← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း(၇၀)

“ ဝိုး… ဘယ်လောက်ကြီးမားလိုက်တဲ့ တောင်တန်းဒေသလဲ… အဲ့ဒါက ကျားရဲတောင်တန်းဒေသထက် အဆပေါင်းအများကြီး ပိုကြီးမားတယ် ”

ဝံပုလွေဘုရင်ပိုင်ယွဲ့သည် ခေါင်းမော့လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။ သူက သူ့အရှေ့မှ ဧရာမတောင်တန်းဒေသကို မြင်သွားသောအခါ အံ့ဩသွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“ အဲ့ဒါ တောင်ပိုင်းမြေရိုင်းဒေသပဲ… ကောင်းတယ်… နောက်ဆုံးတော့ ဒီနေရာကို ငါတို့ရောက်လာကြပြီ ”

ပိုင်စုစုသည်လည်း မျက်လုံးပြူးသွားပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။

“ ဟူး ”

စက်ကရာသည် တောင်တန်းဒေသ၏ အစွန်အဖျားမှာ ရပ်လိုက်ပြီး သူ့အရှေ့မှ တောအုပ်ကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုသို့ရှူသွင်းလိုက်သည့်အခါ ဤတောင်တန်းဒေသက တခြားတောအုပ်များနှင့် လုံးဝ ကွဲပြားခြားနားကြောင်း ရှင်းလင်းစွာ သူခံစားမိသွားသည်။ ကျားရဲတောင်တန်းဒေသထဲမှာ သူနေထိုင်ခဲ့စဉ်က ထိုနေရာမှ လေသည် သူ၏ အတိတ်ဘဝမှ လေထက် အဆပေါင်းများစွာ ပိုပြီးသန့်ရှင်းလတ်ဆတ်သည်ဟု သူခံစားမိခဲ့သည်။ ထိုနေရာမှာ အသက်ရှူခြင်းက သူ့ကို ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိစေသည်။

သို့သော်လည်း ဤနေရာမှ လေသည် သက်တောင့်သက်သာရှိစေရုံမျှသာ မဟုတ်ပေ။ လေကို သူရှူသွင်းလိုက်သည့်အခါ ဝိညာဉ်စွမ်းအင်အမျှင်တန်းတချို့က သူ၏ နှာခေါင်းမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထိုဝိညာဉ်စွမ်းအားသည် ပမာဏမများပြားသော်လည်း ဘာမှမရှိခြင်းထက် အများကြီး သာသည်။

“ မထူးဆန်းတော့ပါဘူး… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဘာလို့ ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေ အများကြီး ရှိနေတာလဲ နောက်ဆုံးတော့ ငါနားလည်သွားပြီ ”

ဤနေရာမှ လေမှတဆင့် သီရှီထျန်သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မည်သို့ကြောင့် ဝိညာဉ်သားရဲအများကြီး စုဝေးရှိနေကြကြောင်း နောက်ဆုံးမှာ ခန့်မှန်းနိုင်သွားသည်။ တခြားအရာကိုမဆိုထားနှင့် ဤနေရာမှ လေသည်ပင် ယင်းကို အဖြေပေးနိုင်သည်။ လေကို သူရှူသွင်းလိုက်သည်နှင့် ဝိညာဉ်စွမ်းအင်အမျှင်တန်းတချို့က လေနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်။ ထို့နောက် ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်နှင့် သဘာဝအလျောက် ပေါင်းစပ်သွားလိမ့်မည်။

ထို့ကြောင့် သာမန်တိရိစ္ဆာန်တစ်ကောင်က ဤတောအုပ်ထဲမှာ နှစ်အတန်ကြာ နေထိုင်မည်ဆိုလျှင် ၎င်းက လေကို နေ့စဉ် ရှူသွင်းရုံဖြင့် ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ထဲမှာ စုဆောင်းနိုင်လိမ့်မည်။ ၎င်းက နှစ်ပေါင်းများစွာကြာ အသက်ရှင်သန်နိုင်မည်ဆိုလျှင် အနာဂတ်မှာ သဘာဝအလျောက် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးသွားပြီး ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာလိမ့်မည်။ သူတို့သည် မည်မျှတုံးအပါစေ အပြင်ဘက်မှ တိရိစ္ဆာန်များထက် အများကြီး ပိုသန်မာကြသည်။

ထို့ကြောင့် တောင်ပိုင်းမြေရိုင်းဒေသသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းခံထားရသော နေရာဖြစ်သည်။

“ ကောင်းတယ်… အရမ်းကောင်းတယ်… ဒီလိုပတ်ဝန်းကျင်မှာ ကျင့်ကြံမယ်ဆိုရင် သေချာပေါက် နှစ်ဆပိုမြန်လိမ့်မယ်… မကြာခင် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီး မိစ္ဆာသားရဲတစ်ကောင် ငါဖြစ်လာနိုင်လိမ့်မယ်… အဲ့ဒီနေ့ရက်က သိပ်မဝေးတော့ပါဘူး ”

သီရှီထျန်၏ ကျားမျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။ ဤနေရာကို ယခင်ကျားရဲတောင်တန်းဒေသနှင့် နှိုင်းယှဉ်လျှင် ယင်းတို့ကြားမှ ကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားလှသည်။

ကျင့်ကြံခြင်းတွင် အရင်းအမြစ်များ၊ အပေါင်းအဖော်များ၊ တည်နေရာနှင့် အစီအရင်များသည် မရှိမဖြစ်လိုအပ်သော အရာများ ဖြစ်ကြသည်။ သာလွန်ထူးခြားသော တည်နေရာများသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည်။

“ ကျီး ”

ဦးခေါင်းထိပ်ပေါ်၌ ရွှေရောင်ငှက်မွှေးများ စုဝေးနေသော ဧရာမလင်းတတစ်ကောင်သည် ကောင်းကင်ယံမှာ လှည့်ပတ်ပျံသန်းနေရင်း ကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ သူက လေထဲမှာ အကြိမ်ရေအနည်းငယ် လှည့်ပတ်ပျံသန်းနေသည်။ မကြာမီ သူက တောင်တန်းဒေသ၏ အပြင်ဘက်မှ သီရှီထျန်တို့အုပ်စုကို မြင်တွေ့သွားသည်။ သူက မျက်လုံးဝင်းလက်သွားပြီး အောက်သို့ ချက်ချင်း ထိုးဆင်းသွားသည်။

“ အရှင်မင်းကြီး… ဒီငယ်သားက ချိုင့်ဝှမ်းကို ရှာတွေ့ပါပြီ ”

ယခု ရောက်ရှိလာသူသည် ယင်းခုန်းမှလွဲ၍ တခြားလူမဟုတ်ပေ။ သူက မြေပြင်ပေါ်မှာ ဆင်းသက်ပြီးသည်နှင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ ကောင်းတယ် ”

ယင်းကို သီရှီထျန်ကြားသောအခါ သူက ဝမ်းသာပျော်ရွှင်သွားသည်။ သူက ယင်းခုန်းကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ယင်းခုန်း… မင်းဒီတစ်ခေါက် ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုလုပ်ခဲ့တာပဲ… အဲ့ဒါကို ငါမှတ်ထားမယ်… နောင်ကျရင် ငါမင်းကို ဆုလာဘ်ချီးမြှင့်မယ်… ချိုင့်ဝှမ်းက ဘယ်နေရာမှာလဲ… မြန်မြန် အရှေ့ကနေ လမ်းပြပါ ”

သူတို့အုပ်စု၏ သားရဲအရေအတွက်သည် မနည်းပါးပေ။ သိန်းချီသော သားရဲတိရိစ္ဆာန်များက တောင်တန်းဒေသ၏ အပြင်ဘက်မှာ စုဝေးနေကြသည်။ အချိန်က တစ်ခဏမျှသာ ကြာမြင့်မည်ဆိုလျှင် ပြဿနာမရှိပေ။ သို့သော်လည်း အချိန်က အလွန်ကြာညောင်းမည်ဆိုလျှင် အာရုံစိုက်မှုခံရလိမ့်မည်။

တောင်တန်းဒေသထဲသို့ ဝင်ရောက်ခြင်းသည် အလျင်စလို ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်။

" အဲ့ဒါက… အရှင်မင်းကြီး… ဒီငယ်သားက အရှေ့ကနေ လမ်းမပြပေးနိုင်ပါဘူး… ဘာလို့လဲဆိုတော့ တောင်တန်းဒေသရဲ့ အပေါ်မှာ အရမ်းထူထဲတဲ့ မြူခိုးထု ရှိနေပါတယ်… တောင်တန်းထဲ ဝင်သွားတဲ့အခါ အရှင်မင်းကြီးက ကျုပ်တို့ကို မြင်နိုင်မှာ မဟုတ်ပါဘူး ”

ယင်းခုန်းက တုံ့ဆိုင်းစွာ ပြောသည်။

တောင်တန်းဒေသ၏ အပေါ်တွင် အလွန်ထူထဲသော မြူခိုးထုက တစ်နှစ်ပတ်လုံးရှိနေသည်။ ဝေဟင်ပေါ်မှ သက်ရှိများသည် မြေပြင်ကို မမြင်နိုင်ကြချေ။ ယင်းက အပြင်ဘက်မှ လူများက တောင်တန်းဒေသ၏ အတွင်းပိုင်းကို မမြင်နိုင်ခြင်းနှင့် တူညီသည်။ ယင်းခုန်းနှင့် သူ၏ အုပ်စုက ဝေဟင်ပေါ်မှာ ပျံသန်းနိုင်ကြသည်။ အကယ်၍ သီရှီထျန်က သူတို့၏ ပုံရိပ်ကို မမြင်နိုင်လျှင် ဦးတည်ရာအတိအကျကို မည်သို့ပြောနိုင်မည်နည်း။

“ အမ် ”

ယင်းကို သီရှီထျန်ကြားသောအခါ အတွေးနက်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယင်းက သေးငယ်သော ပြဿနာမဟုတ်ပေ။ သို့သော်လည်း သူက သာမန်တိရိစ္ဆာန်မဟုတ်ပေ။ သူ့မှာ လူသားတစ်ယောက်၏ အသိဉာဏ်နှင့် ယခင်ဘဝမှ အတွေ့အကြုံများရှိသည်။ အချိန်သိပ်မကြာခင်မှာတင် ဖြေရှင်းနည်းတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ယင်းခုန်းကို ကြည့်လိုက်သည်။

“ အဲ့ဒါလွယ်ပါတယ်… မင်းတို့အုပ်စုက မြေပြင်ပေါ်ကနေ ကောင်းကင်အထိ အရင်ပျံသန်းသွားကြပါ… ပြီးသွားရင် ဒီနေရာကနေ ချိုင့်ဝှမ်းအထိ လေထဲမှာ တန်းစီလိုက်ကြပါ… ပြီးသွားရင် အဲ့ဒီပုံစံအတိုင်း မြေကြီးပေါ်ကို ဆင်းသက်လိုက်ကြပါ… ငါတို့က အဲ့ဒါကို လမ်းညွှန်မှုအဖြစ် အသုံးပြုမယ်… ဦးတည်ရာတစ်ခုရောက်တိုင်းမှာ လင်းတတစ်ကောင်က အချက်ပြသင်္ကေတအနေနဲ့ ရှိနေရမယ်… ဒီနည်းနဲ့ ငါတို့တွေ ချိုင့်ဝှမ်းဆီ ဦးတည်သွားနိုင်လိမ့်မယ် ”

သီရှီထျန်၏ နည်းလမ်းသည် ပင်လယ်ထဲတွင် အသုံးပြုလေ့ရှိသော ရေကြောင်းပြနည်းလမ်း ဖြစ်သည်။ သူက လင်းတအုပ်စုကို မျဉ်းကြောင်းတစ်ခုသဖွယ် တန်းစီစေမည်။ သူတို့အုပ်စုက လင်းတအုပ်စု၏ လမ်းညွှန်မှုအောက်သို့ လိုက်သွားကြမည်။ တစ်နည်းဆိုရသော် လင်းတများက သက်ရှိလမ်းညွှန်ကိရိယာ ဖြစ်လာလိမ့်မည်။

ယင်းကို ယင်းခုန်းကြားသောအခါ သူက ချက်ချင်း မျက်လုံးဝင်းလက်သွားသည်။ သူက ပိုပြီးနားထောင်လေ ပိုပြီးစိတ်လှုပ်ရှားလေပင်။

“ အရှင်မင်းကြီး… ဒီငယ်သား နားလည်ပါပြီ… အားလုံးကို အခုပဲ ကျုပ်စီစဉ်လိုက်ပါမယ် ”

လင်းတဘုရင်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး လင်းတအုပ်စုကို စုစည်းလိုက်သည်။ သူတို့က တောင်တန်းဒေသထဲသို့ ပျံသန်းသွားကြပြီး မျဉ်းဖြောင့်တစ်ခုပမာ တန်းစီရပ်လိုက်ကြသည်။ ထို့နောက် သူတို့က ချိုင့်ဝှမ်းဆီသို့ ရောက်သည်အထိ တန်းစီလိုက်ကြသည်။

ထို့နောက် သူတို့အားလုံးက မြေကြီးပေါ်သို့ တစ်ပြိုင်နက် ဆင်းသက်သွားကြသည်။ သူတို့က ထူထဲသော မြူခိုးထုကို ဖြတ်သန်း၍ တောင်တန်းဒေသပေါ်သို့ ကျဆင်းသွားကြသည်။

“ သွားမယ်… သွားကြစို့… ”

သီရှီထျန်သည် အရှေ့မှ ဦးဆောင်၍ တောင်တန်းဒေသထဲသို့ အရင်ဆုံး ဝင်ရောက်သွားသည်။ ဤနေရာ၌ ဝိညာဉ်စွမ်းအားက အလွန်ကြွယ်ဝလေရာ ဤနေရာမှ သစ်ပင်ပန်းပင်များသည် အလွန်လှပကြသည်။ ထို့ပြင် ရှေးဟောင်းသစ်ပင်များသည်လည်း အလွန်ထူထဲတုတ်ခိုင်ကြသည်။ ယင်းတို့က ကောင်းကင်နှင့် ထိစပ်လုနီးပါး မြင့်မားကြပြီး ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ဤနေရာမှ သက်ရှိအားလုံးဆီမှာ အစွမ်းထက်သော အသက်ဓာတ်က ကိန်းအောင်းနေသည်။

“ ကျီး ”

တောင်တန်းထဲသို့ ဝင်ရောက်ပြီးလျှင် သီရှီထျန်သည် သူ၏ စူးရှသော ကျားမျက်လုံးဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ အရွယ်အစားကြီးမားသော လင်းတတစ်ကောင်က သူနှင့် မနီးမဝေးမှ သစ်ပင်ကြီးတစ်ပင်နားမှာ ရပ်နေကြောင်း မြင်သွားသည်။ လင်းတသည် သီရှီထျန်ကို မြင်သွားသောအခါ ကျယ်လောင်စွာ အော်လိုက်ပြီး အရှေ့သို့ လမ်းညွှန်ပေးသည်။ ထို့နောက် သူက ကောင်းကင်ပေါ်သို့ နောက်တစ်ကြိမ် ပျံတတ်သွားပြီး လမ်းကြောင်းကို ဆက်လက် ဦးဆောင်ပေးသည်။

“ အားလုံးပဲ ငါ့အနောက်ကနေ လိုက်ကြမယ် ”

တောင်တန်းထဲသို့ ဝင်ရောက်သွားသည်နှင့် သားရဲအုပ်စုသည် ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များ၏ ဦးဆောင်မှုအောက်မှာ ညီညီညာညာ အရှေ့သို့ ချီတတ်သွားကြသည်။ သူတို့အုပ်စု၏ အရှေ့မှ မိုင်တစ်ရာအကွာအဝေးတိုင်းမှာ လင်းတတစ်ကောင်က ရပ်နေပြီး ကျယ်လောင်စွာ အော်နေလျက် အချက်ပေးနေသည်။ ထို့နောက် သူတို့က တာဝန်ပြီးမြောက်သွားလျှင် ကောင်းကင်ပေါ်သို့ နောက်တစ်ကြိမ် ပျံသန်းသွားကြလိမ့်မည်။

“ ဘယ်လောက်များလိုက်တဲ့ ဝိညာဉ်စွမ်းအားလဲ ”

သီရှီထျန်သည် လင်းတအုပ်စု၏ လမ်းညွှန်မှုအနောက်မှ လိုက်သွားနေရင်း တောင်တန်းဒေသထဲမှ လေကို ရှူသွင်းလိုက်သည်။ လေထဲမှာ ပမာဏများပြားသော ဝိညာဉ်စွမ်းအားက ကိန်းအောင်းနေကြောင်း သူခံစားမိသည်။ ယင်းသည် တောင်တန်းအပြင်ဘက်မှာ သူရှူသွင်းခဲ့သော ပမာဏထက် ပိုများပြားသည်။ သူက အသက်ရှူသွင်းနေရင်း မိစ္ဆာစွမ်းအားကို သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ ရွေ့လျားစီးဆင်းစေသည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ အသစ်ဝင်ရောက်လာသော ဝိညာဉ်စွမ်းအားကို သန့်စင်လိုက်သည်။

ထိုဝိညာဉ်စွမ်းအားက ပမာဏ မများသော်လည်း ခြင်သည် မည်မျှသေးငယ်ပါစေ အသားဖြစ်နေဆဲ မဟုတ်ပါလော။

သို့သော်လည်း သီရှီထျန်က သတိမပေါ့လျော့နေပေ။ တောင်တန်းဒေသထဲသို့ သူတို့ဝင်ရောက်သွားသည့်အချိန်မှစ၍ တစ်စုံတစ်ခုက သူတို့ကို စောင့်ကြည့်နေသည်ဟု ရေးတေးတေး သူခံစားမိသည်။ ဤသည်မှာ သားရဲတိရိစ္ဆာန်တချို့က သူတို့ကို စောင့်ကြည့်နေသည့်အလားပင်။

သူက မိစ္ဆာအာရုံကို ဖြန့်ကြက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း ထူးဆန်းစွာပင် မည်သည့်အရာကိုမှ သူရှာမတွေ့ပေ။ အနီးအနားမှာ သက်ရှိတချို့ ရှိကြသည်။ သို့သော်လည်း သူတို့က သာမန်ကျေးငှက်များနှင့် သာမန်တိရိစ္ဆာန်များသာ ဖြစ်ကြသည်။ သူတို့က တောအုပ်အပြင်ဘက်မှ ကျေးငှက်များနှင့် တိရိစ္ဆာန်များထက် ပိုပြီးသန်မာကြသော်လည်း သူတို့ဆီမှာ ဝိညာဉ်အသိဉာဏ် မရှိကြပေ။ ထို့ပြင် သူတို့ဆီမှာ ရန်လိုသော အရိပ်အယောင်မရှိကြပေ။

အဘယ့်ကြောင့်ဆိုသော် သီရှီထျန်သည် တောအုပ်ထဲသို့ စတင်ဝင်ရောက်သွားသည်နှင့်ချက်ချင်း မည်သည့်အန္တရာယ်မှ မဖြစ်ရလေအောင် သူ၏ သားရဲဘုရင်အရှိန်အဝါကို တမင်ထုတ်လွှတ်ခဲ့သည်။

ထို့ကြောင့် သာမန်ကျေးငှက်များနှင့် သာမန်တိရိစ္ဆာန်များသည် သူတို့အနားသို့ မချဉ်းကပ်ဝံ့ကြချေ။ သူတို့သည် သားရဲဘုရင်အရှိန်အဝါကို အာရုံခံမိသည်နှင့် အဝေးသို့ ချက်ချင်း ထွက်ပြေးကြလိမ့်မည်။

“ တစ်စုံတစ်ယောက်က ငါ့ကို စောင့်ကြည့်နေတယ်လို့ ဘာလို့ ငါခံစားမိနေတာလဲ… ပြီးတော့ အဲ့ဒါက ငါ့အနီးနားမှာပဲ ဖြစ်ရမယ်… ပုံမှန်ဆိုရင် ငါ့မိစ္ဆာအာရုံကို ဖြန့်ကြက်လိုက်တာနဲ့ အဲဒါကို ငါရှာတွေ့လိမ့်မယ်… ဒါပေမဲ့ အခု ဘာမှငါရှာမတွေ့ဘူး… တစ်ခုခုလွဲမှားနေတာလား… ဒါမှမဟုတ် ငါပဲ အထင်မှားနေတာလား ”

သူက မိစ္ဆာအာရုံကို အသုံးပြု၍ ဘေးပတ်ဝန်းကျင်ကို အကြိမ်ကြိမ် စစ်ဆေးကြည့်ခဲ့သည်။ သို့သော်လည်း မူမမှန်သော မည်သည့်အရာကိုမှ သူရှာမတွေ့ပေ။ သို့သော်လည်း သူက စောင့်ကြည့်ခံနေရသည်ဟု သေချာခံစားနေမိသည်။

ထိုအကြည့်သည် သူနှင့် သိပ်မဝေးပေ။ ယင်းက သိပ်မထင်ရှားသော်လည်း အမှန်တကယ် တည်ရှိသည်။ ထို့ကြောင့် စိုးရိမ်စိတ်က သီရှီထျန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သူက တောင်တန်းဒေသထဲမှ အင်အားတစ်စုံတစ်ခု၏ စောင့်ကြည့်ခံနေရခြင်းဖြစ်မည်ဟု သီရှီထျန် တွေးလိုက်သည်။

ယင်းက အံ့ဩစရာမဟုတ်ပေ။ တောင်ပိုင်းမြေရိုင်းဒေသသည် အလွန်ထူးဆန်းသည်။ တောင်တန်းဒေသထဲမှာ မည်သည့်အရာများ တည်ရှိနေ‌ကြောင်း မည်သူမှ အတိအကျ မသိကြပေ။

အခန်း(၇၁)

သေချာဂရုတစိုက် စစ်ဆေးကြည့်ပြီးသော်လည်း မည်သည့်အရာကိုမှ သူရှာမတွေ့ပေ။ ထို့ကြောင့် သီရှီထျန်သည် ထိုခံစားချက်ကို သူ၏ နှလုံးသားထဲမှာသာ မြှုပ်နှံထားလိုက်သည်။ ထို့ပြင် သူက သတိကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ သူက စူးရှတောက်ပသော မျက်လုံးတစ်စုံဖြင့် ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးကြည့်နေသည်။ သူက မတော်တဆမှု ဖြစ်လာမည်ကို စိုးရိမ်နေသည်။

တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ရောက်လာရန် သူ့အတွက် မလွယ်ကူပေ။ အင်မတန် ခက်ခဲလှ၏။ ထို့ကြောင့် သူသည် ဤနေရာသို့ ရောက်လာပြီးနောက် မည်သည့်ပြဿနာနှင့်မှ မတွေ့ကြုံချင်ပေ။

သူက လမ်းလျှောက်နေရင်း တိတ်တဆိတ် သတိထားလိုက်သည်။ လင်းတအုပ်စု၏ လမ်းညွှန်ပေးမှုအောက်မှာ သူက အရှေ့သို့ မြန်မြန်သွက်သွက် လျှောက်သွားသည်။ သူ့အနောက်မှ လိုက်လာကြသော သားရဲများသည်လည်း မည်သည့်ဆူညံသံမှ မပြုလုပ်ကြချေ။ သူတို့ကြားမှာ အချင်းချင်း နားလည်မှုရှိကြသည်။ သူတို့က အရှေ့သို့ မြန်မြန်လျှောက်ရန်သာ အာရုံစိုက်ကြသည်။

သို့သော်လည်း သူ့အနောက်တွင် စောင့်ကြည့်နေသော အကြည့်က ဆက်ရှိနေဆဲပင်။

အမှန်မှာ သီရှီထျန်၏ စိတ်ခံစားမှုက မမှားပေ။ သီရှီထျန်သည် သူ၏ မိစ္ဆာအာရုံကို ဘေးပတ်ဝန်းကျင်နှင့် မြေပြင်ပေါ်မှာ စစ်ဆေးကြည့်ရန်သာ အဓိကအာရုံစိုက်ခဲ့သည်။ သူခံစားမိနေသော အကြည့်က လေထဲမှာ မဟုတ်နေဘဲ မြေကြီးထဲမှာ ဖြစ်နေမည်ဟု မည်သည့်အခါမှ သူစဉ်းစားမိလိမ့်မည် မဟုတ်ချေ။

အကယ်၍ သီရှီထျန်သာ မြေကြီးကို သေချာစစ်ဆေးကြည့်မည်ဆိုလျှင် သားရဲအုပ်စုနှင့် မနီးမဝေးမှာ သေးငယ်သော တွင်းပေါက်တစ်ခုရှိကြောင်း မြင်နိုင်လိမ့်မည်။ သတိထားသော အကြည့်က ထိုတွင်းပေါက်ထဲမှ ထွက်ပေါ်နေပြီး နေရာပြောင်းရွှေ့နေသော သားရဲအုပ်စုကို အမြဲမပြတ် စောင့်ကြည့်နေသည်။

ထို့ကြောင့် သီရှီထျန်သည် သူ၏ အနီးအနားမှာ တစ်စုံတစ်ခုက သူ့ကို စောင့်ကြည့်နေသည်ဟု ခံစားမိခြင်းပင်။ သူ၏ လက်ရှိ ကျင့်ကြံခြင်းက အားနည်းနေသေးသည်။ သူက ပြန်လည်မွေးဖွားလာသူဖြစ်သောကြောင့် သူ၏ မိစ္ဆာအာရုံက တခြားဝိညာဉ်သားရဲများထက် အများကြီး ပိုအစွမ်းထက်သည်။

သို့သော်လည်း သူက မိစ္ဆာတစ်ကောင် မဖြစ်လာသေးပေ။ ထို့ကြောင့် သူ၏ မိစ္ဆာအာရုံမှာ ကန့်သတ်ချက်ရှိနေဆဲပင်။ လက်ရှိ သူအာရုံခံနိုင်သည်မှာ လေထဲမှ အရာဝတ္ထုများနှင့် သူ၏ ဘေးပတ်ဝန်းကျင်သာ ဖြစ်သည်။ မြေအောက်အတွက်တော့ သူ၏ လက်ရှိ မိစ္ဆာအာရုံက မြေကြီးထုထည်ကို မထိုးဖောက်နိုင်သေးပေ။

“ ကျွီ… ကျွီ… ”

မြေအောက်ထဲမှ တွင်းနက်ထဲတွင် သာမန်ကြွက်တစ်ကောင်ထက် နှစ်ဆပိုကြီးမားသော ဧရာမကြွက်တစ်ကောင်ရှိသည်။ ထိုဧရာမကြွက်သည် နေရာပြောင်းရွှေ့နေသော သားရဲအုပ်စုကို သူ၏ သေးငယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူက မြေအောက်ထဲမှာ ပုန်းအောင်းနေခြင်း ဖြစ်သည်။ ထိုနေရာသည် အတော်လေး လျှို့ဝှက်သည်။ သာမန်လူတစ်ယောက်သည် မြေကြီးကို သေချာဂရုတစိုက် မကြည့်လျှင် ထိုနေရာမှာ တွင်းပေါက်တစ်ခုရှိနေကြောင်း မြင်ရလိမ့်မည် မဟုတ်ချေ။

လူတိုင်း သိထားကြသည့်အတိုင်းပင် ကြွက်များသည် အသက်ဓာတ်ပြင်းထန်ပြီး မျိုးပွားနှုန်းများပြားသော မျိုးနွယ်စုဖြစ်သည်။ သူတို့က အလွန်ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်မှာပင် အသက်ရှင်သန်နိုင်ကြသည်။ ထို့ပြင် သူတို့၏ အရေအတွက်က အလွန်များပြားလေရာ ရေတွက်ရန် မဖြစ်နိုင်ပေ။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာပင် ကြွက်မျိုးနွယ်ကို မြင်တွေ့နိုင်ပေသည်။

ဧရာမကြွက်သည် နေရာပြောင်းရွှေ့နေသော သားရဲအုပ်စုကို စောင့်ကြည့်နေရင်း တွင်းပေါက်ထဲသို့ မြန်ဆန်စွာ ခုန်ဝင်သွားသည်။

ဧရာမကြွက်သည် မြန်ဆန်စွာ တွင်းတူးလိုက်သည်။ သူက ချွန်ထက်သော လက်သည်းများကို အမြန်ဝှေ့ယမ်းလိုက်ပြီး တွင်းတူး၍ သီရှီထျန်တို့အုပ်စုအနောက်သို့ လိုက်သွားသည်။ သူ၏ တွင်းတူးသော အမြန်နှုန်းက အံ့ဖွယ်ကောင်းသည်။ မြေကြီးတူး၍ ရွေ့လျားနေသော သူ့အလျင်သည် အပေါ်မှ ရွေ့လျားနေသော သားရဲအုပ်စု၏ အလျင်ထက် လုံးဝ မလျော့ပေ။ သူက သီရှီထျန်တို့အုပ်စုအနောက်မှ နီးကပ်စွာ လိုက်သွားသည်။

တောင်ပိုင်းမြေရိုင်းဒေသသည် အလွန်ကျယ်ပြောသည်။ ထိုနေရာမှာ အပင်အမျိုးမျိုးနှင့် ပန်းပင်အမျိုးမျိုး တည်ရှိကြသည်။ ယင်းတို့က အပြင်ဘက်တွင် မြင်တွေ့ရခဲသော ရှားပါးအမျိုးအစားများ ဖြစ်ကြသည်။ သို့သော်လည်း သီရှီထျန်သည် ယခုအချိန်မှာ ဘေးပတ်ဝန်းကျင်မှ သဘာဝရှုခင်းအလှကို အာရုံခံစားနေရန် စိတ်မဝင်စားပေ။ သူက ပိုင်ယွဲ့နှင့် တခြားလူများကို ခေါ်ဆောင်၍ တောင်တန်းတောအုပ်ထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။

အကယ်၍ ယခုအချိန်မှာ သူက ရပ်တန့်လိုက်ပြီး ခေတ္တအနားယူမည်ဆိုလျှင် မိနစ်အနည်းငယ်အကြာမှာ အန္တရာယ်နှင့် သူတွေ့ဆုံနိုင်သည်။ မည်သို့ဖြစ်ပါစေ ဤပတ်ဝန်းကျင်သည် သူရင်းနှီးသောနေရာ မဟုတ်ပေ။

ယခု သူအမျှော်လင့်ဆုံးအရာက ချိုင့်ဝှမ်းဆီသို့ အမြန်ဆုံး ရောက်ရှိရန် ဖြစ်သည်။

“ ကျီး ”

စူးရှသော လင်းတအော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကောင်းကင်ပေါ်မှ ဆင်းသက်လာသော လင်းတသည် ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။ မြူခိုးထုက အမှောင်ထုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့က နာရီအနည်းငယ်သာ လမ်းလျှောက်ရသေးသော်လည်း နေ့အချိန်မှ ညအချိန်သို့ ကူးပြောင်းသွားပြီ ဖြစ်၏။

“ အရှင်မင်းကြီး… ဒီတစ်ညတော့ ဒီမှာ အနားယူကြရင် မကောင်းဘူးလား… မနက်ဖြန်ကျမှ ကျုပ်တို့ခရီးဆက်ကြမယ် ”

ယင်းခုန်းက အကြံပေးသည်။

“ ဟုတ်ပါတယ် အရှင်မင်းကြီး… ကျုပ်တို့ရဲ့ မျိုးနွယ်ဝင်တွေက အခု အရမ်းပင်ပန်းနေကြပါတယ်… ကျုပ်တို့ အနားမယူရင် သိပ်မကြာခင် ပစ်လဲသွားနိုင်ပါတယ် ”

ပိုင်ယွဲ့သည်လည်း သဘောတူလိုက်သည်။

မြန်ဆန်သော အလျင်ဖြင့် နာရီအနည်းငယ်ကြာအောင် တစ်ဆက်တည်း ပြေးခြင်းသည် ကြီးမားသော ခွန်အားကို ကုန်ဆုံးစေသည်။ အထူးသဖြင့် သာမန်တိရိစ္ဆာန်များသည် ထိုသို့ဆုံးရှုံးမှုကို မတောင့်ခံနိုင်ကြပေ။ အကယ်၍ ဤလဝက်အတွင်းမှာ သူတို့က ပြင်းထန်သော လေ့ကျင့်ပေးမှုကိုသာ မခံခဲ့ရလျှင် ယခုအချိန်မှာ သူတို့အားလုံး ပြိုလဲကျနေလောက်ပြီ ဖြစ်၏။

“ ကောင်းပြီ… ဒီတစ်ည ဒီမှာ အနားယူကြမယ်… ညဘက်ကင်းစောင့်ဖို့ ငါတို့စီစဉ်ရမယ်… ပိုင်ယွဲ့နဲ့ မင်းတို့လေးယောက်က ဒီညမှာ တစ်လှည့်စီ ကင်းစောင့်ကြရမယ်… ဒီည မင်းတို့တွေ လုံးဝ အနားယူလို့ မဖြစ်ဘူး ”

တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း စက်ကရာ ခံစားမိသောအခါ သူ၏ နှလုံးက တင်းကျပ်သွားသည်။ ထိုအကြည့်သည် ကပ်ပါးကောင်နှင့် ဆင်တူသည်။ ယင်းက သူ၏ အနီးအနားမှာ တစ်ချိန်လုံးရှိနေဟန် ရ၏။ ထို့ကြောင့် သူက ဆိုးဝါးသော ခံစားမှုကို ကြိုတင်အာရုံရနေသည်။

သူတို့အုပ်စုက စောင့်ကြည့်ခံနေရသည်။

သို့သော် ပိုပြီးဆိုးဝါးသည့်အချက်မှာ တစ်ဖက်လူ၏ တည်နေရာကို သူမရှာဖွေနိုင်ပေ။

“ ကျွီ… ကျွီ ”

သားရဲအုပ်စုနှင့် မနီးမဝေးတွင် သေးငယ်သော တွင်းပေါက်တစ်ခု ရှိသည်။ ဧရာမကြွက်သည် တွင်းပေါက်ထဲမှာနေ၍ သူ၏ သေးငယ်သော မျက်လုံးဖြင့် အပြင်ဘက်သို့ သတိကြီးစွာထား၍ စောင့်ကြည့်နေသည်။ သီရှီထျန်တို့အုပ်စုက ရပ်တန့်လိုက်ပြီး အနားယူနေကြောင်း သူမြင်သောအခါ ဧရာမကြွက်သည် အမြန်အနောက်လှည့်လိုက်ပြီး တွင်းထဲသို့ ပြန်ဝင်သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က မြေကြီးကို ဖောက်ထွင်းကြည့်နိုင်မည်ဆိုလျှင် သူက ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်ရလိမ့်မည်။ မြေအောက်ထဲတွင် ဝင်္ကပါသဖွယ် ရှုပ်ထွေးနေသော လမ်းကြောင်းအများကြီး ရှိသည်။ လမ်းကြောင်းတစ်ခုစီက မတူညီသော အရပ်ဆီသို့ ဦးတည်နေသည်။ ယင်းက ကမ္ဘာဂြိုလ်ပေါ်မှ ကားလမ်းများသဖွယ် အောက်မေ့ရ၏။ နေရာတိုင်းမှာ လမ်းကြောင်းများ ရှိသည်။ ယင်းက အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ ထိုလမ်းကြောင်းများပေါ်တွင် ဆူဖြိုးသော ဧရာမကြွက်များက သွားလာရွေ့လျားနေကြသည်။ ထို့ပြင် သူတို့၏ ကျောပေါ်မှာ ပစ္စည်းအမျိုးမျိုးကို သယ်ဆောင်ထားကြသည်။ ယင်းတို့က သတ္ထုတုံးများနှင့် လတ်ဆတ်သော အသားအပိုင်းအစများ ဖြစ်ကြသည်။ အကြီးဆုံး လမ်းကြောင်းထဲတွင် ကြွက်များသည် ကလေးငယ်၏ လက်သီးဆုပ်အရွယ်ခန့်ရှိသော အံ့ဖွယ်ကျောက်တုံးများကို တူးဖော်နေကြသည်။

ထိုနေရာက သီးခြားလွတ်လပ်သော မြေအောက်လောကတစ်ခု ဖြစ်ဟန် တူသည်။ တစ်စုံတစ်ယောက်သည် သူ့ကိုယ်ပိုင်မျက်စိဖြင့် မမြင်ရလျှင် ဤနေရာမှာ ထိုသို့ကြွက်တိုင်းပြည် တည်ရှိနေလိမ့်မည်ဟု ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။

ဧရာမကြွက်သည် လမ်းကြောင်းများထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားနေသည်။ သူက လမ်းကြောင်းတစ်ခုပြီးတစ်ခုကို ဖြတ်သန်းသွားသည်။ သိပ်မကြာမီ သူက ရုတ်တရက် မျက်လုံးဝင်းလက်သွားသည်။ ယခု သူရွေ့လျားနေသော လမ်းကြောင်း၏ အဆုံးသတ်တွင် ဧရာမမြေအောက်လှိုဏ်ဂူတစ်ခု ရှိသည်။ လှိုဏ်ဂူသည် အလွန်ကြီးမားလေရာ လူအယောက်တစ်ထောင် ဝင်ဆံ့သည်။

လှိုဏ်ဂူ၏ ဝင်ပေါက်ကို သန်စွမ်းကြံ့ခိုင်သော ကြွက်ကြီးများက စောင့်ကြပ်ပေးနေကြသည်။ လှိုဏ်ဂူ၏ အလယ်ဗဟိုတွင် ထူးဆန်းသော သစ်သားဖြင့် ပြုလုပ်ထားသည့် ပလ္လင်တစ်ခု ရှိသည်။

ပလ္လင်ပေါ်တွင် ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ကဲ့သို့ အရွယ်အစားကြီးမားသော ဧရာမကြွက်တစ်ကောင် ရှိသည်။ ကြွက်၏ ခန္ဓာကိုယ်တစ်ခုလုံးက အညိုရောင်ဖြစ်ပြီး သူ၏ နှုတ်ခမ်းမွှေးများက ရှည်လျားသော သံမဏိအပ်များသဖွယ် ချွန်ထက်၏။

တစ်စုံတစ်ယောက်သည် ထိုကြွက်ကို မြင်သည်နှင့် သေချာပေါက် အံ့ဩထိတ်လန့်သွားလိမ့်မည်။

“ ဘုရင်ကြီး… ဘုရင်ကြီး… ကျွန်တော့်မှာ အရေးတကြီး တင်ပြစရာ သတင်းရှိပါတယ် ”

ဧရာမကြွက်သည် လှိုဏ်ဂူထဲသို့ အမြန်ဝင်လာပြီး ကြွက်ဘုရင်၏ အရှေ့မှာ ဝပ်တွားလိုက်ကာ “ တကျွီကျွီ ”မြည်သံဖြင့် ပြောသည်။

“ ဘာလဲ… အရေးကြီးကိစ္စမရှိရင် ငါအိပ်နေတဲ့အချိန် လာမနှောင့်ယှက်နဲ့လို့ မပြောထားဘူးလား… မင်းက ငါဝါးမျိုတာ ခံချင်နေတာလား ”

ကြွက်ဘုရင်သည် စောစောက နှစ်ချိုက်စွာ အိပ်မောကျနေခဲ့သည်။ ယခု သူနိုးလာပြီး မျက်လုံးဖွင့်လိုက်သည့်အခါ စူးရှတောက်ပသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် အိပ်မောကျနေရာမှ ပြန်နိုးလာပြီးနောက် သူက စိတ်ခံစားချက်မကောင်းနေပေ။

“ ဘုရင်ကြီး… အပြင်လူတွေ တောင်တန်းဒေသထဲ ဝင်ရောက်လာတာကို ကျွန်တော်မြင်တွေ့ခဲ့ပါတယ်… သူတို့အကြောင်းကို ကျွန်တော် စုံစမ်းခဲ့ပါတယ်… သူတို့ထဲက ခေါင်းဆောင်လို့ထင်ရတဲ့ ကျားနက်က ဘုရင်ကြီးလိုပဲ သန်မာပါတယ်… သူ့ရဲ့ လက်အောက်မှာ ဝိညာဉ်သားရဲငါးကောင်ရှိပါတယ်… သူတို့က ကျွန်တော်နဲ့ တန်းတူသန်မာပါတယ် ”

ဧရာမကြွက်သည် ကြွက်ဘုရင်၏ မျက်လုံးထဲမှ စူးရှသော အလင်းကို မြင်သွားသောအခါ ကြောက်လန့်တုန်ယင်သွားပြီး အရိုးအေးစိမ့်မှုကို ခံစားမိသွားသည်။ သူက အပေါ်မှာ သူမြင်တွေ့ခဲ့သော အရာအားလုံးကို ကြွက်ဘုရင်အား မြန်မြန် ပြောပြလိုက်သည်။

“ အပြင်လူတွေက တောင်တန်းဒေသထဲ ဝင်လာတယ်လား… ပြီးတော့ သူတို့ထဲက တစ်ကောင်က ငါ့လိုပဲ သန်မာတယ်လား ”

ယင်းကို ကြွက်ဘုရင်ကြားသောအခါ သူက ချက်ချင်း စိတ်ဝင်စားသွားသည်။ အန္တရာယ်အလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ တစ်ခဏကြာပြီးလျှင် သူက ပြောသည်။

“ ကြွက်စစ်သည်တော်တွေကို ဦးဆောင်ပြီး သူတို့အနောက်ကနေ နီးနီးကပ်ကပ် လိုက်သွားပါ… အဲ့ဒီအပြင်လူတွေက တောင်တန်းဒေသထဲကို အမြန်ဝင်ရောက်လာကြတယ်ဆိုတော့ သူတို့ဆီမှာ သွားရမယ့် ပန်းတိုင်ရှိလိမ့်မယ်… ပန်းတိုင်ကို သူတို့ရောက်သွားတဲ့အခါ စိတ်အေးသွားကြလိမ့်မယ်… အဲ့ဒီအခါ ငါက ကြွက်စစ်တပ်ကို ဦးဆောင်ပြီး သူတို့ကို သတ်ပစ်မယ်… ငါ့လို သန်မာတဲ့ အဲ့ဒီဝိညာဉ်သားရဲကို ဝါးမျိုပြီး မိစ္ဆာသားရဲအဖြစ် ငါပြောင်းလဲပစ်မယ် ”

“ ဂုဏ်ပြုပါတယ် ဘုရင်ကြီး ”

ယင်းကို ဧရာမကြွက်ကြားသောအခါ သူက အမြန်အော်ပြောလိုက်သည်။

“ ကျွီ… ကျွီ ”

ကြွက်ဘုရင်သည် အထွတ်အထိပ်အဆင့် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်သည်။ သူက မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲရန် ခြေလှမ်းဝက်သာ လိုတော့သော အစွမ်းထက်သားရဲတစ်ကောင် ဖြစ်သည်။

ဝိညာဉ်သားရဲများဆီမှာ သာမန်တိရိစ္ဆာန်များထက် သာလွန်သော အသိဉာဏ်ရှိသော်လည်း သူတို့သည် မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း မသိကြချေ။ ထို့ကြောင့် သူတို့အတွက် အဆင့်တတ်ရန် အလွန်ခက်ခဲပေသည်။ သူတို့ထဲမှ အများစုသည် မိုးမြေကြားထဲမှ ဝိညာဉ်စွမ်းအားနှင့် သွေးအစာထဲမှ အာဟာရဓာတ်ကို စုပ်ယူကာ သူတို့၏ ခွန်အားကို တိုးမြှင့်ကြသည်။

ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလျှင်ပင် မိစ္ဆာစံအိမ်ကို မည်သို့ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သူတို့က မသိကြချေ။ ထို့ကြောင့် သူတို့သည် ခန္ဓာကိုယ်ထဲမှ မိစ္ဆာစံအိမ်ကို အတင်းအကျပ် ဖွင့်လှစ်ရန်အလို့ငှာ ပမာဏများပြားသော စွမ်းအားကို အသုံးပြုရန် ရွေးချယ်ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ပမာဏများပြားသော ပြင်ပစွမ်းအားကို ကြားခံနယ်တစ်ခုအဖြစ် လိုအပ်လိမ့်မည်။

ဥပမာ အဆင့်တူညီသော ဝိညာဉ်သားရဲတစ်ကောင်ကို ဝါးမျိုခြင်း ဖြစ်သည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့က ပမာဏများပြားသော စွမ်းအင်အနှစ်သာရကို ပိုင်ဆိုင်သွားပြီး တစ်ခါတည်းဖြင့် အဆင့်ချိုးဖြတ်သွားလိမ့်မည်။ ထိုသို့အဆင့်တတ်နေစဉ်တွင် ခန္ဓာကိုယ်ထဲမှ မိစ္ဆာစံအိမ်က အတင်းအဓမ္မ ဖွင့်လှစ်သွားလိမ့်မည်။

မှန်ပေသည်။ ထိုသို့နည်းလမ်းက အလွန်အန္တရာယ်များသည်။ အကယ်၍ သူတို့က တစ်ဟုန်ထိုး တိုးပွားလာသော စွမ်းအင်အနှစ်သာရကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်လျှင် သူတို့၏ ခန္ဓာကိုယ်က ဖောင်းကားလာပြီး ပေါက်ကွဲသွားလိမ့်မည်။

ထို့ကြောင့် ထိုနည်းလမ်းကို ရွေးချယ်မည်ဆိုလျှင် ရလဒ်နှစ်ခုဖြင့် တွေ့ကြုံရလိမ့်မည်။ ပထမတစ်ခုမှာ မိစ္ဆာစံအိမ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီး မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားခြင်း ဖြစ်သည်။ ဒုတိယတစ်ခုမှာ စွမ်းအင်လွန်ကဲမှုကြောင့် ခန္ဓာကိုယ်က ပေါက်ကွဲသွားခြင်း ဖြစ်သည်။ ထိုအခါ သူက သေချာပေါက် သေဆုံးသွားလိမ့်မည်။

ဧရာမကြွက်သည် အမိန့်ရသည်နှင့်ချက်ချင်း ကြွက်စစ်သည်တော်များကို ဦးဆောင်၍ သီရှီထျန်တို့အုပ်စုအနားမှာ ပြန်ပေါ်လာသည်။ သူက မြေအောက်မှတဆင့် နီးကပ်စွာ လိုက်သွားသည်။

လင်းတအုပ်စု၏ လမ်းညွှန်မှုကို ရရှိထားသော်လည်း သီရှီထျန်တို့အုပ်စုသည် အရှေ့သို့ မြန်မြန်သွက်သွက် ခရီးဆက်ကြသည်။ သူတို့သည် တတိယမြောက်နေ့ မနက်မှသာ ယင်းခုန်းပြောသော ချိုင့်ဝှမ်းဆီသို့ ရောက်ရှိသွားကြသည်။

အခန်း(၇၂)

“ ယင်းခုန်း… မင်းမှားနေတာလား… အဲ့ဒါက တောင်ကြီးပါ… ဘယ်မှာလဲ ချိုင့်ဝှမ်းက ”

သူ့အရှေ့မှ မြင်ကွင်းကို သီရှီထျန်မြင်သွားသောအခါ သူက နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ သူက ယင်းခုန်းကို စူးစိုက်ကြည့်လိုက်လေရာ ခြိမ်းခြောက်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ့အရှေ့မှ မြင်ကွင်းသည် ချိုင့်ဝှမ်းမဟုတ်ပေ။ ယင်းအစား မြင့်မားသော တောင်တစ်လုံးဖြစ်သည်။ ထိုတောင်သည် အနည်းငယ် ထူးဆန်းသည်။ ယင်းက တခြားနေရာများနှင့် အနည်းငယ် ကွဲပြားခြားနားသည်။ ထိုတောင်ပေါ်မှာ မည်သည့်သစ်ပင်မှ ပန်းပင်မှ မရှိပေ။ တောင်ကြီးပေါ်မှာ အရွယ်အစားကြီးမားသော ကျောက်တုံးများသာ ရှိ၏။ ထို့ပြင် တောင်သည် အလွန်မတ်စောက်သည်။ ယခုအချိန်မှာ တောင် မတ်စောက်သည် မမတ်စောက်သည်က အရေးမကြီးပေ။

မည်သို့ဖြစ်ပါစေ သူ့အရှေ့မှ မြင်ကွင်းသည် ချိုင့်ဝှမ်းမဟုတ်ပေ။ သီရှီထျန်သည် တောင်နှင့် ချိုင့်ဝှမ်းကို မခွဲခြားနိုင်သော ငတုံးမဟုတ်ပေ။

“ အရှင်မင်းကြီး… ဒီငယ်သားက အရှင့်ကို မလိမ်ညာရဲပါဘူး… ချိုင့်ဝှမ်းက ဒီတောင်ရဲ့ အနောက်မှာပါ ”

ယင်းခုန်းသည် သီရှီထျန်၏ အရှိန်အဝါအောက်မှာ ဖိနှိပ်ခံလိုက်ရသည်။ သူ၏ ခြေထောက်နှစ်ချောင်းက ပျော့ခွေသွားပြီး သူက မြေကြီးပေါ်မှာ ဝပ်တွားလိုက်ရသည်။ သို့တိုင် သူက လေးနက်စွာ ပြောသည်။

“ ချိုင့်ဝှမ်းက တောင်ရဲ့ အနောက်မှာလား ”

သီရှီထျန်က အနည်းငယ် အံ့ဩသွားသည်။

“ ဒါဆို အဲ့ဒီကို ငါတို့ဘယ်လိုသွားကြမလဲ… ငါတို့က ဒီတောင်ကို ဖြတ်ကျော်ရမှာလား ”

ယင်းက လုံးဝမဖြစ်နိုင်ပေ။ သူက တောင်ကို ဖြတ်ကျော်သွားနိုင်၏။ သို့သော် တခြားသားရဲတိရိစ္ဆာန်များက ထိုသို့မလုပ်နိုင်ကြချေ။ သူတို့ဆီမှာ ထိုမျှမတ်စောက်သော တောင်ကို ဖြတ်ကျော်နိုင်သော အရည်အချင်း မရှိကြပေ။

“ ရှဲ… ရှဲ ”

ထိုအခိုက်အတန့်မှာ ပိုင်စုစု၏ ဘေးမှ မြွေများက တရှဲရှဲ မြည်သံကို ထုတ်ဖော်လိုက်ကြသည်။ ယင်းကို ကြားသောအခါ ပိုင်စုစုက မျက်လုံးဝင်းလက်သွားသည်။ သူက သီရှီထျန်ဆီသို့ အမြန်တွားသွားပြီး ပြောသည်။

“ အရှင်မင်းကြီး… ကျုပ် ရှာတွေ့ပြီ… ချိုင့်ဝှမ်းဆီ သွားနိုင်တဲ့ လမ်းကြောင်းကို ကျုပ်ရှာတွေ့ပြီ ”

သီရှီထျန်သည် ယင်းခုန်းကို ဆူရန် အချိန်မပေးနိုင်ပေ။ သူက ပိုင်စုစုကို အမြန်မေးသည်။

“ အဲ့ဒါက ဘယ်နေရာမှာလဲ ”

ထိုမေးခွန်းသည် ချိုင့်ဝှမ်းဆီသို့ သူတို့ဝင်နိုင်မည်လော မဝင်နိုင်မည်လောနှင့် ဆက်စပ်နေသည်။ သို့မဟုတ်လျှင် သူတို့က တောင်၏ ပိတ်ဆို့ခံကြရလိမ့်မည်။ ထိုအခါ သူတို့၏ ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်သွားလိမ့်မည်။

ပိုင်စုစုက အမြန်ပြောသည်။

“ အရှင်မင်းကြီး… ကျုပ်ရဲ့ မျိုးနွယ်ဝင်တွေက ဒီတောင်ရဲ့ အောက်ခြေမှာ ကျဉ်းမြောင်းတဲ့ အက်ကွဲကြောင်းတစ်ခု ရှိနေတာကို ရှာတွေ့ခဲ့ပါတယ် ”

“ အက်ကွဲကြောင်းတစ်ခု ရှိနေတယ်လား ”

ယင်းကို ကြားသောအခါ သီရှီထျန် အလွန်ပျော်ရွှင်သွားသည်။ သူက ပိုင်စုစုကို အမြန်ကြည့်လိုက်ပြီး မေးသည်။

“ စုစု… အက်ကွဲကြောင်းက ဘယ်မှာလဲ… အဲ့ဒါကို ငါတို့ဖြတ်သန်းသွားရင် ချိုင့်ဝှမ်းဆီ ရောက်နိုင်မလား ”

သူက မစိုးရိမ်ဘဲ မနေနိုင်ပေ။

မည်သို့ဖြစ်ပါစေ ထိုအက်ကွဲကြောင်းသည် ချိုင့်ဝှမ်းဆီသို့ သူတို့ကို ဝင်ရောက်နိုင်စေမည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သူတို့က ထိုအက်ကွဲကြောင်းကို ဖြတ်သန်းပြီး ချိုင့်ဝှမ်းဆီသို့ ဝင်ရောက်နိုင်မည်ဆိုလျှင် ချိုင့်ဝှမ်းသည် မူလအတိုင်း ဆက်လက် ဖုံးကွယ်ခံထားရလိမ့်မည်။

အကယ်၍ ချိုင့်ဝှမ်းထဲမှာသာ နေထိုင်ပြီး အပြင်သို့ မထွက်ခွာလျှင် သူတို့သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှ တခြားသက်ရှိများကို ထိတ်လန့်သွားစေတော့မည် မဟုတ်ချေ။ ထိုအခါ သူတို့က ချိုင့်ဝှမ်းထဲမှာ အေးချမ်းစွာ အင်အားစုဆောင်းနိုင်လိမ့်မည်။ သင့်တော်သော အချိန်ကျလာသည့်အခါ သူတို့က အပြင်လောကသို့ ထွက်လာပြီး ကမ္ဘာတုန်ဟီးစေမည့် အင်အားကို ထုတ်ဖော်ပြကြလိမ့်မည်။

“ အရှင်မင်းကြီး… ကျုပ်ရဲ့ လက်အောက်ငယ်သားတွေက အက်ကွဲကြောင်းတစ်ခုပဲ ရှာတွေ့ခဲ့ကြပါတယ်… သူတို့က အက်ကွဲကြောင်းရဲ့ အနက်ပိုင်းထဲထိ မသွားဘဲ ကျုပ်ဆီ အရင်သတင်းလာပို့ကြတာပါ… ကျုပ်ရဲ့ ခန့်မှန်းမှုအရ အဲ့ဒီလမ်းကြောင်းက ချိုင့်ဝှမ်းဆီ ဦးတည်နိုင်ပါတယ် ”

ပိုင်စုစုသည် မျက်လုံးမှိတ်ချည်ဖွင့်ချည် ပြုလုပ်လိုက်ပြီး လေးနက်စွာ ပြောသည်။ သို့သော်လည်း သူ၏ လေသံထဲမှာ စိုးရိမ်သော စိတ်ခံစားမှုတစ်စွန်းတစ်စလည်း ရှိသည်။ မည်သို့ဖြစ်ပါစေ သူက တစ်ရာရာခိုင်နှုန်း အပြည့်အဝ မသေချာပေ။ ယင်းက နက်ရှိုင်းသော လှိုဏ်ဂူတစ်ခု ဖြစ်နေနိုင်သည့် ဖြစ်နိုင်ခြေလည်း ရှိသေးသည်။ ထို့ကြောင့် အထဲသို့ မဝင်ရောက်ရသေးဘဲ မည်သူမှ သေချာပြောနိုင်မည် မဟုတ်ပေ။

“ အင်း ”

သီရှီထျန်သည် တစ်ခဏကြာ စဉ်းစားပြီးနောက် ချက်ချင်း မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ အကြည့်ထဲမှာ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။ သူက လေးနက်စွာ ပြောသည်။

“ ငါတို့ ဒီနေရာမှာ ဆက်စောင့်နေလို့ မဖြစ်ဘူး… ဒီနေရာမှာ အချိန်ကြာကြာ ဆက်နေလေ အန္တရာယ်တွေ့ကြုံရနိုင်ခြေက ပိုများလေပဲ… စုစု မင်းနဲ့ ငါက အဲ့ဒီအက်ကွဲကြောင်းက ချိုင့်ဝှမ်းဆီ ဦးတည်နေလား သွားစစ်ဆေးကြမယ်… ချီဟောင်နှင့် တခြားသားရဲဘုရင်တွေက သတိကြီးစွာထားပြီး ငါတို့ပြန်လာတာကို စောင့်နေကြပါ ”

“ ဟုတ်ကဲ့ပါ… အရှင်မင်းကြီး ”

ထိုအခိုက်အတန့်မှာ စက်ကရာသည် နောက်ထပ် အချိန်ဆွဲမနေရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ပိုင်စုစုကို အရှေ့မှ လမ်းပြစေပြီး အက်ကွဲကြောင်းရှိသော နေရာဆီသို့ အမြန်ပြေးသွားသည်။

ထိုအခိုက်အတန့်မှာ မြေအောက်လောကထဲတွင်… ။

သီရှီထျန်တို့အုပ်စုနောက်သို့ တစ်လျှောက်လုံး လိုက်လာသော ဧရာမကြွက်သည် ကြွက်ဘုရင်၏ အရှေ့မှာ ဝပ်တွားနေပြီး “ ကျွီ ကျွီ ”ဟူသော မြည်သံကို ထုတ်ဖော်လိုက်သည်။ သူက ကြွက်ဘုရင်ထံ သတင်းတင်ပြနေဟန် ရ၏။

“ ကောင်းတယ်… မင်းပြောတာက သူတို့က ဘာအပင်မှမရှိတဲ့ တောင်တစ်လုံးရဲ့ အရှေ့မှာ ရပ်လိုက်တယ်တဲ့လား… ကြည့်ရတာ အဲ့ဒီတောင်က သူတို့ရဲ့ ပန်းတိုင်ဖြစ်ရမယ်… ကြွက်စစ်တပ်ကို ချက်ချင်း အကြောင်းကြားပြီး အချိန်မရွေး ထွက်ခွာနိုင်အောင် အသင့်ပြင်ခိုင်းထားပါ… အဲ့ဒီကျားနက်ကို မရရအောင် ငါဖမ်းဆီးမယ်… သူ့အသားကို ငါစားပြီးတဲ့အခါ ငါက ပိုပြီးသန်မာလာလိမ့်မယ်… အဲ့ဒီအခါ ငါတို့ကြွက်တိုင်းပြည်လည်းပဲ ပိုပြီးသန်မာလာလိမ့်မယ်… အနှေးနဲ့အမြန် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးက ငါတို့ကြွက်မျိုးနွယ်ရဲ့ အပိုင် ဖြစ်လာလိမ့်မယ် ”

ကြွက်ဘုရင်၏ နှုတ်ခမ်းမွှေးများက အဆက်မပြတ် တုန်ယင်သွားသည်။ သူ၏ မျက်လုံးများက သွေးဆာမှုကြောင့် အရောင်တောက်ပလာသည်။

ယင်းကို ကြားသောအခါ ဧရာမကြွက်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောသည်။

“ အရှင်မင်းကြီး… အဲ့ဒီအုပ်စုထဲမှာ အရေအတွက်များပြားတဲ့ မြွေတွေရှိပါတယ်… ပြီးတော့ ကောင်းကင်ပေါ်မှာ လင်းတအများကြီးက ပျံသန်းနေကြပါတယ် ”

ဧရာမကြွက်သည် ထိုသားရဲအုပ်စုထဲမှ မြွေများနှင့် လင်းတများကို မြင်တွေ့ပြီးနောက် မြေကြီးထဲ၌ ဆက်လက် ပုန်းအောင်းနေသည်မှာ မထူးဆန်းတော့ပေ။ မည်သို့ဖြစ်ပါစေ မြွေသည် ကြွက်မျိုးနွယ်၏ သဘာဝရန်သူ ဖြစ်သည်။

“ ဘာမှမကြောက်နဲ့… မြွေတွေနဲ့ လင်းတတွေက ဘာမှမဟုတ်ဘူး… ငါတို့ထွက်ခွာတဲ့အခါ ဒီဘုရင်က ယဇ်ပလ္လင်ကို ဖွင့်လှစ်ပြီး ငါ့လူတွေအားလုံးကို နတ်ဘုရားအလင်းထဲမှာ နှစ်ခြင်းမင်္ဂလာပြုလုပ်စေမယ်… အဲ့ဒီအခါ မြွေတွေနဲ့ လင်းတတွေကို ဂရုစိုက်စရာမလိုတော့ဘူး… သူတို့က ငါတို့ရဲ့ သဘာဝရန်သူမဟုတ်တော့ဘဲ ငါတို့ကသာ သူတို့ရဲ့ သဘာဝရန်သူ ဖြစ်လာလိမ့်မယ်… ငါတို့တွေ သူတို့ရဲ့ အသားကို စားပြီး သူတို့ရဲ့ သွေးကို သောက်မယ် ”

ကြွက်ဘုရင်သည် ယုံကြည်မှုရှိစွာ ပြောသည်။ သူ၏ အသိဉာဏ်က သာမန်ဝိညာဉ်သားရဲများထက် အများကြီး ပိုသာလွန်သည်။ သူက မြေအောက်ထဲမှာ လှိုဏ်ခေါင်းအများကြီးကို တူးဖော်ခဲ့ပြီး မရေမတွက်နိုင်သော မျိုးဆက်များကို မွေးထုတ်ပေးခဲ့သည်။ ထိုနည်းဖြင့် သူက မြေအောက်ထဲမှာ ကြွက်မျိုးနွယ်ပိုင်ဆိုင်သော တိုင်းပြည်တစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ ရှင်းလင်းစွာပင် ထိုသို့အရာသည် သာမန်ကြွက်ဘုရင်တစ်ကောင် စဉ်းစားနိုင်သောအရာ မဟုတ်ပေ။

ယခု သူတို့က သဘာဝရန်သူများဖြင့် ရင်ဆိုင်ရတော့မည်ဖြစ်သော်လည်း သူက လုံးဝ ကြောက်မနေပေ။ ယင်းအစား သူ့မှာ ယုံကြည်မှုအပြည့်ရှိသည်။ ဤသည်မှာ သူက အစွမ်းထက်ဓမ္မရတနာတစ်ခုကို ပိုင်ဆိုင်ထားသည့်အလားပင်။ ယင်းက အလွန်ထူးဆန်းသည်။

ဧရာမကြွက်သည် နတ်ဘုရားအလင်းဖြင့် နှစ်ခြင်းမင်္ဂလာပြုလုပ်ခံရမည်ဟု ကြားသောအခါ ဝမ်းသာပျော်ရွှင်သွားသည်။ သူ၏ မျက်လုံးများက ညလင်းပုလဲများသဖွယ် ထွန်းလင်းတောက်ပသွားသည်။ သူက ကြွက်ဘုရင်ကို အရိုအသေပေးလိုက်ပြီး ပျော်ရွှင်စွာ ပြောသည်။

“ အရှင်မင်းကြီးပြောတာ မှန်ပါတယ်… နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာပြုလုပ်ပြီးရင် အဲ့ဒီမြွေတွေက ကျုပ်တို့ကြွက်မျိုးနွယ်စုရဲ့ စစ်တပ်ကို ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူး… ကျုပ်တို့ကသာ သူတို့ရဲ့ သဘာဝရန်သူတွေ ဖြစ်လာပါလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ကျားနက်ကို ဖမ်းဆီးနိုင်အောင် ကျုပ်တို့ကူညီပေးပါမယ်… အရှင်မင်းကြီး ပိုပြီးသန်မာလာဖို့ ကျုပ်တို့ အစွမ်းကုန် ဆောင်ရွက်ပေးပါမယ် ”

ဤအခိုက်အတန့်မှာ ဧရာမကြွက်သည် ယခင်ကဲ့သို့ မကြောက်တော့ပေ။ သူက ထခုန်လုနီးပါး အလွန်ပျော်ရွှင်နေသည်။

“ သွားပြီး အသင့်ပြင်ထားပါ ”

“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”

ကြွက်မျိုးနွယ်သည် မြေအောက်ထဲမှာ တိတ်တဆိတ် ရွေ့လျားသွားနေသည်။

“ စုစု… ဒီဟာက မင်းပြောတဲ့ အက်ကွဲကြောင်းလား… ဒီနေရာက တကယ်ပဲ လျှို့ဝှက်တယ် ”

ထိုအခိုက်အတန့်မှာ စက်ကရာသည် ချောင်ကျသော တောင်ခြေတစ်နေရာတွင် ရပ်နေသည်။ ထိုနေရာသည် အလွန်ချောင်ကျပြီး တောင်နံရံတစ်ခုလုံးကို ချုံနွယ်ပိတ်ပေါင်းများက ဖုံးလွှမ်းနေသည်။ မည်သည့်နေရာမှာမဆို နွယ်ပင်များကို မြင်တွေ့နိုင်ပေသည်။ ယင်းက တခြားနေရာများနှင့် အတူတူပင်။ တစ်စုံတစ်ယောက်သည် သေချာသတိထား၍ မကြည့်လျှင် ထိုချုံနွယ်ပိတ်ပေါင်းများ၏ အောက်မှာ အက်ကွဲကြောင်းတစ်ခု ရှိနေကြောင်း မြင်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာခြင်းကဲ့သို့ အလွန်ခက်ခဲသည်။

အထူးခြားဆုံးအရာမှာ ယင်းက ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခု မဟုတ်ပေ။ အက်ကွဲကြောင်း၏ အရှေ့မှာ ကြီးမားသော ကျောက်တုံးတစ်တုံးက ဝင်ပေါက်ကို ချိပ်ပိတ်ထားသည်။ ထို့ကြောင့် တောင်နံရံပေါ်မှာ ခွေးတိုးပေါက်အရွယ်အစားခန့်ရှိသော တွင်းတစ်ခု ဖြစ်ပေါ်နေခြင်းပင်။ ထို့ကြောင့်ပင် ယင်းကို အလွယ်တကူ ရှာမတွေ့နိုင်ကြခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို မြင်တွေ့မည်ဆိုလျှင်ပင် ခွေးတိုးပေါက် သို့မဟုတ် တခြားအပေါက်တစ်ခုဟုသာ ထင်မှတ်ကြလိမ့်မည်။ ယင်းက လှိုဏ်ခေါင်းတစ်ခုဖြစ်ကြောင်း သူတို့စဉ်းစားမိကြလိမ့်မည် မဟုတ်ချေ။

“ အရှင်မင်းကြီး… ကျုပ်ရဲ့ မျိုးနွယ်ဝင်တွေက ဒီအပေါက်ကနေ တွားသွားခဲ့ကြပါတယ်… ဒီကျောက်တုံးနံရံရဲ့ အနောက်မှာ သူတို့ဖြတ်သန်းသွားနိုင်တဲ့ ဧရာမအက်ကွဲကြောင်းတစ်ခုရှိတယ်လို့ ဆိုပါတယ် ”

ပိုင်စုစုသည် သူ့အရှေ့မှ ခွေးတိုးပေါက်ကို ကြည့်နေရင်း စိတ်မပျက်သွားပေ။ သူက အကြောင်းအရင်းကို ရှင်းပြသည်။

“ အင်း ”

စက်ကရာသည် သူ၏ မိစ္ဆာအာရုံကို ကျောက်တုံးနံရံ၏ အနောက်သို့ ပို့လွှတ်လိုက်လေရာ ပိုင်စုစုပြောသည်က မှန်ကန်ကြောင်း နားလည်သွားသည်။ ကျောက်တုံးနံရံ၏ အနောက်မှာ ကြီးမားသော လမ်းကြောင်းတစ်ခုရှိသည်။

သူက လေးနက်စွာ ပြောသည်။

“ ဒီဘုရင်က ကျောက်တုံးနံရံကို ဖြိုချပစ်မယ်… ပြီးသွားရင် ငါတို့ အထဲဝင်ပြီး စစ်ဆေးကြည့်ကြမယ် ”

ထိုသို့ပြောပြီးနောက် သူက ကျားလက်သည်းကို မြှောက်လိုက်ပြီး သူ့အရှေ့မှ ကျောက်တုံးနံရံပေါ်သို့ ရိုက်ချလိုက်သည်။

“ ဘန်း ”

ကျောက်တုံးနံရံသည် အတွင်း၌ ဟောင်းလောင်းဖြစ်နေလေရာ သိပ်မထူပေ။ မိစ္ဆာစွမ်းအားကိန်းအောင်းနေသော ကျားလက်သည်းဖြင့် ရိုက်ချခံရပြီးနောက် ကျောက်တုံးနံရံက နေရာမှာတင် ပြိုကွဲသွားသည်။ တစ်စုံတစ်ယောက်သည် အထဲသို့ လှမ်းကြည့်လျှင် မည်းမှောင်နေသော မြင်ကွင်းကိုသာ မြင်ရလိမ့်မည်။ အလင်းရောင်မရှိပေ။ သို့သော်လည်း လေက အထဲမှာ လှည့်ပတ်နေသည်။ ထိုနေရာမှ လေထဲမှာ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအားသည် အပြင်မှာထက် တစ်ဆင့်ပိုမြင့်သည်။

လှိုဏ်ခေါင်းက မည်းမှောင်နေသော်လည်း ယင်းက စက်ကရာ၏ အမြင်အာရုံကို မတားဆီးနိုင်ပေ။ အကြည့်တစ်ချက်ဖြင့်ပင် ထိုလှိုဏ်ခေါင်းက သဘာဝအလျောက် ဖြစ်ပေါ်နေသောအရာဖြစ်ကြောင်း သူရှာတွေ့သွားသည်။ လှိုဏ်ခေါင်းထဲမှာ လှည့်ပတ်နေသော လေကို ကြည့်ခြင်းဖြင့် လှိုဏ်ခေါင်းက အလုံပိတ်မဟုတ်ကြောင်း သူရှာတွေ့သွားသည်။ ထို့ပြင် လေက အခြားတစ်ဖက်မှ တိုက်ခတ်နေသည်။ ကြည့်ရသည်မှာ ထိုလှိုဏ်ခေါင်း၏ အခြားတစ်ဖက်က အပြင်ဘက်သို့ ဦးတည်နေဟန် ရ၏။

“ လာခဲ့… အထဲကို တစ်ချက်သွားကြည့်ကြမယ်”

စက်ကရာက အရှေ့မှ ဦးဆောင်သွားသည်။ သူက ခြေထောက်များထံ အားထည့်၍ မြေကြီးကို ကန်ကျောက်လိုက်ပြီး လှိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားသည်။

ဝှစ်… ။

ပိုင်စုစုသည် မြေကြီးပေါ်မှာ မြန်ဆန်စွာ တွားသွား၍ သီရှီထျန်၏ အနောက်သို့ လိုက်သွားသည်။

All Chapters