အခန်း (၄၁၉-၄၂၀)
Vol. 39 Ch. 419-420
အခန်း (၄၁၉)။
ကောင်းကင်နှင့်မြေကြီးကြားရှိ ကျင့်ကြံခြင်းလမ်းစဉ်အားလုံးသည် စကားလုံး သုံးလုံးနှင့် ကင်းကွာ၍ မရပေ။ ထိုစကားလုံးတွေကတော့ "အမြစ်"၊ "တာအို"နှင့် "အသီး" တို့ပင်။
၎င်းတို့သည် အခြေခံ အုတ်မြစ်များ ဖြစ်ကြသည်။
"အမြစ်"ဆိုသည်မှာ အရာအားလုံး၏ မူလအစကို ရည်ညွှန်းပါသည်။ ဥပမာအနေဖြင့် အရိုးအရင်းအမြစ်၊ အင်မော်တယ် အရင်းအမြစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် မှော်ပညာ ရပ်များ မသေမျိုးလမ်းစဉ်နှင့် လူသားခန္ဓာကိုယ်တို့၏ အရင်းအမြစ်များ ဖြစ်ကြပါသည် ။
"တာအို" ဆိုသည်မှာ နိယာမတရားတွေကို ထိန်းချုပ်နိုင်သည့် အုပ်စိုးရှင် ဖြစ်ပြီး၊ "အသီး" ကတော့ နောက်ဆုံး ရရှိလာသည့် အောင်မြင်မှု ဖြစ်ပါသည်။
'အမြစ်'၊ 'တာအို'၊ 'အသီး'... ဤစကားလုံး သုံးလုံးသည် ကျင့်ကြံခြင်းလမ်းစဉ်၏ နက်နဲ ဆန်းကြယ်မှု အားလုံးကို လွှမ်းခြုံထားသည်။ ၎င်းတို့အပြင် အခြား ဘာမှ မရှိပေ။ ဤအချက် သုံးချက်သည် လောက၏ သစ္စာတရားနှင့် တူပေသည်။
ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူပီပီ ယခုအခါ အသက် ရှစ်နှစ်အရွယ် ပါရမီရှင်ကလေး ဖန်းယွမ် အသုံးပြုလိုက်သည့် တာအိုပညာရပ်သည် ရှေးဟောင်း ကျင့်စဉ် တစ်ခု ဖြစ်ပါသည်။ ၎င်းသည် "မဟာလေဟာနယ် လက်ဝါး"နှင့် အဆင့်တူသည့် "အနန္တ နှလုံးသားမြစ်ဖျား... မူလတာအိုသစ်သီး" ပင် ဖြစ်၏။ သူသည် သူ၏ "နှလုံးသား" ကို "အမြစ်" အဖြစ် အခြေခံပြီး၊ "အနန္တ"ကို "တာအို" အဖြစ်၊ "မူလအစ" ကို "အသီး" အဖြစ် ထားရှိခြင်း ဖြစ်သည်။
ဗူးသီးပုံစံနှင့် ဆင်တူသော်လည်း ဗူးသီးမဟုတ်သည့် အဆိုပါ ရွှေရောင်အသီးသည် ဒိုင်ဇင် ဘုရားကျောင်း၏ နံပါတ်တစ် တိုက်ခိုက်ရေး ပညာရပ်ဖြစ်သော "မဟာလေဟာနယ် လက်ဝါး" ကိုပင် တားဆီးနိုင်ခဲ့ရာ ၎င်းမှာ သာမန် ပညာရပ် မဟုတ်ကြောင်း သိသာပါသည်။
"မင်းရဲ့ မဟာလေဟာနယ်ရိုက်ချက်က ငါ့ရဲ့ နှလုံးအမြစ် တာအိုသစ်သီးကို ဘာလုပ်နိုင်မှာ မို့လို့လဲ။"
ဖန်းယွမ်သည် သူ၏ မူလတာအိုသစ်သီးက လက်ဝါးရိုက်ချက်ကြီးကို ရှေ့ဆက်မတိုးနိုင် အောင် တားဆီးထားသည်ကို မြင်သောအခါ အေးအေးဆေးဆေး ပြုံးလိုက်၏။ သူ့မျက်ဝန်း များက ဝင်းလက်သွားပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ပုလဲလုံးလေးများ ကဲ့သို့ ဖြူစင်သော သွားများကို ဖော်ပြရင်း သူ၏ နှုတ်ခမ်းများ ပွင့်ဟလာပြီး "ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအားတွေ... ငါ့ခေါ်သံကို နားခံစမ်း၊ ပေါက်ကွဲစမ်း။"
"ပေါက်ကွဲစမ်း" ဆိုသည့် စကားလုံးနောက်တွင် ရှေးဟောင်း ဂါထာမန္တန်များကဲ့သို့ ရှည်လျားသော ရွဖတ်အသံတွဲများ ထွက်ပေါ်လာသည်။ အဆိုပါ ဂါထာမန္တန်ရွတ်ဖတ်သံ များသည် လေထုအတွင်းသို့ ပျံ့နှံ့သွားပြီးနောက် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ် လာတော့သည်။ ထိုပေါက်ကွဲသံများသည် အလွန်ပင် အသံတိုးလှပြီး ရေထဲသို့ ယမ်းပုလင်း ပစ်ချလိုက်၍ ပေါက်ကွဲသည့် အသံမျိုးနှင့် ဆင်တူလှပေသည်။
ဖောက်...ဖောက်...ဖောက်...
မဟာလေဟာနယ် လက်ဝါးရိုက်ချက်ကြီး၏ ဘေးပတ်ပတ်လည်တွင် ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟည်းလာသည်။ အသံမှာ မကျယ်လောင်သော်လည်း အင်အားမှာမူ အလွန်ပြင်းထန်လှ၏။ အထွက်အထိပ် စုစည်းထားသော လက်ဝါးရိုက်ချက်ကြီးမှာ ရောင်စုံ အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။ အဆိုပါ အပိုင်းအစများသည် အလင်း အဖြစ် ပျောက်ကွယ်မသွားဘဲ ဖန်သားပြင်များ အက်ကွဲသကဲ့သို့ တောင်ကြားမြေပြင်ပေါ် သို့ ပြုတ်ကျကုန်ရာ ဥက္ကာခဲများ တစ်ခုနှင့်တစ်ခု တိုက်မိသည့်အသံမျိုး ထွက်ပေါ်လာလေ သည်။
မိုးကြိုးသံများမှာ တဂျိန်းဂျိန်း မြည်နေဆဲဖြစ်ပြီး အသံမှာ တဖြည်းဖြည်း တိုးသွားသော် လည်း စွမ်းအားမှာမူ ပိုမို မြင့်တက်လာသည်။ မဟာလေဟာနယ် လက်ဝါးရိုက်ချက်ကြီးမှာ လည်း ပြိုကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင် ခြင်တစ်ကောင်၏ အသံထက်ပင် တိုးညင်းသော အသံနှင့်အတူ အဆုံးသတ်သွားပါတော့သည်။
ဘန်း…။
လက်ဝါးရိုက်ချက်ကြီး တစ်ခုလုံး ပေါက်ကွဲသွားပြီး ကောင်းကင်ယံ၌ ရောင်စုံအလင်း အပိုင်းအစများဖြင့် ပြည့်နှက်သွားလေသည်။ လုံးဝကို ပျက်စီးသွားခြင်း ဖြစ်၏။ ဖန်းယွမ်၏ "အသံမဲ့မိုးကြိုး"မှာ ဤမျှအထိ စွမ်းအားကြီးမားလှပေသည်။ အသံတိုးလေလေ စွမ်းအား မှာ ပို၍ ပြင်းထန်လေလေ ဖြစ်၏။ ဤသို့သော မိုးကြိုးမျိုးမှာ တစ်ခါမျှ မကြားဖူးသော အရာမျိုးပင်။
ဖန်းယွမ်သည် ရှေ့သို့ခြေလှမ်းကာ ချန်ယင်းရှာ၏ ခန္ဓာကိုယ်ကို "အနန္တနဂါးလက်စွပ်" အတွင်းသို့ သိမ်းယူရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"နောက်ဆုံး မိုးကြိုးလား။"
ပြင်းထန်လှသည့် ထောင်ပေါင်းများစွာသော အတွေးစများသည် ရုတ်တရက် ကောင်းကင် မှ ဆင်းသက်လာလေသည်။ ထိုအတွေးစများ ဆင်းသက်လာစဉ်တွင် "အတိတ်ကျမ်း"မှ ဂါထာမန္တန်များကို အဆက်မပြတ် ရွတ်ဆိုနေကြ၏။ ချန်ယင်းရှာ၏ ခေါင်းနောက်မှ အလင်းကွင်းကိုးခုမှာ ပြိုကွဲတော့မည့် အလားအလာရှိနေသော်လည်း ကောင်းကင်ယံမှ အတွေးစများ ဆင်းသက်လာပြီး "အတိတ်ဗုဒ္ဓ"၏ ပုံရိပ်က ဝေဝါးဝါး ဝင်းလက်သွားသော အခါ အဆိုပါ အလင်းတန်းများသည် မူလစွမ်းအားများ ပြန်လည်ရရှိလာပြီး ပိုမိုတောက်ပ လာလေသည်။
ယခင်က မဟာလေဟာနယ် လက်ဝါးရိုက်ချက်မှာ ထိန်းချုပ်သူမရှိသဖြင့် ဖန်းယွမ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သော်လည်း ချန်ယင်းရှာ၏ စိတ်ဝိညာဉ် ပြန်လည် ရောက်ရှိလာပြီး အတိတ်ကျမ်းက အသက်မဲ့ အနာဂတ်ကျမ်းကို ကူညီပေးလိုက်သဖြင့် မဟာလေဟာနယ်လက်ဝါး၏ စွမ်းအားမှာလည်း တစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာပါ တော့သည်။
"ဖန်းယွမ်... မင်းပါလား။ ငါ မိုးကြိုးကပ်ဘေး ကျော်ဖြတ်နေတုန်းမှာ မင်းက လာတိုက်ခိုက် တယ်ပေါ့၊ မင်း သေချင်နေတာလား။ ဟင်…၊ မင်းက ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဒဏ္ဍာရီလာ နယ်ပယ်ကို ရောက်နေပြီလား။ လွန်ခဲ့တဲ့ လပိုင်းတုန်းကမှ မင်းက တစ္ဆေအင်မော်တယ် အဆင့်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ရတာလဲ။"
ချန်ယင်းရှာ ဆင်းသက်လာပြီး၊ သူမ၏ စိတ်ဝိညာဉ် အတွေးစအားလုံးမှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် သူမခေါင်းနောက်တွင် အလင်းကွင်းကိုးခု ပြန်ပေါ်လာ လေသည်။ ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးချိန်တွင် သူမ၏ ပုံရိပ်မှာ ပိုမို ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းနေ၏။ သူမသည် ဖန်းယွမ်ကို သတ်ဖြတ်လို သော အငွေ့အသက်များဖြင့် စိုက်ကြည့်နေသည်။ မိုးကြိုးကပ်ဘေး ကျော်ဖြတ်နေစဉ် ချောင်းမြောင်း တိုက်ခိုက်ခြင်းမှာ သူမကို သေတွင်းထဲသို့ တွန်းပို့ခြင်းနှင့် အတူတူပင်။ ဤသည်မှာ အလွန်တရာ နက်ရှိုင်းသော ရန်ငြိုးဖြစ်သည်။ ကံကောင်းထောက်မစွာပင် သူမသည် 'အတိတ်ကျမ်း'၏ ဆန်းကြယ်သော ပညာရပ်များကို ကျင့်ကြံထားသည့်အတွက် အင်အားအမြောက်အမြား ကုန်ခမ်းသွားခြင်း မရှိခဲ့ပေ။ ထို့အပြင် သူမကို အကာအကွယ် ပေးဖို့ 'မဟာလေဟာနယ် လက်ဝါး'လည်း ရှိနေခဲ့သည်။ မဟုတ်ပါက, သူမ၏ အသက် သည် တခြားတစ်ယောက်၏ လက်ခုပ်ထဲကရေ ဖြစ်သွားမှာ ဖြစ်သလို၊ သူမကိုယ်တိုင် လည်း 'ဘိုးဘေးဟုန်လင်'ကဲ့သို့ တဖက်လူ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့် ဘဝမျိုး ရောက်သွားနိုင်သည်။
သို့သော် ချန်ယင်းရှာမှာ ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။ သူမသည် ဤကလေးမှာ ဖန်းယွမ်ဖြစ်ကြောင်း မှတ်မိနေပြီး သူ့ကို လျှော့တွက်လို့ မရသည်ကို သိ၏။
ဤသို့သော ပါရမီရှင်ကလေးမှာ ဝါရင့်တစ္ဆေအင်မော်တယ် ကျင့်ကြံသူတွေထက်ပင် ပိုမို ထူးခြားလှသည်။ သူသည် အလွန်တရာ ကောက်ကျစ်ပြီး လက်ထဲတွင်လည်း ရှေးခေတ် သူတော်စင် ဧကရာဇ်၏ ရတနာတစ်ခု ရှိနေသေးသည်။ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦး ထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော ချန်ယင်းရှာသည် တိုက်ပွဲပေါင်းများစွာကို ကြုံဖူးပြီး သားဖြစ်ရာ မည်သည့် ရန်သူကိုမဆို အလေးအနက် ထားတတ်ပေသည်။
"ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ တာအိုပညာရပ်တွေထဲမှာ 'ကောင်းကင်ဘုံ မိုးကြိုး ၃၆ မျိုး'က အစွမ်းထက်ဆုံးလို့ ဒဏ္ဍာရီတွေက ဆိုခဲ့ကြတယ်။ ဒါပေမဲ့ ရှေးခေတ် သူတော်စင် ဧကရာဇ်ကျိက အဲဒီ မိုးကြိုး ၃၆ မျိုးကို ကျော်လွန်နိုင် ဖို့အတွက် ပြင်းထန်လှတဲ့ 'နောက်ဆုံးခေတ် အသံမဲ့မိုးကြိုး'ကို တီထွင်ခဲ့တယ်။ ဒီ 'အသံမဲ့ မိုးကြိုး'က အသံတိုးလေလေ၊ စွမ်းအားက ပိုပြင်းလေလေပဲ။ တကယ်လို့ ဒီပညာရပ်ကို လုံးဝ အသံမကြားရတဲ့ အဆင့်ထိ ကျင့်ကြံနိုင်ရင် ဘယ်သူမှ မရိပ်မိခင်မှာပဲ တောင်တစ်လုံး ကိုတောင် အမှုန့်ဖြစ်အောင် ဖျက်ဆီးပစ်နိုင်တယ်။ ဒါတင်မကဘူး၊ ဒီပညာရပ်ကို အသုံးပြုတဲ့အခါမှာ အသံလည်းမထွက်သလို ပုံသဏ္ဌာန်လည်း မရှိဘူး။ သူတော်စင် ဧကရာဇ်ကျိက တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ ရန်သူတွေဟာ သူတို့ကိုယ်သူတို့ အစိမ်းလိုက် အမှုန့်ဖြစ်သွားတာတောင် အကြောင်းကို မသိလိုက်ကြဘူး။ ဒီ 'အသံမဲ့မိုးကြိုး' က လောကမှာ အဆိုးဝါးဆုံးနဲ့ အယုတ်မာဆုံး မိုးကြိုးပညာရပ်ပဲ။ ရန်သူကို အသက်ရှင်ခွင့် လုံးဝ မပေးဘူး။ သူတော်စင် ဧကရာဇ်ကျိ ကိုယ်တိုင်တောင် ဒီပညာရပ်က အရမ်းကို ရက်စက်လွန်းတယ်လို့ ခံစားခဲ့ရလို့ သူတော်စင် ဧကရာဇ် ဖြစ်လာတဲ့နောက်ပိုင်းမှာ ဒီပညာရပ်ကို ဘယ်တော့မှ ထပ်မသုံးတော့ဘူး။ မင်းက ဒါကို တတ်မြောက်ထားလိမ့်မယ် လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။"
ချန်ယင်းရှာသည် မိုးကြိုးကျင့်စဉ်များကို ဆက်ခံသူဖြစ်သဖြင့် ဤလောကရှိ မိုးကြိုး ပညာရပ်အမျိုးမျိုးကို အလွန်နှံ့စပ်သူ ဖြစ်ပေသည်။
"မသေမျိုး တာအိုလမ်းစဉ်ဆိုတာ လူသားတွေရဲ့ လမ်းစဉ်နဲ့ မတူဘူးလေ။ အကျင့်စာရိတ္တနဲ့ တရားမျှတမူအကြောင်း ပြောနေစရာ မလိုဘူး။ အင်မော်တယ်အဖြစ် ကျင့်ကြံသူတွေဟာ အားကြီးသူက အားနည်းသူကို ဝါးမျိုတဲ့ တောရိုင်းနိယာမကိုပဲ အာရုံစိုက်ကြတာပဲ။ ငါ လူသားလမ်းစဉ်ပေါ် လျှောက်လှမ်းချိန်မှာလည်း ဒီနိယာမကိုပဲ လိုက်နာခဲ့တယ်။ ငါ မသေမျိုး လမ်းစဉ်ထဲ ဝင်တဲ့အခါမှာလည်း ဒီနိယာမကိုပဲ လိုက်နာနေတာပဲ။ ဒါက သူတော်စင်တွေရဲ့ နယ်ပယ်ပဲ။ ရေဟာ ပုံသဏ္ဌာန်ပေါင်း သောင်းခြောက်ထောင် ပြောင်းနိုင် သလို ငါ့နှလုံးသားကလည်း တာအိုပေါင်း သောင်းခြောက်ထောင်နဲ့ လိုက်လျောညီထွေ ဖြစ်နိုင်တယ်လေ။” ဖန်းယွမ်က ပြန်ပြောလိုက်သည်။
ဖန်းယွမ်သည် ချန်ယင်းရှာတစ်ယောက် ဘာမှမဖြစ်ဘဲ ဘေးကင်းနေသည်ကို မြင်သော အခါ အနည်းငယ် အံ့သြသွားလေသည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် "မူလတာအိုသစ်သီး"က သူ့ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်ပြီး ပျောက်ကွယ်သွားတော့ သည်။
"မင်းက ငါ့ကို ဖန်းယွမ်မှန်း သိတယ်၊ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကိုလည်း သိနေတယ်။ မင်းက မဟာလေဟာနယ် လက်ဝါးကိုလည်း တတ်မြောက်ထားတယ်၊ ခုနကလည်း အရမ်း မြန်မြန် ပြန်ကောင်းလာနိုင်တယ်။ မိုးကြိုးကပ်ဘေးကိုလည်း ဘာမှမဖြစ်သလို ကျော်ဖြတ် နိုင်ခဲ့တာပဲ။ လောကမှာ ဒီလိုလုပ်နိုင်တဲ့ ပညာရပ်ဆိုလို့ တစ်ခုပဲ ရှိတယ်၊ အဲဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ 'အတိတ်ကျမ်း'ပဲ။ မင်းက ဟုန်ယွိရဲ့ တာအိုလက်တွဲဖော် ချန်ယင်းရှာ ဖြစ်ရမယ်။"
ဖန်းယွမ်က မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်၏။ သူ၏ မျက်နှာတွင် သာမန် ကလေးငယ်တစ်ဦးထက် သာလွန်သည့် ဉာဏ်ပညာကြီးမားသော အသွင်အပြင်များ ပေါ်လွင်နေသည်။
ချန်ယင်းရှာသည် ဖန်းယွမ်ကို သိသော်လည်း၊ ဖန်းယွမ်မှာမူ ချန်ယင်းရှာကို တစ်ခါမျှ မတွေ့ဖူးချေ။ သို့သော် သူ၏ စိတ်အာရုံမှာ မယုံနိုင်လောက်အောင် ထက်မြက်လှပြီး ဉာဏ်ရည်မှာလည်း အလွန်မြင့်မားသဖြင့် အနည်းငယ် တွေးတောလိုက်ရုံနှင့် ချန်ယင်းရှာ က မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"မင်းက တကယ့်ကို ပါရမီရှင်ကလေးပဲ။" ချန်ယင်းရှာက ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ အေးစက်လှ၏။ "ဒါပေမဲ့ ပါရမီရှင်တစ်ယောက်က အနှိုင်းမဲ့ ပညာရှင် ဖြစ်လာနိုင်မလားဆို တာကတော့ သူ့ရဲ့ဉာဏ်ရည်ပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး။ သူ အချိန်မတိုင်ခင် သေသွားမလား၊ ဒါမှမဟုတ် ကြီးထွားလာဖို့ အချိန်ရမလား ဆိုတဲ့အပေါ်မှာပဲ မူတည်တာ။"
"အဲလိုလား" ဖန်းယွမ်က သရော်သလို ရယ်မောလိုက်သည်။ "ငွေငါးမန်း ဆိုတာ မဟာ နတ်ဆိုးအင်မော်တယ် ရှစ်ဦးထဲမှာ အသတ်အဖြတ် အကြမ်းဆုံးလို့ ငါ ကြားဖူးခဲ့တာ ကြာပါပြီ။ အထူးသဖြင့် သမုဒ္ဒရာထဲမှာ 'ငါးမန်းတစ်သောင်း အစီအရင်' ကို ခင်းကျင်းပြီး သတ်ဖြတ်ခဲ့တာတွေပေါ့။ ဘယ်လောက်တောင် သေကုန်ကြလဲ ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ ဒါတွေက ဘာမှမဟုတ်ပါဘူး။ အင်မော်တယ်လမ်းစဉ်ဆိုတာ တောရိုင်းနိယာမအတိုင်း သွားတာပဲဆိုတော့ ဒါတွေကို ငါ ထုတ်ပြောနေတာက အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ မင်းနဲ့ ဟုန်ယွိ နှစ်ယောက်လုံး 'အတိတ်ကျမ်း'ကို ကျင့်ကြံထားတယ်ဆိုရင်တော့ ငါ မင်းကို သတိပေးလိုက်မယ်။ 'အတိတ်' ဆိုတာ တစ်ခုပဲ ရှိတယ်။ တကယ်လို့ လူနှစ်ယောက်က ဒီကျမ်းကို ကျင့်ကြံမယ်ဆိုရင် တစ်ယောက်ကတော့ သေရလိမ့်မယ်။"
"ဟင်။"
ချန်ယင်းရှာ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ယခင်က ကျောက်စိမ်းမြို့တော် အပြင်ဘက်မှာ ဟုန်ရွှန်ကျိ ပြောခဲ့စဉ်က သူမ၏ တာအိုနှလုံးသားမှာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရဖူးသည်။ သို့သော် ဟုန်ယွိ၏ "ပြောင်းလဲခြင်းကျမ်း"က ထိုပြဿနာကို ဖြေရှင်းပေး ခဲ့သည်။ ယခု ဖန်းယွမ်က ထပ်ပြောပြန်သောအခါ သူမ၏ စိတ်က မလှုပ်ခတ်ဘဲ မနေနိုင်တော့ချေ။ သို့သော် ဤဖန်းယွမ်သည် ဟုန်ရွှန်ကျိကဲ့သို့ပင် တဖက်ရန်သူ၏ အားနည်းချက်ကို ချက်ချင်း ဖမ်းဆုပ်နိုင်ပြီး စိတ်ဓာတ်ကို နှောက်ယှက်နိုင်စွမ်း ရှိနေ၏။ ထို့အပြင် သူ့စကားလုံးများတွင် "အဆုံးမဲ့ ကောင်းကင်သံစဉ်" ပညာရပ်၏ ဆန်းကြယ် သော စွမ်းပကားများ ပါဝင်နေသည်။
"ကောင်းကင်ဘုံရဲ့ လည်ပတ်မှုက အားမာန်အပြည့်ရှိတယ်၊ အဲဒါကြောင့် လူကြီးလူကောင်း တစ်ယောက်ဟာလည်း အားမလျှော့ဘဲ ကြိုးစားရမယ်။ လူကြီးလူကောင်းဆိုတာ ကံကြမ္မာ ကို မယုံဘူး။ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရား လေးပါးရှိနေပြီဆိုရင် ကံကြမ္မာကို ကျော်လွန် ပြီး ကောင်းကင်ပေါ်က နဂါးတစ်ကောင်လို ဖြစ်လာမယ်။ တကယ်လို့, လူကြီးလူကောင်း တစ်ယောက်က ကံကြမ္မာကိုပဲ ယုံနေမယ်ဆိုရင် စာပေသင်ကြားတာနဲ့ ကျင့်ကြံနေတာက ဘာထူးမှာလဲ။"
ချန်ယင်းရှာသည် ဟုန်ယွိ သူမကို ခဏခဏ ပြောပြလေ့ရှိသော အသိတရားများကို အသုံးပြု၍ ပြန်လည် တုံ့ပြန်လိုက်သည်။ ထိုစကားကို ကြားသောအခါ ဖန်းယွမ်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွား၏။
"ဒါက ဟုန်ယွိရဲ့ အသိနဲ့ အတွေ့အကြုံတွေလား။ မင်းလိုလူက ဒီလို အနှစ်သာရမျိုးကို နားလည်နိုင်စရာ အကြောင်းမရှိဘူး။ ဒါဟာ 'ချန်ယွမ်' (မြင့်မြတ်တဲ့ကောင်းကင်ဘုံ) လမ်းစဉ်ပဲ။ ဟုန်ယွိက ဒီအဆင့်ထိ ရောက်နေပြီလား။ ဒါဆို သူက စတုတ္ထအဆင့် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ပြီးပြီပေါ့။ သူက လူကြီးလူကောင်းတွေရဲ့ ပဉ္စမအဆင့် မိုးကြိုး ကပ်ဘေးနားကိုတောင် ကပ်နေပြီပဲ... ကောင်းတယ်၊ အရမ်းကောင်းတယ်။ ဟုန်ယွိ... မင်းက တကယ့် ကျွမ့်ယွမ်တစ်ဦး ဖြစ်ထိုက်ပါတယ်။ အနာဂတ်မှာ စာပေလောကရဲ့ သူတော်စင်တစ်ဦး ဖြစ်လာမှာ အသေအချာပဲ၊ ဒါပေမဲ့ မင်းတစ်ယောက်တည်းကိုတော့ ငါ လူစွမ်းကောင်လုပ်ပြခွင့် မပေးနိုင်ဘူး။"
ဖန်းယွမ်က အေးစက်စက် ရယ်မောရင်း ဆက်ပြောလိုက်သည်။ "ချန်ယင်းရှာ... ငါ ဒီနေ့ လုပ်စရာ ကိစ္စရှိလို့ မင်းကို ဆက်ပြီး အချိန်မပေးနိုင်တော့ဘူး။ မင်းစွမ်းနိုင်ရင်တော့ ငါ့နောက်ကို လိုက်ခဲ့ပေါ့။"
ဖန်းယွမ်၏ ခန္ဓာကိုယ်မှာ နှစ်ချက်ခန့် တွန့်လိမ်သွားပြီးနောက် မဲ့ပြုံး ပြုံးလိုက်၏။ သူ၏ ပုံရိပ်မှာ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားသို့ ပြန်လည်ပြောင်းလဲသွားပြီး ခဏချင်းအတွင်း မှာပင် ၅ ကီလိုမီတာခန့် ဝေးကွာသော နေရာသို့ ရောက်ရှိသွားလေသည်။ သူသည် "ဝိညာဉ်လွင့် လှုပ်ရှားမှု" ကို အစွမ်းကုန် အသုံးချလိုက်ခြင်း ဖြစ်၏။
အခန်း (၄၂၀)။
"ဒီကောင်လေးက ငါတွေ့ဖူးသမျှ ကျင့်ကြံသူတွေထဲမှာ အဉာဏ်အကောင်းဆုံးပဲ။ အဲဒါတင် မကဘူး၊ သူက ဟုန်ယွိရဲ့ ကျင့်ကြံမှု အဆင့်ကိုတောင် ခန့်မှန်းသွားနိုင်တယ်။ ဒါဟာ ပါရမီရှင်တစ်ယောက်ရဲ့ ဉာဏ်ရည်လား။ ကြောက်စရာ ကောင်းလွန်းတာပဲ။"
ချန်ယင်းရှာသည် ဖန်းယွမ်တစ်ယောက် တုံ့ဆိုင်းမနေဘဲ ထွက်ခွာသွားသည်ကို မြင်သော် လည်း သတိမလွတ်ဘဲ ရှိနေသည်။ ဖန်းယွမ်သည် ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူ ဖြစ်၏။ ချန်ယင်းရှာသည်လည်း ဒုတိယအဆင့်ကို ကျော်ဖြတ်ထားပြီး "အတိတ်ကျမ်း" နှင့် "မဟာလေဟာနယ် လက်ဝါး"တို့ ရှိနေသော်လည်း သူ့ကို အနိုင်ယူ နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်မရှိချေ။ ဖန်းယွမ်သည် လှည့်ကွက်ပေါင်းစုံ ရှိသည့် ပါရမီရှင် ကလေးငယ် ဖြစ်သည်။ သူ၏ လက်ရှိ "အနန္တနဂါးလက်စွပ်" တွင်လည်း မန္တန် ပေါင်းများစွာ ရှိနေသည်။ ချန်ယင်းရှာသည် သူ အသုံးပြုခဲ့သည့် "နှလုံးမြစ် တာအိုသစ်သီး"၊ "နောက်ဆုံးခေတ် အသံမဲ့မိုးကြိုး" နှင့် "ဝိညာဉ်လွင့် လှုပ်ရှားမှု" တို့ကို မြင်ခဲ့ရပြီးဖြစ်ရာ ၎င်းတို့မှာ ရှားပါးလှသော ရှေးဟောင်း တာအိုပညာရပ်များ ဖြစ်ကြသည်။ ၎င်းအပြင် ဖန်းယွမ်တွင် အခြားသော လှည့်ကွက်များစွာ ရှိနေဦးမည်မှာ အသေအချာပင်။
ချန်ယင်းရှာတွင် ပဉ္စမအဆင့် မိုးကြိုးကပ်ဘေး အတွေးစများ၊ "မိုးကြိုးတိမ်တိုက်" နှင့် "ကောင်းကင်တုန်ခါ ဓာတ်တော်" တို့ ရှိနေသည်။ အကယ်၍ သူမသာ ၎င်းတို့အားလုံးကို အသုံးပြုလိုက်လျှင် ဖန်းယွမ်မှာ သေချာပေါက် သတ်နိုင်မည် ဖြစ်သော်လည်း သူမသည် ၎င်းတို့ကို ဘယ်တော့မှ အသုံးမပြုရန် ဆုံးဖြတ်ထားသည်။ သို့မဟုတ်ပါက သူမ၏ စိတ်ထဲ မှ ဟန်ရှောက်ဇီ၏ ပုံရိပ်များကို ဘယ်တော့မှ ဖယ်ရှားနိုင်မည် မဟုတ်သလို ဟုန်ယွိနှင့် လည်း ထပ်မံတွေ့ဆုံနိုင်တော့မည် မမဟုတ်ပေ။
သို့သော် ချန်ယင်းရှာသည် ဖန်းယွမ်ကို မကြောက်ပေ။ သူမသည် ရောင်စုံအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဖန်းယွမ်နောက်သို့ လိုက်ပါသွားလေတော့သည်။
"ဒီချန်ယင်းရှာက ဟုန်ယွိ အချစ်ရဆုံး အမျိုးသမီးပဲ။ တကယ်လို့ သူမသာ တစ်ခုခုဖြစ်သွား ရင် ဟုန်ယွိလည်း သေချာပေါက် ရင်ကွဲရမှာဖြစ်သလို သူ့အတွေးတွေလည်း ပြိုကွဲသွားလိမ့် မယ်။ ဒါပေမဲ့ သူမက အတိတ်ကျမ်းကို ကျင့်ကြံထားပြီး မဟာလေဟာနယ် လက်ဝါးလည်း ရှိနေတယ်။ သူမဆီမှာ အရမ်း အစွမ်းထက်တဲ့ ပစ္စည်းတစ်ခုခုလည်း ရှိနေပုံရတယ်။ အနန္တနဂါးလက်စွပ်ရဲ့ အကူအညီနဲ့ ငါဟာ တုန်လှုပ်စရာကောင်းတဲ့ စိတ်ဝိညာဉ် အတွေးစ တစ်ခုကို အာရုံခံမိလိုက်တယ်။ ဒါဟာ သူမရဲ့ဝှက်ဖဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါးမန်းဆိုတာ ငါးမန်းပါပဲ။ သူမက ငါ့နောက်ကို မလိုက်လာရင် ငါ ဘာမှမလုပ်နိုင်ပေမယ့်၊ လိုက်လာမယ် ဆိုရင်တော့ သူမကို သတ်ဖို့ ငါ့မှာ နည်းလမ်းပေါင်း တစ်ရာလောက် ရှိတယ်။"
ဖန်းယွမ်သည် လျင်မြန်စွာ ရွေ့လျားနေ၏။ တစ်ချိန်တည်းမှာပင် ရောင်စုံအလင်းတန်း တစ်ခု နောက်မှ လိုက်လာသည်ကို သူ သိလိုက်သည်။ ထိုသူမှာ ချန်ယင်းရှာဖြစ်ကြောင်း သူသိသဖြင့် ငါးတစ်ကောင် ငါးစာဟပ်လိုက်သကဲ့သို့ မဲ့ပြုံး ပြုံးလိုက်မိသည်။ သူသည် လက်ကို လှုပ်ရှားလိုက်ရာ လိပ်ခွံတစ်ခု လက်ထဲသို့ ရောက်ရှိလာသည်။ လိပ်ခွံကို ကိုင်ထား စဉ် သူ၏ မျက်နှာမှာ တည်ကြည်သွားပြီး အရှိန်ဖြင့် သွားနေရင်းမှ စကားလုံးတစ်လုံးကို ရွတ်ဆိုလိုက်သည်။ "မီး!"
သူ "မီး" ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး လိပ်ခွံကို လောင်ကျွမ်းစေသည်။ လိပ်ခွံမှာ မီးလောင်ကျွမ်းမှုကြောင့် တမြှည့်မြှည့် အသံများ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများစွာ ပေါ်လာ၏။ အဆိုပါ အက်ကွဲကြောင်းများမှာ ဆန်းကြယ်သော လမ်းကြောင်းများသဖွယ် ဖြစ်ပေါ်နေပြီး တစ်စုံတစ်ခုကို ညွှန်ပြနေသ ယောင် ရှိ၏။ ဤသည်မှာ ရှေးဟောင်း နိမိတ်ဖတ်အတတ်ပညာပင် ဖြစ်သည်။ လိပ်ခွံကို မီးကင်ပြီး ပေါ်လာသည့် အက်ကွဲကြောင်းများကို ကြည့်ကာ ကံကြမ္မာ အကောင်းအဆိုးနှင့် တည်ရှိမှုများကို ဟောကိန်းထုတ်နိုင်ခြင်း ဖြစ်သည်။
စစ်မှန်သော ကွန်ဖူးရှပ်ပညာရှင်များသည် ဤရှေးဟောင်း 'နိမိတ်ဖတ်' အတတ်ပညာကို လေ့လာလိုက်စားကြပါသည်။ (မှတ်ချက်. ဤအချိန်တွင် ဟုန်ယွိသည် 'ပြောင်းလဲခြင်း ကျမ်း’ကို မရေးသားရသေးပေ။ ဆွေးနွေးငြင်းခုံဖွယ်ရာ ကောင်းလှသော 'ခြောက်ဆယ့် လေးပါး နိမိတ်ဗေဒင်'သည်လည်း ပေါ်ထွန်းလာခြင်း မရှိသေးပေ။ ထို့ကြောင့် ကွန်ဖူးရှပ် ပညာရှင်တို့၏ နိမိတ်ဖတ်ခြင်းအတတ်မှာ ဤရှေးဟောင်း လိပ်ခွံမီးကင်သည့် နည်းစနစ် အပေါ်တွင်သာ အခြေခံနေဆဲ ဖြစ်သည်။)
...
ဖန်းယွမ်သည် လိပ်ခွံပေါ်မှ အက်ကွဲကြောင်းများကို ကြည့်နေစဉ် သူ၏ မျက်နှာအမူအရာ မှာ အလွန်ပင် တည်ကြည်လေးနက်နေ၏။ သူ အရှိန်အဟုန်ဖြင့် ရွေ့လျားနေစဉ်တွင်လည်း (နိမိတ်ဖတ်ချက်များအရ) တိကျသော လမ်းကြောင်းတစ်ခု ရှိနေခဲ့လေသည်။"
ဖန်းယွမ်သည် လိပ်ခွံပေါ်မှ အက်ကွဲကြောင်းများကို အလေးအနက် စိုက်ကြည့်နေပြီး လျင်မြန်စွာ ရွေ့လျားရင်း လမ်းကြောင်းတစ်ခုကို ရှာဖွေနေ၏။ ၎င်းတို့နှစ်ဦးမှာ တစ်ဦးကို တစ်ဦး လိုက်တမ်းပြေးတမ်း ကစားရင်း မိုင်ပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ကြသည်။ တစ်နေ့နှင့် တစ်ညအပြည့် ပျံသန်းပြီးနောက်တွင်မူ တောရိုင်းဒေသ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိလာကြလေပြီ။ ဤနေရာသည် မြင့်မားလှသော တောင်ထိပ်များဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့ အမြဲစိမ်းတောကြီး ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ထူးခြားဆန်းပြားသော ရှုခင်းများ ရှိနေပြီး ယင်းရှာပင် အမည်မသိရသော သတ္တဝါအများ အပြားကို တွေ့နေရ၏။
ဤနေရာသည် မည်သည့် မှတ်တမ်းမှတ်ရာတွင်မှ ဖော်ပြထားခြင်းမရှိသည်အပြင်, မည်သူမှလည်း အမည်မပေးရသေးသည့် နယ်မြေတစ်ခု ဖြစ်သည်။ ရုတ်တရက်ဆိုသလို သူတို့ရှေ့တွင် တောင်တစ်လုံး ပေါ်လာသည်။ ၎င်းမှာ တိမ်တိုက်များကို ထိုးဖောက်ကာ ကောင်းကင်သို့ မြင့်တက်နေပြီး အဖိုးတန်ဓားတစ်စိုက် စိုက်ထူထားသကဲ့သို့ ရှိ၏။ တောင်တစ်ခုလုံးမှာ မိုင်ပေါင်းများစွာ ကျယ်ဝန်းပြီး တိမ်တိုက်များက ရစ်ပတ်ထားလေ သည်။
"ဒါ... ဘယ်လိုတောင်မျိုးလဲ" ချန်ယင်းရှာသည် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
ဖန်းယွမ်ကမူ ထိုတောင်ကို မြင်လိုက်ရချိန်တွင် မျက်နှာမှာ ဝင်းလက်သွားပြီး ခေါင်းကို မော့ကာ အားရပါးရ အော်ဟစ်လိုက်တော့သည်။ ထိုအော်ဟစ်သံမှာ နဂါး၊ ဖီးနစ်၊ ကျား၊ နွား၊ လင်းယုန်၊ ဝံပုလွေ သို့မဟုတ် ကြိုးကြာငှက်တို့၏ အော်မြည်သံမျိုး မဟုတ်ဘဲ အဝေး တစ်နေရာမှ ထွက်ပေါ်လာသည့် အလွန်ပင် ခန့်ညားထည်ဝါသော ဟိန်းဟောက်သံကြီးနှင့် တူလှပေသည်။ သူ၏ အော်ဟစ်သံမှာ "အဆုံးမဲ့ကောင်းကင်သံစဉ်" နှင့် ပေါင်းစပ်ထား သဖြင့် တောင်ကြီးတစ်ခုလုံး ပြိုကျတော့မည့်အလားပင်။
"ဒီဟစ်ကြွေးသံက ငါ့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ၊ လူသားအင်မော်တယ်တစ်ယောက်ရဲ့ ဟစ်ကြွေးသံလည်း မဟုတ်ဘဲနဲ့" ချန်ယင်းရှာက တွေးလိုက်မိသည်။ သို့သော် သူမ ထိုသို့ တွေးလိုက်ရုံရှိသေး... တောင်ထိပ်ပေါ်မှ ဖန်းယွမ်၏ အသံထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုမိုကျယ်လောင်လှသော ခန့်ညားလှသည့် ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာ တော့သည်။
ဝုန်း...
ထိုအသံမှာ တရားစီရင်ရေး ရုံးတော်အတွင်းမှ ထွက်ပေါ်လာသည့် အသံကဲ့သို့ပင် အလွန်တရာမှ တည်ကြည်ခန့်ညားလှ၏။ မဟုတ်သေး... ၎င်းမှာ ရှေးဟောင်းဒဏ္ဍာရီလာ ချီလင်သားရဲကြီး၏ ဟိန်းဟောက်သံပင် ဖြစ်သည်။
ဘန်း...
ချန်ယင်းရှာ၏ မဟာလေဟာနယ် လက်ဝါးရိုက်ချက်မှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး သူမသည် မြေပြင်ပေါ်သို့ လွင့်စဉ်ကျသွားတော့သည်။ ထိုဟိန်းဟောက်သံမှာ ဟုန်ယွိ၏ လူသားအင်မော်တယ် ကိုယ်ပွားထက်ပင် ပိုမို ပြင်းထန်ကာ ခန့်ညားလှပေသည်။ ထိုခဏ၌ ချန်ယင်းရှာသည် သူမ၏ စိတ်ဝိညာဉ်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရ ၏။ အတွေးစများအားလုံးမှာ တစ်ပြိုင်နက်တည်း ရိုက်ခတ်ခြင်း ခံလိုက်ရသဖြင့် ခေါင်းမူး ကာ မျက်စိများ ဝေဝါးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အင်အားကုန်ခမ်းသွားရလေသည်။
ဤသည်မှာ စိတ်ဝိညာဉ် အပြင်းအထန် ထိခိုက်ခံလိုက်ရသည့် အခြေအနေဖြစ်ပြီး ဆီကုန် ခမ်းသွားသည့် ဆီမီးအိမ်ကဲ့သို့ အလွန်အန္တရာယ်ကြီးလှပေသည်။
"ဒါ... ဒါက ဘာကြီးလဲ"
ချန်ယင်းရှာသည် "အတိတ်ကျမ်း" ကို အမြန်အသုံးချကာ သူမ၏ အတွေးစများပေါ်တွင် သက်ရောက်နေသော ထိုအသံ၏ လွှမ်းမိူးမှုကို အစွမ်းကုန် ခုခံလိုက်ရ၏။ ထိုမှသာ သူမ၏ မျက်စိဝေဝါးမှုများ အနည်းငယ် သက်သာသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဖန်းယွမ်၏ လက်ရှိ "အနန္တနဂါးလက်စွပ်" မှာလည်း အလင်းများ တဖျတ်ဖျတ် တောက်ပ လာပြီး ဟိန်းဟောက်သံနှင့်အတူ ပေါင်းစပ်သွားကာ သူ့အပေါ်တွင် မည်သည့်သက်ရောက် မှုမျှ မရှိစေရန် ကာကွယ်ပေးလိုက်သည်။
ဖန်းယွမ်က နောက်သို့လှည့်ကြည့်လိုက်ရာ ချန်ယင်းရှာ၏ မဟာလေဟာနယ်လက်ဝါး ရိုက်ချက် ပြိုကွဲသွားသည်ကို မြင်သောအခါ အလွန်ပင် ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုးဖြင့် ပြုံးလိုက်ပါသည်။
"ဒါက ရှေးဟောင်း ချီလင် သားရဲကြီးရဲ့ ဟိန်းဟောက်သံပဲ။ ချီလင်က ကျမ်းစာကို ထွေးထုတ်တယ်၊ သူတော်စင်က ပေါ်ထွန်းလာတယ်။ သူ့ရဲ့ ခန့်ညားတဲ့ အရှိန်အဝါဟာ လူသားအင်မော်တယ် အထွဋ်အထိပ်ရဲ့ ဟစ်ကြွေးသံနဲ့တောင် တူတူပဲ။ ဒီလောကမှာ ချီလင်ဆိုတာ တကယ်ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
ထိုအချိန်တွင် ချန်ယင်းရှာ၏ စိတ်အာရုံထဲ၌ ဟုန်ယွိ၏ အတွေးစအသံက ပေါ်ထွက်လာ၏။ ဟုန်ယွိ၏အသံမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ ခုနက ကြားလိုက်ရသော ဟိန်းဟောက်သံမှာ ဒဏ္ဍာရီလာ ရှေးဟောင်း ချီလင်သားရဲ၏ အသံဖြစ်ကြောင်း သူ သိလိုက်သည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ စာအုပ်များတွင် ချီလင်က ကျမ်းစာအုပ် ထွေးထုတ် သည့်အကြောင်းကို မှတ်တမ်းတင်ထားသည်။
ရှေးခေတ် သူတော်စင်ကြီးများ၏ ခေတ်ကာလတွင် မွန်မြတ်လှသော ကွန်ဖြူးရှပ်ဝါဒီ သူတော်စင်တစ်ဦး မွေးဖွားလာသည့်အခါ တိမ်တိုက်များကို နင်းဖြတ်လျက် ချီလင် နတ်ဘုရားသားရဲ တစ်ကောင် ရောက်ရှိလာတတ်ပြီး ထိုသူတော်စင် မွေးဖွားရာအိမ်၏ အပြင်ဘက်တွင် အနီရောင် ကျမ်းစာလိပ်တစ်ခုကို ထွေးထုတ်ပေးလေ့ရှိသည်။ ၎င်းသည် သူတော်စင်တစ်ဦး ပေါ်ထွန်းလာခြင်း၏ နိမိတ်လက္ခဏာပင် ဖြစ်သည်။ (မှတ်ချက်။ ။ ဤအကြောင်းအရာမှာ ကွန်ဖြူးရှပ် မွေးဖွားစဉ်က ချီလင်နတ်ဘုရားသားရဲ ရောက်ရှိလာပြီး ကျမ်းစာထွေးထုတ်ပေးခဲ့သည်ဟူသော ဒဏ္ဍာရီပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ထိုကျမ်းစာတွင် (ရေဝိညာဉ်တို့၏ အနွယ်အဖွား၊ ဆုတ်ယုတ်လာသော ကျိုးမင်းဆက်နှင့် နန်းမဲ့ဘုရင်၊ လျှို့ဝှက်နိမိတ်နှင့် တောက်ပသောသူ၊ "Water Spirit's Seed, Zhou and 素王 (Su Wang), 緯 (Wei) and 明 (Ming)" မြတ်သော ပညာရှိတစ်ဦး ပေါ်ထွန်းမည့် နိမိတ်’ ဟု ပါရှိသည်။ အရပ်ရှစ်မျက်နှာလက်ဝါး ကိုယ်ခံပညာတွင်လည်း ‘ချီလင်က ကျမ်းစာထွေး ထုတ်ခြင်း’ ဟုခေါ်သော အလွန်အစွမ်းထက်သည့် ကွက်စိပ်ရွှေ့ကွက်တစ်ခု ရှိသည်။ လီပိုင်၏ ကဗျာတစ်ပုဒ်တွင် ‘သူတော်စင်တစ်ဦးကဲ့သို့ ရပ်တည်ရန် မျှော်လင့်သော်လည်း၊ ချီလင်ကို ဖမ်းမိချိန်တွင် သူ၏စာရေးခြင်းကို ရပ်တန့်ခဲ့ သည်’ ဟူသော စာသားမှာ ကွန်ဖြူးရှပ်သည် ချီလင်ကို မြင်တွေ့ရပြီးနောက် စာရေးသားခြင်းကို ရပ်တန့်ခဲ့သည် ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ချီလင် ထွက်ပေါ်လာလျှင် သူတော်စင် မွေးဖွားလာပြီး၊ ချီလင်ကို မြင်တွေ့ရလျှင် သူတော်စင် ကွယ်လွန်တတ်သည်ဟု အယူရှိကြသည်။)
(၁။ ရေဝိညာဉ်တို့၏ အနွယ်အဖွား (Descendant of the Water Spirit) ရှေးဟောင်း တရုတ် ဒဏ္ဍာရီများအရ ကမ္ဘာဦးအစတွင် 'ဓာတ်ကြီးငါးပါး' ကို အစိုးရသော နတ်မင်းကြီးငါးပါး ရှိသည်။ ကွန်ဖြူးရှပ်ကို "ရေဓာတ်" (Water Element) နှင့် ဆက်နွှယ်သော နတ်မင်း၏ စွမ်းအားကို ဆက်ခံသူဟု ယူဆကြသည်။ သူ မွေးဖွားခါနီး အချိန်တွင် ကိရင်နတ်သားရဲ ပေါ်လာခြင်းမှာ ထိုမြင့်မြတ်သော စွမ်းအားများ ကိန်းဝပ်မည့် သူ ပေါ်ထွန်းလာခြင်းကို သက်သေပြခြင်း ဖြစ်သည်။
၂။ ကျိုးမင်းဆက် ဆုတ်ယုတ်ခြင်း နှင့် 素王 (Su Wang - နန်းမဲ့ဘုရင်)
Zhou (ကျိုးမင်းဆက်): ကွန်ဖြူးရှပ် လက်ထက်တွင် ကျိုးမင်းဆက်၏ အာဏာမှာ အလွန်ပင် ဆုတ်ယုတ်နေပြီ ဖြစ်သည်။
Su Wang (素王): ဤစကားလုံး၏ အဓိပ္ပာယ်မှာ "နန်းမဲ့ဘုရင်" သို့မဟုတ် "သန့်စင်သောဘုရင်" ဟု အဓိပ္ပာယ်ရသည်။ ကွန်ဖြူးရှပ်သည် အမှန်တကယ် နန်းတက်ရသော ဘုရင်တစ်ပါး မဟုတ်သော်လည်း သူ၏ အတွေးအခေါ်၊ ပညာဥာဏ်နှင့် စာရိတ္တမဏ္ဍိုင်မှာ တစ်လောကလုံးကို အုပ်စိုးနိုင်လောက်အောင် မြင့်မြတ်လွန်းသဖြင့် သူ့ကို "နန်းမဲ့ဘုရင်" (Plain King) ဟု ဘွဲ့ထူးပေးခဲ့ကြခြင်း ဖြစ်သည်။ ကိရင်သည် ထိုသို့သော "နန်းမဲ့ဘုရင်" ပေါ်ထွန်းချိန်တွင် ကျမ်းစာထွေးထုတ်၍ ဂုဏ်ပြုတတ်သည်။
၃။ 緯 (Wei) နှင့် 明 (Ming)
Wei (緯): ဤနေရာတွင် "ကျမ်းဂန်များ၏ လျှို့ဝှက်နက်နဲသော အနက်အဓိပ္ပာယ်" (Chenwei) ကို ဆိုလိုသည်။ ကိရင် ထွေးထုတ်ပေးသော ကျမ်းစာသည် သာမန်စာမျိုးမဟုတ်ဘဲ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များနှင့် အနာဂတ်နိမိတ်များကို ဖော်ပြသော ကျမ်းဖြစ်သည်။
Ming (明): ၎င်းမှာ "တောက်ပခြင်း" သို့မဟုတ် "ထွန်းလင်းခြင်း" ဖြစ်သည်။ ပညာရှင် သူတော်စင် ပေါ်ထွန်းလာခြင်းကြောင့် အမှောင်ဖုံးနေသော လောကကြီးသည် ပညာ အလင်းဖြင့် ပြန်လည် တောက်ပလာမည်ကို ရည်ညွှန်းသည်။)
ရှေးခေတ် သူတော်စင်တစ်ပါးသည် ချီလင်နတ်ဘုရားသားရဲကို မြင်တွေ့ရချိန်တွင် ဤသို့ သက်ပြင်းချကာ ဆိုခဲ့ဖူးလေသည် - "ချီလင်ဆိုတာ မင်းကောင်းမင်းမြတ် ပေါ်ထွန်းလာ ချိန် မှသာ ပေါ်ထွက်လာအပ်တယ်။ ယခုတော့ အချိန်အခါမဟုတ်ဘဲ ပေါ်ထွက်လာရုံတင်မက အန္တရာယ်ပြုခြင်းကိုပါ ခံနေရချေပြီ။ ဒါ့ကြောင့် ငါ ဒီနတ်ဘုရားသားရဲအတွက် များစွာ စိတ်မကောင်းဖြစ်မိတယ်။"
ချီလင်ဆိုသည့် သူတော်စင် သားရဲသည် ဤလောကတွင် အလွန်တရာ မြင့်မြတ်သည့် အရှိန်အဝါကို ကိုယ်စားပြုသည်။ ရှေးခေတ် သူတော်စင် ဧကရာဇ်များနှင့် အလယ်ခေတ်က သူတော်စင်တွေသာလျှင် ဤသားရဲကို ယဉ်ပါးအောင် စွမ်းဆောင်နိုင်ကြသည်။
ချီလင်တစ်ကောင်၏ ဟိန်းဟောက်သံက လူသားအင်မော်တယ် အထွဋ်အထိပ် စွမ်းအား နှင့် နှိုင်းယှဉ်နိုင်ပါသည်။ အလယ်ခေတ်က "စစ်နတ်ဘုရားရှန့်"လို ပုဂ္ဂိုလ်မျိုးတွေတောင်မှ ချီလင်တစ်ကောင်၏ ဟိန်းဟောက်သံကိုသာ ယှဉ်နိုင်ရုံ ရှိခဲ့သည်။
ချီလင်တွေ၊ နဂါးတွေနှင့် ဖီးနစ်ငှက်များသည် ရှေးခေတ်ကတည်းက လူတိုင်း ကြားဖူးခဲ့ ကြသော်လည်း မည်သူမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ကြသည့် တည်ရှိမှုများ ဖြစ်ကြပါ သည်။
သို့သော်, ယနေ့မှာတော့ ထိုသတ္တဝါကြီးသည် ချန်ယင်းရှာ၏ ရှေ့မှောက်တွင် အမှန်ပင် ပေါ်ထွက်လာခဲ့ပါပြီ။
ထိုသို့ဖြစ်ရခြင်းမှာ ဖန်းယွမ်က လိပ်ခွံကို မီးကင်ပြီး လမ်းကြောင်းကို နိမိတ်ဖတ်ကာ တွက်ချက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သူသည် "အနန္တနဂါးလက်စွပ်"ကို အသုံးပြုပြီး တောရိုင်းဒေသ၏ အနက်ရှိုင်းဆုံးမှာရှိနေသည့် ချီလင်သားရဲ နေထိုင်ရာ နေရာကို ရှာဖွေ တွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။