အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း ၁၉၁ အချိန်သည် ပါရမီရှင်များကို နှိပ်စက်သော ဓားတစ်လက်.....
“ဝူး.....”
ကျန့်မိုရှေးဟောင်းလိုဏ်ဂူ အတွင်း၌ ထူးဆန်းသော လေပြေတစ်ခု တိုက်ခတ်နေသည်။
မကောင်းသော စွမ်းအင်များမှာ လိုဏ်ဂူအနက်ရှိုင်းဆုံးနေရာမှ အဆက်မပြတ် ပျံ့နှံ့နေပြီး၊ လေတိုက်သံမှာလည်း ထိတ်လန့်ခြောက်ခြားဖွယ်ရာ ပဲ့တင်ထပ်နေ၏။
ဂျိချန်းဖန် သည် အေးအေးလူလူ လျှောက်လှမ်းနေသည်။
မှိန်ပြပြ အစိမ်းရောင် အကာအကွယ်ဒိုင်းတစ်ခုမှာ သူ့ကို ကာကွယ်ထားပြီး၊ မကောင်းသော စွမ်းအင်များ သူ၏ ခန္ဓာကိုယ်သို့ မထိတွေ့နိုင်အောင် တားဆီးထားသည်။
ရှောင်ပိုင် ကတော့ သူ့နောက်မှ လိုက်ပါလာသည်။
သူမ၏ မျက်လုံးများထဲတွင် စပ်စုလိုစိတ်များဖြင့် ပတ်ဝန်းကျင်ကို အမြဲမပြတ် ကြည့်ရှုနေမိ၏။
သူမသည် ကျန့်မိုရှေးဟောင်းလိုဏ်ဂူသို့ ယခင်က ရောက်ဖူးသော်လည်း….
အထဲရှိ အနက်ရှိုင်းဆုံးအထိတော့ တစ်ခါမှ မဝင်ဖူးခဲ့ပေ။
အထဲတွင် နှိမ်နင်းထားသော အရာများမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် ဖြစ်သည်။
အကယ်၍ သူမသာ အထဲဝင်သွားခဲ့လျှင်...
ပြန်ထွက်လာနိုင်ဖို့မှာ မသေချာပေ။
“ဟေး..... ဂျိချန်းဖန်.....” ရှောင်ပိုင်၏ အသံမှာ တွေဝေနေပုံရသည်။ သူမသည် ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို မော့ကြည့်ကာ သတိထားပြီး မေးလိုက်သည် .....
“ငါတို့ တကယ်ပဲ အထဲထိ သွားကြမှာလား.....”
ဂျိချန်းဖန် အနည်းငယ် ရပ်လိုက်သည်။
သူသည် နောက်မှ ရှောင်ပိုင်ကို လှည့်ကြည့်ကာ အားကိုးရာမဲ့စွာဖြင့် .....
“ငါတို့ အထဲရောက်နေတာ အခုမှ မဟုတ်တာ” ဟု ပြောလိုက်သည်။
“...” ရှောင်ပိုင် ခဏမျှ ပြောစရာစကား ပျောက်သွားသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်လုံးလေးများတွင် မကျေမနပ်ဖြစ်မှုများ ပေါ်လာပြီး .....
“ငါ ကြောက်နေတာကို မင်းမသိဘူးလား..... မြန်မြန် ငါ့ကို နှစ်သိမ့်ပေးဦးလေ.....” ဟု ဆိုလိုက်သည်။
အမှန်အတိုင်း ပြောရလျှင်။
ရှောင်ပိုင်၏ စရိုက်မှာ အတော်လေး ချစ်စရာကောင်းလှသည်။
သူမတွင် မိစ္ဆာမလေးတစ်ယောက်၏ စိတ်နေစိတ်ထားရှိပြီး စိတ်ကူးပေါက်ရာကို လုပ်ဆောင်တတ်သော်လည်း၊ သူမက မင်းကို သူငယ်ချင်းအဖြစ် အမှန်တကယ် သတ်မှတ်မထားလျှင် အခြားသူများကို ဘယ်တော့မှ မနှောင့်ယှက်တတ်ပေ...။
ယခုကဲ့သို့ပင်။
ရှောင်ပိုင်သည် ဂျိချန်းဖန်ကို သူငယ်ချင်းအစစ်အမှန်အဖြစ် သတ်မှတ်ထားသည်။
ထို့ကြောင့်လည်း သူ့ကို အန္တရာယ်မဖြစ်စေရန် အဆက်မပြတ် တားဆီးနေခြင်း ဖြစ်သည်...။
၎င်းကို ကြားသော် ဂျိချန်းဖန် ခဏစဉ်းစားလိုက်ပြီး ..... “ဒါဆိုရင် မင်း အပြင်မှာပဲ စောင့်နေမလား.....” ဟု မေးလိုက်သည်။
ရှောင်ပိုင် သူ့ကို မှိုင်တွေစွာ ကြည့်လိုက်မိသည်။
“ထားလိုက်ပါတော့၊ ဒီအဖွားကြီးက ဒီနေ့တော့ မင်းနဲ့အတူ အထဲအထိ လိုက်ခဲ့ပေးပါ့မယ်.....”
ထိုသို့ ပြောပြီးနောက်။
သူမသည် အားမာန်ပါလှသော အရှိန်အဝါ များဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
သို့သော် သုံးစက္ကန့်ပင် မပြည့်သေးခင်မှာပင်..... သူမသည် ဂျိချန်းဖန်၏ နောက်ကွယ်သို့ အမြန်ပြေးဝင် ပုန်းလိုက်ပြန်သည်။
တခြားနည်းလမ်း မရှိပေ။
လိုဏ်ဂူအတွင်းရှိ မကောင်းသော စွမ်းအင်များမှာ အလွန်ပင် အေးစက်လွန်းလှသည်။
သူမ တောင့်မခံနိုင်ချေ။
“ဟမ့်.....” ဂျိချန်းဖန်က ရှောင်ပိုင်ကို အထင်အမြင်သေးဟန်ဖြင့် ကြည့်ကာ ..... “ဟန်ဆောင်နေတာလား..... သုံးစက္ကန့်တောင် မခံဘူးပဲ.....” ဟု နောက်လိုက်သည်။
ထိုသို့ ပြောပြီးနောက်....
သူသည် လက်ကို မြှောက်ကာ ရှောင်ပိုင်ကို အသာအယာ တို့လိုက်သည်။
မှိန်ပြပြ အစိမ်းရောင်စွမ်းအား တစ်ခုမှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားပြီး၊ သူမကိုယ်အတွင်းရှိ မကောင်းသော စွမ်းအင်များကို ဖယ်ရှားပေးလိုက်သည်။
“ဟွန်း.....”
ရှောင်ပိုင်က မကျေမနပ်ဖြစ်ကာ နှာခေါင်းရှုံ့လိုက်သည်။
သို့သော် နောက်ဆုံးတွင်တော့ သူမ ဘာမှမပြောတော့ဘဲ ဂျိချန်းဖန်၏ နောက်မှ လိမ္မာယဉ်ကျေးစွာ လိုက်ပါသွားတော့သည်။
သူတို့နှစ်ဦးသည် ကျန့်မိုရှေးဟောင်းလိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ဆက်လက် ဝင်ရောက်လာကြသည်။
ပတ်ဝန်းကျင်ရှိ မကောင်းသော စွမ်းအင်များမှာ ပို၍ပင် ထူထပ်လာသည်။
သို့သော် ၎င်းတို့သည် ဂျိချန်းဖန်၏ စွမ်းအား အကာအကွယ်ဒိုင်းကို မည်သို့မျှ ဖောက်ထွက်နိုင်ခြင်း မရှိဘဲ၊ ဒိုင်း၏ အပြင်ဘက်မှာပင် ရှိနေကြသည်။
လိုဏ်ဂူအတွင်းရှိ လမ်းမှာ ကွေ့ကောက်လှသည်။
၎င်းမှာ ရှေ့သို့ အဆုံးမရှိ ဆန့်တန်းနေပုံရ၏။
ရုတ်တရက် အနက်ရှိုင်းဆုံးနေရာမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး၊ ပြင်းထန်လှသော ရန်လိုမှုများနှင့်အတူ သတိပေးချက်တစ်ခုလည်း ပါဝင်နေသည်။
ဂျိချန်းဖန်၏ ခြေလှမ်းများ အနည်းငယ် ရပ်သွားသည်။
“ဒုန်း.....”
ရှောင်ပိုင်မှာ သတိမထားလိုက်သဖြင့်။
သူ၏ ကျောပြင်ကို တိုက်ရိုက် တိုက်မိသွားတော့သည်။
“ဘာဖြစ်လို့လဲ.....” သူမ စိုးရိမ်တကြီး မေးလိုက်သည်။
ဂျိချန်းဖန် ဘာမှမပြောပေ။
သူ၏ တည်ငြိမ်သော အကြည့်မှာ ရှေ့သို့သာ ကြည့်နေသည်။
“ဝှစ်.....”
ရှောင်ပိုင်သည် ဂျိချန်းဖန်၏ နောက်ကွယ်မှ ခေါင်းလေးပြူထွက်ကာ ရှေ့သို့ ကြည့်လိုက်သည်။
ရှေ့သို့ ကြည့်လိုက်သည့်အခါ။
မိစ္ဆာသားရဲတစ်ကောင် ပတ်ချာလည် လမ်းလျှောက်နေသည်ကိုသာ တွေ့လိုက်ရသည်။
ထိုမိစ္ဆာသားရဲမှာ သိုး၏ ခန္ဓာကိုယ်နှင့် လူ၏မျက်နှာ ရှိပြီး၊ ဂျိုင်းအောက်တွင် မျက်လုံးများ ပါရှိကာ၊ ကျား၏သွားများနှင့် လူ၏လက်များ ရှိသည်နေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်...။
ကြေးခေါင်းလောင်း အရွယ်အစားရှိသော မျက်လုံးလေးလုံးမှာ မျက်နှာ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေပြီး၊ ကြီးမားသော ပါးစပ်မှ ထက်မြက်လှသော အစွယ် ခြောက်ချောင်းမှာ ပြူထွက်နေပြီး သူ၏ မီးခိုးရောင် အသားအရေပေါ်တွင်လည်း အမည်းရောင် အဖုအထစ်များဖြင့် ဖုံးလွှမ်းနေ၏။
၎င်းမှာ အခြားမဟုတ်ဘဲ နတ်သားရဲ ဖြစ်သော ထောင်ထျဲ ပင် ဖြစ်သည်။
ဂျိချန်းဖန် အနည်းငယ် ပြောစရာ စကားပျောက်ဆုံးသွားမိသည်။
ဒီကောင်က ဘယ်လိုလုပ်ပြီး နတ်သားရဲ လေးကောင်ထဲမှာ ပါဝင်နေရတာလဲ..........
ရွှေရောင်ငှက် ကတော့ ထားပါတော့.......
အနည်းဆုံးတော့ ရုပ်မဆိုးဘူး။
ဒါပေမဲ့ ဒီ ထောင်ထျဲ ကတော့..........
မသိတဲ့လူဆိုရင် ဒါကို လမ်းဘေးခွေးလို့တောင် ထင်မိမည် ဖြစ်သည်.....။
“နတ်သားရဲ ထောင်ထျဲ.....”
ရှောင်ပိုင် ထိတ်လန့်သွားသည်။
“ဝူး.....”
ထိုစဉ်မှာပင်။
တည်ငြိမ်သော အသံတစ်ခုမှာ ရှေးဟောင်းလိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
“သူတို့ကို အထဲဝင်ခွင့်ပေးလိုက်ပါ.....”
ချက်ချင်းပင်။
ရှောင်ပိုင်၏ နုနယ်သော ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်ခဲသွားသည်။
သူမ၏ လှပသော မျက်လုံးများမှာ ရှေ့သို့ စိုက်ကြည့်နေပြီး၊ ထိုအသံကို နားထောင်လိုက်ရသည်မှာ အဆုံးမရှိသော မကောင်းသော စွမ်းအင်များကို ခံစားလိုက်ရသကဲ့သို့ပင်။
ရှောင်ပိုင်သည် ဂျိချန်းဖန်၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ ပုန်းနေမိတော့သည်။
“ဝုန်း.....”
ထောင်ထျဲသည် သတိပေးသည့်အနေနှင့် အကြိမ်ကြိမ် ဟိန်းဟောက်လိုက်သည်။
၎င်း၏ မျက်လုံးလေးလုံးထဲတွင် အလွန်ပြင်းထန်လှသော ရန်လိုမှုများ ရှိနေပြီး ဂျိချန်းဖန်နှင့် ရှောင်ပိုင်ကို စိုက်ကြည့်နေသော်လည်း၊ နောက်ဆုံးတွင်တော့ လိုဏ်ဂူအနက်ရှိုင်းဆုံးနေရာသို့ လိမ္မာစွာ ပြန်လည် ဆုတ်ခွာသွားတော့သည်။
ဂျိချန်းဖန်သည် သူ့ရှေ့မှ မြင်ကွင်းအားလုံးကို တည်ငြိမ်စွာ ကြည့်နေသည်။
သူသည် လိုဏ်ဂူအနက်ရှိုင်းဆုံးနေရာသို့ ဆက်လက် လျှောက်လှမ်းလာခဲ့ရာ၊ ခဏအကြာတွင် ကြီးမားလှသော ကျောက်တံခါးကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဝူး.....”
မှိန်ပြပြ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး၊
လိုဏ်ဂူအဆုံးတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ကျောက်တံခါး၏ အပေါ်ဘက်တွင် ကြီးမားသော မြကျောက် တစ်လုံးကို မြှုပ်နှံထားပြီး၊ ထိုကျောက်စိမ်းတုံးမှ အစိမ်းရောင်အလင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
“ဝှစ်.....”
ဂျိချန်းဖန်နှင့် ရှောင်ပိုင်တို့သည် ကျောက်တံခါးရှေ့တွင် ရပ်လိုက်ကြသည်။
ကျောက်တံခါး၏ တစ်ဖက်ခြမ်းမှ တစ်စုံတစ်ယောက်က သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေသည့် တည်ငြိမ်သော အကြည့်တစ်စုံကို ခံစားလိုက်ရသည်။
“ငါ မင်းကို အရင်က မြင်ဖူးတယ်.....”
တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ပိုင် အနည်းငယ် မှင်တက်သွားသည်၊ တစ်ဖက်လူမှာ သူမကို ရည်ညွှန်းနေခြင်း ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းကပေါ့.....”
“မင်း ဒီနေရာကို တစ်ခါ ရောက်ခဲ့ဖူးတယ်.....”
ထိုအသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ရှောင်ပိုင်ကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေ၏။
“ဟူး.....”
သက်ပြင်းချသံတစ်ခု ကြားလိုက်ရသည်။
ကျောက်တံခါး နောက်ကွယ်မှ လူသည် အချိန်အတော်ကြာ မည်သူနှင့်မျှ စကားမပြောခဲ့ရပုံရသည်; သူ ပြောချင်သည့်အရာများစွာ ရှိနေသော်လည်း...
သူ့ရှေ့မှ လူနှစ်ယောက်ကိုတော့ ပြောပြရန် မရည်ရွယ်ထားပုံရသည်။
“မင်းက ငါ့ကို သတ်ဖို့ လာတာလား.....”
သားရဲနတ်ဘုရား က တည်ငြိမ်စွာ မေးလိုက်သည်။
၎င်းကို ကြားသော် ဂျိချန်းဖန်သည် ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
သူသည် နံရံပေါ်ရှိ အစီအရင် ကန့်သတ်ချက် များကို လေ့လာနေရင်း .....
“လောလောဆယ်တော့ မဟုတ်သေးဘူး.....” ဟု ပြောလိုက်သည်။
“လောလောဆယ်တော့ မဟုတ်သေးဘူး ဟုတ်လား.....” သားရဲနတ်ဘုရားမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ သူက ထပ်မမေးတော့ဘဲ မိမိဘာသာ ရေရွတ်လိုက်သည် .....
“ပြင်ပကမ္ဘာမှာ နှစ်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲ..... မင်းလို အစွမ်းထက်တဲ့ လူတစ်ယောက် မွေးဖွားလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.....”
ဂျိချန်းဖန် ပြန်မပြောပေ။
သူသည် နံရံပေါ်ရှိ ကန့်သတ်ချက်များကို အသေအချာ လေ့လာနေပြီး၊ စုန်းမ လင်းလုံ ဖော်စပ်ခဲ့သည့် 'မီးစုဆောင်းခြင်း' ရတနာကိုလည်း ကြည့်ရှုနေသည်။
ရှောင်ပိုင်သည် သူမ၏ နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်ပြီး၊ ဂျိချန်းဖန်ကို တစ်ချက်ကြည့်ကာ စကားစကို လွှဲယူလိုက်သည် ..... “ပြင်ပကမ္ဘာမှာ နှစ်ပေါင်း တစ်သောင်းကျော်တောင် ကုန်ဆုံးသွားပြီ.....”
သားရဲနတ်ဘုရားက တိတ်ဆိတ်စွာပင် ..... “နှစ်ပေါင်း တစ်သောင်း... ဟုတ်လား...” ဟု ဆိုလိုက်သည်။
သူ ဆက်မပြောတော့ပေ၊ အဘယ်ကြောင့်ဆိုသော် ဂျိချန်းဖန် ဤနေရာသို့ လာသည့် ရည်ရွယ်ချက်ကို သူ ရိပ်မိသွားပုံရသောကြောင့် ဖြစ်သည်။
သူသည် အလွန်ပင် ယဉ်ကျေးစွာဖြင့် စောင့်ဆိုင်းနေသည်။
အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်။
ဂျိချန်းဖန်သည် ကန့်သတ်ချက်အားလုံးကို အသေအချာ စစ်ဆေးပြီးသွားသည်။ သူသည် သက်ပြင်းအသာ ချလိုက်မိပြီး .....
“စုန်းမ လင်းလုံ.....”
“တကယ့်ကို ခေတ်တစ်ခေတ်ရဲ့ နတ်ဘုရားမလေးပါပဲ.....”
“ဒါပေမဲ့ နှမြောစရာကောင်းတာက...”
သူ၏ အကြည့်မှာ လိုဏ်ဂူအပြင်ဘက်သို့ ကြည့်လိုက်ရာ၊ အတားအဆီးများစွာကို ဖြတ်ကျော်ပြီး မတ်တပ်ရပ်နေသော ကျောက်ရုပ်ကို မြင်လိုက်ရသည်။
ဂျိချန်းဖန် ညင်သာစွာ သက်ပြင်းချလိုက်သည် .....
“နှမြောစရာကောင်းတာက...”
“အချိန်ဆိုတာ ပါရမီရှင်တွေကို နှိပ်စက်တဲ့ ဓားတစ်လက်ပါပဲ၊ ထာဝရအသက်လမ်းပေါ်မှာ အလှနတ်သမီးအတွက် သက်ပြင်းချမိရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး.....”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်။
ရှောင်ပိုင်၏ နုနယ်သော ခန္ဓာကိုယ်မှာ အနည်းငယ် တုန်လှုပ်သွားသည်။
သူမသည် ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို အံ့အားသင့်စွာ ကြည့်နေမိပြီး၊ ခဏမျှ ဘာပြောရမှန်း မသိဖြစ်နေတော့သည်။
အချိန်သည် ပါရမီရှင်များကို နှိပ်စက်သော ဓားတစ်လက် ဟုတ်လား.....
ဟုတ်ပါတယ်.....
စုန်းမ လင်းလုံ နှင့် ကျင်းယဲ့ ကဲ့သို့သော အစွမ်းထက်သူများပင်လျှင်၊ အချိန်ဆိုသည့် ကောင်းကင်ဓားသွားရှေ့တွင် အားလုံး ကျရှုံးခဲ့ကြရသည် မဟုတ်ပါလော..........
သားရဲနတ်ဘုရားသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
သူသည် ကျောက်တံခါးမှတစ်ဆင့် ရှေ့မှ လူငယ်လေးကို ကြည့်ကာ အသာအယာ ရယ်မောလိုက်ပြီး .....
“မင်းက တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်ပဲ.....”
“အကယ်၍ ဖြစ်နိုင်မယ်ဆိုရင်၊ ငါ မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်ပါတယ်.....”
အခန်း ၁၉၂ - ငါ့လက်ထဲက ဓားကို ကိုင်စွဲလျက်..... ရန်သူအားလုံးကို သုတ်သင်အံ့.....
“သူငယ်ချင်း ဖြစ်ချင်တယ် ဟုတ်လား.....”
ကျောက်တံခါး နောက်ကွယ်မှ အသံကို ကြားလိုက်ရသည့်အခါ
ရှောင်ပိုင် တစ်ယောက် အနည်းငယ် မှင်တက်သွားမိသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်လုံးလေးများမှာ ဘေးရှိ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို ကြည့်လိုက်ပြီး..... သူ ဘယ်လိုပြန်ဖြေမလဲဆိုတာကို သိချင်နေမိ၏။
“ဟူး.....”
၎င်းကို ကြားသော် ဂျိချန်းဖန် သည် သက်ပြင်းအသာ ချလိုက်ရုံသာ ရှိသည်။
သူသည် ကျောက်တံခါးဆီသို့ ခေါင်းလှည့်ကြည့်လိုက်ရာ..... ထိုအတားအဆီးကို ဖြတ်ကျော်ပြီး နောက်ကွယ်ရှိ သားရဲနတ်ဘုရား ကို မြင်နေရသကဲ့သို့ပင်။
“သူငယ်ချင်း ဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်.....”
“ဒါပေမဲ့ နှမြောစရာကောင်းတာက...”
“ငါတို့ရဲ့ တာအိုတွေက မတူကြဘူး..... ဒါကြောင့် ငါတို့ အတူတူ လျှောက်လှမ်းလို့ မရနိုင်ဘူး.....”
“မင်းနဲ့ ငါကတော့ နောက်ဆုံးမှာ ရန်သူတွေပဲ ဖြစ်လာကြလိမ့်မယ်.....”
ဂျိချန်းဖန်က ညင်သာစွာ ပြောလိုက်သည်။
သားရဲနတ်ဘုရားမှာ လွန်ကဲလွန်းလှသည်.....
သို့မဟုတ်လျှင် သူကိုယ်တိုင်ကပင် လွန်ကဲမှု၏ ပြယုဂ်တစ်ခု ဖြစ်နေပေသည်.....။
မည်သို့ပင်ဆိုစေ သူသည် အဆုံးမရှိသော မိစ္ဆာ စွမ်းအင် များမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။
မိစ္ဆာ စွမ်းအင်။
၎င်းသည် သဘာဝအရပင် လောက၏ အဆိုးရွားဆုံး အရာများကို ကိုယ်စားပြုသည်။
သားရဲနတ်ဘုရား၏ လွန်ကဲမှုတွင် အကြောင်းပြချက် ရှိနေသည်။
သေချာသည်မှာ..... သူ လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်ရသည့် အကြောင်းရင်းထဲတွင် စုန်းမ လင်းလုံ ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်သည် မဟုတ်ပါလား..........
ကျောက်တံခါး နောက်ကွယ်တွင် သားရဲနတ်ဘုရား တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် သူသည် ရုတ်တရက် ခပ်မှိန်မှိန် ပြုံးလိုက်သည်။
သူ၏ အသံမှာ ငရဲပြည်မှ လာသကဲ့သို့ပင် ထိတ်လန့်စရာကောင်းပြီး အေးစက်လှသည် .....
“မင်းက ငါ့အကြောင်းကို အတော်လေး သိထားပုံရတယ်.....”
“အကုန်လုံး သိတယ်လို့တော့ မဆိုလိုပါဘူး” ဂျိချန်းဖန် ခေါင်းအသာ ခါလိုက်သည်။
သူသည် သားရဲနတ်ဘုရား၏ ဘဝဇာတ်ကြောင်းကို သိထားသော်လည်း..... သူ့ကို နားလည်သည်ဟုတော့ မပြောဝံ့ပေ.....
“သူတစ်ပါး ခံစားခဲ့ရသည့် ဒုက္ခမျိုးကို ကိုယ်တိုင် မခံစားဖူးဘဲနှင့် အခြားသူကို လူကောင်းလုပ်ရန် မတိုက်တွန်းပါနှင့်” ဆိုသည့် စကားအတိုင်း.......
ဂျိချန်းဖန်၏ အမြင်တွင်.....
ဤလောကတွင် လူလေးမျိုးသာ ရှိသည် .....
ဆွေမျိုး..... မိတ်ဆွေ..... သူစိမ်း နှင့် ရန်သူ။
သူ၏ စိတ်ထဲတွင် 'ဖြောင့်မတ်သော လမ်းစဉ်' နှင့် 'မိစ္ဆာ လမ်းစဉ်' ဆိုသည့် အယူအဆမှာ အလွန်အမင်း ပြင်းထန်ခြင်း မရှိပေ.....
သူသည် အရာအားလုံးကို အထက်စီးမှ မြင်နေရသောကြောင့် ဖြစ်နိုင်သည်..........
သို့သော် သေချာ သိနားလည်ထားသည်မှာ..........
ဖြောင့်မတ်သော လမ်းစဉ်က လူတိုင်းသည် ထိုလမ်းစဉ်၏ စံနှုန်းများကို အမြဲတမ်း လိုက်နာကြသည် မဟုတ်သလို..... မိစ္ဆာ လမ်းစဉ်က လူတိုင်းသည်လည်း အမြဲတမ်း ထိုလမ်းစဉ်နောက်ကိုသာ လိုက်နေကြသည် မဟုတ်ပေ။
အများစုမှာ ကိုယ်ကျိုးစီးပွား လောဘများကြောင့်သာ ဖြစ်သည်။
သို့မဟုတ်လျှင် အတ္တများကြောင့်သာဖြစ်သည်..........
နတ်ဆိုးဘုရင်ဝမ်ရန်ဝမ် သည် လောကကြီးကို စည်းလုံးစေရန် 'ဝိညာဉ်လေးပါး သွေးအစီအရင်'ကို အသက်သွင်းချင်နေခြင်းဖြစ်သည်။ ၎င်းမှာ သူ၏ အတ္တပင် ဖြစ်သည်။
ဖန်ရှန်းဂူ မှ ယွမ်ယီလန် သည် လောကကြီးကို သူ၏လက်အောက်သို့ ရောက်စေရန် သားရဲနတ်ဘုရား ပြန်လည် နိုးထလာမှုကို အားပေးချင်သည်။
၎င်းမှာလည်း အတ္တပင် ဖြစ်သည်...။
ထိုသူများ၏ အတ္တမှာ.......
ဂျိချန်းဖန်၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ထို့ကြောင့် သဘာဝကျကျပင် မတူညီသော ဘက်တော်သားများ ဖြစ်သွားကြသည်မှာ အသေအချာပင်။
နှစ်ဖက်စလုံးမှာ ရန်သူများ ဖြစ်ကြသည်။
၎င်းမှလွဲ၍........
အခြား အကြောင်းပြချက် မရှိပေ။
ထိုရန်သူများကို ရင်ဆိုင်ရာတွင် ဂျိချန်းဖန်သည် တွေဝေမနေဘဲ သူ၏လက်ထဲမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် သူတို့အားလုံးကို တစ်ယောက်ပြီး တစ်ယောက် သုတ်သင်သွားမည်သာ ဖြစ်သည်..........
“ဝုန်း.....”
အလွန်အမင်း အစွမ်းထက်လှသော မိစ္ဆာ စွမ်းအင် တစ်ခုမှာ ကျောက်တံခါး နောက်ကွယ်မှ ပေါက်ကွဲထွက်လာသည်။
ပတ်ဝန်းကျင်ရှိ ကန့်သတ်ချက် များနှင့် အစီအရင် လမ်းကြောင်းများမှာ ထိုအချိန်တွင် တစ်ပြိုင်နက် လင်းထိန်သွားပြီး..... ပူပြင်းလှသော အလင်းတန်းများမှာ ကျောက်တံခါး နောက်ကွယ်မှ အရှိန်အဝါ များကို အဆက်မပြတ် နှိမ်နင်းလိုက်ကြသည်...။
ဂျိချန်းဖန်မှာတော့ ထိုနေရာ၌ပင် မတ်မတ်ရပ်နေသည်။
သူ၏ အဖြူရောင် ဝတ်စုံမှာ လွင့်ပျံ့နေပြီး..... ရပ်ဟန်မှာ တည်ကြည်လှကာ..... သူ၏ ထူထဲနက်မှောင်သော ဆံပင်များမှာ လွင့်နေပြီး..... သူ၏ မီးရှူးတိုင်ကဲ့သို့သော မျက်လုံးများမှာ သူ့ရှေ့မှ အရာအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်နေ၏။
“ဝှစ်.....”
ခဏချင်းမှာပင် မမြင်ရသော ဓားဆန္ဒတစ်ခုမှာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ကြီးမားလှသော အရှိန်အဝါ တစ်ခုမှာ တွေဝေခြင်းမရှိဘဲ ထွက်ပေါ်လာပြီး..... ပတ်ဝန်းကျင်မှ မိစ္ဆာ စွမ်းအင်များကို နောက်သို့ တိုက်ရိုက် ပြန်လည် တွန်းထုတ်ပစ်လိုက်သည်။
ရှောင်ပိုင်၏ လှပသော မျက်လုံးများထဲတွင် ကြောက်ရွံ့ရိပ်အချို့ ပေါ်လာသည်။
သူမသည် သူမရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေး၏ တည်ကြည်သော ကျောပြင်ကို ကြည့်ရင်း မှင်တက်နေမိသည်.....
သူ၏ အစွမ်းမှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ..........
၎င်းမှာ ရှောင်ပိုင်အနေနှင့် ဂျိချန်းဖန် သူ၏ အစွမ်းအပြည့်ကို ထုတ်သုံးသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်...။
အရင်ကဆိုလျှင်
ထိုက်ကျင်းနယ်ပယ် ၏ အစွမ်းအကြောင်းကို သူမ ဘာမှမသိခဲ့ပေ။
ရှောင်ပိုင်သည် သူမ၏ လည်ပင်းလေးကို အသာကျုံ့ကာ..... ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဂျိချန်းဖန်၏ နောက်ကွယ်တွင်သာ ပုန်းနေလိုက်တော့သည်။
“ဝုန်း.....”
အရှိန်အဝါ နှစ်ခုမှာ ထိပ်တိုက် တွေ့ဆုံသွားကြသည်။
၎င်းမှာ လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။
သားရဲနတ်ဘုရားသည် သူ၏ ခန္ဓာကိုယ်မှ မိစ္ဆာ စွမ်းအင်များကို တိတ်ဆိတ်စွာ ပြန်လည် ရုပ်သိမ်းလိုက်သည်။
သူသည် ဂျိချန်းဖန်၏ အစွမ်းအကြောင်းကို အကြမ်းဖျင်း သိရှိသွားခဲ့ပြီ ဖြစ်ရာ..... သူ ပြောနိုင်သည်မှာ...
သူတို့နှစ်ယောက်မှာ အတူတူလောက်ပင် ဖြစ်သည်။
“မင်းကို ငါ ပုံပြင်တစ်ပုဒ် ပြောပြရင် ဘယ်လိုလဲ.....”
သားရဲနတ်ဘုရားက ညင်သာစွာ မေးလိုက်သည်။
သူ တကယ်ကို ပျင်းနေပြီ ဖြစ်သည်။
သူသည် ဤနေရာ၌ နှစ်ပေါင်း တစ်သောင်းတိုင်တိုင် ချိပ်ပိတ် ခံထားရသည်။
များသောအားဖြင့် ထောင်ထျဲ နှင့်သာ စကားပြောလေ့ရှိသော်လည်း..... ထောင်ထျဲမှာမူ စကားမပြောတတ်ပေ...။
“ငါ နားထောင်ပေးပါ့မယ်.....”
ဂျိချန်းဖန်က ညင်သာစွာ ပြောလိုက်သည်။
သားရဲနတ်ဘုရား ဘာတွေပြောမလဲဆိုတာကို သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။
မည်သို့ပင်ဆိုစေ..... ထို ဝမ်းနည်းစရာ ကောင်းလှသော အချစ်ပုံပြင်မှလွဲ၍ အခြားပြောစရာ များများစားစား ရှိလိမ့်မည် မဟုတ်ပေ။
ရှောင်ပိုင်မှာတော့ နားစွင့်နေမိသည်။ သူမ၏ လက်များကို ဂျိချန်းဖန်၏ ပုခုံးပေါ်တွင် တင်ကာ..... သူ၏ နောက်ကွယ်မှ စပ်စုလိုဟန်ဖြင့် ခေါင်းလေးပြူထွက်ရင်း..... သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်လုံးလေးများဖြင့် ကျောက်တံခါးဆီသို့ ကြည့်နေသည်။
ပုံပြင်တစ်ပုဒ်.....
သားရဲနတ်ဘုရားလို ထူးဆန်းတဲ့ တည်ရှိမှုမှာလည်း ပုံပြင်ရှိနေတာလား.....
သူမသည် သားရဲနတ်ဘုရား အကြောင်းကို ရှေးဟောင်း စုန်းမျိုးနွယ်စု ထံမှ ကြားဖူးခဲ့ရုံသာ ရှိသည်။
သူသည် လောက၏ အကြီးမားဆုံးသော မိစ္ဆာကောင် ဖြစ်ကြောင်းသာ သိထားပြီး..... သူ ဘယ်ကနေ စတင်ခဲ့သလဲ ဆိုတာကိုတော့ သူမ မသိခဲ့ပေ...။
မည်သို့ပင်ဆိုစေ
သားရဲနတ်ဘုရား၏ အစပျိုးမှုမှာ။
သူနှင့် စုန်းမ လင်းလုံ တို့ နှစ်ယောက်သာ သိရှိသောအရာ ဖြစ်သည်။
“ဟူး.....”
ကျောက်တံခါး နောက်ကွယ်မှ သက်ပြင်းချသံလေး တစ်ခု ထွက်ပေါ်လာသည်။
သားရဲနတ်ဘုရား၏ ပင်ပန်းနွမ်းနယ်နေသော အသံမှာ ဂျိချန်းဖန်နှင့် ရှောင်ပိုင်တို့၏ နားထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည် .....
“လောက က ငါ့ကို ကောင်းကင်အောက်က အကြီးမားဆုံးသော ထူးဆန်းမှုလို့ ပြောကြတယ် မဟုတ်လား..... ဒါပေမဲ့ ငါဆိုတဲ့ အရာက လူသားတွေ ကိုယ်တိုင် ဖန်တီးခဲ့တာဆိုတာကိုတော့ သူတို့ မသိကြဘူး...”
၎င်းကို ကြားသော်.......
ရှောင်ပိုင်၏ လှပသော မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ..... “ဘာ..... အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..........” ဟု အံ့အားသင့်စွာ အော်လိုက်မိသည်။
သားရဲနတ်ဘုရားရဲ့ မွေးဖွားလာမှုက..... လူသားတွေ ကိုယ်တိုင် ဖန်တီးခဲ့တာတဲ့လား.....
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..........
မသေနိုင်တဲ့ သားရဲနတ်ဘုရားကို လူသားတွေက ဖန်တီးခဲ့တာလား..........
ဂျိချန်းဖန်၏ အမူအရာမှာတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူသည် သားရဲနတ်ဘုရား၏ ကိုယ်တိုင် ပြောပြနေသော စကားများကို တိတ်ဆိတ်စွာ နားထောင်နေသည်။
“ငါ ပထမဆုံးအကြိမ် သတိဝင်လာတုန်းက..... ငါ သူ့ကို မြင်ခဲ့တယ်။ သူက ငါ့ကို အမြဲတမ်း စောင့်ကြည့်နေတာကို ငါ သိသာတယ်။ နောက်ပိုင်း အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ငါလည်း တဖြည်းဖြည်း ဖြစ်တည်လာခဲ့တယ်...”
“အဲဒီအချိန်မှာပဲ ငါ သူ့ရဲ့ နာမည်ကို သိခဲ့ရတယ်.....”
“သူ့နာမည်က လင်းလုံ တဲ့..... သူက လူသားတစ်ယောက်ပေါ့.....”
“ငါကတော့ ထူးဆန်းတဲ့ အရာတစ်ခုပေါ့.....”
သားရဲနတ်ဘုရား၏ အသံမှာ ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်နေသော်လည်း..... သူ၏ မျက်လုံးထဲတွင်တော့ မထင်မရှားသော နူးညံ့မှုရိပ်အချို့ ဖြတ်သန်းသွားသည်။ သူက ဖြည်းညင်းစွာ ပြောလိုက်သည် .....
“ငါ့ကို လင်းလုံက ရှေးဟောင်း စုန်းအတတ်တွေနဲ့ လျှို့ဝှက်နည်းလမ်းတွေကို သုံးပြီး..... တောင်ပိုင်းနယ်စပ် ရဲ့ မိစ္ဆာ စွမ်းအင်တွေကို စုစည်းပြီး ဖန်တီးခဲ့တာပဲ.......ငါက အဆုံးမရှိတဲ့ မိစ္ဆာ စွမ်းအင်တွေကနေ မွေးဖွားလာခဲ့တာကြောင့်..... မသေနိုင်သလို ဖျက်ဆီးလို့လည်း မရဘူး...”
၎င်းကို ကြားသော်
ရှောင်ပိုင် တစ်ယောက် လုံးဝ မှင်တက်သွားတော့သည်။
ဘာ..... သားရဲနတ်ဘုရားကို စုန်းမ လင်းလုံက ဖန်တီးခဲ့တာ ဟုတ်လား..........
ဒါကတော့...
“ယုံရခက်တယ် မဟုတ်လား.....”
သားရဲနတ်ဘုရားမှာ ရှောင်ပိုင်၏ အမူအရာကို သတိပြုမိပုံရသည်။ သူသည် အနည်းငယ် လှောင်ပြောင်ဟန်ဖြင့် ခပ်တိုးတိုး ရယ်လိုက်ပြီး .....
“အကယ်၍ အဲဒီ စုန်းမျိုးနွယ်စုဝင်တွေသာ သူတို့ အကြည်ညိုဆုံး နတ်ဘုရားမက ငါဆိုတဲ့ အရာကြီးကို ဖန်တီးခဲ့တာဆိုတာကို သိသွားရင်...
သူတို့ ဘယ်လို ခံစားရမလဲဆိုတာကို ငါ သိချင်မိတယ်..... .....”
ရှောင်ပိုင် တိတ်ဆိတ်သွားတော့သည်။
ဒီပုံပြင်ထဲက အချက်အလက်တွေက များပြားလွန်းလှသည်။
သူမ ယုံရခက်နေသော်လည်း သားရဲနတ်ဘုရား အနေနှင့် သူမကို လိမ်ပြောရန် အကြောင်းပြချက် မရှိပေ။
“ငါ လင်းလုံကို အမြဲတမ်း မေးလေ့ရှိတယ်..... ဘာလို့ ငါ့ကို ဖန်တီးခဲ့တာလဲ ဆိုတာကိုပေါ့..... သူက အမြဲတမ်း ပြောဖို့ ငြင်းဆန်ခဲ့တယ်..... နောက်ပိုင်းကျမှပဲ...”
“ငါ နောက်ဆုံးတော့ နားလည်သွားခဲ့တယ်.....”
“အမှန်တော့ လင်းလုံကလည်း ထာဝရအသက်ကို ရှာဖွေခဲ့တာပါပဲ.....”
သားရဲနတ်ဘုရား၏ လေသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
သူက ဖြည်းညင်းစွာ ပြောလိုက်သည် ..... “လူသားတွေမှာ အဆုံးမရှိတဲ့ အလားအလာတွေ ရှိပေမဲ့..... နောက်ဆုံးတော့လည်း အချိန် ဆိုတဲ့ စကားလုံး နှစ်လုံးကနေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ဘူး...”
ထိုသို့ ပြောပြီးနောက်......
သူ၏ အကြည့်မှာ ကျောက်တံခါး အပြင်ဘက်ရှိ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးထံသို့ ရောက်သွားပြီး ..... “မင်းကော... ထာဝရအသက်ကို ရှာဖွေနေတာလား..........” ဟု မေးလိုက်သည်။
“သေချာတာပေါ့” ဂျိချန်းဖန် ခေါင်းအသာ ညိတ်လိုက်သည်။
ထာဝရအသက်..... ဘယ်သူကများ မလိုချင်ဘဲ နေမှာလဲ.....
ဒါပေမဲ့ သူက လင်းလုံနဲ့တော့ မတူဘူး။ သူရှိနေတဲ့ ခေတ်မှာတော့ 'ကောင်းကင်ကျမ်း ငါးတွဲ' ပေါ်လာပြီ ဖြစ်သဖြင့် ထာဝရအသက်ဆိုတာ လက်တစ်ကမ်းမှာ ရှိနေပြီ ဖြစ်သည်။
အကယ်၍ လင်းလုံသာ ထိုအချိန်က ကောင်းကင်ကျမ်း ငါးတွဲကို ရရှိခဲ့လျှင်..... သူမလည်း ၎င်းတို့မှတစ်ဆင့် ထာဝရအသက် ရရှိမည့် နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်ခဲ့မှာ အသေအချာပင်...။
အချိန်နဲ့ ကံကြမ္မာရဲ့ တိုက်ဆိုင်မှုတစ်ခုဟု ပြောရပေမည်။