← Chapters

အခန်း (၄၁၇-၄၁၈)

Vol. 39 Ch. 417-418

အခန်း (၄၁၇-၄၁၈)

Vol. 39 Ch. 417-418

အခန်း (၄၁၇)။

ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်ထံမှ အမျိုးစုံလှသော သိုင်းပညာ သဘောတရားများနှင့် အငွေ့အသက်တို့က တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာနေလေသည်။

ဟုန်ယွိသည် သူသင်ယူထားသမျှသော သိုင်းတာအို ပညာရပ်များကို ပြန်လည်စုစည်းပြီး သန့်စင်ရန် စဉ်းစားနေခဲ့သည်မှာ ကြာမြင့်လှပြီ။ သို့သော် သူသည် တာအိုကျင့်စဉ်ဘက်၌ သာ အမြဲတမ်း အာရုံစိုက်နေခဲ့ပြီး မိုးကြိုးကပ်ဘေး အဆင့်လေးကို ကျော်ဖြတ်ကာ သူ၏ အတွေးစများအတွင်း စွမ်းအားများ စုဆောင်းနိုင်ရန်သာ အမြဲတွေးတောနေခဲ့ရာ သိုင်းတာအိုဘက်သို့ အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့ပေ။

သို့သော် ယခုအခါ ချန်ယင်းရှာ ထွက်ခွာသွားပြီးနောက် သူ၏ စိတ်အစဉ်၌ ဟာလာ ဟင်းလင်း ဖြစ်နေကာ လွမ်းမောမှုကို ခံစားနေရ၏။ ဘဝဆိုသည်မှာ ခန့်မှန်းရခက်လှပြီး တာအိုလမ်းစဉ်၌ အတူလျှောက်လှမ်းနေသော အဖော်များပင်လျှင် တစ်ချိန်ချိန်၌ လမ်းခွဲ ကြရသည်ဟု သူသည် ဆင်ခြင်မိနေတော့သည်။

ယင်းရှာသည် မုချပြန်လာမည်ကို သိနေပါသော်လည်း ဤခဏတာ ခွဲခွာရခြင်းကပင် သူ့ကို ဝမ်းနည်းစေပြန်သည်။ ဤသို့ လွမ်းမောဖွယ်ကောင်းလှသော ညချမ်းတွင် အနောက်ဘက် ဒေသ၏ ပြင်းထန်သော လေကြမ်းတို့သည် သဲပြည်နယ် ခံတပ်တံတိုင်းများကို တိုးဝှေ့တိုက်ခတ်နေပြီး သူ၏ အဝတ်အစားများကို တဖျတ်ဖျတ် လွင့်ခါစေကာ သူ၏ စိတ်အစဉ်ကို ပို၍ ဆွေးမြည့်စေလေသည်။

သူ့စိတ်အစဉ်မှ ဤအထီးကျန်မှုကိုမူ ပူပြင်းသော သွေးတို့ဖြင့် လေ့ကျင့်ရသည့် သိုင်းပညာ ဖြင့်သာ ကုစားနိုင်လိမ့်မည်။ ထို့ကြောင့်လည်း ဤညတွင် ဟုန်ယွိသည် မိမိတစ်သက်တာ သင်ယူခဲ့သမျှသော သိုင်းပညာရပ်အားလုံးကို ထုတ်ဖော်လေ့ကျင့်ရင်း ဤအထီးကျန်မှုကို အရသာခံနေခြင်း ဖြစ်ပေသည်။

အတွေးမဲ့ ငြိမ်သက်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီးနောက် ဟုန်ယွိ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သဘာဝတရားနှင့် လုံးဝတစ်သားတည်း ဖြစ်သွားပါတော့သည်။ သိုင်းပညာရပ်များကို လေ့ကျင့်နေသည့် အချိန်တစ်လျှောက်လုံးတွင် သူ၏ သိုင်းဆန္ဒများ သည် ရောယှက်နေပြီး သူ၏ အရှိန်အဝါများနှင့် အငွေ့အသက်များသည်လည်း တစ်ခုနှင့် တစ်ခု ပွတ်တိုက်နေကာ မြေပြင်ပေါ်ရှိ မာကျောလှသော ကျောက်ခဲများနှင့် သဲပြင်များပင် လျှင် သူ၏ခြေလှမ်းများအောက်တွင် အက်ကွဲကုန်ရလေသည်။

ဤသဲကန္တာရအတွင်းရှိ "ခံတပ်"ဟု ခေါ်သော အဆောက်အအုံမှာ ကျောက်ခဲသက်သက် ဖြင့် တည်ဆောက်ထားခြင်း မဟုတ်ပေ။ သဲများကို "မှော်သစ်စေး"တစ်မျိုး၊ ထုံးနှင့် အခြားအရာများဖြင့် ရောစပ်ထားခြင်း ဖြစ်ပြီး အတွင်း၌ ထူထဲသော သံမဏိဘောင်များ ခံထားသဖြင့် အလွန်အမင်း ခိုင်ခံ့တောင့်တင်းလှပေသည်။

ဤသို့သော ခံတပ်ကြီးတစ်လုံးမှာ ပေပေါင်း ရာနှင့်ချီ၍ မြင့်မားပြီး တောင်တစ်လုံးကဲ့သို့ မြင့်မားနေခြင်း ဖြစ်သည်။ ဥက္ကာခဲများ ကျလာလျှင်ပင် ဤခံတပ်ကို ဖျက်ဆီးနိုင်ရန်မှာ မလွယ်ကူလှပေ။

ရှည်လျားလှသော နယ်စပ်တစ်လျှောက်တွင် ဤသို့သော ခံတပ်ပေါင်း တစ်သောင်းထက် မနည်း ရှိနေလေသည်။ ခံတပ်တစ်ခုစီ၌ လူပေါင်း ထောင်နှင့်ချီ၍ နေထိုင်နိုင်ပြီး စားနပ် ရိက္ခာ၊ ရေချို၊ အဝတ်အထည်၊ ချပ်ဝတ်တန်ဆာနှင့် လက်နက်များကို အမြောက်အမြား သိုလှောင်ထားနိုင်သည်။

ဤသို့ ခိုင်ခံ့လှသော သဲကန္တာရပြည်နယ်၏ ခံတပ်တံတိုင်းများကို အဆက်ဆက်သော မင်းဆက်များက နှစ်ပေါင်းထောင်ချီ၍ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ အတိုင်းအတာအထိ ကြီးမားခိုင်ခံ့နေခြင်း ဖြစ်သည်။ တော်ဝင်ချန် မင်းဆက် တစ်ခုတည်း အနေဖြင့်မူ ဤမျှ ကြီးကျယ်အောင် လုပ်နိုင်မည် မဟုတ်ပေ။

နတ်ဘုရားလက်နက်နှင့် ခုတ်ပိုင်းလျှင်ပင် ဤတံတိုင်းပေါ်၌ အမှတ်အသားတစ်ခုသာ ကျန်ရစ်မှာဖြစ်ပြီး၊ တံတိုင်းများသည် ကျောက်စိုင်ကျောက်ခဲများထက်ပင် ပို၍ မာကျော ကာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားခြင်းလည်း မရှိပေ။

သို့သော် ယခုအခါ ဤသို့ မာကျောခိုင်ခံ့လှသော မြေပြင်မှာ ဟုန်ယွိ၏ ခြေလှမ်းများ အောက်တွင် ဖန်သားပြင်တစ်ခုကဲ့သို့ အက်ကွဲကြွေမွကုန်လေသည်။ အက်ကြောင်းများမှာ လိပ်ခွံပုံစံမျိုး ဖြစ်ပေါ်နေပြီး မြင်ရသူအဖို့ ကြောက်မက်ဖွယ်ကောင်းလှ၏။

တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ရုပ်ခန္ဓာကိုယ် လှုပ်ရှားမှု အရှိန်အဟုန်မှာလည်း မြင့်တက် လာလေသည်။

သူ၏ အဆုတ်နှင့် လည်ချောင်းထဲမှ ပြင်းထန်သော အသံများ ထွက်ပေါ်လာပြီး ထိုအသံများသည် နဂါး၊ ဆင်၊ ကျား၊ သစ်နှင့် ကြိုးကြာငှက်တို့၏ အသံများနှင့် ဆင်တူနေ ပေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည်လည်း အဖုအထစ်များ ပေါ်လာလိုက်၊ နိမ့်ဆင်းသွားလိုက်နှင့် အဆက်မပြတ် လှုပ်ရှားနေ၏။

လေ့ကျင့်မူ၏ အဆုံးသတ်ပိုင်းသို့ ရောက်လာသောအခါ သူ၏ လှုပ်ရှားမှုတိုင်း၊ အရှိန်အဝါ တစ်ချက် ထုတ်ဖော်လိုက်တိုင်းတွင် သိုင်းဆန္ဒများ ပါဝင်နေသည်။ သူသည် သူ၏ အငွေ့ အသက်များကို သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်သည့် အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီ ဖြစ်သည်။

ဟူး... ဟူး... ရှူး... ရှူး...

သိုင်းပညာရပ်အားလုံးကို နောက်တစ်ကြိမ် ပြန်လည်လေ့ကျင့်ပြီးနောက်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်ထဲ၌ လုံးဝချောမွေ့သွားသော ခံစားချက်မျိုး ပေါ်လာလေသည်။ အချိန်အတော် ကြာ ပိတ်ဆို့နေခဲ့သော ယန်ဇီမြစ်ကြီး ရုတ်တရက် ပွင့်ထွက်သွားသကဲ့သို့ပင်။

ဝုန်း…။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများသည် လျင်မြန်စွာ ခုန်လှုပ်လာပြီး သွေးလှိုင်းစီးသံများ သည် ခန္ဓာကိုယ်ပြင်ပအထိပင် ဟိန်းထွက်လာပါတော့သည်။ ၎င်းမှာ ခန္ဓာကိုယ်ရှိ သွေးအားလုံး နိုးကြားတက်ကြွလာသည့် ကြီးမားသည့် အဆင့်တစ်ခု ဖြစ်ပေသည်။

သူ၏ သွေးများ အထွတ်အထိပ်အထိ လှုပ်ရှားလာသောအခါ သူ၏ ဦးခေါင်းထိပ်မှ "ယန်" စွမ်းအင်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာလေသည်။ ထိုယန်စွမ်းအင်များမှာ မထင်မရှား အနီရောင်သန်းနေပြီး ကောင်းကင်ယံအထိ တိုက်ရိုက်လောင်မြိုက်မည့် မီးလျှံတစ်ခုကဲ့သို့ တိုးတက်သွားသည်။ သို့သော် ဟုန်ယွိ၏ ဦးခေါင်းထိပ်တွင် သူ၏ အတွေးစများဖြင့် ဖွဲ့စည်းထားသော ကြည်လင်သည့် တိမ်တိုက်တစ်ခုက ဖုံးအုပ်ထားလေသည်။

ဤပြင်းထန်လှသော သွေးစွမ်းအားလှိုင်းများသည် အတွေးစတိမ်တိုက်နှင့် ထိတွေ့လိုက် သည်နှင့် တစ်ပြိုင်နက် သူ၏ အတွေးစတစ်ခုချင်းစီတွင် သွားရောက် ကပ်ငြိသွားပါတော့ သည်။

ဤသို့ ပေါင်းစည်းသွားသော အခိုက်အတန့်မှာပင် ဟုန်ယွိသည် ဧကရာဇ် ယန်ဖန် "မဟာ လေဟာနယ်လက်ဝါး"ကို အသုံးပြုစဉ်က ပေါ်ထွက်လာသည့် တံဆိပ်တော် ကိုးမျိုး၏ ပုံစံများကို ရုတ်တရက် သတိရလိုက်မိသည်။

'ကုံထော်တံဆိပ်တော်' 'မဟာကရုဏာ တံဆိပ်တော်'၊ မေတ္တာတံဆိပ်တော်'၊ ‘ဆုတောင်း တံဆိပ်တော်၊ လေဟာနယ်ဖမ်းဆုပ်ခြင်းတံဆိပ်တော်’ 'အရပ်ဆယ်မျက်နှာ တံဆိပ်တော်'၊ 'ဘုံသုံးပါး တံဆိပ်တော်'၊ 'မဟာလေဟာနယ် တံဆိပ်တော်' နှင့် 'မဟာပြီးပြည့်စုံခြင်း တံဆိပ်တော်'...။

ဤတံဆိပ်တော် ကိုးမျိုး၏ ဆန်းကြယ်မှုများသည် ဟုန်ယွိ၏ အတွေးများတွင် လက်ခနဲ ပေါ်လာခဲ့ပြီး၊ ထိုမှတစ်ဆင့် သူ့သွေးစွမ်းအင်များဆီသို့ ကူးစက်သွားလေသည်။ ထိုအတွေး ကို လက်ခံရရှိသွားသည့် သွေးစွမ်းအင်များသည်လည်း အသက်ဝင်လာသကဲ့သို့ အတွေးစ များဆီမှ အတင်းရုန်းထွက်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် တိုးဝင်သွားပါတော့သည်။

"ဝရဇိန်ပညာပါရမီ..."

ဤသွေးစွမ်းအားလှိုင်းများမှာ တံဆိပ်တော် ကိုးမျိုး၏ သဘောတရားများနှင့်အတူ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် ဟုန်ယွိ၏ပါးစပ်မှ ဤစကားလုံး ဆယ်လုံးကို အလိုအလျောက် ရွတ်ဆိုလိုက်လေသည်။ ဤစကားလုံးများသည် အလွန်ပင် ရိုးရှင်းသော်လည်း အဓိပ္ပာယ်အပြည့်အစုံမှာ "ဝရဇိန်ကိုတောင် ဖြတ်တောက် ပစ်နိုင်သော ထက်မြက်လှသည့် မဟာပညာဖြင့် တစ်ဖက်ကမ်းသို့ ရောက်ရှိခြင်း" ဖြစ်ပေသည်။

ထိုအတွေးပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူသည် လှုပ်ရှားမှု တစ်ကွက်ချင်းစီကို ထုတ်ဖော်လေသည်။ သိုင်းဆန္ဒများ အားလုံးမှာ တစ်ခုနှင့်တစ်ခု အပြင်း အထန် ရိုက်ခတ်မိပြီး တဖြည်းဖြည်း ပြောင်းလဲပေါင်းစည်းသွားရာမှ မထင်မရှား စိမ်းဖန့်ဖန့် အလင်းလုံးလေးတစ်ခု ဖြစ်ပေါ်လာ၏။ ဤအလင်းလုံးမှာ မည်သည့်အရောင်မှ မရှိဘဲ သန့်စင်ပြီး အပြစ်အနာအဆာကင်းသော အရှိန်အဝါများ စီးဆင်းနေသည်။ ထိုအလင်းလုံးလေးမှာ တစ်စုံတစ်ခုအဖြစ် ပြောင်းလဲတော့မည့်အလား ရှိသော်လည်း အဆုံးတွင် မပြောင်းလဲခဲ့ပေ။

"နောက်ဆုံးတော့ ငါ့သိုင်းဆန္ဒ အားလုံးကို သန့်စင်ပြီး ပေါင်းစည်းပြီး သန့်စင်တဲ့ သိုင်းဆန္ဒ တစ်ခု ဖြစ်ပေါ်လာခဲ့ပြီ။"

ဟုန်ယွိသည် ဤအရာကို မြင်သောအခါ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏ အတွေးစများ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပြီးနောက် မျက်လုံးမှိတ်ကာ သူ့ကိုယ်ကို ပြန်လည် စစ်ဆေးကြည့်သောအခါ သူ၏သွေးများသည် ကြည်လင်ပြီး ဖန်သားအရောင်မျိုး ရှိနေသည်ဟု ခံစားရလေသည်။ အရင်က ရောထွေးနေသော သိုင်းဆန္ဒများနှင့် လုံးဝကို ကွာခြားသွားပါပြီ။

သူသည် သူ့သိုင်းဆန္ဒ အားလုံးကို ပေါင်းစည်း သန့်စင်လိုက်ပြီး၊ ယခုအခါ သူ့ ကိုယ်ပိုင် သိုင်းဆန္ဒ အစစ်အမှန် ဖြစ်သွားပြီဖြစ်ကြောင်း သိလိုက်လေသည်။

ယခင်က သူသင်ယူခဲ့သော သိုင်းပညာများသည် အလွန်ရှုပ်ထွေးလွန်းလှ၏။ သိုင်းပညာကို အသုံးပြုသည့်အခါ သိုင်းဆန္ဒ အမျိုးမျိုးမှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတတ် သည်။ ယခုမူ အားလုံးကို သန့်စင်ပြီး သန့်ရှင်းသည့် အရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ သူ၏ အစစ်အမှန် သိုင်းလမ်းစဉ်ကို နားလည်သွားသည်နှင့် တစ်ပြိုင်နက် အထွက်အထိပ် သိုင်းသူတော်စင်အဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်မည် ဖြစ်သည်။

၎င်းမှာ စာများအပြည့် ရေးထားသော စာရွက်တစ်ရွက်နှင့် တူပေသည်။ ထိုစာရွက်ပေါ်တွင် စာလုံးများစွာ ရှိနေပြီး လှပနေသော်လည်း ၎င်းတို့မှာ သူ၏စာများ မဟုတ်ပေ။ သူကိုယ်တိုင် စာရေးလိုလျှင်ပင် နေရာလွတ် မရှိတော့ပေ။ ယခုမူ ဟုန်ယွိသည် ဤစာရွက် ကို သစ်ဖတ်များအဖြစ် တိုက်ရိုက်ပြောင်းလဲကာ ပြန်လည်သန့်စင်၍ အဖြူထည် စာရွက် အသစ်တစ်ရွက်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ထိုမှသာ သူ၏ အလှပဆုံးနှင့် အသစ်လွင်ဆုံး ပုံရိပ်များကို ရေးဆွဲနိုင်ပေမည်။

ဤသည်မှာ သိုင်းသူတော်စင်နှင့် အထွက်အထိပ် သိုင်းသူတော်စင်ကြားရှိ သိုင်းဆန္ဒကို သန့်စင်ခြင်း ကျင့်စဉ်တစ်မျိုးပင် ဖြစ်၏။

ပြောရလျှင် ယခု ဟုန်ယွိ၏ သိုင်းပညာမှာ ကနဦး သိုင်းသူတော်စင် အဆင့်တွင် မဟုတ်တော့ဘဲ အလယ်အလတ် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ ကမ္ဘာကြီးကို တုန်လှုပ်စေမည့် သိုင်းပညာရပ်တစ်ခုကို သူ နားလည်သွားပြီး ၎င်းကို ရေးထိုးနိုင်လျှင် သူသည် အထွက်အထိပ် သိုင်းသူတော်စင်တစ်ဦး ဖြစ်လာမည်ဖြစ်သလို၊ ခန္ဓာကိုယ်၏ အရေးကြီးသော အပ်စိုက်မှတ်များကိုပါ စုစည်းနိုင်ပါက လူသားအင်မော်တယ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဟုန်ယွိတွင် လူသားအင်မော်တယ် ကိုယ်ပွားနှင့် ပြိုင်ဘက်ကင်း နတ်ဘုရားသန္ဓေသား ရှိနေသော်လည်း ခန္ဓာကိုယ်ဟူသည် ခန္ဓာကိုယ်သာ ဖြစ်ပေသည်။ အရေးကြီးဆုံးမှာ သိုင်းပညာရပ်ဆိုင်ရာ အတွေ့အကြုံများ ဖြစ်၏။ ပင်ပင်ပန်းပန်း ကြိုးစားမှုမှတစ်ဆင့် လူသားအင်မော်တယ် ဖြစ်လာသည့် အတွေ့အကြုံ မရှိဘဲနှင့်မူ ၎င်းမှာ အခြေခိုင်မာမှု မရှိသည့် လေထဲက တိုက်အိမ်တစ်ခုကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး မှန်ကန်သော လမ်းစဉ် မဟုတ်ပေ။

ဟုန်ယွိသည် လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းကြည့်လိုက်ရာ သူသင်ယူထားသော သိုင်းပညာ အားလုံးမှာ ယခုအခါ ချောမွေ့သဘာဝကျသွားသည်ကို ခံစားလိုက်ရသည်။ သူ စဉ်းစားနေ စရာပင် မလိုတော့ဘဲ သူ့လက်ဖျားတွင် အဆင်သင့် ဖြစ်နေတော့သည်။ ဤသည်မှာ သူ၏ သိုင်းတာအိုသည် အမှန်တကယ် တိုးတက်သွားခြင်းကို ပြသနေခြင်းပင်။

ရှူး….။

လှံကို ပြန်လည်ရုပ်သိမ်းကာ ဟုန်ယွိသည် ထိုနေရာတွင် ရပ်နေလေသည်။ ဤသို့ လေ့ကျင့်ပြီးနောက် သူ၏ လွမ်းမောမှုများမှာ အတော်အတန် လျော့ပါးသွားသလို သူ၏ ဘဝအတွေ့အကြုံလည်း ပိုမိုကြွယ်ဝလာခဲ့သည်။

"မူလကတော့ ငါ့ရဲ့ သိုင်းအနှစ်သာရကို 'ပါရမီ' အဖြစ် ပြောင်းလဲချင်ခဲ့တာ။ ဒါပေမဲ့ 'ပါရမီ' ဆိုတာက တကယ် ဘာလဲ။ ဘယ်သူ သိမှာလဲ။ အကယ်၍ ငါသာ 'ပါရမီ' အကြောင်းကို တကယ် နားလည်ပြီး သိုင်းဆန္ဒအဖြစ် ပြောင်းလဲနိုင်ခဲ့ရင် ငါဟာ လူသားအင်မော်တယ် အဆင့်ကို တိုက်ရိုက် ရောက်သွားမလား။ လေဟာနယ်ကိုတောင် ဖျက်ဆီးနိုင်မလား မသိဘူး။"

ယခုလေးတင် ဟုန်ယွိသည် ပေါင်းစည်းပြီးနောက် သန့်စင်သွားသော သိုင်းဆန္ဒများကို 'ပါရမီ' အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့ပါသေးသည်။ သို့သော် 'ပါရမီ' ဆိုသည်မှာ အဘယ် နည်း။ ယန်စိတ်ဝိညာဉ်အဆင့်ရှိ ပညာရှင်ကြီးများပင် မသိကြရာ ဟုန်ယွိ သိရန်မှာ မဖြစ်နိုင်သေးပေ။ ၎င်းမှာ လက်တွေ့မကျကြောင်းကိုလည်း သူ သိရှိပါသည်။ အကယ်၍ သူသာ တကယ် သိသွားခဲ့လျှင် လေဟာနယ်ကို ဖျက်ဆီးရန်မှာ လွယ်ကူသွားပါလိမ့်မည်။

"ယင်းရှာတစ်ယောက် ဟန်ရှောက်ဇီကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ဖယ်ရှားနိုင်ပါ့မလား မသိဘူး။ ငါ စိတ်မချသေးဘူး။"

ဟုန်ယွိသည် ထိုသို့ပြောဆိုပြီးနောက် သူ၏ အတွေးစတစ်စိတ်တစ်ပိုင်းကို ရောင်စုံ အလင်းတန်းများနှင့်အတူ လေထဲသို့ တိတ်တဆိတ် လွှတ်တင်လိုက်တော့သည်။

ကောင်းကင်ယံတွင် နေမင်းကြီးက တောက်ပစွာ ထွန်းလင်းနေလေသည်။

ယခုအခါ မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပူပြင်းသော နေရောင်ခြည်က အောက်သို့ ဖြာကျနေ၏။ ကောင်းကင်ယံမှ မြေပြင်သို့ ငုံ့ကြည့်လျှင် မိုင်ပေါင်း ထောင်ချီ၍ ရှည်လျား သော အဆုံးမရှိသည့် တောအုပ်ကြီးကို မြင်တွေ့ရမည် ဖြစ်သည်။ တောင်တန်းများမှာ တစ်ခုပြီးတစ်ခု မြင့်မားစွာ တည်ရှိနေပြီး မြစ်ချောင်းပေါင်းများစွာကလည်း ဖြတ်သန်း စီးဆင်းနေ၏။ ကောင်းကင်ယံတွင် ငှက်ပေါင်းစုံ ပျံသန်းနေကြပြီး ကျား၊ သစ်နှင့် ဝက်ဝံကြီးများကိုပင် ဆွဲဆုတ်နိုင်သော ရှားပါးလှသည့် ရွှေရောင်အတောင်ပံ ဂဠုန်ငှက်ကြီး များကိုပင် မြင်တွေ့နိုင်သည်။

ဤသည်မှာ အဆုံးမရှိသော တောတောင်များဖြစ်ပြီး လူသူမရှိသော နေရာဖြစ်၏။ ၎င်းမှာ သဲကန္တာရ မဟုတ်တော့ပေ။

ဤသည်မှာ တောရိုင်းဒေသပင် ဖြစ်ပေသည်။

ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် တစ်ခါတုန်းက ဤတောရိုင်းဒေသ၏ အစွန်းပိုင်းဖြစ်သော ထျန်းကျွဲတောင်သို့ လာရောက်၍ ကောင်းကင်စုန်းမြို့တော်ထံမှ "စကြာဝဠာအိတ်"ကို လုယူခဲ့ဖူးသည်။

သို့သော် ကောင်းကင်စုန်းမြို့တော်မှာ တောရိုင်းဒေသ၏ အစွန်းပိုင်း၌သာ ရှိခြင်းဖြစ်ပြီး အစစ်အမှန် တောရိုင်းဒေသအတွင်း၌ မဟုတ်ပေ။ အစစ်အမှန် တောရိုင်းဒေသမှာမူ ပိုမိုနက်ရှိုင်းသော နေရာ၌ ရှိ၏။ ၎င်းမှာ မည်မျှကျယ်ပြန့်သည်ကို မည်သူမျှ မသိရှိကြသလို ကျင့်ကြံသူများပင်လျှင် ထိုအတွင်းသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရဲကြပေ။

ပထမဆုံး အချက်မှာ တောရိုင်းဒေသ၏ အနက်ရှိုင်းဆုံး နေရာများသည် အပူပိုင်း တောအုပ် များ ဖြစ်သဖြင့် မကြာခဏ မိုးသက်မုန်တိုင်းများ ကျရောက်တတ်ခြင်းကြောင့် ဖြစ်၏။ ဒုတိယ အချက်မှာ ထိုအနက်ရှိုင်းဆုံး နေရာများတွင် အလွန်အစွမ်းထက်သော နတ်ဆိုးများ ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုနတ်ဆိုးများ၌ တာအိုပညာရပ်များ မရှိသော်လည်း သူတို့၏ သဘာဝအတိုင်း ရရှိထားသော ခွန်အားနှင့် ပျံသန်းနိုင်စွမ်းတို့ကြောင့် တစ္ဆေအင်မော်တယ် များပင်လျှင် အသက်မရှင်နိုင်ကြပေ။ တောရိုင်းဒေသခံ တိုင်းရင်းသားများပင် ပင်လယ်နှင့် နီးသောနေရာ၌သာ နေထိုင်ကြပြီး အထဲသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရဲကြပေ။

ပင်လယ်ပြင်မှ မိုင်ပေါင်း သောင်းနှင့်ချီ၍ ဝေးကွာသော တောရိုင်းဒေသ၏ အနက်ရှိုင်းဆုံး၌ မည်သည့် လျှို့ဝှက်ချက်များ ရှိနေမည်ကို မည်သူမျှ မသိရှိကြပေ။

ချန်ယင်းရှာ၏ ခန္ဓာကိုယ်မှာ ကိုးရောင်ခြည် ရောင်စဉ်တန်းများဖြင့် ရစ်ပတ်ထားလေသည်။ သူမသည် လေထဲသို့ အရှိန်အဟုန်ဖြင့် ခွင်း၍ တောရိုင်းဒေသ၏ အနက်ရှိုင်းဆုံးဆီသို့ ပျံသန်းနေ၏။ သူမ၏ အရှိန်မှာ မယုံနိုင်လောက်အောင်ပင် မြန်ဆန်လှသည်။

သူမ၏ "မဟာလေဟာနယ် လက်ဝါးရိုက်" မှာလည်း ပြည့်စုံသွားပြီဖြစ်သဖြင့် အိမ်ရှေ့စံ မင်းသား ယန်ယွန်ထက်ပင် ပို၍ အစွမ်းထက်နေလေသည်။ သူမ ပျံသန်းသွားသည့်အခါ လေထဲ၌ လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့ပြီး မည်သည့် ပျံသန်းနိုင်သော ပညာရှင်မျှ သူမကို လိုက်မမီနိုင်ပေ။

အကယ်၍, သူမသည် "အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်"ကိုပါ မဟာလေဟာနယ် လက်ဝါးနှင့် တွဲဖက်၍ အသုံးပြုမည်ဆိုလျှင် သူမသည် ပို၍ပင် မြန်မြန် ပျံသန်းနိုင်မည် ဖြစ်သည်။

၎င်းပြင် သူမထံရှိ အဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစများကလည်း သူမ၏ ရုပ်ပိုင်း ဆိုင်ရာ ခန္ဓာကိုယ်နှင့် ပျံသန်းနိုင်ရန် လုံလောက်လှပေသည်။ သို့သော် သူမက ၎င်းတို့ကို မသုံးပေ။ သူမနှင့် ဟုန်ယွိတို့ အတူတူ သင်ယူခဲ့သော မဟာလေဟာနယ် လက်ဝါးကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။

သူမသည် ဟန်ရှောက်ဇီ ချန်ထားခဲ့သော တာအိုပညာရပ်များနှင့် ရတနာများကိုလည်း သန့်စင်ခြင်း မပြုသေးပေ။ ယင်းအစား သူမက စွန့်လွှတ်ရန် ဆုံးဖြတ်ထားသည်။

"ငါက လူသားအဖြစ် ကျင့်ကြံခဲ့တဲ့ နတ်ဆိုးတစ်ကောင်ပဲ။ ငါ့ရဲ့ နတ်ဆိုးအသိစိတ်ထဲမှာ တိုက်ခိုက်သတ်ဖြတ်တာတွေပဲ ရှိပြီး ပိုပြီး အစွမ်းထက်လေ ပိုကောင်းလေပဲ။ ကျိုးကြောင်း ဆင်ခြင်ကြည့်ရင် ဆရာက ငါ့ကို ဒီလောက် အစွမ်းထက်တဲ့ ပညာရပ်တွေ ပေးထားတာပဲ၊ ငါ သုံးသင့်တာပေါ့။ ဒါပေမဲ့ ငါ ဘာလို့ အဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစတွေကို ငါ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ မပေါင်းစပ်ချင်ရတာလဲ။" ချန်ယင်းရှာက ပျံသန်းရင်း တွေးနေမိပါသည်။

...

"ဆရာ့ရဲ့ တစ်ခုတည်းသော ဆန္ဒက 'နတ်ဘုရားမိုးကြိုးတာအိုဂိုဏ်း' ကို ပြန်လည် ထွန်းကားစေဖို့ပဲ။ အခု ငါ့ကို သူ့ရဲ့ အသိစိတ်တွေနဲ့ ထိန်းချုပ်ပြီး သူဖြစ်ချင်တာတွေကို ငါ့ဆီ လွှဲပြောင်းပေးသွားခဲ့ပြီ။ သူက ငါ့ကို နတ်ဘုရားမိုးကြိုးတာအိုဂိုဏ်းကို ပြန်ပြီး တည်ထောင်စေချင်သလို၊ နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ငါ့ကို သူ့ကို ဘယ်တော့မှ မမေ့စေချင်တာပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက ငါ့စိတ်ထဲမှာ ဟုန်ယွိက နေရာယူထား ပြီးပြီ၊ တခြားဘယ်သူ့ကိုမှ လက်ခံလို့ မရတော့ဘူး။ ဒါကြောင့်ပဲ ငါ့စွမ်းအားတွေ တိုးတက် လာမှာ ဖြစ်ပေမဲ့လည်း ငါ့စိတ်ထဲမှာ ဒီအဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစတွေကို မပေါင်းစပ်နိုင်တာပဲ။ ဒီလို ဆွဲဆောင်မှုမျိုးက အရမ်းကြီးမားလွန်းတယ်ဆိုရင်တောင်ပေါ့။" ချန်ယင်းရှာတစ်ယောက် တွေးနေပါမိသည်။

တကယ်တော့ အဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစများကို ပေါင်းစပ်လိုက်ပြီး "အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်"နှင့် "ကောင်းကင်တုန်ခါဓာတ်တော်"တို့ကိုပါ အသုံးပြုမည်ဆိုလျှင် သူမသည် ကျိုးထိုက်ကျူကဲ့သို့ လောကကြီးကို စိုးမိုးနိုင်သည့် အစွမ်းထက် နတ်ဆိုးတစ်ဦး ဖြစ်လာပါလိမ့်မည်။

သို့သော် သူမ သိနေသည်မှာ ထိုအတွေးစများကို ပေါင်းစပ်လိုက်သည်နှင့် သူမ၏ တစ်သက်တာလုံးတွင် သူမ၏ဆရာ ဟန်ရှောက်ဇီကို ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ဘူးဆိုတာပင်။

တစ်ရက်နှင့် တစ်ညတိုင်တိုင် ပျံသန်းပြီးနောက်တွင် ချန်ယင်းရှာသည် နောက်ဆုံး၌ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပါတော့သည်။ သူမသည် ဤအဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစများ၊ မိုးကြိုးတိမ်တိုက်နှင့် ကောင်းကင်တုန်ခါဓာတ်တော်များကို ဘယ်တော့မှ အသုံးမပြုပါဘူး။ နောင်တစ်ချိန်တွင် 'နတ်ဘုရားမိုးကြိုးတာအိုဂိုဏ်း' ၏ အမွေကို ဆက်ခံမည့်သူ တစ်ယောက်ကို သူမ ရှာဖွေပေးအပ်လိုက်မှာဖြစ်ပြီး ထို့နောက်တွင် သူမသည် ဘာကိုမှ ဂရုစိုက်တော့မည် မဟုတ်ပေ။

ဤသို့ ဆုံးဖြတ်ချက် ချလိုက်သည့် အခိုက်အတန့်မှာပင် ချန်ယင်းရှာသည် သူမ၏ စိတ်စွမ်းအားများ ဝင်းလက်တောက်ပလာသည်ကို ခံစားလိုက်ရသည်။

ရုတ်တရက်ဆိုသလို သူမသည် "စိတ်စွမ်းအင်မွေးဖွားခြင်း"အဆင့်ကို နားလည်သွား၏။ သူမသည် ယခုချက်ချင်းသာ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်မည်ဆိုလျှင် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် မိုးကြိုးကပ်ဘေးကိုပင် အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မည် ဟု ခံစားနေရသည်။

အဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစများ၊ အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်နှင့် ကောင်းကင်တုန်ခါဓာတ်တော်... ဒါတွေက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။ သူမသည် တစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံသို့ ရောက်သွားနိုင်ပါသည်။ သို့သော် ဆုံးဖြတ်ချက်ချပြီး ၎င်းတို့ကို ငြင်းပယ်လိုက်သောအခါ ချန်ယင်းရှာ၏ စိတ်အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွား၏။ သူမ၏ စိတ်စွမ်းအားများ ထက်မြက်လာသည်နှင့်အမျှ သူမ၏ ခွန်အားများသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပါတော့သည်။

"ငါ အရင်ဆုံး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ နေရာတစ်ခု ရှာရမယ်။ ဒီတောရိုင်း ဒေသ ဟာ လူသူမရှိတဲ့ အပူပိုင်းဒေသဖြစ်ပြီး မိုးသက်မုန်တိုင်းတွေ အမြဲရှိနေတတ်တယ်။ မုန့်ရှန်ကျိတောင်မှ သူ့ရဲ့ အဆင့်ရှစ်မိုးကြိုးကပ်ဘေးကို ဒီတောရိုင်းထဲမှာပဲ ဖြတ်ကျော်ခဲ့ တာ။ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးရင်တော့ ဟုန်ယွိဆီ ငါ ပြန်သွားမယ်။ ငါ့ရဲ့ ကျင့်ကြံမှုက မကြာသေးခင်ကမှ တိုးတက်လာခဲ့တာပဲ၊ ဆရာ့ရဲ့ အဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစတွေကိုတောင် ငါ ငြင်းပယ်နိုင်ခဲ့ပြီ။" သူမက ရေရွတ်လိုက်သည်။

ချန်ယင်းရှာသည် ဖန်သားပြင်လို ကြည်လင်နေသော "ရှန်ရောင်တာအိုသခင်"ကို ထုတ်ကြည့်ပြီး ခေါင်းခါလိုက်သည်။

"လောကကြီးမှာ ဒါကို ငြင်းပယ်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိပါ့မလဲ။" သူမ တွေးနေရင်း ချန်ယင်းရှာ၏ ခန္ဓာကိုယ်မှ စိုးမိုးလိုသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာလေ သည်။

"ဟင်… ရှေ့မှာ ကီလိုမီတာ ထောင်ချီ ကျယ်ပြန့်တဲ့ မည်းမှောင်နေတဲ့ တိမ်တိုက်ကြီး ရှိနေ တာပဲ။ မိုးရွာပြီး မိုးကြိုးတွေ ပစ်နေပုံရတယ်။"

ချန်ယင်းရှာသည် ပျံသန်းရင်း တောရိုင်း၏ အနက်ရှိုင်းဆုံးဆီသို့ တဖြည်းဖြည်း ချဉ်းကပ် လာသည်။ ရုတ်တရက်ဆိုသလို အဝေးက ကောင်းကင်ယံမှာ မည်းမှောင်နေသော တိမ်တိုက်ကြီးများမှာ အဆုံးမရှိ ဟိန်းဟောက်နေသည်ကို မြင်လိုက်ရ၏။ ထိုမည်းမှောင် နေသော တိမ်တိုက်ကြီးများသည် မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာအထိ လိမ့်တက် နေကြလေသည်။

...

"ဟွန့်… ဟုန်ယွိ... ဟုန်ယွိ... ငါ ဒီမြေရိုင်းထဲကို ရောက်ပြီးတဲ့နောက် မိုးကြိုးကပ်ဘေး နှစ်ကြိမ်တိုင်တိုင်ကို ဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့ပြီ။ ငါ့ရဲ့ ခွန်အားတွေ အများကြီး တိုးတက်လာခဲ့ပြီ။ နောက်တစ်ခါ ငါတို့တွေ့တဲ့အခါ မင်းကို ငါ အံ့သြသွားစေရမယ်။ ဒါပေမဲ့ ငါ မင်းကို လျှော့မတွက်ပါဘူး။ ဒါကြောင့်လည်း ငါ ဒီတောရိုင်းထဲကို လာပြီး 'ချီလင်' ဆိုတဲ့ သူတော်စင်သားရဲကို ရှာနေတာပေါ့။ ချီလင်တွေဟာ သဘာဝအတိုင်း အစွမ်းထက်ကြပြီး ကမ္ဘာငယ်လေးတစ်ခုကိုတောင် ဖွင့်နိုင်တဲ့ စွမ်းအား ရှိကြတယ်။ အရင်တုန်းကဆို သူတို့ ဟာ သူတော်စင်ကြီးတွေရဲ့ စီးတော်ယာဉ် ဖြစ်ခဲ့တာမို့ သူ့တို့ရဲ့ခွန်အားက အကန့်အသတ် မရှိဘူး။ သူ့တို့ရဲ့ဟိန်းဟောက်သံ တစ်ချက်ကတင် အထွက်အထိပ် လူသားအင်မော်တယ် တစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ သူတို့ရဲ့ သက်တမ်းကလည်း ပိုပြီး ရှည်လျားတယ်။ အရင်တုန်းက သူတော်စင် ဧကရာဇ် တစ်ပါးက ချီလင်ကို အနိုင်ယူပြီး စီးတော်ယာဉ်အဖြစ် သုံးခဲ့တာ။ 'အနန္တနဂါးလက်စွပ်' ကို အမှတ်အသားအနေနဲ့ သုံးပြီး ငါ ဒီစီးတော်ယာဉ်ကို မုချ ရှာတွေ့ရမယ်၊ ပြီးတော့ ငါ့ရဲ့လက်အောက်ခံ ဖြစ်စေရမယ်။ အဲဒီအခါကျရင် ငါ့ရဲ့ ခွန်အား တွေ အဆမတန် တိုးတက်လာလိမ့်မယ်။ ချီလင်ဆိုတာ ရှေးခေတ် သူတော်စင် ဧကရာဇ် တွေပဲ ပိုင်ဆိုင်နိုင်တဲ့ စီးတော်ယာဉ်မျိုးပဲ။" သူက ဆိုသည်။

တစ်ချိန်တည်းမှာပင် တောရိုင်းထဲရှိ ကလေးငယ် တစ်ယောက်သည် ကောင်းကင်တွင် ဟိန်းဟောက်နေသော မည်းမှောင်နေသည့် တိမ်တိုက်များကို ကြည့်ပြီး လှောင်ပြုံးပြုံး လိုက်လေသည်။

ဤကလေးမှာ 'အနန္တနဂါးလက်စွပ်' ကို ပိုင်ဆိုင်ထားသော ပါရမီရှင် တစ္ဆေအင်မော်တယ် ကလေးငယ် ဖန်းယွမ်ပင် ဖြစ်ပါတော့သည်။

အခန်း (၄၁၈)။

"ကိုးရွက်ပါ လင်ဇီးမြက်၊ ရွှေရောင်အနားသတ် မှိုနက်၊ ရွှမ်းရှန်းမြစ်၊ မြရောင်သစ်ခွဝတ်ဆံ၊ မိုက်ကာပန်း၊ သွေးမြွေဥ၊ ခုနစ်ပွင့်ကြယ်ပန်း၊ လူပုံစံပေါရိယဆေးမြစ်၊ ဝိညာဉ်သီးဝါ၊ ဘုံသုံးပါး ကင်းမြီးကောက်အခွံ၊ တောင်ပံခြောက်ဖက် ရွှေပိုးကောင်၊ မီးကြာစေ့... ဟင်း၊ ဒီတောရိုင်းဒေသမှာတော့ မှန်းဆလို့မရနိုင်တဲ့ သဘာဝရတနာတွေ အများကြီးရှိတာပဲ။ ဆေးဘက်ဝင် အပင်တွေ၊ သတ္တုရိုင်းတွေတင်မကဘူး၊ ဝိညာဉ်ပစ္စည်းတွေပါ စုံနေတာပဲ။ ကိုယ့်မှာသာ ဒါတွေကို ယူနိုင်တဲ့ အရည်အချင်းရှိရင် အားလုံးက ကိုယ့်အတွက်ပဲပေါ့။"

ဖန်းယွမ်က ခေါင်းငုံ့ပြီး တစ်ကိုယ်တည်း ရေရွတ်နေ၏။ သူ့ရှေ့ မလှမ်းမကမ်းတွင် အနက်ရောင် အဆိပ်ငွေ့များ ထွက်ပေါ်နေပြီး မိုင်ပေါင်းများစွာ ကျယ်ပြန့်သည့် ရွှံ့နွံအိုင် ကြီး တစ်ခု ရှိနေသည်။ ကောင်းကင်၌ မည်းမှောင်နေသော တိမ်တိုက်များက တလိမ့်လိမ့် တက်နေပြီး မိုးကြိုးများ တဂျိန်းဂျိန်း ပစ်နေချိန်တွင် ရွှံ့နွံအိုင်အလယ်၌ လက်သီးဆုပ်ခန့်ရှိ ရွှံ့ပူဖောင်းများမှာ တစ်ဗြိဗြိနှင့် ထွက်လာနေ၏။ တစ်ခုခုက အောက်မှ တက်လာတော့မည့် အလားပင်။

ဖန်းယွမ်ကမူ မလှုပ်မယှက် စိုက်ကြည့်နေဆဲ ဖြစ်သည်။

ရုတ်တရက် ရွှံ့ပူဖောင်းကြီးတစ်ခုမှာ ဝုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွား၏။ ပူပြင်း လှသော အနက်ရောင် ရွှံ့ရည်များသည် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များပေါ်သို့ လွင့်စင်သွားသည်။ အဆိုပါ သစ်ပင်များသည် ပြင်းအားကောင်းလှသော အက်ဆစ်နှင့် အပက်ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် စိမ်းဖန့်ဖန့် မီးခိုးများ ထွက်လာပြီး နံစော်သော အနံ့အသက်များနှင့်အတူ အရည်ပျော်ကျကုန်လေသည်။ ဤရွှံ့နွံအိုင်အတွင်းရှိ ရွှံ့ရည်များ သည် အလွန်အမင်း အဆိပ်ပြင်းသော အက်ဆစ်များ ဖြစ်နေသည်မှာ အထင်အရှားပင်။

"မိုးကြိုးနွံကြာပန်းဆိုတာက ပိုးကောင်နဲ့ အပင်ကြားမှာ ရှိနေတဲ့ ဆန်းကြယ်တဲ့ သက်ရှိ တစ်မျိုးပဲ။ ကောင်းကင်က မိုးကြိုးပစ်ပြီဆိုတာနဲ့ သူက အပြင်ထွက်လာပြီး မိုးကြိုးရဲ့ အငွေ့အသက်တွေကို စုပ်ယူပြီး သူ့စွမ်းအားကို မြှင့်တင်တတ်တယ်။ တကယ်လို့, ကျင့်ကြံသူတစ်ယောက်က ဒါကို ရခဲ့ရင်တော့ ဆေးပေါင်းဖိုထဲမှာ အဆိပ်တွေ ဖယ်ထုတ်ပြီး ဆေးလုံးအဖြစ် ဖော်စပ်လို့ရတယ်။ အဲဒီကရတဲ့ ဆေးအဆီအနှစ်က ကျင့်ကြံသူရဲ့ အတွေးစ တွေကို မိုးကြိုးရဲ့ အနှစ်သာရကို နားလည်စေပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရတာ ပိုလွယ်သွားစေလိမ့်မယ်။ ဒါတွေကို ‘အဆုံးမဲ့ဆေးကျမ်း' ထဲမှာ မှတ်တမ်းတင်ထား တာပဲ။ ငါ့ရဲ့ 'အနန္တနဂါးလက်စွပ်' ထဲမှာသာ ဒီဆေးကျမ်း မပါခဲ့ရင် ငါ ဒီလောက်များတဲ့ ရတနာတွေကို ဘယ်ရှာတွေ့နိုင်ပါ့မလဲ..."

ရွှံ့နွံအိုင်အလယ်ရှိ ရွှံ့ပူဖောင်းကြီးထဲမှ တောက်ပသော နီလာရောင် ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဖန်းယွမ်သည် အလွန်ပင် ဝမ်းသာသွားလေ သည်။ သူ ရွတ်ဆိုနေသည်မှာ ရှေးဟောင်းဆေးကျမ်းတစ်စောင်ဖြစ်သည့် "အဆုံးမဲ့ဆေး ကျမ်း’ ပင် ဖြစ်သည်။ အဆိုပါ ကျမ်းအတွင်း ကမ္ဘာပေါ်ရှိ ဆေးဝါးများ၊ သတ္တုရိုင်းများနှင့် အပင်၊ သတ္တဝါ အမျိုးစုံတို့၏ ဂုဏ်သတ္တိများကို မှတ်တမ်းတင်ထား၏။ ထို့အပြင် ၎င်းတို့ ပေါင်းစပ်လိုက်လျှင် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများနှင့် ဆေးလုံးဖော်စပ်နည်း များကိုပါ ဖော်ပြထားရာ "အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း" နှင့် ယှဉ်နိုင်သော အဖိုးတန် ကျမ်းစာ တစ်စောင် ဖြစ်ပေသည်။

မိုးကြိုးကြာပန်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖန်းယွမ်က တုံ့ဆိုင်းမနေဘဲ လက်ညှိုးဖြင့် ညွှန်ကာ အမိန့်ပေးလိုက်၏။ "ကမ္ဘာလောကရဲ့ မူလစွမ်းအားတွေ... ငါ့အမိန့်ကို နာခံစမ်း။ အကုန်ပြန်လာခဲ့။"

လေထဲတွင် မမြင်ရသော လှိုင်းတစ်ခု ပေါ်လာပြီး အဆိပ်ငွေ့များနှင့် အက်ဆစ်ရွှံ့များကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် ကြည်လင်တောက်ပသော အလင်းလုံး တစ်ခု ဖြစ်ပေါ်လာပြီး မိုးကြိုးကြာပန်းကို လွှမ်းခြုံလိုက်ပါတော့သည်။ အဆိုပါ ကြာပန်း သည်လည်း အသိစိတ်ရှိသည့်နှယ် လူစားပင်ကြီးတစ်ပင်ကဲ့သို့ ပြင်းထန်သော ဟိန်းဟောက်သံကြီးကို ထုတ်လိုက်၏။ ဟိန်းဟောက်သံ တစ်ချက်တိုင်းတွင် ပြင်းထန် သော ပေါက်ကွဲမှုများ ပါဝင်နေပြီး ဖန်းယွမ်၏ အလင်းလုံးကို တုန်ခါသွားစေသည်။ သို့သော်လည်း အချည်းနှီးသာ။ နောက်ဆုံးတွင်မူ ၎င်းကြာပန်းမှာ ဖန်းယွမ်၏ "အနန္တနဂါး လက်စွပ်" အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။

ဟူး... ကြာပန်းကို သိမ်းဆည်းပြီးနောက် ဖန်းယွမ်က သက်ပြင်းအရှည်ကြီးတစ်ချက် ချ လိုက်သည်။

"လက်စွပ်ထဲမှာ ငါစုဆောင်းထားတဲ့ အဖိုးတန် ဆေးပင်ပေါင်း တစ်ထောင် ခုနစ်ရာ ရှစ်ဆယ့်သုံးမျိုးတောင် ရှိသွားပြီ။ လက်စွပ်ထဲမှာ မူလကတည်းက ရှိနေတဲ့ ဆေးပင်တွေနဲ့ ပါ ပေါင်းလိုက်ရင် 'အနန္တရွှေဆေးလုံး' ကို ဖော်စပ်ဖို့ အဓိက ပါဝင်ပစ္စည်း နည်းနည်းပဲ လိုတော့တာ။ ဒဏ္ဍာရီတွေအရတော့ အနန္တ ရွှေဆေးလုံးဟာ 'ကောင်းကင်အနှစ်သာရ နတ်ဘုရားဆေးလုံး'နဲ့ အဆင့်တူတဲ့ ဝိညာဉ်ဆေးတစ်မျိုးပဲ။ ဒါပေမဲ့ ကောင်းကင် အနှစ်သာရရွှေဆေးလုံးက ခန္ဓာကိုယ်အတွက်ဆိုရင်၊ ဒီအနန္တရွှေဆေးလုံးကတော့ ဝိညာဉ် အတွက်ပဲပေါ့။ စိတ်မကောင်းစရာက အဓိက ပါဝင်ပစ္စည်း တစ်ခုဖြစ်တဲ့ ဒဏ္ဍာရီလာ 'ချီလင်' သားရဲရဲ့ သွေးနဲ့ အတွင်းအမြုတေကို ငါ ရှာရဦးမှာပဲ။"

ဖန်းယွမ်သည် တစ်ခုခုကို တွက်ချက်နေသကဲ့သို့ ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူသည် တာအိုပညာရပ်တစ်ခုကို အသုံးပြုပြီး လက်ရှိ "အနန္တနဂါးလက်စွပ်" ကို လှည့်လိုက်၏။ လက်စွပ်မှ ရုတ်တရက် စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လမ်းညွှန်ပြသည့်နှယ် ရှေ့သို့ ညွှန်ပြနေသည်။ ဖန်းယွမ်က ခေါင်းညိတ်လိုက်ပြီး အဆိုပါ အလင်းတန်းနောက်သို့ လိုက်ပါသွားလေသည်။

သူ၏ ပျံသန်းပုံမှာ အတော်လေး ထူးဆန်းလှ၏။ လေဟုန် စီးနေသကဲ့သို့ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လေထုနှင့် တစ်သားတည်း ဖြစ်နေပုံရသည်။ ပျံသန်းနေချိန်တွင် သူ၏ အဝတ်အစားများမှာ လေထဲ၌ တဖျတ်ဖျတ် လွင့်နေခြင်းမျိုးပင် မရှိချေ။ ထို့ပြင် သူ၏ ပုံရိပ်မှာလည်း မြင်လိုက်၊ ပျောက်လိုက်နှင့် အစစ်အမှန်နှင့် တိမ်တိုက်ကြားတွင် လှုပ်ရှား နေသကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်သည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ချောမွေ့စွာဖြင့် မယုံနိုင်လောက်အောင် မြန်ဆန်လှရာ လမ်းတွင် မည်သည့်အတားအဆီးမျှ မတားဆီးနိုင် ပေ။ ဤသည်မှာ အနန္တနဂါးလက်စွပ်၏ စွမ်းဆောင်ရည်ဖြစ်သော "ဝိညာဉ်လွင့် လှုပ်ရှားမှု" ပင် ဖြစ်သည်။

အနန္တနဂါးလက်စွပ်သည် အလွန်အစွမ်းထက်သော နတ်ဘုရားလက်နက်တစ်ခု ဖြစ်၏။ ၎င်းမှာ "ဖန်ဟွမ် အသက်ဝိညာဉ်ဓား" ကဲ့သို့ သတ်ဖြတ်ရန် သီးသန့် မဟုတ်သော်လည်း လုပ်ဆောင်ချက်များမှာမူ စုံလင်လှပေသည်။

"ဟင်…၊ တစ်ယောက်ယောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေတာလား။" ပျံသန်းနေ ရင်း လက်ရှိ အနန္တနဂါးလက်စွပ်က အနည်းငယ် တုန်ခါလာသဖြင့် ဖန်းယွမ်က ချက်ချင်းပင် အာရုံခံမိသွားပြီး ပြုံးရွှင်သော မျက်နှာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "ဒီတောရိုင်းဒေသရဲ့ အနက်ရှိုင်းဆုံး နေရာမှာ မိုးကြိုးကပ်ဘေး ကျော်ဖြတ်နေတဲ့ ပညာရှင် တစ်ယောက်နဲ့ တွေ့ရမယ်လို့ မထင်ထားဘူး။ ကံကောင်းလိုက်တာ။ ငါဖော်စပ်မယ့် အနန္တ ရွှေဆေးလုံးအတွက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားတဲ့ ပညာရှင်တစ်ယောက်ရဲ့ 'စိတ်ဝိညာဉ် အတွေးစ' လည်း လိုအပ်နေတာပဲ။"

"ဒုတိယအဆင့် မိုးကြိုးကပ်ဘေးဆိုတာ ဒီလောက်ပဲလား။"

ဤအချိန်တွင် ဖန်းယွမ် ရတနာရှာခဲ့သည့် နေရာနှင့် မိုင်ပေါင်း ငါးရာခန့် ဝေးသော တောင်ကြားလေးတစ်ခုအတွင်း၌ ချန်ယင်းရှာသည် သူမ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် အစီအမံတစ်ခု ပြုလုပ်ထားလေသည်။ ထို့နောက် သူမသည် စိတ်ဝိညာဉ် အတွေးစများကို ထုတ်ဖော်ကာ ကောင်းကင်မှ မိုးကြိုးတိမ်တိုက်များအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွား ပါတော့သည်။

မိုးကြိုးများ တဂျိန်းဂျိန်း ပစ်နေချိန်တွင် ချန်ယင်းရှာ၏ စိတ်ဝိညာဉ် အတွေးစများသည် ထောင်ပေါင်းများစွာ ကွဲထွက်သွားပြီး လေထဲ၌ ကခုန်နေကြ၏။ ခဏအတွင်းမှာပင် သူမသည် မိုးကြိုးကပ်ဘေး၏ ပထမဆုံး အလွှာအတွင်းသို့ ရောက်ရှိသွားသည်။ ဟုန်ယွိနှင့် အတူတူ ကျင့်ကြံခဲ့ရာမှ ရရှိလာသော တစ္ဆေအင်မော်တယ် အတွေးစများသည် လောက၏ စွမ်းအားများကို ဝါးမျိုရန် အခွင့်အရေး ရသွားလေသည်။ ပထမဆုံး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့စဉ်ကတည်းက ချန်ယင်းရှာမှာ ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်နေခဲ့ ခြင်း ဖြစ်သည်။ ယခုအခါ သူမသည် ဒုတိယအလွှာအတွင်းသို့ တုံ့ဆိုင်းမနေဘဲ ထိုးဖောက်ဝင်ရောက်ကာ လောက၌ အပြင်းထန်ဆုံးဖြစ်သော မိုးကြိုးဖြင့် နှစ်ခြင်းခံမူကို ခံယူနေ၏။

သို့သော် ဤသည်မှာ သူမအတွက်မူ ဘာမျှ မဟုတ်သလိုပင်။ သူမ၏ အတွေးစများမှာ အရင်ကထက် ပိုမိုခိုင်မာနေပြီး သူမဝတ်စုံလက်မောင်းတွင် ဝှက်ဖဲတစ်ချပ် ရှိနေသကဲ့သို့ ယုံကြည်ချက် အပြည့်ရှိနေသည်။ အမှန်စင်စစ် သူမသည် လွန်ခဲ့သော ယခင်တစ်ခေါက် ချီပြည်နယ်မှာကတည်းက ဒုတိယအဆင့်ကို ကျော်ဖြတ်ရန် ပြင်ဆင်ထားခြင်း ဖြစ်သော် လည်း တတိယမင်းသားကျူ ရုတ်တရက် ရောက်လာသဖြင့် အခုအချိန်အထိ ကြန့်ကြာနေခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ သူမ၏ဆရာ ဟန်ရှောက်ဇီထံမှ စွမ်းအားများကို ငြင်းပယ်လိုက်ပြီးနောက်တွင် သူမ၏ စိတ်အဆင့်အတန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်ရာ သူမ၏ စိတ်ဝိညာဉ် အတွေးစများမှာ အလွန်အစွမ်းထက်နေပြီး အရာအားလုံး အတွက် အသင့်ဖြစ်နေပြီဟု ဆိုနိုင်ပေသည်။

ဒုတိယအဆင့် မိုးကြိုးကပ်ဘေး စက်ဝိုင်းအတွင်း သူမ၏ အတွေးစများသည် လှည့်ပတ် နေပြီး ပြောင်းလဲလိုက်၊ သတ်ဖြတ်လိုက်၊ ပေါက်ကွဲလိုက်နှင့် စိန်သားများကဲ့သို့ မာကျောနေ ၏။ လျှပ်စစ်စွမ်းအားများက သူမ၏ အတွေးစများကို အတင်းရိုက်ခတ်နေသော်လည်း ဘာမျှ မတတ်နိုင်ချေ။

ဝှီး…။

ချန်ယင်းရှာ၏ အတွေးစများသည် လေထဲ၌ ပျံသန်းရင်း ကြောက်မက်ဖွယ်ကောင်းသော "ငွေငါးမန်း" များအဖြစ် ပြောင်းလဲသွားပြီး လျှပ်စီးစွမ်းအားများကို အရသာခံ ဝါးမျိုပစ် လိုက်သည်။ ထိုလျှပ်စီးလှိုင်းများသည် ဝါးမျိုခံရပြီးနောက် ပျောက်ကွယ်မသွားဘဲ လက်ထဲ တွင် ခက်ရင်းခွကြီးများနှင့် ဓားများ ကိုင်ထားသော မိစ္ဆာနတ်ဘုရားများအဖြစ် ပြောင်းလဲ ကာ စူးရှသော အသံများဖြင့် ရယ်မောနေကြ၏။

"ဟိတ်... ကောင်းကင်ဘုံက မိစ္ဆာနတ်ဘုရားတွေ။ မင်းတို့က ငါ့စိတ်ကို ရှုပ်ထွေးအောင် လုပ်ချင်နေတာလား။ ငါ့ဆရာတောင် ငါ့ကို မထိန်းချုပ်နိုင်တော့တဲ့အချိန်မှာ မင်းတို့က ဘာမို့လို့လဲ။ သမုဒ္ဒရာ ခုနစ်စင်ကို လှည့်လည်မယ်... လောကကြီးကို ပတ်မယ်... သတ်စမ်း၊ သတ်စမ်း၊ သတ်စမ်း။"

ရုတ်တရက် ငွေငါးမန်းအဖြစ် ပြောင်းလဲထားသော ချန်ယင်းရှာ၏ အတွေးစများသည် ပြင်းပြင်းထန်ထန် ဝါးမျိုလိုက်ပါတော့သည်။ ကြိတ်ချေသံများ ဟိန်းထွက်လာပြီး လျှပ်စီးလှိုင်းများသည် အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားရလေသည်။

"လောကရဲ့ မိုးကြိုးစွမ်းအားတွေ... ငါ့ရဲ့ဝိညာဉ်ကို သွန်းလုပ်စမ်း။"

မိုးကြိုး၏ စိတ်ဆန္ဒအားလုံးကို ဝါးမျိုပြီးနောက် ချန်ယင်းရှာသည် သူမ၏ အတွေးစများ အားလုံးကို စုစည်းပြီး တတိယအလွှာအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်လိုက်၏။ သို့သော် အဆိုပါ အချိန်မှာပင် သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားသည်။ "မဟာလေဟာနယ် လက်ဝါး"၏ ကိုးရောင်ခြည် အလင်းကွင်းများက ဝင်းခနဲ ပေါ်လာ လေသည်။

သူမသည် အလင်းကွင်းကိုးခုကို ကျင့်ကြံနိုင်ပြီး "အင်မော်တယ် မူလဝိညာဉ်" အဆင့်သို့ ရောက်ကတည်းက မဟာလေဟာနယ် လက်ဝါးမှာ ရန်သူများနှင့် အန္တရာယ်များကို အလိုအလျောက် ခုခံကာကွယ်နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။

ယခင်က ကျောက်စိမ်းမြို့တော် အပြင်ဘက်၌ ဟုန်ယွိသည် ဆေဘာသူတော်စင် ဂွန်ယန်ယု၏ ပြင်းထန်လှသော ဆေဘာခုတ်ချက်ကို ခုခံတားဆီးနိုင်ခဲ့စဉ်ကလည်း ဤမဟာလေဟာနယ်လက်ဝါး၏ အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်းအပေါ်တွင်သာ အခြေခံခဲ့ခြင်း ဖြစ်ပေသည်။

"ဒီလူသူမရှိတဲ့ တောရိုင်းထဲမှာ လူရှိနေတာလား။ ငါ မိုးကြိုးကပ်ဘေး ကျော်ဖြတ်တိုင်း ဘာလို့ အေးအေးဆေးဆေး မကျော်ရတာလဲ မသိဘူး။"

ချန်ယင်းရှာသည် ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ သူမ၏ စွမ်းအားများ လျော့နည်းမသွားဘဲ အနည်းငယ် ပင်ပန်းရုံမျှသာ ရှိ၏။ "အတိတ် ကျမ်း"ကို ကျင့်ကြံထားသော သူမ အတွက်မူ ဤမျှ ပင်ပန်းခြင်းမှာ ဘာမျှ မဟုတ်ပေ။ သူမ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဆင်းသက်သွားပါတော့သည်။

"မဟာလေဟာနယ် လက်ဝါးလား။ အင်မော်တယ် မူလဝိညာဉ်လား။"

တစ်ဖက်တွင်မူ တောင်ကြားအတွင်း၌ ဖန်းယွမ်သည် ရောင်စုံအလင်းတန်းများကြား လွင့်မျောနေသော ချန်ယင်းရှာ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ အလွန်တရာ အံ့သြသွားလေသည်။ ထို့အပြင် ရွှေရောင် သက္ကတကျမ်းစာသားများနှင့်အတူ သူ့ထံ ပျံသန်း လာသော မဟာလေဟာနယ် လက်ဝါးကိုလည်း မြင်လိုက်ရ၏။

သူသည် အနန္တနဂါးလက်စွပ်၏ အကူအညီဖြင့် မိုင်ပေါင်း ရာနှင့်ချီသော နေရာမှ တစ်ယောက်ယောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်နေသည်ကို သိလိုက်သဖြင့် ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။ ရောက်လျှင် ရောက်ချင်း တောင်ကြားအတွင်း ဖန်တီးထားသည့် ပုံရိပ်ယောင် အစီအရင်တစ်ခုကို မြင်လိုက်ရခြင်း ဖြစ်သည်။

သူ့ကျင့်ကြံမှုနှင့် လက်စွပ်၏ နတ်ဘုရားတန်ခိုးကြောင့် ဤပုံရိပ်ယောင် အစီအရင်ကို ဖောက်ထွက်ရန်မှာ ကလေးကစားစရာမျှသာ ဖြစ်သော်လည်း ပုံရိပ်ယောင် အစီအရင်ကို ဖောက်ထွက်လိုက်သည်နှင့် ဖန်းယွမ်မှာ ချန်ယင်းရှာ၏ ပြင်းထန်လှသော လက်ဝါး ရိုက်ချက်နှင့် တိုက်ရိုက် ရင်ဆိုင်လိုက်ရလေသည်။

ဖန်းယွမ်မှာ ပထမတော့ အံ့သြသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားပြီး မျက်နှာပေါ် တွင် အပြုံးတစ်ခု ပေါ်လာ၏။ ဤသို့ တည်ငြိမ်နေခြင်းကပင် ဖန်းယွမ်၏ ထူးခြားလှသော ခွန်အားကို ပြသနေခြင်း ဖြစ်သည်။

"အနန္တနှလုံးမြစ်... မူလတာအိုသစ်သီး။" သူ့အတွေးတစ်ချက်ဖြင့်ပင် ဖန်းယွမ်၏ ဦးခေါင်း ထိပ်၌ ခုန်လှုပ်နေသော အနီရောင်နှလုံးသားကြီး တစ်ခု ပေါ်လာသည်။ အဆိုပါ နှလုံးကြီး ပေါ်တွင် နွယ်ပင်တစ်ပင်မှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာ၏။ ဤသည်မှာ ခဏချင်း အတွင်း ဖြစ်သွားသည်လား၊ အကြာကြီး ကြာသွားသည်လား ခွဲခြားမရနိုင်လောက်အောင် အချိန်များမှာ ကမောက်ကမ ဖြစ်သွားရသည်။ အဆိုပါ နှလုံးမြစ်ပေါ်တွင် ဗူးသီးပုံစံနှင့် ဆင်တူသော ရွှေရောင်အသီးတစ်လုံး သီးလာ၏။ သို့သော် ၎င်းမှာ ဗူးသီး မဟုတ်ချေ။ အသီးပေါ်တွင် သွေးကြောများသဖွယ် မြင်နေရပြီး ၎င်းမှာ ကမ္ဘာကြီးကို မွေးဖွားပေးမည့် ဝိညာဉ်သစ်သီး၏ သန္ဓေသားလောင်းနှယ်ပင်။

ချန်ယင်းရှာ၏ မဟာလေဟာနယ် လက်ဝါးရိုက်ချက်မှာ ဖန်းယွမ်၏ "မူလတာအိုသစ်သီး" ပေါ်သို့ ကျရောက်သွားသောအခါ တံတိုင်းကြီးတစ်ခုကို သွားတိုက်မိသကဲ့သို့ ဘာမျှ ဆက်တိုးမရတော့ဘဲ ရပ်တန့်သွားပါတော့သည်။

All Chapters