အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း ၁၉၅ ရှောင်ပိုင် - ငါက နင့်ကို အစ်ကိုတစ်ယောက်လို သဘောထားတာကို၊ နင်က ငါ့ကို ကြံစည်ဖို့ ကြိုးစားနေတာလား
"ဝူး....."
ညမှောင်ရီ ပျိုးလာလေပြီ။
ညင်သာသော လေပြေညင်းတစ်ချက် တိုက်ခတ်သွားသည်။
တောအုပ်ထဲမှ သစ်ရွက်ကလေးများမှာ တရှဲရှဲ မြည်ဟည်းနေ၏။
မီးပုံလေးမှ မှိန်ပျပျ အလင်းရောင် ထွက်ပေါ်နေပြီး လူရိပ်နှစ်ခုမှာ တစ်ဦးနှင့်တစ်ဦး ရစ်ပတ်နှောင်တွဲနေကြသည်။
ရှောင်ပိုင်သည် သူမ၏ ကိုယ်လုံးအလှကို ပေါ်လွင်စေသည့် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ကိုယ်ကို တစ်ချက် လှည့်ကာ ဂျိချန်းဖန်၏ ပေါင်ပေါ်သို့ ခွထိုင်လိုက်သည်။ သူမ၏ ဂါဝန်စများ ကားထွက်သွားရာမှ ဖြူဖွေးသွယ်လျသော ခြေတံတစ်စုံ ပေါ်ထွက်လာ၏။
သူမက လက်တစ်ဖက်ကို ဂျိချန်းဖန်၏ ပုခုံးပေါ်တွင် တင်ထားပြီး၊ သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့် မျက်ဝန်းများဖြင့် ရှေ့မှ ဝတ်စုံဖြူလူငယ်လေးကို စိုက်ကြည့်ကာ အနီရောင်နှုတ်ခမ်းဖူးလေးတွင် အပြုံးဖျော့ဖျော့လေး ဆင်မြန်းထားသည်။
"ဟင်း....."
ရှောင်ပိုင်က ညည်းသံလေး တစ်ချက် ပြုလိုက်သည်။
သူမ၏ သွယ်လျသော ဖူးယောင်ယောင် လက်ကလေးကို မြှောက်ကာ ဂျိချန်းဖန်၏ မေးစေ့ကို ဆွဲမလိုက်ပြီး စနောက်သော လေသံဖြင့် "အပိုဆောင်း အခကြေးငွေလား" ဟု ဆိုလိုက်၏။
ရှောင်ပိုင်၏ လှပသော မျက်ဝန်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
သူမက ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်သဖြင့် ရုတ်တရက်ဆိုသလို မွှေးပျံ့သော ရနံ့များမှာ လေထဲတွင် ဝေ့ဝဲလာသည်။
ထို့နောက် နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံလေးက ထွက်ပေါ်လာသည် -
"ဒီအခကြေးငွေကော ဘယ်လိုလဲ၊ ငါ့အတွက် ထမင်းတစ်နပ်လောက် ချက်ပေးဖို့ လုံလောက်ရဲ့လား"
သူမ စကားဆုံးသည်နှင့် တပြိုင်နက် ဂျိချန်းဖန်၏ ပါးပြင်ပေါ်သို့ တစ်စုံတစ်ခုက ညင်သာစွာ ထိတွေ့သွားသည်ကို ခံစားလိုက်ရသည်။
ထိုအချိန်တွင်...သူ့စိတ်ထဲတွင် ဝေခွဲမရဖြစ်သွား၏။
တောက်..... သူ အစနောက် ခံလိုက်နေရပြီဖြစ်သည်။
တကယ်ပါပဲ..... ကိုးမြီးမျက်လှည့်မြေခွေး ဆိုတာ တကယ့်ကို ကိုးမြီးမျက်လှည့်မြေခွေး ပါပဲလား။
ဂျိချန်းဖန်က သူ့ရှေ့မှ ရှောင်ပိုင်ကို စိုက်ကြည့်နေမိသည်။
လှပသော အမျိုးသမီး၏ နူးညံ့သော ခန္ဓာကိုယ်မှာ သူ့ရှေ့တွင် ရှိနေပြီး၊ ပြစ်မျိုးမှဲ့မထင်သော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြန်းနေကာ၊ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့် မျက်ဝန်းလေးများမှာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ငြင်းဆန်နေသလိုလို၊ ဖိတ်ခေါ်နေသလိုလို ဖြစ်နေသည်။ အကြည့်များက
"ကျေးဇူးပြုပြီး....." ဟု ပြောနေသယောင် ဖြစ်နေသည်။
မေးစရာရှိသည်မှာ....... မည်သူကများ ဤသို့သော အပြုအမူကို ငြင်းဆန်နိုင်ပါမည်နည်း။
ရှောင်ပိုင်၏ စနောက်သော အကြည့်များနှင့် ဆုံမိသော်လည်း ဂျိချန်းဖန်က တွန့်ဆုတ်နေခြင်းမရှိဘဲ သူမကို တွန်းထုတ်လိုက်သည်။
နင်က ဒီလိုမျိုးနဲ့ ငါ့ကို လာစမ်းနေတာလား......နင့်ရှေ့မှာ ဘယ်သူရပ်နေတယ် ထင်နေလဲ။
ဂုဏ်သရေရှိလှတဲ့ ကျင်းယွမ်ဂိုဏ်းချုပ်ပဲ.....
အနာဂတ် အထက်လမ်းစဉ် ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဂျိချန်းဖန်က ဒီလို အလှအပလေးနဲ့ လွယ်လွယ်နဲ့ ယိမ်းယိုင်သွားမည်မဟုတ်ပေ။
မဖြစ်နိုင်ပေ.....လုံးဝကို မဖြစ်နိုင်ပေ.....။
သို့သော် သူမအနေဖြင့် ထပ်မံဆွဲဆောင်နေမည်ဆိုလျှင် နောက်ဆက်တွဲများအား ခန့်မှန်း၍ ရမည်မဟုတ်ပေ.....။
ဂျိချန်းဖန်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် ရှောင်ပိုင်မှာ လုံးဝကို ကြောင်အသွားသည်။
သူမက ရှေ့မှ ဝတ်စုံဖြူလူငယ်လေးကို မှင်တက်စွာ စိုက်ကြည့်နေမိပြီး သူမ၏ စိတ်ထဲတွင် ရှုံးနိမ့်မှု ဝေဒနာက ရုတ်တရက် တိုးဝင်လာသည်။
ဒါဟာ သူမ ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်ကို တက်ကြွစွာ ဆွဲဆောင်ဖူးခြင်း ဖြစ်သည်.....
သို့သော် ဒီအတိုင်းကြီး ရှုံးနိမ့်သွားသည်လော.......။
သိထားရမှာ သူမဟာ နတ်ဘုရားနယ်မြေပေါ်မှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော ကိုးမြီးမြေခွေး ဖြစ်ပြီး မကုန်ခမ်းနိုင်တဲ့ ဆွဲဆောင်မှုစွမ်းအားတွေကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
သူမကို ငြင်းပယ်နိုင်တဲ့သူ ကမ္ဘာပေါ်မှာ ရှိလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ.....။
ကောင်းပြီလေ....သူ့.ရှေ့က လူကတော့ နည်းနည်း ထူးခြားနေတယ်။
သူက ထိုက်ကျင်းအဆင့် ကျင့်ကြံခြင်း ရှိထားတာကိုး ဒါပေမဲ့ ထိုက်ကျင်း အဆင့် ဖြစ်နေရင်ကော ဘာဖြစ်လဲ။ ထိုက်ကျင်း ဖြစ်နေရင် ယောက်ျားမဟုတ်တော့ဘူးလား။
ရှောင်ပိုင်က ရှုံးနိမ့်မှုကို အရှုံးမပေးချင်ပေ။
သူမ၏ ဆွဲဆောင်မှုမှာ ဤလောကတွင် ပြိုင်ဘက်ကင်းသည်ဟု သူမ ယုံကြည်ထားသည်။
သူမသာ အစွမ်းကုန် ကြိုးစားလိုက်လျှင် ကောင်းကင်အောက်ရှိ မည်သည့်ယောက်ျားမှ သူမ၏ လက်ခုပ်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဤသို့ တွေးလိုက်ရင်း.....ရှောင်ပိုင်က နှုတ်ခမ်းလေးကို အနည်းငယ် ဆူလိုက်သည်။ သူမက ကိုယ်ကို ပြန်လှည့်ကာ ဂျိချန်းဖန်၏ ပေါင်ပေါ်သို့ ထပ်မံ၍ ခွထိုင်လိုက်ပြန်သည်၊ ဤတစ်ကြိမ်တွင်မူ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို သူ့ထံသို့ ပိုမို ကပ်ကပ်လေး ဖိကပ်ထား၏။ အစောပိုင်းက အနည်းငယ် အကွာအဝေး ရှိသေးသော်လည်း ယခုမူ... သူမ အရှုံးမပေးတော့ပါ။
"ဟေ့..... ဂျိချန်းဖန်....."
ရှောင်ပိုင်က ရှေ့မှ ဝတ်စုံဖြူလူငယ်ကို စိုက်ကြည့်ကာ သူ့ကော်လာကို ဆွဲလိုက်ပြီး ကလေးဆန်သော လေသံဖြင့် ပြောလိုက်သည် "နင် ဘာကို ဆိုလိုတာလဲ"
"ငါ ဘာကို ဆိုလိုတာလဲ ဟုတ်လား"
ဂျိချန်းဖန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
သူက ဖြောင့်မတ်သော မျက်နှာထားဖြင့် ပြန်လည် တုံ့ပြန်လိုက်သည် "ငါကပဲ နင့်ကို ပြန်မေးရမှာ၊ နင် ဘာလုပ်နေတာလဲဆိုတာ နင် သိရဲ့လား"
"နင်က ကျင်းယွမ်ဂိုဏ်းရဲ့ အနာဂတ် ဂိုဏ်းချုပ်ကို ဖျားယောင်းနေတာနော်"
"နင့်ရဲ့ အပြုအမူက ဘယ်လောက်ထိ ကြီးလေးလဲဆိုတာ နင် သိရဲ့လား"
"ငါ..." ရှောင်ပိုင်၏ မျက်နှာလေးမှာ ဆွံ့အသွားသည်။
သူမက ဖြောင့်မတ်လှသော ဂျိချန်းဖန်ကို ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာသည်။ ငါက လူသတ်သမားတစ်ယောက်လို ဘယ်လိုဖြစ်ပြီး အပြောခံနေရတာလဲ။
ဂျိချန်းဖန်က ဆက်လက်၍ ပြောဆိုလေသည်
"နင်က ဂုဏ်သရေရှိလှတဲ့ ကျင်းယွမ်ဂိုဏ်းချုပ်သခင် ငါ့ကို နင့်အတွက် ထမင်းချက်ခိုင်းချင်သေးတယ်ပေါ့..... ဒါက ငါ့မိန်းမပဲ ရနိုင်တဲ့ အခွင့်အရေးဟ.........."
ထိုစကားကြောင့် ရှောင်ပိုင်က မျက်မှောင်ကြုတ်လိုက်သည်။
သူမ နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။
ခြုံငုံကြည့်ရလျှင်တော့... အခကြေးငွေက မလုံလောက်သေးခြင်း ဖြစ်ပေမည်။
သူမက ထပ်ပေးဖို့ လိုနေတာပေါ့၊ ဟုတ်လား။
ဟွန်း..... ယောက်ျားတွေ.....
နင့်ရဲ့ ဖြောင့်မတ်လှတဲ့ ပုံစံကို ကြည့်ရတာ တကယ့်ကို လူကြီးလူကောင်း တစ်ယောက်ကျနေတာပဲ။
"တော်တော့၊ မပြောနဲ့တော့"
ရှောင်ပိုင်က ဂျိချန်းဖန်ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။ သူမသာ သူ့ကို ဆက်ပြောခွင့်ပေးထားလျှင် သူမက ကမ္ဘာကြီးကို ဖျက်ဆီးမည့် ဆိုးသွမ်းသော ရာဇဝတ်ကောင်ကြီး ဖြစ်သွားပေလိမ့်မည်။
ဤသို့ တွေးလိုက်ရင်း ရှောင်ပိုင်က နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်သည်။ သူမ၏ အကြည့်များက ရှေ့မှ ဝတ်စုံဖြူလူငယ်လေးဆီသို့ ကျရောက်သွားပြီး စိတ်ထဲမှ 'နင်ကတော့ ကံကောင်းသွားပြီ ကောင်လေး' ဟု တွေးလိုက်၏။
နောက်တစ်ခဏတွင် သူမက ကိုယ်ကို အနည်းငယ် ငုံ့လိုက်သည်။
သူမ၏ နူးညံ့သော အနီရောင် နှုတ်ခမ်းလွှာလေးမှာ သူ့နှုတ်ခမ်းပေါ်သို့ တိုက်ရိုက် ဖိကပ်သွားလေသည်။
အနမ်းတစ်ချက်.....
ခဏတာ ထိတွေ့မှုမျှသာ ဖြစ်သည်။
သိပ်မကြာခင်မှာပင် သူမက ထွက်ခွာရန် ပြင်လိုက်သော်လည်း၊
သူမ၏ ကိုယ်မှာ မြဲမြံစွာ ဖိကိုင်ထားခြင်း ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
"နင် ဘာလုပ်တာလဲ"
ပိုင်က ဂျိချန်းဖန်ကို စိုက်ကြည့်လိုက်သည်။
"..." ဂျိချန်းဖန်က အနည်းငယ် စကားမရှိ ဖြစ်သွားသည်။
"ငါ ဘာလုပ်နေတာလဲ ဟုတ်လား၊ နင် ဘာလုပ်နေတာလဲလို့ ငါက ပြန်မေးရမှာ။ ငါ့ဆီက အမြတ်ထုတ်ပြီးတော့ ပြေးဖို့ ကြည့်နေတာလား"
ဂျိချန်းဖန်က မကျေမနပ် ဖြစ်နေပုံရသည်။
သူက အမြဲတမ်း သူများဆီက အမြတ်ထုတ်တတ်သူသာ ဖြစ်သည်။
ယခုမူ သူ အမြတ်ထုတ်ခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
"ငါက နင့်ဆီက အမြတ်ထုတ်တယ် ဟုတ်လား"
ရှောင်ပိုင်မှာ မှင်တက်သွား၏။
ယခုလို ရှက်ရကောင်းမှန်းမသိတဲ့ လူမျိုးကို သူမ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။
သူမက မခံမရပ်နိုင်ဖြစ်စွာ ပြောလိုက်သည် "အမြတ်ထုတ်တာတွေ ဘာတွေ လာမပြောနဲ့၊ ဒီလောက်ဆိုရင်ကော အခကြေးငွေက လုံလောက်ပြီလား။ ငါ့ကို ထမင်းတစ်နပ် ချက်ပေးတာ ဘာဖြစ်သွားမှာမို့လို့လဲ"
"ဟမ့်....." ဂျိချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။
သူက အရိပ်အမြွက် ပြောလိုက်သည် "ငါ ပြောပြီးပြီလေ၊ တခြားသူတွေအတွက် ထမင်းချက်ပေးတာက ငါ့မိန်းမပဲ ရနိုင်တဲ့ အခွင့်အရေးလို့"
ထိုစကားကို ကြားသောအခါ ရှောင်ပိုင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
နောက်တစ်ခဏတွင် သူမ၏ မျက်နှာထားက ထူးဆန်းသွားပြီး အရာအားလုံးကို ထိုးထွင်းသိမြင်သွားသလို ဖြစ်သွားသည်။ သူမက ဂျိချန်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ထစ်ထစ်အအဖြင့်
"နင်... ငါက နင့်ကို မိတ်ဆွေတစ်ယောက်လို သဘောထားတာကို၊ နင်က ငါနဲ့ အိပ်ချင်နေတာလား"
ဂျိချန်းဖန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ သူက လှောင်ပြောင်သည့် လေသံဖြင့် "နင်က ငါ့ကို မိတ်ဆွေလို သဘောထားတယ် ဟုတ်လား။ ဒါက နင့်ရဲ့ မိတ်ဆွေတွေအပေါ် ဆက်ဆံတဲ့ ပုံစံလား"
သူက သူ့အပေါ် ခွထိုင်နေသော ရှောင်ပိုင်ကို တစ်ချက် ကြည့်လိုက်သည်။
မိတ်ဆွေ.....
ဒါကို မိတ်ဆွေလို့ ခေါ်တာလား။
နင်က နင့်မိတ်ဆွေဆီကတောင် အမြတ်ထုတ်သေးတာလား။
နင်ကတော့ တကယ့် သားရဲတိရစ္ဆာန်ပဲ.....
"ငါ..." ရှောင်ပိုင်မှာ သူပြောသည့် စကားကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူမ၏ ပြစ်မျိုးမှဲ့မထင်သော မျက်နှာလှလှလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း ဤအချိန်တွင် သူမက အရှုံးမပေးနိုင်သည်မှာ အသေအချာပင်။
"ဖြစ်တော့ ဘာဖြစ်လဲ"
"ငါတို့က မိတ်ဆွေတွေပဲဟာ"
"ငါ နည်းနည်းလောက် ပျော်တာ ဘာဖြစ်လို့လဲ"
"..." ဂျိချန်းဖန်က ရှောင်ပိုင်ကို လက်မ ထောင်ပြလိုက်သည်။
ကောင်းပြီ၊ ကောင်းပြီ။
ဒီတော့ နင်က ဒီလို ကစားချင်တာပေါ့၊ ဟုတ်လား။
ဒါဆိုရင်တော့ ဒီတာအိုမိတ်ဆွေက ဟန်ဆောင်မနေတော့ဘူး။
ရှလူး.....
ညီမလေး... နင်က အရမ်းမွှေးတာပဲ။
ဂျိချန်းဖန်က ရှေ့မှ ရှောင်ပိုင်ကို စိုက်ကြည့်လိုက်ရာ သူမ၏ ဦးရေခွံများပင် စိမ့်တက်သွားပြီး ကြက်သီးများပင် ထသွားသည်။
"နင်..."
"နင် ဘာလုပ်ချင်လို့လဲ"
ရှောင်ပိုင်က တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
"ဟီးဟီးဟီး....." ဂျိချန်းဖန်က ရယ်မောလိုက်သည်။ သူက လက်ကို မြှောက်ကာ ရှောင်ပိုင်၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူမ၏ နားရွက်နားသို့ ကပ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်
"ငါတို့က မိတ်ဆွေတွေပဲဟာ"
"သိပ်ပြီး အားနာမနေပါနဲ့"
"လိမ္မာပါတယ်..... နင့်အစ်ကိုကို နည်းနည်းလောက် ပျော်ပါရစေဦး"
ရှောင်ပိုင်၏ နူးညံ့သော ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားသည်။
သူမ မျက်နှာပေါ်မှ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် အစားထိုးဝင်ရောက်လာ၏။
ဝေဝေဝါးဝါးဖြင့်၊
သူမ၏ နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသလိုပင်။
"ညီလေး... နင်က အရမ်းမွှေးတာပဲ....."
ချက်ချင်းဆိုသလိုပင် သူမ ရှေ့မှ လူရိပ်မှာ တဖြည်းဖြည်း ကြီးမားလာသည်။
"အု..."
ရှောင်ပိုင်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
သူမက ရှေ့မှ လူငယ်ကို အတင်း တွန်းထုတ်နေမိ၏။
သို့သော် သူမ၏ အားနည်းလှသော အင်အားမှာ ငြင်းဆန်နေခြင်းထက် ဖိတ်ခေါ်နေသလိုမျိုး ဖြစ်နေသည်။
တဖြည်းဖြည်းနှင့် ရှောင်ပိုင်သည် သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဒါက ဘယ်လို ခံစားချက်မျိုးလဲ။ အစောပိုင်းက ဂျိချန်းဖန် ဆီက အမြတ်ထုတ်တုန်းက ခံစားချက်မျိုး မဟုတ်တော့ချေ။
အခန်း (၁၉၆) ....... ငါက မင်းကို ညီအစ်ကိုလို သဘောထားတာ၊ မင်းက ငါ့မိန်းမ ဖြစ်ချင်နေတာလား.......
အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ မြေခွေးမလေးတစ်ကောင်နဲ့ ညီအစ်ကို တော်ရတာ ဘယ်လိုခံစားချက်မျိုးလဲလို့ မေးရင်...
ဂျိချန်းဖန်ကတော့ "ငါ ကောင်းကောင်းသိတာပေါ့" လို့ ဖြေပါလိမ့်မည်။
စကားလုံးတစ်လုံးတည်းနဲ့ဆိုရင် ....... "လန်းတယ်"
စကားလုံးနှစ်လုံးနဲ့ဆိုရင်တော့ ....... "အရမ်းလန်းတယ်"ဟု ပြောရပေမည်။
ဒါပေမဲ့ ဒါတွေက အဓိကမဟုတ်သေးပေ။ အဓိကက ဘာလဲဆိုလျှင်... သူ့ရဲ့ ဒီညီအစ်ကိုမှာ သားတစ်ယောက်တောင် ရှိနေတာပါပဲ.......
ဂျိချန်းဖန် : "ဟေး... ခြောက်မြီးပါတဲ့ တာအိုညီနောင်၊ စိတ်မလှုပ်ရှားပါနဲ့ဦး၊ မင်းအမေနဲ့ငါက ညီအစ်ကိုတွေပါ"
...
မျှော်စင်တောင်တန်း
ညဉ့်နက်သန်းခေါင်ယံ တောနက်ကြီးတစ်ခုအတွင်းတွင်……….မီးပုံလေးမှာ တဖျတ်ဖျတ် တောက်လောင်နေပြီး အပူရှိန်ကို ထုတ်လွှတ်နေသည်။
လူရိပ်နှစ်ခုမှာ တစ်ဦးပေါ်တစ်ဦး ထပ်လျက်သား ရှိနေကြရာ ပတ်ဝန်းကျင် လေထုမှာ အလွန်ပင် ချိုမြိန်ဆွဲဆောင်မှု ရှိနေလေသည်။
"အင်း..."
ရှောင်ပိုင်၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ ပျော့ခွေကျသွား၏။
သူမ၏ အသက်ရှူသံများမှာ အနည်းငယ် မြန်ဆန်နေပြီး ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် လုံးလုံးလျားလျား မှီတွယ်နေမိသည်။ သူမ၏ အဖြူရောင် ဝတ်စုံလေးမှာ အနည်းငယ် ကျေမွနေပြီး...........
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိပေ။
ဂျိချန်းဖန်က ထိုနုနယ်သော ပန်းရောင်နှုတ်ခမ်းလွှာကို အသာအယာ လွှတ်ပေးလိုက်သည်။
သူက ခေါင်းကို အနည်းငယ် ငုံ့ကြည့်လိုက်ပြီး သူ့ရင်ခွင်ထဲရှိ ရှောင်ပိုင်ကို ကြည့်ကာ နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားပြီး ပြုံးလိုက်မိ၏။ ရှောင်ပိုင်၏ ပြစ်ချက်မရှိ လှပသော မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းနေပြီး နုနယ်သော နှုတ်ခမ်းလေးမှာလည်း အနည်းငယ် ဖူးယောင်နေသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းမျက်ဝန်းလေးများကို တင်းတင်းစေ့ထားပြီး ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ယင်နေလေသည်။
သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ရင်ဘတ်ရှေ့တွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
သူမက ရုန်းကန်ချင်သလိုလို ရှိသော်လည်း တကယ်တမ်းတွင်မူ အလျှော့ပေးလိုက်ရခြင်းပင်။
ဒါပေမဲ့လည်း... ထိုရုန်းကန်မှုက အသုံးမဝင်ခဲ့ပါဘူး။
ဂျိချန်းဖန်က အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် သူမမှာ သူ့စိတ်ကြိုက် ခွင့်ပြုပေးလိုက်ရုံသာ ရှိတော့သည်။
ရှောင်ပိုင်၏ နုနယ်သော ကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွား၏။
ဂျိချန်းဖန်၏ စူးစိုက်ကြည့်နေသော အကြည့်များကို ခံစားမိလိုက်သောအခါ သူမ၏ စိုစွတ်နေသော မက်မွန်ပန်းမျက်ဝန်းလေးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး အဆုံးမဲ့သော ဆွဲဆောင်မှုများကို ဖော်ပြနေလေတော့သည်။
ရှောင်ပိုင်က နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်ပြီး မျက်နှာကို အသာအယာ လွှဲလိုက်သည်။
သူမ ကြည့်ရသည်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရ၏။
သို့သော် သူမ ပြန်စဉ်းစားကြည့်မိသည်မှာ... သူမဘက်က အရှုံးပေါ်နေသည် မဟုတ်လော။
မဖြစ်နိုင်ဘူး....... အရှုံးမခံနိုင်ဘူး.......
ပြတ်သားရမယ်....... ငါ ပြတ်သားဖို့ လိုတယ်.......
ဤအတွေးနှင့်အတူ...
ရှောင်ပိုင်က ဂျိချန်းဖန်ဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ပြီး သွယ်လျသော လက်ညှိုးလေးဖြင့် ဂျိချန်းဖန်၏ မေးစေ့ကို ပင့်မလိုက်ကာ မောက်မာသော လေသံဖြင့် ဆိုလိုက်၏။
"ညီအစ်ကို... ငါက မင်းကို နေလို့ကောင်းအောင် လုပ်ပေးပြီးပြီနော်၊ အဲဒီတော့ မင်းကလည်း ငါ့ကို နေလို့ကောင်းအောင် ပြန်လုပ်ပေးသင့်တယ် မဟုတ်လား"
"....................." ဂျိချန်းဖန် ကြောင်သွားမိသည်။
သို့သော် သူ ဘာမှမပြောနိုင်ခင်မှာပင် ရှောင်ပိုင်က သူ့ကို မြေပြင်ပေါ်သို့ အင်အားဖြင့် တွန်းလှဲလိုက်ပြီး သူမက သူ့အပေါ်မှ ခွထိုင်လိုက်လေသည်။
"ရှူးးး......"
ရှောင်ပိုင်က ကိုယ်ကို အနည်းငယ် ငုံ့လိုက်ရာ သင်းပျံ့သော ရနံ့တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။
အနည်းငယ် ဖူးယောင်နေသော အနီရောင် နှုတ်ခမ်းလေးက သူ့နှုတ်ခမ်းပေါ်သို့ တစ်ဖန် ပြန်လည် လွှမ်းမိုးသွားပြန်လေသည်။
...
အချိန်အနည်းငယ်ကြာပြီးနောက်.....
ရှောင်ပိုင်က ပြန်ထိုင်လိုက်ပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေ၏။
သူမ၏ ရင်ခုန်သံများ မြန်နေသော်လည်း အပြင်ပန်းတွင်မူ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ မီးပုံဘေးတွင် ထိုင်ရင်း ရှုပ်ပွနေသော ဆံပင်များကို ပြန်ပြင်နေလေသည်။
"အဟွတ် အဟွတ်"
ဂျိချန်းဖန်က ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။
သူက ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို ပြန်ပြင်ရင်း အေးအေးဆေးဆေးပင် ပြောလိုက်၏။ "ညီအစ်ကိုကောင်းလေး... နောက်တစ်ခါကျရင် ဒီလောက်ကြီး မကြမ်းပါနဲ့ဦး"
"..." ရှောင်ပိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
သူမသည် ဂျိချန်းဖန်ကို သေအောင် ထိုးသတ်ချင်စိတ်ကို အောင့်အီးထားရင်း နှာခေါင်းရှုံ့လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ တစ်ခုခုကို သတိရသွားပုံရ၏။
"ကဲ... အခုဆိုရင် အဲဒီ 'တန်ဖိုး' က လုံလောက်ပြီလား"
ရှောင်ပိုင်က သူ့ကို လှည့်မကြည့်ဘဲ အေးစက်စက်ပင် မေးလိုက်သည်။
"တန်ဖိုး......." ဂျိချန်းဖန် ဇဝေဇဝါ ဖြစ်သွားပြီး ကြောင်တောင်တောင်ဖြင့် ပြောလိုက်၏။ "ဘာတန်ဖိုးလဲ။ ဘာက လုံလောက်တာလဲ။ မင်း ဘာအကြောင်း ပြောနေတာလဲ ငါ မသိဘူး"
"....................." ရှောင်ပိုင်၏ ပါးစပ်လေး အနည်းငယ် တွန့်သွား၏။
သူမက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဂျိချန်းဖန်ကို ရက်စက်သော အကြည့်များဖြင့် ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "မင်း ဘာဆိုလိုတာလဲ။ မင်းက အကုန်စားပြီး သောက်ပြီးမှ ဘာမှမသိသလို ဟန်ဆောင်ချင်တာလား.............."
"အော်... မင်းကို ငါ ဟင်းချက်ကျွေးတာကို ပြောတာလား"
ဂျိချန်းဖန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါ ပြောထားတယ်လေ။ ငါ့လက်ရာကို နေ့တိုင်း စားရဖို့ဆိုတာ ငါ့မိန်းမပဲ ရနိုင်တဲ့ အခွင့်အရေးပါ။ ငါတို့က ညီအစ်ကိုတွေပဲဟာကို၊ မင်းက..."
ဒီနေရာတွင် ဂျိချန်းဖန်၏ လေသံက အနည်းငယ် တုံ့သွား၏။
သူက ရှေ့မှ ရှောင်ပိုင်ကို မော့ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မင်းက... ငါ့မိန်းမ ဖြစ်ချင်နေတာတော့ မဟုတ်ပါဘူးနော်"
ငါက မင်းကို ညီအစ်ကိုလို သဘောထားတာ၊ ဒါပေမဲ့ မင်းက ငါ့မိန်းမ ဖြစ်ချင်နေတာလား..............
ငါ့ထမင်းကို စား၊ ငါ့အိပ်ရာပေါ်မှာ အိပ်ပြီးတော့ နောက်ကျရင် ငါ့ကလေးကိုတောင် ရိုက်ဦးမှာ... မင်းက... တော်တော်ဆိုးနေတာပဲ....... မင်းက သိပ်ကို မိုက်မဲလွန်းတယ်.......
"ဂျိ....... ချန်း....... ဖန်......." ရှောင်ပိုင် ဒေါသထွက်လွန်းသဖြင့် သူ့နာမည်ကို အပြည့်အစုံ အော်ခေါ်လိုက်ရာ သူမ၏ မက်မွန်ပန်းမျက်ဝန်းလေးများထဲတွင် ဒေါသရိပ်များ ပြည့်နှက်နေပြီး ရင်ဘတ်ကလည်း ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။
"အဟွတ် အဟွတ်"
ဂျိချန်းဖန် ထပ်ပြီး မစရဲတော့ပေ။
သူက မီးပုံဘေးရှိ ကင်ထားသော အသားများကို အမြန်ပြန်နွှေးလိုက်ပြီး ရှောင်ပိုင်နားသို့ လာကာ ပြောလိုက်၏။ "စားပါ... စားပါ"
"ဟွန့်......." ရှောင်ပိုင်က အေးစက်စက် နှာခေါင်းရှုံ့ကာ ရင်ဘတ်ကို လက်ပိုက်ပြီး မျက်နှာလွှဲလိုက်၏။ သူမ ရှေ့က လူကို လုံးဝ မကြည့်ချင်တော့ခြင်းပင်။
"မြန်မြန်စားပါ၊ အေးသွားရင် ပြန်ကင်ရလိမ့်မယ်၊ တူးသွားရင် မကောင်းတော့ဘူး" ဂျိချန်းဖန်က ဖျောင်းဖျလိုက်၏။ အရသာရှိသော အစားအစာ၏ မြှူဆွယ်မှုအောက်တွင် ရှောင်ပိုင်က နောက်ဆုံးတော့ အလျှော့ပေးလိုက်ရလေသည်။
ဂျိချန်းဖန်က ပြုံးရင်း ပြောလိုက်၏။ "စိတ်မဆိုးပါနဲ့၊ ငါတို့ ကျင်းယွမ်ဂိုဏ်းကို ပြန်ရောက်ရင် မင်းကို နဂါးသား ကျွေးမယ်"
"နဂါးသား.............." ရှောင်ပိုင်၏ မျက်လုံးလေးများ အရောင်တောက်သွား၏။
သူမက ဂျိချန်းဖန်ကို လှည့်ကြည့်လိုက်ပြီး ဆွဲဆောင်မှုရှိသော မျက်လုံးလေးများဖြင့် ကြည့်ကာ ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။ "ညီအစ်ကိုကောင်းလေး... ငါ အကြံပေးချင်တာက နောက်ဆို ငါ့အပေါ် ကောင်းကောင်းဆက်ဆံဖို့ပဲ၊ မဟုတ်ရင်တော့... ဟွန့် ဟွန့်"
မဟုတ်ရင် ဘာဖြစ်မှာလဲ။ မဟုတ်ရင်... သူမက ငါ့မိန်းမ ဖြစ်လာလိမ့်မယ်၊ ငါ့ထမင်းကို စားပြီး ငါ့အိပ်ရာပေါ်မှာ နေ့တိုင်း အိပ်မယ်၊ ပြီးရင် ဟိုဟာမကြိုက် ဒီဟာမကြိုက် ဂျီကျမယ်၊ နောက်ဆုံးကျရင် ငါ့ကလေးရဲ့ တင်ပါးကို နေ့တိုင်း ရိုက်လိမ့်မယ်...
ဂျိချန်းဖန် ကြက်သီးတောင် ထသွားမိသည်။
ဘယ်လောက် ရက်စက်တဲ့ မိစ္ဆာမလေးလဲ။
သူက ရှောင်ပိုင်၏ ပုခုံးကို ဖက်လိုက်ပြီး ဖျောင်းဖျလိုက်၏။ "ညီအစ်ကိုကောင်းလေး... ငါတို့က ပထမဆုံး မြင်ရုံနဲ့တင် တည့်ကြတာပါ။ အခုကစပြီး မင်းကိစ္စက ငါ့ကိစ္စပဲ၊ မင်းသားက ငါ့သားပဲ။ ငါတို့တွေ တစ်သက်လုံး ညီအစ်ကိုကောင်းတွေပဲ လုပ်သွားကြရအောင်..."
တကယ်ပါ။ တခြား ဘာမှ လျှောက်မတွေးပါနဲ့......။
ရှောင်ပိုင်က သူမလက်ထဲက အသားကင်ကို စားရင်း အေးအေးဆေးဆေးပင် ဆို၏။ "ဒါကတော့ မင်းရဲ့ အပြုအမူပေါ်မှာ မူတည်တာပေါ့"
တကယ့်ကို ကံကြမ္မာ၏ ပြောင်းပြန်လှန်မှုပါပဲ။
"ဟင်း......" ဂျိချန်းဖန် ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။ သူက ရှောင်ပိုင်ကို သတိထားကြည့်လိုက်ပြီး တစ်ဝက်တစ်ပျက် အတည်ပေါက်ဖြင့် ပြောလိုက်၏။
"အမှန်အတိုင်း ပြောရရင်... တကယ်တော့... ငါ့မှာ မိန်းမ ရှိပြီးသား"
ဟုတ်ပါတယ်၊ သူ့မှာ မိန်းမ ရှိသည်၊ ဒါပေမဲ့ တစ်ယောက်တည်း မဟုတ်ပေ။
ဒီစကားကို ကြားလိုက်ရသောအခါ ရှောင်ပိုင် ခဏမျှ တုံ့သွား၏။
သူမ၏ လှပသော မျက်နှာပေါ်တွင် ဘာခံစားချက်မှ မရှိဘဲ သူမ၏ မက်မွန်ပန်းမျက်ဝန်းလေးများက ဂျိချန်းဖန်ကို ခပ်ပြုံးပြုံးကြည့်ကာ လက်ထဲမှ အသားကင်ကို ဖြည်းဖြည်းချင်း စားရင်း ပြောလိုက်သည်။
"ဒါဆိုရင် ပိုကောင်းတာပေါ့၊ အခုကစပြီး မင်းမိန်းမက ငါ့မိန်းမပဲ၊ ဒါမှမဟုတ် မင်းက နောက်ထပ် မိန်းမတစ်ယောက် ထပ်တိုးဖို့ စိတ်မရှိဘူးမလား..."
ဂျိချန်းဖန် ခါးသီးစွာ ပြုံးလိုက်မိ၏။
သူမက တကယ့်ကို ရက်စက်တဲ့ မိစ္ဆာမလေးပဲ....... မဟုတ်ဘူး....... ဒီလို မိစ္ဆာမလေးကို သူ့နားမှာပဲ နှိမ်နင်းထားရမယ်၊ လုံးဝ အလွတ်မပေးနိုင်ဘူး၊ မဟုတ်ရင်တော့... ဒါက အပြစ်တစ်ခု ဖြစ်သွားလိမ့်မယ်.......
အနန္တတန်ခိုးရှင် တာအိုနတ်မင်းကြီးရေ....... ငါသာ ငရဲထဲမဆင်းရင် ဘယ်သူ ဆင်းမှာလဲ။ ဂျိချန်းဖန် ဖြစ်တဲ့ ငါ့ကိုပဲ ဒီဒုက္ခကို ခံစားပါရစေတော့။
ဝဝလင်လင် စားပြီးသွားသောအခါ ရှောင်ပိုင်က လက်ခုပ်တီးပြီး ထရပ်လိုက်၏။ သူမက လက်တွင် ပေနေသော အဆီများကို သူမ၏ ညီအစ်ကိုကောင်းလေး၏ အဝတ်အစားများပေါ်တွင် ပွတ်သုတ်လိုက်ရင်း ပြောလိုက်သည်။ "သွားကြစို့... အိမ်ပြန်ကြစို့"
ဂျိချန်းဖန် ကြောင်သွား၏။ "ဘယ်အိမ်လဲ"
ရှောင်ပိုင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ဒါပေါ့... ငါတို့ ကျင်းယွမ်ဂိုဏ်းကို ပြန်မှာလေ၊ မင်းအိမ်က ငါ့အိမ်ပဲ မဟုတ်လား..."
"ဒါဆိုရင်လည်း သွားကြတာပေါ့" ဂျိချန်းဖန် မျက်ခုံးလေး ပင့်လိုက်မိသည်။
ဘာကြောင့်မှန်းမသိ၊ သူ့တွင် မကောင်းသော အတိတ်နိမိတ်တစ်ခု အမြဲ ရှိနေသလို ခံစားနေရသည်။ သို့သော် ထိုအတိတ်နိမိတ်က ဘယ်ကနေ လာသလဲဆိုတာကိုတော့ သူ မသိသေးချေ။