အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း ၁၉၃ - ရှောင်ပိုင်၏ ဇဝေဇဝါဖြစ်မှု.....
၎င်းကို ကြားသော်...
ရှောင်ပိုင် သည် အဖြူရောင်ဝတ်စုံဝတ် လူငယ်လေး ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ထိုလူငယ်လေးသည်လည်း ဆုပ်ကိုင်ရခက်လှသော ထာဝရအသက်ကို လိုက်စားနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ.....
သို့သော်လည်း။
သူ၏ ပါရမီနှင့်ဆိုလျှင်........
တကယ်ပဲ ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်မည်ဖြစ်သည်။
ကျောက်တံခါး နောက်ကွယ်မှ သားရဲနတ်ဘုရား မှာ ခပ်မှိန်မှိန် ပြုံးလိုက်ပြီး ဆုတောင်းပေးလိုက်သည် ..... “ဒါဆိုရင် မင်းအတွက် ကံကောင်းပါစေလို့ ငါ ဆုတောင်းပေးပါတယ်.....”
“မင်းရဲ့ ဆုတောင်းတွေအတွက် ကျေးဇူးတင်ပါတယ်”
ဂျိချန်းဖန် က ခေါင်းအသာ ညိတ်လိုက်သည်။
ထို့နောက် သားရဲနတ်ဘုရားသည် သူ၏ ပုံပြင်ကို ဆက်လက် ပြောပြနေသည်။
သူ၏ အသံမှာ အေးစက်တည်ငြိမ်နေပြီး..... သူ၏ ခန္ဓာကိုယ်ပေါ်မှ မိစ္ဆာ စွမ်းအင်နှင့် ရန်လိုမှု များမှာ ပျောက်ကွယ်သွားပြီ ဖြစ်ရာ..... သာမန် လူသား တစ်ယောက်နှင့်ပင် တူနေတော့သည်။
သို့သော် ကံမကောင်းစွာဖြင့်...........
သူသည် 'လူ' အစစ်အမှန် လုံးဝ မဟုတ်ပေ။
“ငါ မွေးဖွားလာတုန်းက ပထမဆုံး မြင်ခဲ့ရတဲ့ လူက လင်းလုံ ပဲ..... အဲဒီအချိန်ကစပြီး ငါ့ရဲ့ ကမ္ဘာထဲမှာ သူတစ်ယောက်ပဲ ရှိခဲ့တာ...”
“အစပိုင်းမှာတော့ သူက ငါ့ကို ပြုံးပြတတ်တယ်..... ဒါပေမဲ့ ငါက ကောင်းကင်နဲ့ မြေကြီးရဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ဆက်ပြီး စုပ်ယူရင်း ပိုပြီး အစွမ်းထက်လာတဲ့ အခါမှာတော့...”
သူမ၏ မျက်နှာပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွားခဲ့သည်။
“...”
သားရဲနတ်ဘုရား၏ အသံမှာ ပို၍ ပြင်းထန်လာသည်။
သူ၏ ပုံပြင်ထဲတွင် သူကိုယ်တိုင် နစ်မျောနေပုံရသည်..... မည်သို့ပင်ဆိုစေ ၎င်းမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ မဟုတ်ပါလော.....
“တစ်နေ့မှာ.....”
“ငါ လင်းလုံ ထားခဲ့တဲ့ ကန့်သတ်ချက် ကို ချိုးဖျက်ပြီး တိတ်တဆိတ် ထွက်ပြေးခဲ့တယ်.....”
“အပြင်လောကမှာတော့ နေရာတိုင်းမှာ လူတွေ ရှိနေကြပြီး..... သူတို့ ငါ့ကို မြင်တာနဲ့ ငါ့ကို ငါ့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူးဆိုပြီး မိစ္ဆာတစ်ကောင်လို့ ပြောပြီး သတ်ဖို့ ရူးရူးမူးမူး လိုက်ကြတော့တာပဲ........”
“ငါ လုံးဝ နားမလည်ခဲ့ဘူး..... ငါလည်း ငါ့ကိုယ်ငါ ကာကွယ်ဖို့ အစွမ်းကုန် ပြန်တိုက်ခိုက်ခဲ့တယ်..... နောက်ဆုံး လူတစ်ယောက်ကို သတ်မိသွားတဲ့ အထိပဲ...”
“အဲဒီနောက်မှာ လင်းလုံ ပြန်ရောက်လာတယ်..... သူ ငါ့ကို မျက်နှာဖြူလျော်လျော်နဲ့ ကြည့်ပြီး ငါ့ကို သတ်ချင်နေခဲ့တယ်.....”
သားရဲနတ်ဘုရား၏ စကားလုံးများမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
သူ၏ အသံမှာ တဖြည်းဖြည်း ရူးသွပ်လာပြီး..... အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များနှင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။
“ငါ နားမလည်ဘူး.....”
ငါ ဘာမှားလို့လဲ.....
“ငါလို မိစ္ဆာကောင်တွေက သေသင့်တာလား..........”
“ဝုန်း.....”
ဂျိချန်းဖန်သည် သူ၏ ရှေ့မှ အဆုံးမရှိသော ဒေါသနှင့် ရန်လိုမှုများကို တားဆီးရန် လက်ကို တည်ငြိမ်စွာ ဝှေ့ယမ်းလိုက်သည်။
သူ ဘာမှမပြောဘဲ သားရဲနတ်ဘုရား၏ ဒေါသကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သူ့နောက်တွင် ပုန်းနေသော ရှောင်ပိုင်မှာတော့ လည်ပင်းလေး ကျုံ့နေမိတော့သည်။
'မင်း မသေရင် ငါ သေရမှာလား.....'
'မင်းရဲ့ အခု အခြေအနေနဲ့ဆိုရင် မင်းကို အသက်ရှင်ခွင့်ပေးပြီး လောကကြီးကို ဖျက်ဆီးခိုင်းရမှာလား.....'
သားရဲနတ်ဘုရားမှာ ခဏမျှ ဒေါသထွက်နေပြီးနောက်..... သူ၏ လေသံမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားပြီး ဆက်ပြောသည် .....
“နောက်ပိုင်း.....”
“လင်းလုံက 'နတ်ဆိုးရှစ်ပါး နက်နဲသော မီးအစီအရင်' ကို ဖန်တီးပြီး ငါ့ကို ဒီမှာ ထာဝရ ပိတ်လှောင်ထားခဲ့တယ်..... ဒါပေမဲ့ သူ ငါ့အတွက် မျှော်လင့်ချက် အလင်းရောင်လေး တစ်ခုတော့ ချန်ထားပေးခဲ့သေးတယ်.....”
“သူက သူ့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်ကို အသုံးချခဲ့ပြီး.....”
“ငါ့အတွက် ခန္ဓာကိုယ်တစ်ခုကို ထုဆစ်ပေးခဲ့တယ်.....”
“အကယ်၍ ငါသာ 'မြင့်မြတ်သော ရတနာ' ငါးခုလုံးကို စုစည်းနိုင်ရင်..... ငါ ပြန်လည် နိုးထလာနိုင်ပြီး အစီအရင်ရဲ့ ချိပ်ပိတ် ကနေ လွတ်မြောက်နိုင်လိမ့်မယ်...”
သားရဲနတ်ဘုရား၏ အသံမှာ အလွန်ပင် အေးစက်နေသည်။
သူ့မှာ လွတ်မြောက်ချင်စိတ် အလွန်အမင်း ရှိပုံမရပေ။
ထို့နောက် မိမိဘာသာ ရေရွတ်လိုက်သည် .....
“အမှန်တော့ ငါ လိုချင်တာက လင်းလုံနဲ့ ထာဝရ အတူရှိနေဖို့ပဲ..... တခြား ဘာရည်ရွယ်ချက်မှ မရှိဘူး...”
“ဒါပေမဲ့ သူ သေသွားပြီ.....”
သားရဲနတ်ဘုရား၏ အသံမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
နောက်တစ်စက္ကန့်တွင်တော့ အဆုံးမရှိသော ရန်လိုမှုများ ပေါက်ကွဲထွက်လာတော့သည်။
ရှေးဟောင်းလိုဏ်ဂူ တစ်ခုလုံးမှာ သောင်းကျန်းနေသော မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။
သားရဲနတ်ဘုရား၏ အသံမှာ အနက်ရှိုင်းဆုံး ငရဲပြည်မှ လာသကဲ့သို့ အေးစက်ခြောက်ခြားဖွယ် ပဲ့တင်ထပ်နေ၏ .....
“လင်းလုံ သေသွားပြီဆိုမှတော့.....”
“ဒီလောကကြီးကလည်း အဓိပ္ပာယ် မရှိတော့ဘူး.....”
“ဒီလောကကြီး တစ်ခုလုံးကို သူ့ရဲ့ အသက်နဲ့ ပြန်ပေးဆပ်ခိုင်းရမယ်...............”
ထိုစကားများ ပြောလိုက်သည့်အခါ........
ရှောင်ပိုင်၏ နုနယ်သော ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်ခဲသွားသည်။
သူမ၏ လှပသော မျက်လုံးများမှာ ကျောက်တံခါး နောက်ကွယ်မှ သားရဲနတ်ဘုရားကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်..... သူ၏ အတွေးအခေါ်ကြောင့် သူမ အမှန်တကယ်ပင် တုန်လှုပ်သွားရသည်။
ဝိုး.....
လောကကြီး တစ်ခုလုံးကို လင်းလုံနဲ့အတူ မြှုပ်နှံရမယ် ဟုတ်လား.....
ဒါက တကယ့်ကို 'အချစ်ကြီး' တာပဲ.....
အကယ်၍ လင်းလုံသာ ပြန်ရှင်လာရင်..... မင်းကို အရှင်လတ်လတ် ထပ်သတ်ဦးမှာပဲ မဟုတ်လား..........
ရှောင်ပိုင် စကားပျောက်သွားမိသည်။
ဂျိချန်းဖန် ဘာကြောင့် စောစောက သူတို့ရဲ့ တာအို တွေက မတူကြဘူးလို့ ပြောခဲ့လဲဆိုတာကို သူမ အခုမှ နားလည်သွားတော့သည်။
ဘယ်သူကမှ မင်းနဲ့ တာအိုလမ်းစဉ် တူမှာ မဟုတ်ဘူး။
မင်းက ငါတို့ကို သတ်ဖို့ ကြိုးစားနေတာပဲဥစ္စာ.....
“ဟူး.....”
ဂျိချန်းဖန်လည်း အနည်းငယ် အားကိုးရာမဲ့ ဖြစ်သွားသည်။
လွန်ကဲလှပေသည်..........
ဒါက တကယ့်ကို လွန်ကဲလွန်းလှသည်။
၎င်းမှာ ကောင်းကင်နှင့် မြေကြီး၏ မကောင်းသော ဝိညာဉ်များ၏ ပြယုဂ်ဖြစ်ကြောင်းသာ ပြောနိုင်တော့သည်။
အကယ်၍ လင်းလုံသာ ထိုအချိန်က သားရဲနတ်ဘုရားနှင့် အတူရှိခဲ့ရင်တောင်မှ.....
လင်းလုံ၏ သက်တမ်းကုန်ဆုံးခါနီးအချိန်တွင် သားရဲနတ်ဘုရားသည် ဤလမ်းစဉ်အတိုင်းပင် လျှောက်လှမ်းဦးမည်မှာ အသေအချာပင်...။
မည်သို့ပင်ဆိုစေ သူကိုယ်တိုင်ကပင် လွန်ကဲသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလား။
တို့ထိလိုက်ရုံနှင့် ပေါက်ကွဲထွက်သွားမည့်သူမျိုး ဖြစ်သည်။
သူ့ကို ဖန်တီးခဲ့သည့် လင်းလုံမှလွဲ၍
အခြား မည်သူမျှ သူ့ကို ထိ၍ မရပေ..... 'ကျူးရှန်းဓား' ကဲ့သို့ပင်။
သူတို့အားလုံးမှာ ဖြစ်တည်မှုချင်းတူတူပင် ဖြစ်သည်။
ရှောင်ပိုင်သည် ဂျိချန်းဖန်၏ အင်္ကျီလက်ကို အနည်းငယ် ကြောက်လန့်တကြီး ဆွဲလိုက်သည်။
သူမ၏ နှုတ်ခမ်းလေးများမှာ ..... 'သွားကြစို့..... ဒီကောင်က တကယ့်ကို အရူးကြီးပဲ.....' ဟု ပြောနေသကဲ့သို့ တုန်ယင်နေ၏။
ဤမြင်ကွင်းကို မြင်သော်........
ဂျိချန်းဖန် ခေါင်းအသာ ခါလိုက်မိသည်။
သူသည် သားရဲနတ်ဘုရား၏ အတွေးအခေါ်အပေါ် မည်သည့်မှတ်ချက်မှ မပေးတော့ဘဲ..... ရှောင်ပိုင်ကို ခေါ်ကာ လှည့်ထွက်လာခဲ့တော့သည်။
သားရဲနတ်ဘုရားမှာတော့ သူတို့ ထွက်ခွာသွားသည်ကို စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သူ၏ ဆုံးဖြတ်ချက်ကိုတော့ ထိုအချိန်တွင် မည်သူမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။
...
“ဟူး.....”
ရှောင်ပိုင်သည် သူမ၏ ရင်ဘတ်ကို စိုးရိမ်တကြီး ပုတ်လိုက်ရင်း..... သူမ၏ နောက်ကွယ်မှ ကျန့်မိုရှေးဟောင်းလိုဏ်ဂူ ကို ကြည့်ကာ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ပေါ်နေ၏။
“ဒီကောင်က တကယ့်ကို အရူးကြီးပဲ.....”
“အတိအကျ ပြောရရင်..... သူ့ကို လူသားတစ်ယောက်လို့တောင် သတ်မှတ်လို့ မရဘူး” ဂျိချန်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။
သူတို့နှစ်ဦး ရှေ့သို့ ဆက်လျှောက်လာခဲ့ကြသည်။
စုန်းမ လင်းလုံ၏ ကျောက်ရုပ်ရှေ့သို့ ရောက်သောအခါ ရှောင်ပိုင် ခဏ ရပ်လိုက်သည်။ သူမရှေ့မှ ကျောက်ရုပ်ကို ကြည့်ရင်း သူမ မေးလိုက်သည် .....
“စုန်းမ လင်းလုံက သူ့ကို တကယ်ပဲ ချစ်ခဲ့မယ်လို့ မင်း ထင်လား.....”
“မချစ်ပါဘူး.....”
ဂျိချန်းဖန်က ပြတ်ပြတ်သားသားပင် ခေါင်းခါလိုက်သည်။ သူက ဆိုသည်မှာ .....
“သူမရဲ့ ထာဝရအသက် ရရှိလိုတဲ့ ဆန္ဒကြောင့်..... သားရဲနတ်ဘုရားဟာ စုန်းမ လင်းလုံ အတွက်တော့ စမ်းသပ်မှုတစ်ခုထက် မပိုခဲ့ပါဘူး။ သူမက သူ့ကို ဘယ်လိုလုပ် ချစ်နိုင်မှာလဲ..........”
“စုန်းမ လင်းလုံက ဘယ်လောက်တောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးလဲ..... သူမရဲ့ တာအိုနှလုံးသား က ဘယ်လောက်တောင် ခိုင်မာလိုက်လဲ..... သူမက ဘယ်လိုလုပ်ပြီး သူမကိုယ်တိုင် ဖန်တီးခဲ့တဲ့ အရာတစ်ခုကို ရုတ်တရက် ချစ်မိသွားမှာလဲ.....”
“ဖြစ်နိုင်တာက သံယောဇဉ်တော့ ရှိနိုင်ပါတယ်.....”
“ဒါပေမဲ့ အဲဒါက တကယ့် အချစ်စစ်တော့ မဟုတ်တာ သေချာတယ်.....”
“မိခင်နဲ့ သားကြားက သံယောဇဉ်မျိုး ဖြစ်နိုင်မလား..... သားရဲနတ်ဘုရားက သူမရဲ့ သားတစ်ယောက်လို ဖြစ်နေတာပဲဥစ္စာ.....”
ရှောင်ပိုင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
သူမလည်း ထိုသို့ပင် တွေးမိသည်။
အဘယ်ကြောင့်ဆိုသော်.........
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး အနေနှင့်..... စုန်းမ လင်းလုံသည် သားရဲနတ်ဘုရားကဲ့သို့ ထူးဆန်းသော အရာမျိုးကို ဖန်တီးနိုင်ခဲ့သည်ဆိုလျှင်..... သူမ၏ အစွမ်းမှာ ထိုက်ကျင်း နယ်ပယ်ထက် များစွာ သာလွန်နေမည်မှာ အသေအချာပင်။
ထိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် သားရဲနတ်ဘုရားကဲ့သို့ မိစ္ဆာကောင်တစ်ကောင်ကို ဘယ်လိုလုပ် ရုတ်တရက် ချစ်မိသွားနိုင်မည်မဟုတ်ပေ..........
မိခင်နှင့် သားကြားက သံယောဇဉ်မှာ ပြော၍ မရပေ။
မဟုတ်လျှင် လင်းလုံသည် သူမ၏ အသက်ကို စတေးပြီး........
သားရဲနတ်ဘုရားအတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးခဲ့မည် မဟုတ်ပေ။
သို့သော် အချစ်အကြောင်း ပြောမယ်ဆိုရင်.....
“ဟူး.....”
ရှောင်ပိုင်သည် သူမရှေ့မှ ကျောက်ရုပ်ကို နှမြောတသဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည် ..... “ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတောင်မှ အချိန်ရဲ့ စေခိုင်းမှုအောက်မှာ ကျရှုံးခဲ့ရပြီပဲ..... ငါတို့ရဲ့ အနာဂတ်ကကော ဘာဖြစ်လာမှာလဲ.....”
၎င်းကို ကြားသော်...
ဂျိချန်းဖန်သည် တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။
သူ၏ ရင်ခွင်ထဲရှိ 'ထူးခြားသော မီးမှန်' မှာ အနည်းငယ် တုန်ခါနေသည်ကို သူ ခံစားလိုက်ရပြီး..... သူ၏ အကြည့်မှာ သူ့ရှေ့မှ ကျောက်ရုပ်ဆီသို့ မသိမသာ ရောက်သွားသည်။
စုန်းမ လင်းလုံက တကယ်ပဲ သေသွားပြီလား.....
ဖြစ်နိုင်တာက သူမ သေသွားတာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သူမ လုံးဝကြီး သေဆုံးသွားတာမျိုးတော့ မဟုတ်လောက်ဘူး။
ရှောင်ပိုင်၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာသည်။ သားရဲနတ်ဘုရား၏ ပုံပြင်ကို ကြားပြီးနောက်..... သူမသည် စကားပျောက်နေသလို စိတ်ပျက်အားငယ်မှုများကိုလည်း ခံစားနေရသည်...။
သူမသည် ယခုအခါ ဖန်ရှန်းဂူ မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း…
သူမ၏ အနာဂတ်က ဘာဖြစ်လာမှာလဲ..... မည်သူမှ မသိနိုင်ပေ။
ကျင်းယွမ်ဂိုဏ်းကို သွားပြီး ရှောင်လျို ကို သွားတွေ့မည်ဖြစ်သည်။
သို့သော် ရှောင်လျိုမှာ အခု မိသားစု ရှိနေပြီဖြစ်သည်။
သူမအနေဖြင့်.....
ဂျိချန်းဖန်ရဲ့ အကာအကွယ်ကို ယူပြီး ကျင်းယွမ်ဂိုဏ်း မှာပဲ အမြဲ နေ၍ မရနိုင်ပေ.....
မည်သို့ပင်ဆိုစေကာမူ..
ဂျိချန်းဖန်က သူမကို ကယ်ခဲ့စဉ်တွင် သူ ဘယ်သူလဲဆိုတာကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူမသာ ကျင်းယွမ်ဂိုဏ်း မှာ နေမယ်ဆိုရင်..... သူမကို ကယ်ခဲ့တဲ့လူက ဂျိချန်းဖန် ပါလို့ ဖန်ရှန်းဂူ ကို လူသိရှင်ကြား ပြောလိုက်သလို ဖြစ်နေမည်ဖြစ်သည်..........
၎င်းအနေဖြင့် ကျေးဇူးကို စော်ကားရာ ရောက်နေလိမ့်မည်ဖြစ်သည်။
သူမ ထိုသို့ မလုပ်နိုင်ပေ။
...
အခန်း ၁၉၄ - မင်းက ငါ့ကို ကျွေးထားမှာလား............
ညဉ့်နက်သန်းခေါင်ယံအချိန်။
မျှော်စင်တောင်တန်းနယ်မြေမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
မရေမတွက်နိုင်သော ကြောက်မက်ဖွယ် သားရဲများနှင့် မိစ္ဆာသားရဲများမှာ တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေကြပြီး..... သူတို့၏ တောက်ပြောင်နေသော မျက်လုံးများဖြင့် မှောင်မိုက်ထဲတွင် သားကောင်များကို ရှာဖွေနေကြသည်...။
“ဝူး......”
မီးပုံလေးမှာ လင်းထိန်နေသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ကင်ထားသော အသားတုတ်များမှာ မီးပုံဘေးတွင် စိုက်ထားပြီး..... အသားထဲမှ ဆီစက်များမှာ မီးတောက်ထဲသို့ တဖျစ်ဖျစ်နှင့် ကျဆင်းနေကာ အပူရှိန်များကို ထွက်ပေါ်စေသည်။
ဂျိချန်းဖန် သည် ဟင်းခတ်အမွှေးအကြိုင်အချို့ကို ထုတ်လိုက်ပြီး ကင်ထားသော အသားများပေါ်သို့ အသာအယာ ဖြူးလိုက်၏။
ခဏချင်းမှာပင်........
အသားကင်၏ မွှေးပျံ့သောရနံ့မှာ တောအုပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ရှောင်ပိုင် သည် မီးပုံဘေးတွင် ဒူးနှစ်ဖက်ကို ပိုက်ကာ ထိုင်နေသည်..... သူမ၏ ဝတ်စုံအောက်မှ ဖြူဖွေးဝင်းပသော ခြေသလုံးလေးများမှာ ပေါ်လွင်နေ၏။
သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်လုံးလေးများမှာ မီးပုံကို ငေးကြည့်နေပြီး..... ပတ်ဝန်းကျင်မှ အသားကင်နံ့ကို ရှူရှိုက်နေသော်လည်း မျက်နှာတွင်တော့ မည်သည့်အမူအရာမျှ မရှိပေ...။
ပုံမှန်အတိုင်းဆိုလျှင် ဤကဲ့သို့ မွှေးပျံ့သောအသားကင်ကို မြင်လျှင် သူမသည် အလွန်အမင်း ပျော်ရွှင်သွားပြီး..... ဂျိချန်းဖန်ဆီမှ အတင်းဆွဲလုကာ ဝအောင်စားကြမည် ဖြစ်သည်။
ဒါပေမဲ့ ယနေ့တွင် သူမ တိတ်ဆိတ်သဖြင့် ၎င်းမှာ အတော်လေး ထူးဆန်းနေသည်။
“မင်း ဘာဖြစ်နေတာလဲ......”
ဂျိချန်းဖန်သည် ရှောင်ပိုင်၏ ထူးခြားသောအမူအရာကို သတိပြုမိလိုက်သည်။
“ဘာမှမဖြစ်ပါဘူး......” ရှောင်ပိုင် ခေါင်းအသာ ခါလိုက်သည်။ သူမ၏ အကြည့်မှာ ရှေ့မှ မီးပုံဆီသို့သာ စိုက်နေပြီး..... သူမ၏ နှလုံးသားထဲတွင် ရုတ်တရက် အထီးကျန်ဆန်မှုကို ခံစားလိုက်ရသည်...။
ဤလောကကြီးမှာ ကျယ်ပြောလှသည်။
ဒါပေမဲ့ သူမအတွက်တော့ ခိုနားရာ နေရာမရှိပေ။
မြေခွေးတောင်းတန်းမှ မြေခွေးမျိုးနွယ်စု အားလုံး သေဆုံးကုန်ကြပြီ ဖြစ်ပြီး..... ကျန်ရှိနေသော မြေခွေးမျိုးဆက်သစ်များသည်လည်း သူမနှင့် မည်သို့မျှ မပတ်သက်ကြပေ။ သူမ သိထားသော မြေခွေးမျိုးနွယ်စုထဲတွင်...
ရှောင်လျို ကလွဲ၍ ကျန်တဲ့သူတွေ အကုန်လုံး သေကုန်ကြပြီ။
အခု သူမ ဖန်ရှန်းတောာင်တန်းမှ လွတ်မြောက်လာခဲ့သော်လည်း ဘယ်ကိုသွားရမှာလဲဆိုသည်အား သူမ မသိပေ............။
ဂျိချန်းဖန် နဲ့ လမ်းခွဲပြီးနောက် သူမဟာ ဖန်ရှန်းဂူရဲ့ လိုက်လံဖမ်းဆီးမှုကို တစ်ယောက်တည်း ပြန်ရင်ဆိုင်ရတော့မည်။
သို့သော် ဂျိချန်းဖန် နဲ့ လမ်းမခွဲရင်လည်း သူ့ကို ဒုက္ခပေးသလို ဖြစ်နေလိမ့်မည်...။
ဟူး...........
ဂျိချန်းဖန်တွင် ဂိုဏ်း ရှိနေသော်လည်း သူမအနေဖြင့် တခြားလူတစ်ယောက်ကို အရှက်မရှိ ကပ်တွယ်နေလို့ မရပေ...... ၎င်းမှာ သူမအနေဖြင့် သူ့ဆီကို ဘေးဒုက္ခတွေ သယ်ဆောင်လာသလို ဖြစ်နေပေလိမ့်မည်။
အမှန်အတိုင်း ပြောရလျှင် ဤလောကတွင် သူမ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ဂျိချန်းဖန်ကို ခွဲခွာဖို့ ဝန်လေးနေမိသည်။
အဓိကကတော့ ဒီမွှေးပျံ့တဲ့ အသားကင်တွေကို ခွဲခွာဖို့ ဝန်လေးနေခြင်းမှာ တစ်ပိုင်းတစ်စ ပါဝင်ပေသည်။
ဒါပေမဲ့ သူမ ဂျိချန်းဖန်နဲ့ လမ်းမခွဲရင် သူ့အတွက် ပြဿနာတွေ သယ်လာပေးသလို ဖြစ်လိမ့်မည်။ ဖန်ရှန်းဂူ ဆိုသည်မှာ... အဓိက ဂိုဏ်းသုံးခုထဲက တစ်ခု ဖြစ်နေသဖြင့် ကျင်းယွမ်ဂိုဏ်းအနေနဲ့လည်း ဘာမှပြောနိုင်မည် မဟုတ်ပေ............။
ထို့အပြင် သူမအနေဖြင့် အရှက်မရှိ ဂျိချန်းဖန်ရဲ့ ဘေးမှာ ကပ်နေသော်လည်း ကျင်းယွမ်ဂိုဏ်း က သူမကို ခိုလှုံခွင့်ပေးဖို့ ဆန္ဒရှိ..... မရှိ ဆိုတာကလည်း နောက်ထပ် ပြဿနာတစ်ခုပင်ဖြစ်သည်။
“ဟူး......”
ထိုသို့ တွေးမိသည်နှင့် ရှောင်ပိုင် သက်ပြင်းအသာ ချလိုက်မိသည်။
ဂျိချန်းဖန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး..... သူ့လက်ထဲမှ အသားကင်များကိုသာ ဆက်လက်ပြင်ဆင်နေပြီး..... ဘာမှထပ်မမေးတော့ပေ။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ...... ရှောင်ပိုင်မှာ ပိုမို စိတ်တိုလာသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်လုံးလေးများဖြင့် စိုက်ကြည့်ကာ ...... “ဟေး...... ဘာလို့ ဆက်မမေးတော့တာလဲ...... ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား............” ဟု စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
မိန်းမတွေက ဒီလိုပါပဲ။
ပါးစပ်က တစ်မျိုး..... စိတ်က တစ်မျိုး.......... မေးရင်လည်း မပြောဘူး..... မမေးတော့လည်း စိတ်တိုပြန်လေသည်။
ဂျိချန်းဖန် အနည်းငယ် အားကိုးရာမဲ့ ဖြစ်သွားရသည်။
သူသည် ရှေ့မှ လူကို လှည့်ကြည့်ကာ ...... “မင်းက ငါတို့ သူငယ်ချင်းဆိုတာ သိသေးတာပဲလား...... ပြောစရာရှိတာကို ပြောလိုက်ပေါ့...... ငါ မေးတော့လည်း မပြောဘူး..... မမေးပြန်တော့လည်း စိတ်တိုနေတယ်” ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ဟွန်း......” ရှောင်ပိုင်က နှုတ်ခမ်းလေးကို ဆူလိုက်သည်။
သူမသည် ဂျိချန်းဖန်ဘက်မှ ခေါင်းကို လွှဲလိုက် ၏။
ဒါပေမဲ့ သူမရဲ့ အမူအရာကတော့ တစ်ကယ် ဖြစ်နေသည်နှင့် တစ်ခြားစီပင်။
ဂျိချန်းဖန်ကတော့ သူမရဲ့ ဆိုးပေမှုများကို အလိုလိုက်ရန် ပျင်းနေပေသည်။
သူသည် လက်ထဲမှ အသားကင်များကို ဖြည်းဖြည်းချင်း ပြင်ဆင်ပြီးသွားမှ..... ရှောင်ပိုင်၏ နူးညံ့သွယ်လျသော ခါးလေးကို လက်ဖြင့် တို့လိုက်သည်။
“ဘာလဲ............”
ရှောင်ပိုင်သည် ခေါင်းလှည့်ကာ ပြန်အော်လိုက်သည်။
သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်လုံးလေးများမှာ ဂျိချန်းဖန်ကို ခပ်ဆိုးဆိုးလေး စိုက်ကြည့်နေသည်..... ၎င်းမှာ ...... 'ငါ့ကို လာမစနဲ့......' ဟု ပြောနေသကဲ့သို့ပင်။
ဂျိချန်းဖန်သည် အသားကင်တုတ်တစ်ေချာင်းကို ကမ်းပေးလိုက်သည်။
“အခြေအနေတွေက ဒီလိုဖြစ်နေမှတော့..... အရင်ဆုံး စားလိုက်ကြရအောင်......”
သူမရှေ့မှ မွှေးပျံ့သောအသားကင်ကို မြင်လိုက်ရသည့်အခါ..... ရှောင်ပိုင်သည် သူမ၏ နှုတ်ခမ်းလေးကို မသိမသာ စေ့လိုက်မိသည်။ သူမသည် နှာခေါင်းတစ်ချက်ရှုံ့ကာ..... အသားကင်ကို ယူပြီး စားတော့သည်။
“ဟူး......”
ဂျိချန်းဖန် သက်ပြင်းအသာချကာ..... သူမဘေးသို့ လာထိုင်ပြီး ...... “ဒါဆိုရင် မင်း တကယ်ပဲ ဘာတွေတွေးနေတာလဲ......” ဟု မေးလိုက်သည်။
“ငါ့ကို ပြောပြဦးမလား......”
၎င်းကို ကြားသော် ရှောင်ပိုင် ခဏ ရပ်သွားသည်။
သူမသည် ဂျိချန်းဖန်၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ...... “မနက်ဖြန်ကျရင် ငါတို့ လမ်းခွဲကြရအောင်။ ဘာပဲဖြစ်ဖြစ် မင်းလည်း ကျန့်မိုရှေးဟောင်းလိုဏ်ဂူ ရဲ့ တည်နေရာကို သိသွားပြီပဲဥစ္စာ...” ဟု တိုးညင်းစွာ ပြောလိုက်သည်။
“..................”
ဂျိချန်းဖန် အနည်းငယ် စကားပျောက်သွားသည်။
သူသည် သူ့ရှေ့မှ လှပသော အမျိုးသမီးကို စိုက်ကြည့်ကာ ...... “ဘာလဲ...... မင်းက ငါ့ကို အခုပဲ ထားခဲ့တော့မှာလား............” ဟု မကျေမနပ် ပြောလိုက်သည်။
ရှောင်ပိုင် တိတ်ဆိတ်စွာ ခေါင်းငုံ့ထားသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူမက ...... “ငါက ရှေ့ဆက် ဘယ်ကိုသွားရမလဲဆိုတာကိုပဲ တွေးနေမိတာပါ” ဟု တိုးတိုးလေး ပြောလိုက်သည်။
လောကကြီးမှာ ကျယ်ပြောလှသည် သို့သော် သူမအတွက် ခိုနားရာ မရှိပေ။
ဂျိချန်းဖန်သည် မျက်ခုံးတစ်ဖက်ကို တွန့်လိုက်ပြီး ...... “ဘယ်သွားရမှန်း မသိဘူးလား...... ဒါဆိုရင် ငါနဲ့အတူ ကျင်းယွမ်ဂိုဏ်း ကိုပဲ ပြန်လိုက်ခဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ သားနဲ့ ချွေးမလည်း အဲဒီမှာ ရှိနေတာပဲ” ဟု ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ရှောင်ပိုင် နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်သည်။
သူမ တိတ်ဆိတ်စွာ ခေါင်းခါလိုက်ပြီး ...... “ငါ ကျင်းယွမ်ဂိုဏ်း ကို သွားမှာပါ။ ရှောင်လျို တို့ကို သွားတွေ့မယ်..... ပြီးရင်တော့ ငါ ထွက်သွားမှာပါ...”
ဂျိချန်းဖန် နားလည်သွားသည်။
“မင်းက ငါ့ကို ဒုက္ခပေးမိမှာ ကြောက်နေတာလား......” သူ မေးလိုက်သည်။
ရှောင်ပိုင် ခေါင်းအသာ ညိတ်လိုက်သည်။
သူမက အားကိုးရာမဲ့စွာဖြင့် ...... “မင်းပဲ ငါတို့က သူငယ်ချင်းတွေလို့ ပြောခဲ့တာပဲ..... သူငယ်ချင်းတွေဆိုမှတော့...”
“ငါက ဘယ်လိုလုပ် မင်းကို ဒုက္ခပေးနိုင်မှာလဲ......”
“မင်း ငါ့ကို ကယ်ခဲ့တာကပဲ တကယ့်ကို ကြီးမားတဲ့ ကျေးဇူးပါ။ ငါက မင်းကို ထပ်ပြီး ဒုက္ခပေးဦးမယ်ဆိုရင်..... အဲဒါက လက်တစ်ဖက်ကမ်းပေးတာကို လက်မောင်းအထိ လိုချင်နေတာမျိုး ဖြစ်မနေဘူးလား............”
ရှောင်ပိုင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သူမသည် သူမဘေးမှ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို လှည့်ကြည့်လိုက်ရာ..... သူမ၏ မျက်လုံးများထဲတွင် ကြည်လင်ပြတ်သားမှုများ ရှိနေသည်။
၎င်းကို ကြားသော် ဂျိချန်းဖန်သည် အားကိုးရာမဲ့စွာ ခေါင်းခါလိုက်ပြီး ...... “မင်းက ဖန်ရှန်းဂူ အတွက် စိုးရိမ်နေတာဆိုရင်တော့..... အဲဒါက မလိုအပ်ပါဘူး...” ဟု ပြောလိုက်သည်။
“မင်း ဘာကို ဆိုလိုတာလဲ......” ရှောင်ပိုင် အနည်းငယ် အံ့အားသင့်သွားသည်။
ဂျိချန်းဖန်က ရှင်းပြသည် ...... “ဖန်ရှန်းဂူ ဟာ တောင်ပိုင်းနယ်စပ်က လူရိုင်းတွေနဲ့ တိတ်တဆိတ် ပူးပေါင်းပြီး..... သားရဲနတ်ဘုရား ကို ချိပ်ပိတ်ဖြည်ဖို့ ကြိုးစားနေတယ်..... ဒါဟာ လောကကြီးကို ဖျက်ဆီးဖို့ ကြိုးစားတာပဲ။ ဒီကိစ္စကို...”
“ငါ့ရဲ့ ကျင်းယွမ်ဂိုဏ်း ကတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး......”
ထိုစကားများ ပြောလိုက်သည်နှင့် ရှောင်ပိုင်လည်း နားလည်သွားသည်။
သူမသည် ဂျိချန်းဖန်ကို အံ့အားသင့်စွာ ကြည့်ကာ ...... “ဒါဆိုရင် မင်းရဲ့ ကျင်းယွမ်ဂိုဏ်း က ဖန်ရှန်းဂူ ကို တိုက်ခိုက်ဖို့ ပြင်နေတာလား............” ဟု မေးလိုက်သည်။
“ငါ့ရဲ့ ကျင်းယွမ်ဂိုဏ်း က ဖန်ရှန်းဂူ ကို တိုက်ခိုက်ဖို့ ပြင်နေတာ မဟုတ်ပါဘူး......”
ဂျိချန်းဖန် ခေါင်းအသာ ခါလိုက်ပြီး ...... “သူတို့ကိုယ်တိုင်က သေလမ်းရှာနေတာပါ” ဟု အေးအေးလူလူ ပြောလိုက်သည်။
တောင်ပိုင်းနယ်စပ် လူရိုင်းတွေနဲ့ တိတ်တဆိတ် ပူးပေါင်းပြီး..... သားရဲနတ်ဘုရားအား လွှတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်............။
ဒီကိစ္စသာ လူသိရှင်ကြား ပေါက်ကြားသွားရင်......ဖန်ရှန်းဂူ ကတော့ သွားပြီဖြစ်သည်။
အဲဒီအချိန်ကျရင်......ကျင်းယွမ်ဂိုဏ်း က ဖန်ရှန်းဂူ ကို တိုက်ခိုက်ရမှာ မဟုတ်ဘဲ..... ကျင့်ကြံခြင်းလောကတွင်ရှိသော ဖြောင့်မတ်သော လမ်းစဉ် တစ်ခုလုံးက ဖန်ရှန်းဂူ ကို ဝိုင်းတိုက်ကြလိမ့်မည်။
“ဒါကြောင့်......”
“မင်း စိတ်အေးအေးထားပြီး ကျင်းယွမ်ဂိုဏ်း မှာ နေနိုင်ပါတယ်......”
“အကယ်၍ ဖန်ရှန်းဂူ က လူတွေသာ လာရဲမယ်ဆိုရင်......”
“ဟဲဟဲ.....”
ဂျိချန်းဖန် ခပ်တိုးတိုး ရယ်လိုက်သည်။
သူ၏ အရှိန်အဝါ မှာ ရုတ်တရက် ပြောင်းလဲသွားပြီး..... အေးစက်စွာ ပြောလိုက်သည် ......
“ဒါဆိုရင်လည်း လာခိုင်းလိုက်ပေါ့......”
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရှောင်ပိုင်၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်မျက်လုံးလေးများမှာ တောက်ပလာသည်။
သူမသည် ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို စိုက်ကြည့်ကာ..... နှာခေါင်းလေးရှုံ့ပြီး မာနကြီးစွာ ပြောလိုက်သည် ......
“ကျင်းယွမ်ဂိုဏ်း မှာ နေရမယ် ဟုတ်လား......”
“ဘာလဲ...... မင်းက ငါ့ကို တင်ကျွေးထားမှာလား............”
“ငါက နေ့တိုင်း အများကြီး စားတာနော်............”
ဂျိချန်းဖန်က သူမကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည် ...... “ငါ့ရဲ့ ကျင်းယွမ်ဂိုဏ်း က မြေခွေးတစ်ကောင်ကိုတောင် မကျွေးနိုင်လောက်အောင် မဆင်းရဲပါဘူး......”
ရှောင်ပိုင်၏ လှပသော မျက်လုံးလေးများ လက်ခနဲ ဖြစ်သွားပြီး ...... “ငါက မင်းချက်တဲ့ ဟင်းတွေကိုပဲ စားချင်တာ......” ဟု ဆိုလိုက်သည်။
“မင်း အများကြီး တွေးနေပြီ။ ငါလို ဂုဏ်သိက္ခာရှိတဲ့ ကျင်းယွမ်ဂိုဏ်းချုပ်က မင်းအတွက် နေ့တိုင်း ချက်ပေးနေရမှာလား............”
ဂျိချန်းဖန်က ရှေ့မှ လူကို စိုက်ကြည့်ကာ ပြောလိုက်သည် ......
“အဲဒါက အပိုကြေး ပေးရလိမ့်မယ်......”
“အပိုကြေး ဟုတ်လား......” ရှောင်ပိုင်၏ လှပသော မျက်လုံးလေးများမှာ မသိမသာ လှုပ်ခတ်သွားသည်။ သူမသည် ရုတ်တရက် ပြုံးလိုက်ပြီး..... တစ်ဖက်သို့ လှည့်ကာ ဂျိချန်းဖန်၏ ပေါင်ပေါ်သို့ ခွထိုင်လိုက်သည်။
ခဏချင်းမှာပင် မွှေးပျံ့သော လေပြေတစ်ခု တိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရသည်။
“ဒီဈေးနှုန်းဆိုရင်ကော...... မင်း ငါ့အတွက် ချက်ပေးရကျိုး နပ်ရဲ့လား............”
နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံလေးတစ်ခုမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်...။