← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 21 Ch. 207-208

အခန်း ၂၀၇ ငါ အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက အသုံးမကျဘူးပဲ.......

"ဝူး......."

ရေနွေးငွေ့များ ထွက်နေသော ရေကန်ထဲ၌ ဖြစ်သည်။

မြူခိုးများကြားတွင် ပုံရိပ်နှစ်ခုမှာ အချိန်အတော်ကြာအောင်ပင် စည်းချက်ကျကျ လှုပ်ရှားနေကြပြီး သာယာသော အသံလေးတစ်ခုမှာလည်း ခပ်တိုးတိုး ထွက်ပေါ်နေလေသည်။

ခဏအကြာတွင် နုပျိုသော မိန်းကလေးမှာ သူ၏ ရင်ခွင်ထဲသို့ ပျော့ခွေစွာ လဲကျသွားတော့သည်။ ပတ်ဝန်းကျင်ရှိ မြေကမ္ဘာဝိညာဉ်စွမ်းအင် များမှာလည်း ဤအခိုက်အတန့်တွင် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

နှစ်ကိုယ်တူကျင့်စဉ် မှ ရရှိသော ကျင့်စဉ်စွမ်းအားမှာ ကိုယ်တိုင်ကျင့်ကြံသလောက် မကောင်းသော်လည်း၊ သာမန်အဆင့်ထက် မြင့်မားသော ကျင့်စဉ်မျိုးဖြစ်ပါက ယေဘုယျအားဖြင့် ပြဿနာမရှိပေ။

ရှေးခေတ်ကာလက ဟွမ်တီမင်းကြီးသည် အမျိုးသမီး သုံးထောင်နှင့် နှစ်ကိုယ်တူကျင့်စဉ် ကို ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် နေ့ခင်းကြောင်တောင်ပင် ကွယ်လွန် (နတ်ရွာစံ) ခဲ့သည် မဟုတ်ပါလား။

ဤအချက်ကပင် နှစ်ကိုယ်တူကျင့်စဉ် လမ်းစဉ်မှာ အလွန်ကြီးမြတ်သော တာအိုလမ်းစဉ်တစ်ခု ဖြစ်သည်ကို သက်သေပြနေခြင်းပင်။

၎င်းတွင် အားနည်းချက်အချို့ ရှိနိုင်သော်လည်း ဂရုတစိုက် ကျင့်ကြံမည်ဆိုပါက ဆိုးကျိုးဟူ၍ မရှိပေ။

ထို့ပြင် ဂျိချန်းဖန်၏ လက်ရှိ ထိုက်ကျင်းအဆင့် ကျင့်စဉ်စွမ်းအားဖြင့် ကျင့်ပင်အာနှင့် နှစ်ကိုယ်တူကျင့်စဉ် ကျင့်ကြံခြင်းမှာ သူမအတွက် အကျိုးကျေးဇူး အလွန်ပင် ကြီးမားလှပေသည်။

ယခုအခါ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ကျင့်ပင်အာသည် ရှန်ကျင်း အလယ်အလတ်အဆင့် သို့ အဆင့်တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုနှုန်းမှာ အလွန်ပင် လျင်မြန်သည်ဟု ဆိုရမည် ဖြစ်၏။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် သူမသည် ကျင်းယွမ်ဂိုဏ်း ရှိ စီနီယာ ဂရန်းမာစတာ အချို့ကိုပင် မှီလာခဲ့လေသည်။

သူတို့၏ နှစ်ပေါင်း တစ်ရာစာ ကျင့်ကြံမှုကို ဆယ်နှစ်အတွင်း မှီလာခြင်းပင် ဖြစ်သည်။ သူတို့ကြားမှ ကွာဟချက်မှာ အထူးပြောနေရန်ပင် မလိုတော့ပေ။

ကျင့်ပင်အာသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် ခွေနေပြီး မျက်လုံးလေးများကို အနည်းငယ် မှေးထားလေသည်။ သူမ၏ ချောမောလှပသော မျက်နှာလေးတွင်လည်း ချစ်မြတ်နိုးမှု အရိပ်အယောင်များ ပေါ်လွင်နေ၏။ ခဏအကြာတွင် သူမက ရုတ်တရက် စကားစလိုက်သည်။

"သခင်လေး... အစ်မလုနဲ့ တွေ့ချင်ရင် ညဘက်ကြီး ရှောင်ကျူးတောင်ထိပ် ကို တိတ်တဆိတ် ခိုးသွားနေဖို့ မလိုတော့ပါဘူးနော် ....."

"ဟင်......." ဂျိချန်းဖန်က သူ့ရင်ခွင်ထဲက မိန်းကလေးကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်။

"ငါ ညဘက် ရှောင်ကျူးတောင်ထိပ် ကို ခိုးသွားနေတာ မင်း ဘယ်လိုသိလဲ......."

"ဟီးဟီး... ကျွန်မ ခန့်မှန်းကြည့်တာပါ ....."

ကျင့်ပင်အာက နောက်ပြောင်သလို ပြုံးပြလိုက်လေသည်။

ဒါကို ကြားတော့ ဂျိချန်းဖန်၏ မျက်နှာမှာ တင်းသွားပြီး သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ဤသည်မှာ အိမ်တွင်းစည်းကမ်းအရ ဆုံးမတော့မည့် အမူအရာ ဖြစ်ပေသည်။

ဤသည်ကို မြင်သောအခါ ကျင့်ပင်အာက အမြန်ပင် ပြောလိုက်၏။ "တကယ်တော့ သခင်လေးက အစ်မလုကို ကျွန်မဆီ လာလည်ဖို့ ဖိတ်လိုက်ရုံပဲလေ၊ အဲဒီကျမှ သခင်လေးက တိတ်တဆိတ် ရောက်လာရင် မဖြစ်ဘူးလား......."

ရွှမ်ချာဂိုဏ်း သည် သူမ၏ နယ်မြေ ဖြစ်သည်။ လုရွယ်ချီ သူမဆီ လာလည်ခြင်းကို မည်သူကမျှ ဘာမှပြောမည် မဟုတ်ပေ။ ဤသည်မှာ ဂျိချန်းဖန်နှင့် လုရွယ်ချီတို့ သီးသန့်တွေ့ဆုံနိုင်ရန် နည်းလမ်းဟောင်းကို ပုံစံသစ်နှင့် ဖန်တီးပေးခြင်းပင် ဖြစ်လေသည်။

"အဲဒါ အဓိပ္ပာယ်ရှိသားပဲ....” ဂျိချန်းဖန်က ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ကျင့်ပင်အာကို အသာအယာ ပုတ်ကာ ပြောလိုက်လေသည်။

"ထဖို့ အချိန်တန်ပြီ။ ငါ ထုံထျန်းတောင်ထိပ် မှာ ရှောင်ပိုင်အတွက် ကိစ္စတွေ စီစဉ်ပေးရဦးမယ်။ သူမ ဘယ်ကို ပြေးသွားလဲ မသိဘူး..."

"ဟုတ်ကဲ့ပါ" ကျင့်ပင်အာက အလိုက်သင့်လေး ခေါင်းငြိမ့်ပြလေသည်။

သူတို့နှစ်ဦး ရေကန်ထဲမှ ထလိုက်ကြသည်။ ထို့နောက် သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးချကာ ခန္ဓာကိုယ်ပေါ်ရှိ ရေငွေ့များကို အငွေ့ပျံစေပြီး အဝတ်အစားများကို ဝတ်ဆင်လိုက်ကြလေသည်။

"သွားကြစို့....”

"ငါနဲ့အတူ တိုက်ကျူးတောင်ထိပ် မှာ ခဏလောက် သွားနေရအောင်....”

ဂျိချန်းဖန်သည် ကျင့်ပင်အာကို အသာအယာ ပွေ့ဖက်လိုက်ပြီး တိုက်ကျူးတောင်ထိပ် ဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။

တိုက်ကျူးတောင်ထိပ် သို့ ပြန်ရောက်သောအခါ ဂျိချန်းဖန်သည် ကျင့်ပင်အာကို ထိုနေရာတွင် ထားခဲ့လေသည်။ ထို့နောက် သူသည် လှည့်ထွက်ကာ ထုံထျန်းတောင်ထိပ် ဆီသို့ ပျံသန်းသွားပြန်သည်။

ဂျိချန်းဖန်သည် ခြောက်မြှီးမြေခွေး နေထိုင်သည့် ရင်ပြင်ငယ်လေးဆီသို့ တိုက်ရိုက်သွားလိုက်ရာ ရှောင်ပိုင်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ သူမသည် ခြောက်မြှီးမြေခွေး နှင့် သုံးမြှီး တို့နှင့်အတူ စိတ်မပါ့တပါဖြင့် စကားပြောနေသည်။

ဂျိချန်းဖန် ရောက်လာသည်ကို မြင်သောအခါ ရှောင်ပိုင်သည် အပြစ်ရှိသလို ခံစားချက်ဖြင့် ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။ သူမသည် ဂျိချန်းဖန်ကို မမြင်ချင်ဟန် ဆောင်ကာ သုံးမြှီး နှင့်သာ နေ့စဉ်ကိစ္စများကို ဆက်လက် ပြောဆိုနေလေသည်။

ဤသည်ကို မြင်ရသောအခါ ဂျိချန်းဖန်သည်လည်း သူတို့ကို မနှောင့်ယှက်ချင်တော့သဖြင့် လွတ်သည့်နေရာတစ်ခုတွင် ထိုင်ကာ ခြောက်မြှီးမြေခွေး နှင့်သာ စကားပြောနေလိုက်တော့သည်။

ဂျိချန်းဖန် ရှာလိုက်သည့် နေရာမှာ ရှောင်ပိုင်၏ ဘေးနားတွင် ဖြစ်နေသည်မှာ တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။

ခြောက်မြှီးမြေခွေး နှင့် သုံးမြှီး တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဂျိချန်းဖန်နှင့် ရှောင်ပိုင်တို့ကြားတွင် တစ်ခုခု အဆင်မပြေဖြစ်နေသည်ကို သူတို့ ရိပ်မိကြလေသည်။ သို့သော် သူတို့မှာ ဘာမှမပြောနိုင်ကြဘဲ အလိုက်သင့်သာ စကားဝိုင်းတွင် ပါဝင်နေရရှာသည်။

အတော်ကြာအောင် စကားပြောပြီးနောက် ရှောင်ပိုင်မှာ နောက်ဆုံးတွင် ဆက်၍ မအောင့်နိုင်တော့ဘဲ သူမဘေးမှ ဂျိချန်းဖန်ကို လှည့်ကြည့်ကာ ခပ်စူးစူး မေးလိုက်လေသည်။ "ဟဲ့....... မင်း ဒီမှာ ဘာလုပ်နေတာလဲ......."

ဒါကို ကြားတော့ ဂျိချန်းဖန်က မျက်ခုံးကို အနည်းငယ် မြှောက်လိုက်သည်။ သူက ဘေးနားရှိ အဖြူရောင်ဝတ်စုံနှင့် အလှပဂေးလေးကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "ငါသာ မလာရင် မင်း ဒီည ဘယ်မှာ အိပ်မှာလဲ......."

"မင်းနဲ့ ဘာဆိုင်လို့လဲ.............."

ရှောင်ပိုင်က နှာခေါင်းရှုံ့ကာ သူမ၏ လက်နှစ်ဖက်ကို ခါးထောက်လိုက်သည်။ သူမ၏ ပုံစံမှာ မကျေနပ်သလို ရှိနေသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် ပေါ့ပါးသွားရလေသည်။

ဤသည်ကို မြင်သောအခါ ခြောက်မြှီးမြေခွေး နှင့် သုံးမြှီး တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြန်သည်။ ထို့နောက် ရန်ဖြစ်နေကြသော လူနှစ်ယောက်အတွက် နေရာဖယ်ပေးရန် တိတ်တဆိတ် ထွက်သွားကြလေသည်။

အမှန်အတိုင်း ပြောရလျှင် ဂျိချန်းဖန်နှင့် ရှောင်ပိုင်တို့မှာ တကယ်တမ်း ရန်ဖြစ်နေကြခြင်း မဟုတ်ပေ။ ရှောင်ပိုင်၏ စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသလို (သို့မဟုတ်) ဟာတာတာ ဖြစ်နေခြင်းသာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမသည် နှစ်ပေါင်း သုံးရာကျော်ကြာ နှိပ်ကွပ်ခြင်း ခံထားရပြီးမှ ရုတ်တရက် ထွက်လာရခြင်းဖြစ်ရာ စိတ်ထဲတွင် လမ်းပျောက်နေသလို ခံစားရမည်မှာ မလွဲပေ။ ထို့ပြင် ကျင်းယွမ်ဂိုဏ်း သည် သူမအတွက် သူစိမ်းနယ်မြေတစ်ခုလည်း ဖြစ်ပေသည်။

အရင်က တောင်ပိုင်းနယ်စပ်မှာတုန်းကတော့ အဆင်ပြေခဲ့သည်။ ဂျိချန်းဖန်သည် သူမနှင့်အတူ တစ်နေကုန် လည်ပတ်သွားလာနိုင်ခဲ့သည် မဟုတ်ပါလား။ ဒါပေမဲ့ အခု ကျင်းယွမ်ဂိုဏ်း ကို ရောက်လာတဲ့အခါမှာတော့ အခြေအနေက မတူတော့ပေ။

ဂျိချန်းဖန်၏ အချိန်အားလုံးမှာ ရှောင်ပိုင် တစ်ယောက်တည်းအတွက် မဟုတ်တော့ဘဲ သူ လိုက်ပါပေးရမည့် တခြားသူများလည်း ရှိနေသေးသည် မဟုတ်ပါလော။ ဤအချက်ကပင် ရှောင်ပိုင်၏ စိတ်ကို ဟာတာတာ ဖြစ်စေခြင်း ဖြစ်သည်။

ဂျိချန်းဖန်သည် သူမ၏ နှလုံးသားထဲသို့ အကြွင်းမဲ့ အင်အားဖြင့် အစောကတည်းက ဝင်ရောက်ခဲ့သူ ဖြစ်သည်။ ယခုအခါ သူက ရုတ်တရက် ထွက်ခွာသွားသောအခါ (နာရီပိုင်းမျှသာ ဖြစ်သော်လည်း) သူမအနေနှင့် ဝမ်းနည်းသလို ခံစားရမည်မှာ အမှန်ပင် ဖြစ်ပေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဂျိချန်းဖန်က သဘာဝအတိုင်း နားလည်သည်။

"ဟင်း......." သူက သက်ပြင်းလေး ချလိုက်ပြီး ရှောင်ပိုင်၏ ခါးကို လက်လှမ်းကာ ဖက်လိုက်သည်။

"လွှတ်စမ်း......."

ဤလုပ်ရပ်ကြောင့် ရှောင်ပိုင် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည်။

ဒါကို ကြားတော့ ဂျိချန်းဖန်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။ "ညီအစ်ကိုချင်း ဖက်တာ ဘာဖြစ်လို့လဲ....... ပြဿနာရှိလို့လား.............."

ဤရိုးရှင်းလှသော စကားတစ်ခွန်းကပင် ရှောင်ပိုင်ကို စကားဆွံ့သွားစေသည်။ သူမ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် ဘာမှ ပြန်မပြောတော့ပေ။

"ဟင်း" ရှောင်ပိုင်က နှာခေါင်းရှုံ့လိုက်သည်။ သူမသည် လက်ပိုက်ထားကာ အဝေးသို့သာ ကြည့်နေတော့သည်။

ဂျိချန်းဖန်သည်လည်း ဘာမှ မပြောတော့ဘဲ ရှောင်ပိုင်၏ ခါးကို အသာအယာ ဖက်ထားကာ သူမနှင့်အတူ ထိုနေရာတွင် ခဏမျှ ထိုင်နေလိုက်သည်။ အချို့သော အရာများကို သူ ပြောပြ၍ မရပေ။ ရှောင်ပိုင်ကိုယ်တိုင်သာ အသားကျအောင် ကြိုးစားရမည် ဖြစ်လေသည်။

သူတို့နှစ်ဦးမှာ ထိုသို့ပင် အတော်ကြာအောင် ထိုင်နေမိကြသည်။

ရှောင်ပိုင်က ရုတ်တရက် "မင်းမှာ သေရည်ရှိလား......." ဟု မေးလိုက် ၏။

ဒါကို ကြားတော့ ဂျိချန်းဖန်က ပြုံးလိုက်ပြီး "လာ... ငါ မင်းကို သေရည် သွားရှာတိုက်မယ်" ဟု ပြောလိုက်သည်။

"သွားရှာမယ်......." ရှောင်ပိုင်က ဇဝေဇဝါ ဖြစ်သွားသည်။

ဂျိချန်းဖန်သည် သူမကို ဘိုးဘေးသင်္ချိုင်း ဆီသို့ တိတ်တဆိတ် ခေါ်သွားလေသည်။ ထို့နောက် ဝမ်ကျန့်ယီ အနည်းငယ် အာရုံလွတ်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ၏ နှစ်ပေါင်း သုံးရာသက်တမ်းရှိသော အကောင်းစား သေရည်အချို့ကို ခိုးယူလိုက်တော့သည်။

ရှောင်ပိုင်မှာ ဆွံ့အသွားရှာသည်။

"ဒီသေရည်ကို ဘယ်သူ ချက်ထားတာလဲ....... ငါတို့ တကယ်ပဲ ယူသွားလို့ ဖြစ်ပါ့မလား......."

သူမ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ဒါက ကျင်းယွမ်ဂိုဏ်း ဖြစ်နေပြီး သူမအနေနှင့် စည်းကမ်းအချို့ကို လိုက်နာချင်နေမိသည်။

"ရပါတယ်၊ စိတ်ချလက်ချသာ သောက်စမ်းပါ......."

ဂျိချန်းဖန်က လက်ကာပြကာ ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤသေရည်များမှာ ဝိညာဉ်သေရည်များ မဟုတ်ကြဘဲ ဝမ်ကျန့်ယီ မှာလည်း သူ့ဆရာဖြစ်ရာ စိတ်ဆိုးမည် မဟုတ်သည်မှာ သေချာလှပေသည်။

"ဒါဆို မင်းက ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ......."

ရှောင်ပိုင်က သံသယဖြင့် ကြည့်လိုက်သည်။

"..." ဂျိချန်းဖန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားလေသည်။

"သောက်စရာရှိတာသာ သောက်စမ်းပါ......."

သူက ရှောင်ပိုင်ကို စိတ်တိုသလို ကြည့်လိုက်သည်။

ဂျိချန်းဖန်သည် ရှောင်ပိုင်ကို ခေါ်သွားကာ ခြောက်မြှီးမြေခွေး တို့နှင့် နီးသော နေရာတွင် သီးသန့် ရင်ပြင်ငယ်လေးတစ်ခု စီစဉ်ပေးလိုက်သည်။ သူတို့နှစ်ဦးမှာ ထိုရင်ပြင်ထဲတွင် သေရည်များကို တစ်ခွက်ပြီးတစ်ခွက် သောက်နေကြတော့သည်။

ထိုညတွင် ရှောင်ပိုင်သည် အမူးလွန်သွားလေသည်။ သူမသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် လဲကျသွားကာ သတိလစ်သွားတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ဂျိချန်းဖန်က ခေါင်းကို မတတ်သာသလို ခါယမ်းလိုက်သည်။ သူသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရှောင်ပိုင်၏ ခန္ဓာကိုယ်ထဲရှိ အယ်လ်ကိုဟောများကို ဖြေဖျောက်ပေးလိုက်သည်။ ထို့နောက် သူမကို အခန်းထဲသို့ ချီသွားကာ ကုတင်ပေါ်တွင် တင်ပေးပြီး စောင်ခြုံပေးလိုက်လေသည်။

ဒါတွေအားလုံး လုပ်ပြီးနောက် ဂျိချန်းဖန်မှာ လှည့်ထွက်သွားတော့သည်။ သို့သော် သိပ်မကြာခင်မှာပင် မှောင်မိုက်နေသော အခန်းထဲတွင် တောက်ပသော မျက်လုံးအစုံ ပွင့်လာလေသည်။

ရှောင်ပိုင်၏ မျက်ဝန်းများထဲရှိ အမူးအရိပ်အယောင်များမှာ ပျောက်ကွယ်သွားပြီး ရှုပ်ထွေးသော အရိပ်အယောင်များက အစားထိုး ဝင်ရောက်လာသည်။ ဂျိချန်းဖန်... အို... ဂျိချန်းဖန်...

ငါက သေရည်နတ်ဘုရား လို့ ပြောထားတယ်လေ။ ငါက ဘယ်လိုလုပ် တကယ် မူးမှာလဲ.......

"ဟင်း......."

အခန်းထဲတွင် တိုးညင်းသော နှာခေါင်းရှုံ့သံလေး ထွက်ပေါ်လာသည်။ ထို့နောက်တွင် ရှောင်ပိုင်၏ မကျေနပ်သော လေသံလေး ထွက်ပေါ်လာပြန်သည်။

"ငါ အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက အသုံးမကျဘူးပဲ.............."

...

...

အခန်း ၂၀၈ - မောင် ...

တစ်ဝက်တစ်ပျက်မျှ စဉ်းစားခန်းဖွင့်ပြီးနောက် ရှောင်ပိုင်သည် အခြေအနေအရပ်ရပ်ကို အနည်းနှင့်အများ နားလည်သဘောပေါက်သွားသည်။

သို့သော်လည်း သူမတွင် ထိုခြေလှမ်းကို လှမ်းရန် သတ္တိမရှိသေးပေ၊ သို့မဟုတ်လျှင်လည်း... အမျိုးသမီးတို့၏ ရှက်ရွံ့တတ်သော သဘာဝကပင် တားဆီးနေခြင်း ဖြစ်ပေသည်။

သူမကိုယ်သူမ အမူးလွန်အောင် ပြုလုပ်ခဲ့ပြီး ဂျိချန်းဖန်၏ ရှေ့မှောက်တွင် အရာအားလုံးကို ပုံအပ်ခဲ့သော်လည်း အဆုံးသတ်၌ ဘာဖြစ်သွားခဲ့သနည်း..............

သူက ထားခဲ့လေသည်။

ရှောင်ပိုင်သည် စကားမရှိလောက်အောင်ပင် ဆွံ့အသွားရ၏။ သို့သော် သူမအနေနှင့် တစ်ခုကို မစဉ်းစားမိသည်မှာ... အရင်ကလည်း ဂျိချန်းဖန်ကို စမ်းသပ်ရန် ဤနည်းလမ်းမျိုးကိုပင် အသုံးပြုခဲ့ဖူးသည် မဟုတ်ပါလား.............. ထိုစဉ်ကလည်း ဂျိချန်းဖန်သည် အခွင့်အရေးကို အရယူခဲ့ခြင်း မရှိပေ။ ယခုလည်း ဂျိချန်းဖန်သည် ထိုသို့ပင် ဖြစ်ပေသည်။

မှန်ပါသည်။ သူသည် ရှောင်ပိုင်၏ ခန္ဓာကိုယ်ကို အလိုရှိသည်မှာ အမှန်ပင်။ ဤအချက်ကို သူ ဘယ်သောအခါမှ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ ရှောင်ပိုင်ကိုယ်တိုင်လည်း သိမြင်နိုင်သည်။ သို့သော် ၎င်းမှာ ရှောင်ပိုင်ကို အတင်းအကျပ် ပြုလုပ်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ဘယ်လို ပြောရမည်နည်း....... ရှောင်ပိုင်သည် လက်ရှိတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်။ သူမ၏ နှလုံးသားထဲတွင် လုံခြုံမှု ကင်းမဲ့နေပြီး နတ်ဘုရားနယ်မြေ သည်လည်း အလွန်ကျယ်ပြောလှကာ အန္တရာယ်များစွာနှင့် ပြည့်နှက်နေလေသည်။ ဖန်ရှန်းဂူ တစ်ခုတည်းနှင့်ပင် သူမကို စိုးရိမ်ထိတ်လန့်စေရန် လုံလောက်ပေသည်။

ဂျိချန်းဖန်သည် ဤအချက်ကို အထူးပင် ရှင်းရှင်းလင်းလင်း မြင်သာပြီး ကောင်းစွာ နားလည်ထားလေသည်။ ထို့ကြောင့်... သူသည် ရှောင်ပိုင်ကို အချက်တစ်ချက်ကို နားလည်စေချင်သည်။

ဖန်ရှန်းဂူ ဟုတ်လား....... အဲဒါက ဘာမှ မဟုတ်ပါဘူး....... သူ့ဘေးနားတွင် ရှိနေသရွေ့ မည်သူကမျှ သူမကို ရန်မမူနိုင်ကြောင်း သူ နားလည်အောင် ပြုလုပ်ပေးမည် ဖြစ်သည်။ ဖန်ရှန်းဂူ ကသာ လက်မခံဘူးဆိုလျှင်... တိုက်ခိုက်ပစ်ရုံသာ ဖြစ်ပေသည်..............

သူ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံရန် တစ်လပင် မလိုတော့ပေ။ ဂျိချန်းဖန်သည် တရားဝင် ကျင်းယွမ်ဂိုဏ်း ၏ ဂိုဏ်းချုပ် ဖြစ်လာသည့် အချိန်သည် ဖန်ရှန်းဂူ နှင့် ထိပ်တိုက်တွေ့မည့် အချိန်လည်း ဖြစ်လေသည်။ ထိုအချိန်ကျလျှင် ရှောင်ပိုင်သည် အရာအားလုံးကို နားလည်သွားလိမ့်မည် ဖြစ်၏။

ဂျိချန်းဖန်၏ ဘေးနားတွင် ရှိနေခြင်းသည် မည်သည့်အန္တရာယ်ကိုမျှ ကြောက်စရာမလိုဘဲ ရှုခင်းများကို အေးအေးလူလူ ခံစားပြီး ညီအစ်ကိုတစ်ယောက် (သို့မဟုတ် ဇနီးသည်တစ်ယောက်) ၏ တာဝန်ကိုသာ အေးချမ်းစွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း သူမ သိရှိသွားလိမ့်မည် ဖြစ်ပေသည်။

ထုံထျန်းတောင်ထိပ် မှ ထွက်ခွာလာပြီးနောက် ဂျိချန်းဖန်သည် ပထမဆုံးအဆင့်အနေဖြင့် တိုက်ကျူးတောင်ထိပ် သို့ ပြန်လာခဲ့သည်။ သူ၏ ဆရာ၊ ဆရာမ၊ ကျင့်ပင်အာ နှင့် ဂျူနီယာညီမလေးတို့နှင့်အတူ ညစာ အတူစားခဲ့လေသည်။ ဤကိစ္စများ အားလုံး ပြီးစီးသွားသောအခါ ညနက်ပိုင်းသို့ ရောက်လုနီးပြီ ဖြစ်သည်။

သူသည် တိုက်ကျူးတောင်ထိပ် မှ တစ်ဖန် တိတ်တဆိတ် ထွက်ခွာလာခဲ့ပြန်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ယနေ့တွင် ကျင့်ပင်အာ ကို အဖော်လုပ်ပေးခဲ့ပြီး ရှောင်ပိုင်ကိုလည်း နှစ်သိမ့်ပေးခဲ့ပြီးပြီ ဖြစ်သည်။ ရွှယ်ယွဲ့ သည်လည်း ရှောင်ကျူးတောင်ထိပ် တွင် သူ့ကို စောင့်မျှော်နေဦးမည် မဟုတ်ပါလား။

စေ့စပ်ထားခြင်းကြောင့် သူတို့နှစ်ဦးမှာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံ၍ မရကြပေ။ အများအားဖြင့် ထုံထျန်းတောင်ထိပ် ရှိ ရုံးကိစ္စများကြောင့်သာ တွေ့ဆုံနိုင်ကြပြီး မဟုတ်လျှင်မူ သူသည် ရှောင်ကျူးတောင်ထိပ် သို့ တိတ်တဆိတ် ခိုးသွားပြီး သီးသန့် တွေ့ဆုံရရုံသာ ရှိလေသည်။

သို့သော် ဤပြဿနာများမှာ အနာဂတ်တွင် ပြေလည်သွားမည်သာ ဖြစ်သည်။ လုရွယ်ချီသည် ရွှမ်ချာဂိုဏ်း သို့ လာလည်နိုင်သရွေ့ ထိုနေရာတွင် သူတို့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံနိုင်ကြမည် ဖြစ်ပေသည်။

"ဝူး......."

ဝါးတောထဲမှ တိုးညင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

ဂျိချန်းဖန်သည် လုရွယ်ချီ၏ အခန်းပြင်ပသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။ အနည်းငယ် ဟနေသော တံခါးချပ်ကို ကြည့်ကာ သူသည် တိတ်တဆိတ် ပြုံးလိုက်မိလေသည်။

"ရှုး......."

ဂျိချန်းဖန်၏ ပုံရိပ်မှာ လျှပ်စီးပမာ လက်သွား၏။ သူသည် အခန်းထဲသို့ ချက်ချင်း ဝင်လိုက်သည်။ တစ်ချိန်တည်းမှာပင် တံခါးကို လုံအောင်ပိတ်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ အစီအရင်အလံ တစ်ခုကို ပစ်လွှတ်လိုက်လေသည်။ အပြင်ဘက်မှ မည်သည့်အသံမျှ မကြားနိုင်စေရန် အသံလုံ အစီအရင် တစ်ခုကို တည်ဆောက်လိုက်ခြင်း ဖြစ်ပေသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကုတင်ပေါ်တွင် ထိုင်နေသော အေးချမ်းပြီး တင့်တယ်လှပသည့် မိန်းကလေးကို သူ မြင်လိုက်ရသည်။ သူမသည် ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်မှာ သွယ်လျလှပလှပေသည်။ ကောင်းကင်ပြာရောင် ဆံထိုးလေးဖြင့် ထိန်းထားသော ဆံနွယ်များအောက်ရှိ ကြည်လင်သော မျက်ဝန်းအစုံမှာ အဆုံးမဲ့ တမ်းတမှုများဖြင့် တောက်ပနေလေသည်။

"စီနီယာအကို ဂျိ..."

လုရွယ်ချီက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမသည် ထလိုက်ပြီး ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ အပြေးဝင်လိုက်သည်။

ဂျိချန်းဖန်သည် သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားပြီး သူမ၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးနေလေသည်။

"ရွယ်ချီ....”

သူသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ပေါ်ရှိ သေရည်နံ့များကို ဖျောက်ပစ်ခဲ့ခြင်းမှာ တကယ်ပင် ကံကောင်းလှသည်။ မဟုတ်လျှင် လုရွယ်ချီသည် တစ်ခုခုကို ရိပ်မိသွားလိမ့်မည် ဖြစ်၏။

အခန်းထဲတွင် ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်တည်း ရှိနေခြင်း ဖြစ်ရာ လုရွယ်ချီ၏ ချောမောလှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းလာသည်။ သူမသည် သူမရှေ့ရှိ ဝတ်စုံဖြူနှင့် လူငယ် ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ချစ်မြတ်နိုးမှု အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

သူတို့နှစ်ဦးသည် ဘာမှမလုပ်ဘဲ တစ်ဦးကိုတစ်ဦး ဖက်ထားကြလေသည်။ ဂျိချန်းဖန်သည် တောင်ပိုင်းနယ်စပ်တွင် သူ ကြုံတွေ့ခဲ့ရသည့် ကိစ္စများ၊ ဖန်ရှန်းဂူ သည် တောင်ပိုင်းနယ်စပ် လူရိုင်းများ နှင့် ပူးပေါင်းနေသည့် အကြောင်းနှင့် ပိတ်လှောင်ခံထားရသော သားရဲနတ်ဘုရား အကြောင်းများကို ပြောပြနေသည်။

လုရွယ်ချီသည် မျက်ခုံးလေးကို အနည်းငယ် ကြုတ်လိုက်သည်။ ဖန်ရှန်းဂူ သည် တောင်ပိုင်းနယ်စပ် လူရိုင်းများ နှင့် ပူးပေါင်းနေသည်ဟူသော သတင်းကို ကြားရသောအခါ သူမ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ ရှိနေသော်လည်း သူမသည် မည်သည့်မေးခွန်းမျှ မမေးခဲ့ပေ။

စီနီယာအကို ဂျိ ပြောသည်မှာ အမြဲတမ်း မှန်ကန်သည် မဟုတ်ပါလား….

တစ်ချိန်တည်းမှာပင် လုရွယ်ချီသည် သားရဲနတ်ဘုရား ၏ ချစ်ခြင်း၊ မုန်းခြင်းများကို ဂရုမစိုက်ပေ။ သူမ၏ မျက်ဝန်းထဲတွင် ဂျိချန်းဖန် တစ်ယောက်တည်းသာ ရှိလေသည်။ ကမ္ဘာကြီး ပျက်စီးသွားလျှင်တောင်မှ... သူမသည် သူနှင့်အတူသာ ရှိနေချင်ပေသည်။

"စီနီယာအကို ဂျိ" လုရွယ်ချီက ရုတ်တရက် ခေါ်လိုက်သည်။

"ဟင်......." ဂျိချန်းဖန် အနည်းငယ် လန့်သွား၏။

သူသည် ရင်ခွင်ထဲမှ အေးချမ်းတင့်တယ်သည့် မိန်းကလေးကို ငုံ့ကြည့်လိုက်ရာ သူမသည် သူ့ကို ငေးကြည့်နေပြီး စကားတစ်ခွန်းမျှ မဆိုပေ။ သူမ၏ မျက်ဝန်းထဲရှိ အဆုံးမဲ့ နူးညံ့သိမ်မွေ့မှုများကသာ အရာအားလုံးကို ဖော်ပြနေလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ဂျိချန်းဖန်သည် အနည်းငယ် ပြုံးလိုက်မိသည်။ သူသည် လုရွယ်ချီ၏ ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးကို အသာအယာ အုပ်ကိုင်လိုက်ပြီး သူမ၏ နူးညံ့သော နှုတ်ခမ်းအစုံကို ခပ်ဖွဖွ နမ်းရှိုက်ကာ သူမ၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်လေသည်။

"ငါ့ကို စီနီယာအကိုလို့ မခေါ်နဲ့တော့၊ ပိုပြီး နားဝင်ချိုတာလေး တစ်ခုခု ခေါ်ပေးပါလား....”

"မောင်လို့ ခေါ်ကြည့်ပါဦး၊ ငါ ကြားချင်လို့ပါ......."

ထိုစကားများ ထွက်လာသည်နှင့် လုရွယ်ချီ၏ ချောမောလှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူမ၏ ကြယ်တာရာပမာ တောက်ပသော မျက်ဝန်းများမှာ မိန်းကလေးတို့၏ ရှက်ရွံ့မှုများဖြင့် ဝေ့သီနေပြီး ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးမှာလည်း ရှက်သွေးဖြာနေလေသည်။ သူမ၏ ဖြူဖွေးသော လည်ပင်းတိုင်လေးတောင်မှ နီမြန်းသော အရောင်လေး သန်းနေလေသည်။

သို့သော်လည်း ဂျိချန်းဖန်၏ တောင်းဆိုမှုကို သူမ ငြင်းဆန်ပါ့မလား.......

မငြင်းဆန်ပေ။ လုရွယ်ချီသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ အသာအယာ တိုးဝင်လိုက်သည်။ သူမသည် နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်ပြီး ရှက်ရှက်နှင့် ခေါင်းငုံ့ထားရာ သူမ၏ ကြည်လင်သော နားသီးလေးများတောင်မှ နီမြန်းနေလေတော့သည်။

ခဏအကြာတွင် တိုးညင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် အဆုံးမဲ့ ရှက်ရွံ့မှုများ ပါဝင်နေလေသည်။

"ကို ...ကိုကို"

လုရွယ်ချီသည် သတ္တိကို မွေးကာ သူမရှေ့ရှိ လူငယ်ကို မော့ကြည့်လိုက်သည်။ သူမ၏ ရင်ခုန်သံမှာ အလွန်ပင် မြန်ဆန်နေပြီး သူမ၏ စိုစွတ်သော မျက်ဝန်းများထဲတွင်လည်း ရှက်ရွံ့မှုများ လက်ခနဲ ဖြစ်သွားလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ဂျိချန်းဖန်မှာ ဆက်၍ မအောင့်နိုင်တော့ပေ။ သူသည် လက်နှစ်ဖက်ဖြင့် လုရွယ်ချီ၏ မျက်နှာလေးကို အုပ်ကိုင်ကာ သူမကို အားရပါးရ နမ်းရှိုက်လိုက်တော့သည်။

ပြန်လည်တုံ့ပြန်မှုအနေနှင့် လုရွယ်ချီ၏ တုံ့ပြန်မှုမှာလည်း အားနည်းခြင်း မရှိပေ။ သူမ၏ ဖြူဖွေးနူးညံ့သော လက်ကလေးများမှာ သူမရှေ့ရှိ ဝတ်စုံဖြူနှင့် လူငယ် ကို တင်းကြပ်စွာ ဖက်ထားလေသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာလည်း သူ့အပေါ်သို့ မှီတွဲနေပြီး ခဏတာမျှပင် မခွာချင်ပေ။

"ဝူး......."

အဖြူရောင် ဝတ်စုံမှာ ပြန့်ကျဲသွားလေသည်။

သူမ၏ လက်ရာမြောက်လှသော ညှပ်ရိုးလေးများမှာ လေထုထဲတွင် ပေါ်လွင်နေသည်။ ဆီးနှင်းပမာ ဖြူဖွေးသော အသားအရေမှာ မြင်ကွင်းထဲသို့ ရောက်ရှိလာပြီး အောက်ဘက်တွင်မူ အဖြူရောင်ဝတ်စုံနှင့် လိုက်ဖက်သော၊ ပန်းနုရောင် မက်မွန်ပန်းလေးများ ပန်းထိုးထားသည့် အတွင်းခံဝတ်စုံလေး ရှိနေလေသည်။

မက်မွန်ပန်း၏ ပွင့်ဖတ်လေးများမှာ အထက်သို့ မြင့်တက်နေသည်။ ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲထားသော လပြည့်ဝန်းပမာပင် ဖြစ်သည်။ ခဏချင်းမှာပင် မွှေးပျံ့ပြီး သင်းပျံ့သော ရနံ့လေးတစ်ခုမှာ သူ၏ နှာခေါင်းဝတွင် ဝေ့သီနေလေသည်။

"ဝူး......."

အဖြူရောင် အတွင်းခံဝတ်စုံလေးမှာ လျောကျသွားလေ‌ေတာ့သည်။

လုရွယ်ချီ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်နေသည်။ ဆောင်းဦးရာသီ ရေမျက်နှာပြင်ပမာ ကြည်လင်သော သူမ၏ မျက်လုံးအစုံမှာ တင်းကြပ်စွာ ပိတ်ထားပြီး ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ခါနေလေသည်။ သူမ၏ စကျင်ကျောက်တိုင်ပမာ ဖြူဖွေးသော လက်မောင်းလေးများမှာ ဂျိချန်းဖန်ကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။

"ဟူး......."

လေးလံပြီး ပူပြင်းသော အသက်ရှူသံများ ပဲ့တင်ထပ်နေသည်။

လုရွယ်ချီသည် နှုတ်ခမ်းလေးကို အနည်းငယ် စူထားပြီး သူမ၏ နီမြန်းသော မျက်နှာလေးတွင် ရှက်ရွံ့မှုများ ရှိနေသော်လည်း အဆုံးတွင်မူ သူမသည် မတွန်းလှန်ဘဲ သူ့အလိုအတိုင်း လိုက်လျောနေလေသည်။

ခဏအကြာတွင်... ဂျိချန်းဖန်သည် ရုတ်တရက် ရပ်တန့်လိုက်သည်။

သူသည် သူ့ရှေ့မှ ပြည့်စုံလွန်းသော လူသားလေးကို ကြည့်ကာ သူ၏ စိတ်ထဲတွင် ရေခဲနှလုံးသား ကျိန်စာ ကို အကြိမ်ကြိမ် ရွတ်ဆိုရင်း အတွင်းစိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။

မိန်းကလေးမှာ မျက်လုံးများကို ဖွင့်လိုက်‌ေလသည်။ သူမ၏ ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ခါနေ၏။ ကြယ်တာရာပမာ တောက်ပသော မျက်ဝန်းအစုံ ပေါ်လာသည်။ သူမ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် အဆုံးမဲ့ နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေလေသည်။

သူမသည် အဘယ်ကြောင့် မတွန်းလှန်ခဲ့သနည်း....... သဘာဝကျစွာပင် သူမသည် ဂျိချန်းဖန်ကို ယုံကြည်သောကြောင့် ဖြစ်ပေသည်။ ထို့ပြင်... တကယ်လို့ ဂျိချန်းဖန်က တကယ်ကို အလိုရှိသည်ဆိုလျှင်တောင်မှ သူမ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။

... ဂျိချန်းဖန်သည် လုရွယ်ချီကို ပြီးပြည့်စုံပြီး ခမ်းနားသော မင်္ဂလာပွဲတစ်ခု ပြုလုပ်ပေးမည်ဟု ကတိပေးထားခဲ့ရာ သူ၏ ကတိကို ဖျက်ဆီးမည် မဟုတ်ပေ။

သူသည် လုရွယ်ချီကို ပြီးပြည့်စုံသော မင်္ဂလာပွဲတစ်ခု ပေးချင်သည်။ သူမကို နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် အတောက်ပဆုံးသော အမျိုးသမီးတစ်ယောက် ဖြစ်စေချင်သည်။

All Chapters