဦးညွှတ်နှုတ်ဆက်သည်။ ထို့နောက် သူမသည် ကြိုးကြာဝတ်ရုံ ဝတ်ဆင်ထားသည့် အလွန်လှပသော အမျိုးသမီး တစ်ဦးကို လှမ်းခေါ်လိုက်သည်။
ထိုမိန်းကလေးမှာ အရပ်ရှည်ရှည်နှင့် သွယ်လျလှပပြီး၊ လမ်းလျှောက်လိုက်တိုင်း အချိန် မရွေး ပျံတက်သွားနိုင်မည့်အလား ပေါ့ပါးသွက်လက်လှသည်။
"ကျွန်မက ကြိုးကြာလေးပါ။ အဒေါ်ရှဲ့က အရက်မသောက်နိုင်လို့ ကျွန်မကပဲ သခင်လေး ကို အရက်သောက်ရင်း အနားယူဖို့ အဖော်ပြုပေးပါရစေ။" ဤမိန်းကလေးမှာ အိမ်ရှေ့စံ မင်းသား ယန်ယွမ်၏ အနားတွင် ကြိုးကြာလေး အဖြစ် ရှိနေခဲ့သူ ဖြစ်သည်။ သူမသည် တိုင်ရှန်တာအိုဂိုဏ်းမှ သူတော်စင်မိန်းမပျို ဆုမူ၏ လူယုံဖြစ်ပြီး အိမ်ရှေ့စံမင်းသားအနား တွင် ခြေရာဖျောက် နေထိုင်ခဲ့သူဖြစ်သည်။ သို့သော် ဟုန်ယွိနှင့် တစ်ခါမျှ မဆုံဖူးဘဲ၊ ယခုမှ နတ်ဘုရားတန်ခိုးရှင် ဘုရင်၏ တပ်မတော်အတွင်း ပေါ်လာခြင်း ဖြစ်သည်။
"ဒါဆို ကြိုးကြားမိန်းကလေးပေါ့။ ဒါပေမဲ့ ငါ ဒီနေ့ ခရီးပန်းလာလို့ စောစော အနားယူချင် တယ်။ မင်းသမီးရဲ့ ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။"
ဟုန်ယွိက ကြိုးကြာလေးကို အတန်ကြာ ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "ငါ့ကို အဖော်ပြုပေးဖို့ မလိုပါဘူး။"
"ဒါဆိုရင်လည်း သခင်လေးကို အခန်းအထိ လိုက်ပို့ပေးပါရစေ။ မင်းသမီးက သခင်လေး အတွက် အခန်းသီးသန့် ပြင်ပေးထားသလို၊ သခင်လေးရဲ့ တာအိုလက်တွဲဖော်နဲ့ ရင်းနှီးတဲ့ အကြီးအကဲတစ်ယောက်ကလည်း သခင်လေးကို တွေ့ချင်နေပါတယ်။" ကြိုးကြာလေးက ပြုံး၍ ဦးညွှတ်လိုက်သည်။
"ငါ့လက်တွဲဖော်ရဲ့ အကြီးအကဲ ဟုတ်လား။" ဟုန်ယွိမှာ အံ့အားသင့်သွားရသည်။ "ငါ့တာအိုလက်တွဲဖော်က ယင်းရှာလေ... သူမမှာ ဘာလို့ အကြီးအကဲ ရှိနေတာလဲ။" သူ တွေးမိသွားသည်။ ယင်းရှာသည် နတ်ဘုရားမိုးကြိုးဂိုဏ်း၏ မိုးကြိုးကျင့်စဉ်ကို ဆက်ခံထား သူဖြစ်ပြီး၊ သူမ၏ဆရာမှာ မိုးကြိုးကပ်ဘေးအတွင်း ကွယ်လွန်သွားကတည်းက သူမ တစ်ဦးတည်းသာ ကျန်တော့သည် မဟုတ်ပါလား။ ဘာလို့ အကြီးအကဲတစ်ယောက် ပေါ်လာတာလဲ။ "ဒါပေမဲ့ ဒီမင်းသမီး ရှဲ့ဖင်းဖင်းနဲ့ ကြိုးကြာလေးတို့ကလည်း တကယ့်ကို နက်နဲလှတယ်။ သူတို့ ဘာကစားကွက် ကစားနေသလဲဆိုတာ ငါ ကြည့်ရမှာပေါ့။"
ထိုအချိန်တွင် ဟုန်ယွိက ထရပ်လိုက်ပြီး "ယင်းရှာမှာ အကြီးအကဲ ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ ဒါပေမဲ့ မင်းသမီးက စီစဉ်ထားတာဆိုတော့ ငါ သွားတွေ့ကြည့်ပါ့မယ်" ဆိုလိုက်သည်။
"ဒါဆိုရင်တော့ သခင်လေး... ကြွပါရှင်"
ကြိုးကြာလေးသည် နောက်လှည့်ကာ ရှေ့မှ ဦးဆောင်လျှောက်လှမ်းသွားပြီး ဟုန်ယွိက လည်း နောက်မှ လိုက်သွားသည်။ သူတို့သည် ခန်းမဆောင်ကြီးကို ဖြတ်ကျော်ကာ ၃ ကီလိုမီတာခန့် ရှည်လျားသည့် ကွေ့ကောက်သော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့ကြ သည်။ နောက်ဆုံးတွင် ဧက ၃-၄ ဧကခန့် ကျယ်ဝန်းသည့် ခြံဝင်းလေးတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
ဟုန်ယွိသည် ခြံဝင်းအတွင်းသို့ ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရင်ခုန်သံများ မြန်သွားရသည်။ အကြောင်းမှာ ခြံဝင်းအတွင်း၌ စိမ်းလန်းစိုပြည်သည့် သစ်ပင်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ ပန်းသီးပင်၊ မက်မွန်ပင်၊ ဆီးပင်များနှင့် ရာသီမရွေး ပွင့်လန်းနေသည့် ပန်းမျိုးစုံတို့မှာ အသက်ဓာတ်များဖြင့် စိုပြည်နေပြီး သစ်သီးနံ့များ သင်းပျံ့နေသည်။
"ဒါက..." သဲကန္တာရထဲတွင် ဤကဲ့သို့ သစ်ပင်များ ပေါက်နေခြင်းကို ဟုန်ယွိ မအံ့သြသော် လည်း၊ ရာသီမတူသည့် ပန်းများနှင့် အသီးများ တစ်ပြိုင်နက်တည်း ရှိနေခြင်းကိုမူ အံ့သြမိ သည်။ ဩဂုတ်လတွင် ပွင့်သည့် ဂန္ဓာမာပန်းနှင့် မတ်လတွင် ပွင့်သည့် မက်မွန်ပန်းတို့မှာ တစ်ပြိုင်နက်တည်း ပွင့်လန်းနေကြသည်။ ဤသည်မှာ မဖြစ်နိုင်သော ဖြစ်ရပ်တစ်ခုပင်။
ထို့အပြင် ခြံဝင်းအတွင်း၌ အလွန်ထူထပ်သော အသက်ဓာတ်များ ပြည့်နှက်နေသည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။ ဤကဲ့သို့သော အသက်ဓာတ်မျိုးကို မိုးကြိုးမုန်တိုင်း ကျရောက် ပြီးချိန်တွင်သာ ခံစားရလေ့ရှိသည်။ အကျဉ်းချုပ်ရလျှင် ဤအသက်ဓာတ်မှာ မိုးကြိုးပစ်ပြီး နောက် ကျန်ရှိခဲ့သည့် အသက်ဓာတ်ပင် ဖြစ်သည်။ ဤအသက်ဓာတ်ကြောင့်ပင် ခြံဝင်း အတွင်းရှိ သစ်ပင်ပန်းမန်အားလုံးမှာ ရာသီဥတုကို ဂရုစိုက်စရာမလိုဘဲ ပွင့်လန်းနေကြခြင်း ဖြစ်သည်။
"အို..."
ဟုန်ယွိ၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားသည်။ ခြံဝင်းအတွင်းရှိ ပန်းခင်းထဲတွင် ထိုင်နေသော အလွန်တရာ ငယ်ရွယ်သည့် လူငယ်တစ်ဦးကို သူမြင်လိုက်ရသည်။ ထိုလူငယ်မှာ အဝါနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ကျောက်စိမ်းပလွေ တစ်ချောင်း ကိုင်ထားသော်လည်း မှုတ်မနေဘဲ မျက်စိမှိတ်၍ ငြိမ်သက်စွာ ထိုင်နေသည်။
သူ၏ ခေါင်းပေါ်တွင် ၃-၄ မီတာခန့် ကျယ်ဝန်းသော မှောင်မည်းသည့် တိမ်တိုက်တစ်ခု ရှိနေသည်။ ၎င်းမှာ မှိုတိမ်တိုက်ကြီးတစ်ခုနှင့် တူလှပေသည်။ တိမ်တိုက်များ လှုပ်ရှားနေ သည်နှင့်အမျှ ငွေရောင်မြွေများပမာ လျှပ်စီးများမှာ တဖျပ်ဖျပ် လက်နေကြသည်။ ရံဖန်ရံခါ တွင် လျှပ်စီးနှစ်ခု ထိပ်တိုက်တွေ့ကာ မိုးခြိမ်းသံများပင် ထွက်ပေါ်လာသည်။
မိုးခြိမ်းသံ ထွက်ပေါ်လာတိုင်း ကြီးမားလှသော အသက်စွမ်းအင်များ ဖြာထွက်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များကို ပိုမိုစိုပြည်လန်းဆန်းသွားစေသည်။ ထိုအသက် စွမ်းအင်ကို ရှူရှိုက်လိုက်မိသူတိုင်း စိတ်ကြည်လင်သွားပြီး သွေးလေစီးဆင်းမှုမှာလည်း အားကောင်းလာသည်ဟု ခံစားရပေသည်။
"နတ်ဘုရားမိုးကြိုးဂိုဏ်း မိုးကြိုးပညာရပ်ရဲ့ အမြင့်ဆုံးနယ်ပယ်... "အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်”
အဝါရောင်ဝတ်ရုံနှင့် လူငယ်၏ ခေါင်းပေါ်မှ မိုးကြိုးတိမ်တိုက်ကို မြင်လိုက်ရသောအခါ ဟုန်ယွိသည် ယင်းရှာ ပြောပြဖူးသည့် နတ်ဘုရားမိုးကြိုးဂိုဏ်း၏ မိုးကြိုးကျင့်စဉ်ကို ချက်ချင်း သတိရသွားသည်။ ဤကျင့်စဉ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်သောအခါ ခေါင်းပေါ်တွင် မည်းမှောင်နေသော တိမ်တိုက် ပေါ်လာပြီး ၎င်းအတွင်း၌ မိုးကြိုးမုန်တိုင်း ငယ် တစ်ခု ရှိနေမည် ဖြစ်သည်။ ထိုမိုးခြိမ်းသံမှာ ကျင့်ကြံသူ၏ အသက်ရှူသံနှင့် စည်းချက် ညီညီ လှုပ်ရှားနေမည် ဖြစ်သည်။
ဤသည်မှာ "အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်" ပင် ဖြစ်သည်။ ဤတိမ်တိုက်ကို ကျွမ်းကျင်ရန်အတွက် ကောင်းကင်ယံ မိုးကြိုးမုန်တိုင်းများထဲရှိ အသက်စွမ်းအင်များကို စုဆောင်းကာ မိမိ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ဖန်တီးရခြင်း ဖြစ်သည်။ ၎င်းကို အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံပြီးသောအခါ အံ့မခန်းစရာ အစွမ်းများကို ရရှိမည်ဖြစ်သည်။
၎င်းမှာ ရန်သူကို ပိတ်လှောင်နိုင်သလို မိမိကိုယ်ကိုလည်း ကာကွယ်နိုင်သည်။ ရုပ်ခန္ဓာကိုယ် ကိုလည်း ဟင်းလင်းပြင်ထဲတွင် သယ်ဆောင် ပျံသန်းနိုင်သည်။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်အတွင်းရှိ သွေးသားများကို အမြဲမပြတ် အာဟာရဖြည့်တင်းပေးပြီး ပိုမိုသန်မာ စေသည်။ ဤပညာရပ်မှာ တောက်ပသောမိုးကြိုးကိုယ်ထည် ပညာရပ်ထက်ပင် ပိုမိုနက်နဲ လှပေသည်။
ဤတိမ်တိုက်မှာ မှော်ရတနာနှင့် ဆန်းကြယ်သောအစွမ်းတို့၏ ကြားခံတစ်ခုဖြစ်ပြီး၊ မိုးကြိုး ကပ်ဘေး အဆင့်ငါးကို ဖြတ်ကျော်ထားသူများသာ ပိုင်ဆိုင်သည့် အစွမ်းဖြစ်သည်။
အချုပ်ဆိုရလျှင် ဤအဝါရောင်ဝတ်ရုံနှင့် လူငယ်မှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင် ကဲ့သို့ပင် ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပေသည်။ ဤသည်ကို သိလိုက်ရသောအခါ ဟုန်ယွိပင်လျှင် စိတ်ထဲမှ ထိတ်လန့် သွားမိသည်။
"နတ်ဘုရားတန်ခိုးရှင် ဘုရင်ရဲ့ နန်းတော်ထဲမှာ ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက် တကယ်ပဲ ရှိနေတာလား။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ပြီးတော့ သူက နတ်ဘုရားမိုးကြိုးဂိုဏ်းရဲ့ ကျင့်စဉ်ကို ကျင့်ကြံထားတာ... သူက ဘယ်သူလဲ။"
ဟုန်ယွိမှာ အံ့သြနေဆဲဖြစ်သော်လည်း ခေါင်းကို အနည်းငယ်မော့ကာ မေးလိုက်သည် "နတ်ဘုရားမိုးကြိုးဂိုဏ်းမှာ မင်းက ဘယ်သူလဲ။ ယင်းရှာနဲ့ ဘယ်လို ပတ်သက်တာလဲ"။
ဟုန်ယွိ၏ မေးခွန်းကို ကြားသောအခါ အဝါရောင်ဝတ်ရုံနှင့် လူငယ်က ခေါင်းမော့၍ မျက်လုံးဖွင့်လိုက်သည်။ ထိုခဏတွင် လူငယ်၏ မျက်လုံးများအတွင်း၌ လျှပ်စီးလုံးကြီး နှစ်လုံး ပေါ်လာသကဲ့သို့ ဟုန်ယွိ ခံစားလိုက်ရပြီး၊ လျှပ်စီးအလင်းတန်းတစ်ခုမှာ ဟုန်ယွိ ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။
"မင်းက ယင်းရှာရဲ့ တာအိုလက်တွဲဖော်လား။ ကြည့်ရအောင်... မင်းက ယင်းရှာနဲ့ တကယ် ပဲ ထိုက်တန်ရဲ့လားဆိုတာ။" လူငယ်က မျက်လုံးဖွင့်ဖွင့်ချင်း အေးစက်လှသော အသံဖြင့် ဆိုလိုက်သည်။
ဝှီး...။
ဟုန်ယွိသည် ပြိုင်ဘက်၏ မျက်လုံးမှ ထွက်လာသော လျှပ်စီးအလင်းတန်းကို ခံစားလိုက်ရ သည်။ ၎င်းမှာ အလွန်ပင် လျင်မြန်လှသဖြင့် ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ။
"တကယ့်ကို ကောင်းမွန်တဲ့ အကွက်ပဲ"
ဤတာအိုတိုက်ကွက်ကို ရင်ဆိုင်ရင်း ဟုန်ယွိက ချီးကျူးကာ သက်ပြင်းတစ်ချက် ချလိုက် သည်။ သူသည် ရှောင်တိမ်းမနေဘဲ သူ၏ မျက်ဝန်းအတွင်း၌ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်နှင့် ဗုဒ္ဓတို့၏ ပုံရိပ်များကို ဖော်ထုတ်လိုက်သည်။
"အလင်းမန္တလာ" နှင့် "အမှောင်မန္တလာ" ဟူသည့် ကြီးမြတ်သည့် နယ်မြေနှစ်ခုမှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသော်လည်း ၎င်းတို့မှာ ပေါင်းစပ်မသွားဘဲ လျှပ်စီးများကို ပိတ်လှောင်လိုက်သည်။
ဖြန်း...။
လျှပ်စီးအလင်းတန်း နှစ်ခုမှာ အလင်းနှင့်အမှောင် နယ်မြေနှစ်ခုအတွင်း၌ ချက်ချင်းပင် ချိပ်ပိတ်ခြင်း ခံလိုက်ရသည်။ နယ်မြေအတွင်း၌ ၎င်းတို့၏ ပုံသဏ္ဌာန်မှာ လူဦးခေါင်း အရွယ် အစားရှိသော စိတ်ဝိညာဉ် စွမ်းအားစုနှစ်ခုအဖြစ် ပေါ်လာပြီး၊ အလင်းများ တဖျပ်ဖျပ် လက်ကာ တုန်ခါနေကြသည်။ ၎င်းတို့မှာ အလွန်ပင် စွမ်းအားကြီးလှပေသည်။
အဆင့်ငါး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသည့် ဤစိတ်ဝိညာဉ် စွမ်းအားစုနှစ်ခုမှာ ချိပ်ပိတ်ခံလိုက်ရသဖြင့် ပြင်းထန်စွာ တုန်ခါသွားပြီး၊ နတ်ဘုရားမိုးကြိုးဂိုဏ်း၏ ရှန်ရောင် တာအိုသခင်နှစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့သည် လက်ဝှေ့ယမ်းကာ မိုးကြိုးစွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်ပြီး နယ်မြေအစီအရင်ကို ဖျက်ဆီးရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ လက်ဖဝါးအရွယ်အစားရှိသော ပုံဆောင်ခဲ ရတနာတံဆိပ်တော်နှစ်ခုမှာ အက်ကြောင်းတစ်ကြောင်းပင် မထင်ဘဲ အလွန်ပင် တည်ငြိမ် နေပေသည်။
"ငါ့ရဲ့ မဟာနယ်မြေအစီအရင်က အဆင့်ခြောက် မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတွေကို တောင် ချိပ်ပိတ်နိုင်တာ။ မင်း လွတ်ဖို့တော့ မလွယ်ဘူး။" ဟုန်ယွိက အသာအယာ ပြုံးရင်း ပြောလိုက်လေသည်။
အခန်း (၄၁၄)။
“ဒိုင်ဇင်ဘုရားကျောင်းရဲ့ ‘အလင်းစက်ဝန်း ခန္ဓာဖုံးကွယ်ခြင်း အစီအရင်’ ဆန်းကြယ် ကောင်းကင်ဘုံခန်းမရဲ့ ‘အမှောင်စက်ဝန်းခန္ဓာဖုံးကွယ်ခြင်း အစီအရင်’၊ မင်းက သူတို့ရဲ့ အမြင့်ဆုံး နတ်ဘုရားစွမ်းရည် နှစ်ခုလုံးကို တကယ်ပဲ အကုန်တတ်မြောက်ထားတာလား ဒါပေမဲ့ မင်းရဲ့တာအိုစွမ်းအားက မိုးကြိုးကပ်ဘေး အဆင့် ၄ မှာပဲ ရှိသေးတာ။ အတွေး တစ်ခုနဲ့ ကမ္ဘာတစ်ခု ဖန်ဆင်းခြင်းက အားကောင်းပေမဲ့ ငါ့ရဲ့ အတွေးစတွေကို ဘယ်လိုလုပ် ပိတ်လှောင်နိုင်မှာလဲ။”
အဝါရောင်ဝတ် လူငယ်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် လှောင်ပြုံး ပြုံးလိုက်သည်။ သူက လက်ကို မြှောက်လိုက်ရာ သူ၏ ဦးခေါင်းအထက်ရှိ “မိုးကြိုးတိမ်တိုက်” မှာ ပြင်းထန်စွာ လှုပ်ရှားလာပြီး လျှပ်စီးများဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းသည် လေထုထဲမှနေ၍ အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးများ တဖျပ်ဖျပ် လက်ပြီး တုန်ခါသွားတော့သည်။
“မိုးကြိုးနတ်ဘုရားလက်ဝါးလား။ မင်းမှာလည်း လက်ဝါးရှိသလို ငါ့မှာလည်း လက်ဝါးရှိ တာပဲ။ ငါတို့ရဲ့ တာအိုမှော်စွမ်းအား ဘယ်သူသာလဲဆိုတာ ကြည့်ကြတာပေါ့။”
ဟုန်ယွိသည် ထိုလူငယ်က အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်ကို အသုံးပြု၍ “မိုးကြိုး နတ်ဘုရားလက်ဝါး” ကို ထုတ်ဖော်လိုက်သည်ကို မြင်သောအခါ ပြုံးလိုက်မိသည်။ သူ၏ ဦးခေါင်းနောက်ကွယ်တွင် အလင်းရောင် ၉ လွှာ ချက်ချင်း ပေါ်ထွက်လာပြီး “မဟာ လေဟာနယ်လက်ဝါး” ကို ထုတ်ဖော်လိုက်သည်။
မိုးကြိုးနတ်ဘုရားလက်ဝါးသည်လည်း ဧရာမလက်ဝါးကြီးတစ်ခုပင် ဖြစ်သော်လည်း၊ မဟာ လေဟာနယ်လက်ဝါး ပေါ်လာသည်နှင့် တပြိုင်နက် ရွှေရောင်အလင်းတန်းများနှင့် သက္ကတကျမ်းစာ ရွတ်ဆိုသံများမှာ လေထုထဲတွင် ပြည့်နှက်သွားပြီး လေဟာနယ် နယ်မြေ ဖြစ်သွားကာ အသက်စွမ်းအားများ အားလုံး လွင့်စင်သွားသည်။ မိုးခြိမ်းသံများပင် တိတ်ဆိတ်သွားပြီး အချိန်ကာလကြီး ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဘုန်း…။
ဧရာမလက်ဝါးကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားကြရာ မိုးကြိုးနတ်ဘုရား လက်ဝါးမှာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး မိုးကြိုးတိမ်တိုက်အဖြစ် ပြန်လည် ပြိုကွဲသွားသည်။ တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် တရားထိုင်နေသော အဝါရောင်ဝတ် လူငယ်မှာ လည်း ရုတ်တရက် လှုပ်ရှားသွားရသည်။
“မဟာလေဟာနယ်လက်ဝါး။”
“ဟုတ်တယ်... ဒါ မဟာလေဟာနယ်လက်ဝါးပဲ။” ဟုန်ယွိက လက်နှစ်ဖက်ကို နောက်ပစ် လျက် ပြောလိုက်သည်။ “ခင်ဗျားက မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းက ဘယ်သူလဲဆိုတာ ကျုပ် မသိဘူး။ မင်းက မိုးကြိုးကပ်ဘေး အဆင့် ၅ ပညာရှင်ဖြစ်ပြီး အစွမ်းထက်တာ မှန်ပေမဲ့၊ ဒီ ‘မဟာလေဟာနယ်လက်ဝါး’ နဲ့တင် ကျုပ်က ယင်းရှာနဲ့ ထိုက်တန်တယ်ဆိုတာ လုံလောက်ပြီ မဟုတ်လား။”
လူငယ်သည် ဟုန်ယွိ၏ စကားကို ကြားသောအခါ သူ၏ အကြည့်များမှာ ပို၍ စူးရှလာသော် လည်း စကားတစ်ခွန်းမျှ ပြန်မပြောပေ။ သူသည် ဟုန်ယွိ၏ ဦးခေါင်းနောက်ကွယ်မှ အလင်းရောင် ၉ လွှာနှင့် အလင်း၏ ဗဟိုချက်ရှိ နံ့သာပေါင်းမီးခိုး သို့မဟုတ် မြူခိုးကဲ့သို့ ဝေဝေဝါးဝါး မြင်နေရသော ‘အင်မော်တယ်မူလဝိညာဉ်’ ကိုသာ စိုက်ကြည့်နေမိသည်။
မဟာလေဟာနယ်လက်ဝါးသည် ဒိုင်ဇင်ဘုရားကျောင်း၏ နံပါတ်တစ် တာအိုမှော်စွမ်းအား ဖြစ်ပြီး ဟုန်ယွိမှာ ယခုအခါ မဟာအောင်မြင်မူအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဧကရာဇ် ယန်ဖန်ကဲ့သို့ မဟာပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးသော်လည်း ၎င်း၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။
မိုးကြိုးကပ်ဘေး အဆင့် ၆ ပညာရှင်များဖြစ်သော ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးနှင့် ကျိုးထိုက်ကျူတို့၏ ရှေ့တွင်မူ မဟာလေဟာနယ်လက်ဝါးသည် ထင်သလောက် အကျိုး သက်ရောက်မှု မရှိခဲ့ပေ။ သို့သော် ယခုအခါ မိုးကြိုးကပ်ဘေး အဆင့် ၅ ပညာရှင်ကို ရင်ဆိုင်ရာတွင်မူ အစွမ်းပြနိုင်ခဲ့သည်။
ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးနှင့် ကျိုးထိုက်ကျူတို့မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သမိုင်းမှတ်တမ်းများတွင် သူတို့မှာ အတောက်ပဆုံး ဇာတ်ကောင် များ ဖြစ်ကြရာ သူတို့ရှေ့တွင် မဟာလေဟာနယ်လက်ဝါးပင်လျှင် အရှိန်အဝါ မှေးမှိန်ခဲ့ရ သည်။
နတ်ဘုရားများပင်လျှင် သူတို့၏ ပြင်းထန်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ ၎င်းမှာ တာအိုမှော် စွမ်းအားက အစွမ်းမထက်၍ မဟုတ်ဘဲ ရန်သူက အလွန်အစွမ်းထက်နေသောကြောင့် ဖြစ်သည်။
“မဟာလေဟာနယ်လက်ဝါးက အစွမ်းထက်ပေမဲ့၊ ဒါဟာ လူတစ်ယောက် ကိုယ်တိုင် ကျင့်ကြံထားတဲ့ စွမ်းအားတော့ မဟုတ်ဘူး။ စကြဝဠာကြီးရဲ့ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ‘ယန်နတ်ဘုရား’ အဆင့်ကို ရောက်ဖို့ဆိုတာ ကိုယ်ပိုင်စိတ်ဆန္ဒအပေါ်မှာပဲ မူတည်တယ်။”
အဝါရောင်ဝတ် လူငယ်သည် မြေပြင်မှ ထရပ်လိုက်သည်။ သူ၏ ဦးခေါင်းထိပ်ရှိ အာရုံခံ အပ်စိုက်မှတ်မှ အတွေးစပေါင်းများစွာ ထွက်ပေါ်လာပြီး အပေါ်ရှိ အသက်စွမ်းအင် မိုးကြိုး တိမ်တိုက်အတွင်း သို့ ပေါင်းစပ်သွားသည်။
ယခင်က ပေအနည်းငယ်သာ ကျယ်သော အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်မှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ပေ ၁၀၀ ကျော်အထိ မြင့်တက်သွားသည်။ ၎င်းသည် ဧရိယာ ဧကဝက်ခန့်အထိ ဖုံးလွှမ်းသွားသော မည်းမှောင်သည့် တိမ်တိုက်ကြီး ဖြစ်သွားပြီး အတွင်း၌ လျှပ်စီးများ တဖျပ်ဖျပ်လက်နေသည်။ ပြင်းထန်သော အသက်စွမ်းအားများ ထွက်ပေါ်လာရာ ဟုန်ယွိသည် ထိုစွမ်းအားများ သစ်ပင်များထဲသို့ စီးဝင်သွားပြီး သစ်ပင်များ မှာ ပို၍ တောက်ပလန်းဆန်းလာသည်ကို မြင်လိုက်ရသည်။ ပန်းများမှာလည်း တပြိုင်နက် တည်း အားမာန်ပါပါ ပွင့်လန်းလာကြရာ ဝင်းတစ်ခုလုံးမှာ ပန်းပင်လယ်ကြီး ဖြစ်သွားတော့ သည်။
ဟုန်ယွိသည် ထိုအပင်များနှင့် ပန်းများမှာ ဤမျှပြင်းထန်သော အသက်စွမ်းအားကို ရရှိသဖြင့် ၎င်းတို့သည် မကြာမီ ကိုယ်ပိုင်အသိဉာဏ်များပင် ရရှိလာတော့မည့်ပုံဟု ခံစားလိုက်ရသည်။
ဤအသက်စွမ်းအားမှာ အလွန်ပင် အံ့မခန်းလှသဖြင့် ဟုန်ယွိ အံ့သြသွားရသည်။
လက်သီးဆုပ်အရွယ်ရှိသော မိုးကြိုးကပ်ဘေး အဆင့် ၅ အတွေးစပေါင်း ၃ သောင်းမှ ၄ သောင်းခန့်သည် အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်ထဲသို့ စီးဝင်သွားကြသည်။ ပေါက်ကွဲသံများနှင့်အတူ လျှပ်စီးမြွေများ၊ နဂါးများမှာ အရပ်မျက်နှာအနှံ့ ပျံသန်းနေကြ သည်။
နောက်ဆုံးတွင် ထိုအသက်စွမ်းအင် မိုးကြိုးတိမ်တိုက်၏ အလယ်၌ လက်သီးဆုပ်အရွယ်ရှိ သော တောက်ပသည့် ရတနာပုလဲလုံးတစ်ခု ပေါ်ထွက်လာသည်။
ထိုရတနာပုလဲပေါ်လာသည်နှင့် ဟုန်ယွိမှာ ကြီးမားသော ဖိအားကို ချက်ချင်း ခံစားလိုက်ရ သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားပြီး အာရုံချောက်ခြားမှုများ ဖြစ်ပေါ်လာကာ လေဟာနယ် ဆွဲဖြတ်သံများ ကြားလိုက်ရသည်။
ဤသည်မှာ မိုးကြိုးကပ်ဘေးကို ကိုယ်တိုင်ခံယူနေရသကဲ့သို့ပင်။
“ကောင်းကင်တုန်ခါဓာတ်တော်ပဲ။”
ဟုန်ယွိ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ၏ နဖူးရှိ ကောင်းကင်အလင်း ဉီးချို နတ်ဘုရားချပ်ဝတ်မှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်အတွင်းရှိ ရတနာဓာတ်တော်ကို ချက်ချင်း မြင်လိုက်ရ သည်။
၎င်းမှာ မိုးကြိုးနတ်ဘုရား တာအိုဂိုဏ်း၏ အမြင့်ဆုံး တာအိုမှော်စွမ်းအားဖြစ်သော ‘ကောင်းကင်တုန်ခါဓာတ်တော်’ ဖြစ်ပြီး၊ အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်မှ တဆင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤဓာတ်တော်ကို ကျင့်ကြံပြီးပါက မိုးကြိုးကပ်ဘေးတစ်ခု ကိုပင် ဖန်တီးနိုင်သည့်အထိ အစွမ်းထက်လှသည်။
ဥပမာအားဖြင့် ဤလူငယ်သည် ၅ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသဖြင့် သူသည် ဤဓာတ်တော်ကို အသုံးပြု၍ အဆင့် ၅ မိုးကြိုးကပ်ဘေး နယ်မြေတစ်ခုကို ဖန်တီး ကာ ရန်သူကို ပိတ်လှောင်နိုင်သည်။ ၎င်းမှာ အစစ်အမှန် မဟုတ်သော်လည်း အစစ်နှင့် မခြား အစွမ်းထက်ကာ ရန်သူကို လှည့်စားနိုင်သည်။
၎င်းသည် မည်သည့် အစီအရင် သို့မဟုတ် ပုံရိပ်ယောင်ပညာရပ်များထက်မဆို ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
“မှန်တယ်... ဒါ ကောင်းကင်တုန်ခါဓာတ်တော်ပဲ။ ဒါဟာ ငါ နှစ်ပေါင်း တစ်ရာကျော်ကြာ အောင် ခက်ခက်ခဲခဲ ကျင့်ကြံခဲ့တဲ့ တာအိုမှော်စွမ်းအားပဲ။ မင်းက ယင်းရှာရဲ့ မျက်နှာသာ ပေးမှုကို ရထားတယ်ဆိုတော့ ငါ့ရဲ့ ဒီဓာတ်တော်ကို ခံနိုင်ရည်ရှိမရှိ ကြည့်ကြတာပေါ့။”
လူငယ်၏ အသံမှာ အေးစက်လှပြီး မည်သည့် ခံစားချက်မျှ မရှိဘဲ ပင်လယ်ထဲရှိ ရေခဲတောင်ကြီးတစ်ခုကဲ့သို့ ခန့်မှန်းရခက်ကာ အေးစက်နေသည်။
“ကောင်းကင်တုန်ခါဓာတ်တော်က ကျုပ်ကို အနိုင်ယူနိုင်ချင်မှ အနိုင်ယူနိုင်မှာပါ။ ခင်ဗျား က ကျုပ်ကို ယင်းရှာနဲ့ မထိုက်တန်ဘူးလို့ ခဏခဏ ပြောပြီး ကျုပ် တာအိုမှော်စွမ်းအားကို စမ်းသပ်ချင်နေတယ်၊ အခု ကောင်းကင်တုန်ခါဓာတ်တော်ကိုပါ ထုတ်သုံးလာပြီဆိုတော့ ကျုပ်လည်း လက်တွန့်နေမှာ မဟုတ်ဘူး။”
ဟုန်ယွိသည် ထိုလူငယ်၏ အေးစက်စက် အသံကို နားမခံသာ ဖြစ်လာသည်။ အထူးသဖြင့် ထိုလူငယ်နှင့် ယင်းရှာမှာ နီးကပ်သော ပတ်သက်မှု ရှိနေသည်ဟု ခံစားရခြင်းက သူ့ကို မကျေမနပ် ဖြစ်စေသည်။
သို့သော် ဟုန်ယွိသည် တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားသည်။
“စကားများမနေနဲ့၊ မင်းသာ အစွမ်းကုန် မထုတ်ရင် ဒီဓာတ်တော်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်ဘူး။” လူငယ်က အေးစက်စွာ ပြောရင်း လက်ညှိုးညွှန်လိုက်ရာ အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်မှာ ဟုန်ယွိထံသို့ လိမ့်ဆင်းလာပြီး ကောင်းကင်တုန်ခါဓာတ်တော်မှာ အတိုင်းအဆမရှိသော အလင်းတန်းများဖြင့် ဟုန်ယွိကို ဖိနှိပ်လိုက်သည်။
ဂျိန်း... ဂျိန်း...
ကောင်းကင်တုန်ခါ ဓာတ်တော်သည် အမြင့်ကောင်းကင်ယံမှ တစ်လက်မစီ နိမ့်ဆင်းလာ တိုင်း ရေပုံးအရွယ်အစားရှိသော တောက်ပထူထပ်သည့် လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ဟုန်ယွိကို ပြင်းထန်စွာ ရိုက်ခတ်သည်။
လျှပ်စီးအလင်းကျရောက်ရာ ဟုန်ယွိ၏ ဘေးပတ်ပတ်လည် ၃ ပေအတွင်းရှိ မြေပြင်မှာ ချက်ချင်း အရည်ပျော်ကာ မီးခိုးနှင့် ပြာများအဖြစ် လွင့်စင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လျှပ်စီးထဲတွင် ပြင်းထန်သော တုန်ခါမှုများ ပါဝင်နေသည်။ ထိုတုန်ခါမှုကြောင့်ပင် ဟုန်ယွိ၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ မီးခိုးများအဖြစ် ပြောင်းလဲ သွားရခြင်း ဖြစ်သည်။
သာမန် ‘ဆေးမီးလျှံ’သည် သဲနှင့် မြေကြီးကို ချော်ရည်အဖြစ်သာ အရည်ပျော်စေနိုင်သော် လည်း၊ ဤကောင်းကင်တုန်ခါဓာတ်တော်၏ လျှပ်စီးမှာမူ မြေကြီးကို မီးခိုးအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်နိုင်သည်။
ခရက်…။
အဝေးတွင် ရှိနေသော ကြိုးကြာလေး၏ ကိုယ်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်ငယ်မှာ ထိုကောင်းကင်တုန်ခါဓာတ်တော်မှ ပြင်းထန်သော အလင်းတန်းကြောင့် ချက်ချင်း အက်ကွဲသွားသည်။
ထို့နောက် ကောင်းကင်မှ ပြင်းထန်သော ဖိအားများ ကျရောက်လာသည်။
“အား။”
ကြိုးကြာလေးသည် အသံကုန် အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြားပြားဝပ် ကျသွားသည်။ သူမကို မမြင်ရသော လက်ဝါးကြီးတစ်ခုက ဖိချထားသဖြင့် မြေကြီးထဲသို့ပင် ကျွံဝင်သွား တော့မည့်ပုံပင်။ သူမ၏ တာအိုမှော်စွမ်းအားနှင့် မည်သို့မျှ မခုခံနိုင်ပေ။
“ဟန်ရှောင်ဇီ…၊” ထိုအချိန်မှာပင် ရှဲ့ဖင်းဖင်းသည် ဝင်းတံခါးဝတွင် ပေါ်လာပြီး လျှပ်စီး ကဲ့သို့ ပြေးဝင်လာသည်။ သူမက လက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြိုးကြာလေး၏ အပေါ်တွင် ဒိုင်းတစ်ခုအဖြစ် ကာကွယ်ပေးလိုက်သည်။
ဘုန်း…။
ပြင်းထန်သော ဖိအားကြောင့် အဖြူရောင်ဒိုင်းမှာ ချက်ချင်း အက်ကွဲကြောင်း ထင်သွား သည်။
သို့သော် ကြိုးကြာလေးမှာ ချက်ချင်း ထရပ်နိုင်ခဲ့ပြီး ရှဲ့ဖင်းဖင်းက သူမကို ဆွဲထုတ်သွား သည်။ သူမမှာ ရင်ဘတ်ကို ဖိကာ ထိတ်လန့်တုန်လှုပ်နေဆဲပင်။
“ကောင်းကင်တုန်ဓာတ်တော်ရဲ့ စွမ်းအားက ဒီလောက်တောင် ကြီးမားတာလား။”
“ကောင်းကင်တုန်ဓာတ်တော်ဆိုတာ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ၊ သာမန်မဟုတ်ဘူး။ ငါတောင် အနားကို မကပ်နိုင်ဘူး။ ဟုန်ယွိက တကယ်ပဲ အစွမ်းထက် တာပဲ၊ သူက ကောင်းကင်တုန်ခါဓာတ်တော်ရဲ့ တုန်ခါမှုလျှပ်စီး တိုက်ရိုက် အထိခံနေရတာ တောင် ဘာမှမဖြစ်သေးဘူးလား။ ငါ့ရဲ့ ‘ကြိုးကြာနတ်ဘုရားအလင်း’ က အခြားသော အဆင့်မြင့်လျှပ်စီးအလင်းတန်းတွေထက် မနိမ့်ပါဘူး၊ ဒါတောင် ကောင်းကင်တုန်ခါ ဓာတ်တော်ရဲ့ အနားသတ်တုန်ခါမှုနဲ့တင် ပျက်စီးသွားရတယ်။”
ရှဲ့ဖင်းဖင်းက ပြောရင်း ခြံဝင်းထဲမှ ဆုတ်ခွာသွားသည်။ ခြံဝင်းထဲမှ ထွက်လိုက်သည်နှင့် ဖိအားများမှာ အတော်လေး လျော့နည်းသွားသည်။
“ဒီလူနှစ်ယောက်ကတော့လေ... ဂိုဏ်းချုပ်က ဟန်ရှောင်ဇီ နှစ်ပေါင်း တစ်ရာလောက် ကယ်တင်ပေးထားခဲ့တာ၊ သူက အပြင်ထွက်လာရတာနဲ့ ဟုန်ယွိကို ချက်ချင်း လာရှာတော့ တာပဲ။ ဒါက ဂိုဏ်းချုပ်ရဲ့ အစီအစဉ်ကို ဖျက်ဆီးသလို ဖြစ်နေပြီ။” ကြိုးကြာလေးက သက်ပြင်းချရင်း ဆိုလိုက်သည်။
“အဆင့် ၅ မိုးကြိုးကပ်ဘေး ပညာရှင်၊ ခေတ်တစ်ခေတ်ရဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲလေ။ မုန့်ရှန်းကျီက သူ့ကို တာအိုမှော်စွမ်းအားနဲ့ ဖိနှိပ်ထားနိုင်ရင်တောင် လုံးဝ နာခံအောင် လုပ်ဖို့ကတော့ မလွယ်ဘူး။” ရှဲ့ဖင်းဖင်းက ခေါင်းခါရင်း ပြောလိုက်သည်။
ကောင်းကင်တုန်ခါဓာတ်တော်၏ လျှပ်စီးများအောက်တွင် ဟုန်ယွိမှာလည်း အလွန် နေရခက်နေသည်။ သူ၏ အရေပြား လက်မတိုင်းမှာ ပြင်းထန်စွာ တုန်ခါနေပြီး တစ်စစီ ပျက်စီးသွားတော့မည့်အတိုင်း ခံစားနေရသည်။
ကောင်းကင်တုန်ခါ ဓာတ်တော် တစ်လက်မစီ နိမ့်ဆင်းလာတိုင်း သူ့အပေါ် ကျရောက် သော ဖိအားမှာ ဆယ်ဆစီ တိုးလာနေသည်။
မြေပြင်ပေါ်ရှိ သဲများမှာ မီးခိုးအဖြစ် ပြောင်းလဲကာ လွင့်စင်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း မြေကြီးထဲသို့ တဖြည်းဖြည်း နစ်ဝင်နေသည်။
ရုတ်တရက် ဟုန်ယွိ၏ မျက်ခုံးများ လှုပ်ရှားသွားပြီး သူ၏ အဆင့် ၈ မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်က ထွက်ပေါ်လာကာ ကောင်းကင်ရှိ ကောင်းကင်တုန်ခါဓာတ်တော် ကို တိုက်ရိုက် သွားရောက် တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ အလင်းနှင့်အမှောင် မန္တလာ မဟာအစီအရင်မှာ ပေါင်းစပ် သွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံကာ ပိတ်လှောင်လိုက်တော့သည်။
ထိုအချိန်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟုန်ယွိ... မလုပ်နဲ့။”
၎င်းမှာ ချန်ယင်းရှာ၏ အသံပင် ဖြစ်သည်။