အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း (၂၀၃) ငါညစ်ပတ်သွားပြီ......... ငါမသန့်ရှင်းတော့ဘူး.........
ဂျိချန်းဖန် ၏ ရှင်းပြချက်ကို ကြားပြီးနောက် တိုက်ကျူးတောင်ထိပ် ရှိ လူအားလုံး ရုတ်တရက် နားလည်သွားကြသည်။ စူးရူ ၏ မျက်ဝန်းများက ရှောင်ပိုင် နှင့် ဂျိချန်းဖန် တို့ကို အကဲခတ်သည့် အမူအရာဖြင့် ဝေ့ကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာကိုမူ သူမ မတွေ့ရှိခဲ့ပေ။
"ဂျိချန်းဖန်......... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ........."
ဝတ်စုံနီနှင့် ကျန့်လင်းအာ သည် ဂျိချန်းဖန်၏ ဘေးသို့ လျှပ်ခနဲ ရောက်လာသည်။
"ဂျူနီယာ ညီမလေး... ဖက်ချင်လို့လား"
ဂျိချန်းဖန်က ပြုံးလျက် လက်နှစ်ဖက်ကို ဖွင့်ပေးလိုက်သည်။
ဒါကို မြင်တော့ ကျန့်လင်းအာ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး မာနကြီးကာ အောင့်သက်သက် ဖြစ်နေတတ်သော သူမက "မဖက်ချင်ပါဘူး........." ဟု ဆိုကာ မျက်နှာလွှဲလိုက်လေသည်။
ရှောင်ပိုင်က ကျန့်လင်းအာကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်မိသည်။
ဒီတစ်ယောက်ကလည်း အနာဂတ် ဇနီးလောင်း တစ်ယောက်ပဲ ဖြစ်ဦးမလား.........
"လင်းအာ... ကလေးကလား မလုပ်နဲ့" စူးရူက မတ်တပ်ရပ်ကာ သူမကို ဆူပူလိုက်သည်။
ထို့နောက် ရှောင်ပိုင်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။ "တာအိုမိတ်ဆွေ ကိုးမြီး... ကျေးဇူးပြုပြီး ထိုင်ပါဦး"
"အားလုံးကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်" ရှောင်ပိုင်က နူးညံ့စွာ ပြုံးပြလိုက်သည်။
ဒူးဘိုင်ရှု မှာမူ အနည်းငယ် ပျာယာခတ်နေ၏။ သူက တိုက်ကျူးတောင်ထိပ် တပည့်တွေအတွက်ပဲ ထမင်းပြင်ထားတာ မဟုတ်လား...။ ရှောင်ပိုင် ရုတ်တရက် ရောက်လာတော့ ဒီလောက် အချိန်တိုအတွင်း သူ ဘယ်ကနေ အပိုထပ်ရှာရမည်နည်း။
ဂျိချန်းဖန်က သူ၏ အခက်အခဲကို သတိပြုမိပြီး တိုးတိုးလေး ဆိုလိုက်သည်။ "စီနီယာအကို ဒူး... ငါ့ရဲ့ ဝေစုကိုပဲ ရှောင်ပိုင်ကို ပေးလိုက်ပါ"
"ဒါကတော့..."
ဒူးဘိုင်ရှုမှာ အားနာစွာဖြင့် ခေါင်းကို ကုတ်နေမိသည်။
ကျန့်ပူယီ ၏ နှုတ်ခမ်းမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ ဧည့်သည် လာခဲလှပါသည်ဆိုမှ ဧည့်သည်အတွက် အစားအသောက် မပြင်ဆင်ထားဘူးလို့ ပြောရမှာလား.........
ဟူး.. ထိုအရာမှာ ဒူးဘိုင်ရှုရဲ့ အပြစ်ချည်း မဟုတ်ချေ။ ရှောင်ပိုင် ရောက်လာတာက သိပ်ကို ရုတ်တရက် ဆန်လွန်းနေခြင်းကြောင့် ဖြစ်သည်။
"တာအိုမိတ်ဆွေ ကိုးမြီး... ငါတို့ရဲ့ ဧည့်ဝတ်မကျေမှုကို ခွင့်လွှတ်ပေးပါဦး..." စူးရူက မတ်တပ်ရပ်ကာ အားနာစွာ ပြုံးပြလိုက်သည်။
"ရပါတယ်၊ ရပါတယ်" ရှောင်ပိုင်က လက်ကို အမြန်ဝေ့ယမ်းလိုက်ပြီး ဂျိချန်းဖန်ကို လက်ဖြင့် အသာတွန်းကာ ပြောလိုက်သည်။ "ငါ သူ့ဝေစုကိုပဲ စားလိုက်မယ်၊ မင်း စိတ်မရှိဘူးမလား........."
နောက်ဆုံး စကားကိုတော့ ဂျိချန်းဖန်ကို ကြည့်ကာ မေးလိုက်ခြင်းပင်။
"စိတ်မရှိပါဘူး......... ကျိန်းသေပေါက် စိတ်မရှိပါဘူး........."
ဂျိချန်းဖန်က အလေးအနက် ဆိုလိုက်သည်။
အဆုံးတွင် သူက ရှောင်ပိုင်၏ နားနားသို့ ကပ်ကာ "အကုန်ကုန်အောင် စားဖို့ မမေ့နဲ့ဦးနော်........." ဟု တိုးတိုးလေး ပြောလိုက်လေသည်။
ထိုစကားကြောင့် ရှောင်ပိုင်က သူ့ကို သံသယဖြင့် ကြည့်လိုက်မိသည်။ သို့သော် သူမ သိပ်အများကြီး မစဉ်းစားတော့ဘဲ ခေါင်းညိတ်လိုက်၏။
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ သူတို့နှစ်ဦး၏ ပတ်သက်မှုကို စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
ကျန့်လင်းအာကတော့ နှုတ်ခမ်းလေးစူကာ စူးရူ၏ ဘေးသို့ စိတ်တိုတိုဖြင့် ပြန်သွားတော့သည်။
ဘာလို့ ဒီစီနီယာ ကိုးမြီးကလည်း ဂျိချန်းဖန်နဲ့ ထူးထူးခြားခြား ပတ်သက်နေသလို ခံစားနေရတာလဲ.........
ထိုစဉ် ဒူးဘိုင်ရှုက ရှောင်ပိုင်အတွက် အစားအသောက်များကို သယ်လာပေးသည်။
"စီနီယာ ကိုးမြီး... ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါဦး"
"ကျေးဇူးတင်ပါတယ်" ရှောင်ပိုင်က အသာအယာ ပြုံးလိုက်သည်။
သူမသည် အရောင်အသွေး စုံလင်ကာ မွှေးကြိုင်လှသော အစားအသောက်များကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်နေမိသည်။ ကြည့်ရတာ အရမ်းလှတာပဲ၊ ကျိန်းသေပေါက် အရသာရှိမှာပါ.........
"အဟွတ် အဟွတ်"
ဂျိချန်းဖန်က ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ရှောင်ပိုင်နား ကပ်ကာ ပြောလိုက်သည်။ "မင်း အရင်စားနှင့်ဦး၊ ငါ ခဏလောက် သွားထိုင်ဦးမယ်"
ပြောပြီးသည်နှင့် ဂျိချန်းဖန်က မတ်တပ်ရပ်ကာ ဆရာနှင့် ဆရာမကို ဂါရဝပြုပြီး ချက်ချင်းပင် လစ်ထွက်သွားတော့သည်။
ရှောင်ပိုင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း အစားအသောက်ကို မြည်းစမ်းရန်သာ အာရုံစိုက်လိုက်သည်။ သူမသည် အာရှုးဖြင့် ဟင်းရွက်အချို့ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်လေသည်။ သို့သော် အစားအသောက်များ ပါးစပ်ထဲ ရောက်သွားသည်နှင့် အလွန်ပြင်းထန်လှသော ငန်ကျိကျိ အရသာကြီးက သူမ၏ ရင်ထဲသို့ တိုးဝင်လာတော့သည်...။
"အု..."
ရှောင်ပိုင်၏ လှပသော မျက်နှာလေးမှာ ပျက်သွားတော့သည်။
သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
ဆိုးလိုက်တာ......... အရမ်း ဆိုးလိုက်တာ......... အဆိုးဆုံးပဲ.........
ရှောင်ပိုင်မှာ ချက်ချင်းပင် ပြန်ထွေးထုတ်လိုက်ချင်သော်လည်း ယခုအခြေအနေတွင် ထိုသို့လုပ်ရန် မသင့်တော်သည် မဟုတ်လား။
တိုက်ကျူးတောင်ထိပ် တပည့်တွေ အများကြီး ကြည့်နေကြတာလေ၊ သူမသာ ထွေးထုတ်လိုက်ရင် သူတို့ကို စော်ကားရာ ရောက်သွားလိမ့်မည်။ ထို့ကြောင့် ရှောင်ပိုင်သည် ရင်ထဲမှ မနှစ်မြို့မှုကို အတင်းအကျပ် မျိုသိပ်ကာ ပါးစပ်ထဲမှ အစားအသောက်ကို မျိုချလိုက်ရသည်။
"အု..."
ထိုခဏတွင် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။
ညစ်ပတ်သွားပြီ။ ငါ့ပါးစပ်ကြီး ညစ်ပတ်သွားပြီ၊ ဟီးးးး။
သူမ၏ တစ်သက်တာတွင် ဤမျှအထိ ဆိုးရွားသော အစားအသောက်ကို ပထမဆုံးအကြိမ် စားဖူးခြင်းပင်။ ရှောင်ပိုင်သည် ရှေ့မှ ဟင်းပွဲအပြည့်ကို ကြည့်ရင်း ငိုမဲ့မဲ့ အပြုံးမျိုးဖြင့် ပြုံးလိုက်မိသည်။
မလှမ်းမကမ်းတွင် ထိုင်နေသော ဒူးဘိုင်ရှုက ရှောင်ပိုင်၏ မျက်နှာမှ အပြုံးကို မြင်တော့ စီနီယာ ကိုးမြီးက ငါ့လက်ရာကို အရမ်းကြိုက်နေတာလား ဟု တွေးမိလိုက်သည်။
အင်း......... ဖြစ်နိုင်တယ်......... သူမ ပြုံးတောင် ပြုံးနေတာပဲ.........
ထိုအတွေးဖြင့် ဒူးဘိုင်ရှုသည် ရှောင်ပိုင်ကို မကြာခဏ လှမ်းကြည့်နေပြီး ရှောင်ပိုင်က တစ်လုပ်စားလိုက်တိုင်း သူက ပျော်ရွှင်စွာ ပြုံးပြနေလေသည်။
ရှောင်ပိုင်မှာမူ ဒူးဘိုင်ရှု၏ အကြည့်ကြောင့် ရင်ထဲမှ ရွံရှာမှုကို အောင့်သက်သက်ဖြင့် သည်းခံကာ ရှေ့မှ အစားအသောက်များကို တစ်လုပ်ချင်း အတင်းစားနေရသည်။
အခြားရွေးချယ်စရာ မရှိပေ... တစ်ဖက်လူက သူမကို အမြဲ စိုက်ကြည့်နေပေသည်။
ပြန်ထွေးထုတ်လို့လည်း မဖြစ်နိုင်ပေ.........
ရှောင်ပိုင်၏ မျက်နှာလေးမှာ အနည်းငယ် ပျက်ယွင်းနေပြီး သူမသည် သူမ၏ အရသာခံအာရုံကို ပိတ်ထားသည့် မှော်အတတ်တစ်ခုကို အသုံးပြုကာ တည်ငြိမ်သော မျက်နှာထားဖြင့် အစားအသောက်များကို ကုန်အောင် စားလိုက်တော့သည်။
တစ်လုပ်စားလိုက်တိုင်း သူမ၏ ရင်ထဲတွင် မကျေနပ်မှုများ စုပုံလာနေသည်။
ကောင်းပြီ......... ကောင်းပြီ......... ကောင်းပြီ.........
ဂျိချန်းဖန် ဘာလို့ ဒီလောက် အမြန်ပြေးသွားတာလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။
သူ့ထမင်းဝေစုကို ငါ့ကိုပေးတာ စေတနာကောင်းလို့ မဟုတ်ဘူးပဲ။
တိုက်ကျူးတောင်ထိပ်က စားဖိုမှူးတွေရဲ့ မြစ်ဖျားခံရာဆိုတာ ဒါကြောင့်ကိုး။ အစားအသောက်တွေက ဒီလောက်တောင် ဆိုးနေတာလား..................
မိနစ်အနည်းငယ်အတွင်းမှာပင် ရှောင်ပိုင်သည် အစားအသောက်အားလုံးကို ကုန်အောင် စားလိုက်သည်။ သူမသည် မှိုင်တွေသော မျက်နှာထားဖြင့် မတ်တပ်ရပ်ကာ ကျန့်ပူယီနှင့် စူးရူကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ "တာအိုမိတ်ဆွေ နှစ်ဦး... ကျွန်မ အရင် သွားနှင့်ပါဦးမယ်"
ထိုသို့ဆိုကာ သူမ၏ ရင်ထဲမှ မကျေနပ်မှုများကို မထိန်းနိုင်တော့ဘဲ သူမ၏ တစ်ကိုယ်လုံးမှ ထိတ်လန့်ဖွယ်ကောင်းသော ရှန်ကျင်း အဆင့် အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
"ဘုန်း......."
ရှောင်ပိုင်၏ ပုံရိပ်သည် လျိုကျင်းခန်းမအတွင်းမှ လျှပ်ခနဲ ပျောက်ကွယ်သွားသည်။
ဒါကို မြင်တော့ တိုက်ကျူးတောင်ထိပ် တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေကြသည်။ ထိုစဉ်မှာပင် မကျေမနပ် ဖြစ်နေသော အသံကြီး တစ်သံသည် တိုက်ကျူးတောင်ထိပ် တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်......
"ဂျိ......... ချန်း......... ဖန်........."
တိုက်ကျူးတောင်ထိပ်၊ နောက်ဘက်တောင်ကုန်း။
ဂျိချန်းဖန်သည် ဝါးတောထဲတွင် မီးပုံတစ်ခု ဖိုထားသည်။ မီးပုံဘေးတွင် ကင်ပွတ်စင်တစ်ခု ရှိပြီး သိုးခြေထောက်ကင် တစ်ဝက် ရှိနေသည်။
"စီ... စီ... စီ..."
သိုးခြေထောက်ကင်မှ ဆီများမှာ တစီစီ မြည်နေသည်။ ဝါးတောတစ်ခုလုံးတွင် မွှေးကြိုင်လှသော အနံ့များ လွင့်ပျံ့နေ၏။
"ဝုန်း........."
ထိုစဉ်မှာပင် ကြီးမားသော အရှိန်အဝါတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး ရှောင်ပိုင်၏ စိတ်ဆိုးမာန်ဆိုး အော်ဟစ်သံက တိုက်ကျူးတောင်ထိပ် တစ်ခုလုံး ပဲ့တင်ထပ်လာသည်။
"ဂျိ......... ချန်း......... ဖန်........."
ကြီးမားလှသော စိတ်အာရုံတစ်ခုက ဂျိချန်းဖန် ရှိရာနေရာကို ချက်ချင်းပင် လော့ခ်ချလိုက်သည်။
"ရှူးးး........"
ရှောင်ပိုင်၏ ပုံရိပ်မှာ လျှပ်ခနဲ ဝါးတောထဲသို့ ရောက်ရှိလာသည်။ သူမ၏ လှပသော မျက်နှာလေးတွင် အေးစက်လှသော ဒေါသရိပ်များ ထင်ဟပ်နေပြီး သူမ၏ ရင်ဘတ်မှာလည်း ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းမျက်ဝန်းများမှာလည်း အလွန်အမင်း ဒေါသထွက်နေ၏။
"ဂျိချန်းဖန်........."
"နင် ငါ့ကို ထပ်ပြီး လိမ်ပြန်ပြီ........."
ရှောင်ပိုင်က ဝါးတောထဲရှိ ဝတ်စုံဖြူဝတ် လူငယ်လေးကို ဒေါသတကြီး ကြည့်လိုက်သည်။ သူမသည် တွန့်ဆုတ်မနေဘဲ သူ့အပေါ်သို့ ခုန်အုပ်လိုက်ကာ သူ့ကို အောက်တွင် ဖိထားလိုက်ပြီး သူမ၏ နုနယ်လှပသော လက်ကလေးများဖြင့် သူ့မျက်နှာကို ဆွဲညှစ်ရန် ပြင်လိုက်တော့သည်...။
"ဟေး... ဟေး... ဟေး........."
"ငါ မင်းကို ဘာလိမ်လို့လဲ"
ဂျိချန်းဖန်က အသာတကြည် အလျှော့ပေးမည့်သူ မဟုတ်ပေ။ သူက ရှောင်ပိုင်၏ ကျောက်စိမ်းကဲ့သို့ လက်ကလေးများကို ဖမ်းဆုပ်လိုက်ပြီး တစ်ပတ်လှည့်ကာ သူမကို အောက်မှနေ၍ ပြန်လည် ဖိထားလိုက်သည်။
ရှောင်ပိုင်က နှုတ်ခမ်းလေးစူကာ စိတ်ဆိုးနေ၏။ သူမ၏ မက်မွန်ပန်းမျက်ဝန်းများက ရှေ့မှ ဝတ်စုံဖြူဝတ် လူငယ်လေးကို စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။
"နင်ပဲ တိုက်ကျူးတောင်ထိပ်က အစားအသောက်တွေက အရသာရှိတယ်လို့ ပြောခဲ့တာ မဟုတ်လား.................."
"ဟဲဟဲ "
ဂျိချန်းဖန်က နောက်ပြောင်သည့် အမူအရာဖြင့် ရယ်မောကာ ဆိုလိုက်သည်။ "ငါက တိုက်ကျူးတောင်ထိပ်က အစားအသောက်တွေ အရသာရှိတယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး၊ ငါ ပြောခဲ့တာက ငါတို့ တိုက်ကျူးတောင်ထိပ်က စားဖိုမှူးတွေရဲ့ မြစ်ဖျားခံရာပါလို့ပဲ ပြောခဲ့တာ"
"နင်........"
ရှောင်ပိုင်၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမသည် မကျေမနပ် ဖြစ်လွန်းသဖြင့် ဂျိချန်းဖန်၏ နှုတ်ခမ်းကို တိုက်ရိုက်ပင် ကိုက်ချလိုက်တော့သည်။
အားးး.........
ဒါက ငါ့ကို လိမ်ခဲ့တဲ့အတွက် လျော်ကြေးပဲ...........................
အခန်း (၂၀၄) ညီအစ်ကို......
ရှောင်ပိုင် ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံနွယ်များမှာ ဖားလျားကျနေသည်။
သူမ၏ ပါးစပ်လေးသည် ဂျိချန်းဖန် ၏ နှုတ်ခမ်းကို တိတိကျကျပင် ကိုက်ချလိုက်လေသည်။
"ဒါက ဘာကြီးလဲ..."
ဂျိချန်းဖန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
သူသည် ရှောင်ပိုင်၏ လှပသော မျက်နှာလေးကို အမြန်ပင် တွန်းထုတ်လိုက်ရ၏။ နာကျင်မှုကြောင့် သူ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
"လွှတ်ဦး............"
"မလွှတ်ဘူး....."
ရှောင်ပိုင်က သူမ၏ မက်မွန်ပန်းမျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး ပါးလေးနှစ်ဖက်မှာလည်း ဖောင်းနေကာ ဒေါသကြောင့် မျက်နှာလေးမှာ နီမြန်းနေလေသည်။
"ကောင်းပြီ... ကောင်းပြီ...... မလွှတ်ဘူးပေါ့ ဟုတ်လား......"
ဂျိချန်းဖန် စိတ်ကို တင်းလိုက်သည်။
သူသည် ရှောင်ပိုင်ကို ထိုနေရာမှာတင် ဖိနှိပ်လိုက်ပြီး သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူမ၏ နှုတ်ခမ်းကို တိုက်ရိုက်ပင် ဖိကပ် နမ်းရှုပ်လိုက်တော့သည်။
"အု…….."
ရှောင်ပိုင်၏ မျက်လုံးများ ပြူးသွားရသည်။
သူမသည် ရှေ့မှ ဝတ်စုံဖြူဝတ် လူငယ်လေးကို ခုခံသည့်အနေဖြင့် အသည်းအသန် တွန်းဖယ်နေ၏။
သို့သော်...
သူမ၏ စွမ်းအားများကို အသုံးပြုလျင်ပင် သူမ၏ ခွန်အားမှာ သိပ်ကို အားနည်းလွန်းလှပေသည်။
ထို့အပြင်...
သာမန် ရှန်ကျင်း အဆင့် ကျင့်ကြံသူတစ်ဦးက ထိုက်ကျင်း အဆင့်ဖြစ်သော ဂျိချန်းဖန်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
"အု......."
ရှောင်ပိုင်က ဂျိချန်းဖန်ကို အဆက်မပြတ် တွန်းဖယ်နေသော်လည်း တဖြည်းဖြည်းနှင့် သူမ၏ ခွန်အားများ လျော့နည်းလာကာ သူမ၏ ခန္ဓာကိုယ်လေးမှာလည်း ပျော့ခွေလာတော့သည်။
နောက်ဆုံးတွင် ရှောင်ပိုင်မှာ ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး ဖြစ်သွားပြီး မတွန်းလှန်နိုင်တော့ပေ။
သူမ၏ ပုလဲကဲ့သို့ သွားလေးများက မူလက ဂျိချန်းဖန်၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားသော်လည်း သူ၏ ပြန်လည်ဖိနှိပ်မှုအောက်တွင် ရှောင်ပိုင်သည်လည်း တဖြည်းဖြည်းနှင့် လျှော့ပေးလိုက်ရသည်။
ရှေ့မှ ပြင်းထန်သော အရှိန်အဝါကို ခံစားရင်း ရှောင်ပိုင်၏ မက်မွန်ပန်းမျက်ဝန်းများမှာလည်း တဖြည်းဖြည်းနှင့် ဝေဝါးလာတော့သည်။
သို့သော် အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်သို့ ရောက်ခါနီးမှ...
ဂျိချန်းဖန်က သူမ၏ နှုတ်ခမ်းများကို ရုတ်တရက် လွှတ်ပေးလိုက်သည်။
သူက ရှေ့မှ ရှောင်ပိုင်ကို ကြည့်ကာ နောက်ပြောင်သည့် အမူအရာဖြင့် ပြုံးလျက် ဆိုလိုက်သည်....
"ညီအစ်ကိုကောင်းလေး............"
"ငါ့ကို ပျော်ခွင့်ပေးဦး......"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ပိုင်၏ မျက်လုံးများ ချက်ချင်း ပြန်လည်ကြည်လင်သွားသည်။ သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ဂျိချန်းဖန်ကို လက်ဖြင့် တွန်းထုတ်ကာ မာနတကြီး ပြောလိုက်သည်။
"မင်းကို ပျော်ခွင့်မပေးနိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့ကို အရင် ပျော်ခွင့်ပေးရမှာပေါ့..."
ထိုသို့ဆိုကာ သူမက သူ့ကို ပြန်လည်ဖိနှိပ်လိုက်တော့သည်။
မင်းတစ်ယောက်တည်း လုပ်တတ်တယ် ထင်နေလား......
မင်းရဲ့ စီနီယာအစ်မဖြစ်တဲ့ ငါကကော မလုပ်တတ်ဘူးလို့ ထင်နေတာလား......
ဟွန့်...... ထိုက်ကျင်းအဆင့် ဖြစ်နေတော့ ဘာဖြစ်လဲ............
ငါကတော့ မင်းကို လက်တစ်ချက်နဲ့တင် နှိမ်နင်းနိုင်တယ်......
သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များမှာ ပြန့်ကျဲနေပြီး သင်းပျံ့လှသော ရနံ့လေးမှာ သူ၏ နှာခေါင်းဝတွင် ဝဲလှည့်နေသည်။ ဂျိချန်းဖန်သည် ရှောင်ပိုင်၏ ကလေးကလား အပြုအမူများကို ခံစားရင်း အသာအယာ ရယ်မောလိုက်မိသည်။
သူသည် လက်ကိုမြှောက်ကာ ရှောင်ပိုင်ကို ပြန်လည်ဖက်တွယ်လိုက်ပြီး သူမကို တစ်ဆင့်ချင်း လမ်းပြပေးလိုက်လေသည်။
ခဏအကြာတွင် ရှောင်ပိုင်က နှုတ်ခမ်းကို လွှတ်ပေးလိုက်ပြီး ဖြည်းညှင်းစွာ ထိုင်လိုက်သည်။ သူမ၏ ဆံပင်ရှည်များက ပုခုံးပေါ်တွင် ဝဲကျနေပြီး ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေ၏။
"ဟူး....."
ရှောင်ပိုင်က လေကို အဝရှူလိုက်ရသည်။ သူမသည် သူမ၏ 'အနိုင်ကျင့်ခြင်း' ကို ခံလိုက်ရသော ဂျိချန်းဖန်ကို ကြည့်ကာ ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မဆိုးဘူး၊ မဆိုးဘူး"
ရှောင်ပိုင်က ဂျိချန်းဖန်၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်ပေးရန် လက်ကို မြှောက်လိုက်ပြီးနောက် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ လက်ခုပ်တီးလျက် ပြောလိုက်သည်။ "ခု ငါ ပျော်သွားပြီ၊ ဒါကြောင့် ခုနက မင်းငါ့ကို လိမ်ခဲ့တာကို ခွင့်လွှတ်ပေးလိုက်မယ်..."
ထိုစကားကို ကြားလျင် ဂျိချန်းဖန်မှာ ပြောစရာပင် မရှိတော့ပေ။ သူက တကယ်ကြီး လိမ်ခဲ့တာမှ မဟုတ်တာ။ ရှောင်ပိုင်ကို စနောက်လိုက်ရုံပဲလေ။သို့သော် ဘာပဲဖြစ်ဖြစ် သူ ခုခံမနေတော့ချေ။ အသာရတုန်းလေး ငြိမ်နေတာက အကောင်းဆုံးပဲ။
သူမလည်း ပျော်သွားသလို ငါလည်း ပျော်သွားတာပဲ မဟုတ်လား........။
သူတို့နှစ်ဦး မီးပုံဘေးတွင် ထိုင်လိုက်ကြသည်။ မီးရောင်ဖျော့ဖျော့အောက်တွင် ရှောင်ပိုင်၏ နီမြန်းနေသော မျက်နှာလေးမှာ ပေါ်လွင်နေ၏။ သူမက တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင်မူ သူမ၏ ရင်ခုန်သံများမှာ အဆက်မပြတ် မြန်ဆန်နေခြင်း ဖြစ်သည်။
"စားဦးလေ"
ဂျိချန်းဖန်က သိုးခြေထောက်ကင်ကို ကမ်းပေးလိုက်သည်။
"အင်း" ရှောင်ပိုင်က သိုးခြေထောက်ကင်ကို ဝမ်းသာအားရ ယူကာ တစ်လုပ်စားလိုက်သည်။ သို့သော် သူမ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး.....
"ဘာလို့ ဒီသိုးခြေထောက်မှာ သွေးနံ့ ရနေရတာလဲ......"
...ဂျိချန်းဖန်က သူ၏ နှုတ်ခမ်းကို သပ်လိုက်သည်။ သွေးစအချို့မှာ သူ၏ လက်တွင် ထင်ကျန်ရစ်၏။ သူက ရှောင်ပိုင်ကို စိတ်ပျက်လက်ပျက် ကြည့်ကာ ပြောလိုက်သည်။
"မင်း ပါးစပ်ထဲက သွေးနံ့က ငါ့သွေး ဖြစ်နေဖို့ များမယ်လို့ မထင်ဘူးလား............"
"အမ်......" ရှောင်ပိုင်က ဂျိချန်းဖန်ကို ကြောင်အမ်းအမ်း ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းတွင် တကယ်ပင် အရေပြား ပဲ့သွားပြီး သွေးစအချို့ ထွက်နေသည်ကို တွေ့လိုက်ရသည်။
ဒါကို မြင်တော့ ရှောင်ပိုင် အနည်းငယ် အားနာသွားမိသည်။ သို့သော် သူမက ချက်ချင်းပင် တရားသောသူအယောင်ဆောင်ကာ ပြန်ကြည့်လိုက်ပြီး သူမ၏ ဆီးနှင်းကဲ့သို့ လည်တိုင်ကို မော့လျက် ပြောလိုက်သည်.....
"ဟွန့်...... မင်းက ငါ့ကို အရင်လိမ်တာကိုး"
"စားစရာရှိတာ စားစမ်းပါ......" ဂျိချန်းဖန်က သူမ၏ ကျောကို စိတ်တိုတိုဖြင့် ပုတ်လိုက်သည်။
ရှောင်ပိုင် ခဏမျှ တွန့်ဆုတ်သွားသော်လည်း စကားမပြောတော့ပေ။ သူမသည် သိုးခြေထောက်ကင်ကို စားရင်း ဂျိချန်းဖန်ကို ဂရုတစိုက် ခိုးကြည့်နေမိသည်။
ဝတ်စုံဖြူဝတ် လူငယ်လေးသည် ဘေးတွင် ထိုင်နေပြီး သူ၏ အဝတ်အစားများမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေကာ သူ၏ ချောမောသော မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ရှိနေသည်။
သူ၏ နှုတ်ခမ်းပါးလေးတွင်လည်း သွေးစအချို့က ရှိနေသေး၏...။
၎င်းက ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
ရှောင်ပိုင် တိတ်တဆိတ် တံတွေးမျိုချလိုက်မိသည်။ သူမ၏ ပါးစပ်ထဲမှ သွေးနံ့ကို မြည်းစမ်းကြည့်ရာ ၎င်းမှာ ဂျိချန်းဖန်၏ အရသာပင်...။
တကယ်တော့ အရသာရှိလှပေသည်။
ထိုသို့ တွေးမိသည်နှင့် ရှောင်ပိုင်၏ အသက်ရှူသံမှာ တဖြည်းဖြည်း ပြင်းထန်လာတော့သည်။ သူမသည် လက်ထဲမှ သိုးခြေထောက်ကင်ကို ကြည့်လိုက်ရာ ရုတ်တရက် ၎င်းမှာ ဆွဲဆောင်မှု မရှိတော့သလို ခံစားလိုက်ရသည်။
ရှောင်ပိုင်သည် သိုးခြေထောက်ကင်ကို စင်ပေါ်သို့ ပစ်တင်လိုက်ပြီးနောက် တိတ်တဆိတ် မတ်တပ်ရပ်လိုက်လေသည်။
ဝါးတောထဲတွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်နေသည်။ သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များမှာ ပုခုံးပေါ်တွင် ဝဲကျနေကာ သင်းပျံ့လှသော ရနံ့လေးက လွင့်ပျံ့နေ၏။ ထိုအမျိုးသမီး၏ ကိုယ်ဟန်မှာ အရပ်ရှည်ပြီး ကျော့ရှင်းလှပသည်...။
သူမသည် ဂျိချန်းဖန်၏ ရှေ့သို့ တိတ်တဆိတ် ရောက်လာသည်။
"ဘာဖြစ်လို့လဲ......"
ဝတ်စုံဖြူဝတ် လူငယ်လေးက ကြောင်အမ်းအမ်း မော့ကြည့်လိုက်သည်။
သူ မြင်လိုက်ရသည်မှာ လှပကြီးမားလှသော ဝင်းပသည့် လမင်းကြီးနှစ်စင်း (ရင်သား) သာ ဖြစ်သည်။ ထိုလမင်းကြီးများက ရှောင်ပိုင်၏ လှပသော မျက်နှာကို ဖုံးကွယ်ထားပြီး ဆံနွယ်တစ်မျှင်သာ အောက်သို့ တွဲကျနေ၏။
"ရှူးးး....."
နုနယ်လှပသော လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ရှောင်ပိုင်က ဂျိချန်းဖန်၏ မေးစေ့ကို အသာအယာ မလိုက်သည်။ ဆီများပေကျံနေသော သူမ၏ နှုတ်ခမ်းနီလေးမှာ အနည်းငယ် ကွေးညွှတ်သွားပြီး သူမ၏ မက်မွန်ပန်းမျက်ဝန်းများတွင် ရမ္မက်ဆန္ဒများ တောက်လောင်နေလေသည်။
"ညီအစ်ကိုကောင်းလေး "
"ငါ့ကို ပျော်ခွင့်ပေးပါဦး "
ရှောင်ပိုင်၏ အသံမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ ထိုစကားအဆုံးတွင် သူမသည် တွန့်ဆုတ်မနေဘဲ ဂျိချန်းဖန်ကို တိုက်ရိုက်ပင် ပြန်လည်ဖိနှိပ်လိုက်တော့သည်။
"ဘာကြီးလဲ............"
ဂျိချန်းဖန်မှာ ဒီလို ရုတ်တရက် အပြောင်းအလဲကြီးကြောင့် အခွင့်အရေး မရလိုက်ပေ။ သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် နူးညံ့လှသော နွေးထွေးမှုတစ်ခုက သူ့ကို လွှမ်းခြုံသွားတော့သည်။
"အု......"
ယခုအကြိမ်မှာမူ ဂျိချန်းဖန်၏ အလှည့်ပင်။ ရှောင်ပိုင်က သိုးခြေထောက်ကင်ကို စားပြီးခါစဖြစ်ရာ သူမ၏ ပါးစပ်တွင် ဆီနံ့များ ရှိနေသည်။
"အမြန်လွှတ်စမ်း......"
ဂျိချန်းဖန်က ရှောင်ပိုင်ကို အနည်းငယ် ရွံသလိုဖြင့် အသာအယာ တွန်းလိုက်သည်။ သို့သော် အနည်းငယ်မျှသာ ဖြစ်သည်။
ရှောင်ပိုင်ကတော့ လုံးဝ မလှုပ်ရှားပေ။ သူမ၏ နုနယ်သော လက်ကလေးများဖြင့် ဂျိချန်းဖန်ကို အောက်မှနေ၍ တင်းတင်းကျပ်ကျပ် ဖိထားလေသည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျိချန်းဖန်မှာလည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ သူက ရှောင်ပိုင်ကို တွန်းထုတ်ဖို့အတွက် မှော်စွမ်းအားတွေကို အသုံးမပြုနိုင်ဘူး မဟုတ်လား။
မလိုအပ်ပါဘူး... သူတို့က ညီအစ်ကိုတွေပဲလေ။
သူ့ညီအစ်ကိုက ပျော်ချင်တယ်ဆိုမှတော့... ပျော်ခွင့်ပေးလိုက်ရုံပင်။
ဟူး.....
ငါ ဂျိချန်းဖန်ပဲ အနည်းငယ် အနစ်နာခံပေးလိုက်ပါတော့မယ်။
ထိုသို့ တွေးမိသည်နှင့် ဂျိချန်းဖန်သည် အရှုံးပေးလိုက်တော့သည်။ သူသည် သတ်ရန်ပြင်ထားသော သိုးငယ်လေးတစ်ကောင်ကဲ့သို့ ရှောင်ပိုင် စိတ်ကြိုက် လုပ်သမျှကို ငြိမ်ခံနေလိုက်သည်။
"ရှူးးး....."
လေပြည်အေးလေးက ခပ်ဖွဖွ တိုက်ခတ်လာသည်။ ဝါးတောထဲတွင် တစီစီမြည်သံလေးများ ထွက်ပေါ်နေ၏။
အဖြူရောင် ပုံရိပ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ရောယှက်နေကြသည်။
အချိန် ဘယ်လောက်တောင် ကုန်သွားသည်ကို မည်သူမှ မသိနိုင်ပေ။
ရှောင်ပိုင်သည် နီမြန်းနေသော မျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမသည် ဂျိချန်းဖန်ကို ကျေနပ်စွာဖြင့် ဆွဲထူလိုက်ပြီး သူ၏ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို ဖြည်းညှင်းစွာ ပြန်လည်ပြင်ဆင်ပေးလေသည်။
"ညီလေး... မင်းဆီက အနံ့လေးက တကယ့်ကို မွှေးတာပဲ "
ရှောင်ပိုင်က ဂျိချန်းဖန်ကို စွဲစွဲလမ်းလမ်းဖြင့် ပွတ်သပ်နေမိသည်။
တကယ့် ပြောင်းပြန်ကြီးပင်......
ဂျိချန်းဖန်၏ နှုတ်ခမ်းမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သူ၏ ဆံပင်ရှည်များမှာ ရှောင်ပိုင်ကြောင့် ဖရိုဖရဲ ဖြစ်နေပြီး သူက အခွင့်အရေးယူလိုက်ရသူ ဖြစ်သင့်သော်လည်း... အခုတော့ ပြောင်းပြန်ဖြစ်နေသလို ခံစားနေရသည်။
တစ်ခုခုတော့ မဟုတ်တော့ဘူး......
ဆယ်ပုံမှာ ကိုးပုံကတော့ မဟုတ်တာ သေချာနေပြီဖြစ်သည်......
နီမြန်းနေသော မျက်နှာလေးနှင့် ရှောင်ပိုင်ကို ကြည့်ကာ ဂျိချန်းဖန် ဘာပြောရမှန်း မသိတော့ပေ။ သူ၏ နှုတ်ခမ်းများမှာလည်း အနည်းငယ် ထုံကျင်နေ၏။ ကြည့်ရတာ ခုနက တကယ့်ကို 'အထူးတလည် လာရောက်လည်ပတ်ခြင်း' ခံလိုက်ရပုံရသည်။
ဟင်း... မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူမက တကယ့် မြေခွေးမလေးပဲ။