← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း ၂၁၅ - ဓားတစ်ချက်တည်းပဲ..... ဒါဆိုရင် လောကကြီးက "အနှိုင်းမဲ့" ဆိုတာ ဘာလဲဆိုတာ နားလည်သွားလိမ့်မယ်.....

"ထိုက်ကျင်းအဆင့်..... ဒါက ငါ့ကိုတွေ့ဖို့ ဝင်ပေါက်အဆင့်ပဲ ရှိသေးတာ....."

"ရှုး....."

ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရောက်ရှိနေသူအားလုံး မှင်တက်သွားကြတော့သည်.....

ထုံထျန်းတောင်ထိပ်ပေါ်ရှိ လူတိုင်းသည် တည်ငြိမ်အေးစက်နေသော ဂိုဏ်းချုပ် ငယ်လေးကို ရှော့ရနေသော အမူအရာများ၊ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေကြသည်...။

ကြည့်စမ်း.....

ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိလိုက်သလဲ.....

ဘယ်လောက်တောင် မောက်မာလိုက်သလဲ..........

ကျင့်ကြံခြင်း သမိုင်းတစ်လျှောက်ကို ပြန်ကြည့်လျှင် ထိုက်ကျင်းအဆင့်သို့ ချိုးဖြတ် ရောက်ရှိနိုင်သူ မည်မျှရှိခဲ့သနည်း..... လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင့်နှစ်ရာက စီနီယာချင်းယဲ့မှလွဲ၍ အခြားသူ မရှိသလောက်ပင် မဟုတ်ပါလား..........

သို့သော် ဂျိချန်းဖန်သည် ဤမျှ မောက်မာသော စကားများကို ပြောထွက်ရဲသည်.....

ဘာကို အခြေခံပြီးလဲ.....

ဘာအရည်အချင်းနဲ့လဲ.....

ဤအခိုက်အတန့်တွင်... ဤအတွေးမှာ လူတိုင်း၏ စိတ်ထဲတွင် တစ်ပြိုင်နက် ပေါ်ထွက်လာသည်။

သို့သော် အလွန်လျင်မြန်စွာပင်... သူတို့ နားလည်သွားကြတော့သည်။

ဂျိချန်းဖန်သည် ဤစကားမျိုးကို ပြောနိုင်သည်ဆိုကတည်းက သူ၏ အစွမ်းမှာလည်း ထိုစကားနှင့် ထိုက်တန်သော အဆင့်တွင် ရှိနေမည်မှာ သဘာဝကျလှပေသည်။

"မောက်မာလှချည်လား....."

ယွမ်ယီလန်သည် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အနီရောင်ဝတ်စုံမှာ တလွင့်လွင့် ဖြစ်နေပြီး ဂျိချန်းဖန်ကို အထင်အမြင်သေးစွာ ကြည့်လိုက်၏။

သူ၏ စိတ်ထဲတွင်မူ... ဂျိချန်းဖန်မှာ ဘာမှမသိနားမလည်သေးသည့် ဂျူနီယာလေးတစ်ယောက်သာ ဖြစ်သည်။ သူက ကျင့်ကြံခြင်း ပါရမီအနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း ဘာဖြစ်သနည်း..........

ဒါကိုတော့ သိထားသင့်သည်..... လူထက်လူ ရှိစမြဲ၊ ကောင်းကင်ထက် ကောင်းကင် ရှိစမြဲပင်.....

ငါတို့နှစ်ယောက်လုံးက ထိုက်ကျင်းအဆင့်ချင်း အတူတူပဲကို မင်းက ဘာလို့ ဒီလောက် မောက်မာနေရတာလဲ..........

ဂျိချန်းဖန်က ပြန်မပြောပေ။

သူသည် ယွမ်ယီလန်ကို အေးစက်တည်ငြိမ်စွာသာ ကြည့်လိုက်သည်။

ထို့နောက် သူ၏ လက်ထဲမှ ကျူးရှန်းဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်တော့သည်။

"ဂျိန်း....."

ခဏချင်းမှာပင် တောက်ပလှသော ခုနစ်ရောင်ခြည် ဓားအလင်းတန်းများ ကောင်းကင်ယံကို လွှမ်းမိုးသွားသည်။ မမြင်နိုင်သော ဓားဆန္ဒတစ်ခု ကောင်းကင်ဘုံသို့ ထိုးတက်သွားပြီး မတားဆီးနိုင်သော ဓားဝိညာဉ်များ တိမ်တိုက်များအထိ ထိုးဖောက်သွားတော့သည်...။

"ဝီဝီ ဝီဝီ....."

လောကတွင် ရှိသမျှ ဓားများအားလုံး အနည်းငယ် တုန်ခါလာကြသည်။

၎င်းတို့သည် ဦးညွှတ်နေကြခြင်း၊ အညံ့ခံနေကြခြင်း ဖြစ်သည်။

ဖော်ပြရခက်သော အငွေ့အသက်တစ်ခုမှာ ထုံထျန်းတောင်ထိပ် တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။

"လာစမ်း....."

ယွမ်ယီလန်က အားရပါးရ ရယ်မောလိုက်သည်။

သူ၏ အနီရောင်ဝတ်စုံမှာ လွင့်ပျံနေပြီး သူ၏ တစ်ကိုယ်လုံးမှ အလွန်ပူပြင်းလှသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာသည်။ ဖန်ရှန်းဂူ၏ အဓိက ကျင့်စဉ်ဖြစ်သော ဖန်ရှန်းမီးတောက်ကျမ်းကို သူက အစွမ်းကုန် အသုံးချလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အနီရောင် မီးတောက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ကောင်းကင်ယံတွင်... ဓားအလင်းတန်း လွင်ပြင်ကြီးနှင့် မီးတောက်ပင်လယ်ကြီးတို့ ထိပ်တိုက်ရင်ဆိုင်နေကြသည်။

လူတိုင်း၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေကြသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤသည်မှာ ထိုက်ကျင်းအဆင့်၏ စွမ်းအားလား..........

တကယ့်ကို ကြောက်စရာကောင်းလှပေသည်.....

တောက်ရွှမ်းသည် မျက်ခုံးအနည်းငယ် ပင့်လိုက်မိပြီး မချီးကျူးဘဲ မနေနိုင်တော့ပေ။ "ဂိုဏ်းချုပ် ဂျိချန်းဖန်က ထိုက်ကျင်းအဆင့်ကို ရောက်တာ ဘယ်လောက်တောင် ရှိဦးမှာလဲ..... သူ၏ အစွမ်းကတော့ အတိုင်းအဆမရှိ နက်နဲနေပြီပဲ..."

သူကိုယ်တိုင်ပင်လျှင်... ဤအခိုက်အတန့်တွင် ဂျိချန်းဖန်၏ စစ်မှန်သော အစွမ်းကို ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်တော့ပေ။

ဤစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အခြား တောင်ထိပ်သခင်များအားလုံး ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ရှီဟောင်နှင့် ချူယွီဟုန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် အင်အားကြီးသူနောက်သို့ လိုက်ရန်ဟူသော သူတို့၏ အတွေးကို တိတ်တဆိတ် ထပ်မံအတည်ပြုလိုက်ကြသည်။ ယနေ့မှစ၍...

သူတို့၏ စိတ်ထဲတွင် ဂိုဏ်းချုပ် ဂျိဟူသော နေမင်းတစ်စင်းသာ ရှိတော့သည်.....

သစ္စာရှိရမည်.....

လျိုကျင်းခန်းမ၏ တောင်ထိပ်သခင် စီနီယာဦးလေး ကျင်းက "ဂိုဏ်း... စီနီယာအကို တောက်ရွှမ်း၊ ဂျိချန်းဖန်က ဒီတိုက်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေး ရှိပါ့မလား.........." ဟု အံ့သြတကြီး မေးလိုက်သည်။

ဒါကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အခြား အထက်လမ်းဂိုဏ်းများမှ ကျင့်ကြံသူအားလုံး အကြည့်လွှဲလိုက်ကြသည်။

တောက်ရွှမ်းက အသာအယာ ပြုံးလိုက်သည်။

သူသည် ဘာမှမပြောဘဲ ကျန့်ပူယီဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်၏။ "ဂျူနီယာညီလေး ကျန့်... မင်းကော ဂိုဏ်းချုပ် ဂျိချန်းဖန် ဒီပွဲမှာ နိုင်မယ့် အခွင့်အရေးကို ဘယ်လိုမြင်လဲ....."

ဤစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ မျက်လုံးများ လှုပ်ရှားသွားကြသည်။ တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူတို့အားလုံး ကျန့်ပူယီထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့သည်။

"အဟွတ် အဟွတ်..." ကျန့်ပူယီသည် အသာအယာ ချောင်းဆိုးလိုက်ပြီး လက်များကို နောက်ပစ်ကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူသည် ထိုအလွန်တောက်ပသော ဓားကို မြင်လိုက်ရသောအခါ...

သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှု အရိပ်အယောင်များ ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ဂိုဏ်းချုပ် ဂျိချန်းဖန်ရဲ့ ဓား ကျဆင်းလာတာနဲ့ လောကကြီးက 'အနှိုင်းမဲ့' ဆိုတာ ဘာလဲဆိုတာ နားလည်သွားလိမ့်မယ်....."

ကျန့်ပူယီ၏ ကျင့်ကြံမှုမှာလည်း ထိုက်ကျင်းအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ထို့ကြောင့်...

သူသည် သူ၏ သတ္တမမြောက် တပည့်၏ အစွမ်းကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။ ၎င်းကို စကားလုံးလေးလုံးဖြင့်သာ ဖော်ပြနိုင်သည်..... "အတိုင်းအဆမရှိ နက်နဲလှသည်....." ဟူ၍ပင်။

ယွမ်ယီလန်ကို ဆိုလျှင်မူ.....

ဤလူမှာ အသုံးမကျသူတစ်ဦးသာ ဖြစ်ကြောင်း သူ ပြောချင်သည်.....

သူက မီးတောက်ပင်လယ်ကြီးကို ကြောက်စရာကောင်းအောင် ထုတ်ပြနေသော်လည်း အမှန်တကယ်တွင်မူ ၎င်းမှာ လူကို ခြောက်လှန့်ရန်သာ ဖြစ်ပြီး ထိုက်ကျင်းအဆင့် ဆရာကြီးများကို သတ်ဖြတ်နိုင်စွမ်း သိပ်မရှိပေ...။

ကျန့်ပူယီကိုယ်တိုင်ပင်လျှင် ၎င်းကို အလွယ်တကူ တားဆီးနိုင်သည်။

ဂျိချန်းဖန်ကို ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။

ဤစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ မျက်လုံးများမှာ လှုပ်ခတ်သွားကြသည်။

"ပူယီ..." စူးရူ၏ လှပသော မျက်ဝန်းများတွင် အံ့သြမှုများ ရှိနေသည်။ သူမသည် သူမ၏ဘေးရှိ ခင်ပွန်းဖြစ်သူကို ကြည့်လိုက်ပြီး စိတ်ထဲမှ တစ်ခုခုကို ခန့်မှန်းမိသွားသည့်အလား...

"ဖေဖေ....."

မလှမ်းမကမ်းရှိ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အံ့သြတကြီး အော်ဟစ်လိုက်သည်။ "ဖေဖေလည်း ထိုက်ကျင်းအဆင့်ကို ချိုးဖြတ်နိုင်သွားပြီလား.........."

ဤသည်ကို ကြားသောအခါ ကျန့်ပူယီက ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။

ထိုဖောင်းအိနေသော မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ရှိနေသည်။

ဒီလောက်အထိ အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့တာ... ဒီလိုအချိန်မျိုးမှာ ကြွားလုံးထုတ်ဖို့ မဟုတ်ပါလား.....

"ဂျိန်း....."

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ စူးရှလှသော ခုနစ်ရောင်ခြည် ဓားအလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

"ရှုး....."

ကြည့်လိုက်သောအခါ... အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေသော ဓားဆန္ဒတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။ အတိုင်းအဆမရှိသော စွမ်းအားများမှာ ထိုဓားမှတစ်ဆင့် ပြန့်နှံ့သွားပြီး ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်.....

ဂျိချန်းဖန်၏ တာအိုဝတ်စုံမှာ လွင့်ပျံနေပြီး သူသည် ယွမ်ယီလန်ကို အေးစက်တည်ငြိမ်စွာ ငုံ့ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ ကျူးရှန်းဓားမှာ ကရုဏာကင်းမဲ့စွာဖြင့် ကျဆင်းသွားတော့သည်။

"လာစမ်း....."

"ငါကလည်း ထိုက်ကျင်းပဲ....."

"ပြီးတော့ ငါကလည်း ကောင်းကင်အောက်မှာ အနှိုင်းမဲ့ ဖြစ်နိုင်တယ်.........."

ယွမ်ယီလန်သည် ထိုနေရာတွင်ပင် အော်ဟစ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လှိမ့်ဝင်လာသော မီးတောက်ပင်လယ်ကြီးကို ထိန်းချုပ်ကာ ဂျိချန်းဖန်ထံသို့ ပြင်းထန်စွာ လောင်မြိုက်သွားတော့သည်...။

"ဘုန်း....."

ခုနစ်ရောင်ခြည် ဓားအလင်းတန်း ကျဆင်းလာသည်။

မမြင်နိုင်သော ဓားဝိညာဉ်မှာ ထိုမီးတောက်ပင်လယ်ကြီးကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။ ကောင်းကင်ယံတစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်လိုက်သည့်အလား၊ ဟင်းလင်းပြင်ပင်လျှင် မခံနိုင်တော့ဘဲ အနည်းငယ် ပုံပျက်သွားသကဲ့သို့ပင်...။

"ရှုး....."

ခုနစ်ရောင်ခြည် ဓားဝိညာဉ်မှာ မြစ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်.....

စစ်မှန်သော ဓားဝိညာဉ် မြစ်ကြီးပင် ဖြစ်သည်.....

ထို ဓားဝိညာဉ် မြစ်ကြီးမှာ ကြယ်စင်စုတစ်ခုကဲ့သို့ တောက်ပနေပြီး ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးထားသည်။ မရေမတွက်နိုင်သော မီးတောက်များကို ငြှိမ်းသတ်ပစ်လိုက်ပြီး မီးတောက်နယ်ပယ်တစ်ခုလုံးကို တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်...။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အလွန်ပင် ထိတ်လန့်သွားကြသည်။

သူတို့၏ ကျင့်ကြံမှုမှာ မလုံလောက်သဖြင့် တိုက်ပွဲ၏ စစ်မှန်သော အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ထိုခမ်းနားလှသော မြင်ကွင်းကိုသာ ကြည့်ရင်း နောက်ဆုံးရလဒ်ကို စိတ်ထဲမှ ခန့်မှန်းနေကြလေသည်...။

သူတို့၏ မျက်စိထဲတွင်မူ...

မမြင်နိုင်သော မီးတောက်နယ်ပယ်ကြီးမှာ ဓားဝိညာဉ် မြစ်ကြီး၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်.....

အလွန်တောက်ပသော ခုနစ်ရောင်ခြည် ဓားအလင်းတန်းသည် ယွမ်ယီလန်၏ တိုက်ခိုက်မှုအားလုံးကို ထိုနေရာတွင်ပင် ချက်ချင်း ချေမှုန်းပစ်လိုက်ပြီး နောက်ဆုံးတွင် သူ့ထံသို့ တိုက်ရိုက် ကျရောက်သွားတော့သည်...။

ခဏချင်းမှာပင်။

ယွမ်ယီလန်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားတော့သည်။

"မဖြစ်နိုင်ဘူး..... ဒါ လုံးဝ မဖြစ်နိုင်ဘူး....."

သူသည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်ရင်း မျက်နှာတစ်ခုလုံး ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

"ဂျိန်း....."

ခုနစ်ရောင်ခြည် ဓားအလင်းတန်းမှာ ပို၍ ပို၍ နီးကပ်လာသည်။

ယွမ်ယီလန်သည် သူ၏နှလုံးသားထဲတွင် အလွန်ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူသည် သူ၏ အစွမ်းအားလုံးကို အမြန်ဆုံး အသုံးချကာ ဤဓားကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ကံမကောင်းစွာပင်...

သူ၏ ကြိုးစားမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။

ခုနစ်ရောင်ခြည် ဓားအလင်းတန်းသည် အတားအဆီးအားလုံးကို ထိုးဖောက်သွားသည်။

မမြင်နိုင်သော ဓားဝိညာဉ် မြစ်ကြီးမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး သူ့ကို ထိုနေရာတွင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိစေသည်...။

"ဖူး.........."

ယွမ်ယီလန်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးရှိ သွေးကြောများ၊ စွမ်းအားများ၊ အသားနှင့် အရိုးများမှာ ထိုဓားကြောင့် တိုက်ရိုက် ကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်တွင်လည်း အပေါက်များစွာဖြင့် ဖုံးလွှမ်းသွားတော့သည်...။

ဓားတစ်ချက်တည်းဖြင့်... သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီ.....

ဤသည်မှာလည်း ဂျိချန်းဖန်က သူ၏ အစွမ်းအချို့ကို ထိန်းထားခဲ့သောကြောင့်သာ ဖြစ်သည်။

"ဘုန်း....."

ယွမ်ယီလန်သည် ထပ်မံ၍ မခံနိုင်တော့ပေ။

သူသည် ကောင်းကင်ယံမှ တိုက်ရိုက် ပြုတ်ကျသွားပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

ခဏချင်းမှာပင် ရောက်ရှိနေသူအားလုံး တုန်လှုပ်သွားကြတော့သည်.....

၎င်းမှာ တကယ်ပင်.....

ဓားတစ်ချက်တည်းသာ လိုအပ်သည်..... ဒါဆိုရင် လောကကြီးက 'အနှိုင်းမဲ့' ဆိုတာ ဘာလဲဆိုတာ နားလည်သွားလိမ့်မည် ..........

အခန်း ၂၁၆ - တောက်ရွှမ်း ... ကျွန်တော့်ကို ကယ်ပါဦး...............

"ဘုန်း....."

ထုံထျန်းတောင်ထိပ်ပေါ်ရှိ လူတိုင်းသည် ယွမ်ယီလန် ကောင်းကင်ယံမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လွင့်စင်ကျသွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ ကျဆင်းသွားသော အရှိန်ကြောင့် ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များပင် ထောင်တက်သွားတော့သည်...။

"အဟွတ်၊ အဟွတ်.....”

ယွမ်ယီလန်သည် အားနည်းစွာဖြင့် ချောင်းဆိုးနေသည်။

သူ၏ ခန္ဓာကိုယ်မှ သွေးစများမှာ စီးကျနေ၏။ သူ့ကို ကြည့်လိုက်လျှင် တစ်ကိုယ်လုံးတွင် အပေါက်ကြီးငယ်များစွာဖြင့် ဖုံးလွှမ်းနေပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း ဖြစ်သည်...။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။

သူတို့သည် မနေနိုင်ဘဲ သက်ပြင်းချမိကြသည်။ အထင်ကရ ဖန်ရှန်းဂူ၏ ဂူသခင်တစ်ယောက်က ဘာကြောင့် ဒီလိုအခြေအနေမျိုးအထိ ရောက်သွားရတာလဲ.....

ကိုယ့်သေတွင်းကိုယ် တူးတဲ့သူတွေကတော့ သေလမ်းကို တွေ့ရတာပဲဟုသာ ဆိုရမည် ဖြစ်သည်။

ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ သေမင်းကို သွားပြီး ရန်စရတာလဲ..... ကောင်းကောင်းမွန်မွန် အသက်ရှင်နေရတာ မလုံလောက်သေးဘူးလား..... သူက ထိုက်ကျင်းအဆင့်ကို ချိုးဖြတ်နိုင်ရုံနဲ့ သူ့ကိုယ်သူ အနှိုင်းမဲ့ပြီလို့ တကယ်ပဲ ထင်နေတာလား.....

"အဟွတ်၊ အဟွတ်၊ မင်း..."

ယွမ်ယီလန်သည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို လျစ်လျူရှုကာ ကောင်းကင်ယံရှိ ဂျိချန်းဖန်ကို ထိတ်လန့်တုန်လှုပ်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွား၏။

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး..."

သူသည် ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်နေသည်။

ရှင်းရှင်းလင်းလင်းပင်... သူသည် သူ၏ ရှုံးနိမ့်မှု အမှန်တရားကို လက်မခံနိုင်သေးပေ။

ငါတို့နှစ်ယောက်လုံးက ထိုက်ကျင်းအဆင့်ချင်း အတူတူပဲလေ။

မင်းက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ.....

"ငါ မယုံဘူး....."

"ငါ မယုံဘူး....."

ယွမ်ယီလန်သည် မတ်တတ်ရပ်ရန် ရုန်းကန်နေသော်လည်း သူ၏ ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။ သူ၏ နက်နဲသော ကျင့်ကြံမှုကြောင့်သာ အသက်မထွက်ဘဲ ရှိနေခြင်း ဖြစ်သည်...။

"ဂူသခင်....."

ပတ်ဝန်းကျင်ရှိ ဖန်ရှန်းဂူ တပည့်များမှာ သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

ရှေ့ဆုံးမှ ယန်ဟုန်သည် ယွမ်ယီလန်၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သူ၏ သနားစဖွယ် အခြေအနေကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"အဟွတ်၊ အဟွတ်..."

ယန်ဟုန်၏ တွဲကူမှုဖြင့် ယွမ်ယီလန်သည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ သူသည် ဒဏ်ရာများကို ကုသရန်အတွက် ဆေးလုံးအချို့ကို အမြန်သောက်လိုက်ရာ သူ၏ဒဏ်ရာများကို မနည်းထိန်းချုပ်လိုက်ရ၏။

တစ်ချိန်တည်းမှာပင် သူသည် သတိပြန်ဝင်လာသည်။

ယွမ်ယီလန်သည် ဂျိချန်းဖန်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်၏။

ဂိုဏ်းချုပ် ငယ်လေးသည် ကျူးရှန်းဓားကို ကိုင်စွဲကာ လေထုထဲတွင် ရပ်တန့်နေသည်။ သူ၏ တာအိုဝတ်စုံမှာ လွင့်ပျံနေပြီး သူသည် အေးစက်တည်ငြိမ်သော အကြည့်များဖြင့် ငုံ့ကြည့်နေသည်။

"ဂျူနီယာလေး..... မင်း..."

ယွမ်ယီလန်၏ မျက်နှာမှာ မှောင်မိုက်သွားသည်။ သူသည် ဂျိချန်းဖန်၏ ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည့် အမှန်တရားကို လက်မခံနိုင်ဘဲ မောက်မာသော စကားများကို ထပ်မံပြောရန် ပြင်လိုက်၏။

"ရှုး....."

သို့သော် ထိုစဉ်မှာပင်...

ဂျိချန်းဖန်သည် သူ၏လက်ထဲမှ ကျူးရှန်းဓားကို အနည်းငယ် မြှောက်လိုက်သည်။

၎င်းမှာ ယွမ်ယီလန်ကို နောက်ထပ် တစ်ချက် ထပ်မံ တိုက်ခိုက်တော့မည့်ပုံ ပေါ်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွမ်ယီလန်၏ မျက်နှာမှာ ချက်ချင်းပင် အကြီးအကျယ် ပျက်သွားတော့သည်။ သူသည် ယန်ဟုန်၏ တွဲကူမှုဖြင့် လျင်မြန်စွာ လှည့်ထွက်ကာ တောက်ရွှမ်း ရှိရာဘက်သို့ အသည်းအသန် ပြေးသွားရင်း အော်ဟစ်လိုက်တော့သည်။

"တောက်ရွှမ်း... ကျွန်တော့်ကို ကယ်ပါဦး....."

သူသည် အစောပိုင်းက ဂျိချန်းဖန်ထံမှ စစ်မှန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ့ကို တကယ် သတ်ချင်နေတာပဲ...။

ခဏမျှ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အမူအရာများမှာ အမျိုးမျိုး ဖြစ်သွားကြသည်။

အချို့က မနေနိုင်ဘဲ အားရပါးရ ရယ်မောလိုက်ကြသည်။ အချို့ကမူ ရယ်သံကို အောင့်ထားသဖြင့် မျက်နှာများပင် နီမြန်းနေကြ၏။ တောက်ရွှမ်းပင်လျှင် သူ၏ ပါးစပ်ထောင့်မှာ အနည်းငယ် တွန့်သွားရတော့သည်..။

"ဟာသပဲ..... ဟားဟားဟားဟား....."

လူအုပ်ထဲမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

ယွမ်ယီလန်၏ အမူအရာမှာ ခေတ္တမျှ တောင့်တင်းသွားရသည်။

သူသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ မျက်လုံးထဲမှ လှောင်ပြောင်မှုများနှင့် ရယ်မောသံများကို ကြားလိုက်ရသောအခါ တစ်ခုခုကို နားလည်သွားသည့်အလား...

ယွမ်ယီလန် လှည့်ကြည့်လိုက်သည်။

ကောင်းကင်ယံရှိ ဂျိချန်းဖန်သည် ကျူးရှန်းဓားကို ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။

သူက တိုက်ခိုက်ဟန်ပြရုံသာ ပြလိုက်ခြင်း ဖြစ်သည်။

သူက တမင်တကာ လှည့်ကွက် သုံးလိုက်ခြင်း ဖြစ်သည်။

ဟက်ဟက်။ ခင်ဗျားရဲ့ စောစောက မောက်မာမှုတွေ ဘယ်ရောက်ကုန်ပြီလဲ..... ခင်ဗျားရဲ့ စောစောက ရိုင်းစိုင်းမှုတွေကော ဘယ်မှာလဲ..... အခုတော့ ဘာလို့ ပျောက်သွားရတာလဲ.....

ပြီးတော့ "တောက်ရွှမ်း... ကျွန်တော့်ကို ကယ်ပါဦး" တဲ့လား.....

တကယ့်ကို ရယ်စရာကောင်းလှပေသည်.....

"မင်း..."

ယွမ်ယီလန်၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

ဒါက တကယ့်ကို အရှက်ရစရာပင်။

"ထူးဆန်းလိုက်တာ..... ငါက ငါ့ရဲ့ စွမ်းအင် ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲ သုံးလိုက်တာပါ၊ ဘာလို့ ဂူသခင် ယွမ်က ဒီလောက်အထိ အခြေအနေ ပျက်နေရတာလဲ..... သူက ငါ့ကို အပြစ်တင်ချင်နေလို့များလား.........."

ဂျိချန်းဖန်က ဇဝေဇဝါ ဖြစ်နေသည့်အလား ကြည့်ကာ ပြောလိုက်သည်။

"ဟင်း....."

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့.....”

သူသည် အသာအယာ သက်ပြင်းချလိုက်ပြီး " ဂူသခင် ယွမ်က လူကြီးတစ်ယောက် ဖြစ်နေတာကို ထောက်ထားပြီး ငါက ဒဏ်ရာကုသဖို့ ဆေးလုံးတစ်လုံး ပေးပါ့မယ်" ဟု ပြောလိုက်၏။

စကားအဆုံးတွင်...

ဂျိချန်းဖန်သည် တာ့ဟွမ်ဆေးလုံး တစ်လုံးကို ထုတ်လိုက်သည်။

ထို့နောက် ၎င်းကို ယွမ်ယီလန်ထံသို့ ပစ်ပေးလိုက်တော့သည်။

ယန်ဟုန်သည် လက်ကို မြှောက်ကာ ထို ဆေးလုံးကို ဖမ်းယူလိုက်၏။ သူမသည် နှုတ်ခမ်းကို အသာအယာ စေ့လိုက်ပြီး ခေါင်းငုံ့ထားကာ ဘာမှမပြောရဲပေ။

ယွမ်ယီလန်သည် ဂျိချန်းဖန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ သူသည် ဤအရှက်ရမှုကို တစ်သက်လုံး မှတ်ထားမည် ဖြစ်သည်.....

ဂျိချန်းဖန်သည် သူ့ကို အထက်မှ ငုံ့ကြည့်လိုက်သည်။

ယွမ်ယီလန်ကို သူက သေလူအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်။ အကယ်၍သာ အချိန်အခါက မသင့်တော်ခဲ့ပါက စောစောက ဓားတစ်ချက်သည်ပင် သူ့ကို အသက်ပျောက်စေမည် ဖြစ်သည်...။

"အိုး၊ အိုး၊ အိုး.....”

ထိုစဉ်မှာပင်...

လှောင်ပြောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်း လှည့်ကြည့်လိုက်ကြသည်။

မလှမ်းမကမ်းတွင် ဝတ်စုံဖြူနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏ ကိုယ်နေဟန်ထားမှာ သွယ်လျလှပပြီး ဆံပင်များမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးကာ အသားအရေမှာလည်း နုဖတ်နေ၏...။

ရှောင်ပိုင်၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက ယွမ်ယီလန်ကို ကြည့်လိုက်ပြီး လှောင်ပြောင်သော အကြည့်များဖြင့် ပြောလိုက်သည်။

"ဒါ ဂူသခင် ယွမ် မဟုတ်လား....."

"ဘာလို့ ရက်အနည်းငယ်အတွင်းမှာ ဒီလောက်အထိ အခြေအနေ ပျက်သွားရတာလဲ.........."

"မင်းက..."

ယွမ်ယီလန်သည် ရုတ်တရက် ပေါ်လာသော ရှောင်ပိုင်ကို အံ့သြတကြီး ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "မင်းက ကိုးမြီးနတ်မြေခွေး မဟုတ်လား.........." ဟု ပြောလိုက်၏။

စကားအဆုံးတွင်...

သူသည် ဂျိချန်းဖန်ထံသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် "ဒါ တကယ်ပဲ မင်းပဲ..... လွန်ခဲ့တဲ့ သုံးလက ငါ့ရဲ့ ဖန်ရှန်းဂူကို ကျူးကျော်ခဲ့တာ မင်းပဲ.........." ဟု အတည်ပြုပြောဆိုလိုက်တော့သည်။

ဂျိချန်းဖန်က အေးစက်စွာ ပြောလိုက်သည်။ "ဂူသခင် ယွမ်... အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို မပြောပါနဲ့။ လွန်ခဲ့တဲ့ သုံးလက ကျွန်တော်က ကျင်းယွမ်ဂိုဏ်းမှာ အောင်းအောင်းအောင်းအောင်း ကျင့်ကြံနေတာပါ၊ ခင်ဗျားတို့ရဲ့ ဖန်ရှန်းဂူကို သွားဖို့ အချိန်မရှိပါဘူး..."

စကားအဆုံးတွင်... သူသည် သူ၏လက်ထဲမှ ကျူးရှန်းဓားကို သုတ်သင်ရန် လက်ကို မြှောက်လိုက်ပြီး "ကျွန်တော်က ကျင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ ဂူသခင် ယွမ်က ကျွန်တော့်ကို ဒီလို စွပ်စွဲတာက ကျွန်တော်တို့ ဂိုဏ်းကို စစ်ကြေညာချင်လို့လား....." ဟု ထပ်လောင်းပြောလိုက်၏။

"မင်း..."

ယွမ်ယီလန်သည် အလွန်ပင် မကျေမနပ် ဖြစ်သွားရသည်။

သူ့ရဲ့ ဖန်ရှန်းဂူကို ဖျက်ဆီးခဲ့တဲ့ တရားခံက သူ့ရှေ့တည့်တည့်မှာ ရှိနေတာတောင်မှ... တစ်ဖက်လူကို ဘာမှမလုပ်နိုင်ပေ။

တိုက်မလား..... သူ မနိုင်ပေ။

တရားမျှတမှုအကြောင်း ပြောမလား..... ဟုတ်သားပဲ...

သူ တရားမျှတမှုအကြောင်း ပြောလို့ရသေးတာပဲ.....

ထိုသို့တွေးလိုက်ပြီးနောက်...

ယွမ်ယီလန်သည် ပတ်ဝန်းကျင်ရှိ အထက်လမ်းဂိုဏ်းများမှ ဆရာကြီးများကို ကြည့်လိုက်သည်။ သူသည် မလှမ်းမကမ်းရှိ ရှောင်ပိုင်ကို ညွှန်ပြကာ တရားမျှတစွာဖြင့် ပြောလိုက်၏။

"အားလုံးပဲ... ဒီတစ်ယောက်က လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာက ကျွန်တော့်ရဲ့ ဖန်ရှန်းဂူကို တိုက်ခိုက်ခဲ့တဲ့ ကိုးမြီးနတ်မြေခွေး ပါ။ အားလုံးပဲ ကူညီပေးကြပါဦး..."

"ဒီမိစ္ဆာကို ဖမ်းဆီးပေးကြပါ....."

ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက်...

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် ဂျိချန်းဖန်ထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့သည်။

ဂျိချန်းဖန်သည် ရှောင်ပိုင်၏ ရှေ့သို့ တည်ငြိမ်စွာ လျှောက်သွားပြီး လူတိုင်း၏ အကြည့်မှ သူမကို ကာကွယ်ပေးလိုက်သည်။ ထို့နောက် အေးအေးဆေးဆေး ပြောလိုက်၏။

"ဂူသခင် ယွမ် မှားနေပါပြီ.....”

"ဒါက ကျွန်တော့်ရဲ့ ကျင်းယွမ်ဂိုဏ်းက တောင်စောင့်အကြီးအကဲ ပါ၊ ခင်ဗျားပြောတဲ့ ကိုးမြီးနတ်မြေခွေး မဟုတ်ပါဘူး..."

ကိုးမြီးနတ်မြေခွေးလား.....

မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး.....

ရှောင်ပိုင်က ကိုးမြီးနတ်မြေခွေး ဖြစ်တာတော့ ဟုတ်သည်။

ဒါပေမဲ့ ခင်ဗျားပြောတဲ့ 'မိစ္ဆာ' နဲ့ အတူတူ မဟုတ်ဘူးလေ.....

မိတ်ဆွေ တာအိုဆရာတို့ကော... မထင်ကြဘူးလား.....

ဂျိချန်းဖန်သည် ပတ်ဝန်းကျင်ရှိ အထက်လမ်းဂိုဏ်းများမှ ဆရာကြီးများကို ကြည့်လိုက်သည်။

"အောမိတော်ဖော..."

ထျန်းယင်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ပူဟုန်သည် ရှေ့သို့ တိုးလာသည်။

သူသည် လက်ဝါးနှစ်ဖက်ကို စိလိုက်ပြီး တရားစာကို ရွတ်ဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ရှောင်ပိုင်ကို မော့ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။

"ဒကာ ယွမ်... ခင်ဗျား မှားသွားတာ ဖြစ်ရမယ်.....”

"ဒီမိတ်ဆွေရဲ့ ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ စွမ်းအင်တွေ စီးဆင်းနေပြီး သတ်ဖြတ်လိုစိတ်တွေလည်း မရှိတာကို ကျွန်တော် မြင်နေရသည်။ သူမက မိတ်ဆွေပြောတဲ့ မိစ္ဆာ မဟုတ်နိုင်ပါဘူး..."

ဤစကား ထွက်လာသည်နှင့်... ပတ်ဝန်းကျင်ရှိ အထက်လမ်းဂိုဏ်းများမှ ဆရာကြီးများအားလုံး ခေါင်းငြိမ့်လိုက်ကြတော့သည်။

"ဟုတ်တယ်၊ ဟုတ်တယ်....."

ဆိုရိုးစကားအတိုင်း ပညာရှိဆိုတာ အခြေအနေကို ကြည့်တတ်ရသည်။ ဂူသခင် ယွမ်...

ခင်ဗျားကတော့ အပေါ်ယံတွေကို အရမ်းစွဲလန်းနေတာပဲ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွမ်ယီလန်၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။

သူ လှည့်ကြည့်လိုက်သည်။

ရှောင်ပိုင်သည် ဂျိချန်းဖန်၏ ဘေးတွင် ကျော့ရှင်းစွာ ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။

သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက သူမရှေ့ရှိ ဂိုဏ်းချုပ် ငယ်လေးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများထဲတွင်လည်း အဆုံးစမဲ့သော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်...။

All Chapters