← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁) - မင်းမိန်းမက ငါ့မိန်းမပဲ......

ယူကျင်းခန်းမအတွင်းရှိ ပုံရိပ်မှာ ယဉ်ကျေးသိမ်မွေ့ပြီး မော်တယ်လောကရှိ အမျိုးသမီးများနှင့်မတူဘဲ ထူးခြားနေသည်။

လွင့်ပျံ့နေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်၊ ကျော့ရှင်းသော ကိုယ်ဟန်ဖြင့် သူမသည် အနှိုင်းမဲ့ လှပနေ၏။လုရွယ်ချီ၏ အေးစက်သော အရှိန်အဝါက အနည်းငယ် အလှမ်းဝေးသည်ဟု ခံစားရသော်လည်း သူမ၏ဘေးမှ ဝတ်စုံဖြူဝတ် လူငယ်လေးကို ကြည့်လိုက်ချိန်တွင်မူ သူမ၏ ကြည်လင်သော မျက်ဝန်းများမှာ အဆုံးမဲ့သော နူးညံ့မှုများဖြင့် ပြည့်နှက်သွားလေသည်။

ခန်းမအပြင်ဘက်မှ ပုံရိပ်မှာမူ ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းလှပသည်။

သူမသည်လည်း အဖြူရောင်ဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များက ပုခုံးပေါ်တွင် ဝဲကျနေ၏။ ရှောင်ပိုင်၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းမျက်ဝန်းလေးများက လုရွယ်ချီကို ကြည့်လိုက်မိရာ သူမကို မြင်လိုက်ရသည်နှင့် မျက်လုံးများထဲတွင် အံ့ဩရိပ်များ ချက်ချင်း ပေါ်လာသည်။

တကယ့်ကို အနှိုင်းမဲ့ အလှနတ်သမီးလေးပဲ......

ရှောင်ပိုင် စိတ်ထဲမှ ချီးကျူးမိလိုက်သည်။

သူမသည် လုရွယ်ချီ၏ဘေးမှ ဂျိချန်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

ဘာကြောင့်မှန်းမသိ။

သူမ ရုတ်တရက် မနာလိုသလိုလို ခံစားလိုက်ရ၏။

ဘာလဲ...... သူမနဲ့ ဂျိချန်းဖန်က ညီအစ်ကိုကောင်းတွေပဲ မဟုတ်လား။ ဘာလို့ ရင်ထဲမှာ ဒီလောက် အနေခက်နေရတာလဲ။

ရှောင်ပိုင်၏ မျက်နှာမှာ ဘာခံစားချက်မှ မပြသော်လည်း ယူကျင်းခန်းမထဲရှိ လုရွယ်ချီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ ထိုအချိန်မှာပင် လုရွယ်ချီကလည်း ရှောင်ပိုင်ကို ပြန်လည်ကြည့်ရှုနေ၏။

သူမ၏ ကြည်လင်သော မျက်ဝန်းများထဲတွင် အံ့ဩမှုများ ရှိနေသလို ရင်ထဲတွင်လည်း ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

ကျင်းယွမ်ဂိုဏ်းမှာ ဒီလို အလှမျိုး ဘယ်တုန်းက ရှိသွားတာလဲ။

ဒါမှမဟုတ်...

လုရွယ်ချီက ဘေးမှ ဝတ်စုံဖြူလူငယ်လေးကို ခိုးကြည့်လိုက်မိသည်။ ဒီလို အနှိုင်းမဲ့ အလှနတ်သမီးကို ခေါ်လာနိုင်တာ သူတစ်ယောက်ပဲ ရှိလိမ့်မည်ဟု သူမ တွေးမိသည်။

အေးစက်လှပသော မိန်းကလေး၏ အမူအရာမှာ မပြောင်းလဲသော်လည်း သူမ၏ အရှိန်အဝါမှာမူ နူးညံ့မှုမှသည် တဖြည်းဖြည်းနှင့် အေးစက်တည်ငြိမ်သော အရှိန်အဝါသို့ ကူးပြောင်းသွားလေသည်။

ဂျိချန်းဖန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

လုရွယ်ချီ တစ်ယောက် စိတ်ဆိုးသွားပြီဆိုတာ သူ သိလိုက်ပြီ။

“အဟွတ် အဟွတ်”

ထိုစဉ်မှာပင် အဓိကထိုင်ခုံမှ ချောင်းဟန့်သံ ထွက်ပေါ်လာပြီး တောက်ရွှမ်း၏ အသံက ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။

“တာအိုမိတ်ဆွေ ကိုးမြီး... ခန်းမထဲကိုဝင်ပြီး ကိစ္စတွေကို ဆွေးနွေးကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူစိမ်းတွေမှ မဟုတ်တာ”

ပြောပြီးနောက် တောက်ရွှမ်းက ဂျိချန်းဖန်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။

ဟုတ်ပါသည်... သူတို့အားလုံးက သူစိမ်းတွေ မဟုတ်ကြတော့ပေ။

“ကျေးဇူးတင်ပါတယ် တာအိုသခင်ကြီး” ရှောင်ပိုင်က အနည်းငယ် ဦးညွှတ်လိုက်သည်။

ထို့နောက် သူမက ကျော့ရှင်းသော အမူအရာဖြင့် ခန်းမထဲသို့ လှမ်းဝင်လာပြီး တွန့်ဆုတ်မနေဘဲ ဂျိချန်းဖန်ရှိရာသို့ တည့်တည့် လျှောက်လာလေသည်။

တောက်ရွှမ်းက ခပ်ဖွဖွ ပြုံးလိုက်၏။ သူသည် သူ၏ အရှိန်အဝါကို ထိန်းချုပ်ထားပြီး သူ၏ တည်ရှိမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားပေးလိုက်သည်။ ရှီဟောင်ကတော့ ဘေးတွင် ကြောင်တောင်တောင် ရပ်နေ၏။

သူသည် ခန်းမထဲသို့ ဝင်လာသော ရှောင်ပိုင်ကို ကြည့်လိုက်၊ ဂျိချန်းဖန်နှင့် လုရွယ်ချီကို ကြည့်လိုက်ဖြင့် အတွေးများနေလေသည်။ ရှီဟောင်က သူတို့အတွက် နေရာလွတ်ပေးရန် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်ပေးလိုက်ရပြန်သည်။

“ရှူးးး.....”

ရှောင်ပိုင်က ဂျိချန်းဖန်၏ ဘေးသို့ ရောက်လာသည်။

သူမ၏ စိတ်ဝင်တစားရှိသော အကြည့်များက လုရွယ်ချီအပေါ်သို့ ကျရောက်သွားပြီးနောက် ဂျိချန်းဖန်ကို ပြုံးပြလျက် ဆိုလိုက်သည်။ “ငါ့ကို မိတ်မဆက်ပေးတော့ဘူးလား............”

ထိုစကားကြောင့် လုရွယ်ချီ၏ ကြည်လင်သော မျက်ဝန်းများကလည်း ဂျိချန်းဖန်ဆီသို့ ရောက်ရှိလာသည်။ သူမ ဘာမှမပြောသော်လည်း ထိုအကြည့်ကပင် အရာအားလုံးကို ဖော်ပြနေ၏။

ဂျိချန်းဖန်က ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ရှောင်ပိုင်ကို လုရွယ်ချီနှင့် အရင်ဆုံး မိတ်ဆက်ပေးလိုက်သည်။ “ရွယ်ချီ... ဒါက ရှောင်ပိုင်တဲ့၊ မြေခွေးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သလို ဂျူနီယာညီလေး ခြောက်မြီးရဲ့ အမေလည်း ဟုတ်တယ်...”

ထိုစကားကို ကြားသောအခါ လုရွယ်ချီ အနည်းငယ် အံ့ဩသွားသည်။

လွန်ခဲ့သော ရက်ပိုင်းက ဂျိချန်းဖန် ကျင်းယွမ်ဂိုဏ်းမှ ထွက်ခွာသွားသည်မှာ ခြောက်မြီးမြေခွေး၏ အမေကို ကယ်ထုတ်ရန်ဖြစ်ကြောင်း သူမ သိထားသည်။

သို့သော် ခြောက်မြီးမြေခွေး၏ အမေက ဤမျှအထိ လှပသော အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လုရွယ်ချီ၏ ရင်ထဲတွင် ပြောမပြတတ်သော ခံစားချက်များ ဖြစ်ပေါ်နေသော်လည်း အပြင်ပန်းတွင်မူ ရှောင်ပိုင်ကို ခေါင်းညိတ်ပြလိုက်ပြီး “စီနီယာ ရှောင်ပိုင်” ဟု နှုတ်ဆက်လိုက်သည်။

ဂျိချန်းဖန်က ဆက်လက်၍ လုရွယ်ချီကို ရှောင်ပိုင်နှင့် မိတ်ဆက်ပေးလိုက်ပြန်သည်။ သူက လုရွယ်ချီ၏ နုနယ်သော လက်ကလေးကို သဘာဝကျကျ ဆုပ်ကိုင်လိုက်ပြီး “ဒါကတော့ လုရွယ်ချီ... ရှောင်ကျူးတောင်ထိပ်က တပည့်တစ်ယောက်ဖြစ်သလို... ငါ့ရဲ့ စေ့စပ်ထားသူလည်း ဟုတ်တယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် လုရွယ်ချီ အံ့ဩသွားရသည်။

သူမက ဂျိချန်းဖန်ကို အံ့ဩတကြီး ကြည့်လိုက်မိပြီး သူမ၏ ဖြူစင်လှပသော မျက်နှာလေးတွင် ရှက်သွေးများ ချက်ချင်း ဖြန်းခနဲ ပေါ်လာတော့သည်။

တစ်ခဏချင်းမှာပင် သူမ၏ အေးစက်သော အရှိန်အဝါများ ပျောက်ကွယ်သွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာလေးမှာ ပန်းနုရောင် သန်းသွားလေသည်။

ဂျိချန်းဖန်က သူမကို ဤသို့ မိတ်ဆက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူ့ရဲ့ စေ့စပ်ထားသူ......

အို... ရှက်စရာကြီး......

လုရွယ်ချီက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်ပြီး ဂျိချန်းဖန်၏ ဘေးတွင် အသာအယာ မှီနေမိသည်။ သူမသည် ဘေးပတ်ဝန်းကျင်မှ လူများကို မကြည့်ဝံ့တော့ပေ။

“ဟင်း...” ရှောင်ပိုင်က နှုတ်ခမ်းကို စုပ်လိုက်မိသည်။

သူမ ရုတ်တရက် မနာလိုဖြစ်သွားရပြန်သည်။ သို့သော် အပြင်ပန်းတွင်မူ ဘာမှမပြဘဲ ဂျိချန်းဖန်၏ ပုခုံးကို ညီအစ်ကိုတွေလို ဖက်လိုက်ပြီး သူနှင့် လုရွယ်ချီကြားထဲသို့ အတင်းတိုးဝင်လိုက်သည်။

ရှောင်ပိုင်မှာ လုရွယ်ချီကို စနောက်လိုသော အမူအရာဖြင့် အကြာကြီး စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “ဪ... ဒါက ငါတို့ရဲ့ အနာဂတ် ဇနီးမယားလေးပေါ့။ မဆိုးဘူး၊ မဆိုးဘူး၊ တကယ့်ကို အနှိုင်းမဲ့ အလှလေးပဲ…..”

ဂျိချန်းဖန်၏ မျက်နှာ မည်းမှောင်သွားသည်။

ငါ့ရှေ့တင် ငါ့မိန်းမကို လာကြောင်နေတာလား။

“ဒါက 'ငါ့ရဲ့' အနာဂတ်ဇနီး၊ မင်းရဲ့ ဇနီး မဟုတ်ဘူး......” ဂျိချန်းဖန်က စိတ်တိုတိုဖြင့် ဆိုလိုက်သည်။

ရှောင်ပိုင်က သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်ကို မော့ကာ မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။ “ဘာလို့ ငါ့မိန်းမ မဟုတ်ရမှာလဲ။ ငါတို့က ကျား၊ မ မရွေး သစ္စာပြု သွေးသောက်ညီအစ်ကိုတွေ လုပ်ထားကြတာလေ......”

“ငါ့သားက မင်းသား၊ မင်းမိန်းမက ငါ့မိန်းမပေါ့...... ဘာလဲ... မင်းက ကတိဖျက်ချင်တာလား......”

အဓိကအချက်က ကျား၊ မ 'မတူတဲ့' ညီအစ်ကိုတွေ ဖြစ်နေတာပါပဲ။

“ငါ...” ဂျိချန်းဖန် ဘာမှ ပြန်မပြောနိုင်တော့ပေ။

သူ့မှာ မကောင်းသော အတိတ်နိမိတ်တစ်ခု ရှိနေပြီဖြစ်သည်။ အနာဂတ်တွင် ရှောင်ပိုင်နှင့် လုရွယ်ချီ သို့မဟုတ် စူးရူ တို့ ရင်းနှီးသွားကြလျှင် ရှောင်ပိုင်က သူတို့နောက်ကို နေ့တိုင်း လိုက်နှောင့်ယှက်ပြီး အတူတူအိပ်၊ အတူတူရေချိုးတာမျိုးတွေ တကယ် လုပ်လိမ့်မည်ဟု သူ ခံစားနေရသည်။

ဘာပဲဖြစ်ဖြစ်... ရမ္မက်ဆိုတာ အမျိုးသားတွေအတွက်ပဲ သီးသန့်မဟုတ်ဘူး မဟုတ်လား။

ထိုကိစ္စနဲ့ ပတ်သက်ပြီး ဂျိချန်းဖန်က သူပါ အတူတူ ပေါင်းလို့ရမလားဟု မေးချင်နေသည်။

လုရွယ်ချီက သူမနားတွင် ရောက်နေသော ရှောင်ပိုင်ကို ကြည့်ကာ နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ဂျိချန်းဖန်၏ အင်္ကျီလက်ကို အသာအယာ ဆွဲလိုက်သည်။ သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။

ရှောင်ပိုင်က ဂျိချန်းဖန်အပေါ် ထိတွေ့ဆက်ဆံနေပုံမှာ ရင်းနှီးလွန်းနေသော်လည်း သူတို့ကြားမှာ ချစ်သူရည်စား ဆက်ဆံရေးမျိုး မဟုတ်ဘဲ သူငယ်ချင်းတွေလို ဖြစ်နေခြင်းကြောင့်ပင်။

သို့သော် ယောက်ျားနဲ့ မိန်းမကြားမှာ... ယခုကဲ့သို့ ဆက်ဆံရေးမျိုး ရှိနိုင်သည်လော။

လုရွယ်ချီက ဂျိချန်းဖန်ကို ရှင်းပြစေလိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဂျိချန်းဖန်က ရှောင်ပိုင်ကို စိတ်ပျက်လက်ပျက်ဖြင့် တွန်းထုတ်လိုက်ရင်း လုရွယ်ချီကို ရှင်းပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ရှောင်ပိုင်က ဒီလို စရိုက်မျိုး ရှိရုံပါ...”

“အဲဒီလိုလား......” လုရွယ်ချီက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။ သူမသည် ပေါ့ပေါ့ပါးပါး နေတတ်သော ရှောင်ပိုင်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ သံသယကို နှိမ်ထားလိုက်ကာ ယူကျင်းခန်းမ အပြင်ဘက်သို့ ကြည့်လိုက်သည်။

ထိုအချိန်တွင် အခြားတောင်ထိပ်များမှ တောင်ထိပ်ခေါင်းဆောင်များအားလုံး ရောက်ရှိလာကြပြီဖြစ်သည်။ ထိုထဲတွင် သူမ၏ ဆရာဖြစ်သူ ရွှယ်ယဲ့လည်း ပါဝင်သည်။

ဖြူစင်အေးစက်သော တာအိုသခင်မသည် လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျော့ရှင်းလှပသော အမူအရာဖြင့် ခန်းမထဲသို့ ဝင်လာသည်။ သူမသည် ဂျိချန်းဖန်၏ ဘေးမှ လုရွယ်ချီကို ချက်ချင်း မြင်လိုက်ရသလို ရှောင်ပိုင်ကိုလည်း သတိထားမိသွားလေသည်။

“ဟင်......”

အခြားတောင်ထိပ်များမှ တောင်ထိပ်ခေါင်းဆောင်များလည်း ဂျိချန်းဖန်၏ ဘေးရှိ ရှောင်ပိုင်ကို သတိပြုမိသွားကြပြီး သူတို့၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ကျဉ်းမြောင်းသွားကြသည်။

အခြားအကြောင်းကြောင့် မဟုတ်ပေ။ ရှောင်ပိုင်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် နက်ရှိုင်းလှသောကြောင့် ဖြစ်သည်။

ရှန်ကျင်း အဆင့်......

ဒါက ကျိန်းသေပေါက် ရှန်ကျင်းအဆင့်ရဲ့ တည်ရှိမှုပဲ......

အခန်း (၂၀၂) တိုက်ကျူးတောင်ထိပ်က အစားအသောက်တွေကတော့ ကျိန်းသေပေါက် အရသာရှိမှာပဲ

"ရွယ်ချီ... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

တာအိုသခင်မရွှယ်ယွဲ့သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူမ၏ အကြည့်မှာ ဇဝေဇဝါဖြင့် ဂျိချန်းဖန်၏ ဘေးရှိ လုရွှယ်ချီ ဆီသို့ ကျရောက်နေသည်။

"ဆရာ..."

လုရွယ်ချီက သူမ၏ ဆရာဖြစ်သူကို အမြန်ဦးညွှတ် ဂါရဝပြုလိုက်ပြီး ရှင်းပြလေသည်။

"တပည့် လမ်းခုလတ်မှာ ခေါင်းလောင်းသံကို ကြားလိုက်ရလို့ ဘာဖြစ်တာလဲဆိုတာ လာကြည့်တာပါ"

ပြောပြီးနောက် သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ ဘာပဲဖြစ်ဖြစ် သူမ ထုံထျန်းတောင်ထိပ်သို့ လာရခြင်းမှာ ဂျိချန်းဖန်ကို မြင်ချင်သည့် ဆန္ဒမှအပ အခြားမရှိပေ။

အေးစက်စင်ကြယ်သော တာအိုသခင်မက ခေါင်းကို အသာအယာ ညိတ်လိုက်သော်လည်း ဘာမှတော့ ထပ်မပြောပေ။

"စီနီယာအစ်မ ရွှယ်ယွဲ့" ဂျိချန်းဖန်ကလည်း ရှေ့မှ တာအိုသခင်မကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

ထိုအခါ တာအိုသခင်မ ရွှယ်ယွဲ့က ဂျိချန်းဖန်၏ ဘေးမှ ရှောင်ပိုင်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြပြီး ဘာမှမပြောဘဲ နေလိုက်သည်။ သူမသည် ရှောင်ပိုင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အနည်းငယ် ခန့်မှန်းမိသော်လည်း အတိအကျတော့ မသေချာသေးပေ။

"ရှူးးး......."

ထိုစဉ်မှာပင် ဝဝဖိုင့်ဖိုင့် ပုံရိပ်တစ်ခု ယူကျင်းခန်းမထဲသို့ လျှောက်ဝင်လာသည်။

"ခုနစ်လေး... မင်း ပြန်ရောက်ပြီလား"

ကျန့်ပူယီ သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန်းမထဲသို့ ဝင်လာသည်။ သူ၏ အကြည့်မှာ ဂျိချန်းဖန်၏ ဘေးမှ ရှောင်ပိုင်ဆီသို့ စူးစမ်းစွာ ရောက်ရှိသွားပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ ၎င်းမှာ နှုတ်ဆက်ခြင်းပင်။

"ဆရာ" ဂျိချန်းဖန်က ကျန့်ပူယီကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

"အင်း..." ကျန့်ပူယီက ခေါင်းညိတ်သည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အခြား တောင်ထိပ်ခေါင်းဆောင်များမှာလည်း ရှောင်ပိုင်ကို ကြည့်နေကြသည်။ တောင်ထိပ်ခေါင်းဆောင်များ၏ အကြည့်များအောက်တွင် မူလက ပေါ့ပေါ့ပါးပါး နေတတ်သော ရှောင်ပိုင်မှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးတွင် ခန့်ညားထည်ဝါသော အသွင်အပြင် ပေါ်ပေါက်လာသည်။

သူမသည် အားလုံး၏ အကြည့်ကို မည်သည့် ထိတ်လန့်မှုမှမရှိဘဲ ရင်ဆိုင်နေ၏။

"အဟွတ် အဟွတ်"

ခဏကြာ တိတ်ဆိတ်နေသော တောက်ရွှမ်း က ရှေ့သို့ လှမ်းလာပြီး တောင်ထိပ်သခင်အားလုံးကို နေရာယူရန် အချက်ပြလိုက်သည်။ ထို့နောက် ခန်းမအပြင်ဘက်ရှိ ထုံထျန်းတောင်ထိပ် တပည့်တစ်ဦးကို "ကုလားထိုင် အချို့ ယူလာခဲ့ပါဦး" ဟု ညွှန်ကြားလိုက်သည်။

ခဏအကြာတွင် ထုံထျန်းတောင်ထိပ် တပည့်က ကုလားထိုင်များကို ယူကျင်းခန်းမထဲသို့ သယ်ဆောင်လာသည်။

တောက်ရွှမ်းက ပြုံးလျက် ဆိုလိုက်သည်။ "တာအိုမိတ်ဆွေ ကိုးမြီး... ထိုင်ပြီးမှ ကိစ္စတွေကို ဆွေးနွေးကြတာပေါ့"

"ကျေးဇူးတင်ပါတယ် တာအိုသခင်ကြီး" ရှောင်ပိုင်က ခေါင်းညိတ်ပြကာ ကျော့ရှင်းစွာ ထိုင်လိုက်သည်။

တောက်ရွှမ်းက ဆက်လက်၍ ဂျိချန်းဖန်နှင့် ရွှယ်ယွဲ့ကို ကြည့်ကာ "ဂိုဏ်းသခင်လောင်း ဂျိချန်းဖန်၊ လုရွယ်ချီ... မင်းတို့နှစ်ယောက်လည်း ထိုင်ကြပါ" ဟု ဆိုသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင် စီနီယာဦးလေး" ဂျိချန်းဖန်နှင့် လုရွယ်ချီတို့လည်း ဦးညွှတ်နှုတ်ဆက်ကာ နေရာယူလိုက်ကြသည်။

လုရွယ်ချီမှာ တပည့်တစ်ဦးဖြစ်သော်လည်း သူမ၏ ကျင့်စဉ်မှာ ရှန်ကျင်း အဆင့်သို့ တက်လှမ်းထားပြီးဖြစ်ရာ ကျင်းယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးနှင့် ညီမျှနေပြီဖြစ်သည်။

ထို့ကြောင့် သူမသည် ယူကျင်းခန်းမတွင် ထိုင်ခွင့်ရှိသလို အနာဂတ် ဂိုဏ်းသခင်၏ ဇနီးလောင်းလည်း ဖြစ်နေသည် မဟုတ်လား။

လူအားလုံး နေရာယူပြီးနောက် တောက်ရွှမ်းက ရှောင်ပိုင်ကို တောင်ထိပ်‌ခေါင်းဆောင်များနှင့် စတင်မိတ်ဆက်ပေးသည်။

"ဂျူနီယာညီလေးတို့၊ ညီမလေးတို့..."

"ဒါကတော့ မြေခွေးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်၊ လောကမှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော ကိုးမြီးကောင်းကင်မြေခွေး ပါ။ သူမက ဒီနေ့မှာ ငါတို့ ကျင်းယွမ်ဂိုဏ်းကို ဝင်ရောက်ပြီး ထုံထျန်းတောင်ထိပ်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ တောင်ထိပ်သခင်များမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။ သူတို့သည် ဖန်ရှန်းဂူက ဒါကို ဘယ်လိုတုံ့ပြန်မလဲဟု မေးချင်ကြသော်လည်း ယခုအခြေအနေအရ တိတ်ဆိတ်စွာသာ နေလိုက်ကြသည်။

တောက်ရွှမ်းက တောင်ထိပ်သခင် များကိုလည်း ရှောင်ပိုင်နှင့် ပြန်လည်မိတ်ဆက်ပေးသည်။

"နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေတို့" ရှောင်ပိုင်က မတ်တပ်ရပ်ကာ ခပ်ဖွဖွ ဦးညွှတ်လိုက်သည်။

ထိုအခါ တောင်ထိပ်သခင် များအားလုံးလည်း အမြန်မတ်တပ်ရပ်ကာ ပြန်လည်နှုတ်ဆက်ကြသည်။

"နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေ ကိုးမြီး"

နှုတ်ဆက်ခြင်းများ ပြီးဆုံးသွားသောအခါ တောက်ရွှမ်းက 'အနောက်ဘက် သေမင်းတောအုပ်' နှင့် 'ကောင်းကင်ဧကရာဇ်ရဲ့ ရတနာတိုက်' ကိစ္စများကို ဆွေးနွေးသည်။ သို့သော် ဖန်ရှန်းဂူနှင့် လူရိုင်းများ ပူးပေါင်းနေသည့် ကိစ္စကိုမူ ခိုင်လုံသော သက်သေမရှိသေးသဖြင့် လူသိရှင်ကြား မပြောသေးပေ။ ထို့ကြောင့် ဤအစည်းအဝေးမှာ ရှန်ကျင်းအဆင့် ပညာရှင် ရှောင်ပိုင်ကို ကြိုဆိုသည့် ပွဲတစ်ခုသဖွယ် ဖြစ်သွားတော့သည်။

"ခုကတော့ ဒါပါပဲ....... အာဏာလွှဲပြောင်းပွဲက တစ်လတောင် မလိုတော့ဘူး။ ဂျူနီယာညီလေးတို့ ညီမလေးတို့အနေနဲ့ မလိုလားအပ်တဲ့ ကိစ္စတွေ မဖြစ်ရအောင် မင်းတို့ရဲ့ တပည့်တွေကို ကောင်းကောင်း ကြပ်မတ်ပေးကြပါဦး..." တောက်ရွှမ်းက နိဂုံးချုပ် ပြောကြားလိုက်သည်။

အစည်းအဝေးတလျှောက်လုံး လုရွယ်ချီမှာ လိမ္မာစွာ ထိုင်နေပြီး ဘာလှုပ်ရှားမှုမှ မလုပ်ရဲပေ။ ဂျိချန်းဖန်က သူမကို စနောက်ချင်သော်လည်း အခြေအနေအရ မလုပ်ဖြစ်ခဲ့ပေ။

"ဂိုဏ်းသခင်လောင်း ဂျိချန်းဖန်၊ တာအိုမိတ်ဆွေ ကိုးမြီးအတွက် ကျင်းယွမ်ဂိုဏ်းအတွင်း နေထိုင်ဖို့ အစီအစဉ်တွေကို မင်းပဲ ကိုင်တွယ်လိုက်ပါ" တောက်ရွှမ်းက ရုတ်တရက် ဆိုလိုက်သည်။

ဂျိချန်းဖန်က မတ်တပ်ရပ်ကာ ထိုတာဝန်ကို လက်ခံလိုက်သည်။ တောက်ရွှမ်းမှာ သူနှင့် ရှောင်ပိုင်၏ ဆက်ဆံရေးမှာ ထူးခြားနေသည်ကို ရိပ်မိပုံရသည်။

"ကောင်းပြီ၊ အခြားကိစ္စမရှိရင် အားလုံး ပြန်နိုင်ကြပါပြီ" တောက်ရွှမ်းက လက်ဝေ့ယမ်းလိုက်သည်။

တောင်ထိပ်သခင် များမှာ တစ်ဦးပြီးတစ်ဦး ခန်းမထဲမှ ထွက်ခွာသွားကြသည်။ စီနီယာအစ်မ ရွှယ်ယွဲ့က သူမ၏ တပည့် လုရွယ်ချီကို ကြည့်ကာ "လုရွယ်ချီ... ပြန်ဖို့ အချိန်တန်ပြီ" ဟု တည်ငြိမ်စွာ ဆိုသည်။

လုရွယ်ချီသည် ဂျိချန်းဖန်ကို တွန့်ဆုတ်စွာ လှည့်ကြည့်လိုက်ရာ ဂျိချန်းဖန်က သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ “ဒီည တံခါးဖွင့်ထားပေးဦး “ ဟူ၍ ဖြစ်သည်။

လုရွယ်ချီမှာ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် အဓိပ္ပာယ်ကို နားလည်သွားသဖြင့် မျက်နှာလေး နီမြန်းကာ ခေါင်းငုံ့လျက် ဆရာမနောက်မှ လိုက်ပါသွားတော့သည်။

လုရွယ်ချီ ထွက်သွားပြီးနောက် ဂျိချန်းဖန်က ရှောင်ပိုင်ကို မေးလိုက်သည်။ "မင်း ဘယ်မှာ နေချင်လဲ"

ရှောင်ပိုင်က အေးအေးဆေးဆေးပင် "ခြောက်လေးရဲ့ ဘေးမှာပဲ ဝင်းတစ်ခု စီစဉ်ပေးပါ၊ ဘယ်နေရာဖြစ်ဖြစ် ရပါတယ်" ဟု ဆိုသည်။

ဂျိချန်းဖန်က ခေါင်းညိတ်သည်။ ဒါဆိုလျှင် အလောတကြီး လုပ်နေစရာ မလိုတော့ပေ။

"အခု ထမင်းစားချိန်လည်း နီးနေပြီဆိုတော့ ငါနဲ့အတူ တိုက်ကျူးတောင်ထိပ် ကို အရင်လိုက်ခဲ့မလား" ဂျိချန်းဖန်က အကြံပြုလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ပိုင်၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းမျက်ဝန်းလေးများ ချက်ချင်း တောက်ပသွားပြီး "အိုး... သွားမယ်၊ သွားမယ် " ဟု ဝမ်းသာတကြီး ဆိုသည်။

ဂျိချန်းဖန်က တိုက်ကျူးတောင်ထိပ်သည် ကျင်းယွမ်ဂိုဏ်း၏ စားဖိုမှူးများ မြစ်ဖျားခံရာ နေရာဖြစ်သည်ဟု ပြောဖူးသောကြောင့် ထိုနေရာမှ အစားအသောက်မှာ ကျိန်းသေပေါက် အရသာရှိမည်ဟု သူမ တွေးမိခြင်းပင်။

ရှေ့မှ လျှောက်သွားနေသော ကျန့်ပူယီမှာ ခြေလှမ်းအနည်းငယ် တုံ့သွားသည်။ သူသည် ဂျိချန်းဖန်နှင့် ရှောင်ပိုင်၏ စကားကို ကြားဖြစ်အောင် ကြားလိုက်သည်။

တိုက်ကျူးတောင်ထိပ်၏ တောင်ထိပ်သခင် တစ်ဦးအနေဖြင့် သူက ရှောင်ပိုင်ကို တည်ကြည်စွာ ဖိတ်ခေါ်လိုက်သည်။ "တာအိုမိတ်ဆွေ ကိုးမြီး၊ ငါ့ရဲ့ တိုက်ကျူးတောင်ထိပ်ကို ဧည့်သည်အဖြစ် လာရောက်ဖို့ ကြိုဆိုပါတယ်"

ရှောင်ပိုင်က ပြုံးလျက် ခေါင်းညိတ်ကာ "ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ကျန့်" ဟု ဆိုသည်။

"ဘာမှမဖြစ်ပါဘူး" ကျန့်ပူယီက ခေါင်းခါပြပြီး ဂျိချန်းဖန်ကို တစ်ချက်ကြည့်ကာ အရာအားလုံး သူ့အပေါ်မှာပဲ မူတည်ကြောင်း အချက်ပြလိုက်ပြီးနောက် တိုက်ကျူးတောင်ထိပ်သို့ အရင်ဆုံး ပြန်သွားတော့သည်။

"သွားကြစို့" ဂျိချန်းဖန်က ဆိုလိုက်သည်။

"အင်း" ရှောင်ပိုင် ခေါင်းညိတ်ကာ သူတို့နှစ်ဦး ထုံထျန်းတောင်ထိပ်မှ ထွက်ခွာလာခဲ့ကြသည်။

...

တိုက်ကျူးတောင်ထိပ်၊ လျိုကျင်းခန်းမ။

စေ့စပ်သေချာသော စူးရူ သည် ခေါင်းလောင်းသံကို ကြားကတည်းက ဂျိချန်းဖန် ပြန်ရောက်လာမည်ကို ခန့်မှန်းမိသည်။ ထို့ကြောင့် သူမက ဒူးဘိုင်ရှု ကို ဟင်းတစ်ပွဲ ပိုပြင်ခိုင်းထားခဲ့သည်။

သို့သော် ရှောင်ပိုင်ပါ လိုက်လာလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။ ဂျိချန်းဖန်က ရှောင်ပိုင်ကို လျိုကျင်းခန်းမထဲ ခေါ်လာသောအခါ တိုက်ကျူးတောင်ထိပ်ရှိ လူအားလုံးမှာ မှင်တက်သွားကြသည်။

ဘယ်လိုပြောရမလဲ... ပြီးခဲ့တဲ့တစ်ခေါက် ဂျိချန်းဖန် အပြင်ထွက်သွားတုန်းက ကျင့်ပင်အာကို ခေါ်လာခဲ့တယ်။ ဒီတစ်ခေါက်ကျတော့လည်း နောက်ထပ်တစ်ယောက်ကို ထပ်ခေါ်လာပြန်ပြီလား.......

"အဟွတ် အဟွတ်"

ဂျိချန်းဖန်က လူအားလုံးကို စတင်ရှင်းပြလိုက်သည်။ "ဒါက မြေခွေးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပါ၊ သူမက ဒီနေ့မှာပဲ ငါတို့ ကျင်းယွမ်ဂိုဏ်းကို ဝင်ရောက်ခဲ့တာ..."

All Chapters