အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း (၂၀၅) - နတ်ဘုရားဓားဖြင့် မိုးကြိုးကို ထိန်းချုပ်ခြင်း.....
"ရှူးးး....."
လေပြည်အေးလေးက ခပ်ဖွဖွ တိုက်ခတ်လာသည်။
ဝါးတောထဲရှိ သစ်ရွက်များမှာ တရှဲရှဲ မြည်နေ၏။ အရပ်ရှည်ရှည် ဝတ်စုံဖြူဝတ် အမျိုးသမီးတစ်ဦးသည် ကျေနပ်အားရသော မျက်နှာထားဖြင့် အညောင်းအညာ ဆန့်လိုက်သည်။
သူမ၏ ကိုယ်ဟန်မှာ ကျော့ရှင်းလှပပြီး မျက်နှာလေးမှာ ဆွဲဆောင်မှုရှိကာ ဆံပင်များမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသည်။ သူမ၏ စွဲမက်ဖွယ် မက်မွန်ပန်းပွင့်မျက်ဝန်းများတွင်လည်း အဆုံးမဲ့သော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေ၏။
ရှောင်ပိုင် သည် ကျေနပ်အားရစွာဖြင့် သူမ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်လိုက်သည်။
သူမသည် နောက်ဘက်သို့ လှမ်းကြည့်လိုက်၏။
ချောမောသော ဝတ်စုံဖြူဝတ် လူငယ်လေး တစ်ဦးသည် ဆံပင်များ ဖရိုဖရဲဖြင့် ကြောင်အမ်းအမ်း ထိုင်နေသည်။ သူ၏ အဝတ်အစားများမှာလည်း အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး သူ၏ နက်မှောင်သော မျက်ဝန်းများတွင်လည်း ဟာလာဟင်းလင်း ဖြစ်နေသည့် အကြည့်များ ရှိနေသည်...။
သူ၏ နှုတ်ခမ်းပါးလေးမှာလည်း အနည်းငယ် ရောင်ရမ်းနေ၏။
၎င်းမှာ မိန်းမဆိုးတစ်ယောက်၏ 'အထူးတလည် လာရောက်လည်ပတ်ခြင်း' ကို ခံလိုက်ရသည့်အတိုင်းပင်။
ဂျိချန်းဖန် သည် ကြောင်အမ်းအမ်း ထိုင်နေမိသည်။
သူသည် တကယ့်ကို အလုယက်ခံလိုက်ရသည့်ပုံစံ ပေါက်နေ၏။
သူသည် ရှေ့မှ ရှောင်ပိုင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။ ဒါက တကယ့်ကို သဘာဝတရားကို ပြောင်းပြန်လှန်လိုက်တာပဲ.....
မြေခွေးမဆိုတာ တကယ်ကို မြေခွေးမပါပဲလား.....
ရှောင်ပိုင်ကတော့ ဂျိချန်းဖန်၏ အကြည့်ကို လျစ်လျူရှုထားသည်။ ဘာပဲဖြစ်ဖြစ် သူမကတော့ ပျော်သွားပြီ ဖြစ်သည်......... ဂျိချန်းဖန် ဘာလုပ်လုပ် သူမ ဂရုမစိုက်တော့ပေ။
သူမသည် မီးပုံရှေ့တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး နွေးနေသေးသော သိုးခြေထောက်ကင်ကို ယူကာ စားလိုက်သည်။ ကိစ္စပြီးနောက် သိုးခြေထောက်ကင် စားရခြင်းမှာ တာအိုသခင် တစ်ယောက် ဖြစ်ရတာထက်တောင် သာကြောင်း တွေးမိသွားလေသည်.....။
"နေလို့ကောင်းလိုက်တာ....."
"ဝိုင်လေးသာ ပါရင် ပိုကောင်းမှာပဲ"
ရှောင်ပိုင် အနည်းငယ် နှမြောတသဟန်ဖြင့် ခေါင်းခါလိုက်သည်။
ထိုအရာကို ကြားသော်အခါ ဂျိချန်းဖန်မှာ သူမကို စိတ်ပျက်လက်ပျက် စိုက်ကြည့်နေမိသည်။ ထို့နောက် မတ်တပ်ရပ်ကာ အဝတ်အစားများကို ပြန်လည်ပြင်ဆင်ပြီး ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို ပြန်လည် စည်းနှောင်လိုက်ရင်း ဆိုလိုက်သည်.....
"စားစရာ ရှိတာကိုပဲ ကျေးဇူးတင်စမ်းပါ....."
"ဂျီးများလိုက်တာ....."
"ဟဲဟဲဟဲ....." ရှောင်ပိုင်က အနည်းငယ် မာနကြီးစွာ ပြုံးလိုက်သည်။
ထိုခဏတွင် သူမသည် ဂျိချန်းဖန် သူမကို လိမ်ခဲ့သည်ကို အမှန်တကယ်ပင် ခွင့်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမကို ပျော်ရွှင်အောင် လုပ်ပေးခဲ့သောကြောင့် သူမအနေဖြင့် ပိုပြီး သဘောထားကြီးပေးရပေမည်...။
"မင်း အေးအေးဆေးဆေး စားနေလိုက်တော့၊ ငါ အရင်သွားနှင့်ပြီ" ဂျိချန်းဖန်က ထွက်ပြေးရန် ပြင်လိုက်သည်။
ထိုအရာကို ကြားသောအခါ ရှောင်ပိုင် လက်ထဲမှ သိုးခြေထောက်ကင်ကို အမြန်ချလိုက်ပြီး ရှေ့မှ ဝတ်စုံဖြူဝတ် လူငယ်လေးကို မော့ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။ "မင်း ဘယ်ကို သွားမလို့လဲ....."
"ငါ့မိန်းမဆီ သွားမလို့လေ၊ အဲဒါ မဟုတ်ရင် ဘာရှိဦးမှာလဲ....." ဂျိချန်းဖန်က စိတ်တိုတိုဖြင့် ဆိုလိုက်သည်။
ရှောင်ပိုင်ဆိုတဲ့ ဒီအပေါ်ယံ သူငယ်ချင်းက သူမ ပျော်ဖို့ပဲ သိတယ်၊ ငါ့ရဲ့ ခံစားချက်ကို လုံးဝ ထည့်မတွက်ဘူး၊ တကယ့်ကို စိတ်ပျက်စရာပဲ။
ဟုတ်ပေသည်။ သူငယ်ချင်းဆိုတာ မိန်းမလောက်တော့ အသုံးမကျသေးပေ။
ရှောင်ပိုင်က လက်ထဲမှ သိုးခြေထောက်ကင်ကို အမြန်ချလိုက်ပြီး စိတ်ဝင်တစားဖြင့် ဆိုလိုက်သည်။ "မင်း မိန်းမဆီ သွားတာကို ငါ့ကို မခေါ်ဘဲ သွားလို့ ဖြစ်မလား..... ငါလည်း လိုက်ခဲ့ချင်တယ်..... ငါလည်း လိုက်မယ်....."
ဒါကို ကြားတော့ ဂျိချန်းဖန်က သူမကို လျစ်လျူရှုလိုက်သည်။
ထို့နောက် ရွှမ်ချာဂိုဏ်း ရှိရာ အရပ်သို့ သူ့ဘာသာ ပျံသန်းသွားတော့သည်။
ရှောင်ပိုင်က အမြန်လိုက်လာပြီး စူးစမ်းစွာ မေးလိုက်ပြန်သည်။ "ဒါက ရှောင်ကျူးတောင်ထိပ် ကို သွားတဲ့ လမ်းမဟုတ်သလိုပဲ....."
ဂျိချန်းဖန်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။ "လုရွယ်ချီ နဲ့ ငါက စေ့စပ်ထားပြီးသား ဆိုပေမဲ့ အကြောင်းပြချက် မရှိဘဲ သူမဆီကို သွားလို့ မဖြစ်ဘူးလေ"
ရှောင်ပိုင်က မျက်မှောင်ကြုတ်ကာ "ဒါဆို မင်း ဘယ်သူ့ဆီ သွားမလို့လဲ....."
တောက်..... ဒီကောင်မှာ နောက်ထပ် မိန်းမတစ်ယောက် ရှိနေသေးတာလား.....
ရှောင်ပိုင်က ဂျိချန်းဖန်ကို သံသယဖြင့် ကြည့်လိုက်မိသည်။ သူမအနေဖြင့် သူငယ်ချင်းအဖြစ် ရွေးချယ်ခဲ့တာ တော်သေးသည်ဟု တွေးမိလိုက်၏၊ မဟုတ်လျှင်... ထိုညီအစ်မများကြားထဲမှာတင် သူမ ခေါင်းကိုက်နေရလိမ့်မည်။
"ရောက်ရင် သိပါလိမ့်မယ်" ဂျိချန်းဖန်က လက်ဝေ့ယမ်းကာ ဆိုလိုက်သည်။
ကျင့်ပင်အာ နှင့်ဆိုလျင် ရှောင်ပိုင်နဲ့ ဆက်ဆံရေးကို ဖုံးကွယ်ထားစရာ မလိုပေ၊ အဘယ်ကြောင့်ဆိုသော် ကျင့်ပင်အာမှာ တော်တော်လေး လိမ္မာလို့ဖြစ်ပေသည်။
သူမ ကျိန်းသေပေါက် မနာလို ဖြစ်လိမ့်မည်။ သို့သော် သူမ အများကြီးတော့ ပြောမှာ မဟုတ်ပေ...။ နည်းနည်းလောက် ချော့လိုက်ရင် ရပေသည်။
ခြုံပြောရရင် ကျင့်ပင်အာမှာ ဂျိချန်းဖန်အပေါ်မှာ ပိုပြီး မှီခိုမိနေသည်။ သူမက လုရွယ်ချီလို မာနကြီးတဲ့သူ မဟုတ်သလို... သူမအနေဖြင့် ဂျိချန်းဖန်ကိုပဲ အားကိုးနေရခြင်းဖြစ်ပေသည်။
ရှောင်ပိုင်ကတော့... ဂျိချန်းဖန်မှာ နောက်ထပ် မိန်းမတစ်ယောက် ရှိနေတယ်ဆိုတာကို သိသွားပြီးနောက် အနည်းငယ် မနာလို ဖြစ်မိသော်လည်း နောက်ဆုံးမှာတော့ ဘာမှ မပြောခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူမက အသက်ရှင်လာတာ ကြာပြီဖြစ်ပြီး... အချို့အရာများအား သူမ မလုယူချင်တော့ပေ။ လက်ရှိအချိန်မှာ ကောင်းကောင်း နေထိုင်သွားချင်ရုံသာ ဖြစ်သည်။
...
ရွှမ်ချာဂိုဏ်း၊ မြောင်ယင်တောင်ထိပ်၊ ရွှမ်ယင်ခန်းမ။
ဂျိချန်းဖန်နှင့် ရှောင်ပိုင်တို့ မြောင်ယင်တောင်ထိပ် နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် ကျင့်စဉ်ကျင့်ကြံနေသော ကျင့်ပင်အာ မှာ သူတို့ ရောက်လာသည်ကို အာရုံခံမိလိုက်သည်။
"ဟင်.........."
ကျင့်ပင်အာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဂျိချန်းဖန် ရောက်လာတာကို သူမ နားလည်နိုင်သော်လည်း နောက်ထပ် အမျိုးသမီးက ဘယ်သူလဲ..... သူမရဲ့ အရှိန်အဝါအရ ဆိုရင် လုရွယ်ချီ ဒါမှမဟုတ် ကျန့်လင်းအာ တို့နဲ့လည်း မတူသဖြင့် သံသယဝင်သွားရသည်..........။
ထိုအတွေးဖြင့် ကျင့်ပင်အာသည် သံသယဖြင့် ခန်းမထဲမှ ထွက်လာသည်။
သူမသည် အဝေးမှ ဂျိချန်းဖန်နှင့် သူ့ဘေးရှိ ရှောင်ပိုင်ကို ချက်ချင်း မြင်လိုက်ရသည်။
တစ်ဖက်လူ၏ ရှန်ကျင်း အဆင့် အရှိန်အဝါကို ခံစားမိလိုက်ချိန်တွင် ကျင့်ပင်အာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမ တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်ပုံရသည်။
ဒီလူက ကိုးမြီးမြေခွေးလား..........
"ကျင့်ပင်အာ" ဂျိချန်းဖန်က ရှောင်ပိုင်ကို ခန်းမရှေ့သို့ ခေါ်လာပြီး ကျင့်ပင်အာကို ကြည့်ကာ လက်နှစ်ဖက်ကို အသာအယာ ဖွင့်ပေးလိုက်သည်။
ဒါကို မြင်တော့ ကျင့်ပင်အာ တွန့်ဆုတ်မနေတော့ပေ။
သူမ၏ သွယ်လျသော ပုံရိပ်လေးက လျှပ်ခနဲ လှုပ်ရှားသွားပြီး ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ ချက်ချင်းပင် တိုးဝင်လိုက်တော့သည်။
"သခင်လေး..... ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီနော်....."
ကျင့်ပင်အာက ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် ပွတ်သပ်နေရင်း ရှောင်ပိုင်ကို စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ဂျိချန်းဖန်က သူမကို ရှောင်ပိုင်နှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကိုးမြီးကောင်းကင်မြေခွေး၊ ရှောင်ပိုင် တဲ့"
ပြောပြီးနောက် ကျင့်ပင်အာကိုလည်း ရှောင်ပိုင်နှင့် မိတ်ဆက်ပေးလိုက်ပြန်သည်။
"ဒါကတော့ ဟဲ့ဟွမ် ဂိုဏ်းရဲ့ ဆက်ခံသူ၊ အခု ရွှမ်ချာဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ကျင့်ပင်အာ ပါ... ပြီးတော့ ငါ့မိန်းမလည်း ဟုတ်တယ်..."
"မှားနေတယ်....."
ရှောင်ပိုင်က သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်ကို စောင်းကာ ပြုံးလျက် ဆိုလိုက်သည်။ "သူမက ငါတို့နှစ်ယောက်လုံးရဲ့ မိန်းမပါ....."
ပြောပြီးနောက် သူမသည် ကျင့်ပင်အာ၏ ရှေ့သို့ လျှပ်ခနဲ ရောက်သွားသည်။
ရှောင်ပိုင်က ကျင့်ပင်အာ၏ နုနယ်သော မေးစေ့ကို စနောက်သည့် အမူအရာဖြင့် မလိုက်ကာ ပြုံးလျက် ဆိုလိုက်သည်။ "ဟဲ့ဟွမ်ရဲ့ ဆက်ခံသူလား..... မင်းက မဒမ်ကျင်းလင် ရဲ့ ဂျူနီယာ တပည့်တစ်ယောက်လား....."
ကျင့်ပင်အာက နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်သည်။
ရှောင်ပိုင်၏ စနောက်မှုကို သူမ ဘာမှ ပြန်မပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ရှန်ကျင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။
ထို့အပြင်........
တစ်ဖက်လူမှာ ဂျိချန်းဖန်နဲ့ ထူးထူးခြားခြား ပတ်သက်နေပုံ ရနေသည်.....
"စီနီယာ ရှောင်ပိုင် က ကျွန်မတို့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ ဘိုးဘေးကို သိတာလား....." ကျင့်ပင်အာက စူးစမ်းစွာ မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာတုန်းက သူမနဲ့ အကြိမ်အနည်းငယ် ဆုံဖူးပါတယ်" ရှောင်ပိုင်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
သူမသည် တာအိုသခင် ချင်ယဲ့ နှင့် တစ်ခေတ်တည်း ဖြစ်သည်။ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အထက်လမ်းဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းများမှ ပညာရှင်များအကြောင်းကို သူမ အနည်းနဲ့အများ ကြားဖူးသည်။ ရင်းနှီးသည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံးတော့ အသိမိတ်ဆွေတွေလို့ ပြောလို့ရသည်။
ကျင့်ပင်အာက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။
ရှောင်ပိုင်က သူမ၏ လှပသော မျက်နှာလေးကို အသာအယာ ပွတ်သပ်ရင်း ဂျိချန်းဖန်ကို မနာလိုသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "မင်းမှာတော့ အိမ်ထောင်ရေး ကံကောင်းချက်ပဲ၊ မင်း ရှာထားတဲ့ မိန်းမတွေက တစ်ယောက်ထက်တစ်ယောက် ပိုလှနေတာပဲ..."
"ဟွန့် ဟွန့်....."
ပြောပြီးနောက် သူမက အနည်းငယ် မာနကြီးစွာဖြင့် ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး၊ အခု မင်းမိန်းမက ငါ့မိန်းမပဲ....."
"..." ကျင့်ပင်အာက ဂျိချန်းဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ဂျိချန်းဖန်၏ နှုတ်ခမ်းမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သူသည် လက်ကို အသာအယာ ဝေ့ယမ်းကာ ရှင်းပြလိုက်သည်။ "သူမကို ဂရုမစိုက်နဲ့၊ ဒါက သူမရဲ့ စရိုက်ပဲ၊ နည်းနည်းတော့ ထူးခြားတယ်"
ကျင့်ပင်အာက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။
သူမ၏ အကြည့်က ဂျိချန်းဖန်နှင့် ရှောင်ပိုင်အပေါ်သို့ ဝေ့ကြည့်လိုက်ရင်း 'ထူးခြားတဲ့ စရိုက်' ဆိုတာ ဘာကို ဆိုလိုတာလဲဟု တွေးနေမိသည်။
ရှင်းရှင်းပြောရရင် ရှင်တို့နှစ်ယောက် ကစားနေတဲ့ ကစားပွဲထဲမှာ ကျွန်မက မြေစာပင် ဖြစ်နေတာ မဟုတ်လား.....
ကျင့်ပင်အာက နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်သည်။
သူမသည် ဂျိချန်းဖန်ကို မကျေနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ အပြင်ထွက်သွားပြီးတော့ နောက်ထပ် ညီအစ်မတစ်ယောက်ကို ထပ်ခေါ်လာပြန်ပြီလား..... ထိုအရာကို အစ်မ လု (လုရွယ်ချီ) ကော သိသည်လော.....
"သခင်လေး....."
ကျင့်ပင်အာက နူးညံ့စွာ ဆိုလိုက်သည်။
သူမ၏ နက်ရှိုင်းသော မျက်ဝန်းများက ဂျိချန်းဖန်ကို ကြည့်ကာ ပြုံးစိစိဖြင့် ဆိုလိုက်သည်။ "ရှင် တကယ်ပဲ မိုးကြိုးပစ်ခံရတဲ့ ခံစားချက်ကို စမ်းကြည့်ချင်နေတာလား.........."
ထိူစကား၏ အဓိပ္ပာယ်မှာ.....
ရှင် တကယ်ပဲ အစ်မ လုရဲ့ နတ်ဘုရားဓားနဲ့ မိုးကြိုးထိန်းချုပ်တဲ့ ဒဏ်ကို ခံချင်နေတာလား..........
ဂျိချန်းဖန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
“နတ်ဘုရားဓားဖြင့် မိုးကြိုးကို ထိန်းချုပ်ခြင်း..... မဟုတ်ဘူး..... ဒါကို ရည်းစားကို ထိန်းချုပ်တဲ့ နတ်ဘုရားဓား လျှို့ဝှက်ကျင့်စဉ် လို့ပဲ ခေါ်သင့်တယ်.....” ဟု တွေးမိသွားပြန်သည်။
အခန်း ၂၀၆ ရွှမ်ချာဂိုဏ်းရဲ့ အနာဂတ်ကို ပခုံးထမ်းတင်ခြင်း..........
"မိုးကြိုးပစ်ခံရမယ် ဟုတ်လား.........."
"အဲဒါက ဘာကို ဆိုလိုတာလဲ.........."
ရှောင်ပိုင်သည် ဂျိချန်းဖန်ကို ကြည့်ကာ အနည်းငယ် ဝေခွဲမရ ဖြစ်နေလေသည်။ ထိုအရာကို ကြားရသောအခါ ဂျိချန်းဖန်သည် ဘာမှ ပြန်မပြောတော့ပေ။
လုရွယ်ချီ၏ ထိုးထွင်းသိမြင်မှုနှင့်ဆိုလျှင် အနာဂတ်တွင် သူနှင့် ရှောင်ပိုင်ကြားက ဆက်ဆံရေးမှာ ပုံမှန်မဟုတ်သည်ကို သေချာပေါက် ရိပ်မိသွားလိမ့်မည်ဟု သူ တွေးထားသည်။ သို့သော်လည်း သူ ဘာမှ မတတ်နိုင်တော့ပေ... ဖြစ်လာသမျှကို တစ်ဆင့်ချင်းသာ ရင်ဆိုင်သွားရတော့မည် ဖြစ်ပေသည်။
ဂျိချန်းဖန်အနေနှင့် ပြဿနာမှာ သိပ်မကြီးနိုင်ဟု ခံစားနေရသည်။ "ဓားနတ်ဘုရားမ၏ ရည်းစားအား ထိန်းကျောင်းခြင်း " နှင့် ပတ်သက်လျှင်လည်း... လုရွယ်ချီက သူ့ကို တကယ်ကြီး ရိုက်နှက်ရန် ရက်စက်နိုင်မည်လော........။
ကျင့်ပင်အာသည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မပြောတော့ပေ။ သူမသည် ဂျိချန်းဖန်ကို သတိပေးချင်ရုံ သက်သက်သာ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် လုရွယ်ချီသည် သူမနှင့် မတူပေ။ လုရွယ်ချီဆိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်သားလွန်းသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။
ကျင့်ပင်အာက လေသံလေးနှင့် တိုးတိုးလေး ပြောလိုက်သည်။
"သခင်လေး... ကျွန်တော်မျိုးမ နောက်တောင်ဘက်မှာ ရေပူစမ်းတစ်ခု လုပ်ထားတယ်။ အဲဒီမှာ ရေချိုးကြည့်မလား.........."
စကားအဆုံးတွင် သူမက ဂျိချန်းဖန်ကို ကြည့်ကာ စနောက်သလိုလေး ပြုံးလိုက်သည်။ အဆိုပါစကားကို ကြားလိုက်ရသည့် ခဏ၌ ဂျိချန်းဖန်၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ခတ်သွားရ၏။ ရေပူစမ်းလား.......... အဲဒါ တကယ့် အကောင်းစားကြီး ဖြစ်ပေမည်။
ဒါပေမဲ့ ကံမကောင်းသည်မှာ ဤနေရာတွင် လူစိမ်းမဟုတ်သော လူစိမ်းတစ်ယောက် ရှိနေသေးခြင်း ဖြစ်သည်။ ဂျိချန်းဖန်က ရှောင်ပိုင်ကို ကြည့်လိုက်သည်။
'မင်း လိုက်ဦးမလား' ဆိုသည့် အကြည့်မျိုး ဖြစ်၏။ သူ့အကြည့်များထဲတွင် ရန်စလိုသော အရိပ်အယောင်များ ပါဝင်နေလေသည်။
သူ့၏ ရန်စမှုကို ခံလိုက်ရသည်နှင့် ရှောင်ပိုင်က ချက်ချင်းပင် "ရေပူစမ်းလား.......... ငါလည်း သွားချင်တယ်.........." ဟု ပြောချလိုက်သည်။
ထိုအရာကို ကြားလိုက်ရသောအခါ ကျင့်ပင်အာ၏ အကြည့်များမှာ ရှောင်ပိုင်ဆီ ချက်ချင်း ရောက်သွားတော့သည်။ ဒါပဲလေ.......... ဒီစီနီယာ အစ်မ ရှောင်ပိုင်နှင့် သူမ၏ သခင်လေးကြားက ဆက်ဆံရေးမှာ တကယ်ကို မရိုးရှင်းပေ။
ကျင့်ပင်အာ၏ အကြည့်များအောက်တွင် ရှောင်ပိုင်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ သူမသည် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပြီး ဂျိချန်းဖန်၏ ပခုံးကို ဖက်ကာ လူကြီးလူကောင်းဆန်ဆန် ပြောလိုက်လေသည်။
"ငါတို့က ညီအစ်ကိုတွေလို ခင်တာပဲဟာ.......... အတူတူ ရေချိုးတာ ဘာဖြစ်လဲ၊ ဟုတ်တယ်မလား.........."
"အင်းဟင်း... အင်းဟင်း.........." ဂျိချန်းဖန်က ခေါင်းကို အမြန်ငြိမ့်ပြလိုက်သည်။
ဟုတ်တာပေါ့။ ညီအစ်ကိုကောင်းများ အတူတူ ရေပူစမ်း စိမ်ကြခြင်းမှာ သဘာဝပင် မဟုတ်ပါလား..........
"..." ရှောင်ပိုင်သည် ဂျိချန်းဖန်၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာကို ကြည့်ကာ အပြုံးများ တောင့်တင်းသွားသည်။ သူမ ရုတ်တရက် နောင်တရချင်သလို ဖြစ်သွားရ၏။
"ညီအစ်ကိုကောင်းကြီး... မင်း ဘာဖြစ်နေတာလဲ.......... ငါ့ကို လူစိမ်းလို သဘောထားနေတာတော့ မဟုတ်ပါဘူးနော်.........." ဂျိချန်းဖန်က မကျေနပ်သလို ဟန်ဆောင်လိုက်သည်။
"မဟုတ်ပါဘူး... ငါက ဘယ်လိုလုပ် မင်းကို လူစိမ်းလို ဆက်ဆံရမှာလဲ.........." ရှောင်ပိုင်က အူကြောင်ကြောင် အပြုံးနှင့် ပြန်ပြောလိုက်သည်။
စကားကသာ ထိုသို့ဆိုသော်လည်း သူမသည် နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
"လူစိမ်းလို မသဘောထားရင် ပြီးတာပဲ"
"သွားကြစို့၊ သွားကြစို့... အတူတူ ရေပူစမ်းသွားစိမ်ကြမယ်.........."
ထိုသို့ပြောရင်း ဂျိချန်းဖန်သည် ရှောင်ပိုင်၏ နူးညံ့သော လက်ကလေးကို ဆွဲလိုက်ကာ တောင်နောက်ဘက်ဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားသည်။ ကျင့်ပင်အာသည်လည်း အနောက်မှ ပြုံးပြုံးလေး လိုက်ပါလာခဲ့သည်။
"ဟိုလေ... မသွားရင်ရော မရဘူးလား.........."
ဂျိချန်းဖန်၏ မျှော်လင့်နေသော မျက်နှာကို ကြည့်ကာ ရှောင်ပိုင်တစ်ယောက် ပိုပို၍ ကြောက်လာသည်။ သူမ တောင့်တောင့်ကြီး ပြုံးနေရင်း ရင်ထဲတွင် တုန်လှုပ်စပြုလာသည်။
"မရဘူးလေ.........." ဂျိချန်းဖန်က မျက်နှာကို တင်းထားလိုက်သည်။
"အဟွတ်... အဟွတ်"
ရှောင်ပိုင်သည် ဂျိချန်းဖန်၏ ဆွဲထားသော လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည်။ သူမက မျက်လုံးချင်း မဆုံအောင် ရှောင်ဖယ်ကြည့်ရင်း ပြောလိုက်လေသည်။
"ငါ အခုမှ သတိရတယ်၊ ရှောင်ဟွေ ငါ့ကို တစ်ခုခု ခိုင်းထားတာ ရှိသေးတယ်... ငါ... ငါ အရင်သွားလိုက်ဦးမယ်..."
စကားအဆုံးတွင် ဂျိချန်းဖန်၏ လက်မှာ လျော့သွားလေသည်။ ရှောင်ပိုင်သည် အခွင့်အရေးကို အရယူကာ နောက်သို့ ဝူးခနဲ ဆုတ်ပြေးသွားတော့သည်။
"နှုတ်ဆက်ခဲ့ပါတယ်.........."
သူမသည် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။
ဒါကို မြင်သော် ဂျိချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။ ဘာညီအစ်ကိုကောင်းလဲ.......... ဒါသည် သူ့ကို လူစိမ်းလို ဆက်ဆံနေခြင်း မဟုတ်ပါလား.......... ထားလိုက်ပါတော့။ သူမကို သွားခွင့်ပြုလိုက်ပြီ ဖြစ်၏။ ညီအစ်ကိုဆိုသည်မှာ ဇနီးသည်လောက် ဘယ်ကောင်းပါ့မလဲ။
ဂျိချန်းဖန်သည် ကျင့်ပင်အာဘက်သို့ လှည့်လိုက်ပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို မလိုက်ကာ တောင်နောက်ဘက်ဆီသို့ လျှောက်သွားတော့သည်။
တကယ်တော့ သူသည် ခုနက ရှောင်ပိုင်ကို တမင်သက်သက် ရန်စလိုက်ခြင်း ဖြစ်သည်။ ရှောင်ပိုင်သည် အမြဲတမ်း ပေါ့ပေါ့ပါးပါး ပုံစံမျိုး ရှိနေတတ်သော်လည်း လက်တွေ့တွင်မူ သူမသည် အပြစ်ကင်းစင်သော မိန်းမပျိုလေး တစ်ယောက်သာ ဖြစ်ပေသည်။
သူမ၏ အတွေ့အကြုံများကြောင့်သာ ထူးခြားသော အငွေ့အသက်မျိုး ရှိနေခြင်း ဖြစ်၏။
တကယ်လို့ အချင်းချင်း အားလုံးကို ပွင့်ပွင့်လင်းလင်း ချပြရတော့မည့် အခြေအနေမျိုး ရောက်လာလျှင်မူ သူမ ကြောက်နေဦးမှာပင်။
ဘာပဲဖြစ်ဖြစ် သူမနှင့် ဂျိချန်းဖန်ကြားက ဆက်ဆံရေးမှာ အပေါ်ယံတွင် 'ညီအစ်ကို' လို ဆက်ဆံရေးမျိုးသာ ရှိနေသေးသည် မဟုတ်ပါလား။
ဘယ်လို ပြောရမလဲ.......... အဲဒါက နှုတ်ခမ်းဖျားတင် ခင်မင်မှု ပဲ ဆိုရမလား.................... အဲဒါကလွဲရင် သူတို့ကြားတွင် တခြား ရှုပ်ထွေးသော ဆက်ဆံရေး မရှိသေးပေ။ ဤဆက်ဆံရေး အလွှာလေးမှာ အခုထိတော့ ဖြူစင်နေပါသေးသည်။
သို့သော်အရေးကြီးဆုံးမှာ ရှောင်ပိုင်အနေနှင့် ဂျိချန်းဖန်နှင့် ပွင့်ပွင့်လင်းလင်း ရှိရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မရှိသေးခြင်းပင် ဖြစ်သည်။
"ဝူး......."
ရွှမ်ချာဂိုဏ်းထဲမှ လွတ်အောင်ပြေးလာသော ရှောင်ပိုင်သည် အမောတကော အသက်ရှူနေရသည်။ သူမ ရွှမ်ချာဂိုဏ်း ရှိရာဘက်သို့ ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဝေ့သီနေသည်။
တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေမိသည်။ ဂျိချန်းဖန် တွေးထားသလိုပင် သူမ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးသည်မှာ မှန်ပေသည်။
သို့သော် အဲဒီအချိန်မှာ သိပ်တော့ ကြာမည်မဟုတ်ပေ... ဘာကြောင့်လဲဆိုသော် ဂျိချန်းဖန်၏ ဘေးနားတွင် ရှိနေလျှင် သူမ တကယ်ပင် စိတ်အေးချမ်းရသောကြောင့် ဖြစ်သည်။ ဤခံစားချက်မှာ အရာအားလုံးထက် သာလွန်နေပေသည်။
...
...
ရွှမ်ချာဂိုဏ်း၊ တောင်နောက်ဘက်။
အထူးတလည် တည်ဆောက်ထားသော ရေကန်ထဲ၌ မြူခိုးငွေ့များ အလိပ်လိုက် တက်နေသည်။ ရေကန်ထဲတွင်လည်း ပူလွန်း၊ အေးလွန်းခြင်းမရှိဘဲ ရေချိုးရန် အနေတော်ဖြစ်သော ရေနွေးနွေးလေးများနှင့် ပြည့်နှက်နေလေသည်။
"မကြာသေးခင်က လုရွယ်ချီ မင်းဆီ ခဏခဏ လာတယ်လို့ ငါ ကြားတယ်.........."
ဂျိချန်းဖန်သည် သူ့ရင်ခွင်ထဲက နူးညံ့သော မိန်းကလေးကို အသာအယာ ပွေ့ဖက်ရင်း မေးလိုက်သည်။
"အင်း.........." ကျင့်ပင်အာ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ ချစ်စနိုးနှင့် တိုးဝင်လိုက်ကာ တိုးတိုးလေး ပြောလိုက်၏။
"အစ်မလုက ကျွန်မဆီ ခဏခဏလာပြီး အတူတူ ရေပူစမ်းစိမ်တတ်တယ်.......... ဒါပေါ့... ကျွန်မလည်း အစ်မလုဆီ သွားလည်တာပေါ့.........."
သူမ စကားပြောနေတုန်းမှာပင် ရေမျက်နှာပြင်မှာ လှိုင်းလေးများ ထသွားပြီး မြူခိုးများက မြင်ကွင်းကို ဝေဝါးသွားစေသည်။ ထိုမိန်းကလေး၏ ဆွဲဆောင်မှုများမှာ မြူများကြားတွင် ပေါ်လွင်နေလေသည်။ သူမ၏ ဖြူဖွေးသော ညှပ်ရိုးလေးများ ပေါ်နေပြီး ရေအောက်တွင်မူ လခြမ်းပုံ ရင်သားအစုံမှာ အသာအယာ လှုပ်ခတ်နေ၏။
ကျင့်ပင်အာသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် ခွေနေသည်။ သူမ၏ လှပသော ဆံနွယ်များမှာ ရေပေါ်တွင် ပေါ်လောပေါ်နေပြီး တောက်ပသော မျက်ဝန်းများထဲတွင်မူ ကျေနပ်သာယာမှုများ ပြည့်နှက်နေလေသည်။ တခါတလေ၌ ရေပူစမ်းစိမ်ရခြင်းသည် တကယ်ကို အံ့ဩဖို့ကောင်းသော အရာတစ်ခု ဖြစ်ပေသည်။
ဂျိချန်းဖန်သည် သူမကို အသာအယာ ဖက်ထားရင်း ပြောလိုက်သည်။
"ရွှမ်ချာဂိုဏ်း တည်ထောင်တာ ဒီလောက်ကြာနေပြီ၊ မင်း တပည့်တွေ လက်ခံဖို့ အစီအစဉ် မရှိသေးဘူးလား.........."
ရွှမ်ချာဂိုဏ်း တည်ထောင်ခဲ့သည်မှာ အခုဆိုလျှင် ဆယ်စုနှစ်တစ်ခု နီးပါး ရှိနေပြီ ဖြစ်၏။ ဒါပေမဲ့ ကျင့်ပင်အာမှာ တပည့်တစ်ယောက်မှ လက်မခံသေးပေ။
ဒါကို ကြားသော် ကျင့်ပင်အာက နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်ပြီး "သခင်လေး ဂိုဏ်းချုပ် ရာထူးကို ဆက်ခံပြီးမှပဲ တပည့်တွေ လက်ခံဖို့ ကြိုးစားတော့မယ်လို့ စဉ်းစားထားတယ်..." ဟု ပြောလိုက်သည်။
တခြား အကြောင်းရင်းကြောင့် မဟုတ်ပေ။ တကယ်လို့ ဂျိချန်းဖန်သာ ကျင်းယွမ်ကလန်၏ တပည့်အဆင့်မှာပင် ရှိနေဦးမည်ဆိုပါက သူမ ရရှိနိုင်သော အကူအညီမှာ အကန့်အသတ် ရှိနိုင်ပါသည်။
သို့သော် ဂျိချန်းဖန်သာ ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ် ဖြစ်လာလျှင်မူ အခြေအနေမှာ ပြောင်းလဲသွားပြီ ဖြစ်၏။ ထိုအချိန်ကျမှသာ သူမသည် ဂိုဏ်းချုပ်ကတော်ဟုပင် သတ်မှတ်ခံရနိုင်ပြီး ရရှိမည့် အကူအညီများမှာလည်း နှိုင်းယှဉ်၍ပင် ရတော့မည်မဟုတ်ပေ။
ဒါတွေက ကျင့်ပင်အာ၏ ကိုယ်ပိုင် အတွေးများသာ ဖြစ်သည်။ အမှန်တကယ်တော့ ဘာပဲဖြစ်ဖြစ် ကျင်းယွမ်ကလန်က ရွှမ်ချာဂိုဏ်းကို အစွမ်းကုန် ကူညီမှာ ဖြစ်ပေသည်။
အကြောင်းမှာ ရှုထောင့်တစ်ခုက ကြည့်လျှင် ရွှမ်ချာဂိုဏ်းမှာ ကျင်းယွမ်ကလန်၏ လက်အောက်ခံ အင်အားစု တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
ကိုယ့်၏ လက်အောက်ခံကို ကျင်းယွမ်ကလန်က မကူညီဘဲ နေပါ့မလား.......... ကျင့်ပင်အာကသာ အထိမခံနိုင်လွန်း ဖြစ်နေခြင်း ဖြစ်၏။ သို့သော် ဒါကလည်း ပုံမှန်ပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် သူများအရိပ်အောက်တွင် နေနေရသည် မဟုတ်ပါလော။
ဂျိချန်းဖန်က သူမ၏ လှပသော မျက်နှာလေးကို အသာအယာ ဆွဲညှစ်လိုက်ရင်း စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။ "ရပါတယ်... မင်း စိတ်တိုင်းကျသာ လုပ်ပါ။"
ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲကလည်း သိပ်မလိုတော့ပေ။
"အင်း.........." ကျင့်ပင်အာက အလိုက်သင့်လေး ခေါင်းငြိမ့်ပြသည်။
ချက်ချင်းဆိုသလိုပင် သူမက မော့ကြည့်လာသည်။ တောက်ပနေသော မျက်ဝန်းများထဲတွင် ချစ်ခြင်းမေတ္တာများ လှိုင်းထနေပြီး ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးမှာလည်း ရှက်သွေးဖြာကာ ဆွဲဆောင်မှုရှိသော လေသံလေးနှင့် ပြောလိုက်လေသည်။
"သခင်လေး.......... နှစ်ကိုယ်တူကျင့်စဉ် ကျင့်ဖို့ အချိန်တန်ပြီနော်.........."
ထိုစကားများ ထွက်လာသည်နှင့် ဂျိချန်းဖန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ သူသည် ရှေ့မှ နူးညံ့သော မိန်းကလေးကို ကြည့်လိုက်ပြီး ဘာမှမဆိုင်းမတွဘဲ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။
ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို သူ ပခုံးထမ်းထားပြီးသား ဖြစ်ပေသည်။ ထို့ကြောင့် ယောကျ်ားတစ်ယောက်အနေနှင့် ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို ခိုင်ခိုင်မာမာ ဆက်လက် ထမ်းပိုးထားရမည်သာ ဖြစ်၏။
"ဝူး......."
ခဏချင်းမှာပင် ရေပူစမ်းရှိ ရေမျက်နှာပြင်၌ လှိုင်းများ ထသွားသည်။