← Chapters

ငါက ဗီလိန်ပဲ

Vol. 47 Ch. 492

ငါက ဗီလိန်ပဲ

Vol. 47 Ch. 492

ငါးရက်တာ အချိန် မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဒီနေ့က ရှန်းယွမ်ပင်လယ်ကိုသွားပြီး ကံကောင်းခြင်း စမ်းသပ်ပွဲ ဆင်နွှဲရမယ့်နေ့ ဖြစ်သည်။

နေဝန်းနီ စတင်ထွက်ပြူလာချိန်မှာပဲ ထန်ထျန်းက အဝတ်အစားတွေကို သေသပ်အောင် ပြင်ဆင်ပြီး အုတ်နီခြံဝင်းကြီးကနေ ထွက်ခွာကာ ထျန်းချီတောင်ထိပ်ဆီကို ဦးတည်လိုက်သည်။

ဝမ့်ရှန်း စင်မြင့်က ရှန်းယွမ်ပင်လယ်ထဲကို ဝင်ရောက်မယ့် မြင့်မြတ် သားတော်လောင်းလျာ အားလုံး စုဝေးရမယ့် နေရာဖြစ်သည်။

လော့ရှီး ပြောစကား အရ ထန်ထျန်းတို့ ရှန်လင်သန့်စင်မှု ပြုလုပ်စဉ်တုန်းက အကြီးအကဲတွေနဲ့ ထိပ်တန်း မြင့်မြတ် သားတော်လောင်းလျာတွေဟာ ဒီနေရာကနေပြီးတော့ လာ ကြည့်ခဲ့ကြတာ ဖြစ်သည်။

အဲဒီတုန်းက သူဖန်တီးခဲ့တဲ့ လှုပ်ခတ်မှုတွေကြောင့် ဝမ့်ရှန်း စင်မြင့်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

နာရီဝက်ခန့် ကြာပြီးနောက် ထန်ထျန်းက ဝမ့်ရှန်း စင်မြင့်ရှိရာ နေရာကို ရောက်ရှိလာခဲ့သည်။

သူရောက်ရှိသွားတဲ့အချိန်မှာပဲ တပည့်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်က စောစီးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။

ဒါက ထန်ထျန်းအတွက် ထျန်းချီတောင်ထဲကို ရောက်ရှိလာပြီးနောက်ပိုင်း မြင့်မြတ် သားတော်လောင်းလျာတွေ ဒီလောက်အများကြီး တစ်စုတစ်ဝေးတည်း ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။

ဝေ့ဝဲကြည့်လိုက်ရင် လူတိုင်းက အစွမ်းထက်တဲ့ အော်ရာ တွေ ရှိနေကြပြီး အင်မော်တယ်အရှင် အဆင့် ကျင့်ကြံသူတွေကိုလည်း နေရာအနှံ့ တွေ့မြင်နိုင်သည်။

သူတို့က တိမ်တိုက် ထျန်းဖူနန်းတော်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ တပည့်တွေပဲ ဖြစ်သည်။

သူတို့ထဲမှာ အသက် ၂၅ နှစ်အောက် ပါရမီရှင်တွေလည်း အများကြီး ပါဝင်နေသည်။ အကယ်၍ နေလအင်မော်တယ်နန်းတော်ကို သွားရောက်တုန်းက ဒီလူစုကိုသာ ခေါ်သွားခဲ့မယ်ဆိုရင် ချစ်ကြည်ရေး ဖလှယ်ပွဲတောင် လုပ်နေစရာ မလိုတော့ဘဲ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို ထုတ်ပြလိုက်ရုံနဲ့တင် ပြင်ပလောကက ကျင့်ကြံသူတွေက ပါးစပ်အဟောင်းသား ဖြစ်သွားကြမှာ သေချာသည်။

ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ မလိုအပ်ခဲ့ပေ။

နေလအင်မော်တယ်နန်းတော်ကို ဆုံးမဖို့အတွက် သူတို့ မလိုအပ်သလို သူတို့မှာလည်း ထမ်းဆောင်ရမယ့် တခြားသော တာဝန် တွေ ရှိနေကြသည်။

ထန်ထျန်း ရောက်ရှိလာတဲ့အခါမှာတော့ လူတိုင်းရဲ့ အကြည့်တွေက သူ့ဆီကို ရောက်ရှိလာခဲ့သည်။

မတတ်နိုင်ဘူးလေ၊ အခုအချိန်မှာ ထန်ထျန်းရဲ့ နာမည်ကျော်ကြားမှုက ထျန်းဖူနန်းတော်ထဲမှာ အရမ်းကို လွှမ်းမိုးနေတာ ဖြစ်သည်။ ထျန်းရှထုန် ကုန်သွယ်ရေးအသင်းက ကုန်သွယ်ရေးလောကကို အပြီးအပိုင် ဝါးမြိုလိုက်ပြီးနောက်ပိုင်း အထက်တန်းလွှာတွေကနေ အောက်ခြေလူတန်းစားတွေအထိ သူ့နာမည်ကို မကြားဖူးသူ မရှိသလောက်ပင်။

ဒီလို အခြေအနေမျိုးက ထျန်းဖူနန်းတော် သမိုင်းတစ်လျှောက်မှာ အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ကိစ္စမျိုး ဖြစ်သည်။

ဒီ မြင့်မြတ် သားတော်လောင်းလျာတွေက ထျန်းချီတောင်မှာပဲ အမြဲကျင့်ကြံနေကြတာ ဖြစ်ပေမဲ့ ထန်ထျန်းရဲ့ သတင်းတွေကိုတော့ ကြားသိထားကြသည်။

အများစုကတော့ စူးစမ်းလိုတဲ့ အကြည့်တွေနဲ့ ကြည့်ကြသလို အေးစက်စက် အကြည့်တွေ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့ သူတွေလည်း ရှိသည်။

ဒါပေမဲ့ ထန်ထျန်းကို အာရုံအစိုက်မိဆုံးကတော့ ထက်ရှပြီး အငြိုးအတေးတွေနဲ့ ပြည့်နှက်နေတဲ့ အကြည့်အချို့ပင်။

အာရုံခံစားမှုအတိုင်း ထန်ထျန်း လှမ်းကြည့်လိုက်တဲ့အခါ သူတို့ကို ချက်ချင်း မှတ်မိသွားသည်။

ဒါဟာ စစ်နတ်ဘုရားနန်းတော်က မြင့်မြတ် သားတော်လောင်းလျာ နှစ်ယောက်ပင်။

လွန်ခဲ့တဲ့ ရက်ပိုင်းက လော့ရှီးဟာ ဒီ မြင့်မြတ် သားတော်လောင်းလျာတွေရဲ့ အခြေအနေကို သူ့အား အကြမ်းဖျင်း ပြောပြထားခဲ့သည်။

စစ်နတ်ဘုရားနန်းတော်ကနေ မြင့်မြတ် သားတော် စမ်းသပ်ပွဲကို နှစ်ယောက်ပဲ ဝင်ပြိုင်ကြတာ ဖြစ်ပြီး အဲဒီနှစ်ယောက်က သူတို့ရဲ့ အစွမ်းအထက်ဆုံး လူငယ်တွေ ဖြစ်ကာ အခုဆိုရင် အင်မော်တယ်အရှင် အဆင့်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။

အစွမ်းအထက်ဆုံး တစ်ယောက်ကတော့ အင်မော်တယ်အရှင် အလယ်အလတ် အဆင့် ကိုတောင် ရောက်နေပြီပင်။

ထန်ထျန်းကို အငြိုးအတေး အရှိဆုံးကြည့်နေတဲ့သူက သူပဲဖြစ်ပြီး နာမည်က တွမ့်ချင်း တဲ့။

တွမ့်ချင်းက လက်ပိုက်ပြီး ထန်ထျန်း ဝမ့်ရှန်း စင်မြင့်ကို ရောက်လာကတည်းက စိုက်ကြည့်နေတာ ဖြစ်သည်။ အေးစက်လှတဲ့ အငြိုးအတေးတွေက ရုပ်ဝတ္ထုတစ်ခုလို ထန်ထျန်းရဲ့ ကိုယ်ပေါ်ကို ကျရောက်နေသည်။

ဒီလို ဖုံးကွယ်မထားတဲ့ ရန်လိုမှုကို ခံစားမိတဲ့အခါ ထန်ထျန်းရဲ့ အကြည့်တွေက တည်ငြိမ်နေပြီး သူ့ဆီကို တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။

ဟန်ဆောင်ပန်ဆောင် ကိစ္စတွေ လုပ်မနေတော့ပေ ။

လာမှာဆိုရင်လည်း လာလိုက်တော့။

ထန်ထျန်းရဲ့ ဒီလုပ်ရပ်ကြောင့် မြင့်မြတ် သားတော်လောင်းလျာ အားလုံး မှင်တက်သွားကြသည်။

သူတို့က ထျန်းဖူနန်းတော်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေ ဖြစ်ကြတာကြောင့် ထန်ထျန်းနဲ့ စစ်နတ်ဘုရားနန်းတော်ကြားက ပတ်သက်မှုကို သိကြသလို တွမ့်ချင်းက ထန်ထျန်းကို ရှင်းပစ်ဖို့ ကြံစည်နေတာကိုလည်း သိကြသည်။

ဒါပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာ ပုံမှန်အားဖြင့် ကွယ်ရာမှာ တိတ်တဆိတ် လုပ်ကြတာ မဟုတ်ဘူးလား။

ထန်ထျန်းကတော့ ကွယ်ရာက ပဋိပက္ခကို အားလုံးရှေ့မှာ တိုက်ခိုက်မှုအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်တော့မှာလား။

ဒါပေမဲ့ သူက အင်မော်တယ်ဘုရင် အဆင့်ပဲ ရှိသေးတာလေ၊ တွမ့်ချင်းကတော့ အင်မော်တယ်အရှင် အဆင့်ကို ရောက်နေတာ ကြာလှပြီ။

ဒီလို အခြေအနေမျိုးမှာတောင် ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်တာလား။

သူတို့တွေ ထန်ထျန်းရဲ့ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေကြသည်။

တွမ့်ချင်း ကိုယ်တိုင်လည်း အတော်လေး အံ့အားသင့်သွားသည်။

သူ့ရဲ့ မျက်မှောင်ကို ကြုတ်ထားပြီး ထန်ထျန်းက သူ့ရှေ့ကို တစ်လှမ်းချင်း လျှောက်လာတာကို ကြည့်ရင်း ထန်ထျန်း ဘာလုပ်မလဲဆိုတာ သူလည်း ခန့်မှန်းလို့ မရတော့ပေ။

ဒါပေမဲ့ သူ မမျှော်လင့်ထားတဲ့ အချက်ကတော့ ထန်ထျန်းက သူ့ဘေးနားကို ရောက်လာတဲ့အခါ ဘာမှမပြောဘဲ သူ့ဘေးက ကျောက်တုံးကြီးပေါ်ကို ခုန်တက်ပြီး ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ခြင်းပင်။

ပြီးတော့ အလွန် အထင်အမြင်သေးတဲ့ အကြည့်တွေနဲ့ သူ့ကို ရန်စသလို ကြည့်လိုက်သည်။

"မင်း ငါ့ကို လုပ်ချင်နေတာ မဟုတ်လား" လို့ ပြောနေသယောင်ပင်။

"ငါ အခု ဒီမှာ ထိုင်နေပြီ၊ မင်းမှာ အရည်အချင်းရှိရင် လာခဲ့လေ။"

ထန်ထျန်း ကိုယ်တိုင်ကလည်း ဒီလိုပဲ တွေးနေတာ ဖြစ်သည်။

သူက တွမ့်ချင်းရဲ့ ဒေါသကို ဆွပေးပြီး တစ်ခါတည်း ရှင်းပစ်ချင်နေတာ ဖြစ်သည်။

တစ်ခုခုဆို ကွယ်ရာမှာ ကြံစည်နေတာကို ခံနေရတာထက်စာရင် အခုလို ရှင်းပစ်လိုက်တာက ပိုပြီး စိတ်ချမ်းသာဖို့ ကောင်းသည်။

နှမြောစရာကောင်းတာက တွမ့်ချင်းရဲ့ သည်းခံနိုင်စွမ်းက တော်တော်လေး ကောင်းနေခြင်းပင်။ သူ ဒီလောက် သိသိသာသာ ရန်စနေတာတောင် တွမ့်ချင်းရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး ဆဲဖို့ပဲ ကျန်တော့တာကိုတောင် သူက အံကြိတ်ပြီး သည်းခံနေခဲ့သည်။

ထန်ထျန်းက သက်ပြင်းအသာချလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ "တစ်ခါတုန်းက 'ထျန်း' ဆိုတဲ့ မျိုးရိုးနာမည်ရှိတဲ့သူ တစ်ယောက် ပြောဖူးတာ ရှိတယ်။"

"သူ့ဆီက လူတွေဟာ စစ်မြေပြင်မှာ အသေခံရင် ခံမယ်၊ ဘယ်တော့မှ အရှက် ကွဲ မခံဘူးတဲ့။"

"သူကတော့ တကယ် လုပ်ပြနိုင်ခဲ့ပါတယ်။"

"ဒါပေမဲ့ သူက သူ့ဆီကလူတွေကို မှားကြည့်ခဲ့ပုံရတယ်၊ ငါ့အမြင်မှာတော့ အဲဒီမှာ သတ္တိရှိတာဆိုလို့ သူတစ်ယောက်ပဲ ရှိပြီး ကျန်တဲ့သူတွေကတော့ အရှက်မရှိ သည်းခံနေရတဲ့ သူရဲဘောကြောင်တဲ့ အကောင်တွေပဲ။"

ဒီစကားကတော့ ဗြောင်ကျကျ ရန်စစော်ကားလိုက်တာဖြစ်ပြီး တွမ့်ချင်းရဲ့ ခေါင်းပေါ်ကို တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။

မင်းက ငါ့ကို လုပ်ဖို့ ဗြောင်ကျကျ ပြနေမှတော့ ငါက ဘာလို့ အားနာနေရမှာလဲ။

မင်းက လက်မပါချင်ဘူးဆိုရင် ငါက အတင်း လက်ပါအောင် လုပ်မှာပဲ။

ရန်ငြိုးရှိရင် ဒီနေရာမှာတင် ချက်ချင်း ရှင်းမယ်ဆိုတဲ့ ပုံစံမျိုးပင်။

ထန်ထျန်းရဲ့ ဒီစကားတွေက တွမ့်ချင်းရဲ့ နှလုံးသားထဲက အနက်ရှိုင်းဆုံးနေရာကို ထိုးနှက်လိုက်သလို ဖြစ်သွားသည်။

စစ်နတ်ဘုရားနန်းတော် ဆိုတာ သူ့ရဲ့ ဂုဏ်ယူမှု ဖြစ်သည်။ သစ္စာဖောက်မှုကြောင့် အဖျက်ဆီးခံလိုက်ရပေမဲ့ စစ်နတ်ဘုရားနန်းတော်ရဲ့ မယိုင်လဲ တဲ့ စိတ်ဓာတ်က သူတို့တစ်ဘဝလုံး စောင့်ထိန်းလာခဲ့တဲ့ အရာဖြစ်သည်။

ထန်ထျန်းက သူတို့ရဲ့ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာကို ခြေထောက်နဲ့ နင်းခြေရုံတင်မကဘဲ တံတွေးနဲ့ပါ ထွေးလိုက်သလို ဖြစ်သွားသည်။

ဒါကို သူတို့ ဘယ်လို သည်းခံနိုင်တော့မှာလဲ။

"ထန်ထျန်း..."

တွမ့်ချင်းက အံကြိတ်လိုက်ပြီး အံကြိတ်သံကြီးနဲ့ ပြောလိုက်သည်။

"မင်း သေချင်နေတာပဲ"

"အခု မင်း နာမည်ကြီးနေရုံနဲ့ ဒီလောက်အထိ လူတောမတိုးတဲ့ပုံစံ မဖမ်းနဲ့"

"ဒီနေရာက ထျန်းချီတောင်ပဲ၊ အပြင်လောက မဟုတ်ဘူး၊ မင်းကို ကာကွယ်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး"

"သိပ်ပြီး ရောင့်တက်နေရင်တော့ သွေးနဲ့ရင်းပြီး ပေးဆပ်ရလိမ့်မယ်"

တွမ့်ချင်းရဲ့ မျက်လုံးထဲကနေ အဆုံးမဲ့တဲ့ အငြိုးအတေးတွေ ထွက်ပေါ်လာသည်။

အင်မော်တယ်အရှင် အလယ်အလတ် အဆင့်ရဲ့ အော်ရာ တွေကလည်း ချက်ချင်း ပေါက်ကွဲထွက်လာပြီး ထန်ထျန်းဆီကို ဖိနှိပ်လိုက်သည်။

ပြင်းထန်လှတဲ့ တိုက်ခိုက်လိုစိတ်တွေက ဝမ့်ရှန်း စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဒါကတော့ တကယ် တိုက်တော့မယ့် ပုံစံပဲ။

ဒါပေမဲ့ ထန်ထျန်းကတော့ အပြုံးလေးတစ်ခု ဖန်တီးလိုက်သည်။ သူ့ရဲ့ ရည်ရွယ်ချက် အောင်မြင်သွားပြီ။

သူက အကြောင်းပြချက် မရှိဘဲ တွမ့်ချင်းကို ရှင်းပစ်လို့ မရဘူးလေ၊ ဒါပေမဲ့ နှစ်ယောက်ကြားမှာ တကယ့် ပဋိပက္ခ ဖြစ်ပွားသွားပြီဆိုရင်တော့ ပြောစရာ အကြောင်းပြချက် အခိုင်အလုံ ရှိသွားပြီပင်။

ဒါကြောင့် သူက တွမ့်ချင်း ဒေါသထွက်အောင် စကားလုံးတွေနဲ့ ဆွခဲ့တာ ဖြစ်သည်။

ဘယ်သူက ပြောလဲ၊ လူကောင်းဆိုတာ အမြဲတမ်း ရိုက်ရင်ခံ စိတ်နဲ့ပဲ နေရမယ်လို့။

ထန်ထျန်းကတော့ အဲဒီလို မနေနိုင်ပေ။

အကယ်၍ မင်းက လူကောင်းဆိုတာ အဲဒီလို မလုပ်သင့်ဘူးလို့ အတင်းပြောနေမယ်ဆိုရင်...

ကောင်းပြီလေ၊ ဒီနေ့တော့ ငါက ဗီလိန်ပဲ လုပ်လိုက်တော့မယ်။

တွမ့်ချင်းရဲ့ တောက်လောင်နေတဲ့ တိုက်ခိုက်လိုစိတ်နဲ့ လေးလံလှတဲ့ အင်မော်တယ်အရှင် အော်ရာ တွေကို ခံစားရင်း ထန်ထျန်းက မျက်ခုံးပင့်လိုက်ပြီး တိုက်ပွဲကို တရားဝင် စတင်ဖို့အတွက် နောက်ထပ် ဆဲစရာ စကားလုံးတွေကို ပြောဖို့ ပြင်လိုက်သည်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ အသံတစ်ခုက တခြားတစ်ဖက်ကနေ ထွက်ပေါ်လာခဲ့သည်။

"ဟားဟား၊ မင်းကတောင် သခင်လေးထန် အခု နာမည်ကြီးနေတာကို သိတာပဲ။"

"ဒါဆိုရင် မင်းက ဘာဖြစ်လို့ သူ့ရှေ့မှာ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲနေတာလဲ။"

ထန်ထျန်း ခဏမျှ မှင်တက်သွားပြီး လှမ်းကြည့်လိုက်သည်။

မြင့်မြတ် သားတော်လောင်းလျာ အုပ်စုကြီးတစ်ခုက အစွမ်းထက်တဲ့ လူရိပ်အချို့ရဲ့ ဦးဆောင်မှုနဲ့ ထန်ထျန်းရဲ့ အနောက် ဘက်ကို ရောက်ရှိလာပြီး တွမ့်ချင်းနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။

All Chapters